အခန်း (၃၈၂)
Vol. 28 Ch. 382
“မြောက်ပိုင်းဟန့်လူမျိုးတွေက တကယ့်ကို မျှော်လင့်ချက်မဲ့နေကြပြီ။ နောက်နှစ်နည်းနည်းကြာရင် သာ့ချန်က မြောက်ပိုင်းက အခွန်အခတွေက မလုံလောက်ဘူးဆိုတာကို သတိထားမိလာပြီး တောင်ပိုင်းဟန့်လူမျိုးတွေကို တဖြည်းဖြည်းချင်း စပြီး ဖိအားပေးလာလိမ့်မယ်။ အဲဒီအချိန်ကျရင် တောင်ပိုင်းဟန့်လူမျိုးတွေလည်း မြောက်ပိုင်းဟန့်လူမျိုးတွေလိုပဲ ဆက်ဆံခံလာရလိမ့်မယ်”
“ကျိုစစ် မင်းအဲဒါကိုတွေးကြည့်စမ်းပါ၊ မင်းက မြေပိုင်ရှင်လေးတစ်ယောက်ဖြစ်ပြီး လယ်ယာမြေဧကတစ်ရာလောက်ရယ်၊ ချစ်ရတဲ့ဇနီးရယ်၊ ကိုယ်လုပ်တော်တွေရယ်၊ သားသမီးတွေရယ်နဲ့ ကောင်းမွန်တဲ့ဘဝလေးမှာ နေထိုင်နေတယ်လို့ တွေးကြည့်လိုက်။ ဒါပေမဲ့ တစ်နေ့ကျတော့ အစိုးရတော်ဝင်ရုံးတော်က လယ်ယာမြေအားလုံးကို သာ့ချန်သာလျှင် ပိုင်ဆိုင်ရမယ်လို့ ကြေညာလိုက်မယ်၊ နောက်တော့ မုလန်လူမျိုးတွေက မြင်းကိုယ်စီ စီးပြီး သူတို့အပိုင်နယ်မြေအဖြစ် အမှတ်အသားလာပြုကြမယ်”
“အဲဒီအခါ မင်းရဲ့လယ်ဧကရာချီဟာ သူများရဲ့သိမ်းယူခံလိုက်ရပြီ၊ မင်းတို့မိသားစုနေအိမ်ကလည်း အဓမ္မလုယူခံလိုက်ရပြီ။ မင်းရဲ့စည်းစိမ်ဥစ္စာတွေကို ပေးလိုက်တာက အသက်ချမ်းသာရာရနိုင်မယ့်နည်းလမ်းလို့ မင်းတွေးလိမ့်မယ်”
“ဒါပေမဲ့ မုလန််လူမျိုးတွေက မင်းကို ခွေးချည်သလို သံကြိုးနဲ့ တုပ်နှောင်လိမ့်မယ်။ မင်းဘက်က ခုခံရင် အပြင်းအထန် ရိုက်နှက်တာတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံရမယ်။ ခွေးလိုအလုပ်လုပ်ဖို့ ဖိအားပေးခံရမယ်။ သူတို့စိတ်ထဲက အသေးငယ်ဆုံးသော မကျေနပ်မှုလေးအတွက်တောင်မှ မင်းက အလွယ်တကူ ရိုက်နှက်ခံရပြီး အသတ်ခံရလိမ့်မယ်”
“ပြီးတော့ အာဏာရှိတဲ့ မုလန်လူမျိုးတစ်ယောက်က မင်းရဲ့ဇနီးကို သဘောကျသွားခဲ့မယ်။ အဲဒီလူက သူမရဲ့အဝတ်တွေကို စုတ်ဖြဲပြီး မြေပေါ်မှာ အတင်းအကြပ်ဖိချုပ်မယ်။ မင်းရဲ့ဇနီးက မင်းကို လှမ်းကြည့်ရင်း နှလုံးတွေအဆုတ်တွေ ကွဲထွက်လုမတတ် အော်ဟစ်နေမယ်”
“သူမရဲ့ အာခေါင်ခြစ်အော်သံမှာ မင်းဒေါသပေါက်ကွဲပြီး သူမကို ကယ်တင်ဖို့အတွက် ရုန်းကန်မယ်”
