← Chapters

အခန်း (၃၈၆)

Vol. 28 Ch. 386

အခန်း (၃၈၆)

Vol. 28 Ch. 386

“ဒါက~”

သမားတော်ပိုင်သည် မျက်လုံးပြူးကျယ်လျက် အံ့အားသင့်စွာဖြင့် ပြောသည်။

“ငါ နှစ်၆၀ကျော်ရှင်သန်ခဲ့တဲ့ကာလမှာ ဒီလောက်ကြီးတဲ့သွေးလင်ဇီးကို မြင်ဖူးတာ ဒါပထမဆုံးပဲ။ ဒါက ဒါက အနည်းဆုံး နှစ်၆၀၀သက်တမ်းရှိလိမ့်မယ်!”

ချန်ကျဲ့မှ ပြောသည်။

“ရှိပါလိမ့်မယ်။ ဘယ်လိုလဲ? ဆရာ အရင်တုန်းက စိတ်ဝိဉာဉ်ပြောင်းလဲဆေးဖော်ဖို့အတွက် သုံးခဲ့တဲ့ သွေးလင်ဇီးနဲ့ ယှဉ်လိုက်ရင် ဒီသွေးလင်ဇီးက အရည်အသွေးဘယ်လိုနေလဲ”

သမားတော်ပိုင်မှ ပြန်ပြောသည်။

“ငါတို့အဲဒီတုန်းက သုံးခဲ့တဲ့ပါဝင်ပစ္စည်းတွေက အခုလောက် မကောင်းဘူး။ တခြားဆေးပင်တွေကို ထားဦး၊ ဒီနှစ်‌၆၀၀သက်တမ်းသွေးလင်ဇီးတစ်ခုတည်းနဲ့တင် အဲဒီတုန်းက ငါတို့ဖော်စပ်ခဲ့တဲ့ဆေးလုံးထက် သေချာပေါက် ပိုပြီးအားကောင်းတယ်”

“ဒီသွေးလင်ဇီးက နှစ်ငါးရာသက်တမ်းပြည့်ပြီးသွားရင် နောက်ထပ်ဆယ်နှစ်သက်တမ်းတိုင်းက တိုးတက်မှုအဆင့်အသစ်ကို ကိုယ်စားပြုတယ်။ ဆေးအာနိသင်လည်း သိသိသာသာ တိုးတက်သွားတာမို့လို့ နှစ်ခြောက်ရာသက်တမ်းသွေးလင်ဇီးက နှစ်ငါးရာသက်တမ်းသွေးလင်ဇီးထက် အနည်းဆုံး နှစ်ဆ အာနိသင်ပိုကောင်းမွန်လိမ့်မယ်။ အဲဒါက အရည်အသွေးပိုင်းမှာလည်း နှစ်ဆပိုကောင်းမွန်သွားမှာ”

ထိုအခါ ချန်ကျဲ့မှ ရယ်မောလျက်် တုံ့ပြန်သည်။

“အဲဒါဆိုကောင်းတာပေါ့။ ဒါဆိုရင် ဆရာ၊ ကျွန်တော်တို့ အရင်တစ်ခေါက်ကထက် ပိုကောင်းတဲ့ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးတွေကို ဖော်စပ်ထုတ်လုပ်လိုက်ကြတော့မလား”

ထိုစကားတွင် သမားတော်ပိုင်၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့်အရိပ်အယောင်များ ထင်ဟပ်လာခဲ့ကာ အလျင်အမြန် ပြန်ပြောလာသည်။

“ကောင်းပြီ။ ဒါပေမဲ့ သွေးလင်ဇီးရဲ့အရည်အသွေးက မြင့်သွားတော့ ငါတို့ တခြားပါဝင်ပစ္စည်းတွေကိုလည်း နည်းနည်းညှိပေးဖို့ လိုလိမ့်မယ်”

