← Chapters

အခန်း (၃၈၇)

Vol. 28 Ch. 387

အခန်း (၃၈၇)

Vol. 28 Ch. 387

ချန်ကျဲ့ ခေါင်းထပ်ခါလိုက်သည်။

“ဒါက မင်းက အသက်ရှိနေတဲ့ထိုက််ဆွေ့ရဲ့ တည်နေရာကို သိနေတယ်လို့ အဓိပ္ပာယ်ရတယ်ကွ။ အသက်ရှင်နေတဲ့ ထိုက်ဆွေ့တစ်ကောင်ရဲ့ တန်ဖိုးကို မင်းသိလား”

ချန်ကျဲ့ ခေါင်းထပ်ခါသည်။

“ဒီလိုပြောရအောင််”

သမားတောင်ပိုင်မှ ပြောသည်။

“အကယ်၍ သိုင်းလောကသားတွေသာ မင်းက သက်ရှိထိုက်ဆွေ့တစ်ကောင်ရဲ့ တည်နေရာကို သိနေတဲ့အကြောင်း သိသွားခဲ့ရင် သိုင်းလောကတစ်ခုလုံး လုံးဝအရူးအမူး ဂယက်ရိုက်သွားလိမ့်မယ်။ အင်အားကြီးဂိုဏ်းကြီးတွေလည်း ပါဝင်ပတ်သက်လာပြီးတော့ မင်းမှာ ကောင်းကင်ဘုံကနေ မြေအောက်ကမ္ဘာအထိ ပြေးစရာမြေမရှိတော့အောင် လိုက်ဖမ်းခံရလိမ့်မယ်။ ဘာလို့ဆိုရင် အဲဒီသက်ရှိထိုက်ဆွေ့ကို ပိုင်ဆိုင်ခြင်းက ဂိုဏ်းတစ်ဂိုဏ်း၊ အဖွဲ့အစည်းတစ်ခုအတွက် အထက်သို့တက်လှမ်းနိုင်ခြင်းလို့ အဓိပ္ပာယ်ဆောင်တာမို့လို့ပဲ”

“အကယ်၍ တော်ဝင်နန်းတော်က သိသွားခဲ့ရင်တော့.. အင်း လွန်ခဲ့တဲ့နှစ်တစ်ရာတုန်းက သက်ရှိထိုက်ဆွေ့ကို ရှာတွေ့တဲ့သူ မည်သူကိုမဆို ရွှေငွေပမာဏ အလျှံပယ်ချီးမြင့်ပြီး ဝမ်ဟူဘွဲ့ချီးမြှင့်မယ်လို့ အမိန့်ထုတ်ပြန််ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်ချက်က မုလန်လူမျိုးတွေအတွက်ပဲ အကျုံးဝင်တာ၊ ဟန့်လူမျိုးတွေအတွက်ကတော့ ပြစ်ဒဏ်ပဲရှိတယ်။ အဲဒီပြစ်ဒဏ်က မျိုးဆက်ကိုးဆက်အထိ ကွပ်မျက််ပြီး အမြစ်ဖြတ်သုတ်သင်ခြင်းပဲ။ အဲဒီလိုနည်းနဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းလိုက်ကြတယ်”

“အဲဒီလိုကြီးမားတဲ့ အဓိပ္ပာယ်အမျိုးမျိုးရှိနေတဲ့ အရာကြီးကို မင်းက ဒီမှာယူလာပြီးတော့ မင််း… ငါတကယ် မင်းကိုဘာပြောရမယ် မသိတော့ဘူး”

သမားတော််ပိုင်သည် ချန်ကျဲ့ကို လက်ညှိုးတထိုးထိုးဖြင့် ဒေါသထွက်နေခဲ့သည်။

ချန်ကျဲ့မှ ချက်ချင်းပြောသည်။

“အို ဆရာရယ်၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး။ ဆရာ စိတ်ချထားပါ၊ အခု ဒီအရာကြီးကို မြင်ထားတာ ဆရာတစ်ယောက်တည်းပါပဲ”

