← Chapters

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အခန်း (၉၄၀-၉၄၂)

Vol. 63 Ch. 940-942

အပိုင်း(၉၄၀)

ဝတ်ရုံနက်က လမ်းတစ်လျှောက်ပိတ်ဆို့နေသော အရာများအားလုံးအား ကိုင်တွယ်သွားသည်ကိုတွေ့လိုက်ရသည်။ ဝတ်ရုံနက်က နတ်ဆိုးရိုင်းတောအုပ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပုံရသောကြောင့် တောင်တန်းအတွင်းရှိစွမ်းအားကြီး မွန်းစတားများကိုရှောင်းတိမ်းရန် သူကပဲပင်ကိုယ်အားဖြင့်ဦးဆောင်သည်ဖြစ်သည်။

ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်၏အမြန်နှုန်းကတိုးမြှင့်လာသည်။ သူ၏မူလက ရှိနေသောသတိက ပို၍ပင် ပြင်းထန်လာ၏။

သူကိုယ်ကမျောလွင့်တက်သွားကာ ခြေထောက်တို့ကိုမြေပြင်နှင့်မီတာဝက်ကွာ ဝေးစေပြီး ရှေ့သို့တိုက်ရိုက်ပင်ပျံသန်းသွားလိုက်သည်။

ဝတ်ရုံနက်၏လမ်းညွှန်ပြသမှုအောက်တွင် ရှစ်ဖုန့်၏ခရီးလမ်းက ချောမွေ့နေဆဲဖြစ်သည်။

“ဂါး..ဂါး..ဂါး..ဂါး..ဂါး”

နတ်ဆိုးရိုင်းတောအုပ်အတွင်းတွင် လွန်စွာမြင့်မားသော သစ်ပင်များနှင့်ပြည့်နှက်နေပြီး ဒေါသအမျက်ခြောင်းခြောင်းထွက်နေသော ကြမ်းကြုတ်ရက်စက်သည့်သားရဲရိုင်းတို့၏ ဟိန်းဟောက်သံများကလည်းမရပ်မနား ထွက်ပေါ်နေသည်။ မရပ်မနားထွက်ပေါ်လာနေသော ကြမ်းကြုတ်ရက်စက်သည့်သားရဲရိုင်းတို့၏ ဟိန်းဟောက်သံများကြောင့် ကောင်းကင်နှင့်မြေကြီးပင်တုန်ခါနေ၏။

တစ်၊နှစ်၊သုံး၊လေး....ကိုး။မြင့်မားတုတ်ခိုင်သော ပုံရိပ်ခုနှစ်ခုအား ကြမ်းကြုတ်ခက်ထန်သည့်ဒေါသအမျက် ခြောင်းခြောင်းထွက်နေသော ပုံရိပ်ကိုးခုကဝန်းရံထားသည်။

“ဟမ့်”

ဤလူခုနှစ်ယောက်ကြားထဲတွင် လူတစ်ယောက်က ရိုးစင်းသော ကြေးနီရောင်မှန်တစ်ချက်ကိုကိုင်ထားသည်။ သူ့အားဝန်းရံထားသည့် ကြမ်းကြုတ်ရက်စက်သည့် သားရဲကိုကောင်ကို ရင်ဆိုင်ရင်း အထင်သေးစွာဖြင့်အေးစက်သောနှာတစ်ချက်မှုတ်လိုက်ပြီး နောက်ပြောလိုက်သည်။

“သားရဲရိုင်းကိုးကောင်”

“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ရှစ်ကောင်နဲ့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ကောင်တည်းကများ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ငါတို့ခုနှစ်ယောက်ကိုတားရဲတယ်တဲ့လား.. မင်းတို့ကသေချင်နေတာပဲ”

ကြေးနီရောင်မှန်ကိုင်ဆောင်ထားသောလူ၏ စကားဆုံးပြီးပြီးချင်း ၎င်းဘေးရှိ တောင့်တောင်တင်းတင်းနှင့်လူကလည်း အထင်သေးမှုဖြင့်အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး နောက်ပြောလိုက်သည်။

“ပြောကြတာတော့ သားရဲရိုင်းတွေက အသိဉာဏ်နိမ့်ပါးတယ်တဲ့”

“ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်နဲ့ နတ်ဘုရားတစ်ပိုင်းနယ်ပယ်အထိ အဆင့်ကဲတိုးတက်လာပြီးတောင် သူတို့ရဲ့အသိဉာဏ်တွေကမဖွံ့ဖြိုးလာတော့ သူတို့ရဲ့ရူးမိုက်တဲ့ဗီဇက တကယ်ကို မပြောင်းလဲနိုင်တုန်းပါလား”

ထိုအခိုက်အတန့်တွင် အခြားသောနတ်ဘုရားတစ်ပိုင်း နယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ရိုးစင်းသောကြေးနီရောင်မှန်ကိုကိုင်ထားသည့် လူကိုကြည့်၍ ပြောလိုက်သည်။

