← Chapters

အခန်း (၉၃၁-၉၃၃)

Vol. 63 Ch. 931-933

အခန်း (၉၃၁-၉၃၃)

Vol. 63 Ch. 931-933

အပိုင်း(၉၃၁)

“သေလိုက်စမ်း..သောက်ချီးပဲ..ယီးမှ အဘိုးကြီး.. ဘာလို့မသေသေးတာလဲ”

မြေကလန်၏လူငယ်ခေါင်းဆောင်ဖြစ်သူ တိယီက ခက်ထန်ကြမ်းကြုတ်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ၏မျက်နှာထက်တွင် အကြင်နာမဲ့ရက်စက်မှုတို့ဖြင့်ပြည့်နှက်နေ၏။

ထို့နောက် အသံလှိုင်းတို့၏ အလွှာများကိုချိုးဖျက်လာပြီး အောက်မှတစ်ဟုန်ထိုး ထိုးတက်လာနေသော ရှစ်ဖုန့်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်အား ကာကွယ်ပေးထားသော ရွှေရောင်အလင်းကွင်းက သူ၏ခြေဖဝါးအောက်ရှိ နတ်ဘုရားမြေခေါင်းလောင်းအားထိမှန်တော့မည်ဖြစ်သည်။ ထို့နောက်

“ဒေါင်..ဒေါင်..ဒေါင်..ဒေါင်..ဒေါင်”

“ဒေါင်..ဒေါင်..ဒေါင်..ဒေါင်..ဒေါင်”

တိယီက နတ်ဘုရားမြေခေါင်းလောင်းအား ရူးသွပ်စွာ ဆောင့်နင်းလိုက်ပြီး နတ်ဘုရား မြေခေါင်းလောင်းက ပြင်းထန်စွာ ဆက်တိုက်မြည်ဟိန်းလာသည်။

သို့သော် ဤအခိုက်အတန့်တွင် ရွှေရောင်အလင်းတို့ဝန်းရံနေသော ရှစ်ဖုန့်၏ကိုယ်က နတ်ဘုရားမြေခေါင်းလောင်းအား အောက်ဘက်မှထိမှန်သွားသည်။

“ဝုန်း”

ယင်းမှာ လွန်စွာမာကျောသောသတ္ထုနှစ်ခုတို့တစ်ခုနှင့်တစ်ခု ထိခတ်သကဲ့သို့ပင်ဖြစ်သည်။ တောအုပ်၏အလယ်ဗဟို၌ ပြင်းထန်သော မြည်ဟိန်းသံကြီးတစ်ခုထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏တိုက်ခိုက်မှုသက်ရောက်သော အောက်တွင် လေထဲ၌မျောလွင့်နေသော ကြေးနီရောင်ခေါင်းလောင်းကြီးမှာ စတင်၍ပြင်းထန်စွာလှုပ်ခါယိမ်းထိုးလာသည်။

ကြေးခေါင်းလောင်းကြီး၏ထိပ်ဖျား၌ဝင့်ကြွားစွာ ရပ်နေခဲ့သော တိယီပင် သက်ရောက်မှုကြောင့်နတ်ဘုရား မြေခေါင်းလောင်းနှင့်အတူ လှုပ်ခါယိမ်းထိုးနေသည်။

“ဟားဟားဟား”

ဤအခိုက်အတန့်တွင် တိယီ၏နားအတွင်းသို့ ထူးဆန်းသော ရယ်မောသံတစ်ခုကဝင်ရောက်လာသည်။ ဤရယ်မောသံအား တိယီကြားလိုက်ရသောအခါတွင် သူ၏အမူအယာက သိသိသာသာကိုပြောင်းလဲသွားသည်။ သူ၏မျက်လုံးတို့က အသားကုန်ပြူးကျယ်နေပြီး သူငယ်အိမ်ထဲမှ ကျွတ်ထွက်လာတော့မည့်နှယ်ပင်ဖြစ်သည်။ သူကအလျှင်အမြန်အော်ပြောလိုက်၏။

“အိုး..မကောင်းတော့ဘူး”

တိယီ၏ “မကောင်းတော့ဘူး”ဟူသောစကားသံထွက်လာပြီးပြီးချင်း ရှုပ်ပွသောဆံပင်ရှည်တို့နှင့် ငယ်ရွယ်သောဦးခေါင်းက ရုတ်ခြည်းလေထဲသို့လွင့်ပျံတက်သွားသည်။

မျက်စိတစ်မှိတ်အတွင်း တိယီက ဦးခေါင်းမဲ့သောအလောင်းတစ်ခုအဖြစ်ပြောင်း လဲသွား၏။ဦးခေါင်းမဲ့နေသောအလောင်းမှ တောက်ပနီရဲသောသွေးတို့က ပန်းထွက်လာပြီး နေရာအနှံ့သို့ ဖြန်းပတ်ကျစင်သွားသည်။

ထို့နောက်မှုန်ဝါးဝါးအနက်ရောင်အရိပ်တစ်ခုက ဦးခေါင်းမဲ့နေသောအလောင်းနံဘေး၌ ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုနောက် အနက်ရောင်အရိပ်က ရှင်းလင်းသည်ထက်ရှင်းလင်းလာသည်။ ၎င်းက ခေါင်းဆောင်းပါသော အနက်ရောင်ဝတ်ရုံနှင့် လူပင်ဖြစ်သည်။

ကောင်းကင်ထဲသို့လွင့်ပျံတက်သွားသော ဦးခေါင်းက လျှင်မြန်စွာပြန်လည်ကျဆင်းလာသည်။ အနက်ရောင်ဝတ်ရုံနှင့်လူက လက်ကိုဆန့်ထုတ်လိုက်ပြီး ဦးခေါင်းအား သူ၏လက်ဖြင့်ဖမ်းဆီးဆုပ်ကိုင်လိုက်၏။

တိယီသေဆုံးသွားသောကြောင့် ရှစ်ဖုန့်ပေါ်သို့ကျရောက်နေသော ဖိအားမှာလည်း ပျောက်ကွယ်သွားသည်။ ငရဲဘုံကိုးခု အမှောင်ပညာရပ်ကို အသက်သွင်းလိုက်ပြီး တိယီ၏ သေခြင်းစွမ်းအင်ကို လျှင်မြန်စွာဝါးမျိုလိုက်သည်။ ထို့နောက်တိယီ၏ဝိညာဉ်မှာ အနက်ရောင်ဝတ်ရုံနှင့်လူ၏လက် အတွင်းလျှင်မြန်စွာရှိ ဦးခေါင်းထံမှ စုပ်ယူခံလိုက်ရသည်။

“အမ်”

ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့်လူကအံ့အားသင့်စွာ အာမေဋိတ်ပြုလိုက်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်နှင့်အညီ ဝိညာဉ်များကို မြင်နိုင်သည်မှာ သဘာဝဖြစ်သည်။ တိယီ၏ဝိညာဉ်က ပျံသန်းထွက်သွားပြီး ရှစ်ဖုန့်ထံသို့ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။ အနက်ရောင်ဝတ်ရုံနှင့်လူက ထိုအရာအား မတားဆီးခဲ့ပေ။

ဝိညာဉ်ကရှစ်ဖုန့်ထံသို့ချဉ်းကပ်လာသောအခါတွင် မမြင်နိုင်သောဝဲတစ်ခုက ရှစ်ဖုန့်၏မျက်ခုံးနှစ်ခုကြားနေရာ၌ ပေါ်လာသည်ကို သူမြင်တွေ့လိုက်ရသည်။ ရှစ်ဖုန့်ထံသို့ပျံသန်းသွားသောဝိညာဉ်မှာ မမြင်နိုင်သောဝဲ၏ရုတ်ခြည်းဝါးမျိုခြင်းကိုခံလိုက်ရသည်။

