← Chapters

အရင်းအမြစ်ပထမအသုတ်....

Vol. 47 Ch. 699

အရင်းအမြစ်ပထမအသုတ်....

Vol. 47 Ch. 699

လူသားမျိုးနွယ်၏ ထိပ်တန်းမိသားစုဖြစ်သော ရှမိသားစုက အလွန်ကြီးမားသည်။ နဂါးငွေ့တန်းကြယ်သခင်၏ ညီမ မဖြစ်ခဲ့လျှင် လင်းယိက ရှမိသားစု၏ ပင်မကြယ်ပေါ်တွင် နေထိုင်နိုင်မည်မဟုတ်ပေ။

သို့သော် ယခုအချိန်အတွင်း အလွှာဆယ့်တစ် ရှိမိသားစု၏ ဘိုးဘေးက သူမကို အကြိမ်များစွာ ခေါ်ယူခဲ့သည်။ ရှင်းရှင်းလင်းလင်း မပြောသော်လည်း ဘိုးဘေး၏ စကားများက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နဂါးငွေ့တန်းကြယ်သခင်အကြောင်းသာ လည်ပတ်နေသည်။

" အသွင်ပြောင်းလဲခြင်းဧကရီတောင် အကိုကို ဒုက္ခမပေးရဲဘူးလို့ကြားတယ်။ " လင်းယိက သူမ၏ မိဘများထက် ပိုသိပြီး အင်းဆက်မျိုးနွယ်ဧကရီ၏ နာမည်ကိုပင် သိထားသည်။

" အသွင်ပြောင်းလဲခြင်းဧကရီ " လင်းယွမ်က လင်းယိကို ကြည့်လိုက်သည်။ " ဧကရီက ငါ့ကို ဒုက္ခမပေးခဲ့တာက ငါ့ဘက်မှာ လူသားမျိုးနွယ်ရဲ့ ကြီးမြတ်သူရှိနေလို့ပဲ။ "

လင်းယွမ်က အလွှာဆယ့်တစ် အထွတ်အထိပ်သို့ ရောက်နေသော်လည်း အလွှာဆယ့်တစ်နှင့် အလွှာဆယ့်နှစ်များကို ခုခံနိုင်သည်။ သို့သော် အသွင်ပြောင်းလဲခြင်းဧကရီက သူ့ကို ဒုက္ခမပေးရဲဟုဆိုခြင်းမှာ ရယ်စရာကောင်းလှသည်။

လင်းယွမ်က သူနှင့် အလွှာဆယ့်နှစ်များကြား ကွာဟချက်ကို ကောင်းစွာ သတိထားမိသည်။ သူ၏ နိယာမနားလည်မှုနှင့် စိတ်စွမ်းအားတို့က အလွှာဆယ့်နှစ်သို့ ရောက်နေသော်လည်း စစ်မှန်သော ကြီးမြတ်သူတစ်ယောက်နှင့် မယှဉ်နိုင်သေးပေ။

" ငါက ရွှမ်ဟွမ်မူလခန္ဓာကို အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးရင် ရုပ်ခန္ဓာက အလွှာဆယ့်နှစ်နဲ့ ညီမျှလိမ့်မယ်။ ဒါဆို နိယာမနားလည်မှု၊ စိတ်စွမ်းအားနဲ့ ရုပ်ခန္ဓာတို့က အလွှာဆယ့်နှစ်ကို ရောက်နေရင် ကြီးမြတ်သူတွေနဲ့ ကွာဟချက်က သိသိသာသာ လျော့ကျသွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အစတွင် လင်းယွမ်က သူ၏ ရုပ်ခန္ဓာကို အလွှာဆယ့်နှစ်သို့ ရောက်ခြင်းနှင့် ပက်သက်၍ သိပ်မယုံကြည်ခဲ့ပေ။ အဓိကမှာ ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန် အရင်းအမြစ်များစွာ လိုအပ်သောကြောင့် ဖြစ်သည်။ သို့သော် ကြီးမြတ်သူအဆင့် လက်နက် ခြောက်ရာကျော်ရှိခြင်းက အရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားသည်။

အထူးသဖြင့် အထွတ်အထိပ်မျိုးနွယ်များက သူတို့၏ ကြီးမြတ်သူအဆင့် လက်နက်များ ပြန်လည်ရရှိရန်အတွက် အရင်းအမြစ်များနှင့် လဲလှယ်မည်ဖြစ်သည်။ ထို့အပြင် လင်းယွမ်သတ်ခဲ့သော အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော်၏ အလောင်းများမှ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်အနှစ်သာရများက ရွှမ်ဟွမ်မူလခန္ဓာကို တိုးတက်စေနိုင်သည်။

