← Chapters

အခန်း (၃၈၈)

Vol. 28 Ch. 388

အခန်း (၃၈၈)

Vol. 28 Ch. 388

“အပူချိန်အရမ်းပြင်းတာ၊ အရမ်းနိမ့်တာတွေကြောင့် ဆေးဖော်စပ်ဖို အလွယ်တကူ ပေါက်ကွဲနိုင်တယ်။ အဲဒါကြောင့် အဂ္ဂိရတ်ပညာရှင််တစ်ဦးဖြစ်ဖို့ ပထမဆုံးခြေလှမ်းက အဂ္ဂိရတ်မီးအပူချိန်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ပဲပေါ့”

ချန်ကျဲ့မှ သမားတော်ပိုင်ကို အတုခိုး၍ ပြောသည်။ ချန်ကျဲ့သည် လက်ဆန့်ထုတ်၍ ဆေးဖိုကို ထိကိုင်ရင်း လက်ဖဝါးပြင်မှ အပူချိန်ကို ခံစားကြည့်နေသည်။

“အင်း ဒီအပူချိန်ပဲ၊ မှတ်ထား။ အခု ထိုက်ဆွေ့အသားထည့်တော့”

သမားတော်ပိုင်မှ ထိုက်ဆွေ့အသားကို ဆေးဖိုထဲ ပစ်ထည့်ရင်း ပြောသည်။ ထိုက်ဆွေ့အသားကို စင်ကြယ်စွာ သန့်စင်ခြင်းဖြစ်ပါက ဤသို့ပုံစံအတိုင်း ဆက်သွားနိုင်သည်။

သို့သော် ဤသန့်စင်မှုသည် ထိုသို့မဟုတ်ဘဲ သမားတော်ပိုင်သည် ဆေးပင်များ ထပ်ပေါင်းထည့်ထား၏။

“ဆေးဖိုကို ဖုံးလိုက်တော့”

အဖုံးဖုံးရန် ညွှန်ကြားမှုအောက်တွင် အဖုံးကို ဖုံးအုပ်လိုက်သည်။ ထို့နောက် သမားတော်ပိုင်မှ ပြောသည်။

“နောက်ခြေတစ်လှမ်းက အပူချိန်ကို ထိန်းချုပ်ဖို့ပဲ။ မှတ်ထား၊ ဒီအပူချိန်ကိုပဲ ဘာမှသိပ်ပြီး ပြောင်းလဲဖို့မလိုဘူးလို့ သတ်မှတ်လို့ရတယ်”

ချန််ကျဲ့ ခေါင်းညိတ်လိုက်ပြီး တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့သည်။

အချိန်မည်မျှကြာမြင့်သွားသည် မသိပေ၊ ဆေးဖိုထံမှ ဆေးပင်ရနံ့ဖျော့ဖျော့ ထွက်ပေါ်လာသည်။ ချန်ကျဲ့ သမားတော်ပိုင်ကို ကြည့်လိုက်သည်။

“ကောင်းပြီ၊ ပြီးလုနီးပြီ။ မီးတွေဖယ်ထုတ်မယ်”

ထိုအခါ ချန်ကျဲ့သည် မီးသွေးများကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် အမွှေးတိုင်တစ်တိိုင် လောင်ကျွမ်းစာမျှသော အချိန် မိနစ်သုံးဆယ်ခန့်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။ ထို့နောက် အဖုံးဖွင့်လိုက်ရာ မွှေးပျံ့သည့် စိတ်စွမ်းအင်သည် သူ၏စိတ်ဝိဉာဉ်အထိ တိုးဝင်လာခဲ့သည်။

“ဒီထိုက်ဆွေ့ဆေးလုံးကို သေချာသိမ်းထား”

သမားတော်ပိုင်မှ ညွှန်ကြားသည်။

“မှတ်ထား၊ သာမန်ဆေးလုံးတွေကို ကျောက်စိမ်းပုလင်းနဲ့ သိမ်းဆည်းကြပေမဲ့ ထိုက်ဆွေ့ဆေးလုံးတွေကိုတော့ ဘူးသီးခြောက်ဘူးထဲကို ထည့်သိမ်းရမယ်”

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ဆေးလုံးထည့်ရန်် ဘူးသီးခြောက်တစ်ဘူးကို ချက်ချင်း ထုတ်ယူလိုက်သည်။

ထို့နောက် သမားတော်ပိုင်မှ ပြောသည်။

“ငါတို့ရဲဲ့ ပထမဆုံး ဆေးလုံးဖော်စပ်မှုက အောင်မြင်သွားပြီဆိုတော့ အစကောင်းပဲ။ ဒါပေမဲ့ အဲဒါက ငါက ထိုက်ဆွေ့ဆေးလုံးနဲ့ အရမ်းရင်းနှီးနေတာမို့လို့ပဲ။ အခုလုပ်မယ့် အရိုးသန်မာဆေးလုံးကိုတော့ သတိချပ်ပြီးလုပ်ရမယ်”

