အခန်း (၉၃၇-၉၃၉)
Vol. 63 Ch. 937-939
အပိုင်း(၉၃၇)
ပုံရိပ်သုံးခုက မြေပြင်အား မြင့်မားသော အမြန်နှုန်းဖြင့် ထိုးခွင်းဖြတ်သန်းသွားနေသည်။ ခဏကြာမြင့်ပြီးနောက် ဝတ်ရုံနက်က ရုတ်ခြည်းပြောလိုက်သည်။
“ညရောက်လာပြီ.. အပေါ်ကိုသွားစို့”
“ကောင်းပြီ”
ရှစ်ဖုန့်စကားပြောပြီးသောအခါတွင် မူလကရှေ့သို့ချီတက်နေသော ပုံရိပ်သုံးခုက တုန့်ခနဲရပ်သွားပြီး ဒေါင်လိုက်အတိုင်း မြေပြင်ထက်သို့ ထိုးတက်သွားသည်။ မကြာခင် ပုံရိပ်သုံးခုက မျက်နှာပြင်ပေါ်၌ မျောလွင့်ပေါ်လာသည်။
ဝတ်ရုံနက် ပြောခဲ့သကဲ့သို့ ည၏လိုက်ကာက ဤကမ္ဘာပေါ်သို့ ကျဆင်းလာပြီးဖြစ်သည်။ ညကောင်းကင်ယံ၌ အသင်္ချေသော ကြယ်တို့ မှိုလိုပေါက်နေသည်။
မြေပြင်မှထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ဝတ်ရုံနက်က ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်သည်။
ထို့နောက်ဂါထာရွတ်သကဲ့သို့ ခပ်တိုးတိုးတီးတိုးရွတ်ဆိုသံတစ်ခု ကိုရှစ်ဖုန့်ကြားလိုက်ရသည်။ ထို့နောက်သူ၏ ပုံရိပ်က အမှောင်ထုအတွင်း ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်သည်။
သူ၏ကာယခန္ဓာကိုယ်သာမက သူ၏ အော်ရာကပါ ဖုံးကွယ်သွားသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်သည်။
“မယုံနိုင်စရာကောင်းလိုက်တဲ့ ဖုံးကွယ်ခြင်းပညာရပ်ပဲ..ဒီလျှို့ဝှက်နည်းစနစ်က သေချာပေါက် နတ်ဘုရားတစ်ပိုင်း တိုက်ခိုက်ရေးနည်းစနစ် ဟင်းလင်းပြင်ဓားချက်ထက် ပိုတန်ဖိုးရှိတယ်.. ဒီသက်ကြားအိုကြီးက ဒီလျှို့ဝှက်ပညာရပ်အပေါ်အားကိုးပြီးဘာသဲလွန်စမှမကျန်စေပဲ အဝေးကိုပျောက်ကွယ်သွားစေကာ လူတွေကို သူ့ရဲ့တည်ရှိမှုကို အာရုံခံမရအောင်လုပ်တာပဲ”
ရှစ်ဖုန့်က အံ့အားသင့်စွာရေရွတ်လိုက်သည်။
ထို့နောက်ရှစ်ဖုန့်က သူ့ဘေးရှိ တီရှာကိုကြည့်လိုက်သည်။ တီရှာက ဝတ်ရုံနက်၏ လျှို့ဝှက်ပညာရပ်ဖြင့် ဖုံးကွယ်ခံရခြင်းမရှိပေ။ အတွေးတစ်ချက်ဖြင့် တီရှာ၌သွေးနီရောင်အလင်း တစ်ခုဖျက်ခနဲလင်းလက်သွားပြီး ရှစ်ဖုန့်၏သွေးကျောက်ပြားနေရာ လွတ်အတွင်းသို့ ပြန်လည်ခေါ်ဆောင်ခြင်းခံလိုက်ရသည်။
ဤအခိုက်အတန့်တွင်ဝတ်ရုံနက်၏ အသံကရှစ်ဖုန့်၏နားထဲ၌ ထပ်မံမြည်ဟိန်းလာသည်။
“ငါမင်းဆီကို ထုတ်လွှတ်တဲ့အော်ရာကို မင်းအာရုံခံမိလား”
“အင်း”
ရှစ်ဖုန့်က ပြန်ဖြေသည်။
ဝတ်ရုံနက်က ပြောသည်။
“ဒီအော်ရာအတိုင်းလိုက်ပြီး ငါကမင်းကိုဦးဆောင်ခေါ်သွားတယ်.. ငါနဲ့နီးနီးလိုက်လာခဲ့..... ငါနဲ့အရမ်းဝေးကိုရောက်သွားရင် မင်းရဲ့ပုံရိပ်ထွက်ပေါ်လာလိမ့်မယ်.. အကယ်၍မင်းကို ရှာတွေ့လို့ အသတ်ခံရရင် ငါ့တာဝန်မဟုတ်ဘူး”
ထို့နောက်မကြာခင် သူ့ထံသို့ ကူးပြောင်းပေးထားသော အော်ရာမျှင်တန်းကကောင်းကင်ထဲသို့ တစ်ဟုန်ထိုး စတင် ထိုးတက်သွားသည်ကိုရှစ်ဖုန့် အာရုံခံမိလိုက်သည်။ ရှစ်ဖုန့်အနေဖြင့် အလျှင်အမြန်ဖြင့်နှောင့်နှေးခြင်းမပြုရဲပေ။သူ၏ပုံရိပ်က လှုပ်ရှားသွားပြီး အော်ရာမျှင်တန်းနောက်မှ နီးကပ်စွာလိုက်ပါသွားသည်။
သူ၏ပုံရိပ်အားဖုံးကွယ်ပြီး ကောင်းကင်ကိုဖြတ်သန်းကာသွား နိုင်သောကြောင့်သူ့အနေဖြင့်ကိုယ်ကိုယ်ကိုယ်ထွက်ပေါ်အောင်မပြုလုပ်လိုပေ။
လေကိုထိုးခွင်းကာဖြတ်သန်းသောအမြန်နှုန်းက မြေအောက်ကိုဖြတ်သန်းကာ သွားလာခြင်းထက်ပိုမို၍မြန်ဆန်သည်ဖြစ်သည်။ သူတို့အနေဖြင့် ရှစ်ဖုန့်အတွက်အန္တရာယ်များသော မြေရိုင်းဒေသကသကြီးအတွင်းမှ ထွက်ခွာနိုင်မည်ဖြစ်သည်။
မြေအောက်ထဲမှထွက်လာသောရှစ်ဖုန့်နှင့် သူ၏ အဖော်တို့က ဟင်းလင်းပြင်လမ်းကြောင်းကို ယူပြီး သိပ်မကြာခင် သူတို့ထွက်ပေါ်လာခဲ့ရာနေရာရှိညကောင်းကင်ယံထဲ၌ ပုံရိပ်ငါးခု ရုတ်ခြည်း ပေါ်လာသည်။
အံ့အားသင့်သောအသံများအစီအရီထွက်ပေါ်လာ၏။
“အမ်... ခုဏက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူရဲ့အော်ရာကို ငါရှင်းရှင်းလင်းလင်း ချုပ်ထားတာပါ.. အဲ့တာက ဒီနေရာရဲ့အောက်ခြေကနေပြီး အပေါ်ကို မျောလွင့်တက်လာတာ ဘာလို့ပါးလွှာတဲ့လေထုထဲမှာရုတ်ခြည်းပျောက်ကွယ်သွားတာလဲ”
ထိုအသံပျောက်ကွယ်သွားပြီးနောက် နောက်ထပ်လူတစ်ယောက်က ပြောလိုက်သည်။