" ဒါနဲ့ အထွတ်အထိပ်မျိုးနွယ်တွေနဲ့ လဲလှယ်တဲ့ စျေးနှုန်းကို မြှင့်တင်နိုင်သေးတယ်။ "

" ရှောင်ယွမ် အဲ့ဒီစစ်မြေပြင်မှာ အန္တရာယ်ရှိလား။ " ဘေးမှ လုချုံးက စိုးရိမ်စွာ မေးလိုက်သည်။

လင်းယွမ်က မဟာစစ်မြေပြင်သို့ ဝင်ရောက်မည်ဟု ပြောခဲ့သော်လည်း သူမက ယခုလောက်ထိ အန္တရာယ်များလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

" အခုတော့ အန္တရာယ်မရှိတော့ပါဘူး။ မျိုးနွယ်ခြားတွေအားလုံးနီးပါးက ဆုတ်ခွာသွားကြပြီ။ စစ်မြေပြင်တစ်ခုလုံးမှာ ကျွန်တော်တို့ လူသားဆင့်ကဲပြောင်းလဲသူတွေပဲ ရှိတော့တယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

စစ်ပွဲစည်းမျဉ်းများအရ အောင်မြင်ခြင်းပလ္လင်ကို နှစ်တစ်ရာ သိမ်းပိုက်ရန် လိုအပ်သည်ဟု မဆိုထားလျှင် လူသားဆင့်ကဲပြောင်းလဲသူများကလည်း ယခုအချိန်တွင် ဆုတ်ခွာသွားပြီဖြစ်သည်။ စည်းမျဉ်းများကို လိုက်နာခြင်းက ပြဿနာမရှိပေ။ နှစ်တစ်ရာပြည့်ရန် နှစ်ကိုးဆယ်သာ ကျန်တော့သည်။

" ဒါဆို ကောင်းတာပေါ့။ " လုချုံးက သက်ပြင်းချလိုက်သည်။

" ဒီစစ်မြေပြင်ကိစ္စပြီးသွားရင် ကျွန်တော် ကန်လန်ကြယ်ကို ခဏပြန်လာဖို့ စီစဉ်ထားတယ်။ " လင်းယွမ်က တစ်စုံတစ်ခုကို စဉ်းစားမိပြီး ပြောလိုက်သည်။

မဟာစစ်မြေပြင်တွင် လူသားမျိုးနွယ်၏ ထိန်းချုပ်မှုရရှိခြင်းနှင့်အတူ ပြီးဆုံးသွားသည့်အတွက် လင်းယွမ်က ဖြေရှင်းရန် ကိစ္စများ သိပ်မရှိတော့ဘဲ အလွှာဆယ့်နှစ်သို့ တက်လှမ်းရန်နှင့် ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုကို စဉ်းစားရန်သာ ဖြစ်သည်။ ထိုအချိန်တွင် ကန်လန်ကြယ်သို့ ပြန်သွားခြင်းက သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြည့်စုံစေနိုင်သည်။

" အင်း ဒါဆို ငါ အုပ်ချုပ်သူစုန်ဝူယန်ကို ပြောထားလိုက်မယ်။ " လင်းချောင်ချန်၏ မျက်လုံးများက တောက်ပသွားသည်။

အုပ်ချုပ်သူစုန်ဝူယန်က နဂါးငွေ့တန်းကြယ်သခင်သာ ကန်လန်ကြယ်သို့ ပြန်လာခဲ့လျှင် ဧည့်ခံပွဲကို သူကိုယ်တိုင်ပြင်ဆင်ပေးမည်ဟု ပြောထားခဲ့သည်။

" ဒီကိစ္စက အပြင်ကို မပြန့်ဖို့ လိုတယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ငါနားလည်ပြီ။ " လင်းချောင်ချန်က ခေါင်းညိမ့်လိုက်သည်။

ထို့နောက် လင်းယွမ်က သူ၏ မိဘများနှင့် စကားခဏ ပြောပြီးနောက် VR ကမ္ဘာမှ ထွက်ခွာသွားသည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ အကြည့်က မဟာစစ်မြေပြင်ရှိရာသို့ ရောက်ရှိနေသည်။ စစ်ပွဲက မပြီးဆုံးသေးသော်လည်း လက်တွေ့တွင် အထွတ်အထိပ်မျိုးနွယ်များအားလုံး ဆုတ်ခွာသွားခြင်းကြောင့် ပြီးဆုံးလုနီးပါး ဖြစ်နေပြီး နှစ်တစ်ရာပြည့်သည်အထိ စောင့်ဆိုင်းရန်သာ လိုအပ်သည်။