ထိုသို့တွေးလျက် သမားတော်ပိုင်သည် ဆေးညွှန်းစာရွက်ကို ကောက်ယူ၍ စစ်ဆေးကြည့်ရှုသည်။ ထို့နောက် ပါဝင်ပစ္စည်းများ၏ ပမာဏကို စတင်ညှိနှိုင်းသည်။ ကျွမ်းကျင်သမားတော်တစ်ဦးသည် ဆေးလုံးများကို ပြင်ဆင်ရာတွင် ဆေးညွှန်းကိုသာ ကြည့်၍ လိုက်မလုပ်ပေ။ ရောဂါလက္ခဏာနှင့် အခြေအနေများ၏ ကွာခြားချက်များကို နားလည်ရန်လည်း လိုအပ်သည်။

သာမန်လူများ၏ မျက်လုံးတွင် မြင်တွေ့နေသည့် ဆေးညွှန်း၏ပါဝင်ပစ္စည်းများသည် ကျွမ်းကျင်သမားတော်၏ အမြင်တွင်မူ ယင်ယန်ညီမျှမှု တိုင်းတာခြင်းသကဲ့သို့ ဖြစ်သည်။

အနည်းငယ်မျှ ညှိနှိုင်းပြီးနောက်၌ သမားတော်ပ်ိုင်သည် အသုံးပြုမည့် ပမာဏများကို အတည်ပြုခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ချန်ကျဲ့သည် ပါဝင်ပစ္စည်းများကို အနည်းငယ်ပို၍ ဝယ်ယူထားခဲ့သည်။ ထို့ကြောင့် ပမာဏညှိနှိုင်းရာတွင် အဆင်ပြေသွားခဲ့သည်။

ပါဝင်ပစ္စည်းပမာဏညှိနှိုင်းပြီးနောက် သမားတော်ပိုင်မှ ပြောသည်။

“အင်း ဒီပမာဏအတိုင်း ဆေးဖော်ကြစို့”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဟုတ်ကဲ့ပါ ဆရာ”

သမားတော်ပိုင်သည် ခဏမျှ တန့်သွားပြီးနောက် ဆက်ပြော၏။

“ကျိုစစ် အဂ္ဂိရတ်ပညာရပ်မှာ စွန့်စားမှုဆိုတာ ရှိစမြဲပဲ။ အကယ်၍ အဂ္ဂိရတ်ဖိုပေါက်ကွဲသွားခဲ့ရင် ဒီခက်ခက်ခဲခဲစုဆောင်းထားရတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေအားလုံး အချည်းနှီးဖြစ်သွားရလိမ့်မယ်။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်း ဆေးလုံးဖော်စပ်တုန်းက ငါတို့အတွင်းခန်းမသမားတော်ကြီး၈ဦးရဲ့ အကူအညီနဲ့တောင်မှ အဂ္ဂိရတ်ဖိုပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး ဆေးဖက်ဝင်ပစ္စည်းအများကြီးကို အချည်းနှီးဖြစ်စေခဲ့တယ်။ အဲဒါက ငါးဖမ်းကုန်သည်အဖွဲ့ ဆယ်စုနှစ်တစ်ခုကျော်စာ စုဆောင်းထားခဲ့တဲ့ ပါဝင်ပစ္စည်းတွေဖြစ်ခဲ့တာ။ ဒီဖြစ်နိုင်ခြေကိုလည်း မင်းထည့်စဉ်းစားထားဖို့လိုမယ်”

ချန်ကျဲ့ ခဏမျှ တိတ်နေပြီးနောက် ပြန်ပြောသည်။

“အင်း ကျွန်တော် အဲဒီဖြစ်နိုင်ခြေကိုလည်း စဉ်းစားထားပြီးသားပါ ဆရာ။ အကယ်၍ ဒီဆေးပစ္စည်းတွေ အချည်းနှီးဖြစ်သွားခဲ့ရင်လည်း အချည်းနှီးဖြစ်သွားတယ်ပဲပေါ့။ ကျွန်တော် နည်းလမ်းရှာပြီး ပါဝင်ပစ္စည်းတွေ ထပ်ရှာလိုက်ပါ့မယ်။ ကျွန်တော့်အနေနဲ့ စမ်းလုပ်ကြည့်ဖို့တောင် မဝံ့ရဲဘူးဆိုရင်လည်း ဒီပါဝင်ပစ္စည်းတွေက အချည်းနှီးဖြစ်ရတာနဲ့ ဘာမှမခြားပါဘူး။ ကျွန်တော့်အတွက် တခြားဘာမှလည်း အသုံးမဝင်ဘူးလေ”