“တကယ်ပဲ ငါသူရဲ့တည်ရှိမှုကို အာရုံမခံနိုင်ဘူး”
“ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူက တကယ်မရိုးရှင်းတဲ့ပုံပဲ.. ယန်မျိုးနွယ်စု ဆီကသတင်းအရဆိုရင် ယန်မျိုးနွယ်စုခေါင်းဆောင်က ယန်ချီးနဲ့တိုက်တော့ ထိခိုက်မှုအများကြီးဖြစ်သွားစေတယ်တဲ့”
“ငါသာမမှားရင် အဲ့ရှီကွမ်းက ကြံမျိုးနွယ်စုက ပဲ.. သူကလည်းငါတို့လို နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦးပဲ”
“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက အဲ့လူက အစတည်းက နတ်ဘုရားတစ်ပိုင်းတစ်ယောက်ရဲ့ စွမ်းအားရှိနေတာဖြစ်ရမယ်.. အဲ့နောက် သူက မြေကလန်ခေါင်းဆောင်တိလောရဲ့သား အရူး ကောင်တိယီကိုသတ်ပြီး နတ်ဘုရားမြေခေါင်းလောင်းကို ယူသွားတာပဲ.. သူကနောက်ထပ်ကံကောင်းမှုတစ်ခုကို ရသွားတယ်လို့တောင်ပြောလို့ရတယ်”
“အခု ဒီမကောင်းဆိုးဝါးရဲ့ လမ်းကြောင်းကို လွတ်သွားပြီ.. တို့တွေ ဒီမှာထိုင်ပြီး သေတာကိုစောင့်နေမယ့်အစား ဘာလို့ ကျင်းဖူကိုသွားမရှာတာလဲ.. သူ့ရဲ့မိုင်တစ်ထောင် နတ်ဘုရားမှန်က မိုင်ပေါင်းတစ်ထောင်အတွင်းက အရာမှန်သမျှကို မြင်နိုင်တယ်လို့ပြောတယ်မလား ..ဒီမကောင်းဆိုးဝါးရဲ့လမ်းကြောင်းကို ငါတို့လွတ်သွားပေမဲ့သူ့ရဲ့ မိုင်တစ်ထောင် နတ်ဘုရားမှန်က အဲ့မကောင်းဆိုးဝါးကို စောင့်ကြည့်နိုင်သေးတာပဲ”
“အင်း..ငါတို့သူ့ကိုမရှာနိုင်မှတော့ ကျင်းဖူကိုတစ်ချက်သွားရှာတာပေါ့… အဲ့တာက အဲ့မကောင်းဆိုးဝါးကိုအခြား သူတွေအရင်ဆုံးရှာတွေ့မှာကို တားဆီးပေးလိမ့်မယ်”
“သွားစို့”
မကျယ်သော အော်ပြောသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်ငါးခုက ညကောင်းကင်ယံထဲ၌ ပျောက်ကွယ်သွားသည်။
ပုံရိပ်ငါးခုပျောက်ကွယ်သွားပြီးနောက် အထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့သောအသံတစ်ခု ကကောင်းကင်ထဲမှ ထွက်ပေါ်လာသည်။
“ဟမ့်.. မင်းတို့က နတ်ဘုရားမြေခေါင်းလောင်းအတွက်နဲ့ ကျီးကန်းနက်ကလန်က ငါပုယာနဲ့ တိုက်ခိုက်ချင်တယ်ပေါ့လေ”
အေးစက်သောနှာခေါင်းရှုံ့သံထွက်ပေါ်လာပြီးနောက် ငယ်ရွယ်သောပုံရိပ်တစ်ခုက ညအမှောင်ထုအတွင်းမှ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြည်းညှင်းစွာပေါ်လာသည်။ သူကအောက်သို့ငုံ့ကြည့်နေပုံရ၏။ ငယ်ရွယ်သောပုံရိပ်၏ဘေးတွင် ဧရာမကျီးကန်းနက်ကြီးတစ်ကောင်ရှိနေသည်။
ထို့နောက် လူငယ်က သူ၏ခေါင်းကိုမော့လိုက်ပြီး သူ့ရှေ့ရှိအကန့်သတ်မဲ့သော ညကောင်းကင်ယံကိုကြည့်လိုက်သည်။
၎င်းကရည်ရွယ်ချက်ရှိရှိလား တိုက်ဆိုင်ခြင်းလားဆိုသည်ကို မည်သူကမှမသိသော်လည်း လူငယ်ကြည့်နေသော ဦးတည်ရာဘက်က လျှို့ဝှက်နည်းစနစ်၏ ဖုံးကွယ်ပေးထားမှုအောက်၌ရှစ်ဖုန့် သွားခဲ့သောဦးတည်ရာဘက် တကယ်ကြီးဖြစ်နေသည်။
“ကျီးနက်..သွားစို့”
ထို့နောက် ပုယာဟုခေါ်သောလူငယ်က ကျီးကန်းနက်အား ဂရုမထားဟန်ဖြင့်ခေါ်လိုက်သည်။
ထို့နောက် သူနှင့် ကျီးကန်းနက်တို့က ညကောင်းကင်ယံထဲ၌အတူတကွ ပျောက်ကွယ်သွားသည်။
“ဟင်းလင်းပြင်ဓား.သတ်ဖြတ်ခြင်း”
ညကောင်းကင်ယံထဲတွင် လူငယ်တစ်ယောက်၏အေးစက်သောအော်သံထွက်ပေါ်လာသည်။ ဤအော်သံထွက်ပေါ်လာသကဲ့သို့ နာကျင်မှုအပြည့်ဖြင့်အော်သံတစ်ခုလည်းထွက်ပေါ်လာသည်။
မရေတွက်နိုင်သောထက်ရှသည့်ဓားတို့ဖြင့်ပိုင်းဖြတ်ခံထားရသည့် အရပ်မြင့်မြင့်နှင့်တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်တစ်ခုက ပေါ်လာသည်။ သူ၏ကိုယ်ကရုတ်ခြည်းအပိုင်းပိုင်းကွဲ ထွက်သွားပြီး များစွာသောသွေးစွန်းသည့်အသားအပိုင်းအစများအဖြစ်ပြောင်းလဲသွားသည်။
ဤအသားအပိုင်းအစများ၏ရှေ့တွင် ဖြူစွတ်သော ဝတ်ရုံတစ်ခုနှင့် လူငယ်တစ်ဦးရပ်နေသည်။ သူ၏ဆံပင်ရှည်တို့က လေနှင့်အတူ လူးလွန့်နေကာ လရောင်နှင့်ရေချိုးထားသကဲ့သို့ပင်ဖြစ်သည်။
မြေရိုင်းဒေသကြီးအတွင်း၌နေထိုင်ကြသောလူများမှာ ရှေးဦးလူများကဲ့သို့ ဝတ်ဆင်နေထိုင်ကြသူများဖြစ်ကြပြီး ရှစ်ဖုန့်တစ်ဦးတည်း၌သာလျှင် ဤကဲ့သို့ နှစ်လိုဖွယ်ကောင်းမှုနှင့်ဝတ်စားဆင်ယင်မှုမျိုးကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ရှစ်ဖုန့်အစောပိုင်းက ထုတ်ဖော်ခဲ့သော ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားက တကယ်ကြီး ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ တိုက်ပွဲဝင်စွမ်းအားမျိုး ကိုပိုင်ဆိုင်သည်ဖြစ်သည်။