" ဒီစစ်ပွဲကနေ ငါ ကောင်းမှုအမှတ် ဘယ်လောက်ရမလဲမသိဘူး။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် ရေရွတ်လိုက်သည်။

အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများကို စစ်မြေပြင်သို့ စေလွှတ်ခြင်းက ကောင်းမှုအမှတ်များ ရရှိစေရန်လည်း ရည်ရွယ်သည်။ မဟာစစ်မြေပြင်တွင် လင်းယွမ်က အလွှာဆယ့်တစ် အင်အားကြီးသူတစ်သောင်းကျော်ကို သတ်ပစ်ခဲ့သည်။ ၎င်းက ကိုယ်ပွားများသာ ဖြစ်သော်လည်း အရေအတွက်က အလွန်များသည်။

ထိုအချက်တစ်ခုနှင့်ပင် ကောင်းမှုအမှတ်များစွာကို ရရှိစေပေလိမ့်မည်။ ထို့အပြင် လင်းယွမ်က မဟာစစ်မြေပြင်ကို လွှမ်းမိုးခဲ့ပြီး လူသားမျိုးနွယ်အား စစ်မြေပြင်ထိန်းချုပ်ခွင့်ကို ရရှိစေခဲ့သည်။

" အဆင့်ကိုးနိုင်ငံသားကနေ အဆင့်တစ်ဆယ် နိုင်ငံသားအဖြစ် မြှင့်တင်ဖို့ ကောင်းမှုအမှတ် ငါးဆယ်ဘီလီယံကို လိုအပ်တယ်။ ဒီစစ်ပွဲပြီးရင်တော့ ငါ ကောင်းမှုအမှတ်တွေ လုံလောက်ပြီထင်တယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်၏။

ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း လူသားမျိုးနွယ်က အဆင့်တစ်ဆယ် နိုင်ငံသားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခြင်းမရှိခဲ့ပေ။ လက်ရှိအဆင့်တစ်ဆယ်နိုင်ငံသားများက ကြယ်ပင်လယ်ခေတ်မတိုင်မီက လူသားမျိုးနွယ်ကို ကြီးမားသော ထောက်ပံ့မှု ပြုလုပ်ခဲ့သူများဖြစ်ကြသည်။

မဟာစစ်မြေပြင်။

လင်းယွမ်က အောင်မြင်ခြင်းပလ္လင်ထဲတွင် ထိုင်နေသည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စစ်မြေပြင်၏ အချိန်လေဟာနယ်တည်ဆောက်ပုံကို လေ့လာပြီး အချိန်လေဟာနယ်အပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

ဉာဏ်အလင်းများက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာပြီး အချိန်လေဟာနယ်အပေါ် သူ၏ နားလည်မှုက ပိုမိုတိုးတက်လာခဲ့သည်။

" ဟမ် အချိန်လေဟာနယ်အမှတ်အသားက ကပ်ဘေးမျိုးနွယ်က အလွှာဆယ့်နှစ် ကြီးမြတ်သူဆီက လာတာလား။ " လင်းယွမ်က မဟာစစ်မြေပြင်ကို အဆက်မပြတ် ခွဲခြမ်းစိတ်ဖြာပြီးနောက် အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ နည်းလမ်းများကို တဖြည်းဖြည်း ထုတ်ဖော်လာနိုင်ခဲ့သည်။

မဟာစစ်မြေပြင်ကို လေ့လာခြင်းနှင့် နားလည်ခြင်းက လင်းယွမ်ကို အထွတ်အထိပ်မျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများအကြောင်း ပို၍ နားလည်လာခဲ့သည်။

ဥပမာ ထျန်းယုမျိုးနွယ်မှ ဘိုးဘေး၏ နည်းလမ်းများက အဆုံးမဲ့အလင်းများဖြင့် ပြည့်နှက်နေသော်လည်း ၎င်းက အလင်းသက်သက်မဟုတ်ဘဲ နက်ရှိုင်းသော အမှောင်ထုကလည်း ဖုံးကွယ်နေသည်။

" ကပ်ဘေးမျိုးနွယ် " လင်းယွမ်က ကပ်ဘေးမျိုးနွယ်မှ ကြီးမြတ်သူ၏ နည်းလမ်းများကို လေ့လာလိုက်သည်။

