← Chapters

ဖေးရှန်းခန်းမ....

Vol. 47 Ch. 707

ဖေးရှန်းခန်းမ....

Vol. 47 Ch. 707

ကျင့်ကြံမှုနယ်မြေ၏ အပြင်ဘက်တွင် နန်းတော်တစ်ခုရှိနေသည်။ ထိုနန်းတော်ကို ဖေးရှန်းခန်းမဟုခေါ်ပြီး ၎င်းက ကန်ဝူအင်မော်တယ်မြို့ရှိ ကျင့်ကြံခြင်းနေရာများကို ဝယ်ယူရောင်းချသော နေရာဖြစ်သည်။ နှစ်တစ်သန်းကြာတိုင်း ကျင့်ကြံမှုနေရာပိုင်ရှင်များက ၎င်းတို့၏ ကျင့်ကြံမှုနေရာများကို ဝင်ထွက်နိုင်ရန် ကျောက်စိမ်းတိုကင်များကို လဲလှယ်ရသည်။

၎င်းက ကျင့်ကြံမှုနေရာများ၏ ပိုင်ရှင်ကို အတည်ပြုခြင်းလည်း ဖြစ်သည်။ အင်မော်တယ်မြို့တော်၏ ကျင့်ကြံမှုနေရာများက ကျင့်ကြံမှုအတွက် အလွန်အကျိုးရှိပြီး ပိုင်ရှင်များသေဆုံးသွားလျှင် ကျောက်စိမ်းတိုကင်များက အခြားသူများ၏ လက်ထဲသို့ ရောက်ရှိသွားတတ်သည်။

ကျောက်စိမ်းတိုကင်ရှိသူများက ပိုင်ရှင်မဟုတ်လည်း ကျင့်ကြံခြင်းနေရာများသို့ ဝင်ရောက်ကျင့်ကြံနိုင်ကြသည်။ ထို့ကြောင့် နှစ်တစ်သန်းကြာတိုင်း ကျောက်စိမ်းတိုကင်ကို လဲလှယ်ပြီး ပိုင်ရှင်ကို အတည်ပြုကြသည်။

ဖေးရှန်းခန်းမက အထပ်လေးထပ်ရှိပြီး ကျယ်ပြန့်သော နေရာတစ်ခုဖြစ်သည်။ ပထမအထပ်တွင် မဟာယနအဆင့် ကျင့်ကြံသူများ ဝင်ထွက်သွားလာနေကြသည်။ မဟာယနအဆင့် ကျင့်ကြံသူများက အခက်အခဲများစွာကို ကျော်လွှားပြီးမှ အဆင့်လေး ကျင့်ကြံခြင်းနေရာများကို ဝယ်ယူနိုင်ကြသည်။

ဒုတိယအထပ်က အဆင့်သုံး ကျင့်ကြံခြင်းနေရာများနှင့် သက်ဆိုင်ပြီး ထိုနေရာတွင် မဟာယနအဆင့် အထွတ်အထိပ် သို့မဟုတ် ရွှေအင်မော်တယ်များသာ ရှိသည်။ ရွှေအင်မော်တယ်တစ်ပါးက ဒေသတစ်ခုကို လွှမ်းမိုးနိုင်စွမ်းရှိပြီး အင်မော်တယ်မြို့တော်အတွင်း အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်လေသည်။

တတိယအထပ်နှင့် စတုတ္ထအထပ်များက တိတ်ဆိတ်နေသည်။ တတိယအထပ်က အဆင့်နှစ် ကျင့်ကြံခြင်းနေရာများနှင့် သက်ဆိုင်ပြီး စတုတ္ထအထပ်က အဆင့်တစ် ကျင့်ကြံခြင်းနေရာများနှင့် သက်ဆိုင်သည်။