ရှစ်ဖုန့်၏မျက်ခုံးနှစ်ခုကြားနေရာရှေ့ရှိ မမြင်နိုင်သော ဝဲပျောက်ကွယ်သွားချိန်တွင် အနက်ရောင်ဝတ်ရုံနှင့်လူကပြောလိုက်သည်။

“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ယုတ်မာပြီးဆိုးဝါးတယ်လို့မင်းပြောတယ်နော်.. မင်းက မှပိုပြီး တောင် မကောင်းဆိုးဝါးဆန်သေးတယ်..မင်းက တကယ်ကြီး ဝိညာဉ်တွေကိုဝါးမျိုတဲ့ ပညာရပ်တစ်ခုကို ကျင့်ကြံထားတာပဲ”

ရှစ်ဖုန့်ကအနက်ရောင်ဝတ်ရုံနှင့်လူအားလျစ်လျူရှုလိုက်သည်။ မူလက ရပ်တန့်နေသောသူ၏ကိုယ်က ထပ်မံစတင်လှုပ်ရှားလာသည်။ ထို့နောက်ဦးခေါင်းမဲ့နေသောကိုယ်မှ တောက်ပနီရဲသောသွေးများ ပန်းထွက်နေသည်ကို အနက်ရောင်ဝတ်ရုံနှင့်လူမြင်တွေ့လိုက်ရသည်။ ရုတ်ခြည်း သွေးများပန်းထွက်နေမှုက ပို၍ပြင်းထန်လာသည်။ ၎င်းက သွေးနီရောင်ရေတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

“သူက ဝိညာဉ်တွေကို ဝါးမျိုရုံတင်မကဘူး သွေးကိုပါဝါးမျိုတာပဲ. ဒီကောင်စုတက်ကတကယ်ကြီး ဆိုးယုတ်တဲ့ ပညာရပ်တစ်ခုကို ကျင့်ကြံထားတာပဲ”

အနက်ရောင်ဝတ်ရုံနှင့်လူကထပ်မံအံ့အား သင့်စွာပြောလိုက်သည်။

ဤအချိန်တွင် အစောပိုင်းကသူသတ်ခဲ့သော ဒါဇင်ကျော်သည့် မြေကလန်မှ ကျင့်ကြံသူများ၏ အလောင်းများက ရှုံ့တွခြောက်သွေ့သောအလောင်းများ အဖြစ်ပြောင်းလဲသွားသည်ကို သူမြင်တွေ့လိုက်ရသည်။

မကြာခင် နတ်ဘုရားမြေခေါင်းလောင်းထက် ၌ဝင့်ကြွားစွာရပ်နေခဲ့သော ဦးခေါင်းမဲ့အလောင်းကလည်း ရေဓာတ်တို့ဆုံးရှုံးလိုက်ရ သကဲ့သို့ဖြစ်လာသည်။ ၎င်းမှာနှစ်ပေါင်းရာနှင့်ချီဖြတ်သန်းကျော်ဖြတ်ခဲ့ရသည့်နှယ်ပင်ဖြစ်သည်။

“ဘန်း”

ဦးခေါင်းမဲ့အလောင်းက လဲပြိုကျဆင်းလာပြီး နတ်ဘုရားမြေခေါင်းလောင်းနှင့်ရိုက်မိကာ ကြွပ်ဆပ်သော အသံတစ်ခုကို ထွက်ပေါ်လာစေသည်။

ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းထက်ရှိ ဦးခေါင်းမဲ့အလောင်းအား အမှိုက်တစ်ခုအားကန်ထုတ်သကဲ့သို့ ကန်ထုတ်လိုက်သည်။

တစ်ချိန်ကမည်ကဲ့သို့ အဆင့်အတန်းမျိုးရှိနေခဲ့ပါစေ တစ်ချိန်ကမည်ကဲ့သို့ ကျွမ်းကျင်သူတစ်ဦးဖြစ်နေခဲ့ပါစေ တစ်ခါသေသွားသည်နှင့် ၎င်းကဘာမှမဟုတ်တော့ပေ။ ပါရမီရှင်တစ်ယောက်နှင့်အမှိုက်တစ်ခုကြားက ကြားနားချက်တို့လည်းရှိမနေတော့ပေ။

ထို့နောက် ရှစ်ဖုန့်က ခေါင်းကိုငုံ့လိုက်သည်။ သူ၏အကြည့်က ခြေဖဝါးအောက်၌ရှိနေသော နတ်ဘုရားမြေခေါင်းလောင်းထံသို့ ကျရောက်နေပြီးဖြစ်သည်။ အနက်ရောင်ဝတ်ရုံနှင့်လူမှာမူ သူဝင်ဆင်ထားသောအနက်ရောင်ဝတ်ရုံ အတွင်းမှနေ၍ သူ၏အကြည့်တို့က ရှစ်ဖုန့်အပေါ်သို့ကျရောက်နေပြီးဖြစ်၏။ ထို့နောက် အနက်ရောင်ဝတ်ရုံနှင့်လူကပြောလိုက်သည်။

“ကောင်လေး.. မင်းကဒီနတ်ဘုရားမြေခေါင်းလောင်းကိုတော်တော်လေး နှစ်သက်နေပုံရတယ်”

“ဟမ့်”

အနက်ရောင်ဝတ်ရုံနှင့်လူ၏စကားတို့အား ကြားပြီးနောက် ရှစ်ဖုန့်က အထင်းသေးအမှုအပြည့်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ သူ၏ခေါင်းအားဖြည်းညှင်းစွာမော့လိုက်ပြီး အနက်ရောင်ဝတ်ရုံနှင့်လူထံသို့ ဖြည်းညှင်းစွာကြည့်လိုက်၏။

“နတ်ဘုရားတစ်ပိုင်းအဆင့် ထူးခြားတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်တဲ့ ဒါက နတ်ဘုရားမြေခေါင်းလောင်းပဲ.. ဒါက ခင်ဗျားလိုအီးပေါလေအဘိုးကြီးတစ်ယောက်ကို မဆွဲဆောင်နိုင်တာများလား”

အကယ်၍ရှစ်ဖုန့်သာ ဤနတ်ဘုရားမြေခေါင်း လောင်းအားရရှိခဲ့ပြီး အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှရွှေရောင်အလင်းကွင်းနှင့် ဆိုလျှင် သူ၏တိုက်ခိုက်နိုင်စွမ်းက သေချာပေါက်တော်တော်လေး တိုးမြင့်လာလိမ့်မည်ဖြစ်သည်။

မြေကလန်မှ လူငယ်၏စွမ်းအားက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်အဆင့်၌သာရှိသော်လည်း ၎င်းကရှစ်ဖုန့်အား ဤကဲသို့ အခြေအနေတစ်ခုကို အတင်းအကျပ်ကျရောက်စေနိုင်စွမ်း ရှိခဲ့သည်ဖြစ်သည်။

သူ့အား အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ရွှေရောင်မြင့်မြတ်အလင်းက ကာကွယ်ပေးထား ခဲ့သော်လည်း ၎င်းကမကျော်လွှားနိုင်သောနေရာ တစ်ခုအတွင်းမျှခြေညီနေကာ နတ်ဘုရားမြေခေါင်းလောင်း၏ စွမ်းအားအားချိုးဖျက်ပြီး မြေကလန်မှလူငယ်အားသတ်ရန် လွန်စွာခက်ခဲစေခဲ့သည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့်လူက “ဟီးဟီး”ဟု ထပ်မံရယ်မောလိုက်သည်။ သူကပြောလိုက်သည်။

“ဟီးဟီး.. နတ်ဘုရားမြေခေါင်းလောင်းက မြေကလန်ရဲ့အဖိုးအတန်းဆုံးရတနာတစ်ခုပဲ.. ဒီအဘိုးကြီးလဲဆွဲဆောင်ခံရတာပေါ့..”