၎င်းက နူးညံ့စွာ တွန်းလှန်နေသော်လည်း ကြယ်စကြာဝဠာနှင့် တစ်နည်းတစ်ဖုံ ပေါင်းစပ်နေပြီး လင်းယွမ်ကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် ဆင်တူသော ခံစားချက်ကို ပေးနေခဲ့သည်။

" ကပ်ဘေးမျိုးနွယ်က မရိုးရှင်းဘူး။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

စကြာဝဠာထဲရှိ ကြီးမြတ်သူအများစုက စကြာဝဠာခေတ်တစ်ခုမှ နောက်တစ်ခုသို့ ရှင်သန်ခြင်း၏ ခက်ခဲမှုကို သေချာမသိကြပေ။ သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ သခင်ဖြစ်သော လင်းယွမ်က ၎င်းက ဘာကိုဆိုလိုသည်ကို နားလည်သည်။

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ဆက်လက်ကျင့်ကြံနေခဲ့သည်။ အလွှာဆယ့်တစ်သို့ တက်လှမ်းပြီးနောက် သူ၏ နားလည်နိုင်စွမ်းက ပိုမိုတိုးတက်လာပြီး ပေါင်းစပ်နိယာမများက အလွှာဆယ့်နှစ်သို့ ရောက်ရှိသွားခဲ့သည်။

" သိုင်းတာအိုရဲ့ အလွှာဆယ့်တစ် ကဏ္ဍ..." လင်းယွမ်က နက်ရှိုင်းစွာ တွေးတောနေပြီး သိုင်းတာအိုအလွှာတစ်ဆယ်ကဏ္ဍကို ပြည့်စုံစေရန် အာရုံစိုက်လိုက်သည်။

သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍက ကြီးမြတ်သူအဆင့်သို့ မရောက်မီ နောက်ဆုံးကဏ္ဍ ဖြစ်သောကြောင့် အရေးပါလှသည်။

" ဟမ် " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ကြယ်သခင်ခန်းမမှ ပျောက်ကွယ်သွားသည်။

နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်တွင် နာလန်က ပေါ်လာပြီး လင်းယွမ်ကလည်း ထိုနေရာသို့ ရောက်လာသည်။

" နဂါးငွေ့တန်းကြယ်သခင် " နာလန်က လင်းယွမ်ကို အရိုအသေပေးလိုက်သည်။

" ငါတို့ကြားမှာ ဒီလောက်ယဉ်ကျေးနေစရာမလိုဘူး။ " လင်းယွမ်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" စည်းမျဉ်းက စည်းမျဉ်းပဲ။ " နာလန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" ငါ အဲ့ဒီအထွတ်အထိပ်မျိုးနွယ်တွေဆီက အရင်းအမြစ် ပထမအသုတ်ကို နဂါးငွေ့တန်းကြယ်သခင်ဆီ လာပို့ပေးတာပဲ။ " နာလန်က သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပေးလိုက်သည်။

" အရင်းအမြစ်ပထမအသုတ်လား။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

အထွတ်အထိပ်မျိုးနွယ်များနှင့် ဆွေးနွေးပြီးနောက် ကြီးမြတ်သူအဆင့် လက်နက်များကို လဲလှယ်ရန် သဘောတူခဲ့ပြီး လင်းယွမ်က လက်နက်များ ပြန်မပေးမီ အရင်းအမြစ်များကို စောင့်ဆိုင်းနေခဲ့သည်။

လဲလှယ်မှုအသေးစိတ်ကို ရှယိုဆင့်ကဲပြောင်းလဲခြင်းမျှော်စဉ်က စီစဉ်ပေးခြင်းဖြစ်သည်။ လင်းယွမ်က နာလန်နှင့် စကားအနည်းငယ် ပြောပြီးနောက် ကြယ်သခင်ခန်းမသို့ ပြန်လာခဲ့သည်။ ထို့နောက် သူက သိုလှောင်လက်စွပ်ကို စစ်ဆေးလိုက်သည်။

လက်စွပ်အတွင်း နေရာက မိုင်ဆယ်သန်းကျော် ကျယ်ဝန်းပြီး အရင်းအမြစ်များနှင့် ပြည့်နှက်နေသည်။ ၎င်းတို့အားလုံးက ရွှမ်ဟွမ်မူလခန္ဓာကျင့်ကြံခြင်းကို အထောက်အကူပြုနိုင်သည်။

All Chapters