လင်းယွမ်က တစ်ချက်ကြည့်ပြီးနောက် ဖေးရှန်းခန်းမ၏ စတုတ္ထအထပ်သို့ တက်သွားခဲ့သည်။ သူက စတုတ္ထအထပ်သို့ ဝင်ရောက်သွားသည်နှင့် ကျင့်ကြံသူ အမျိုးသမီး နှစ်ယောက်က လာရောက် နှုတ်ဆက်ကြသည်။

" အင်မော်တယ်ကို အရိုအသေပေးပါတယ်။ " ကျင့်ကြံသူအမျိုးသမီးနှစ်ယောက်က လေးစားစွာ ပြောလိုက်ကြသည်။

ဖေးရှန်းခန်းမ၏ စတုတ္ထအထပ်ကို အဝင်အထွက် ကန့်သတ်ထားခြင်းမရှိသော်လည်း ထိုနေရာသို့ လာရဲသော ကျင့်ကြံသူများက လုံလောက်သော ယုံကြည်မှု ရှိကြလေသည်။

" ငါ့ရဲ့ကျောက်စိမ်းတိုကင်က ပျောက်သွားလို့ အစားထိုးလာလျှောက်တာပဲ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကန်ဝူအင်မော်တယ်မြို့တော်၏ အဆင့်တစ်အိမ်ယာသို့ ဝင်ရောက်နိုင်သော ကျောက်စိမ်းတိုကင်က ယွင်ကျန်းဇီ သေဆုံးသွားသောအခါ နတ်ဆိုးများ၏ လက်ထဲသို့ ရောက်သွားခဲ့သည်။ သို့သော် အင်မော်တယ်မြို့တော်မှ အိမ်ယာများက သက်ဆိုင်ရာ အင်မော်တယ်ကျင့်ကြံသူ၏ ကိုယ်ပိုင်အမှတ်အသား ရှိပြီး သူတို့၏ စိတ်ဝိညာဉ်အနှစ်သာရနှင့် အတည်ပြုနိုင်သည်။

ကျောက်စိမ်းတိုကင်ပျောက်သွားလျှင်တောင် သက်ဆိုင်ရာ စိတ်ဝိညာဉ်အနှစ်သာရဖြင့် အစားထိုးရယူနိုင်သည်။

" အင်မော်တယ်ရဲ့ အိမ်ယာနံပါတ်ကို ပြောပေးပါ။ " အမျိုးသမီးနှစ်ယောက်က တုန်လှုပ်သွားပြီး ပို၍ လေးစားလာကြသည်။

အစားထိုးတိုကင်လျှောက်ထားရန် စတုတ္ထအထပ်သို့ လာခြင်းဖြစ်သောကြောင့် ၎င်းက အဆင့်တစ် ကျင့်ကြံခြင်းနေရာဖြစ်လေသည်။ တစ်နည်းအားဖြင့် သူမတို့၏ ရှေ့မှ လူငယ်က အဆင့်တစ် ကျင့်ကြံခြင်းနေရာကို ဝယ်ယူရန် လာရောက်မေးမြန်းခြင်းမဟုတ်ဘဲ ပိုင်ဆိုင်ပြီးသား ဖြစ်နေသည်။

" ကန်ဝူ ၃၆၅၄၃၇..." လင်းယွမ်က အိမ်ယာနံပါတ်ကို ပြောလိုက်သည်။

" အင်မော်တယ် ခဏလောက်စောင့်ပေးပါဦး။ "

အမျိုးသမီးတစ်ယောက်က ကျင့်ကြံခြင်းနေရာများကို စတင်စစ်ဆေးလိုက်သည်။

" အင်မော်တယ် ကျေးဇူးပြုပြီး ဒီစိတ်ဝိညာဉ်ကျောက်တုံးထဲကို စိတ်ဝိညာဉ်အနှစ်သာရ ထည့်သွင်းပေးပါ။ " ညာဘက်ရှိ အမျိုးသမီးက မီးခိုးရောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး ပြောလိုက်သည်။