ထို့နောက်အနက်ရောင်ဝတ်ရုံနှင့် လူ၏စူးစိုက်ကြည့်မှုမှတစ်ဆင့် ဤအနက်ရောင်ဝတ်ရုံနှင့်အဘိုးကြီးက သူ့ခြေဖဝါးအောက်ရှိနတ်ဘုရား မြေခေါင်းလောင်းအားကြည့်နေသည်ကို မြင်နိုင်သည်ဖြစ်၏။

“နတ်ဘုရားတစ်ပိုင်းအဆင့် ရှေးပစ္စည်းတစ်ခု.. အကယ်၍ဒီအဘိုးကြီးသာ နတ်ဘုရားမြေခေါင်းလောင်းကိုရခဲ့ရင် တိုက်ခိုက်နိုင်စွမ်းကလည်းသေချာပေါက် ထပ်ပြီးတိုးမြင့်လာလိမ့်မယ်”

အနက်ရောင်ဝတ်ရုံနှင့်အဘိုးအို၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကရုတ်တရက်အေးစက်စွာပြောလိုက်သည်။ သူကပြောလိုက်၏။

“ဒါပေမဲ့ ဒီသခင်လေးကလည်း ဒီနတ်ဘုရားမြေခေါင်းလောင်း ကိုလိုချင်နေတယ်”

ဘယ်လိုဖြစ်ပြီးရှစ်ဖုန့်အနေဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့် ထူးခြားသောရှေးပစ္စည်းတစ်ခုကို အလွယ်တကူလက်လျော့ပစ်နိုင်ပါမည်နည်း။ ထိုထက်ပိုသည်ကား မြေကလန်မှတိယီကို သူတို့နှစ်ဦးအတူတကွသတ်ပစ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ ရှစ်ဖုန့်သာရှိမနေခဲ့လျှင် ဤသက်ကြားအိုကြီးလည်း ၎င်းအား အရမ်းလွယ်ကူစွာသတ်နိုင်ခဲ့လိမ့် မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့်လူက ထပ်မံပြောလိုက်သည်။

“ဟီးဟီး..ကောင်လေး. တို့တွေဒီလိုမျိုးဆက်တိုက်နေရင် မကြာခင်တစ်ခြားသူတွေဒီနေရာကို လာလိမ့်မယ်ဆိုတာငါသေချာပြောရဲတယ်. ခုဏကဖြစ်ခဲ့တဲ့တိုက်ပွဲက ကြီးမားတဲ့ ပွက်လောရိုက်မှုတစ်ခုကိုဖြစ်စေခဲ့တယ်. ငါတို့အသက်တွေကိုလိုချင်နေ တဲ့သူတော်တော်များများက အခုဒီနေရာကိုအပြင်းလာနေမှာအသေအချာပဲ”

“ခင်ဗျားကြောက်ရင်.. ဒီသခင်လေးကို နတ်ဘုရားမြေခေါင်းလောင်းကိုယူခွင့်ပေးလိုက်လေ..နောက်တစ်ကြိမ်ပစ္စည်းတွေရလာလို့ရှိရင်.. အဲ့တာကခင်ဗျားအတွက်ပေါ့.ဘယ်လိုသဘောရလဲ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“နောက်တစ်ကြိမ်တဲ့လား.ဟီးဟီး”

အနက်ရောင်ဝတ်ရုံနှင့်လူက ထပ်မံရယ်မောလိုက်ပြီးပြောလိုက်သည်။

“နောက်တစ်ကြိမ်ထပ်ရအုံးမယ်လို့ ဘယ်သူကပြောနိုင်မှာမို့လဲ..အဲ့တာထက် .. နတ်ဘုရားတစ်ပိုင်းရှေးပစ္စည်းတစ်ခုက သစ်ဆွေးစတစ်ခုလိုမျိုး နေရာတကာနဲ့လူတိုင်းဆီမှာများ ရှိနေမယ်လို့မင်းကထင်လို့လား”

“ခင်ဗျားရောဒီသခင်လေးရောက ဒီရှေးပစ္စည်းကိုလိုချင်နေမှတော့ ဘယ်လိုခွဲဝေကြမလဲ”

ရှစ်ဖုန့်ထပ်မံမေးကာအစ်အောက်ကြည့်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်ကဤလူအား ယခင်ထက်ပို၍သတိရှိလာသည်။ သူ့၌နတ်ဘုရားမြေခေါင်းလောင်းမရှိခင်ကပင် ၎င်းအပေါ်သတိရှိနှင့်ပြီးဖြစ်သည်။ ယခုနတ်ဘုရားမြေခေါင်းလောင်း ရှိလာသောကြောင့် ပို၍ပင် နိုးနိုးကြားကြားသတိဝီရိယရှိလာသည်။ အားနည်းသူကအားကြီးသူ၏သားကောင်ဖြစ်သော ဤကမ္ဘာအတွင်းတွင် ရှားပါးသောရတနာတစ်ခုအတွက် သတ်ဖြတ်ကြကာ လူများစွာကလည်းယင်းကို မှန်ကန်သောအရာတစ်ခုအဖြစ်ရှု မှတ်ကြသည်ဖြစ်သည်။

ထိုထက်ပိုသည်ကား ဤလူမှာ ဆိုးယုတ်မှုနှင့်ယှဉ်တွဲကာသိကြသော တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူဖြစ်သည်။

“ငါအရင်ကမင်းကို ပြောဖူးတဲ့နတ်ဘုရားတစ်ပိုင်းအ ဆင့်တိုက်ခိုက်ရေးနည်းစနစ်ကိုမင်းမှတ်မိသေးလား. မင်းသာနတ်ဘုရားမြေခေါင်းလောင်း ကိုငါ့ကိုယူခွင့်ပြုရင် ငါမင်းကိုနတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေး နည်းစနစ်ကိုသင်ပေးမယ်.. ဘယ်လိုသဘောရလဲ”

အပိုင်း(၉၃၂)

“နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးနည်းစစ်တစ်ခု”

အနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားတို့အား ကြားရသောအ ခါတွင် ရှစ်ဖုန့်တစ်ယောက် မနေနိုင်ဘဲ အတွင်းကျိတ်၍ အံ့အားသင့်စွာရေရွတ်လိုက်သည်။

အကယ်၍သူသာနတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးပညာရပ်အား ကျွမ်းကျင်သွားလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြီးစွာ တိုးမြင့်သွားမည်ကို ရှစ်ဖုန့်ယုံကြည်သည်ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ခိုက်ရေးနည်းစနစ်မှတစ်ဆင့် များစွာသောအရာများကို အဖြေထုတ်နိုင်ပြီး နတ်ဘုရားတစ်ပါးဖြစ်လာနိုင်သော လျှို့ဝှက်ချက်၏ သဲလွန်စတစ်ခုကို တွေ့ကောင်းတွေ့သွားနိုင်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

နတ်ဘုရားမြေခေါင်းလောင်းမှာမူ သူ့အား များစွာဆွဲဆောင်သည်ဖြစ်သော်လည်း ၎င်းက ယခုအချိန်၌သူ့နှင့် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုတို့၏ တိုက်ပွဲမှရသည့်အကျိုးရလဒ်ဖြစ်သည်။ အကယ်၍ရှစ်ဖုန့်ကသာ ၎င်းအား သည်အတိုင်းလိုချင်လျှင် အနက်ရောင်ဝတ်ရုံနှင့်လူကလည်း သဘောတူလိမ့်မည်မဟုတ်ပေ။ အနက်‌ရောင်ဝတ်ရုံနှင့်လူအတွက် ရှစ်ဖုန့်နှင့်အတူ နတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ခိုက်ရေးနည်းစနစ်အားလဲလှယ်ခြင်းက ကျိုးကြောင်းဆီလျော်သည်ဖြစ်သည်။