သမားတော်ပိုင်မှ ပြန််ပြောသည်။

“တစ်ယောက်တည်းဆိုရင်တောင် အရမ်းများလွန်းတာပဲ။ မှတ်ထား နောက်ကို ဒီလိုအရေးကြီးတဲ့ကိစ္စတွေနဲ့ ပတ်သက်လာရင် ဆရာကို ထားဦး၊ မင်းရဲ့မိဘတွေကိုတောင် မပြောပြလိုက်နဲ့။ မင်း လုံးဝ ဘယ်တော့မှ ထုတ်မပြောသင့်ဘူး”

“ဟုတ်ကဲ့၊ ကျွန်တော် မှတ်ထားပါ့မယ် ဆရာ”

ထိုစဉ် သမားတော်ပိုင်မှ ပြောသည်။

“မှတ်ထား၊ ဒီကိစ္စကို မင်းနဲ့ငါကြားမှာပဲ လျှို့ဝှက်ထားမယ်။ ဝူဟုန်အပါအဝင် နောက်ထပ် တခြားဘယ်သူ့ကိုမှ သိခွင့်မပေးသင့်ဘူး”

“ကျွန်တော်နားလည်ပါပြီ”

“ကောင်းပြီ၊ အဲဒါဆို ငါစိတ်ချပြီ”

သမားတော်ပိုင်မှ စိတ်သက်သာရာရစွာ ပြောသည်။

“ကံကောင်းချင်တော့ ငါတို့ဒီမှာ ဆေးဖော်စပ်ဖိုရှိနေတယ်။ ဒီအချိန်တိုအတွင်း ထိုက်ဆွေ့ဆေးလုံးအဖြစ် ဖော်စပ်လိုက်ရင် ပြဿနာမရှိနိုင်တော့ဘူး”

ဆေးလုံးအဖြစ် ပြောင်းလဲဖော်စပ်ပြီးသည့် ထိုက်ဆွေ့ဆေးလုံးသည် အမှန်တကယ်ပင် ပြဿနာမရှိနိုင်ပါချေ။ ၎င်းဆေးလုံးများသည် ကျင့်ကြံဆင့်မြင့်မားသော သိုင်းပညာရှင်ကြီးများအတွင်း၌သာ လည်ပတ်စီးဆင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် ချန်ကျဲ့မှ ထိုက်ဆွေ့ဆေးလုံးတစ်လုံးကို ထုတ်ယူအသုံးပြုလျှင်သော်မှ အများဆုံးမှ ထိုက်ဆွေ့ဆေးလုံးပိုင်ဆိုင်ထားသည့် သံမဏိအရိုးအဆင့်သိုင်းပညာရှင်ကို အံ့ဩစေရုံမျှသာ ဖြစ်လိမ့်မည်။

သို့သော် ထိုမျှသည် အင်အားကြီးဂိုဏ်းကြီးများ၏ လိုက်လံဖမ်းဆီးခြင်းခံရသည်အထိ သို့မဟုတ် တော်ဝင်ရုံးတော်မှ အာရုံစိုက်လာသည်အထိ မဖြစ်နိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် လတ်ဆတ်သည့် ထိုက်ဆွေ့အသားမဟုတ်ပါဘဲ ထိုက်ဆွေ့ဆေးလုံးဖြစ်နေသောကြောင့်ဖြစ်သည်။

ထိုက်ဆွေ့အသားသည် ထိုက်ဆွေ့ဆေးလုံးနှင့် မတူညီသည့်ကိစ္စရပ် ဖြစ်သည်။ ထိုက်ဆွေ့နေထိုင်ရာ တွင်းကို ထိန်းချုပ်ထားသည့် တော်ဝင်နန်းတော်၏ ဌာနများနှင့် ဂိုဏ်းအဖွဲ့များသည် ထိုက်ဆွေ့အသားစိမ်းကို ဘယ်သောအခါမျှ အပြင်ထွက်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

သို့ဖြစ်ရာ သိုင်းလောကတွင် ထိုက်ဆွေ့အသားထွက်ပေါ်လာပါက ထိုက်ဆွေ့အသစ်တစ်ကောင်ကို ရှာဖွေတွေ့ရှိခြင်းကိုသာ အဓိပ္ပာယ်ဆောင်လိမ့်မည်။ သို့ဖြစ်ပါက ၎င်းထိုက်ဆွေ့ကို ပိုင်ဆိုင်ရန်အတွက် ပြင်းထန်သည့်တိုက်ပွဲကြီးများ ဖြစ်ပွားလာလိမ့်မည်။