“ကောင်းပါပြီ”

သမားတော်ပိုင်မှ ပြောသည်။

“အဂ္ဂိရတ်ပညာရပ်ကို လေ့ကျင့်မယ့်သူတစ်ယောက်က ဒီလိုစိတ်ပိုင်းဖြတ်မှုမျိုးရှိသင့်တယ်။ မဟုတ်ရင် ဘာလို့များ စိတ်အနှောင့်အယှက်အဖြစ်ခံပြီး ဆေးလုံးဖော်စပ်နေဦးမှာလဲ”

သမားတော်ပိုင်၏စကားသည် မှန်ကန်ပါ၏။ အဂ္ဂိရတ်ပညာကို လေ့ကျင့်ခြင်းသည် ငွေကြေးဥစ္စာများကို မီးရှို့ပစ်နေခြင်းကဲ့သို့ ဖြစ်သည်။ အကုန်အကျမခံလိုပါက ဘာကိုမျှ ထုတ်လုပ်နိုင်လိမ့်မည် မဟုတ်လေရာ အဂ္ဂိရတ်ပညာကို မလေ့ကျင့်သင့်ပေ။

“ဟုန်အာ”

“အဘိုး”

ဝူဟုန်မှ ပြန်ထူးသောအခါ သမားတော်ပိုင်မှ ပြောသည်။

“တံခါးကို စောင့်ကြပ်နေချည်။ ငါတို့ထွက်မလာသေးသ၍ ဘယ်သူ့ကိုမှ အထဲဝင်ခွင့်မပြုနဲ့”

“ဟုတ်ကဲ့”

ဝူဟုန်သည် နာခံစွာဖြင့် အခန်းထဲမှ ထွက်သွားခဲ့သည်။

ယခုတွင် သမားတော်ပိုင်နှင့် ချန်ကျဲ့တို့နှစ်ဦးသာ ကျန်ရစ်တော့သည်။

ချန်ကျဲ့မှ ပြောသည်။

“ဆရာ ကျွန်တော်က အဂ္ဂိရတ်ပညာရပ်နဲ့ပတ်သက်ပြီး ဘာမှမသိသေးပါဘူး။ အဲဒါကြောင့် ဆရာက လုပ်ငန်းစဉ်တစ်ခုလုံးကို ဦးဆောင်ပေးပါ၊ ကျွန်တော် ဆရာ့ဆီကနေ သင်ယူပါ့မယ်”

သမားတော်ပိုင်မှ ပြောသည်။

“အင်း ဖိုကို စသုံးလိုက်ကြတာပေါ့”

ဖိုကို စသုံးတော့မှာလား?

ချန်ကျဲ့ ရှုပ်ထွေးသွားခဲ့သည်။ သို့သော် သမားတော်ပိုင်မှ ရှင်းပြ၏။ ဖိုကို စသုံးရာတွင် အဓိက အရေးကြီပါဝင်ပစ္စည်းများကို သန့်စင်ဖော်စပ်ခြင်း မဟုတ်သေးဘဲ အခြားပါဝင်ပစ္စည်းများကို စတင်သန့်စင်ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပထမဆုံးအကြိမ်သည် ဆေးအဂ္ဂိရတ်ဖိုနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးဘဲ ထိန်းချုပ်မှုမလုံလောက်ခြင်းအပြင် အခြားအမျိုးမျိုးသော အကြောင်းအရာများ ဖြစ်ပေါ်နိုင်သောကြောင့် အရေးပါမှုအနည်းဆုံးသော ပါဝင်ပစ္စည်းများဖြင့် စတင်ရန် လိုအပ်သည်။