ယခု ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ရှစ်ဖုန့်၏ တစ်ချက်တည်းသောလှုပ်ရှားမှုဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်ဖြစ်သည်။ ယင်းမှာ ဤနတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သော ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားက မည်မျှစွမ်းအားကြီးမားသည်ကို စိတ်ကူးကြည့်ရန် လုံလောက်သည်ဖြစ်သည်။
ပြောရလျှင် ယင်းက ညကောင်းကင်ယံထဲ၌ ပျံသန်းပြီး၌ ရှစ်ဖုန့်မမျှော်လင့်ဘဲ ပက်ပင်းတိုးရသည့် ဧကရာဇ်နယ်ပယ် အဆင့် ကျွမ်းကျင်သူ ငါးယောက်မြောက်ဖြစ်သည်။
သို့သော် ယခင်က သူတွေ့ခဲ့သည့် လူလေးယောက်က ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ဝန်းကျင်၌သာရှိသည်။ ရှစ်ဖုန့်၏ ဟင်းလင်းပြင်ဓားချက်အောက်တွင် ၎င်းတို့၌ရှင်သန်ရန်အခွင့်အရေးမရှိခဲ့ပေ။
ရှစ်ဖုန့်၏ဟင်းလင်းပြင်ဓားချက်ကိုအသုံးပြုမှုအရ သူ့အနေဖြင့်၎င်းအား ဆရာတစ်ဆူကဲ့သို့ကျွမ်းကျင်ရန် အလှမ်းဝေးကွာသေးသော်လည်း ပို၍ပို၍ ၎င်းအားကျွမ်းကျင်လာသည်ဖြစ်သည်။
အထူးဖြင့် သူအစောကတင်သတ်ခဲ့သော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။ ၎င်းအနားသတ်ရန်အတွက်သူ တစ်ချက်လှုပ်ရှားရန်သာလိုအပ်ခဲ့သည်။
ညအမှောင်ထုအတွင်းတွင် ပုန်းကွယ်နေသောအနက်ရောင်ပုံရိပ်က ရှစ်ဖုန့်အားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ဒီကောင်စုတ်လေးက ပိုပိုပြီး အရမ်းအံ့အားသင့်ဖို့ကောင်းလာပြီ”
သူတို့ပျံသန်းနေရင်း သီးသန့်ဖြစ်နေသော ကျင့်ကြံသူလေးဦးကို မမျှောင်လင့်ဘဲပက်ပင်းကြုံခဲ့သည်။ ရှစ်ဖုန့်ကဤလူလေးယောက်အားမြင်တွေ့ချိန်တွင် ဝတ်ရုံနက်ကိုရပ်ရန်အကြောင်းကြားခဲ့သည်။
မူလက ရှစ်ဖုန့်ဘာလုပ်ရန်စီစဉ်နေမှန်းကိုသူမသိခဲ့ချေ။ သို့သော် ပထမလူအား ရှစ်ဖုန့်သတ်လိုက်သည့်အခိုက်အတန့်တွင် ရှစ်ဖုန့်အား ဟင်းလင်းပြင်ဓားချက်အား ဆင်ခြင်နားလည်ရန်တွက် ၎င်းတို့အပေါ်အသုံးပြုနေခြင်းဖြစ်သည်ကို သူသိလိုက်သည်။
ဤလူများအားသတ်ရခြင်း အတွက်ရှစ်ဖုန့်အနေဖြင့်အနည်းငယ်မျှသော စိတ်မသန့်ခြင်းမျိုးကိုမှမခံစားရပေ။ ဤလူများအားလုံးက သူ့အားရှာဖွေပြီးသတ်ချင် နေကြခြင်းဖြစ်သည်။
သူ့အား သတ်ချင်သူတိုင်းက သေရန်ထိုက်တန်သည်သာဖြစ်သည်။
သူတို့ကြားထဲ၌နားလည်မှုလွဲမှား ခြင်းရှိနေသော်လည်း ၎င်းတို့ကသူ့အား တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူဟု ထင်ကြသောကြောင့် ရှင်းပြရန်အလိုအပ်ဟုရှစ်ဖုန့်ခံစားရသည်။
အားလုံး ထက် သူ့အား သတ်ချင်သည့်မည်သူ့ကိုမဆို သူက ဒုက္ခလှလှတွေ့သွားအောင်အကောင်းဆုံး ပြုလုပ်ပေးမည်သာဖြစ်သ်ည။ ယင်းကထိုမျှရိုးရှင်းသည်ဖြစ်၏။
မကြာခင် ရှစ်ဖုန့်က ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူ၏ သေခြင်းစွမ်းအင်၊သွေးနှင့်ဝိညာဉ်တို့ကို ဝါးမျိုလိုက်သည်။
ရှုံ့တွခြောက်သွေ့သွားသောအသားအပိုင်းအစများက မြေပြင်ထက်သို့ကျဆင်းသွားသည်။
တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ပုံရိပ်က ညအမှောင်ထုအတွင်း၌ ထပ်မံပျောက်ကွယ်သွားသည်။ ဝတ်ရုံနက်က လျှို့ဝှကနည်းစနစ်အား သူ့အပေါ်ထပ်မံအသုံးပြုလိုက်သည်။
“ကောင်းပြီ..ရောက်ကာနီးပြီ”
ဤအခိုက်အတန့်တွင် အိုမင်းအက်ရှပြီး ဂရုမထားသော ဝတ်ရုံနက်၏အသံက ရှစ်ဖုန့်၏နားအတွင်း ထပ်မံဝင်ရောက်လာသည်။
အပိုင်း(၉၃၈)
ထူးဆန်းသော ခေါင်းကိုးလုံး ငှက်ကြီးမှာ ရှစ်ဖုန့်၏လှုပ်ရှားမှုကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ဧရာမဦးခေါင်းကိုးလုံးငှက်ကြီးက ကောင်းကင်ထဲသို့ထိုးတက်လာပြီးနောက် ၎င်း၏ဧရာမကိုယ်ကြီးက ဟင်းလင်းပြင်ဓားချက်အောက်တွင် အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရသည်။
