← Chapters

နှစ်ကိုးဆယ်ကြာပြီးနောက်....

Vol. 47 Ch. 700

နှစ်ကိုးဆယ်ကြာပြီးနောက်....

Vol. 47 Ch. 700

" ဒီအရင်းအမြစ်တွေနဲ့ဆိုရင်... " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

လက်စွပ်အတွင်းမှ အရင်းအမြစ်များကို အသုံးပြုပြီး ရွှမ်ဟွမ်မူလခန္ဓာကို ချက်ချင်း ကျင့်ကြံလိုက်သည်။ ထို့အပြင် လင်းယွမ်က နိယာမများကို နားလည်ခြင်းနှင့် သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ပြည့်စုံစေခြင်းတို့အပေါ် အာရုံစိုက်ထားခဲ့သည်။

ထိုသို့ဖြင့် နှစ်ကိုးဆယ်ကြာသွားခဲ့သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်၏ မူလခန္ဓာကိုယ်က ခြေချိတ်ထိုင်နေသည်။ သူ့ကို ဗဟိုပြု၍ အချိန်လေဟာနယ်က အဆက်မပြတ် ပေါင်းစပ်နေပြီး ကမ္ဘာများ ဖြစ်ပေါ်လာပြီး ပျက်စီးသွားသကဲ့သို့ ဖြစ်နေသည်။ ၎င်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နားလည်မှုက အဆင့်တစ်ခုသို့ ရောက်နေသည်ကို ပြသနေသည်။

လွန်ခဲ့သော နှစ်ကိုးဆယ်ကတည်းက အင်းဆက်မျိုးနွယ်၏ အသွင်ပြောင်းလဲခြင်းဧကရီက သူ၏ လျို့ဝှက်ချက်အချို့ကို ထုတ်ပြောပြီးနောက် လင်းယွမ်၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင်သာ နေထိုင်ခဲ့သည်။ ထိုနေရာက အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ရှာဖွေနိုင်ခြင်းမရှိဘဲ ဘေးကင်းသည်ဟု ယူဆနိုင်သည်။

သူ၏ ခွန်အားကို ပြသပြီးနောက် လင်းယွမ်က အလွှာဆယ့်နှစ် ကြီးမြတ်သူများ တိုက်ခိုက်လာနိုင်သည့် အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားခဲ့သည်။ ကြီးမြတ်သူရှချင်ကပင် လင်းယွမ်ကို အလယ်ပိုင်းကြယ်နယ်မြေသို့ ဖိတ်ခေါ်ခဲ့သည်။ ထိုနေရာတွင် များပြားသော မျိုးနွယ်ကာကွယ်ရေးလက်နက်များကို နေရာချထားခဲ့သည်။

သို့သော် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ပို၍ သဘောကျသည်။ နဂါးငွေ့တန်းပင်မကြယ်အတွက် ကိုယ်ပွားတစ်ခု စေလွှတ်ထားရုံသာ လိုအပ်သည်။ သူ၏ လက်ရှိ စိတ်စွမ်းအားအပြင် နိယာမများကို နားလည်မှုဖြင့် ပုံမှန်ဖန်တီးထားသော ကိုယ်ပွားတစ်ခုက အလွှာဆယ့်တစ် အထွတ်အထိပ်၏ စွမ်းအားကို ထုတ်ဖော်နိုင်သည်။

လင်းယွမ်က အလွှာဆယ့်နှစ်သို့ မတက်လှမ်းမီ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ပြင်ပကိစ္စရပ်များအတွက် ထိုက်ယန်နှင့် ထိုက်ယင် မူလစိတ်ဝိညာဉ်တို့ကို ကိုင်တွယ်စေခဲ့သည်။ ထို့အပြင် ကိုယ်ပွားများလည်း ရှိနေသည်။

" နှစ်ကိုးဆယ်အတွင်း ငါ အဓိကပေါင်းစပ်နိယာမ ၃၆ခုကို သတ္တမအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်။ ဒါပေမယ့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမက..." လင်းယွမ်က တွေးလိုက်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို အစောပိုင်း၊ အလယ်အလတ်၊ နှောင်းပိုင်းနှင့် အထွတ်အထိပ်ဟူ၍ လေးဆင့်ခွဲခြားထားလျှင် လင်းယွမ်၏ လက်ရှိအဆင့်က အလယ်အလတ်အဆင့် ဖြစ်ပြီး နှောင်းပိုင်းအဆင့်နှင့် အလှမ်းဝေးနေသည်။