အရေးပါမှုအနည်းဆုံးသော ပါဝင်ပစ္စည်းများဖြင့် ဖို၏အခြေအနေနှင့် ရင်းနှီးကျွမ်းဝင်စေရမည်။

ရင်းနှီးကျွမ်းဝင်မှုကို ခံစားမိသည်နှင့် အရေးကြီးပါဝင်ပစ္စည်းများကို စတင်ထည့်သွင်းသန့်စင်မည်။ သို့နည်းဖြင့် ဆေးဖော်စပ်မှု အောင်မြင်နှုန်းကို တိုးမြှင့်စေနိုင်သည်။

သမားတော်ပိုင်သည် ချန်ကျဲ့ကို ဖိုအနီးသို့ ခေါ်သွားခဲ့သည်။ ၎င်းသည် လူအရပ်၏ ထက်ဝက်ခန့်အမြင့်ရှိသော ကြီးမားသည့် မီးပြင်းဖိုကြီးဖြစ်သည်။ ဖိုကြီးတွင် နှစ်ပိုင်းခွဲခြားထား၏။ အောက်ဘက်ပိုင်းတွင် အပူထောက်ပံ့ပေးသည့် မီးအကန့်တည်ရှိပြီး အထက်တွင် ဆေးပင်များကို သန့်စင်ပေးသည့် ဆေးဝါးသန့်စင်ဖို တည်ရှိသည်။

ဖိုကြီးကို ကြေးဖြင့်ပြုုလုပ်ထားပြီး အဖုံးထက်တွင် မာန်ဖီနေဟန်သော သားရဲတစ်ကောင်ကို ပုံထွင်းသွန်းလုပ်ထားသည်။

ဖို၏ကိုယ်ထည် အရှေ့နှင့်အနောက်တို့တွင် အဆောင်လက်ဖွဲ့ပန်းပုများ ဝန်းရံနေသည့် ပါးကွာ့သဏ္ဍာန်ကို သွန်းလုပ်ထားရှိရာ ဤသည်မှာ တာ့အိုဆေးဖော်စပ်ဖိုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

သမားတော်ပိုင်မှ ပြောသည်။

“ဒီဖိုက ရှေးဟောင်းပစ္စည်းတစ်ခုပဲ။ ငါ ဒီဖိုကို ဝယ်ဖို့အတွက် ငွေတုံးငါးသောင်းသုံးခဲ့ရတာ ငါ့ရဲ့ပိုင်ဆိုင်မှုအကုန် ပြောင်လုနီးပါးပဲ”

ချန်ကျဲ့သည် သူ၏ရှေ့ရှိ ဆေးဖော််စပ်ဖိုကို စူးစမ်းကြည့်နေခဲ့သည်။

သမားတော်ပိုင်မှ ပြောသည်။

“မင်းမှာ တခြားဘာဆေးပင်တွေရှိသေးလဲ ကြည့်ကြရအောင်”

ထိုသို့ပြောလျက် သမားတော်ပိုင်သည် ချန်ကျဲ့၏နောက်ကျောထက်ရှိ ဆေးခြင်းတောင်ကို ညွှန်ပြသည်။ ချန်ကျဲ့ ခဏမျှစဉ်းစားလိုက်၏။ ဤခြင်းတောင်းထဲတွင် တန်ဖိုးအကြီးဆုံးပစ္စည်းမှာ ထိုက်ဆွေ့အသားဖြစ်သည်။

ငါ ထိုက်ဆွေ့အသားကို သမားတော်ပိုင်ကို ပြလို့ဖြစ်ရဲ့လား။

ဖွက်လိုက်ရင် သိမ််ဖျင်းရာကျလိမ့်မယ်။ ဒါပေမဲ့ သမားတော််ပိုင်ရဲ့ အကျင့်စရိုက်အရဆို ထိုက်ဆွေ့အသားအကြောင်းကို ပေါက်ကြားအောင်လုပ်မှာ မဟုတ်ဘူး။