သေခြင်းစွမ်းအင်၊ဝိညာည်ကိုးခုနှင့် လွန်စွာများပြားစွာပန်းထွက်လာသောသွေးတို့ကိုဝါးမျိုပြီးနောက် ရှစ်ဖုန့်၏ပုံရိပ်က နတ်ဆိုးရိုင်းတောင်တန်းပေါ်သို့ ဆက်လက်ဆင်းသက်သွားသည်။
ဟင်းလင်းပြင်ထဲ၌ ပုန်းအောင်းနေသော်လည်း ရှစ်ဖုန့်၏အပေါ်အာရုံစိုက်ထားသော ဝတ်ရုံနက်မှာ ရှစ်ဖုန့်က သူသင်ကြားပေးထားသော ဟင်းလင်းပြင်ဓားချက်သတ်ဖြတ်ခြင်းအကွက်အားအသုံးပြုလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူအနည်းငယ်အံ့အားသင့်သွားသည်။
“ဒီကောင်က ဒီတိုက်ခိုက်ရေးနည်းစနစ်ကို တော်တော်တိုးတက်အောင်လုပ်နိုင်ခဲ့တာပဲ…ဒါကဘယ်လိုမွန်းစတားဆန်တဲ့ ပါရမီစွမ်းရည်မျိုးလဲ.. ဒီလိုသာဆက်သွားနေရင် တန်းမြှင့်အဆင့်ကိုရောက်ဖို့အတွက်ဝေးတော့မှာမဟုတ်ဘူး”
ထို့နောက်တွင် ရှစ်ဖုန့်၏ ဖုံးကွယ်ထားသောပုံရိပ်ကက အဖြူရောင်မြူခိုးတို့ကျယ်ပြန့်စွာ ဖုံးလွှမ်းနေသော နတ်ဆိုးရိုင်းတောင်တန်းပေါ် သို့ဆင်းသက်သွားသည်။
အချိန်တို့ကုန်ဆုံးလာသကဲ့သို့ သူရိန်နေမင်းကလည်း ဖြည်းဖြည်းခြင်းမြှင့်တက်လာသည်။ ၎င်း၏အလင်းရောင်ခြည်က ကမ္ဘာမြေကိုလွှမ်းခြုံပြီး မြေရိုင်းတိုက်ကြီး၏ အအေးဓာတ်နှင့် အမှောင်ထုအားအဝေးသို့မောင်းထုတ်ကာ နွေးထွေးမှုနှင့်တောက်ပသောအလင်းရောင်ကို ဆောင်ကြဉ်းပေးနေသည်။
ရှစ်ဖုန့်က နတ်ဆိုးရိုင်းတောင်တန်းသို့ဝင် ရောက်ပြီးနောက် ကမ္ဘာကြီး၏အမှောင်ထုက ပျောက်ကွယ်သွားပြီး အလင်းရောင်ကပြန်လည်ရောက်ရှိလာသည်။ ထို့နောက် ပုံရိပ်များကလည်းတစ်ခုပြီးတစ်ခု နတ်ဆိုးရိုင်းတောင်တန်းသို့ဖျက်ခနဲ ဝင်ရောက်လာကြသည်။
“ဒီလူတွေတကယ်မရိုးရှင်းဘူး.. နေထွက်လာလာခြင်း သူတို့တွေငါတို့ရဲ့တည်ရှိမှုကိုအာရုံခံမိတယ်”
ရှစ်ဖုန့်က သတိထားပြီး သိပ်သည်းထူထဲသောရှေးကျသည့်တောအုပ်အတွင်း လျှောက်လှမ်းနေသည်။ခြေတစ်လှမ်းစီတိုင်းကိုအရမ်းဂရုစိုက်၍လျှောက်လှမ်းနေသည်။ တောအုပ်အတွင်းရှိ ကြမ်းကြုတ်ခက်ထန်သောမွန်းစတားများအား ဆွဲဆောင်မိမည်ကို သူကြောက်မိသည်။
နတ်ဆိုးရိုင်းတောင်တန်းအတွင်း၌ မွန်းစတားများနှင့်ပြည့်နှက်နေ၏။ အကယ်၍ မွန်းစတားတစ်ကောင်ကိုသာဆွဲဆောင်မိလျှင် ဒုတိယတစ်ကောင်၊တတိယတစ်ကောင် သို့မဟုတ် စတုတ္ထတစ်ကောင်ကို ဆွဲဆောင်မိမည်ဖြစ်သည်။
ပို၍စွမ်းအားကြီးမားသော မွန်းစတားများအားဆွဲဆောင်မိ သည်လည်းဖြစ်နိုင်သည်။
သူ့နောက်သို့ လိုက်လာသောလူများမမှီလာခင်နတ်ဆိုးရိုင်းတောင်တန်းအတွင်းရှိမွန်းစတားများ၏ သတ်ဖြတ်ခြင်းကိုမခံလိုပေ။
ဤအခိုက်အတန့်တွင် ဝတ်ရုံနက်က သူ၏ ဘေး၌ရှိနေသည်ကိုရှစ်ဖုန့်သိသော်လည်း ဝတ်ရုံနက်ကပုံမှန်အတိုင်းသူ့ကိုယ်သူ လျှို့ဝှက်နည်းလမ်းတစ်ခုသုံးပြီး ဖုံးကွယ်ထားဆဲဖြစ်သည်။ ၎င်းအား မြင်ရခြင်းသို့မဟုတ် အာရုံခံနိုင်ခြင်းမရှိပေ။
ဝတ်ရုံနက်၏ စကားများအား ကြားပြီးနောက် ရှစ်ဖုန့်ကပြောလိုက်သည်။
“အဲလူတွေကဒီသခင်လေးရဲ့တည်ရှိမှုကို အာရုံခံမိတယ်..ဒါနဲ့ပက်သက်ပြီး သံသယဝင်စရာမရှိဘူး..ဒါပေမဲ့ ခင်ဗျားဆိုရင်တော့ သူတို့က ခင်ဗျားရဲ့တည်ရှိမှုကိုအာရုံခံနိုင်မယ်လို့မထင်ဘူး”
“ဟားဟား”
ရှစ်ဖုန့်၏ စကားများအား ကြားပြီးနောက် ဝတ်ရုံနက်က နှစ်ချက်ရယ်မောလိုက်ပြီး ဘာမှတော့ပြောခြင်းမရှိပေ။
၎င်းက ပြုံးရုံသာပြုံးပြီး ဘာမှပြောခြင်းမရှိသည်ကို တွေ့ရသောအခါတွသ် ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်သည်။
“သူတောင်းစားကြီး… ခင်ဗျားကဒီသခင်လေးကို ဖုံးကွယ်ထားတဲ့ခံစားချက်ရှိနေတယ်လို့ခံစားရအောင်လုပ်ချင်နေတယ်…ခင်ဗျားရဲ့လျှို့ဝှက် လှုပ်ရှားမှုနည်းလမ်းနဲ့ ခွန်အားနဲ့ဆိုရင် မြေရိုင်းတိုက်ကြီးထဲကခင်ဗျား ထွက်သွားချင်ရင်ထွက်သွား လို့ရတာကြာနေပြီ”
“ကောင်စုတ်လေး..မင်းငါ့ကိုဘာလို့ထပ်ပြီး သံသယဝင်နေတာလဲ..ငါမင်းရဲ့ရန်သူတွေကိုကူပြီးသတ်ပေးတာကို မင်းမြင်တာပဲဟာ.. ငါကမင်းကိုဘယ်အချိန်ကများထိခိုက်စေလို့လဲ.. မင်းငါ့ကိုဘာလို့မယုံသေးတာလဲ”
ဝတ်ရုံနက်က ရှစ်ဖုန့်အားစိတ်ရင်းအတိုင်းပြောလိုက်သည်။
ရှစ်ဖုန့်ကသူ့အားမယုံကြည်သေးသည်ကို တွေ့ရသောအခါတွင် ဝတ်ရုံနက်ကထပ်ပြော၏.