ထိုအခါ ချန်ကျဲ့မှ ခေါင်းညိတ်သည်။ သမားတော်ပိုင်သည် ပြီးခဲ့သည့်အဆင့်များကို ပြန်ပြောသည်…

တစ်နေ့လုံး၊ တစ်ညလုံး ကြာမြင့်သွားခဲ့၏။

အပြင်ဘက်၌ ဝူဟုန်သည် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့ကာ အခန်းတွင်းရှိ ဆေးဖော်စပ်ခြင်းဖြစ်စဉ်မှာ မည်သို့အခြေအနေရှိကြောင်း မသိရပေ။

သို့သော် ဝူဟုန်သည် တံခါးရှေ့တွင် ဆက်လက်စောင့်ဆိုင်းပေးနေခဲ့သည်။

ထိုစဉ် အခန်းအတွင်း၌ သမားတော်ပိုင်မှ ပြောသည်။

“သတိထား သတိထား၊ မီးခဲတွေဖယ်လိုက် ဟူး ဟူး…”

စောင့်ဆိုင်းနေ၏

မိနစ်သုံးဆယ်ကြာမြင့်ပြီးနောက် သမားတော်ပိုင်သည် နီမြန်းနေသည့်မျက်လုံးများဖြင့် ပြောလာခဲ့သည်။

“ဟားဟား အောင်မြင်တယ် အောင်မြင်တယ်။ ငါလုပ်နိုင်ခဲ့တယ်!”

“အဖုံးဖွင့်လိုက်”

တစ်ညတာစောင့်ဆိုင်းမှုအဆုံးတွင် ဆေးလုံးသန့်စင်ဖော်စပ်ခြင်း အောင်မြင်သွားခဲ့လေပြီ။ ချန်ကျဲ့ စိတ်လှုပ်ရှားစွာဖြင့် ဆေးဖိုအဖုံးကို ဖွင့်လိုက်ရာ မီးခိုးငွေ့များ ရုတ်ချည်းလှိုက်တက်လာ၏။

“မကောင်းဘူး မြန်မြန်ပြန်ပိတ််လိုက်!”

မီးခိုးတက်လာသည်နှင့်တစ်ပြိုင်နက် သမားတော်ပိုင်မှ အော်ပြောသည်။ ချန်ကျဲ့လည်း လန့်သွားပြီး ဆေးဖိုကို တစ်ဖန်ပြန််၍ ပိတ်လိုက်သည် သမားတော်ပိုင်မှ ပြောသည်။

“ငါ့အပြစ်ပါ ငါ့အပြစ်ပါ။ ငါအရမ်းစိတ်လှုပ်ရှားသွားတယ်”

ချန်ကျဲ့မှ အကြောင်းအရင်းကို မေးမြန်းသည်။

“ခုနက အငွေ့တစ်သုတ်က ဆေးမှုန့်တွေပဲ။ ငါ ဖွင့်တာစောသွားတာ ဟူး…”

ချန်ကျဲ့မှ မေးသည်။

“အဲဒါဆို ဆေးလုံးဖော်စပ်တာ ကျရှုံးသွားပြီလို့ ဆိုလိုတာလား”

“စောင့်ကြည့်ကြတာပေါ့၊ ဘာမှမသေချာသေးပါဘူး”

သမားတော်ပိုင်မှ ပြန်ပြောသည်။

အနည်းငယ်မျှ ထပ်စောင့်ဆိုင်းပြီးနောက် သမားတော်ပိုင်သည် ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဒီတစ်ခေါက်တော့ ဖွင့်လို့အဆင်ပြေပြီ”

သို့ဖြင့် ချန််ကျဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ဆေးဖိုအဖုံးကို ဖွင့်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ မီးခိုးများ တက်မလာတော့ပေ။

နောက်ဆုံးတွင်တော့ အဖုံးတစ်ခုလုံးကို ဖယ်လိုက်တော့သည်။

အထဲတွင် အောင်မြင်စွာ ဖော်စပ်ထားသည့် ဆေးလုံးသုံးလုံးရှိနေသည်။ ချန်ကျဲ့သည် ဆေးလုံးများကို ဂရုတစိုက်ဖြင့် ထုတ်ယူလိုက်သည်။

ဆေးလုံးသုံးလုံးတွင် နှစ်လုံးသည် ရွှန်းစိုသည့်အရောင်အဆင်းရှိပြီး အရည်အသွေး အလွန်ကောင်းမွန်သည်။