“ငါကမင်းကို နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို သင်ပေးမယ်..မင်းကငါ့ကိုနတ်ဘုရားမြေခေါင်းလောင်းကိုယူခွင့်ပေး.. ဘယ်လိုသဘောရလဲ”

ရှစ်ဖုန့်က ပြန်လည်တုန့်ပြန်ခြင်းမရှိသည်ကိုတွေ့ရသောအခါတွင် အနက်ရောင်ဝတ်ရုံနှင့်လူက ထပ်မံမေးလိုက်သည်။

ရှစ်ဖုန့်ကတွေးတောပြီးဖြစ်သောကြောင့် အနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားတို့အားကြားသောအခါတွင် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ...ဒါပေမဲ့ခင်ဗျားက ဒီသခင်လေးကို တိုက်ခိုက်ရေးနည်းစနစ်အရင်ဆုံးလွှဲပေးရမယ်”

“ဟားဟား..ငါမင်းကိုလိမ်မှာ ကြောက်နေတာလား.. ငါမင်းကိုကလေးတစ်ယောက်ကို မ လိမ်ပါဘူးကွ..”

စကားပြောနေရင်း အရိုးတစ်ခုပုံစံရှိသော လက်ချောင်းအရွယ်ထူးဆန်းသည့်အဖြူရောင်အရိုးတစ်ခုက အနက်ရောင်ဝတ်ရုံနှင့်လူ၏ လက်ထဲ၌ပေါ်လာသည်။ ထို့နောက်သူက အရိုးအား မျက်ခုံးနှစ်ခုကြားထဲ၌ထားလိုက်၏။

ဤအရိုးက ထျန်းဟန်တိုက်ကြီး၌ အသုံးပြုသော ကျောက်စိမ်းပြားနှင့်ဆင်တူသည်ဖြစ်သည်။ ၎င်းအား သတင်းအချက်အလက်များကို သိုမှီးရန်အသုံးပြု၏။ အနက်ရောင်ဝတ်ရုံနှင့်လူက အရိုးကျောက်တုံးအား ရှစ်ဖုန့်ကိုလွှဲပေးပြီး ပြောလိုက်သည်။

“ဒီထဲမှာ နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို မှတ်တမ်းတင်ထားပြီးပြီ.. အနာဂတ်မှာဒါကိုမင်းကျင့်ကြံနိုင်မနိုင်က မင်းရဲ့နားလည်းနိုင်မှပေါ်ပဲမူတည်တယ်”

ရှစ်ဖုန့်ကပြန်မပြောပေ။ ထိုအစား သူက လက်ကိုဆန့်ထုတ်လိုက်ပြီး အရိုးကျောက်တုံးကို ယူလိုက်သည်။ ၎င်းက အစစ်လားအတုလား မသိသောကြောင့်အရင်ဆုံးကိုယ်တိုင်စစ်ဆေးကြည့်ရမည်ဖြစ်သည်။ အကယ်၍ အဘိုးအိုက သူ့အား လှည့်စားရန်အခြားသော တိုက်ခိုက်ရေးနည်းစနစ်တစ်ခုအား အသုံးပြုခဲ့မည်လားဆိုသည်ကို သိချင်မိသည်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်က အဖြူ‌ရောင်အရိုးနှစ်ခုအား သူ၏မျက်ခုံးနှစ်ခုကြားထဲ၌ ဖိချလိုက်ပြီး အထဲရှိအချက်အလက်များကို ဖတ်ကြည့်လိုက်သည်။

အစပိုင်း၌ရှစ်ဖုန့်၏ မျက်နှာက တည်ငြိမ်နေသော်လည်း ဖြည်းဖြည်းချင်း သူ၏မျက်နှာက သိသာထင်ရှားစွာ ပြောင်းလဲသွားသည်။ သူကမနေနိုင်ဘဲ အံ့အားသင့်စွာ ပြောလိုက်သည်။

“နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးနည်းစနစ်..ဒါက နတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ခိုက်ရေးနည်းစနစ်ပဲ..အံ့ဩဖို့ကောင်းလိုက်တာ. ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား. ဟားဟား..ကောင်းတယ်ကွာ”

စကားပြောရင်း ရှစ်ဖုန့်က မနေနိုင်ဘဲရယ်မောလိုက်သည်။ ဤတိုက်ခိုက်ရေးနည်းစနစ်အား လက်ခံရရှိသောကြောင့်ရှစ်ဖုန့်တစ်ယောက်အလွန့်အလွန်ဝမ်းသာနေသည်ဖြစ်သည်။

အနက်ရောင်ဝတ်ရုံနှင့်လူက၎င်းအားကလီကမ္ဘာလုပ်ထားခြင်းမရှိဘဲ ရှစ်ဖုန့်အားတိုက်ခိုက်ရေးနည်း စနစ်အစစ်အမှန်ကိုလွှဲပေးခဲ့ခြင်းဖြစ်သည်။

“ဒီနတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ကို ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားလို့ခေါ်တယ်..အဲ့တာကလူတစ်ယောက်ကို နှလုံးသားထဲကနေ ကောင်းကင်နဲ့မြေကြီးရဲ့ဟင်းလင်းပြင်ကို အာရုံခံမိစေပြီး ပေါင်းစပ်စေကာ ဟင်းလင်းပြင်နဲ့တစ်သားတည်းဖြစ်လာစေပြီးကောင်းကင်နဲ့မြေကြီးရဲ့ ဟင်းလင်းပြင်ဓားတစ်လက်အနေနဲ့ အသုံးပြုနိုင်စေတယ်”

“မင်းမှာကကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက် ခွန်အားရှိတယ်.. ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားကို မင်းအမှန်တကယ်ကျွမ်းကျင်သွားရင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအား ကိုမင်းထုတ်ဖော်နိုင်စွမ်းရှိလိမ့်မယ်. ဒါပေမဲ့ မင်းကနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကို မဝင်ရောက်သေးတာကြောင့် မင်းရဲ့အထွတ်အထိပ်အခြေအနေမှာ အဲ့တာကိုတစ်ကြိမ်ပဲအသုံးပြုနိုင်လိမ့်မယ်.. အဲ့နောက်ပိုင်း မင်းစွမ်းအင်ကုန်ခမ်းသွားလိမ့်မယ်”

အကယ်၍သူသာ ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားအားကျွမ်းကျင်သွားလျှင် နတ်ဘုရားတစ်ပိုင်းနယ်ပယ် စွမ်းအားကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ထိုထက်ပိုသည်ကား ရှစ်ဖုန့်၌ သူ့အားကာကွယ်ပေးသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ရှိသည်ဖြစ်သည်။ သူ့အား အတောင်ပံတို့ပေါက်လာသော ကျားတစ်ကောင်အဖြစ်ပြော၍ရနိုင်သည်ဖြစ်၏။

“ကောင်းပြီကောင်လေး.. မင်းကြည့်လို့ဝပြီလား.. မင်းဆက်လုပ်နေရင် ငါတို့ကိုသတ်မဲ့သူတွေလာလိမ့်မယ်.. ငါ့ကတိကိုဖြည့်ပြီးပြီမို့ မင်းရဲ့ကတိကိုလည်း မင်းဖြည့်ဆည်းသင့်တယ်..”