အမေရိကန်ဒေါ်လာကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းသည် ပြဿနာမရှိသော်ငြား ဒေါ်လာများကို အကန့်အသတ်မဲ့ ပုံနှိပ်ထုတ်လုပ်နိုင်သည့် စက်တစ်လုံးကို ပိုင်ဆိုင်ထားသူအကြောင်း တစ်လောကလုံးမှ သိရှိသွားခြင်းကဲ့သို့ပင်။ မည်သူကများ ၎င်းစက်ကို မပိုင်ဆိုင်လိုပါအံ့နည်း။

ချန်ကျဲ့သည် အန္တရာယ်ရှိနိုင်သည့်အကြောင်းအရာများကို နားလည်သော်ငြား သမားတော််ပိုင်မှ ဤမျှအထိ အများကြီးသိနေရသည့် အကြောင်းအရင်းကို သိချင်မိသည်။

ချန်ကျဲ့မှ မေးလိုက်သောအခါ သမားတော်ပိုင်မှ ရယ်မော၏။

“ဟားဟား ကျိုစစ်၊ ငါ့ဆရာက ဘယ်သူလဲသိလား”

ချန်ကျဲ့ ခေါင်းခါလိုက်သည်။

“မှတ်ထား”

သမားတော်ပိုင်မှ ဆက်ပြောသည်။

“ငါ့ဆရာက အသက်လုယူသမားတော် အန်းသာ့ရှန်းပဲ။ ဆရာက မင်းသားစံအိမ်တော်ရဲ့ တော်ဝင်သမားတော်တစ်ဦးဖြစ်ခဲ့တာ။ မင်းသားအိမ်တော်မှာက ထိုက်ဆွေ့အသားရနိုင်တဲ့ လမ်းကြောင်းတွေရှိတယ်။ ငါ့ဆရာက ထိုက်ဆွေ့ဆေးလုံးဖော်စပ်ပေးဖို့အတွက် အချိန်တစ်ခုကြာ တာဝန်ယူခဲ့ရတယ်။ အဲဒီတုန်းက ငါက ဆရာ့ဆီမှာ ပညာသင်နေတာမို့လို့ ငါလည်း ထိုက်ဆွေ့အသားကို မကြာခဏ မြင်တွေ့ထိကိုင်ခွင့်ရခဲ့တယ်”

ထိုအခါ ချန်ကျဲ့သည် သမားတော်ပိုင်ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ သူ၏ဆရာဖြစ်သူမှာ ဖုံးကွယ်နေသည့် နက်ရှိုင်းသောအဆက်အနွယ်များ တည်ရှိနေကြောင်း ချန်ကျဲ့ နားလည်သွားရသည်။

သမားတော်ပိုင်မှ ထိုက်ဆွေ့အသားကို ကြည့်လျက် ပြောသည်။

“ဒါက အသစ်ရှာတွေ့တဲ့ ထိုက်ဆွေ့ပဲ။ ပြီးတော့ နှစ်တစ်ထောင်သက်တမ်းနီးပါးလောက် ရှိလိမ့်မယ်”

ချန်ကျဲ့သည် သမားတော်ပိုင် ပြောပြသည်ကို နားထောင်နေခဲ့သည်။

“ဒါပေမဲ့ အဲဒါက အကောင်ငယ်လေးဖြစ်ပေမဲ့လည်း ဖော််စပ်ပြီးတဲ့ ဆေးလုံးတွေရဲ့ အာနိသင်တွေအပေါ်ကိုတော့ သက်ရောက်မှုမရှိဘူး။ ကောင်လေး၊ မင်းက အတော်ကံကောင်းတာပဲ”

သမားတော်ပိုင်သည် တမင်ဟန်လုပ်ပြောလိုက်ရင်း ထိုက်ဆွေ့အသားကို ၁၁ပိုင်း ပိုင်းဖြတ်လိုက်သည်။ ထို့နောက် ပြောသည်။

