အဇူရာနဂါးသခင်....
Vol. 47 Ch. 709
အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်နှင့် လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်တစ်ယောက်ကို ရှုံးနိမ့်နိုင်မည်မဟုတ်ပေ။ အင်မော်တယ်လမ်းစဉ်ဘိုးဘေး၏ စွမ်းအားက အလွှာဆယ့်နှစ် ဖြစ်သော်လည်း လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ကို ကျော်လွန်မည်မဟုတ်ပေ။
" သိုင်းတာအိုရဲ့ ပထမအလွှာကဏ္ဍက ပြည့်စုံသွားပြီ။ " လင်းယွမ်က သိုင်းတာအို ပထမအလွှာကဏ္ဍကို အသေးစိတ် တွေးလိုက်သည်။
သိုင်းတာအိုပထမအလွှာကဏ္ဍကို ပြည့်စုံအောင်လုပ်ခြင်းက လင်းယွမ်အတွက် သိုင်းတာအိုဖြန့်ဝေရုံသာမက သူ၏ လမ်းစဉ်ကို အကြိမ်ကြိမ် ပြန်လည်စစ်ဆေးခြင်းလည်း ဖြစ်သည်။ မိမိကိုယ်ကို သေချာနားလည်မှသာ တိုးတက်နိုင်မည်ဖြစ်သည်။ ခိုင်မာသော အခြေခံအုတ်မြစ်နှင့် အနာဂတ် အလားအလာက အကန့်အသတ် မရှိပေ။
" အခု ငါ ကိုယ်ပွားတွေ စေလွှတ်ပြီး သိုင်းတာအိုကို ဖြန့်ဝေလို့ရပြီ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
အင်မော်တယ်ကမ္ဘာက အလွန်ကျယ်ပြန့်သော ကမ္ဘာတစ်ခုဖြစ်ပြီး လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေရန် လက်လွှတ်ခံမည်မဟုတ်ပေ။ အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေး သတိမထားမိစေရန် သူက အနည်းငယ် ဖြန့်ဝေရုံသာဖြစ်သည်။
အမှန်တော့ ကျယ်ပြန့်သော အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်ကျင့်ကြံခြင်းစနစ်အပြင် အခြားကျင့်ကြံခြင်းအဆင့်များရှိသော်လည်း ပင်မကျင့်ကြံခြင်းစနစ်ဖြစ်သော အင်မော်တယ်ကျင့်ကြံခြင်းစနစ်နှင့် နှိုင်းယှဉ်၍မရပေ။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အရမ်းမသိသာနေလျှင် အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးမပြောနှင့် ကျောက်စိမ်းအင်မော်တယ်များပင် ဂရုစိုက်မည်မဟုတ်ပေ။
ခဏစဉ်းစားပြီးနောက် လင်းယွမ်က မူလနယ်မြေနှင့် ချိတ်ဆက်ထားသော အက်ကြောင်းကို လေ့လာရန် ကိုယ်ပွားတစ်ခုကို ချန်ထားခဲ့ပြီး ထိုက်ယန်မူလစိတ်ဝိညာဉ်က ပျောက်ကွယ်သွားခဲ့သည်။
လင်းယွမ်၏ ပုံရိပ်က ခန်းမတစ်ခု၏ ပလ္လင်ပေါ်တွင် ပေါ်လာသည်။
" သခင် " အောက်မှ ပုံရိပ်တစ်ခုက လင်းယွမ်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။
ထိုပုံရိပ်က ခရမ်းရောင်ကျောက်စိမ်းစာလိပ်ထဲမှ ယွင်ကျန်းဇီ၏ စိတ်အသိပင် ဖြစ်သည်။ ယွင်ကျန်းဇီက လွန်ခဲ့သော နှစ်ပေါင်းဆယ်သန်းနီးပါးက အင်မော်တယ်နှင့် နတ်ဆိုးစစ်ပွဲကြီးတွင် သေဆုံးခဲ့ပြီး ပြန်လည်ရှင်သန်ခြင်းနည်းလမ်းများ ချန်ထားခဲ့သည်။ လင်းယွမ်က ကျောက်စိမ်းစာလိပ်ကို စစ်ဆေးချိန်တွင် သူ၏ စိတ်အသိက လင်းယွမ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် အသက်ဝင်လာခဲ့သည်။
