← Chapters

အင်မော်တယ်ကမ္ဘာ၏ မူလနယ်မြေ...

Vol. 47 Ch. 708

အင်မော်တယ်ကမ္ဘာ၏ မူလနယ်မြေ...

Vol. 47 Ch. 708

လင်းယွမ်က အဆင့်တစ်အိမ်ယာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ၎င်းက မိုင်တစ်သန်းနီးပါး အရွယ်အစားရှိသော နယ်မြေတစ်ခုဖြစ်ပြီး အင်မော်တယ်ချီများက ထိတွေ့ရလုနီးပါး သိပ်သည်းနေသည်။ ထိုသို့သော ပတ်ဝန်းကျင်တွင် သာမန်လူများနေထိုင်လျှင်တောင် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်က အင်မော်တယ်ခန္ဓာအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

လင်းယွမ်က သိပ်သည်းနေသော အင်မော်တယ်ချီများကို စိတ်ဝင်စားခြင်းမရှိပေ။ အင်မော်တယ်ချီက စွမ်းအင်ပုံစံတစ်မျိုးဖြစ်သည်။ ယွင်ကျန်းဇီစုဆောင်းထားသော အရင်းအမြစ်များနှင့် လင်းယွမ်က စွမ်းအားစုပ်ယူမှုကို မလိုအပ်တော့ပေ။

ဝုန်း ဝုန်း....

လင်းယွမ်က နယ်မြေ၏ ဗဟိုရှိ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် ကြီးမားသော အက်ကြောင်းတစ်ခုက ဝိုးတဝါးတည်ရှိနေပြီး ထိုအက်ကြောင်းမှတစ်ဆင့် ပြင်းထန်သော နိယာမအတက်အကျများ ထွက်ပေါ်နေသည်။

" ဒီအက်ကြောင်းက တာအိုဘိုးဘေး ဖွင့်ထားတဲ့ အင်မော်တယ်ကမ္ဘာရဲ့ မူလရင်းမြစ်နဲ့ ချိတ်ဆက်ထားတာဖြစ်တယ်။ " လင်းယွမ်က တွေးလိုက်သည်။ သူ၏ အထွတ်အထိပ် အခြေအနေမှာပင် ထိုအက်ကြောင်းကို ဆုတ်ဖြဲနိုင်မည်မဟုတ်ပေ။

ပင်မစကြာဝဠာ၏ မူလနယ်မြေများကို အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် မရောက်နိုင်ပေ။ အကြောင်းမှာ ပင်မစကြာဝဠာက အလွန်ကြီးမားသောကြောင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် မူလနယ်မြေသို့ မချဉ်းကပ်နိုင်ပေ။ အင်မော်တယ်ကမ္ဘာကား ပင်မစကြာဝဠာနှင့် နီးစပ်သော်လည်း နီးစပ်ရုံသာဖြစ်သည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်က ခွန်အားအပြည့်အဝ အသုံးပြုလျှင် မူလနယ်မြေမှ အပြင်ကမ္ဘာသို့ လမ်းကြောင်းတစ်ခု အတင်းအကျပ် ဖန်တီးနိုင်ဆဲ ဖြစ်သည်။

ကန်ဝူအင်မော်တယ်မြို့တော်ရှိ ကျင့်ကြံမှုနေရာများထဲတွင် အဆင့်တစ်များကသာ အက်ကြောင်းမှ မူလရင်းမြစ်၏ နိယာမလှုပ်ရှားမှုများကို တိုက်ရိုက်ခံစားနိုင်သည်။ အဆင့်နှစ်၊ အဆင့်သုံး ကျင့်ကြံခြင်းနေရာများက နိယာမအတက်အကျများကို သွယ်ဝိုက်၍သာ ခံစားနိုင်သည်။

" ဒီက ကျင့်ကြံမှုပတ်ဝန်းကျင်က ပင်မစကြာဝဠာထက် ပိုကောင်းတယ်။ အနည်းဆုံးတော့ နိယာမတွေကို ပိုပြီးနားလည်နိုင်တယ်။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

" ဒီလိုပတ်ဝန်းကျင်မျိုးက ငါ ဖရိုဖရဲနိယာမကို နားလည်နိုင်မယ်လို့ အာမမခံနိုင်ပေမယ့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ သတ္တမအဆင့်ကိုတော့ ပင်မစကြာဝဠာမှာလောက် ကြာမှာမဟုတ်ဘူး။ " လင်းယွမ်က အလွန်ယုံကြည်မှုရှိသည်။