တတိယမြောက်တစ်လုံးမှာ တစ်ဝက်သည် အရောင်စိုသော်ငြား ကျန်တစ်ဝက်သည် ဆေးအာနိသင်မရှိသည့် မီးခိုဖျော့ရောင်ဖြစ်နေသည်။

ဒါကို ဆေးလုံးနှစ်လုံးခွဲလုပ်နိုင်ခဲ့တယ်လို့ သတ်မှတ်ရမလား။

ချန်ကျဲ့သည် အလွန်ပျော်ရွှင်သွားခဲ့၏။

ဟားဟား ငါက ဆေးလုံးတစ်လုံးရရင်တောင် အောင်မြင်တာပဲလို့ တွေးထားခဲ့တာပေမဲ့ နှစ်လုံးခွဲတောင် လုပ်နိုင်ခဲ့တယ်။ ဒါက တကယ့်ကို အောင်မြင်မှုကြီးပဲပေါ့။

သို့သော် သမားတော်ပိုင်သည် မကျေနပ်ပေ။

ဤတစ်ကြိမ်ပြုလုပ်သည့် ဆေးလုံးများသည် ယခင်က ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်းအတွက် ပြုလုပ်ခဲ့သည့် ဆေးလုံးလေးလုံးထက် ပို၍ ဆေးအာနိသင်ကောင်းမွန်သည်ဟု သတ််မှတ်နိုင်ပါ၏။

သို့သော် ဤတစ်ကြိမ်တွင် နှစ်လုံးနှင့်တစ်ဝက်သာ ပြုလုပ်နိုင်ခဲ့သည်။

ကျရှုံးသွားတာပဲ!

သမားတော်ပိုင်သည် မိမိမှာ ချန်ကျဲ့၏ယုံကြည်မှုကို စိတ်ပျက်စေခဲ့ပြီဟု ခံစားလိုက်ရသည်။

သို့သော် ချန််ကျဲ့သည် ထိုသို့မတွေးပါချေ။ ဆေးလုံးတစ်လုံးပြုလုပ်နိုင်ခြင်းသည်လည်း အောင်မြင်မှုဖြစ်ပြီး နှစ်လုံးနှင့်တစ်ဝက်ပြုလုပ်နိုင်ခြင်းသည် တစ်လုံးနှင့်တစ်ဝက် အမြတ်ရရှိခြင်းဖြစ်သည်။

အဲဒါက အကျိုးအမြတ်ကြီးရလိုက်တာပဲ မဟုတ်လား။

ထိုအချိန်၌ ချန်ကျဲ့သည် လက်ထဲရှိ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို ကြည့်နေခဲ့သည်။

အရောင်အဆင်းသည် ရွှန်းစိုပြီး သစ်သီးတစ်ရာ၏ မွှေးရနံ့များနှင့် ပြည့်နှက်နေသည်။ ဤဆေးလုံးသည် ဆေးဖက်ဝင်အပင်၃၆မျိုးနှင့် အဓိကပါဝင်ပစ္စည်းသုံးမျိိုးတို့ဖြင့် ပြုလုပ်ထားရာ သောက်သုံးဖြင်းအားဖြင့် ဆည်းပူးလေ့လာရခြင်းမှသည် ပင််ကိုပါရမီအဖြစ်သို့ ပြောင်းလဲပေးနိုင်ကောင်း၏။

ထိုသို့တွေးလျက် ချန်ကျဲ့သည် ဒီနေ့ရရှိခဲ့သည် အကျိုးအမြတ်များကို တွေးလိုက်သည်။

ဒီနေ့ရသည့် အကျိုးအမြတ်များသည် အမှန်တကယ်ပင် များပြားပါ၏။

ဦးစွာ အနည်းဆုံး စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်နှစ်ဦးကို ကိုယ်စားပြုနိုင်သည့် စိတ်ဝိဉာဉ်ပြောင်းလဲဆေး နှစ်လုံးနှင့်တစ်ဝက် ရရှိသည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ဆိုတာ ဘာမို့လို့လဲ။ သူတို့က မျန့်ရွှေမှာ အင်အားအကြီးမားဆုံး သိုင်းပညာအင်အားစုဖြစ်တဲ့ အစောင့်အရှောက်ကြီး၁၃ဦးကို ကိုယ်စားပြုပြီး အင်အားအာဏာရဲ့ အမှတ်သင်္ကေတတစ်ခုလည်းဖြစ်တယ်။