သို့သော် အလွှာဆယ့်နှစ် ကြီးမြတ်သူအများစုပင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် အစောပိုင်းနှင့် အလယ်အလတ်အဆင့်တွင်သာ ရှိကြပြီး ဆဋ္ဌမအဆင့်၏ နှောင်ပိုင်းနှင့် အထွတ်အထိပ်သို့ ရောက်ရှိသူ အလွန်နည်းလှသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို ရောက်ရှိသော အလွှာဆယ့်နှစ် ကြီးမြတ်သူဟူ၍ လင်းယွမ် မကြားဖူးသေးပေ။ အလွှာဆယ့်နှစ်၏ ဖရိုဖရဲအဆင့်တွင်ရှိသော ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ပင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ နဝမအဆင့်တွင်သာ ရှိကြသည်။

" လက်ရှိ နိယာမတွေကို နားလည်မှုနဲ့ ငါ နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ သတ္တမအထပ်ကို ဖြတ်ကျော်ဖို့ မဖြစ်နိုင်ဘူးလား။ " လင်းယွမ်က အကူအညီမဲ့သလို ခံစားလိုက်ရသည်။

သူက အလွှာတစ်ဆယ်တွင် အနက်ရောင်မျှော်စင် သတ္တမအထပ်၏ သုံးပုံတစ်ပုံကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယခု အလွှာဆယ့်တစ်သို့ ရောက်ပြီး နှစ်တစ်ရာ ကျင့်ကြံပြီးနောက်တွင်လည်း သတ္တမအဆင့်၏ နောက်ဆုံးပိုင်းတွင် ပိတ်မိနေဆဲ ဖြစ်သည်။

" စစ်မှန်တဲ့ အလွှာဆယ့်နှစ်တွေနဲ့ ယှဉ်ရင် ငါ့မှာ သိသာတဲ့ ကွာဟချက် ရှိနေပုံပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အနက်ရောင်မျှော်စင်၏ သတ္တမအထပ်မှ နဝမအထပ်ထိကို အလွှာဆယ့်နှစ် ကြီးမြတ်သူများသာ ဖြတ်ကျော်နိုင်ရန် မျှော်လင့်ချက်ရှိသည်။

" အတွင်းကမ္ဘာ..." လင်းယွမ်၏ စိတ်အသိကိုယ်ပွားက အတွင်းကမ္ဘာထဲတွင် ပေါ်လာသည်။

နှစ်ကိုးဆယ်အတွင်း နိယာမများကို နားလည်မှု တိုးတက်ခြင်းနှင့်အတူ အတွင်းကမ္ဘာကလည်း တိုးတက်မှုများ ရှိခဲ့သည်။ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ဒုတိယအကြိမ် လက်ခံပြီးသောအခါ လင်းယွမ်က အလွှာဆယ့်တစ် တစ်ယောက် ကြီးမြတ်သူအဆင့်သို့ ကြိုးစားခြင်းနှင့် ညီမျှသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်အများစုက အတွင်းကမ္ဘာ၏ နက်ရှိုင်းသော နေရာတွင် ငုပ်လျှိုးနေဆဲ ဖြစ်သည်။

လင်းယွမ်က အလွှာဆယ့်နှစ်သို့ မတက်လှမ်းသေးဘဲ သူ၏ အသက်အနှစ်သာရကလည်း ခုန်ပျံကျော်လွှားခြင်းမရှိသေးပေ။ ထို့ကြောင့် သူက ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်အားလုံးကို စုပ်ယူနိုင်မည်မဟုတ်ပေ။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ အတွင်းကမ္ဘာထဲမှ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်များက တဖြည်းဖြည်း စုပ်ယူခံနေရသည်။ ထို့ကြောင့် လင်းယွမ်၏ အတွင်းကမ္ဘာက နှစ်ကိုးဆယ်အတွင်း မိုင် ၉၀၀ ဘီလီယံသို့ ရောက်သွားခဲ့သည်။

လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းခဲ့စဉ် အတွင်းကမ္ဘာက မိုင် ၆၀၀ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ နှစ်တစ်ရာအတွင်း ၎င်းက မိုင် ၉၀၀ ဘီလီယံကျော်သို့ ရောက်ရှိသွားခဲ့သည်။

" သီအိုရီအရ ငါသာ ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်တွေ အားလုံးကို စုပ်ယူနိုင်ခဲ့ရင် ငါ့ရဲ့အတွင်းကမ္ဘာက အလွှာဆယ့်နှစ်ကို ရောက်သွားမလားမသိဘူး။ ဒါဆို ငါ့ရဲ့ အတွင်းကမ္ဘာက ကိုယ်ပိုင်အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲသွားမလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။