ရှစ်ဖုန့်က အရိုးကျောက်တုံးအတွင်းရှိ ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား၌ ဆက်လက်နှစ်မြုပ်နေသည်ကို တွေ့ရသောအခါတွင် အနက်ရောင်ဝတ်ရုံနှင့်လူက ပြောလိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားအားကြားလိုက်ရသောအခါတွင် အသိပြန်ဝင်လာပြီး မျက်ခုံးနှစ်ခုကြားထဲမှ အရိုးကျောက်တုံးအား သူ၏ သိုလှောင်လက်စွပ်အတွင်း ထည့်လိုက်၏။

ထို့နောက် ရှစ်ဖုန့်၏ပုံရိပ်ကဖျက်ခနဲဖြစ်သွားပြီး နတ်ဘုရားမြေခေါင်းလောင်းထံမှ အဝေးသို့ မျောလွင့်ထွက်သွားလိုက်၏။ ထို့‌နောက် အပျက်အစီးများ ဖြည့် ဖုံးလွှမ်းနေသော မြေပြင်ထက်၌ဆင်းသက်လိုက်သည်။

“ဟားဟား.ဟားဟားဟားဟား”

ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းထံမှ ထွက်ခွာသွားသည်ကိုတွေ့လိုက်ရသော အခါတွင် ထပ်မံရယ်မောလိုက်သည်။ ထို့‌နောက် သူ၏ညာလက်အား လက်သည်းတစ်ခုအသွင်ပြုလုပ်လိုက်ပြီး အောက်ရှိနတ်ဘုရားမြေခေါင်းလောင်းကိုဖမ်းဆုပ်လိုက်၏။ အနက်ရောင်ဝတ်ရုံနှင့်လူ၏ စွမ်းအားအောက်တွင် နတ်ဘုရားမြေခေါင်းလောင်းက တစ်ဟုန်ထိုး ကျုံ့ဝင်လာပုံရသည်။

ဤအရာအား တွေ့ရသောအခါတွင် ဤအဘိုးအိုက သူ့အား သွေးနတ်ဆိုးသင်ကြားပေးခဲ့သော တစ်ခုနှင့်ဆင်တူသည့် လျှို့ဝှက်နည်းစနစ်တစ်ခုအား အသုံးပြုခဲ့ခြင်းဖြစ်မည်ဟု တိတ်တဆိတ်တွေးလိုက်သည်။

နတ်ဘုရားမြေခေါင်းလောင်းကကျုံ့ဝင်လာပြီးနောက် အနက်ရောင်ဝတ်ရုံနှင့်လူက လက်ထဲသို့ စုပ်ယူလိုက်သည်။ထို့နောက် သူကရှစ်ဖုန့်၏ နံဘေးသို့ လွင့်မြောဆင်းလာ၏။

အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ ထို့နောက် သူကပြောလိုက်၏။

“ကောင်လေး.. သွားစို့.. စွမ်းအားကြီးအော်ရာတွေအများကြီး ချဉ်းကပ်လာနေတာကို ငါအာရုံခံမိပြီးပြီ.. ငါတို့အခုထွက်မသွားရင် သွားနိုင်တော့မှာမဟုတ်တော့ဘူး”

“ကောင်းပြီ”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ သူတို့ထံသို့ ဘက်ပေါင်းစုံမှ တစ်ဟုန်ထိုးချဉ်းကပ်လာနေသော အော်ရာ များစွာကိုရှစ်ဖုန့်လည်းအာရုံခံမိပြီးဖြစ်၏။

ရှစ်ဖုန့်က မြေကန်၏သခင်လေး ဖြစ်သူတိယီနှင့်တိုက်ခိုက်နေချိန်တွင် တီရှာက မြေအောက်ထဲသို့ ပြန်သွားခဲ့သည်ဖြစ်သည်။ ရှစ်ဖုန့်နှင့်တီရှာတို့က သခင်နှင့်အစေခံစာချုပ်ရှိသောကြောင့် သိမ်မွေ့သော ဆက်နွယ်မှုတစ်ခုရှိသည်ဖြစ်သည်။ အတွေးတစ်ချက်ဖြင့်တီရှာကို သူဆက်သွယ်နိုင်၏။

ထို့နောက်တီရှာ၏ မြေစွမ်းအားအောက်တွင် ရှစ်ဖုန့်နှင့်အနက်ရောင်ဝတ်ရုံဝတ်လူတို့က မြေကြီးထဲသို့ထပ်မံနစ်ဝင်သွားသည်။

ကျယ်ပြောလှသော မြေရိုင်းဒေသကြီးအတွင်းမှ ထွက်သွားရန်အလုံခြုံဆုံးသောလမ်းမှာ မြေအောက်လမ်းကြေင်းဖြစ်သည်။

ရှစ်ဖုန့်နှင့်အနက်‌ရောင်ဝတ် အဘိုးအိုတို့ထွက်ခွာသွားပြီး သိပ်မကြာခင် များစွာသောပုံရိပ်များကရုတ်ခြည်း ကောင်းကင်ကိုမရပ်မနား ထိုးခွင်းပြီးဘက်ပေါင်းစုံမှ ပျံသန်းလာကာ ပြောင်းလဲသွားပြီးဖြစ်သည့် မှတ်မိနိုင်ရန်ပင်ခက်ခဲပြီး ရှုပ်ထွေးနေသော ဤတောအုပ်အထက်ကောင်းကင်ထဲ၌ ရပ်တန့်လိုက်ကြသည်။

မကြာခင်တွင် ကျင့်ကြံသူဆယ့်ခုနှစ်ဦးရောက်ရှိလာသည်။ ၎င်းတို့အားလုံးက မတူညီသောနေရာများမှလာကြည်သည့် မတူညီသော မျိုးနွယ်စုနှင့် ကလန်များမှဖြစ်ကြသည်။ ၎င်းတို့အားလုံးအား ဤနေရာရှိတိုက်ပွဲကဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။

တိရစ္ဆာန်သားရေကိုဝတ်ဆင်ထားသည့် တုတ်ခိုင်သန်မာသောလူတစ်ယောက်က အောက်ရှိရှုပ်ထွေးနေသော တိုက်ပွဲမြေပြင်အားကြည့်ပြီး ပြောလိုက်သည်။

“ဒီနေရာမှာ မြေကလန်ရဲ့အော်ရာတွေရှိနေတုန်းပဲ..မြေကလန်ရဲ့စစ်သည်တွေဒီနေရာမှာ တိုက်ခိုက်ခဲ့တာပဲဖြစ်ရမယ်”

“ဟမ်...ဒီမှာအလောင်းတွေပါလား.. ဒါတွေကအလောင်းတွေလား.. ဘယ်လိုဖြစ်ပြီးတော့ သူတို့တွေဒီလိုဖြစ်သွားတာလဲ”

ရုတ်ခြည်းတစ်စုံတစ်ယောက်မှာ မြေပြင်ထက်၌လဲလျောင်းနေသော ဒါဇင်ကျော်သည့် အလောင်းများကို မြင်တွေ့လိုက်ရသည်။ ထိုထက်ပိုသည်ကား ထိုအလောင်းများအနေဖြင့်သေဆုံးခဲ့သည်မှာ နှစ်ပေါင်းရာနှင့်ချီကြာမြင့်ခဲ့သလိုဖြစ်နေပြီး ရှုံ့တွခြောက်သွေ့နေပြီးဖြစ်သည်။ ၎င်းတို့ရုတ်ခြည်း အလန့်တကြားဖြစ်သွားကြသည်။

ထို့နောက် အားလုံး၏မျက်လုံးများက မြေပြင်ထက်ရှိ အလောင်းများပေါ်သို့ စုစည်းသွားသည်။ ပင့်သက်ရှိုက်သံတို့ကိုကြားရနိုင်၏။

“ဒါ..ဒါက မကောင်းဆိုးဝါးတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လုပ်တာပဲဖြစ်ရမယ်.. ဒီလောက်အတိုင်းအတာအထိလူတွေကို ညှင်းပန်းနှိပ်စက်ရာမှာ အသုံးပြုဖို့ ဘယ်လိုဆိုးယုတ်ပြီးအန္တရာယ်ကြီးတဲ့အတတ်ကို သူတို့ကျင့်ကြံကြတာလဲ”