" အခုပဲ ကျင့်ကြံတော့မယ်။ " လင်းယွမ်က ခြေချိတ်ထိုင်နေပြီး ကောင်းကင်ရှိ အက်ကြောင်းမှ ထွက်ပေါ်လာသော နိယာမအတက်အကျများကို စတင်ခံစားလိုက်သည်။

ကျင့်ကြံသော အချိန်က အလွန်ပင်လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းငါးရာ ကြာသွားခဲ့သည်။

မီးခိုးရောင်လေစီးကြောင်းများ ထုတ်လွှတ်နေသော အက်ကြောင်းက ကောင်းကင်တွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။ နှစ်ငါးရာ လေ့လာကျင့်ကြံပြီးနောက် လင်းယွမ်က သဘောကျနေဆဲ ဖြစ်သည်။ အက်ကြောင်းအတွင်းမှ ထွက်ပေါ်လာသော နိယာမအတက်အကျများက သူ့ကို အသိအမြင်များ အဆက်မပြတ် ရရှိစေခဲ့သည်။

" နှစ်ငါးရာကျင့်ကြံပြီးတဲ့နောက်မှာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမက ဆဋ္ဌမအဆင့် အထွတ်အထိက်ကို ရောက်သွားပြီ။ အဆင့်တစ်အိမ်ယာသာ မရှိရင် ဆဋ္ဌမအဆင့်အထွတ်အထိပ်ကို ရောက်ဖို့ ငါးဆကနေ ဆယ်ဆအထိ ပိုကြာလိမ့်မယ်။ "

ယခင် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့် အလယ်အလတ်တွင်သာ ရှိခဲ့သည်။ ယခု ဆဋ္ဌမအဆင့် နှောင်းပိုင်းအဆင့်မှ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာခဲ့သည်။

နှစ်နှစ်ထောင်မှ နှစ်ငါးထောင်အတွင်း ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခြင်းကပင် အံ့အားသင့်စရာကောင်းနေပြီဖြစ်သည်။ ပင်မစကြာဝဠာမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် နှစ်ဘီလီယံပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့် အလယ်အလတ်အဆင့်မှ နှောင်းပိုင်အဆင့်သို့ ရောက်ရန်ပင် ခက်ခဲနေဆဲ ဖြစ်သည်။ ထို့အပြင် သူတို့က အချိန်မြစ်၏ အပြင်ဘက်မှ တည်ရှိမှုများဖြစ်သည်။

လင်းယွမ်က အလွှာဆယ့်တစ် သက်ရှိတစ်ယောက်သာဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းမရှိလျှင် သူက ဆဋ္ဌမအဆင့်၏ တံခါးဝသို့ပင် ကပ်နိုင်မည်မဟုတ်ပေ။ ယခု သူက နှစ်ငါးရာသာ အသုံးပြုပြီး ပင်မစကြာဝဠာတွင် နှစ်နှစ်ထောင်မှ နှစ်ငါးထောင်အတွင်း ရောက်နိုင်မည့်ခရီးကို ရောက်ရှိခဲ့သည်။

ဤတစ်ကြိမ်ဆင်းသက်မှုတွင် လင်းယွမ်၏ နေထိုင်ချိန်က နှစ်ပေါင်း နှစ်ထောင်ကျော်သာ ရှိသည်။ သူက ၎င်းကို အချိန်လေဟာနယ်ပေါင်းစပ်နိယာမ ဆဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် အသုံးပြုခဲ့လျှင် အနည်းငယ် ဖြုန်းတီရာကျပေလိမ့်မည်။

" အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ သတ္တမအဆင့်..." လင်းယွမ်က အတွေးနက်သွားသည်။ ဆဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ပြီးနောက် ရှေ့က သတ္တမအဆင့်သာ ရှိသည်။

ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ ချန်ခဲ့သော အချက်အလက်များအရ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို နားလည်ရန် အနည်းဆုံး လမ်းစဉ်ခွဲထွက်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် လိုအပ်သည်။

လမ်းစဉ်ခွဲထွက်ခြင်းအဆင့်အထွတ်အထိပ်တွင် ရှိသူအများစုက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင်သာ ရှိကြသည်။

" ငါသာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သတ္တမအဆင့်သာ ရောက်နိုင်ခဲ့ရင် ပင်မစကြာဝဠာက အလွှာဆယ့်နှစ် ကြီးမြတ်သူတွေကို ကျော်ဖြတ်နိုင်သွားလိမ့်မ်ယ်။ ငါက အလွှာဆယ့်တစ်မှာပဲ ရှိနေရင်တောင် ငါ့ကိုငါ အလွယ်တကူ ကာကွယ်နိုင်တယ်။ " လင်းယွမ်က စိတ်ထဲမှတွေးလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကဲ့သို့ပင် ၎င်းကိုယ်တိုင်က အဆင့်မမြင့်ဘဲ မျိုးနွယ်ကာကွယ်ရေးလက်နက်ကို ကိုင်ဆောင်ထားသော အလွှာဆယ့်တစ် အင်အားကြီးသူများပင် လျို့ဝှက်နယ်မြေအတွင်း ရှိလျှင် ၎င်းကို အလွယ်တကူ ဖောက်ထွင်းနိုင်သည်။

သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ပင်မစကြာဝဠာ၏ အချိန်လေဟာနယ်နှင့် ပေါင်းစပ်ထားသည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို အလွယ်တကူ ဖျက်ဆီးနိုင်သော်လည်း ကံမကောင်းစွာဖြင့် ၎င်း၏ နေရာအတိအကျကို ရှာဖွေနိုင်ခြင်းမရှိပေ။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ တည်နေရာကို ရှာဖွေနိုင်ခြင်းမရှိသောကြောင့် အလွှာဆယ်နှစ် ကြီးမြတ်သူများက မည်မျှစွမ်းအားကြီးသည်ဖြစ်စေ လျို့ဝှက်နယ်မြေကို မဖျက်ဆီးနိုင်တော့ပေ။

လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို နားလည်ခဲ့လျှင် အလားတူဖြစ်ပေလိမ့်မည်။ ခွန်အားအရာတွင် သူက ထိုအလွှာဆယ့်နှစ် ကြီးမြတ်သူများထက် နိမ့်ကျနေဆဲ ဖြစ်သည်။ သို့သော် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သတ္တမအဆင့်ထိ နားလည်ထားခြင်းဖြင့် ထိုကြီးမြတ်သူများက သူ၏ မူလခန္ဓာကိုယ်ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။

" ဆဋ္ဌမအဆင့် အထွတ်အထိပ်ကနေ သတ္တမအဆင့်ကို ဝင်ရောက်ဖို့ ငါ အတားအဆီးအများကြီးကို ဖြတ်ကျော်ရမယ်လို့ ငါခံစားရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

" နေထိုင်ခွင့် နှစ်၁၅၀၀ ကျန်သေးတယ်။ အလျင်မလိုဘူး။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။ " ကံမကောင်းတာက အခုချိန်ထိ ဖရိုဖရဲနိယာမကို နီးစပ်မှုမရှိသေးဘူး။ "

လွန်ခဲ့သော နှစ်ငါးရာအတွင်း လင်းယွမ်က သူ၏ အားထုတ်မှုများကို သိုင်းတာအို အလွှာဆယ့်တစ်ကဏ္ဍကို ပြည့်စုံအောင်လုပ်ခြင်း၊ အဓိကပေါင်းစပ်နိယာမများကို နားလည်ခြင်းအပြင် ဖရိုဖရဲနိယာမကို ပေလာရာတွင်လည်း နစ်မြှုပ်ခဲ့သည်။

" အင်မော်တယ်ကမ္ဘာရဲ့ မူလရင်းမြစ်။ " လင်းယွမ်က ကောင်းကင်မှ အက်ကြောင်းကို ထပ်မံကြည့်လိုက်သည်။

သူက အက်ကြောင်းမှ ထွက်ပေါ်လာသော နိယာမအတက်အကျများကိုသာမက အက်ကြောင်းကိုယ်တိုင်ကိုလည်း လေ့လာကြည့်နေသည်။ အက်ကြောင်းက အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်နှင့် ချိတ်ဆက်ထားသောကြောင့် နိယာမအတက်အကျများက သိသာထင်ရှားနေခြင်းဖြစ်သည်။