“ဒီထိုက်ဆွေ့အသားတုံးရဲ့ အရွယ်အစားက ပုံမှန်ဆိုရင် ထိုက်ဆွေ့ဆေးလုံး ၁၀လုံးပဲ ရနိုင်တာ။ ဒါပေမဲ့ ကျိုစစ် သေချာကြည့်၊ ငါ့မှာ ငါတို့ဂိုဏ်းရဲ့ အထူးဖော်စပ်နည်းရှိတယ်။ ဆေးလုံးသန့်စင်နေတဲ့ လုပ်ငန်းစဉ်အတွင်းမှာ အရမ်း အတင်းအကျပ်ကြီး သန့်စင်ဖို့မလုပ်နဲ့။ ဆေးပင်တချို့ ပေါင်းထည့်လိုက်။ ပြီးရင်တော့ ဟားဟား ဆေးလုံး၁၁လုံးရနိုင်ပြီ”

“ကျိုစစ် သေချာအာရုံစိုက်နားထောင်။ တခြားသမားတော်တွေက ဒါကို သိမှာမဟုတ်ဘူး။ ဒါက ငါတို့ဂိုဏ််းရဲ့ လျှို့ဝှက်ဖော်စပ်နည်းပဲ”

ထိုအခါ ချန်ကျဲ့မှ မေးသည်။

“ဆရာ တခြားဆေးတွေ ထပ်ထည့်လိုက်ရင် ဆေးရဲ့အာနိသင်ကို သက်ရောက်မှုရှိသွားနိုင်လားဗျ”

သမားတော်ပိုင်မှ ပြန်ပြောသည်။

“မဖြစ်ဘူး။ အကယ်၍ သက်ရောက်မှုရှိခဲ့ရင် ဘယ်လိုလုပ်ပြီး အထူးလျှို့ဝှက်ဖော်စပ်နည်း ဖြစ်ပါတော့မလဲ”

ထိုအခါ ချန်ကျဲ့၏မျက်လုံးများ တောက်ပသွားခဲ့သည်။

ဒါက တကယ်ကြီး အထူးလျှို့ဝှက်ဖော်စပ်နည်းပဲဟ။ လေထဲကနေ ဆေးတစ်လုံးပိုရနိုင်သွားတယ်။ ထိုက်ဆွေ့ဆေးလုံးတွေက အရမ်းတန်ဖိုးကြီးတာဆိုတော့ တစ်လုံးပိုရနိုင်တာကလည်း သိုင်းပညာရှင်တစ်ဦးရဲ့ တိုးတက်မှုလမ်းကြောင်းကို ထောက်ပံ့ပေးဖို့လုံလောက်တယ်။ တကယ့်ကို နတ်စွမ်းအင်ရှိနေသလိုပါပဲလား။

“ကျိုစစ်၊ မင်း အနှစ်သာရကို ဖမ်းဆုပ်မိပြီလား”

သမားတော်ပိုင်မှ မေးသည်။

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး မေးသည်။

“ဒါဆိုရင် ဆရာ အဲဒီတုန်းက ထိုက်ဆွေ့ဆေးလုံးတွေ အများကြီးမရခဲ့ဘူးလား”

သမားတော်ပိုင်မှ ရယ်မောသည်။

“ဟားဟား မင်းက မင်းသားအိမ်တော်က လူတွေကို အရူးတွေထင်နေလား? သူတို့က ဆေးလုံးဖော်စပ်နေစဉ်အတွင်းမှာ ငါတို့ကို စောင့်ကြည့်နေတာ။ ထိုက်ဆွေ့ဆေးလုံးတွေ မှောင်ခိုတင်သွင်းတာနဲ့ ဆေးဖော်နေတုန်းမှာ ငါတို့သောက်ပစ်မှာကို ကာကွယ်ဖို့အတွက် လုံးဝ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ကြတယ်။ တံခါးဝမှာ မုလန််လူမျိုးသမားတော်တစ်ယောက်က ငါတို့ရဲ့သွေးခုန်နှုန်းတွေကို စမ်းသပ်တယ်။ အကယ်လို့များ တစ်ယောက်ယောက်ရဲ့ ချီသွေးက အားကောင်းနေမယ်ဆိုရင် စစ်ဆေးခံရလိမ့်မယ်”