“ကျင်းဖူ....မင်းရဲ့မိုင်တစ်ထောင်နတ်ဘုရားမှန်က အတိုင်းမသိနက်နဲတယ်လို့ အားလုံးကပြောကြတယ်.. မိုင်တစ်ထောင်အတွင်းမှာရှိတဲ့ အရာအားလုံးကိုသိနိုင်တာအပြင်ကို မှ အဲ့တာကရန်သူတွေကို သဲလွန်စတောင်မကျန်အောင်သတ်ပစ်နိုင်တယ်တဲ့.. ဘာလို့ကျယ်ပြန့်တဲ့မိုးကုတ်စက်ဝိုင်းထဲက အဲ့မကောင်းဆိုးဝါးတွေကိုသတ်ဖို့ အဲ့တာကိုမသုံးတာလဲ”

“အဲ့တာမဆိုးဘူး.. သိမ်မွေ့နက်နဲမှုကိုငါတို့အားလုံးအရင်ကမြင်တွေ့ဖူးတာပဲ.. ငါတို့ဘယ်သူမှအာရုံမခံနိုင်ခဲ့တဲ့အဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စု မကောင်းဆိုးဝါးကောင်တောင် မိုင်တစ်ထောင်မှန်မှာပုံရိပ်ထင်လာပြီး ဒီကိုဦးဆောင်ခေါ်လာနိုင်ခဲ့တယ်လေ”

“ဒီမိုင်တစ်ထောင်မှန်က ရန်သူတွေကို ဘယ်လိုသတ်နိုင်လဲဆိုတာကို ငါလည်းမြင်ချင်မိတယ်”

အားလုံးက အလယ်ရှိရိုးစင်းသောကြေးနီ ရောင်မှန်ကိုကိုင်ထားသည့်လူကို တစ်ယောက်ပြီးတစ်ယောက်ပြောလိုက်ကြသည်။

၎င်းတို့အနေဖြင့် ဤဝန်းရံလာသော နတ်ဆိုးသားရဲကိုးကောင်ကို အများကြီးထည့်မတွေးထားသည်မှာသိသာသည်။ နတ်ဆိုးသားရဲရိုင်းကိုးကောင်က ကြီးမားပြီး လွန်စွာကြမ်းကြုတ်ရက်စက်သောအော်ရာတစ်ခုကို ထုတ်လွှတ်နေသော်လည်း ၎င်းတို့ထဲကတစ်ကောင်ကသာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ဆင့်ကဲ တိုးတက်နိုင်ခဲ့သည်ဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ခုနှစ်ယောက်က ၎င်းတို့အားအလွယ်တကူ သတ်ပစ်နိုင်သည်ဖြစ်သည်။

ယခုအချိန်ထိတိုင်၎င်းတို့ထဲကမည်သူကမှ ဤသားရဲများကိုသတ်ရန် တစ်ချက်လေးပင်မလှုပ်ရှားသေးပေ။ ၎င်းတို့က မိုင်တစ်ထောင်မှန်၏ သတ်ဖြတ်ခြင်းစွမ်းအားကို မြင်တွေ့ချင်ကြသည်ဖြစ်သည်။

ဤမိုင်တစ်ထောင်မှန်က မြေရိုင်းကုန်းမြေကြီးအတွင်းကျော်ကြားသော နတ်ဘုရားတစ်ပိုင်းရှေးဟောင်းလက်နက်များထဲမှ တစ်ခုဖြစ်သည်။ ကောလဟာလများအရ၎င်းအားအသုံးပြုနိုင်မှုကအဆုံးမရှိသည့်အပြင်၎င်း၏စွမ်းအားကလည်းအကန့်သတ်မဲ့သည်ဟုဆိုသည်။

ကျင်းဖူဟုခေါ်သောဤလူကို၎င်းတို့လာရှာရခြင်းကလည်း ၎င်း၌မိုင်တစ်ထောင်မှန်ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့က သူ့အားမြေကလန်၏ နတ်ဘုရားတစ်ပိုင်းမြေခေါင်းလောင်း ခိုးယူခံရသည်ကို ပြောပြခဲ့ပြီးမိုင်တစ်ထောင်မှန်ကို အသုံးပြုကာ သူတို့

ရှာမတွေ့သောတောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူကိုရှာတွေ့နိုင်ရန် မျှော်လင့်နေသည်။

သူတို့အားလုံးက ကျင်းဖူနှင့်ယာယီအတူတကွရှိနေသော်လည်း သူတို့အားလုံး၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိကြသည်ဖြစ်သည်။ သူတို့အားလုံးက နတ်ဘုရားတစ်ပိုင်းမြေခေါင်းလောင်းအကြောင်းကို တွေးနေကြသည်။ သူတို့အား နတ်ဘုရားတစ်ပိုင်းပစ္စည်းတစ်ခုပင်ဖြစ်သော မိုင်တစ်ထောင်နတ်ဘုရားမှန်ကဘယ်လိုလုပ်ပြီးမဆွဲဆောင်ပဲနေပါမည်နည်း။