“ဒါပေမဲ့ မမျှော်လင့်စွာပဲ မုလန်လူမျိုးအစောင့်လေးယောက် ရောက်လာပြီး မင်းကို ဘေးကိုကန်ထုတ်၊ မြေပြင်မှာ ဖိနှိပ်ဖမ်းချုပ်ပြီး သူတို့ရဲ့မုလန်လူမျိုးသခင်က မင်းရဲ့ဇနီးကို စော်ကားတဲ့မြင်ကွင်းကို အတင်းအကြပ်ကြည့်ရှုစေမယ်။ မင်းတို့ရဲ့ အဲဒီမြင်ကွင်းက သူတို့စိတ်အားတက်ကြွဖို့၊ သူတို့အာသာပြေဖို့အတွက် ဖျော်ဖြေမှုတစ်ခုဖြစ်လိမ့်မယ်။ မင်း ကူကယ်ရာမဲ့ အော်ဟစ်ငိုကြွေးနေတဲ့မြင်ကွင်းကို သူတို့ကတော့ ပျော်ရွှင်မြူးထူးပြီး ရယ်မောနေကြလိမ့်မယ်။ နောက်တော့ သူတို့စိတ်မကျေနပ်သေးလို့ဆိုပြီး မင်းရဲ့ ငါးနှစ်အရွယ်သမီးလေးကိုပါ ထိပါးလာမယ်…”
“တော်လောက်ပြီ!”
ချန်ကျဲ့၏မျက်လုံးအစုံမှာ သွေးရောင်များ နီရဲနေခဲ့၏။ ချန်ကျဲ့သည် ကြမ်းတမ်းရမ်းကားစွာ တုံ့ပြန်သည့်အပြုအမူကို လုပ်မိလုနီးပါးပင်။ သူ ဆက်လက်၍ နားမထောင်နိုင်ပါတော့ချေ။
မျက်မမြင်လူကြီးမှ ပြောသည်။
“ငါအခုပြောတာထက်တောင်မှ ပိုပြီးလူမဆန်တဲ့ဖြစ်ရပ်တွေ ရှိသေးတယ်။ အဲဒါတွေအားလုံးကို ငါကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာ။ ဒါနဲ့ ငါခုနက ပြောခဲ့တဲ့အဖြစ်အပျက်က ငါ့သူငယ်ချင်းဆီမှာ ဖြစ်သွားခဲ့တာလေ။ သူ့နာမည်က ဟန်ရှန်းထုန်တဲ့”
“ဟန်ရှန်းထုန်!”
ချန်ကျဲ့ မျက်မမြင်လူကြီးကို ငေးစိုက်ကြည့်လိုက်သည်။ ထိုနာမည်ကို သူရင်းနှီးနေပါ၏။
“အင်း ဟုတ်တယ်၊ သူက သိုင်းလောကမှာ ထာဝရတည်မြဲဘုရင် ဟန်ရှန်းထုန်လို့ အမည်ကျော်ကြားတဲ့ မိန်ဂိုဏ်းရဲ့လက်ရှိဂိုဏ်းချုပ်ပဲ”
(မိန်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်က ကျန်းဝူကျိမဟုတ်သေးဘူးနော်။ အခုက အပြိုင်စကြာဝဠာဆိုတော့ အနည်းငယ်ကွဲလွဲမှုရှိနေတယ်
-Zeus)
“အဲဒီအဖြစ်အပျက်ကို သူခံစားခဲ့ရတာ။ အဲဒီမြေပိုင်ရှင်က သူ့အဖေလေ၊ စော်ကားခံခဲ့ရတာကတော့ သူ့အမေနဲ့ သူ့ညီမလေးတို့ပဲ။ သူကတော့ ကံကောင်းခဲ့တယ်။ မိန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်း ဖြတ်သွားတာနဲ့ တိုက်ဆိုင်ပြီး ကယ်တင်ခံခဲ့ရတယ်”
“အဲဒီအကြောင်းအရင်းကြောင့်ပဲ သူက မြောက်ပိုင်းဒေသမှာ သာ့ချန်ကို တော်လှန်ဖို့အတွက် ဆုံးဖြတ်ချက်ခိုင်မာနေခဲ့တာ”
ထိုအကြောင်းအရာကို နားထောင်ရသည်တွင် ချန်ကျဲ့ တိတ်ဆိတ်သွားခဲ့သည်။
မျက်မမြင်လူကြီးမှ ပြောသည်။
“မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်တွေက တောင်ပိုင်းမှာ မဖြစ်နိုင်ဘူးလို့ မတွေးလိုက်နဲ့။ သာ့ချန်အစိုးရမှာ သစ္စာမဲ့ပြီးဖောက်ပြန်တတ်တဲ့ အရာရှိတွေ ကြီးစိုးနေတာ။ သူတို့ရဲ့ အယူဝါဒက ‘ငါတို့နဲ့ လူမျိုးမတူသူတွေက နှလုံးသားလည်း မတူညီနိုင်ဘူး’ဆိုတဲ့ အယူဝါဒပဲ။ သူတို့က ဟန့်လူမျိုးတွေကို အမြစ်ဖြတ်သုတ်သင်ပြီး ခွေးလိုဝက်လိုဆက်ဆံဖို့ ဆုံးဖြတ်ထားကြတာ”
“ငါတို့ မတော်လှန်ဘူးဆိုရင် ငါတို့အားလုံး တိတ်တဆိတ််ပဲ ပျောက်ကွယ်သွားကြရလိမ့်မယ်”
“မင်းကတော့ မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေက တောင်ပိုင်းမှာ သေချာပေါက် ဖြစ်ချင်မှဖြစ်မှာပေါ့လို့ ပြောကောင်းပြောချင်လိမ့်မယ်။ မင်းရဲ့သိုင်းပညာအင်အားအရဆို မုလန်လူမျိုးတွေ မင်းကိုလာဖိနှိပ်တာကို ဒီတိုင်းငြိမ်ခံပြီး ခွင့်ပြုထားမှာမဟုတ်ဘူးလို့ ပြောကောင်းပြောချင်လိမ့်မယ်။ ဒါပေမဲ့ တခြားဟန့်လူမျိုးညီနောင်တွေ တိရစ္ဆာန်လိုဆက်ဆံခံနေရတာကို မြင်ရတဲ့အခါ မင်း တကယ်ပဲ လျစ်လျူရှုထားနိုင်မှာလား”
“ပြီးတော့ မင်း သိုင်းပညာတတ်သလို မုလန်လူမျိုးတွေမှာလည်း သိုင်းပညာရှင်တွေ အများကြီးရှိကြတာပဲ။ ပြိုကျပြီးသွားတဲ့ အသိုက်ထဲမှာ မကွဲတဲ့ဥ ကျန်နိုင်ပါ့မလား”
မျက်မမြင်လူကြီးမှ ချန်ကျဲ့ကို ပြောသည်။
ဤအခိုက်အတန့်၌ တောင််ပိုင်းဒေသသည် သာ့ချန််ကို တော်လှန်ပုန်ကန််လိုစိတ် အားနည်းကြောင်း ချန်ကျဲ့ နားလည်သွားရသည်။ ထိုသို့အားနည်းရသည့် အဓိကအကြောင်းအရင်းမှာ သာ့ချန်သည် တောင်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးဝါဒကို အကောင်အထည်ဖော််ကျင့်သုံးပြီး အဖွဲ့အစည်းများကို ဒေသပိုင်အာဏာများ လက်လွှဲပေးအပ်ထားသောကြောင့် ဖြစ်သည်။
ထိုနည်းဖြင့် ပြဿနာအများစုကို အဖွဲ့အစည်းများမှ ကိုင်တွယ်ဖြေရှင်းကြပြီး ဟန့်လူမျိုးအချင်းချင်းအတွင်းသာ ပဋိပက္ခများ ဖြစ်ပွားကြတော့သည်။
ကိစ္စများသည် ဤသို့သာ အမြဲဆက်သွားနေလျှင် ခံနိုင်ရည်ရှိလိမ့်ဦးမည်။ သို့သော် မုလန်လူမျိုးများအုပ်ချုပ်သည့် မြောက်ပိုင်းဒေသရှိ ဟန့်လူမျိုးများ၏ အခြေအနေသည်တော့ အဖွဲ့အစည်းများမှ ကြားခံအုပ်ချုပ်သည့် တောင်ပိုင်းနှင့် မတူညီဘဲ အခြေအနေဆိုးရွားလွန်းလှပေသည်။
ရလဒ်အနေဖြင့် မြောက်ပိုင်းဟန့်လူမျိုးများ၏ ၇၀ရာခိုင်နှုန်းသည် မုလန်လူမျိုးများ၏ ကျွန်များ ဖြစ်ကုန်ကြရသည်။