“အဲဒါကြောင့် ငါတို့က ထိုက်ဆွေ့ဆေးလုံးကို ရအောင်ယူနိုင်ခဲ့ရင်တောင် မသောက်ရဲကြဘူး။ နောက်ပိုင်းကျ ဆရာက ငါတို့ကို ထိုက်ဆွေ့အသားနဲ့ ဆေးဖော်တာကို လေ့ကျင့်ခွင့်ပေးခဲ့တယ်။ ငါတို့ကြောင့် တစ်သုတ်လောက် ပျက်စီးသွားခဲ့ရင် ဆရာက ပျက်စီးဆုံးရှုံးမှုကို ကာဖို့အတွက် ဆေးလုံးအရေအတွက်ကို ပိုထုတ်ခဲ့တယ်”

“အဲဒါကြောင့် ငါတို့က ထိုက်ဆွေ့ဆေးလုံးကို မသောက်ခဲ့ကြပေမဲ့ ဆေးဖော်စပ်နည်းကိုတော့ ရှင်းရှင်းလင်းလင်း သိကြတယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ထိုက်ဆွေ့အသားနဲ့ ဆေးဖော်စပ်နည်းလေ့ကျင့်တယ််။ ဆရာ၊ အဲဒါက အတော်လေး အဆင့်မြင့်တာပဲနော်”

သမားတော်ပိုင်မှ ပြန်ပြောသည်။

“ဟားဟား ရွေးချယ်စရာမှ မရှိခဲ့ဘဲ၊ အဲဒါကပဲ ငါ့ရဲ့ကျွမ်းကျင်မှုဖြစ်လာခဲ့တာပေါ့လေ။ အခု ငါက အဆင့်နိမ့်ဆေးတွေကို ဖော်စပ်ရာမှာတော့ သိပ်မတော်ဘူး။ ဒါပေမဲ့ ထိုက်ဆွေ့ဆေးလုံးကိုတော့ မျက်လုံးမှိတ်ပြီးတော့တောင် ဖော်စပ်နိုင်တယ်”

“ဒီနေ့က ထိုက်ဆွေ့ဆေးလုံးဖော်စပ်ဖို့အတွက် နေ့ကောင်းရက်မြတ်လေးပဲ”

ချန်ကျဲ့ အံ့အားသင့်စွာ ပြောလိုက်သည်။

“ဆရာ အထင်ကြီးလောက်ပါပေတယ်!”

သမားတော်ပိုင်သည် ချန်ကျဲ့ကို တံတောင်ဖြင့်တွတ်လိုက်၏။

“မင်းပဲ အပြောချိုတယ်၊ ကဲ မီးမွှေးတော့”

“ဟုတ်ကဲ့!”

ဆေးလုံးသန့်စင်ဖော်စပ်ရာတွင် မီးသွေးလိုအပ်သည်။ ထို့ပြင် မည်သည့်အမျိုးအစားမဆို အသုံးပြုနိုင်ခြင်း မဟုတ်ပေ။ သစ်သီးပင်မှ ပြုလုပ်ထားသော မီးသွေးသည် အကောင်းဆုံးဖြစ်ပြီး ပန်းသီးပင်သည် အသင့်တော်ဆုံးဖြစ်သည်။

ချန်ကျဲ့ ပန်းသီးပင်မီးသွေးဖြင့် မီးမွှေးလိုက်သည်။ ဖိုထဲတွင် မီးလျံများ အရှိန်ပြင်းစွာ တောက်လောင်သွား၏။ သို့သော် သမားတော်ပိုင်သည် ထိုက်ဆွေ့အသားကို ဖိုထဲ ထည့်ရန် အလျင်မလိုပေ။ ထိုအစား ဖို၏အထက်ပိုင်းမှ အပူချိန်ပြောင်းလဲမှုကို ခံစားကြည့်သည်။

“ကျိုစစ် ဒီကိုလာ၊ ဒီအပူချိန်ကို ခံစားကြည့်”

သမားတော်ပိုင်မှ ညွှန်ကြားသည်။

“ဆေးလုံးသန့်စင်ဖော်စပ်တာမှာ အရေးအကြီးဆုံးက အပူချိန်ထိန်းချုပ်မှုပဲ”

All Chapters