အခန်း (၃၈၁)
Vol. 28 Ch. 381
“ထိုက်ဆွေ့နက်ကို များသောအားဖြင့် မကောင်းနိမိတ်လက္ခဏာရှိတဲ့ နေရာတွေမှာ တွေ့ရတတ်တယ်။ သွေးထိုက်ဆွေ့ကတော့ အင်အားအကြီးဆုံးတည်ရှိမှုရဲ့ သွေးကို လိုအပ်တာကြောင့် တောရိုင်းနယ်မြေတွေမှာ တွေ့ရခဲတယ်”
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
“အဲဒီလိုကိုး”
ထိုစဉ် မျက်မမြင်လူကြီးမှ ဆက်ပြောသည်။
“ဒီထိုက်ဆွေ့က အရမ်းအရေးပါပြီး တန်ဖိုးကြီးတဲ့ပစ္စည်းပဲ။ ကောင်လေး မင်း ဒီလိုအားနည်းတဲ့ မြေထိုက်ဆွေ့ကို ရှာတွေ့တယ်ဆိုတာ ကောင်းကင်ဘုံရဲ့ဗျာဒိတ်တော်ကနေ ကောင်းချီးပေးတာပဲ။ ဒါက တကယ့်ကို မင်းရဲ့ကံကြမ္မာပဲ”
“တခြားသူတွေ ဒီအကြောင်းကို မသိစေနဲ့။ တော်ဝင်တရားရုံးတော်ဘက်က ဒီအကြောင်းကို သိသွားခဲ့ရင် ကျန်းနန််ရဲ့ မင်းသားရူနန်ကိုယ်တိုင်ရောက်လာပြီး မေးမြန်းစုံစမ်းမှာ စိုးရတယ်”
“အဲဒီအခါကျ မင်းကိုယ်တိုင်အတွက် ဝေစုရနိုင်တော့မှာ မဟုတ်ဘူး”
ထိုအခါ ချန်ကျဲ့သည် မျက်မမြင်လူကြီးကို ကြည့်ပြီး ပြောသည်။
“ကျွန််တော်နားလည်ပါပြီ”
ချန်ကျဲ့သည် အမှန်တကယ် နားလည်ခြင်းဖြစ်ပါ၏။ ထိုက်ဆွေ့သည် အမှန်တကယ်ပင် အရေးပါသည့်အဖိုးတန်ပစ္စည်းဖြစ်သည်။ ၎င််းသည် သိုင်းပညာရှင်များ၏ စွမ်းရည်ကို တိုးမြှင့်ပေးသည့် အရည်အသွေးမြင့်ဖြည့်စွက်ပစ္စည်းအဖြစ် လုပ်ဆောင်နိုင်သောကြောင့် အထူးသဖြင့် သိုင်းပညာရှင်များအတွက် အရေးပါသည်။
ကျင့်ကြံရေးလောကတွင် အသုံးပြုခြင်းအဖြစ် စိတ်ကူးကြည့်ပါက ထိုက်ဆွေ့အသားမှ ဖော်စပ်ထားသော ဆေးလုံးသည် ကျင့်ကြံသူ၏စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဝိဉာဉ်ကျောက်တုံးနှင့် တူညီလိမ့်မည်။
တစ်ဖက်ရှိ အသက်ရှိနေသော ထိုက်ဆွေ့မှာမူ ဂိုဏ်းငယ်တစ်ဂိုဏ်း အာဟာရပြုရန် လုံလောက်သည့် သေးငယ်သော ဝိဉာဉ်သွေးကြောတစ်ခုကဲ့သို့ဖြစ်လိမ့်မည်။
ဤသို့ရတနာတစ်ပါးနှင့် ပက်ပင်းကြုံတွေ့ခဲ့ရသည်ဖြစ်ရာ ချန်ကျဲ့သည် အမှန်တကယ်ပင် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသည်ဟု သတ်မှတ်နိုင်ပေသည်။