လင်းယွမ်က ယွင်ကျန်းဇီ၏ စိတ်အသိကို အသုံးပြုရန် လိုအပ်သောကြောင့် လုံးဝ ဖယ်ရှားခြင်းမပြုခဲ့ပေ။ ထိုအစား သူက ယွင်ကျန်းဇီကို ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ရန် ကူညီပေးပြီး အစေခံလုပ်စေခဲ့သည်။
ယွင်ကျန်းဇီက အတွေ့အကြုံရှိသော ကျောက်စိမ်းအင်မော်တယ်တစ်ပါးဖြစ်သည်။ သူ အသက်ဆက်ရှင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်က လင်းယွမ်အပေါ် မူတည်သောကြောင့် လင်းယွမ်၏ အမိန့်များကို မေးခွန်းထုတ်ခြင်းမရှိဘဲ နာခံခဲ့သည်။
လွန်ခဲ့သော နှစ်ငါးရာအတွင်း လင်းယွမ်က တံခါးပိတ်ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ခဲ့ပြီး အခြားသေးငယ်သော ကိစ္စများကို ယွင်ကျန်းဇီက ကိုင်တွယ်ခဲ့သည်။ ဥပမာ အရင်းအမြစ်များ ဝယ်ယူခြင်းဖြစ်သည်။
ယွင်ကျန်းဇီစုဆောင်းထားသော အရင်းအမြစ်များက လင်းယွမ်ကြောင့် လွန်ခဲ့သော နှစ်လေးရာကတည်းက ကုန်ဆုံးသွားခဲ့သည်။ ကျင့်ကြံမှုအရင်းအမြစ်များကို ဆက်လက်ရရှိရန်အတွက် လင်းယွမ်က ယွင်ကျန်းဇီကို တာဝန်ပေးခဲ့သည်။
" ဒီအချိန်တွေမှာ ဘာတွေဖြစ်ခဲ့သေးလဲ။ " လင်းယွမ်က မေးလိုက်သည်။
ယွင်ကျန်းဇီကို ပေးအပ်ထားခဲ့သော တာဝန်များထဲမှ တစ်ခုမှာ အင်မော်တယ်ကမ္ဘာမှ အဓိကအဖြစ်အပျက်များကို စောင့်ကြည့်ထားရန်ဖြစ်သည်။
" သခင်..." ယွင်ကျန်းဇီက သူစုဆောင်းထားသော သတင်းအချက်အလက်များကို စတင်ပြောဆိုလိုက်သည်။
" နတ်ဆိုးချောက်နက်က နတ်ဆိုးတွေက မကြာခဏ ထွက်ပေါ်လာတယ်။ အင်မော်တယ်နဲ့ နတ်ဆိုး စစ်ပွဲကြီး မကြာခင်စတင်တော့မယ်ထင်တယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
နှစ်သန်းအနည်းငယ် သို့မဟုတ် နှစ်ပေါင်းဆယ်သန်းကြာတိုင်း နတ်ဆိုးချောက်နက် ဘိုးဘေး၏ စိတ်အသိ တစ်စိတ်တစ်ပိုင်းက နိုးထလာပြီး နတ်ဆိုးချောက်နက်မှ နတ်ဆိုးများကို အင်မော်တယ်နယ်မြေများသို့ ကျူးကျော်စေခဲ့သည်။ ၎င်းက အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲကြီး၏ မူလအစဖြစ်သည်။
" အဲ့ဒါ ဖြစ်နိုင်တယ်။ ကန်ဝူအင်မော်တယ်မြို့နဲ့ အခြားအင်မော်တယ်မြို့တွေအပြင် အင်အားစုအချို့က အင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲကြီးအတွက် ပြင်ဆင်မှုတွေ လုပ်လာကြတယ်။ " ယွင်ကျန်းဇီက အသံတိုးတိုးနှင့် ပြောလိုက်သည်။
သူကိုယ်တိုင်က နောက်ဆုံး အင်မော်တယ်နှင့် နတ်ဆိုးစစ်ပွဲကြီးတွင် သေဆုံးခဲ့သောကြောင့် အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို သက်ရောက်စေနိုင်သော ထိုကဲ့သို့ စစ်ပွဲမျိုးကို အလွန်ဂရုစိုက်လေသည်။ အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲတိုင်းတွင် မရေတွက်နိုင်သော အင်မော်တယ်များ သေဆုံးခဲ့ပြီး ကျောက်စိမ်းအင်မော်တယ်များပင် မလွတ်မြောက်နိုင်ကြပေ။