ပြီးတော့ ငါချန်ကျဲ့က အဲဒီလိုလူတစ်ယောက်ဖြစ်လာတော့မှာ။

ဆေးနှစ်လုံးနှင့်တစ်ဝက်– ကောင်းကောင်းအသုံးပြုနိုင်မယ်ဆိုရင် ဆေးလုံးတစ်ဝက်တည်းနဲ့လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင််တစ်ဦးအဖြစ် ဖန်တီးပေးနိုင်တယ်။ ဒါက လုံးဝ တုနှိုင်းမဲ့တဲ့ ပြိုင်ဘက်ကင်းစွမ်းအင်ပဲ။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သည် အသေးအဖွဲလေး မဟုတ်ပါချေ။

စိတ်စွမ်းအင်ပြောင်းလဲဆေးလုံးအပြင် ချန်ကျဲ့သည် အရိုးသန်မာဆေးငါးလုံးကိုလည်း ရရှိထားခဲ့သည်။

ငါးလုံးအပြည့်ဖြစ်၏။ သမားတော်ပိုင်သည် မေးခွန်းထုတ်စရာမရှိလောက်အောင် အရည်အချင်းပြည့်ဝလှပေသည်။ အဂ္ဂိရတ်ထိုးခြင်းသည် အဂ္ဂိရတ်ပညာရှင်၏ ကျွမ်းကျင်မှုကို စစ်ဆေးစမ်းသပ်ခြင်းအလားပင်၊ ဆေးလုံး၏ အရည်အသွေးနှင့် အရေအတွက်သည် အဂ္ဂိရတ်ပညာရှင်၏ အရည်အချင်းပေါ်တွင် မူတည်သည်။

အရိုးသန်မာဆေးငါးလုံးသည် သံမဏိအရိုးအဆင့်သိုင်းပညာရှင်ငါးဦးကို ဖန်တီးပေးနိုင်သည်။ ကျားဖြူခန်းမတွင်ပင် သံမဏိအရိုးအဆင့်သိုင်းပညာရှင်လေးဦးသာ ရှိ၏။

၎င်းအချက်မှာ ဤဆေးလုံးများ၏ အဖိုးတန်မှုကို ထင်ပေါ်စေသည်။

စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးများသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တိုးတက်စေနိုင်သကဲ့သို့ အရိုးသန်မာဆေးလုံးသည်လည်း သံမဏိအရိုးအဆင့်သို့ တိုးတက်စေနိုင်သည်ဖြစ်ရာ သံမဏိအရိုးအဆင့်အောက် သိုင်းပညာရှင်များသည် ဆေးလုံးကိုရယူရန် စိတ်အားထက်သန်စွာ ကြိုးပမ်းတိုက်ခိုက်ကြလိမ့်မည်။

ထို့ဆေးလုံးများအပြင် ချန်ကျဲ့တွင် ထိုက်ဆွေ့ဆေးလုံး ၁၁လုံးလည်း ရှိသေးသည်။ သမားတော်ပိုင် ကိုယ်တိုင်ပြုလုပ်ပေးထားသည့် ထိုက်ဆွေ့ဆေးလုံးများသည် လုံးဝန်း၍ အရောင်အဆင်းကောင်းမွန်ကာ ထိပ်တန်းအရည်အသွေးဟု သတ်မှတ်နိုင်ပေသည်။ သမားတော်ပိုင်သည် အခြားဆေးလုံးများ ဖော်စပ်ပြုလုပ်ရာတွင် မထူးချွန်လှသည့်တိုင် ထိုက်ဆွေ့ဆေးလုံးများကိုတော့ ထိပ်တန်းအဆင့် အရည်အသွေးရရှိအောင် အမြဲပြုလုပ်နိုင်သည်။

အဘယ်ကြောင့် ဖြစ်လိမ့်မည်နည်း။

အကြောင်းမှာ သူ၏အသက်နှစ်ဆယ်ဝန်းကျင်နှစ်များတွင် ထိုက်ဆွေ့ဆေးလုံးများကို အရေအတွက်ထောင်ချီ ဖော်စပ်ပြုလုပ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထို့ပြင် ဆရာဖြစ်သူမှ ဖော်စပ်ပြုလုပ်ခြင်းကိုလည်း အကြိမ်ရေသိန်းသောင်းချီ ကြည့်ရှုခဲ့ရသေးသည်။

ထိုမျှအရေအတွက်အထိ အလုပ်တာဝန်တစ်ခုကို အထပ်ထပ်အခါခါ လုပ်ဆောင်နေခဲ့ရလေရာ သမားတော်ပိုင်သည် ထိုက်ဆွေ့ဆေးလုံးကို မျက်လုံးမှိတ်ထားလျှင်ပင် ကောင်းကောင်းလုပ်နိုင်ပါလိမ့်မည်။

All Chapters