သေချာပေါက်ပင် သူဒီနေ့ ထိုက်ဆွေ့၏ စားသောက်ခြင်းခံလိုက်ရပါကလည်း ကံဆိုးသည့်အဖြစ်အပျက်တစ်ခုသာ ဖြစ်လိမ့်မည်။ အဆုံးတွင်မူ အောင်နိုင်သူသည် ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရခြင်းဖြစ်ပြီး ရှုံးနိမ့်သူသည် ကံဆိုးခြင်းဟု သတ်မှတ်ခံရစမြဲပင် မဟုတ်ပါလော။
ထို့ပြင် မျက်မမြင်လူကြီးသည် ချန်ကျဲ့ကို မြေထိုက်ဆွေ့နှင့် ဆုံတွေ့ခဲ့ခြင်းမှာ ကံကောင်းခြင်းဖြစ်သည်ဟူသည့် အလွန်အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုကို ပြောပြပေးခဲ့သည်။
မြေထိုက်ဆွေ့၏ ထူးခြားသည့် သွင်ပြင်လက္ခဏာမှာ မြေထိုက်ဆွေ့များသည် မလှုပ်ရှားဘဲ တစ်နေရာတည်းတွင် ကြီးပြင်းလာကြပြီး ထိုတစ်နေရာတွင်သာ တစ်သက်လုံး နေထိုင်သွားကြသည်။ ထို့ကြောင့် ၎င်းတို့ကို သက်ရှိဝိဉာဉ်သွေးကြောဟုလည်း ခေါ်ကြသည်။
အခြားထိုက်ဆွေ့အမျိုးအစားများသည် လှုပ်ရှားနိုင်ကြ၏။ ဥပမာဆိုရသော် ရေထိုက်ဆွေ့တစ်ကောင်ကို ဒီနေ့ ဒီနေရာတွင် တွေ့ရှိခဲ့သည့်တိုင် နောက်တစ်နေ့တွင်တော့ ခြေရာလက်ရာမကျန်အောင် ပျောက်သွားနိုင်ခြင်း ဖြစ်သည်။
မြေထိုက်ဆွေ့များသာလျှင် ပင်ပင်ပန်းပန်းဖြင့် တစ်နေရာတည်းတွင် စောင့်ဆိုင်းကြပြီး အာဟာရစုပ်ယူရန် သတ္တဝါများကို ထောင်ချောက်ဆင်ကြသည်။ ထို့နောက် သူတို့နှင့် ရေစက်ပါသူရောက်လာပြီး သူတို့၏ခန္ဓာကိုယ်အား အသုံးပြုမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
ထို့ပြင် သာ့ချန်အနေဖြင့် အလယ်ပိုင်းလွင်ပြင်ဒေသ၏ ဟန့်လူမျိုးများကို အခိုင်အမာ ဖိနှိပ်ထားနိုင်ခြင်းသည် မြောက်များစွာသော ထိုက်ဆွေ့ဝိဉာဉ်သွေးကြောကြီးများကို ပိုင်ဆိိုင်ထားခြင်းကြောင့်ဖြစ်ကြောင်းကိုလည်း မျက်မမြင်လူကြီးထံမှ ချန်ကျဲ့သိခဲ့ရသည်။
၎င်းထိုက်ဆွေ့များကို ကျွေးမွေးပျိုးထောင်ရန်အတွက် မုလန််လူမျိုးများသည် ဟန့်လူမျိုးကျွန်များကို မကြာခဏ ဖမ်းဆီး၍ ထိုက်ဆွေ့ထံ ဆက်သခြင်းဖြင့် ဝိဉာဉ်သွေးကြောအတွက် စတေးပစ်ကြသည်။
မျက်မမြင်လူကြီး၏ များပြားလှသည့် ရှင်းပြပြောဆိုချက်များကို နားထောင်ပြီးနောက်၌ ချန်ကျဲ့သည် မြေထိုက်ဆွေ့၏ ထူးခြားချက်ကို ဖမ်းဆုပ်နိုင်လိုက်သည်။ မြေထိုက်ဆွေ့တစ်ကောင်ကို ပိုင်ဆိုင်ခြင်းသည် တော်လှန်ရေးကာလတွင် လက်နက်စက်ရုံငယ်တစ်လုံး ပိုင်ဆိုင်ရခြင်းကဲ့သို့၊ ကျင့်ကြံရေးလောကတွင် ဝိဉာဉ်သွေးကြောငယ်တစ်ခု ပိုင်ဆိုင်ရခြင်းကဲ့သို့ ဖြစ်ပေလိမ့်မည်။