မီးခိုးရောင် စိတ်ဝိညာဉ်ကျောက်တုံးက စိတ်ဝိညာဉ်အနှစ်သာရကို မှတ်တမ်းတင်ရန် အထူးအသုံးပြုသည်။ ယွင်ကျန်းဇီက အဆင့်တစ်အိမ်ယာကို ဝယ်ယူချိန်တွင် သူ၏ စိတ်ဝိညာဉ်အနှစ်သာရကို ထိုထဲသို့ ထည့်သွင်းပြီး မှတ်တမ်းတင်ခဲ့သည်။

ဟူး....

လင်းယွမ်၏ အတွေးတစ်ချက်ဖြင့် ယွင်ကျန်းဇီ၏ စိတ်အသိမှ စိတ်ဝိညာဉ်အနှစ်သာရတစ်မျှင်က စိတ်ဝိညာဉ်ကျောက်တုံးထဲသို့ ဝင်ရောက်သွားသည်။ ခဏကြာသောအခါ စိတ်ဝိညာဉ်ကျောက်တုံးကို ကိုင်ထားသော အမျိုးသမီးက လေးစားစွာ ပြောလိုက်သည်။

" လိုအပ်ချက်များအားလုံး ပြည့်မီပါတယ်။ အင်မော်တယ် ခဏစောင့်ပေးပါ။ " အမျိုးသမီးက ထွက်သွားပြီး ခဏကြာသောအခါ ပြန်ရောက်လာသည်။

" ဒါက အင်မော်တယ်ရဲ့ ကျောက်စိမ်းတိုကင်ပါ။ " အမျိုးသမီးက အဖြးရောင်ကျောက်စိမ်းတိုကင်တစ်ခညကို လေးစားစွာ ပေးလိုက်သည်။

" အင်း...." လင်းယွမ်က ကျောက်စိမ်းတိုကင်ကိုယူပြီး ဖေးရှန်းခန်းမမှ ထွက်ခွာသွားသည်။

ကန်ဝူအင်မော်တယ်မြို့တော်၏ ကျင့်ကြံခြင်းနယ်မြေက သတ်ဖြတ်ခြင်းမှော်အင်းကွက်များစွာဖြင့် ဖုံးလွှမ်းထားသည်။ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်သော အင်မော်တယ်ကျင့်ကြံသူများက မှော်အင်းကွက်များ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ဖေးရှန်းခန်းမ၏ လျို့ဝှက်နေရာတစ်ခုတွင် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က မျက်လုံးများမှိတ်၍ ထိုင်နေသည်။ သူက ဖေးရှန်းခန်းမ၏ ခန်းမသခင်ဖြစ်ပြီး အဆင့်အတန်းမြင့်မားသူများထဲမှ တစ်ယောက်ဖြစ်သည်။

သက်လတ်ပိုင်း အမျိုးသားက တစ်စုံတစ်ခုကို ခံစားမိပြီး သူ၏ မျက်လုံးများ ဖွင့်လာသည်။ " ကန်ဝူ ၃၆၅၄၃၇ အိမ်ယာက အစားထိုး လဲသွားတာလား။ "

" ခန်းမသခင်..." ပုံရိပ်တစ်ခုက သူ၏ ဘေးတွင် ပေါ်လာသည်။ " အခုပဲ အဲ့ဒီအိမ်ယာထဲကို လူတစ်ယောက် ဝင်သွားပါတယ်။ "

ကန်ဝူအင်မော်တယ်မြို့တော်၏ အဆင့်တစ် အိမ်ယာများက လူသိများသည်။ ၎င်းတို့က ကျောက်စိမ်းအင်မော်တယ် သို့မဟုတ် ကျောက်စိမ်းအင်မော်တယ်အဆင့်သို့ ဝင်ရောက်ရန် မျှော်လင့်ချက်ကြီးမားသော ရွှေအင်မော်တယ်အထွတ်အထိပ်များ ပိုင်ဆိုင်ကြသည်။