သို့သော် ၎င်းက အချိန်အတော်ကြာပေလိမ့်မည်။ မိုင်ဘီလီယံမှ မိုင် အလင်းနှစ်သို့ ကွာဟချက်က အလွန်ကြီးမားလှသည်။ ထို့အပြင် အတွင်းကမ္ဘာ၏ အသက်အနှစ်သာရက ကန့်သတ်ထားသည်။ လင်းယွမ်က အလွှာဆယ့်နှစ်ကို မတက်လှမ်းလျှင် အမြင့်ဆုံးကန့်သတ်ချက်က ရှိနေနိုင်သည်။

" ရွှမ်ဟွမ်မူလခန္ဓာက အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး။ " လင်းယွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။

လွန်ခဲ့သော နှစ်ကိုးဆယ်အတွင်း လင်းယွမ်က အခြားအထွတ်အထိပ်မျိုးနွယ်များနှင့် လဲလှယ်မှုများကို ဆက်တိုက်ပြီးမြောက်ခဲ့သည်။ သူက ကြီးမြတ်သူအဆင့် လက်နက်ခြောက်ရာနှင့် ညီမျှသော အရင်းအမြစ်များကို ရရှိခဲ့သည်။ ယခု လင်းယွမ်က ရွှမ်ဟွမ်မူလခန္ဓာ၏ ပြည့်စုံခြင်းအဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။

ရွှမ်ဟွမ်မူလခန္ဓာက အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်သို့ ရောက်သည်နှင့် အလွှာဆယ့်နှစ်များ၏ ရုပ်ခန္ဓာနှင့် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

" ရွှမ်ဟွမ်မူလခန္ဓာရဲ့ အလွှာဆယ့်တစ် ပြည့်စုံခြင်းအဆင့်ကို ကျင့်ကြံဖို့ အထွတ်အထိပ်မျိုးနွယ်တွေရဲ့ အရင်းအမြစ်တွေကို လိုအပ်တယ်။ အလွှာဆယ့်နှစ် ပြည့်စုံခြင်းအဆင့်ထိ ငါ ဘယ်လိုကျင့်ကြံရမလဲ။ " လင်းယွမ်က အနည်းငယ် စိုးရိမ်သွားမိသည်။

အလွှာဆယ့်နှစ် ရွှမ်ဟွမ်မူလခန္ဓာက စကြာဝဠာ၏ အဆုံးသတ်ကပ်ဘေးကို လွယ်ကူစွာ ဖြတ်ကျော်နိုင်သည်ဟု ပြောကြသည်။ သို့သော် လင်းယွမ်၏ ရုပ်ခန္ဓာကန့်သတ်ချက်က အလွန်မြင့်မားသည်။

သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီး ရွှမ်ဟွမ်မူလခန္ဓာကို အလွှာဆယ့်နှစ်ထိ ကျင့်ကြံရန် အရင်းအမြစ် လိုအပ်ချက်က သာမန်အလွှာဆယ့်နှစ်များထက် အဆများစွာ ကျော်လွန်ပေလိမ့်မည်။

လင်းယွမ်က လွန်ခဲ့သော နှစ်ကိုးဆယ်မှ အကျိုးအမြတ်များကို ပြန်လည်သုံးသပ်နေခဲ့သည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား " လင်းယွမ်၏ စိတ်အသိက သူ၏ စိတ်ထဲသို့ နစ်မြှုပ်သွားပြီး ကြီးကျယ်ခမ်းနားသော ဂိတ်တံခါးကို ကြည့်လိုက်သည်။

" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် ၁၄၅၃...." လင်းယွမ်က အာရုံခံလိုက်သည်။

ထိုမျှကြီးမားသောပမာဏက စိတ်ကြိုက်ဆင်းသက်မှု ပြုလုပ်ရန် လုံးဝလုံလောက်ပေသည်။

" မဟာစစ်မြေပြင်ရဲ့စစ်ပွဲ ပြီးဆုံးသွားပြီ။ ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုအတွက် အချိန်ကျပြီ။ " လင်းယွမ်က ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုအတွက် အမျိုးအစားကို စဉ်းစားနေသည်။

သူ၏ လက်ရှိအဆင့်နှင့် ခွန်အားအရ ရွေးချယ်စရာမများတော့ပေ။ စိတ်ကြိုက်ဆင်းသက်မှုပြုလုပ်ရန် သို့မဟုတ် အင်မော်တယ်ကမ္ဘာသို့ ဆင်းသက်ရန်သာ ရှိသည်။

" စစ်ပွဲပြီးဆုံးသွားပြီ။ " ထိုက်ယန်မူလစိတ်ဝိညာဉ်က အောင်မြင်ခြင်းပလ္လင်၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသည်။