“ဒါ့အပြင် မင်းဆီကငါကဘာများရနိုင်မှာမို့လဲ”
“ဟမ့်”
ဝတ်ရုံနက်၏ စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
“ဒီသခင်လေးနဲ့ တွေ့ကတည်းက ခင်ဗျားကြီးက လမ်းကိုဦးဆောင်နေတာလေ”
“ဒီသခင်လေးကို မြေရိုင်းဒေသကြီးကနေအဝေးကိုခေါ်သွားနေတာဟုတ်လားမဟုတ်လားဆိုတာကို ဒီသခင်လေးမသိဘူး..ဒါပေမဲ့ ဒါကတော့သေချာပေါက်ခင်ဗျားသွားချင်နေတဲ့နေရာပဲ.. ဒီသခင်လေးပြောတာမှန်တယ်မလား”
“ဟားဟား”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ဝတ်ရုံနက်က ဟက်ဟက်ပက်ပက်ရယ်မော ပြီးပြောလိုက်သည်။
“မင်းပြောပုံက ဒီအဘိုးကြီးက ကြံစည်ပြီးရင်ကြံစည်နေပြီး မင်းနဲ့စတွေကတည်းပဲ ငါကကြံစည်နေတဲ့ပုံစံမျိုးနဲ့ပါလား.. ငါကအဲ့လိုလူစားမျိုးမဟုတ်ဘူး. ငါကမင်းအတွက်အားလုံးလုပ်ပေးခဲ့တာ..ဘယ်လိုလုပ်ပြီး ငါ့ကိုဒီလိုမျိုးပြောရက်ရတာလဲ.. မင်းတကယ်ပဲတော်တော်လေးငါ့ကို ခါးခါးသီးသီးစိတ်ပျက်အောင်လုပ်နေတာပဲ”
“နားစမ်းပါ သူတောင်းစားအိုကြီး”
ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။သူကဆက်ပြော၏။
“ဟိုးအစထဲကခင်ဗျားကျုပ်အ ပေါ်ကြံစည်ထားတာတော့မဟုတ်လောက်ဘူး. အဲ့အစား ဒီသခင်လေးကိုယန်မျိုးနွယ်စုက တော်ပေါ်နတ်ဆရာမျိုးနွယ်စုကလူနဲ့မှားပြီး ယန်မျိုးနွယ်စုက နေဒီသခင်လေးထွက်လာချိန် ခင်ဗျားကဒီသခင်လေးဆီစိုက်လာတာဖြစ်မယ်..ခင်ဗျားကအဲ့တာကိုအခွင့်ကောင်းယူပြီး ဒီသခင်လေးကိုစအသုံးပြုခဲ့တာပဲ”
“ဒီသခင်လေးခန့်မှန်းတာသာမမှားရင်.. မြေကလန်ရဲ့လူငယ်ခေါင်းဆောင်နဲ့ နတ်ဘုရားမြေခေါင်းလောင်းကလည်း ခင်ဗျားရဲ့အစီအစဉ်အစိတ်အပိုင်း ထဲကပဲဖြစ်မှာပဲ.. အကယ်၍ဒီသခင်လေးကို မြေအောက်လမ်းကြောင်းမသုံးရင်တောင် ခင်ဗျားကဒီသခင်လေးကိုအဲ့ဘက်ကိုဦးဆောင်ခေါ်သွားပြီး သူ့ကိုသတ်မှာပဲ.. ဟုတ်တယ်မလား”
“ဟားဟားဟားဟား..ဟားဟား ဟားဟားဟား..ဟားဟား”
ရှစ်ဖုန့်စကားပြောပြီးနောက်ဝတ်ရုံနက်ကရုတ်တရက်ကျယ်လောင်စွာအော်ရယ်လိုက်သည်။
“ဒီသခင်လေးမှန်တဲ့ပုံပဲ”
ဟက်ဟက်ပက်ပက်ဆက်တိုက် ရယ်မောသံအားကြားရသောအခါ ရှစ်ဖုန့်က သူပြောသည်ကားပို၍မှန်သည်ဟုခံစားလာရသည်။
“အရင်ဆုံး ခင်ဗျားကဒီသခင်လေးကို ငါးစာအသေးလေးအဖြစ်အသုံးပြုခဲ့တယ်.. နတ်ဘုရားမြေခေါင်းလောင်းက ကြီးမားတဲ့ ငါးစာပဲ.. ခင်ဗျားက အဝေးကိုထွက်ပြေးတဲ့ပုံပေါက် အောင်လုပ်ထားပေမဲ့ တကယ့်လက်တွေ့မှာ ခင်ဗျားသူတို့ကိုခေါ်လာချင်တဲ့နေရာကို လှည့်ဖြားပြီးခေါ်လာတာပဲ”
“ပြောစမ်းပါ..ခင်ဗျာသူတို့ကိုဘယ်ကိုခေါ်လာတာလဲ.. အဲ့တာကနတ်ဆိုးရိုင်းတောင်တန်းလား ဒါမှမဟုတ် ညဘက်မှာနတ်ဆိုးရိုင်းတောင်တန်း ကနေထွက်ပြီး ဒီသခင်လေးကို ခရီးကိုဆက်မှာလား”
“ဟားဟား..မရိုးရှင်းဘူး.. မင်းကတကယ်မရိုးရှင်းဘူး…”
ဤအချိန်တွင် ဝတ်ရုံနက်က သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
“မင်းကငယ်ပြီးပါရမီရှိတယ်”
“မင်းကမွန်းစတားဆန်တဲ့ ဆင်ခြင်နားလည်နိုင်စွမ်းပါရမီရှိရုံတင်မကဘူး.. မင်းရဲ့အကဲခတ်မှု၊ထိုးထွင်မြင်နိုင်မှုနဲ့ ခွဲခြမ်းစိတ်ဖြာနိုင်မှုမှာလည်း ကျွမ်းကျင်မှုကအရမ်းအားကောင်းတာပဲ.. အစက အရာအားလုံးကို ချို့ယွင်းချက်မရှိအောင် လုပ်နိုင်တယ်ထင်ခဲ့ပေမဲ့ မင်းကအားလုံးကို ဖောက်မြင်နိုင်မယ်လို့ငါမထင်ထားဘူး”
“မင်းရဲ့ဦးနှောက် ကဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ငါမသိပေမဲ့မင်းက တကယ့်ကိုအရမ်းပါးနပ်တာပဲ”
ဤအရာအားကြားပြီးနောက် ဝတ်ရုံနက်က ရုတ်တရက်ရပ်တန့်လိုက်သည်။ရှစ်ဖုန့်က သူ၏လျှောက်လှမ်းနေမှုကိုရပ်တန့် လိုက်သောကြောင့်ဖြစ်သည်။
ဤသောက်အဘိုးကြီးကသူ့အား အသုံးပြနေသည်ကို ရှစ်ဖုန့်သိပြီးသားဖြစ်သည်။ အကယ်၍ဘာအကျိုးအမြတ်မှမရဘူးဆိုလျှင် သူကဘာကြောင့်၎င်းအားသူ့ကိုအသုံးပြုခြင်းကိုဆက်လက်ခွင့်ပြုရမည်နည်း။
ရှစ်ဖုန့်ကရပ်တန့်လိုက်သည်ကိုတွေ့ရသောအခါတွင် ဝတ်ရုံနက်က ထပ်မံပြောလိုက်သည်။
“ကောင်လေး. မင်းဘာလို့ရပ်လိုက်တာလဲ..အခုဒီအထိ ရောက်လာပြီးမှတော့မင်းမှထွက်လမ်းမရှိတော့ ဘူးလေ…မင်းရှေ့ဆက်မတိုးရင် အဲ့လောဘကြီးတဲ့သူတွေလိုက်လာတဲ့အခါမင်းသေလိမ့်မယ်”
“ဟမ့်”
ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