" ငါမှတ်မိတာ မှန်ရန် အဲ့ဒီအဆင့်တစ်အိမ်ယာရဲ့ ပိုင်ရှင်က ယွင်ကျမ်းဇီပဲ။ " ဖေးရှန်းခန်းမ၏ ခနမသခင်အနေဖြင့် အဆင့်တစ် အိမ်ယာများ၏ အချက်အလက်များကို စစ်ဆေးနိုင်သည်။

" ယွင်ကျန်းဇီလား အင်မော်တယ်နဲ့ နတ်ဆိုး နောက်ဆုံးစစ်ပွဲကြီးမှာ သူသေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ခဲ့တာ သူအသက်ရှင်နေဦးမယ်လို့ ဘယ်သူထင်မိမှာလဲ။ " ဘေးမှ ပုံရိပ်က အံ့ဩစွာ ပြောလိုက်သည်။

ကျောက်စိမ်းအင်မော်တယ်များကြားတွင် ယွင်ကျန်းဇီက အနည်းငယ် ထင်ရှားခဲ့သည်။ နတ်ဆိုးဆယ်ယောက်ကျော်၏ ဝန်းရံသတ်ဖြတ်ချင်း မခံရလျှင် ယွင်ကျန်းဇီ၏ ခွန်အားဖြင့် ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်လေသည်။

" နတ်ဆိုးချောက်နက်က နတ်ဆိုးတွေရဲ့ ညစ်ညမ်းမှုက ယွင်ကျန်းဇီကို သေအောင် မသတ်နိုင်ခဲ့ဘူးထင်တယ်။ " ခန်းမသခင်က အနည်းငယ် ခေါင်းညိမ့်လိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းဆယ်သန်းနီးပါးက ယွင်ကျန်းဇီ၏ ခန္ဓာကိုယ်က နတ်ဆိုးများ၏ လက်ချက်ဖြင့် ပျက်စီးသွားပြီးနောက် နောက်ဆက်တွဲ ညစ်ညမ်းမှုကလည်း ပြန်လည်ရှင်သန်ခြင်း နည်းလမ်းများစွာကို ဖျက်စီးပစ်ခဲ့သည်။

သို့သော် ယွင်ကျန်းဇီ၏ စွမ်းရည်များဖြင့် ညစ်ညမ်းမှုကို ခံနိုင်သော နည်းလမ်းတစ်ခုနှစ်ခု ကျန်နေခဲ့နိုင်သည်။ နှစ်ပေါင်းဆယ်သန်းနီးပါးကြာပြီးနောက် ပြန်လည်ရှင်သန်ခြင်း နည်းလမ်းတစ်ခုက အခြေအနေများ ပြည့်မီပြီး ယွင်ကျန်းဇီကို ပြန်လည်ရှင်သန်စေခဲ့သည်။

ထိုဖြစ်ရပ်များက ကျောက်စိမ်းအင်မော်တယ်များကြားတွင် မထူးဆန်းပေ။ ကျောက်စိမ်းအင်မော်တယ်အဆင့်ထိ ကျင့်ကြံနိုင်သူများက အလွယ်တကူ မသေဆုံးနိုင်ဘဲ အရန်အစီအစဉ်များစွာ ရှိကြသည်။

ဖေးရှန်းခန်းမ၏ ခန်းမသခင်က ပြန်လည်ရှင်သန်လာသော ကျောက်စိမ်းအင်မော်တယ်များနှင့် ပက်သက်၍ အခြားအတွေးများမရှိသကဲ့သို့ ဘာမှလည်းလုပ်မည်မဟုတ်ပေ။