ထိုက်ဆွေ့သည် ပုံမှန်အားဖြင့် မြေကြီးထဲတွင် ပုန်းအောင်းနေတတ်ပြီး ဤမျှအများကြီး စားသောက်လေ့မရှိဟုလည်း မျက်မမြင်လူကြီးမှ ပြောပြသည်။
ချန်ကျဲ့သည် ဤနေရာသို့ အကြောင်းတိုက်ဆိုင်စွာ ရောက်ရှိလာခဲ့ပြီး ဝံပုလွေများနှင့် တိုက်ခိုက်စဉ်တွင် သွေးများ မြေကြီးထဲ စိမ့်ဝင်သွားခဲ့သည််။ မြေထိုက်ဆွေ့သည် သွေးအမြောက်အများကို စုပ်ယူလိုက်ရသည်တွင် စတေးခံယဇ်ကောင်အဖြစ် မှားယွင်းမှတ်ယူကာ ယဇ်ကောင်ကို ပျော်ပျော်ကြီးစားသုံးရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ချန်ကျဲ့လည်း တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ဘုန်း!
ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး မြေထိုက်ဆွေ့၏ အရိုးကြီးငါးချောင်း ပြုတ်ကျသွားလေရာ အချင်းဝက် ၅၀မီတာခန့်အထိ ဖုန်မှုန့်လှိုင်းများ ဖုံးလွှမ်းသွားခဲ့သည်။
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဒီအရာကြီးကို တကယ်ကြီး လူသားရဲ့အင်အားနဲ့ အနိုင်ယူနိုင်တယ်လား”
မျက်မမြင်လူကြီးမှ ပြန်ပြောသည်။
“ထိပ်တိုက်ရင်ဆိုင်ရင်တော့ သေချာပေါက် မနိုင်,နိုင်ဘူးပေါ့။ ဒါပေမဲ့ ဝံပုလွေအငွေ့အသက်အဆင့်ကို ရောက်ရင်တော့ ဘေးဘက်နားကနေ တူးကြည့်လို့ရတယ်။ သူ့ရဲ့ဘေးဘက်က စက်ကွင်းတွေက အရမ်းမသန်မာဘူး”
ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်တကယ်ပင် အလွန်ကြီးမားသည့် ကောင်းချီးလက်ဆောင်ကြီးဖြစ်ပါ၏။
သို့သော် မျက်မမြင်လူကြီးမှ မှတ်ချက်ပြု၏။ ဤမြေထိုက်ဆွေ့သည် ထိုမျှမကြီးမားဘဲ နှစ်တစ်ထောင်အောက်သက်တမ်းသာ ရှိသည်ဟူ၏။ တော်ဝင်ရုံးတော်မှ ပိုင်ဆိုင်ထားရှိသည့် အကြီးမားဆုံးထိုက်ဆွေ့သည် ခန့်မှန်းခြေ နှစ်တစ်သောင်းကျော်သက်တမ်းရှိသည်။
သူ၏ခန္ဓာကိုယ်သည် တောင်ကြီးတစ်လုံးစာမျှ ကြီးမားပြီး သာ့ချန်ပြည်ကြီး၏ စစ်သည်သိန်းချီကို ထောက်ပံ့နိုင်သည်အထိ ကြီးမားသည့်သတ္တဝါကြီး ဖြစ်သည်။