" သခင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က နဂါးကိုးကောင် ကုန်သွယ်ရေးအဖွဲ့အစည်းက သခင်ကို တွေ့ချင်နေကြပါတယ်။ သခင်က သူတို့အတွက် ကိုးကြိမ်လည်ပတ်ခြင်း ရွှေဆေးလုံးတွေ သန့်စင်ပေးနိုင်ဖို့ မျှော်လင့်နေကြတယ်။ " ယွင်ကျန်းဇီက ပြောလိုက်သည်။
" ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး..." လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်သည်။
ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးက ပြိုင်ဘက်ကင်း အသက်ကယ်ဆေးလုံးဖြစ်သည်။ ရွှေအင်မော်တယ်အဆင့် ရှိသူများအတွက် မည်သည့်ဒဏ်ရာဖြစ်စေ စိတ်ဝိညာဉ်ရှိနေသရွေ့ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်လုံးကို သောက်ခြင်းဖြင့် ချက်ချင်း ကုသနိုင်လေသည်။
ကျောက်စိမ်းအင်မော်တယ်များပင် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို အသုံးပြုလျှင် ဒဏ်ရာအများစုကို ပျောက်ကင်းစေနိုင်သည်။ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးက အင်မော်တယ်ဆေးဖြစ်ပြီး အထူးသဖြင့် အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲကြီးမစတင်မီ အလွန်တန်ဖိုးရှိလှသည်။
နှစ်ငါးရာအတွင်း လင်းယွမ်က မရေတွက်နိုင်သော အရင်းအမြစ်များကို သုံးစွဲခဲ့သည်။ လင်းယွမ် လိုအပ်သော ကျင့်ကြံမှုအရင်းအမြစ်က အလွန်ကြီးမားသောကြောင့် လုယက်ခြင်းဖြင့် မဖြစ်နိုင်ပေ။ လင်းယွမ်က သူ့ကိုသူ အပြည့်အဝ မကာကွယ်နေသေးမီ သူ့၏ ခွန်အားကို ထုတ်ဖော်မည်မဟုတ်ပေ။
ထို့ကြောင့် အရင်းအမြစ်များ ရရှိရန်အတွက် အခြားကျောက်စိမ်းအင်မော်တယ်များ သို့မဟုတ် အဖွဲ့အစည်းများနှင့် ကုန်သွယ်ခြင်းဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်ဆေးများက ငွေကြေးပုံစံတစ်ခုဖြစ်သည်။
သာမန်လူများမှ ကျောက်စိမ်းအင်မော်တယ်အဆင့်ထိ ကျင့်ကြံမှုအတွက် ဖြစ်စေ အခြားအသုံးမှုအတွက် ဖြစ်စေ အားလုံးက အင်မော်တယ်ဆေးများနှင့် မကင်းနိုင်ကြပေ။ ထို့အပြင် ယွင်ကျန်းဇီကိုယ်တိုင်က ဆေးဖော်စပ်ခြင်းနည်းစနစ်တွင် ကျွမ်းကျင်သောကြောင့် လင်းယွမ်ကလည်း ဆေးဖော်စပ်ခြင်းကို လေ့လာရန် အချိန်ပေးခဲ့သည်။
ဆေးဖော်သပ်ခြင်း၏ အနှစ်သာရက ဆေးစွမ်းအားများကို ထိန်းချုပ်ခြင်းဖြစ်သည်။ လင်းယွမ်၏ စိတ်စွမ်းအားက အလွှာဆယ့်နှစ်သို့ ရောက်နေပြီဖြစ်သောကြောင့် သူက ဆေးဖော်စပ်ခြင်းပါရမီရှင်တစ်ယောက်ပင် ဖြစ်သည်။
ထို့အပြင် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ရက်အနည်းငယ် လေ့လာပြီးနောက် လင်းယွမ်၏ ဆေးဖော်စပ်ခြင်းကျွမ်းကျင်မှုက ယွင်ကျန်းဇီထက် ကျော်လွန်သွားခဲ့သည်။ ထို့ကြောင့် လင်းယွမ်က အားလမ်းသော အချိန်များတွင် ဖော်စပ်ထားသော အင်မော်တယ်ဆေးများကို ယွင်ကျန်းဇီအား ရောင်းချစေခဲ့သည်။