အထွတ်အထိပ်မျိုးနွယ်များ သတ်မှတ်ထားသော စည်းမျဉ်းများအရ ပလ္လင်ကို နှစ်တစ်ရာ သိမ်းပိုက်ပြီးလျှင် စစ်မြေပြင်ထိန်းချုပ်ခွင့်ကို ရရှိမည်ဖြစ်သည်။ အမှန်တွင် လွန်ခဲ့သော နှစ်ကိုးဆယ်မှ အထွတ်အထိပ်မျိုးနွယ်များ ဆုတ်ခွာသွားချိန်တွသ် လူသားမျိုးနွယ်မဟာမိတ်က စစ်ပွဲအနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။

" စစ်ပွဲပြီးဆုံးသွားပြီ။ "

" ကျွတ် ဒီစစ်ပွဲက လွယ်လွန်းတယ်။ "

" ဟုတ်တယ်။ နဂါးငွေ့တန်းကြယ်သခင်သာ မရှိရင် ငါတို့ လူသားမျိုးနွယ်က အခု အောင်ပွဲအကြောင်း ပြောနိုင်ဦးမှာမဟုတ်ဘူး။ ငါတို့က အဲ့ဒီအထွတ်အထိပ်မျိုးနွယ်တွေနဲ့ တိုက်ခိုက်နေရဦးမှာပဲ။ "

လူသားမျိုးနွယ်မဟာမိတ်မှ ဆင့်ကဲပြောင်းလဲသူများက စစ်မြေပြင်မှ ဆုတ်ခွာသွားကြပြီး ပေါ့ပေါ့ပါးပါး စကားများ ပြောဆိုနေခဲ့ကြသည်။ သူတို့ ဤတစ်ကြိမ် စစ်မြေပြင်သို့ လာရသည်မှာ အလွန်ပင်သက်သောင့်သက်သာရှိလှသည်။

နဂါးငွေ့တန်းကြယ်သခင်တစ်ယောက်တည်းက အထွတ်အထိပ်မျိုးနွယ်မှ အလွှာဆယ့်တစ် အင်အားကြီးသူများကို ချေမှုန်းခဲ့သောကြောင့် ရရှိသော ကောင်းမှုအမှတ်က ထင်သလောက်မများပေ။ သို့သော် သူတို့က ဘာမှသိပ်လုပ်စရာမလိုဘဲ အန္တရာယ်ကင်းခဲ့သည်။ ထို့အပြင် သူတို့က အလွှာဆယ့်တစ် အင်အားကြီးသူများကို တိုက်ခိုက်ခြင်းမရှိခဲ့သော်လည်း အောင်ပွဲကြောင့် ကောင်းမှုအမှတ်များ ရရှိပေလိမ့်မည်။

စစ်ပွဲကလည်း နှစ်တစ်ရာသာ ကြာမြင့်ခဲ့သည်။ နဂါးငွေ့တန်းကြယ်သခင်သာမရှိလျှင် လူသားမျိုးနွယ်က စစ်ပွဲကို အောင်နိုင်ရန် နှစ်ပေါင်းထောင်ချီမှ သောင်းချီ ကြာမြင့်ပေလိမ့်မည်။

" စစ်ပွဲတိုင်းက ဒီလောက်သက်သောင့်သက်သာ ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ "

" တကယ် ဘာမှမလုပ်ဘဲ ကောင်းမှုအမှတ်တွေရတယ်။ "

" ဟားဟား ငါဆုံးဖြတ်လိုက်ပြီ။ နဂါးငွေ့တန်းကြယ်သခင်သာ စစ်ပွဲကို ဦးဆောင်နေသရွေ့ ငါ သေချာပေါက် ပါဝင်မယ်။ "

အလွှာဆယ်တစ် ဆင့်ကဲပြောင်းလဲသူများက မဟာစစ်မြေပြင်မှ ဆုတ်ခွာပြီးနောက် လူသားမျိုးနွယ်မှ ကြီးမြတ်သူများ၏ ဦးဆောင်မှုဖြင့် လူသားမျိုးနွယ်၏ နယ်မြေသို့ ပြန်သွားခဲ့ကြသည်။

မဟာစစ်မြေပြင်၏ တည်နေရာက မည်သည့်မျိုးနွယ်၏ နယ်မြေအတွင်းမှ မဟုတ်ဘဲ စွန့်ပစ်ထားသော ကြယ်နယ်မြေတွင် ဖြစ်သည်။ စကြာဝဠာထဲရှိ ထိုသို့သော ကြယ်နယ်မြေများက ပျက်စီးနေပြီး သိမ်းပိုက်ရန် တန်ဖိုးမရှိကြပေ။ အားနည်းသော မျိုးနွယ်များပင် ၎င်းကို ဂရုမစိုက်ကြပေ။

All Chapters