“ဒီသခင်လေးဘဝမှာ အသုံးချခံဖြစ်ရတာကိုအမုန်းဆုံးပဲ.. ဘာပဲဖြစ်ဖြစ် ဒီသခင်လေးအော်ရာကို လူအများကြီးက ပစ်မှတ်ထားပြီးဖြစ်လောက်တယ်..သူတို့ကဒီသခင်လေးကိုလိုက်ဖမ်းနေတာမို့ လမ်းလျှောက်တာဖြစ်ဖြစ်..လေ ကိုထိုးခွင်းသွားတာဖြစ်ဖြစ် ..မြေအောက်ကနေသွားတာဖြစ်ဖြစ် ဘာတွေကွာခြားသွားမှာမို့လဲ”
စကားပြောရင်းရှစ်ဖုန့်ကသူ၏စိတ်ကိုအသုံးပြုလိုက်ပြီး သူ၏ဘေး၌သွေးနီရောင်အလင်းတစ်ခုဖျက်ခနဲလင်းလက်လာသည်။ တီရှာက ရှစ်ဖုန့်၏သွေးနီရောင်ကျောက်ပြား အတွင်းမှနောက်တစ်ကြိမ်ဆင့်ခေါ်ခံလိုက်ရသည်။
တီရှာထွက်လာသကဲ့သို့ ဝတ်ရုံနက်၏ပုံရိပ်ကလည်းရှစ်ဖုန့်၏ရှေ့၌ ရုတ်ခြည်းပေါ်လာသည်။ သူကရှစ်ဖုန့်ကိုလျှင်မြန်စွာတားလိုက်ပြီး ပြောလိုက်သည်။
“မင်းကမြေအောက်ထဲကနေသွားမလို့လား.. မဖြစ်နိုင်တာ.. သူတို့ကိုဒီကိုလှည့်ဖျားခေါ်လာဖို့ကလွယ်တာမဟုတ်ဘူး. တာဝန်ပြီးမြောက်ဖို့ကသိပ်မကြာတော့ဘူး.. အချိန်ကြလာရင်မင်းလုပ်ချင်တာလုပ်လို့ရပေမဲ့အခုတော့မဟုတ်သေးဘူး”
“ဒီတော့ဒီသခင်လေးကိုအသုံးချပြီး ခေါ်လာတာက ခင်ဗျားရဲ့ပန်းတိုင်ဖြစ်တဲ့ နတ်ဆိုးရိုင်းတောင်တန်းပေါ့ဟုတ်လား”
ဝတ်ရုံနက်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကမေးလိုက်သည်။
ထို့နောက်ရှစ်ဖုန့်က၎င်းအားထွင်းဖောက်မြင်ချင်သကဲ့သို့စိုက်ကြည့်လိုက်သည်။သူကပြောလိုက်၏။
“နတ်ဆိုးရိုင်းတောင်တန်းထဲမှာဘာရှိလို့လဲ..ဘာလို့ဒီလောက်အထိခင်ဗျားအရမ်းအားထုတ်ကြိုးပမ်းနေတာလဲ”
ဆန်းကြယ်ပြီးစွမ်းအားကြီးကာထူးဆန်းသောဝတ်ရုံနက်၏နှလုံးသားကိုလှုပ်ရှားအောင်လုပ်နိုင်သော အရာကလွန်စွာထူးခြားသောအရာဖြစ်မည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။
အပိုင်း(၉၃၉)
“နတ်ဆိုးရိုင်းတောအုပ်ထဲမှာဘာတွေဖြစ်နေတာလဲ..ဘာလို့ခင်ဗျားကအရမ်းသတိထားနေရတာလဲ”
ရှစ်ဖုန့်ကသူ့အားအေးစက်စွာစိုက်ကြည့်နေသည်ကိုတွေ့ရသောအခါတွင် ဝတ်ရုံနက်က သူ၏ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ဟားဟား”
“ဟီးဟီး. ကြည့်ရတာ ဒီအဘိုးကြီးက မင်းကို မပြောဘူးဆိုရင်.မင်းက ဒီအဘိုးကြီးနဲ့ လုံးဝပူးပေါင်းမှာမဟုတ်တဲ့ပုံပဲ”
“မြေရိုင်းဒေသကြီးထဲက နတ်ဆိုးရိုင်းတောအုပ်ထဲမှာ မွန်းစတားနတ်ဘုရား သင်္ချိုင်းကုန်းမြေလို့ခေါ်တဲ့ လျှို့ဝှက်နေရာတစ်ခုရှိတယ်. မြေရိုင်းဒေသကြီးထဲက လူအများကြီးတောင် ဒီအကြောင်းကို မသိကြဘူး”
“မွန်းစတားနတ်ဘုရားသင်္ချိုင်းမြေတဲ့လား”
ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ဝတ်ရုံနက်ပြောနေသောနေရာအကြောင်းက မွန်းစတားနတ်ဘုရား သေဆုံးသွားသော နေရာအကြောင်းဖြစ်လောက်သည်။ တိုက်ရိုက်ပြောရလျှင် ယင်းက သူတို့ကမ္ဘာ၏ နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် အထက်ကိုရောက်ရှိနေသူကျဆုံးသွားသည့် မွန်းစတားနတ်ဘုရား သေဆုံးသွားသည့်နေရာဖြစ်သည်။
သို့သော် စပါးအုံးနဂါးမျိုးနွယ်စု၏မိန်းကလေးထံမှ ရှေးခေတ်ဒဏ္ဍာရီများအတွင် သူတို့ကမ္ဘာ၏ အစစ်အမှန်နတ်ဘုရားများလည်းရှိသည်ဟု ပြောဖူးသည်ကို ရှစ်ဖုန့်ကြားဖူးသည်ဖြစ်သည်။ ၎င်းတို့ကရေတော့မရေရာပေ။
အခြားစကားများဖြင့်ပြောရလျှင် ဝတ်ရုံနက်သွားနေသော ရှေးဟောင်းအမွေအနှစ်နေရာက ကောလဟာများအရအန္တရာယ်များသည့် အစစ်အမှန်နတ်ဘုရားများသေဆုံးခဲ့သော နေရာဖြစ်သည်။
“ဘာဖြစ်လို့လဲကလေး.. မွန်းစတားနတ်ဘုရား သင်္ချိုင်းကုန်းမြေဆိုတဲ့ စကားတွေကိုကြားပြီးတော့ မင်းကြောက်သွားတာလား”
ရှစ်ဖုန့်က စကားမပြောသည်ကိုတွေ့ရသောအခါတွင် ဝတ်ရုံနက်က မေးလိုက်သည်။ သူ၏အသံ၌သရော်သံပင်ပါဝင်နေသည်။
“မွန်းစတားနတ်ဘုရားသင်္ချိုင်းကုန်းမြေလား.. အဲ့တာကဘယ်လောက်အန္တရာယ်များ လဲဆိုတာကိုခင်ဗျားတွေးလို့ရတယ်…ဒီစကားလုံးတွေနဲ့တင် လူတွေအများကြီးကို ကြောက်ရွံ့မှုကြောင့် ကျောချမ်းသွားစေလောက်တယ်..ဒါပေမဲ့ ဒီသခင်လေးကတော့ မကြောက်ဘူး”
ရှစ်ဖုန့်က အေးစက်စွာပြန်ဖြေလိုက်သည်။
ယခင်ဘဝရောလက်ရှိဘဝနှစ်ခုစလုံးတွင် ရှစ်ဖုန့်အနေဖြင့် အန္တရာယ်များသော အပျက်အစီးအမွေအနှစ်နယ်မြေများစွာကို ဝင်ရောက်ဖူးသည်ဖြစ်သော်လည်း မည်သည်ကမှသူ့အား တွန့်ဆုတ်သွားအောင်လုပ်နိုင်ခဲ့ခြင်းမရှိပေ။
အပျက်အစီးအမွေအနှစ်နေရာများက အန္တရာယ်များသော်လည်း အန္တရာယ်များကြားထဲတွင် မကြာခဏမျှော်လင့်မထားသော ကံကောင်းမှုများကိုလည်း ပက်ပင်းကြုံရတတ်သည်ဖြစ်သည်။