ထိုသို့တွေးလျက် ချန်ကျဲ့ ဆေးခြင်းတောင်းကို ဖွင့်လိုက်သည်။

သမားတော်ပိုင်သည် ခြင်းတောင်းထဲရှိ ပစ္စည်းများကို လှန်လှောရှာဖွေကြည့်သည်။ သူ၏မျက်နှာအမူအရာသည် ဝမ်းနည်းဝမ်းသာခြင်း မရှိပေ။ ဆေးပင်များသည် တန်ဖိုးကြီးမားသော်ငြား ငါးဖမ်းကုန်သည်အဖွဲ့ အတွင်းခန်းမသမားတော်ကြီး၈ဦးအဖွဲ့ဝင်တစ်ဦးအနေဖြင့် သမားတော်ပိုင်သည် ၎င်းဆေးဖက်ဝင်အပင်များထက် ပို၍တန်ဖိုးကြီးမားသည့် ဆေးပင်များကို မြင်တွေ့ဖူးပါသည်။

“အရိုးဖြူသစ်သီး၊ ကင်းခြေများဘုရင်၊ အာ ဒါတွေနဲ့ဆိုရင် အရိုးသန်မာဆေးလုံးဖော်စပ်လို့ရတယ်”

သမားတော်ပိုင်သည် ဆေးပင်များကို အမျိုးအစားခွဲခြားနေရင်း ရုတ်တရက်ရပ်တန့်သွားပြီး နေရာတွင် တောင့်ခဲသွားခဲ့သည်။

“ဒါက?”

သမားတော်ပိုင်သည် မျက်မှောင်ကြုတ်သွားပြီး နောက်တဒင်္ဂတွင် ချန်ကျဲ့ဘက်သို့လှည့်လာပြီး မေးသည်။

“မင်း ဒါကို ဘယ်ကနေရလာတာလဲ”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“ဆရာ ဆရာ အဲဒါကိုသိတယ်လား”

သမားတော်ပိုင်မှ ညွှန်ကြား၏။

“သွား တံခါးမင်းတုံးသွားချလိုက်”

“အပြင်မှာ အစ်ကိုဟုန် စောင့်ကြပ်နေတာပဲ၊ အဆင်ပြေပါတယ်”

“မရဘူး၊ မြန်မြန် တံခါးမင်းတုံးသွားချလိုက်”

“ဟုတ်ကဲ့ ဟုတ်ကဲ့ပါ”

ချန်ကျဲ့ ချက်ချင်းနာခံကာ တံခါးမင်းတုံးသွားချလိုက်သည်။ ထို့နောက် သမားတော်ပိုင်အနီးသို့ ပြန်လာပြီး မေးသည်။

“ဆရာ၊ ဆရာ အဲဒါကိုသိတာလား”

“ထိုက်ဆွေ့အသား”

“မင်း အဲဒါက ဘာလဲဆိုတာ သိနေတာတောင်မှ ငါ့ကို ပြရဲသေးတာလား”

သမားတော်ပိုင်မှ တည်ကြည်လေးနက်စွာ ပြောသည်။

ထိုအခါ ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။

“ဆရာက ကျွန်တော့်ရဲ့ဆရာလေ။ ဆရာက ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို အန္တရာယ်ပြုပါ့မလဲ”

“တုံးအလိုက်တာ။ ဆရာက တပည့်ကို အန္တရာယ်မပြုပါဘူးလို့ မင်းကိုဘယ်သူပြောလဲ။ ဒီထိုက်ဆွေ့အသားက ဘာကိုကိုယ်စားပြုလဲဆိုတာ မင်းသိရဲ့လား”

ချန်ကျဲ့ ခေါင်းခါလိုက်သည်။

“အဲဒါက တော်ဝင်နန်းတော်ရဲ့ အခြေခံအုတ်မြစ်ပဲ။ အထူးသဖြင့် ဒီလတ်ဆတ်တဲ့ ထိုက်ဆွေ့အသားပဲ။ အဲဒါက ဘယ်လိုအဓိပ္ပာယ်ဆောင်လဲ သိရဲ့လား”

All Chapters