“ဒီမကောင်းဆိုးဝါး တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူတွေ ငါတို့ကုန်းမြေမှာပေါ်လာတယ်.. လွန်ခဲ့တဲ့နှစ်ရက်က သူတို့ကယန်မျိုးနွယ်စုနယ်မြေထဲကို ဝင်ပြီး ယန်မျိုးနွယ်စုခေါင်းဆောင်နဲ့တောင်တိုက်ခိုက်ခဲ့တယ်..ယန်ချီကိုတောင်ထိခိုက်အောင်လုပ်နိုင်ခဲ့တယ်တဲ့.. ဒီဒါဇင်နဲ့ချီတဲ့လူတွေကိုလည်း တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကပဲ သတ်တာဖြစ်ရမယ်..တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ကျင့်ကြံမှုတွေကအရမ်းကိုဆိုးယုတ်ပြီး ကြောက်စရာကောင်းတယ်”

“ဒီလူကို ငါတို့သုတ်သင်ပစ်ရမယ်. ဒီမကောင်းဆိုးဝါးတောင်ပေါ်နတ်ဆရာမျိုးနွယ်စုကလူငါတို့ ကုန်းမြေမှာ ပုန်းနေရင် ငါတို့တွေဘယ်တော့မှတစ်ရက် တောင်ငြိမ်းငြိမ်းချမ်းချမ်းနေရမှာမဟုတ်ဘူး”

အောက်ဘက်ရှိတိုက်ပွဲမြေပြင်နှင့်မှတ်မိဖို့ပင်ခက်ခဲသော တိုက်ပွဲမြေပြင်ထက်ရှိပုံပျက်နေသည့် အလောင်းများအားကြည့်၍ လူတိုင်းကထပ်တလဲလဲပြောလိုက်သည်။ ဤအခိုက်အတန့်တွင် ပုံရိပ်များစွာက ပို၍ပို၍ ဘက်ပေါင်းစုံမှပျံသန်းလာပြီး ဤနေရာ၌စုစည်းရောက်ရှိလာကြသည်။

ဤအခိုက်အတန့်တွင် မြေပြင်ထက်၌ လဲလျောင်းနေသော ရှုံ့တွနေသည့်အလောင်းဆယ့်ငါးခုက ရုတ်ခြည်းမျောလွင့်တက်လာသ်ည။ သူတို့ကျင့်ကြံသူများကိုဖြတ်ကျော်ပြီး လေထဲသို့ဆက်လက်လွင့်မျောသွားသည်။

ထို့နောက်အကြည့်များက တစ်ခုပြီးတစ်ခုလွင့်မျောနေသော အလောင်းဆယ့်ငါးခုနောက်သို့လိုက်ပါပြီး ကောင်းကင်ထဲသို့ မော့ကြည့်လိုက်ကြသည်။ ထို့နောက်မကြာခင် အပြာရောင်ကောင်းကင်နှင့်အဖြူရောင်တိမ်တိုက်တို့ကြားထဲ၌ ဧကရာဇ်များကဲ့သို့ ဝင့်ကြွားစွာရပ်နေသော ပုံရိပ်သုံးခုကို မြင်တွေ့လိုက်ကြရသည်။

အပိုင်း(၉၃၃)

“ဟုတ်တယ်...သူတို့ပဲ..သူတို့လည်း ဒီကိုရောက်လာပြီ”

မျိုးနွယ်စုနှင့်ကလန်အသီးသီးတို့မှ စစ်သည်တော်မျာမှာ ကောင်းကင်ထဲမှ ပုံရိပ်သုံးခုအား မြင်တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်အံ့အားသင့်စွာပြောဆိုလိုက်ကြသည်။

“ဖီးနစ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဟွမ်ရှီ”

“လီမျိုးနွယ်စုခေါင်းဆေင် ယင်ကျန့်”

“လပြည့်မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်”

ထို့နောက်အောက်တွင်ရှိနေကြသော ကျင့်ကြံသူများမှာ ကောင်းကင်ထက်လူသုံးဦး၏ သရုပ်မှန်များကို ဖြည်းညှင်းစွာထုတ်ပြောလာသည်။

ဧကရာဇ်များကဲ့သို့ ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေကြသောလူသုံးဦးမှာ အင်အားကြီးမျိုးနွယ်စု သုံးခု၏ခေါင်းဆောင်များဖြစ်ကြသည်။ ၎င်းတို့အားလုံး၏နယ်ပယ်များက နတ်ဘုရားတစ်ပိုင်းနယ်ပယ်များဖြစ်သည်။

မျိုးနွယ်စုနှင့်ကလန်အသီးသီးတို့မှ ကျင့်ကြံသူများမှာ ၎င်းတို့ရောက်ရှိလာမှုကို သတိမပြုမိကြပေ။ သူတို့အထက်ကောင်းကင်ထဲ၌ တိတ်တဆိတ်ပေါ်လာသကဲ့သို့ပင်ဖြစ်သည်။

ရှုံ့တွနေသော အလောင်းဆယ့်ငါးခုက မျောလွင့်သွားပြီး လူသုံးဦး၏ရှေ့သို့ရောက်ရှိသွားသည်။ ၎င်းတို့က ဆိတ်ငြိမ်စွာဖြင့်ခံစားချက်မဲ့စွာ မျောလွင့်နေသည်။

လူသုံးဦးက ဂရုမထားသောဟန်ဖြင့် ရှုံ့တွခြောက်သွေ့နေသော အလောင်းဆယ့်ငါးခုကို ကြည့်လိုက်ပြီးတုန့်ခနဲရပ်သွားစေသည်။

ခဏကြာပြီးနောက်တွင် ယွဲ့ချန်ကပြောလိုက်သည်။

“မြေကလန်ကလူတွေရဲ့ဒီလောင်းတွေက သေပြီးသွားတာနှစ်ပေါင်းတော်တော်ကြာနေတဲ့ပုံစံမျိုးပေါက်နေတယ်..သူတို့ကလေဒဏ်မိုးဒဏ်ခံရပြီးတော့ ခြောက်သွေ့ရှုံ့တွသွားသလိုပေမဲ့ သူတို့သေပြီးတာက တစ်နာရီတောင်မကြာသေးဘူး .. ဒီအတွက်ဖြစ်နိုင်တဲ့အကြောင်းပြချက်က သူတို့ရဲ့သွေးတွေကို ခြောက်သွေ့တဲ့အထိ စုပ်ယူခံလိုက်ရလို့ပဲ”

ယွဲ့ချန်၏ စကားပြီးပြီးချင်း ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူ ဟွမ်ရှီက ပြောလိုက်သည်။

“အမှန်ပဲ. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူတစ်ယောက်က ဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့ပညာရပ်တစ်ခုကို ကျင်ကြံထားလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”

“ငါသာမမှားဘူးဆိုရင် ဒီဦးခေါင်းမရှိတော့တဲ့အလောင်းက အမြဲတမ်းသူ့ကိုယ်သူကမ္ဘာပေါ်မှာအတော်ဆုံးလူလို့ထင်နေတဲ့ တိလောရဲ့သားတိယီပဲ”

ဟွမ်ရှီကနောက်ဆုံးစကားကိုပြောသောအခါတွင် လူသုံးဦး၏အကြည့် ရှုံ့တွနေသော ဦးခေါင်းမဲ့ အလောင်းထံသို့ကျရောက်သွားသည်။

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော လီမျိုးနွယ်စု ခေါင်းဆောင်ဖြစ်သူ ယင်ကျန့်က ပြောလိုက်သည်။

“ဒါကတိလောရဲ့သားဆိုတာ အမှန်ပဲ”