သိုင်းလောကအတွင်းရှိ အချို့သော ထိုက်ဆွေ့ဆေးလုံးများသည် ၎င်းထိုက်ဆွေ့ထံမှ ရရှိလာခြင်းဟူသည့် ကောလာဟလများပင် ရှိပေသည်။
ထို့ပြင် ၎င်းထိုက်ဆွေ့ကြီးကို ထိန်းသိမ်းရန်အတွက် အနည်းဆုံး တစ်နှစ်လျှင် ဟန့်လူမျိုးနှစ်သောင်းခန့် စတေးခံရသည်…
ထိုအခါ ချန်ကျဲ့မှ မျက်မမြင်လူကြီးကို ပြောသည်။
“လူကြီးမင်း၊ နှစ်စဉ်နှစ်တိုင်း ဟန့်လူမျိုးတွေအများကြီး စတေးခံနေရတာ သူတို့ပြန်ပြီး မခုခံကြဘူးလား”
မျက်မမြင်လူကြီးမှ ပြန်ဖြေသည်။
“ခုခံတယ်? အဲဒါကြောင့်ပဲ မိန်ဂိုဏ်းက ပုန်ကန်တာပေါ့”
ချန်ကျဲ့ တိတ််ဆိတ်သွားခဲ့သည်။ သူသည် လောကကြီးကို အပြည့်အဝ မမြင်နိုင်သေးသည့် မျက်လုံးဖိမှိတ်ထားသူတစ်ဦး ဖြစ်နေဆဲပင်။ သူ၏ သဘောပေါက်နားလည်မှုများသည် မျန့်ရွှေစီရင်စုအတွင်း ကန့်သတ်ထား၏။ သူသည် အပြင်လောကကြီးနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးပါချေ။
မျက်မမြင်လူကြီးမှ ပြောသည်။
“ကျိုစစ် လောကကြီးက မင်းစိတ််ကူးထားသလို မငြိမ်းချမ်းဘူး။ မင်းတို့မျန့်ရွှေစီရင်စုက သာ့ချန်ရဲ့ထိန်းချုပ်မှုလျော့ရဲတဲ့ တောင်ပိုင်းမှာ ရှိတာ။ အဲဒါကြောင့် ဒီနေရာက အုပ်ချုပ်မှုပုံစံက မြောက်ပိုင်းနဲ့ ကွာခြားတယ်”
“မြောက်ပိုင်းနယ်မြေတွေက သာ့ချန်ပိုင်နက်ရဲ့ အဓိကနယ်မြေတွေပဲ။ သူတို့တွေက မြက်ခင်းလွင်ပြင်ဒေသတွေကနေ ရောက်လာပြီး စုန့်ပြည်ထောင်ကို သိမ်းပိုက်လို့ ပိုင်နက်နယ်မြေကို အရယူခဲ့တယ်။ ပြီးတော့ သူတို့ကိုခုခံတဲ့ ဟန့်လူမျိုးတွေကို သတ်ဖြတ်ပစ်ခဲ့တယ်။ မြောက်ပိုင်းက ဟန့်လူမျိုးတွေမှာ ၁၀ယောက်မှာ ၇ယောက်၊၈ယောက်လောက်က မုလန်လူမျိုးတွေရဲ့ ကျွန်ပြုခြင်းခံကြရတယ်။ သူတို့ရဲ့ သေခြင်းရှင်ခြင်းဟာ မုလန်လူမျိုးတွေရဲ့ ကြာပွတ်ထိပ်ဖျားမှာ မူတည်နေတယ်”
“ရိုင်းစိုင်းကြမ်းကြုတ်တဲ့ မုလန်လူမျိုးတွေက ဇနီးမယားနဲ့ သမီးမိန်းကလေးတွေကို အကြမ်းဖက်ရတာ၊ လူတွေကို သူတို့ပိုင်ဆိုင်တဲ့ တိရစ္ဆာန်လို ဆက်ဆံရတာကို နှစ်ခြိုက်ခုံမင်ကြတယ်။ အမျိုးသားတွေက မြင်းစောင်းတွေမှာ နေ့တိုင်း ချည်နှောင်ခံရလေ့ရှိပြီးတော့ အမျိုးသမီးတွေကတော့ လူထုစုဝေးပွဲတွေကို