ဆေးစွမ်းအားများအပေါ် လင်းယွမ်၏ ထိန်းချုပ်မှုဖြင့် ဆေးလုံးများ၏ အောင်မြင်မှုနှုန်းနှင့် အရည်အသွေးက အံ့မခန်း မြင့်မားလှသည်။ အင်မော်တယ်ဆေးများကို သန့်စင်ရောင်းချခြင်းဖြင့် လင်းယွမ်က ကြီးမားသော အရင်းအမြစ်များနှင့် လဲလှယ်နိုင်ခဲ့သည်။
လင်းယွမ်အတွက် ရှားပါးသော အင်မော်တယ်ဆေးတစ်လုံးကို သန့်စင်ခြင်းက ကုန်ကျစရိတ်ထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာနီးပါး ရရှိခြင်းလေသည်။ ရာစုနှစ်အချို့အတွင်း လင်းယွမ်က အင်မော်တယ်ဆေး အများအပြားကို လျို့ဝှက်ရောင်းချခဲ့သည်။
၎င်းတို့ကို အကြိမ်အနည်းငယ်သာ လူသိရှင်ကြားရောင်းချခဲ့ပြီး ထိုသို့ ရောင်းချခြင်းကပင် လင်းယွမ်ကို ဆေးပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ခဲ့သည်။
" ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးတစ်သုတ်ကို သန့်စင်ပေးရမှာလား။ နဂါးကိုးကောင်ကုန်သွယ်ရေးအဖွဲ့အစည်းက ဘယ်လောက်ပေးဖို့ ဆန္ဒရှိလဲ။ " လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။
နဂါးကိုးကောင်ကုန်သွယ်ရေးအဖွဲ့အစည်းက လင်းယွမ်ကို ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်သုတ် သန့်စင်ပေးလိုသောကြောင့် ဆေးအမယ်များကို သူတို့က ပြင်ဆင်ပြီးဖြစ်ပေလိမ့်မည်။ ဆေးဖော်စပ်ရန် အခက်အခဲက လင်းယွမ်အတွက် အသေးအဖွဲကိစ္စသာ ဖြစ်သည်။ အရေးကြီးသည်မှာ နဂါးကိုးကောင်ကုန်သွယ်ရေးအဖွဲ့အစည်းမှ ဘယ်လောက်ပေးချင်လဲအပေါ် မူတည်သည်။
" နဂါးကိုးကောင်ကုန်သွယ်ရေးအဖွဲ့အစည်းက ကျောက်စိမ်းအင်မော်တယ်တွေက အသေးစိတ်ကို သခင်နဲ့ ကိုယ်တိုင် ဆွေးနွေးချင်နေကြတယ်။ "
နဂါးကိုးကောင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ထိပ်ဆုံးတွင် နဂါးမျိုးနွယ်မှ ကျောက်စိမ်းအင်မော်တယ်ကိုးပါး ရှိပြီး အင်မော်တယ်နယ်မြေ ၃၃ခုတွင် နာမည် ကျော်ကြားသည်။
" ကောင်းပြီ။ ငါ့ဆီကို လာတွေ့ခိုင်းလိုက်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ယွင်ကျန်းဇီက နဂါးကိုးကောင်ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် တွေ့ဆုံရန် ချက်ချင်း စီစဉ်လိုက်သည်။
ခဏအတွင်း ရွှေရောင်ဝတ်ရုံနှင့် နဖူးတွင် အပြာရောင်ဦးချိုများပါသော အမျိုးသားတစ်ယောက်က ခန်းမထဲတွင် ပေါ်လာသည်။
" သခင်ယွင်ကျန်းဇီကို နှုတ်ဆက်ပါတယ်။ " နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကျောက်စိမ်းအင်မော်တယ်က အရိုအသေပေးလိုက်သည်။
လင်းယွမ်က ရာစုနှစ်အနည်းငယ်အတွင်း အင်မော်တယ်ဆေးအချို့ကို ရောင်းချခဲ့သော်လည်း ရောင်းချခဲ့သော ဆေးလုံးတိုင်းက အရည်အသွေးမြင့်မားလှသည်။ ပြင်ပကမ္ဘာက လင်းယွမ်ကို ယွင်ကျန်းဇီဟုသာ သိထားကြသည်။
" အဇူရာနဂါးသခင်..." လင်းယွမ်က ပြောလိုက်သည်။
နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းတွင် ကျောက်စိမ်းအင်မော်တယ် ကိုးပါးရှိပြီး အဇူရာနဂါးသခင်က အသန်မာဆုံး သုံးယောက်ထဲတွင် ပါဝင်လေသည်။