ကျွန်များတွင် အခွင့်အရေးဟူသည် မရှိပေ။ မုလန်လူမျိုးများမှ သင်၏ဇနီးကို ညှဉ်းပန်းနှိပ်စက်ပါကလည်း အားပေးနိုင်ရမည်။ သူတို့ သင့်ကို သဘောမတွေ့ပါက သင့်ကို သတ်ပစ်ခြင်းဖြင့် ဖြေရှင်းပစ်လိမ့်မည်။
ထို့ပြင် မြောက်ပိုင်းဟန့်လူမျိုးများတွင် ထွက်ပြေးခွင့်လည်း မရှိကြပေ။
ထွက်ပြေးရာမှ ဖမ်းမိခံရသူများသည် မြင်းနောက်တွင် ချည်နှောင်ခံရပြီး သေသည်အထိ တရွတ်တိုက်ဆွဲခြင်း ခံရလိမ့်မည်။ ထိုသို့တရွတ်တိုက်ဆွဲခံရပြီး သေဆုံသွားသူများသည် အသားစများ စုတ်ပြတ်ပဲ့ထွက်ကာ နောက်ဆုံးတွင် အရိုးဖြူမှအပ ဘာမျှမကျန်ရှိတော့ဘဲ ကိုယ်တွင်းကလီစာများ ထွက်ကျပြီး အလွန်တရာ ဆိုးဆိုးရွားရွားသေဆုံးကြရသည်ဟု ပြောစမှတ်ရှိ၏။
ထိုဥပဒေများသည် ဝန််ကြီးချုပ်ပေါ်ယန် အာဏာရပြီးနောက်တွင် အသက်ဝင်လာခြင်းဖြစ်သည်။
မုလန််လူမျိုး အထက်တန်းအရာရှိများသည် ညီလာခံတွင် အဓိကမူဝါဒနှစ်ခုကို တင်သွင်းခဲ့သည်။ ပထမတစ်ခုမှာ ဟန့်လူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖျောက်ဖျက်ရန် ဖြစ်သည်။
ဤနှစ်များအတွင်း၌ ဟန့်လူမျိုးစာပေပညာရှင်များသည် တဖြည်းဖြည်းချင်း ပို၍ လွတ်လပ်လာကြကာ စတင်၍ မုလန်လူမျိုးများ၏ ကျွန်များ ဖြစ်လာကြသည်။ ထို့နောက် ဟန့်လူမျိုးစာမေးပွဲများတွင် ပါဝင်ဖြေဆိုကြပြီး နောက်ဆုံးတွင် အရာရှိများဖြစ်လာကြသည်။
ဥပမာဆိုရသော် မျန့်ရွှေစီရင်စု၏ ရာဇဝတ်တရားသူကြီးရာထူးသည် ဤနည်းလမ်းဖြင့် ရရှိခြင်းဖြစ်သည်။
သို့သော် ထိုမျှဖြင့် အလုပ်မဖြစ်ပေ။ ဝန်ကြီးချုပ်ပေါ်ယန်သည် ရုံးတော်ကို စတင်၍ တာဝန်ယူသည်နှင့်တစ်ပြိုင်နက် ဟန့်လူမျိုးများ အရာရှိဖြစ်လာနိုင်သည့် ထိုလမ်းကြောင်းကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ‘သာ့ချန်ရုံးတော်များသည် ဟန့်လူမျိုးများ ခြေချနိုင်သည့်နေရာမဟုတ်’ဟု ကြေညာခဲ့သည်။
၎င်းသဘောထားသည် ညီလာခံအတွင်းမှ မုလန်လူမျိုးအထက်တန်းအရာရှိများ၏ တစ်စိတ်တစ်ဝမ်းတည်း ထောက်ခံမှုကို ရရှိခဲ့သည်။
အဆုံးတွင်တော့ မည်သည့်အထက်တန်းမိသားစုကများ အသုံးမကျတဲ့ အလေအလွင့်မျိုးဆက် တချို့တလေ မရှိဘဲ ဖြစ်နိုင်ပါအံ့နည်း။ ဟန့်လူမျိုးအရာရှိများသည် သူတို့၏ အသုံးမကျသော မျိုးဆက်များကို ဘေးထွက်နေစေသည်။ သူတို့အနေဖြင့် ဟန့်လူမျိုးများအတွက် ဤလမ်းကြောင်းကို ပိတ်ဆို့နိုင်ပါက သူတို့၏ဘာမျှအသုံးမကျသော ဆွေမျိုးသားချင်းများသည် အာဏာရနိုင်ကြလိမ့်မည်။