ရှစ်ဖုန့်အနေဖြင့် အမြဲတမ်း ကြီးမြတ်သောစွမ်းအားနောက်သို့လိုက်စားခဲ့သည်ဖစ်သည်။ ရှေးဟောင်းအမွေအနှစ် အပျက်အစီးနယ်မြေတစ်ခုကိုမည်ကဲ့ သို့သူလက်လွှတ်ခံနိုင်ပါမည်နည်း။ ထိုထက်ပိုသည်ကား ယင်းမှာ တစ်မူထူးခြားသောတိုက်ကြီးဖြစ်သည့် မြေရိုင်းတိုက်ကြီး၏ ရှေးဟောင်းအပျက်အစီးအမွေ အနှစ်နယ်မြေတစ်ခုဖြစ်သည်။
ဤအတွေးများကသူ၏စိတ်အတွင်း ဖျက်ခနဲပေါ်ပေါက်လာပြီးနောက် ရှစ်ဖုန့်ကထပ်မံမေးလိုက်သည်။
“မွန်းစတားနတ်ဘုရားသင်္ချိုင်းကုန်းမြေထဲမှာ တစ်ခြားဘာလျှို့ဝှက်ချက်တွေရှိသေးလဲ.. ဘာလို့ဒီသခင်လေးကိုအသုံးပြုပြီးတော့ ကျွမ်းကျင်သူအများကြီးကို စွဲဆောင်ရတာလဲ”
“ဟားဟား..အခုတို့တွေဒီလောက်အထိ ခရီးပေါက်လာပြီးမှတော့ ဘာမှထပ်ပြီးဖုံးကွယ်နေစရာမလိုတော့ဘူး”
ရှစ်ဖုန့်၏နားထဲ၌ဝတ်ရုံနက်၏အသံက
“ငါကမင်းကိုဒီအထိရောက်အောင်အ သုံးပြုခဲ့ပြီးပြီဆိုတော့ ဘာမှထပ်ပြီးဖုံးကွယ်နေစရာမလိုတော့ဘူး” ဟူ၍ဖြစ်သည်။
ထို့နောက်ဝတ်ရုံနက်က ပြောလိုက်သည်။
“အရင်သွားရအောင်.. သွားရင်းနဲ့ ဒီအဘိုးကြီးမင်းကိုပြောပြမယ်”
ဝတ်ရုံနက်၏ စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်၏ရပ်တန့်နေသောခြေထောက်များက စတင်လှုပ်ရှားလာပြီးရှေ့သို့ချီတက်လိုက်သည်။
ရှစ်ဖုန့်ကထပ်မံလှုပ်ရှားလိုက်သကဲ့သို့ ရှစ်ဖုန့်ရှေ့ရှိဝတ်ရုံနက်က လေထုအတွင်းအနက်ရောင်မြူခိုးများကဲ့သို့ ပျောက်ကွယ်သွားသည်။
ရှစ်ဖုန့်၏ပုံရိပ်က ဝတ်ရုံနက်၏ပုံရိပ်အားတိုက်ခိုက်ဖြတ် ကျော်သွားခဲ့ပြီးချိန်တွင် လုံးဝပျောက်ကွယ်သွားပြီး ရှစ်ဖုန့်အနေဖြင့်လည်းဘာမှခံစားရခြင်းမရှိပေ။ ယင်းမှာ သူကတကယ့်လေထုအားဖြတ်သန်းလိုက်သကဲ့သို့ပင်ဖြစ်သည်။
ယင်းက လေထဲရှိအရိပ်တစ်ခုသက်သက်သာ ဖြစ်လေသည်။
ရှစ်ဖုန့်ကနတ်ဆိုးရိုင်းတောင်တန်း အတွင်းနောက်တစ်ကြိမ်သတိရှိရှိနှင့် လျှောက်လှမ်းလိုက်သည်။ ထို့နောက်ဝတ်ရုံနက်၏အသံကသူ၏နားထဲ၌ ထပ်မံထွက်ပေါ်လာသည်။
“မွန်းစတားနတ်ဘုရားသင်္ချိုင်းဝင်ပေါက်မှာ ရှေးဟောင်းသတ်ဖြတ်ခြင်း အစီအရင်တစ်ခုရှိတယ်.. ငါ့တို့ရဲ့ခွန်အားကြီးသက်သက်နဲ့အဲ့တာ ကိုချိုးဖျက်ပစ်ဖို့ကမဖြစ်နိုင်ဘူး”
“ငါတို့မချိုးဖျက်နိုင်ရင် အထဲကိုလုံးဝဝင်နိုင်မှာမဟုတ်ဘူး.. ငါတို့သာဂရုမစိုက်ရင် အထဲမှာသေတောင်သေသွားနိုင်တယ်”
“ဒီတော့ ခင်ဗျားကဒီသခင်လေးနဲ့ နတ်ဘုရားမြေခေါင်းလောင်းကိုတို့ကိုငါးစာအနေနဲ့အသုံးပြုပြီး နတ်ဆိုးရိုင်းတောင်တန်းထဲကို ကလူတွေကိုစွဲဆောင်ခေါ်ခဲ့တာပေါ့.. ဒီတော့ခင်ဗျားကသူတို့ရဲ့ခွန်အားကိုအ သုံးပြုပြီး အဲ့တာကိုချိုးဖျက်မလို့လား..”
ဝတ်ရုံနက်၏စကားများကိုကြားပြီးနောက် ရှစ်ဖုန့်က မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
ထို့နောက်ရှစ်ဖုန့်ကဆက်ပြောသည်။
“အခုကျုပ်တို့နောက်ကိုလိုက်နေတာ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ခုနှစ်ယောက်ရှိတယ်မလား.. အဲ့အစီအရင်ကို ချိုးဖျက်ပြီးသွားရင်ဘာဆက်ဖြစ်မှာလဲ.. မွန်းစတားသင်္ချိုင်းထဲကို ခင်ဗျားရဲ့ထူးဆန်းတဲ့ လျှို့ဝှက်ပညာရပ်ကိုအသုံးပြုပြီးဝင်မယ်.. ကျုပ်ကိုတော့နောက်မှာထားခဲ့မယ်..အဲ့တာမှ သူတို့ကကျုပ်ကို တစ်ခါတည်းသတ်ပစ်နိုင်မယ်အဲ့လိုလား”
စကားပြောရင်းရှစ်ဖုန့်၏ အသံကပို၍ပို၍ အေးစက်လာသည်။ သူ၏မျက်နှာကပင် အေးစက်သည်ထက်အေးစက်လာသည်။
“မင်းကိုငါအမှန်အတိုင်းပြောတာတောင် မင်းဘာလို့ငါ့ကို သံသယဝင်နေသေးတာလဲ”
“ဒီအဘိုးကြီးအရင်က အဲ့လိုတွေးခဲ့တယ်ဆိုရင်တောင် အခုမင်းနဲ့ငါနဲ့က ဒုက္ခသုက္ခတွေအကုန်လုံးကိုအ တူတူဖြတ်ကျော်လာတာ.. ဒီအဘိုးကြီးစစ်မှန်တဲ့မိတ်ဆွေနဲ့ဖြောင့်မတ်မှုကိုတန်ဖိုးအထားဆုံးပါ..ငါကမင်းကိုဘယ်လိုလုပ်ပြီးဒုက္ခပေးမှာလဲ”
ဝတ်ရုံနက်ကပြောလိုက်သည်။
ဝတ်ရုံနက်က ဒုက္ခသုက္ခများကိုအတူတူဖြတ်ကျော်ခဲ့ သည်ဟုပြောနေသော်လည်းရှစ်ဖုန့်ကတော့ယင်းကိုစိတ်ထဲမှတ်ထားခြင်းမရှိပေ။
ရှစ်ဖုန့်က ပြောလိုက်သည်။
“ဒါဆို နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူခုနှစ်ယောက်ဝိုင်းတာကိုခံရရင် ဒီသခင်လေးကပြန်တိုက်ပြီး ဆုတ်ခွာမယ်ဆိုရင်ရော ခင်ဗျားဘယ်လိုသဘောရလဲ”
“စိတ်မပူနဲ့ကလေး.. ငါမင်းကိုအားလုံးပြောပြပြီးပြီ.. မင်းအတွက်လမ်းကြောင်းတစ်ခု ကိုတွေးထားပြီးသား.. မဟုတ်ရင်မင်းလိုမျိုးပါးနပ်တဲ့ လူငယ်တစ်ယောက်ကိုဘယ်လိုလုပ်ပြီး ဖျောင်းဖျနိုင်မှာလဲ..”