" ယွင်ကျန်းဇီ ပြန်လည်ရှင်သန်လာတာက ကောင်းတဲ့အရာပဲ။ မကြာခင် အင်မော်တယ်နဲ့ နတ်ဆိုး စစ်ပွဲကြီးစတော့မှာဆိုတော့ ကျောက်စိမ်းအင်မော်တယ်အရေအတွက်တိုးလေ ကောင်းလေပဲ။ "

" စစ်ပွဲမဆိုင်ခင် ယွင်ကျန်းဇီက သူ့ရဲ့ ခွန်အားကို ပြန်ရခဲ့ရင် အင်မော်တယ်မြို့တော်က ဖိအားအချို့ သက်သာလိမ့်မယ်။ " ခန်းမသခင်က တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။

အင်မော်တယ်နှင့်နတ်ဆိုးစစ်ပွဲကြီးက အင်မော်တယ်ကမ္ဘာတွင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။ ကျောက်စိမ်းအင်မော်တယ်များက ပြန်လည်ရှင်သန်နိုင်ရန် နည်းလမ်းများရှိသော်လည်း ရွှေအင်မော်တယ်နှင့် အဆသ့်နိမ့်သူများက နတ်ဆိုးများ၏ ညစ်ညမ်းမှုကို ခံနိုင်ရန် ခက်ခဲသည်။ တစ်ကြိမ်သေဆုံးလျှင် သူတို့က အမှန်တကယ် သေဆုံးရမည်ဖြစ်သည်။

ရွှေအင်မော်တယ်များ၏ ပြန်လည်ရှင်သန်ခြင်းနည်းလမ်းမျညးက နတ်ဆိုးများ၏ ညစ်ညမ်းမှုကို ခံနိုင်ရန် ခက်ခဲသည်။ စစ်ပွဲတိုင်းတွင် မရေတွက်နိုင်သော အင်မော်တယ်ကျင့်ကြံသူများစွာ ကျဆုံးရပြီး ကျောက်စိမ်းအင်မော်တယ်များပင် ပျောက်ကွယ်သွားကြသည်။

" ယွင်ကျန်းဇီရဲ့ အမှတ်အသားကို ယူပြီး အဆင့်တစ်အိမ်ယာကို လွှဲပြောင်းယူတာက အင်မော်တယ်မြို့တော်ရဲ့ အဆင့်မြင့်ပုဂ္ဂို့လ်တွေကို လှည့်စားနိုင်မှာမဟုတ်ဘူး။ " ယွင်ကျန်းဇီ၏ မှတ်ဉယဏ်များအရ အိမ်ယာပိုင်ရှင်များနှင့် ပက်သက်သော အချက်အလက်များက ကန်ဝူအင်မော်တယ်မြို့တော်၏ အဆင့်မြင့်ပုဂ္ဂိုလ်များအတွက် လျို့ဝှက်ချက်မဟုတ်သည်ကို လင်းယွမ်က သိရှိထားသည်။

" အဲ့တော့ဘာဖြစ်လဲ။ ငါက အခု ယွင်ကျန်းဇီပဲ။ " လင်းယွမ်က စိုးရိမ်ခြင်းမရှိပေ။ သူက ယွင်ကျန်းဇီ၏ စိတ်အသိကို ဆုပ်ကိုင်ထားခြင်းဖြင့် မှတ်ဉာဏ်များအားလုံးကို သိနိုင်ပြီး ဘယ်သူမှသူ့ကို မေးခွန်းထုတ်နိုင်မည်မဟုတ်ပေ။

လင်းယွမ်၏ လက်ရှိနည်းလမ်းများဖြင့် အင်မော်တယ်ဘိုးဘေးသာ ဝင်ရောက်စွက်ဖက်ခြင်းမရှိလျှင် အခြားသူများက သူ့ကို ထွင်းဖောက်ကြည့်နိုင်မည်မဟုတ်ပေ။ အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက ကျောက်စိမ်းအင်မော်တယ်တစ်ပါး၏ ကိစ္စများကို ဂရုစိုက်မည်မဟုတ်ပေ။

All Chapters