အခြားကျောက်စိမ်းအင်မော်တယ်များက အက်ကြောင်းကို လေ့လာသောအခါ အတွင်းမှ ထွက်ပေါ်လာသောစွမ်းအားကိုသူ ခံစားရမည်ဖြစ်သည်။ အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက လမ်းကြောင်းတစ်ခုကို အတင်းအကျပ် ချိတ်ဆက်ခဲ့သော်လည်း လေ့လာနေသော ကျောက်စိမ်းအင်မော်တယ်များက အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်ကို ခံစား၍မရနိုင်ပေ။

သို့သော် လင်းယွမ်က မတူပေ။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သူ၏ နားလည်မှုက ဆဋ္ဌမအဆင့်အထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းကြောင့် သူ၏ အကြည့်က အက်ကြောင်းကို ကျော်လွန်ပြီး အင်မော်တယ်ကမ္ဘာ၏ အနက်ရှိုင်းဆုံးမှ မူလနယ်မြေများကို ကြည့်ရှုနိုင်ခဲ့သည်။

" မူလနယ်မြေက ထွက်ပေါ်လာတဲ့ နိယာမအတက်အကျတွေကို လေ့လာရုံနဲ့ ငါ့ရဲ့ နိယာမနားလည်မှုကို အများကြီး အကျိုးပြုတယ်။ ငါသာ မူလနယ်မြေကို တိုက်ရိုက်ဝင်ရောက်ပြီး ကျင့်ကြံနိုင်ခဲ့ရင်..." လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

မူလနယ်မြေက ကမ္ဘာတစ်ခု၏ အမြုတေ၊ အနှစ်သာရဖြစ်သည်။ အင်မော်တယ်ကမ္ဘာ၏ အဆင့်က ပင်မစကြာဝဠာနှင့် နှိုင်းယှဉ်နိုင်သည်။ သူက အင်မော်တယ်ကမ္ဘာ၏ အခြေခံကို လေ့လာနိုင်ခဲ့လျှင် နိယာမများကို နားလည်ရန် စိတ်ကူး၍ မရနိုင်သော အကျိုးကျေးဇူးများ ရရှိပေလိမ့မည်။

" ဒါပေမယ့် အင်မော်တယ်ကမ္ဘာရဲ့ မူလနယ်မြေကို အင်မော်တယ်လမ်းစဉ်ရဲ့ ဘိုးဘေးက အပိုင်ယူထားတာပဲ။ " လင်းယွမ်က အင်မော်တယ်လမ်းစဉ်ဘိုးဘေး၏ တည်ရှိမှုကို အာရုံခံမိလိုက်သည်။

အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက မူလနယ်မြေနှင့် အပြင်ကမ္ဘာကို လမ်းကြောင်းတစ်ခုတည်ဆောက်နိုင်သောကြောင့် သူက မူလနယ်မြေသို့ ဝင်နိုင်သည်ဟု ဆိုလိုသည်။ မူလနယ်မြေ၏ ပတ်ဝန်းကျင်ကို စဉ်းစားကြည့်လျှင် အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက အရူးတစ်ယောက်မဟုတ်လျှင် ထိုနေရာတွင်သာ နေထိုင်ပေလိမ့်မည်။

လင်းယွမ်၏ လက်ရှိခွန်အားနှင့် မူလနယ်မြေသို့ အတင်းအကျပ် ဝင်ရောက်ခဲ့လျှင် အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးက သေချာပေါက် သိရှိသွားပေလိမ့်မည်။

နှစ်ငါးရာကြာပြီးနောက် လင်းယွမ်၏ ခွန်အားက တိုးတက်ခဲ့သော်လည်း အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်နှင့် ယှဉ်နိုင်စွမ်းမရှိသေးပေ။ အထူးသဖြင့် အင်မော်တယ်ကမ္ဘာသို့ ဆင်းသက်လာသော ခန္ဓာကိုယ်က ပင်မစကြာဝဠာမှ မူလခန္ဓာကိုယ်နှင့်ယှဉ်လျှင် နိမ့်ကျနေဆဲ ဖြစ်သည်။

" ငါသာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သတ္တမအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ရင် အင်မော်တယ်လမ်းစဉ်ရဲ့ ဘိုးဘေးလည်း ငါ့ရဲ့ တည်ရှိမှုကို အာရုံခံမိမှာမဟုတ်ဘူး။ ဒါဆို မူလနယ်မြေထဲကို ဝင်ရောက်နိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

All Chapters