ဝတ်ရုံနက်က ထပ်မံပြောလိုက်သည်။
ထို့နောက် ရှစ်ဖုန့်တစ်ယောက် သူ့ရှေ့သိပ်မဝေးသောနေရာမှ ပုံရိပ်တစ်ခုရုတ်ခြည်းပေါ်လာသည်ကိုတွေ့လိုက်ရသည်။
မျက်နှာထက်ရှိတုန်လှုပ်အံ့အားသင့်သော အမူအယာတစ်ခုနှင့်အတူ ရှစ်ဖုန့်ကပုံရိပ်အားစိုက်ကြည့်နေသည်။ သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။
“ဒီအဘိုးကြီးကတော့”
ထိုပုံရိပ်ကရှစ်ဖုန့်ကိုယ်တိုင်ပင်ဖြစ်သည်။ဝတ်ရုံနက်က လျှို့ဝှက်ပညာရပ်တစ်ခုကိုအသုံးပြုပြီး သူကဲ့သို့ တစ်ထေရာတည်းတူညီသည့်သက်ရှိပုံစံတစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
ထိုပုံရိပ်၏အော်ရာနှင့်အရှိန်အဝါတို့ပင် တူညီနေသည်။
ထို့နောက်မကြာင်ခင် ဝတ်ရုံနက်၏ အိုမင်းအက်ရှသောရယ်မောသံကထပ်မံထွက်ပေါ်လာသည်။
“ဟီးဟီး.မင်းအခုဒီအဘိုးကြီး ကိုယုံကြည်သင့်ပြီ ..မွန်းစတားနတ်ဘုရားသင်္ချိုင်းဝင်ပေါက်နဲ့နီးလာရင် ငါကမင်းရဲ့အော်ရာကိုဖုံးပေးပြီး ဒီပုံရိပ်ကို သတ်ဖြတ်ခြင်းအစီအရင်ထဲပို့လိုက်မယ်”
“ပြီးတော့ ဒါကိုလည်းသတ်ဖြတ်ခြင်းအစီအ ရင်ထဲထပ်ထည့်လိုက်မယ်..”
ဝတ်ရုံနက်၏စကားဆုံးသောအခါတွင် ရှစ်ဖုန့်၏ပုံရိပ်အထက်ရကြေးနီရောင် ခေါင်းလောင်းတစ်ခုပေါ်လာသည်။ ယင်းကနတ်ဘုရားမြေခေါင်းလောင်းဖြစ်သည်။
နတ်ဘုရားမြေခေါင်းလောင်းက ရှစ်ဖုန့်၏ပုံရိပ်ထက်တွင် ဖြည်းညှင်းစွာလည်ပတ်နေသည်။ ရှစ်ဖုန့်က၎င်းအားကြည့်လိုက်ပြီးယင်းက အတုလားအစစ်လားဆိုသည်ကိုမသိပေ။
“နတ်ဘုရားမြေခေါင်းလောင်းကရောပုံရိပ်တစ်ခုပဲလား”
ရှစ်ဖုန့်ကမေးလိုက်သည်။
“ဒါပေါ့.”
ဝတ်ရုံနက်ကပြောလိုက်သည်။
“ငါတို့က သူတို့ကို သတ်ဖြတ်ခြင်းအစီအရင်ထဲကို လှည့်ဖျားခေါ်မှာဆိုတော့ အစီအရင်ကျိုးပျက်တဲ့အထိပဲသူတို့ခွန်အားကိုငါတို့ကငှားမှာ.. သတ်ဖြတ်ခြင်းအစီအရင်ကျိုး ပျက်တော့မဲ့အချိန်ကြရင် သူတို့ကို အဲ့မှာပဲထာဝရနေခိုင်းမှာလေ”
“ဘယ်လိုလုပ်ပြီးသူတို့အတွက်နဲ့ နတ်ဘုရားမြေခေါင်းလောင်းကိုအဲ့မှားထားခဲ့ရအောင်ငါကမိုက်မဲမှာလဲ”
“သူတောင်းစားကြီး.. ခင်ဗျားကတကယ့်ကို မသိမသာနဲ့ကြံစည်နေတတ်တဲ့လူစားမျိုးပဲ.. ခင်ဗျားနဲ့အချိန်ပိုကုန်လာရလေ ခင်ဗျားနားမှာဒီသခင်လေးသတိ လက်လွတ်ပိုပြီးမနေရဲလေပဲ..ကျုပ်တောင်မှခင်ဗျားတောင်မသိသေးတဲ့ ခင်ဗျားရဲ့လမ်းကြောင်းအလယ်မှာပဲရှိနေ တုံးဖြစ်လောက်တယ်”
ဤအဘိုးကြီးအနားတွင်သူပေါ့ပေါ့ဆဆမနေရဲပေ။
“မင်းကအရမ်းပါးနပ်တဲ့ဟာ.. ဘယ်လိုလုပ်ပြီးငါမင်းကိုအရူးထုပ်လုပ်နိုင်မှာ..လူငယ်လေး.မင်းတော့အတွေးလွန်နေပြီ”
ဝတ်ရုံနက်ကထပ်မံပြောလိုက်သည်။
“ဟမ့်..အဲ့လိုလား”
အေးစက်သောနှာခေါင်းရှုံ့သံတစ်ချက်နှင့်အတူ ရှစ်ဖုန့်ကထပ်မံသတိပေးလိုက်သည်။
“ခင်ဗျားဒီသခင်လေးကို ထပ်ပြီးအဲ့လိုမလုပ်တာကောင်းမယ်.. မဟုတ်ရင် အဲ့အတွက်ပေးဆပ်ရလိမ့်မယ်”
“အခု..မင်းနဲ့ငါကအတူပူးပေါင်းပြီး အပြင်ကလူတွေကို ရင်ဆိုင်ရမှာ.. စိတ်နှလုံးမသက်မသာဖြစ်စေတဲ့စကားလုံးတွေကိုမပြောပါနဲ့ အဲ့အချိန် သတ်ဖြတ်ခြင်းအစီအရင်ကျိုးပျက်သွားရင် မွန်းစတားနတ်ဘုရား သင်္ချိုင်းက အန္တရာယ်တွေပြည့်လာလိမ့်မယ်. အဲ့အချိန်ကြ ငါတို့ကတစ်ယောက်ကိုယ်တစ်ယောက်စောင့်ရှောက်ပြီးအန္တရာယ်ကို တူတူရင်ဆိုင်ရမှာ”
ဝတ်ရုံနက်က စိတ်ရင်းအတိုင်းပြောလိုက်သည်။
သို့သော်ရှစ်ဖုန့်အနေဖြင့်ဤအဘိုးကြီး၏ စကားများအားအလွယ်တကူမယုံကြည်နိုင်ပေ။၎င်းအားနောက်ထပ်အခွင့်အရေးမပေးနိုင်ပေ။ သူက အဘိုးအို၏အော်ရာနောက်သို့လိုက်ပြီးရှေ့သို့ဆက်လက်ချီတက်လိုက်သည်။
၎င်း၏လမ်းညွှန်မှုအောက်တွင် တောအုပ်အတွင်းသူလျှောက်လှမ်းနေသော လမ်းကြောင်းက ရှင်းလင်းလာသည်ကို ရှစ်ဖုန့်သတိပြုမိပြီးဖြစ်သည်။ သူ၏လမ်းကြောင်း၌ နတ်ဆိုးသားရဲတစ်ကောင်သို့မဟုတ် ခြောင်းမြောင်းတိုက်ခိုက်မှုတစ်ခုတစ်လေမှ ပင်ရှိမနေပေ။
ဤအဘိုးကြီးက ကောင်းမွန်သောလမ်းကြောင်းတစ်ခုအား ဖန်တီးခဲ့ပြီးဖြစ်ပုံရ၏။ အကယ်၍ပိတ်ဆို့မှုတစ်ခုသို့မဟုတ် ချောင်းမြောင်းတိုက်ခိုက်မှုတစ်ခုရှိ နေခဲ့လျှင်တောင် ဤအဘိုးကြီးက၎င်းတို့အားတိတ်တဆိတ်သတ်ဖြတ်ပြီးဖယ်ရှားခဲ့ပြီးဖြစ်သည်။