“တိလောကသူ့ဘဝမှာအဖိုးတန် သားတစ်ယောက်ပဲရှိခဲ့တာ...သူကအမြဲတမ်းသူ့သားကို ဘိုးဘေးတစ်ဦးလိုကိုဆက်ဆံခဲ့တာ ....ကောလဟာလတွေအရသူ့သားကို မြေကလန်ရဲ့ရတနာဖြစ်တဲ့ နတ်ဘုရားမြေခေါင်းလောင်းကို ပေးထားတယ်တဲ့ .. သူ့ရဲ့အဖိုးတန်သားက အသတ်ခံလိုက်ရမယ်လို့ မမျှော်လင့်ထားမိဘူး”

“ဟားဟား ..အကယ်၍တိလောသာသူ့သားသေသွားတာကိုသိရင် ရူးသွားမှာပဲ...ဟားဟား”

လပြည့်မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သူ ယွဲ့ချန်က နှစ်ထောင်းအားရစွာဖြင့် ရယ်မောလိုက်သည်။

ဤကျယ်ပြောလှသော မြေရိုင်းဒေသအတွင်းရှိ မျိုးနွယ်စုတိုင်းက မြေကလန်ခေါင်းဆောင်ဖြစ်သူ တိလောတစ်‌ယောက် သူ၏အဖိုးတန်သားဖြစ်သူအားရတနာတစ်ခုကဲ့သို့ဆက်ဆံသည်ကို သိကြသည်ဖြစ်သည်။ ယခု သူ၏ရတနာကဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ထို့နောက် ယွဲ့ချန်က အခြားနှစ်ဦးကိုပြောလိုက်သည်။

“ဒီလိုတွေဖြစ်လာမှတော့ မင်းတို့နှစ်ယောက်က ဆက်ပြီး တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူငယ်ကိုရှာလိုက်..ငါကကောင်းမွန်တဲ့လူတစ်ယောက်အနေနဲ့ တိလောဆီကို ဒီအလောင်းကို ပြန်ယူသွားပေးမယ်..ဟားဟားဟားဟား”

ယွဲ့ချန်၏ စကားတို့အားကြားပြီးနောက် ဟွမ်ရှီနှင့် ယန်ကျန့်တို့က ဘာမှပြောခြင်းမရှိပေ။ သူတို့ကတစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ပြီးပြုံးလိုက်ကြသည်။

တိလော၏သားကသေဆုံးသွားပြီး ယွဲ့ချန်က သားဖြစ်သူ၏အလောင်းအား တိလောထံသို့ ယူသွားမည်ဖြစ်သည်ကို နှစ်ယောက်လုံးကသိထားပြီးဖြစ်သည်။

လွန်ခဲ့သောနှစ်အချို့က လပြည့်ကလန်နှင့် မြေကလန်နှစ်ခုလုံးက တစ်ချိန်တည်းတွင် သတ္ထုကြောတစ်ခုအားရှာဖွေတွေ့ရှိခဲ့သည်ဟု သူတို့ကြားဖူး၏။ ကလန်နှစ်ခုလုံးက သတ္ထုကြောကို ကိုယ့်အတွက်ကိုယ်သာရယူလိုကြပြီး ရလဒ်အနေနှင့် ကလန်နှစ်ခုကြား၌ စစ်ပွဲတစ်ခုဖြစ်ခဲ့သည်ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း မျိုးနွယ်စုနှစ်ခုလုံးမှ စစ်သည်များစွာ ထိခိုက်ဒဏ်ရာရပြီး သေကြေခဲ့ကြသည်ဖြစ်သည်။

“လူကြီးမင်းတို့ ကျုပ်အရင်ဆုံးသွားတော့မယ်”

ယွဲ့ချန်က ဟွမ်ရှီနှင့် ယန်ကျန့်တို့နှစ်ဦးကို ပြောလိုက်သည်။

သူ၏အသံမှေးမှိန်ပျောက်ကွယ်မသွားခင် ယွဲ့ချန်က ဦးခေါင်းမဲ့အလောင်းကိုဆုပ်ကိုင်ပြီး ဖျက်ခနဲပျောက်ကွယ်သွားသည်။

ဟွမ်ရှီနှင့် ယန်ကျန့်တို့ သူ့အားထပ်မံမြင်တွေ့ရချိန်တွင် ယွဲ့ချန်က ဦးခေါင်းမဲ့အလောင်းကိုဆုပ်ကိုင်ထားပြီး အခြားတစ်ဖက်ရှိ ဟင်းလင်းပြင်၌ ပြန်လည်ပေါ်လာပြီးဖြစ်သည်။ နောက်ထပ်ဖျက်ခနဲဖြစ်သွားပြီး ယွဲ့ချန်၏ပုံရိပ်က ရုတ်ခြည်းထပ်မံပျောက်ကွယ်သွားသည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူကအဝေးသို့နေရာကူးပြောင်းနိုင်သည်ဖြစ်သည်။

သူက တိတ်တဆိတ်ပေါ်လိုက် ပျောက်လိုက်ဖြစ်နေပြီး အခြားသူများအားသူ့အားဖမ်းမိရန်ခက်ခဲစေသည်ဖြစ်သည်။

ယွဲ့ချန်ထွက်ခွာသွားပြီးနောက် ဟွမ်ရှီနှင့်ယန်ကျန့်တို့က တစ်ယော်ကိုယ်တစ်ယောက်ထပ်မံကြည့်လိုက်ကြသည်။ မြေကလန်က ထပ်မံ ဂနာမငြိမ်ဖြစ်တော့မည်ဖြစ်သည်။ တိလောတစ်ယောက်ရူးသွပ်သွားတော့မည်ဖြစ်၏။

“သွားစို့..တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူငယ်ကို ရှာပြီး သူ့ကို ဖြစ်နိုင်သမျှအမြန်ဆုံးတွေ့ဖို့လိုတယ်. ငါတို့သူ့ကို မရှင်းပစ်နိုင်ရင် ငါတို့ရဲ့ကျယ်ပြောတဲ့မြေရိုင်းဒေသကြီးက ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်တော့ဘူး.. “

ဟွမ်ရှီက ယန်ကျန့်ကိုပြောလိုက်သည်။

“အင်း.. ငါတို့တွေဖြစ်နိုင်သမျှအမြန်ဆုံးရှာရမယ်”

ယန်ကျန့်က ခပ်ရေးရေးအပြုံးတစ်ခုနှင့် ခေါင်းညိမ့်လိုက်သည်။

ဤအခိုက်အတန့်တွင် သူတို့အနေဖြင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စု၏အန္တရာယ်ကို အမြစ်ဖျက်ချေမှုန်းရရုံသာမက ကျယ်ပြောသောမြေရိုင်းဒေသကြီးကို ငြိမ်းချမ်းမှုလည်းယူဆောင်ပေးရမည်ဖြစ်သည်။

တိယီသေဆုံးသွားပြီး တိယီက မြေကလန်၏ရတနာ နတ်ဘုရားမြေခေါင်းလောင်းကိုအသက်ရှင်စဉ်က သယ်ဆောင်ထားသည်ကို သူတို့သိကြသည်ဖြစ်သည်။

သူတို့၏ထက်ရှသော အာရုံခံနိုင်မှုအရ အောက်ဘက်ရှိစစ်မြေပြင်၌ နတ်ဘုရားမြေခေါင်းလောင်း၏ အော်ရာရှိနေဆဲဖြစ်သည်ကိုသူတို့ အာရုံခံမိသည်ဖြစ်သည်။

တိယီကသေသွားပြီဖြစ်သောကြောင့် နတ်ဘုရားမြေခေါင်းလောင်းကလည်း တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူငယ်၏လက်အတွင်းသို့ ကျရောက်သွားပြီးဖြစ်ရမည်ဖြစ်သည်။

တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်အား သူတို့ရှာတွေ့ပြီးသတ်ပြီးသည်နှင့် နတ်ဘုရားမြေခေါင်းလောင်းကသူတို့အပိုင်ဖြစ်လာလိမ့်မည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဖီးနစ်မျိုးနွယ်စုခေါင်းဆောင် ဟွမ်ရှီနှင့် လီမျိုးနွယ်စု ခေါင်းဆောင်ယန်ကျန့်တို့က မျက်နှာထက်ပ အပြုံးခပ်ရေးရေးကိုဆင်မြန်းထားသည်။

ထို့နောက်အောက်ဘက်ရှိဒါဇင်နှင့်ချီသော ကျင့်ကြံသူများ၏အကြည့်အောက်၌ပင် ပုံရိပ်နှစ်ခုက ဖျက်ခနဲဖြစ်သွားပြီး သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ထို့နောက် လေထဲ၌မျောလွင့်နေသော ရှုံ့တွနေသည့် အလောင်းဆယ့်လေးလောင်းက လှုပ်ရှားလာပြီးမြေပြင်ထက်သို့ ကျဆင်းလာသည်။

...................