ဒုတိယမူဝါဒသည် တောင်ပိုင်းဒေသကို မြောက်ပိုင်းဒေသကဲ့သို့ ပြုကျင့်ခြင်းဖြစ်သည်။
မုလန််လူမျိုးအထက်တန်းစား အများစုသည် မြောက်ပိုင်းဒေသကို အာရုံစိုက်ထားကြသည်။ မုလန်လူမျိုးအချို့ တောင်ပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြပြီးဖြစ်သည့်တိုင် အရအတွက် နည်းပါးသေးသည်။ သူတို့တွင် အထူးအခွင့်အရေးများရှိသော်ငြား နယ်မြေတစ်ခွင် စီးတော်မြင်းကို စီးနှင်၍ အဓမ္မသိမ်းပိုက်လုယက်ခြင်းကဲ့သို့ စိတ်အားတက်ကြွလောက်အောင်သော အရေးအခင်းမျိုးကို မပြုလုပ်ရသေးပေ။
မြောက်ပိုင်းမုလန်လူမျိုးများသည် ကာလကြာရှည်ငြိမ်းချမ်းမှုနှင့် မျိုးပွားခြင်းကို နှစ်ခြိုက်ကြခြင်းတို့ကြောင့် လူဦးရေတိုးပွားလာပြီး နယ်မြေနှင့်ကျွန်ရှားပါးခြင်းများကို ရင်ဆိုင်လာကြရသည်။
၎င်းကို မည်သို့ဖြေရှင်းရမည်နည်း။ တောင်ပိုင်းဒေသသည်လည်း တိုးတက်မှုမရှိသေးပေ။
တောင်ပိုင်းဒေသကို စီးနင်းတိုက်ခိုက်ခြင်းဖြင့် နယ်မြေ၊ ကျွန်နှင့် အမျိုးသမီးများကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။
တော်လှန်ပုန်ကန်ရန် လှုံ့ဆော်ခြင်းကို ကြောက်ရွံ့နေရန် လိုအပ်ပါ၏လော။
ဘာကိုမျှ ကြောက်ရွံ့နေရန် မလိုအပ်ပေ။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာကတိုင် ဟန့်လူမျိုးများသည် အမြီးကုပ်နာခံရန်၊ ဒူးထောက်ခစား၍ တောင်းပန်တိုးလျှိုးရန် ရိုက်နှက်ပုံသွင်းခံထားရပြီး ဖြစ်သည်။ ရာစုနှစ်တစ်ခုစာ ဖိနှိပ်ခံထားရပြီးသည့် ယခုအချိန်တွင်မှ တော်လှန်ဝံ့သူများသည် သေချာပေါက် အသတ်ခံရခြင်းမှတစ်ပါး တခြားမရှိနိုင်ပေ။
ထို့ပြင် ပုန်ကန်သူများသည် သူတို့၏နယ်မြေကို မထိပါးရုံနှင့် မပုန်ကန်ဘဲ နေကြပါမည်လော။
မိန်ဂိုဏ်းသည် တစ်လျှောက်လုံး အင်အားကြီးမားလာနေသည်။ ထို’ဟန့်လူမျိုးခွေးများ’ အင်အားစုပေါင်း၍ ပုန််ကန်မည့်အရေးမှာလည်း အနှေးနှင့်အမြန်ဖြစ်လာမည့်အရာ ဖြစ်သည်။ အဘယ်ကြောင့်များ အခွင့်အရေးကို အခုချက်ချင်း မဖမ်းဆုပ်ဘဲ ထားပါအံ့နည်း။ လက်ဦးမှုရယူတိုက်ခိုက်ပြီး ရန််သူကို နှိမ်နင်းခြင်းဖြင့် ဟန့်လူမျိုးခွေးများအား သာ့ချန်၏ အံ့မခန်းသော အင်အားကို မြင်တွေ့ရစေမည်။