တက်ဖို့ ဖိအားပေးခံကြရတယ်။ ဇနီးမယားတွေနဲ့ သမီးမိန်းကလေးတွေ တဲအိမ်ထဲမှာ ဒုက္ခခံစားရပြီး ငိုကြွေးနေရချိန်မှာ အမျိုးသားတွေက ဝင်ပေါက်မှာ ခွေးလိုကြိုးချည်ခံထားရပြီး သူတို့ရဲ့ဇနီးနဲ့သမီးတွေ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ အသံတွေကို နားထောင်ဖို့ ဖိအားပေးခံရတယ်”
“ကျိုစစ် ငါအဲဒီအရာတွေကို ငါ့ရဲ့မျက်လုံးတွေနဲ့ မျက်မြင်တွေ့ခဲ့ရတာ”
“ပြီးတော့ မြောက်ပိုင်းဒေသက ဟန့်လူမျိုးတွေက နှစ်စဉ်နှစ်တိုင်း ကျပန်းရွေးချယ်ခံရတယ်။ ရွေးချယ်ခံရသူတွေကို တော်ဝင်ရုံးတော်က အကွက်ဆင်စွဲချက်တင်ပြီး ဖမ်းဆီးသွားလိမ့်မယ်။ အဲဒီနောက်တော့ ထိုက်ဆွေ့တွင်းတွေမှာ အလုပ်လုပ်ခိုင်းလိမ့်မယ်။ အများစုက အရမ်းကိုမှ ရက်ရက်စက်စက်နဲ့ လူသားယဇ်ကောင်အဖြစ် ထိုက်ဆွေ့ကို အကျွေးခံလိုက်ကြရတယ်။ အကျွေးခံရတဲ့ယဇ်ကောင်တွေမှာ အသက်၆နှစ်၊၇နှစ်အရွယ် ကလေးတွေလည်း ပါတယ်။ ငါ အဲဒီမြင်ကွင်းကို တစ်ကြိမ်မြင်ဖူးတယ်။ အဲဒါက ငါ့တစ်သက်လုံး ဘယ်တော့မှ မမေ့နိုင်မယ့်မြင်ကွင်းပဲ”
“တောင်ပိုင်းဒေသက ဟန့်လူမျိုးတွေ အထူးသဖြင့် ဝူတန်တောင်နောက်ခံရှိပြီး လူကြီးမင်းကျန််းရှိနေတဲ့ ဟူပေလမ်းမကြီးက ဟန့်လူမျိုးတွေအပေါ်ကိုတော့ မုလန််လူမျိုးတွေက အပြုအမူထိန်းသိမ်းကြတယ်။ အဲဒါကြောင့် ပိုပြီး လျော့ပေါ့သက်သာတဲ့ ဥပဒေစည်းမျဉ်းတွေကို အသုံးပြုကြတယ်။ တောင်ပိုင်းဒေသက ဘဝတွေက အခွန်အခမြင့်မားတာကြောင့် ခက်ခဲပင်ပန်းကြပေမဲ့ မြောက်ပိုင်းဒေသရဲ့ ခက်ခဲပင်ပန်းမှုကိုတော့ မယှဉ်နိုင်ဘူး”
“မြောက်ပိုင်းဟန့်လူမျိုးတွေနဲ့ ယှဉ်လိုက်ရင် တောင်ပိုင်းဟန့်လူမျိုးတွေက နတ််ပြည်နတ်ဘုံမှာ နေနေသလိုပဲလို့ သတ်မှတ်လို့ရတယ်”
ထိုသို့ပြောပြီးနောက် မျက်မမြင်လူကြီးသည် ခဏမျှရပ်တန့်သွား၏။ ထို့နောက် ဆက်ပြောသည်။
“အဲဒါက ငါ့ကိုယ်ငါ မျက်မမြင်ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းလည်းဖြစ်တယ်။ အဲဒါတွေကြောင့်ပဲ ငါက ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက််ကို သိမြင်နိုင်ဖို့ လိုက်စားခဲ့ရင်း ကိုယ့်ကိုယ်ကိုယ် မျက်မမြင်ဖြစ်စေခဲ့တာပဲ”