“လူငယ်လေး.. ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား အပေါ်မင်းရဲ့နားလည်မှုက ဘယ်လိုရှိလဲ”

မှောင်မိုက်နေသောမြေအောက်ထဲတွင် တီရှာ၏မြေစွမ်းအား နှင့် အနက်ရောင်ဝတ်ရုံလူတို့၏ ဦးတည်ချက်လမ်းညွှန်မှုတို့အောက်၌ သုံးယောက်သား လျှင်မြန်စွာရွေ့လျားနေဆဲဖြစ်သည်။

အစောပိုင်းကစကားပြောလိုက်သည့်သူမှာ အက်ရှသောအသံနှင့် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုပင်ဖြစ်သည်။

သူတို့ကမြေအောက်၌ရွေ့လျားနေသော်လည်း ရှစ်ဖုန့်က နတ်ဘုရားတစ်ပိုင်းပညာရပ်ဖြစ်သည့် ဟင်းလင်းပြင်သတ်ဖြတ်ခင်းဓား၌နစ်မြောနေဆဲဖြစ်သည်။

အနက်ရောင်ဝတ်ရုံနှင့် လူ၏အသံက ရှစ်ဖုန့်၏နစ်မြောနေမှုကို ဖျက်ဆီးလိုက်၏။ ရှစ်ဖုန့်ကစိတ်ထဲမှသက်ပြင်းချလိုက်သည်။

“ဒီနတ်ဘုရားတစ်ပိုင်းပညာရပ်က တကယ့်ကို လှပသိမ်မွေ့လက်ရာမြောက်တယ်.. ဒါပေမဲ့တကယ့်ကို အလွန်လေးနက်တာပဲ..လမ်းတစ်လျှောက်လုံး ဒီသခင်လေး အပေါ်ယံလောက်ကိုပဲ ကိုင်တွယ်ဖြေရှင်းနိုင်တယ်.. ဒါကိုအမှန်တကယ်ကျွမ်းကျင်တတ်မြောက်ချင်ရင် အချိန်တော်တော်လေးသုံးပြီးတော့ အားထုတ်ကြိုးပမ်းမှရမယ်”

“အိုး”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် အနက်ရောင်ဝတ်ရုံနှင့်လူက အံ့အားသင့်စွာပြောလိုက်သည်။

“အချိန်တိုလေးအတွင်းမှာ မင်းက တကယ်ကြီးဒါကိုဆင်ခြင် နားလည်နိုင်သွားတာလား”

“မဖြစ်နိုင်တာ...ဒီအဘိုးကြီးရဲ့ပါရမီစွမ်းရည်နဲ့တောင် အဲ့တုန်းက ဒါကိုဆင်ခြင်နားလည်နိုင်ဖို့အချိန်ငါးရက်ယူခဲ့ရပြီး အပေါ်ယံလောက်ကိုပဲ ဖြေရှင်းနိုင်ခဲ့တာ ဒါပေမဲ့ မင်းကတော့.. လေးနာရီလောက်လေးနဲ့ ဆင်ခြင်နားလည်နိုင်ပြီလို့ပြောနေတယ်”

“လူငယ်လေး. မင်းမှားပြီများဆင် ခြင်နားလည်နိုင်တာဖြစ်နေမလား.. နတ်ဘုရားတစ်ပိုင်းနည်းစနစ်ကို မကျွမ်းကျင်ခင်မှာမင်းလမ်းမလွဲစေနဲ့အုံး”

“ဟမ့်”

အဘိုးအို၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကအထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

“ဘယ်လိုလုပ်ပြီးဒီသခင်လေးရဲ့ ဆင်ခြင်နားလည်နိုင်စွမ်းကိုခင်ဗျားကယှဉ်နိုင်မှာလဲ”

ယခင်ငရဲဘုံကိုးခုဧကရာဇ်က လွန်စွာပါရမီစွမ်းရည်ရှိသောသူဖြစ်သည်။ ထျန်းဟန်တိုက်ကြီးတွင် သူ၏တိုက်ခိုက်ရေးအတွေ့အကြုံနှင့် ဆင်ခြင်နားလည်နိုင်စွမ်းတို့ကို ပေါင်းစပ်၍ အထွတ်အထိပ်ပညာရပ်များကို ဖန်တီးခဲ့သည်ဖြစ်သည်။

သူ၏ဟင်းလင်းပြင်သတ်ဖြတ်ဓား အပေါ်ဆင်ခြင်နားလည်နုင်စွမ်းက မမှားယွင်းပဲ လမ်းလွဲသွားမည်မဟုတ်သည်ကို ရှစ်ဖုန့်အနေဖြင့်ရာနှုန်းပြည့်ပြောရဲသည်ဖြစ်၏။

အနက်ရောင်ဝတ်ရုံနှင့်လူက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဟားဟား မင်းမှန်ပါစေလို့ငါမျှော်လင့်ပါတယ်.ငါမင်းလမ်းလွဲသွားမှာကို မမြင်ချင်ဘူး”

ဤအချိန်တွင် ရှစ်ဖုန့်ကရှေ့သို့စိုက်ကြည့်ပြီး မေးလိုက်သည်။

“ဒီသခင်လေးတို့ လက်ရှိအမြန်နှုန်းနဲ့ မြေအောက်ထဲကနေ မြေရိုင်းဒေသကြီးထဲကထွက်သွားဖို့ ဘယ်လောက်ကြာမလဲ”

“ဒီနှုန်းအတိုင်းသာငါတို့သွားရင် အမြန်ဆုံး တစ်လလောက်ကြာလိမ့်မယ်”

အနက်ရောင်ဝတ်ရုံနှင့်လူကပြန်ဖြေသည်။

“တစ်လလား.အဲ့လောက်ကြာတယ်ပေါ့”

ရှစ်ဖုန့်ကပြောသည်။

“ငါပြောချင်တာက လက်ရှိအမြန်နှုန်းနဲ့ဆို တစ်လကြာမယ်ပြောတာ”

အနက်ရောင်ဝတ်လူကပြောသည်။ ထို့နောက်ထပ်ပြော၏။

“လက်ရှိငါတို့အခြေအနေကို အခြေခံရရင် ဒီနေရာကနေအမှန်တကယ်ထွက်နိုင်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ ငါတကယ်မပြောနိုင်ဘူး”

“ခင်ဗျားဘာကိုဆိုလိုတာလဲ”

ရှစ်ဖုန့်က အနက်ရောင်ဝတ်လူ၏ စကားတို့အားကြားပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

၎င်းအနေဖြင့်သူမသိသေ သတင်းအချို့အား သိနေပုံရသည်။

All Chapters