သူတို့အားလုံးကယခုအချိန်၌ အတူတူရှိနေကြသော်လည်း အားလုံး၌ကိုယ်ပိုင်ရည်ရွယ်ချက်များရှိကြ၏။ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်အား သတ်ဖြတ်ပြီးနောက် နတ်ဘုရားတစ်ပိုင်းမြေခေါင်းလောင်းကိုချက်ချင်းလုယူရန်အတွက် သူတို့၏စိတ်ထဲ၌ မရေအတွက်နိုင်အောင်အကြိမ်များစွာဇတ်တိုက်လုပ်ဆောင်ပြီးဖြစ်သည်။

အချို့ဆိုလျှင် နတ်ဘုရားတစ်ပိုင်းမြေခေါင်းလောင်းအား မည်ကဲသို့လုယူရန်နှင့်မလုယူခင် တိုက်ခိုင်နိုင်စွမ်းကိုမည်ကဲ့သို့တိုးမြင့်အောင်လုပ်ရမည်ကိုပင် ဇာတ်တိုက်ပြီးဖြစ်သည်။

ယခုအချိန်တွင်သူတို့အားလုံးက ကျင်းဖူကိုကြည့်နေကြသည်။ လမ်းတစ်လျှောက်၎င်းတို့အားလုံးက သူ၏မိုင်တစ်ထောင်မှန်ကိုချီးမွမ်း လာသောကြောင့် ကျင်းဖူ၏စိတ်ကြီးဝင်မာနကြီးသော မျက်နှာက ပို၍ပို၍ပီပြင်လာသည်။ သူ၏လက်ရှိအခြေအနေကိုကြည့်ရင်း သူက မိုင်တစ်ထောင်နတ်ဘုရားတစ်ပိုင်းမှန်၏ စွမ်းအားကြီးမားပြီး ဆန်းကြယ်မှုကို ၎င်းတို့အားတွေ့ကြုံစေလိုပုံရသည်။

ကျင်းဖူကဝင့်ကြွားစွာပြုံးလိုက်ပြီး ပြောလိုက်သည်။

“အားလုံးက မိုင်တစ်ထောင်နတ်ဘုရားမှန်ရဲ့ သတ်ဖြတ်ခြင်းစွမ်းအားကို မြင်ဖူးချင်နေမှတော့ လည်း အားလုံးရဲ့အမြင်ကိုကျယ်သွားအောင်ကျုပ်ကဖွင့်ပေးရတာပေါ့”

ကျင်းဖူကစကားပြောသကဲ့သို့ ရုတ်တရက်သူ့လက်ထဲရှိ မိုင်တစ်ထောင်နတ်ဘုရားမှန်ကို မြှောက်လိုက်သည်။

ရုတ်ခြည်းမိုင်တစ်ထောင်နတ်ဘုရားမှန်က လွန်စွာပြင်းထန်သည့် မိုးပြာရောင်အလင်းတစ်ခုလင်းလက် တောက်ပလာသည်။

သို့သော်ဤအချိန်တွင် ကြမ်းကြုတ်ခက်ထန်သော နတ်ဆိုးသားရဲကိုးကောင်မှာ ကျင်းဖူ၏ အပြုအမူများကြောင့် ‌ဒေါသထွက်သွားပုံရ၏။

“ဂါး..ဂါး..ဂါး..ဂါး..ဂါး”

ကြမ်းကြုတ်ရက်စက်သောနတ်ဆိုးသားရဲများက ပို၍ခက်ထန်ရိုင်းစိုင်းလာပြီးအထိန်းအကွပ်မဲ့လာသည်။၎င်းတို့၏ ဟိန်းဟောက်သံများက ယခင်ကထက်ပို၍ ကျယ်လောင်သည်ထက်ကျယ်လောင်သည်။

နတ်ဆိုးရိုင်းသားရဲတို့၏ ဦးခေါင်းကိုးလုံးအား ရင်ဆိုင်နေရသော်လည်း နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူခုနှစ်ယောက်၏ မျက်နှာထက်၌ အထင်သေးမှုအပြည့်ဖြင်လှောင်ပြုံးတို့က ပြည့်နှက်နေဆဲဖြစ်သည်။

မိုင်တစ်ထောင်နတ်ဘုရားမှန်အား ကိုင်ဆောင်ထားသည့် ကျင်းဖူ၏ မျက်နှာထက်၌ မောက်မာမှုတို့ ပို၍ ပင် ပြည့်နှက်နေ၏။

သူ့အနေဖြင့်ဤနတ်ဆိုးသားရဲကိုးကောင်က သူ၏မိုင်တစ်ထောင်နတ်ဘုရားမှန်ကြောင့် ကြောက်လန့်တုန်လှုပ်နေပြီး‌ဒေါသအိုးပေါက်ကွဲနေခြင်းဖြစ်သည်ဟုထင်နေ၏။ကျင်းဖူ၏ အမူအယာမှာ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်၌ရှိနေသကဲ့သို့ပင်ဖြစ်သည်။

ကျင်းဖူးကတီးတိုးရေရွတ်လိုက်သည်။

“သားရဲရိုင်းတွေဖျက်ဆီးခံရစေ”

ကျင်းဖူ၏အသံထွက်ပေါ်လာသည်နှင့် မိုင်တစ်ထောင်နတ်ဘုရားမှန်မှ တောက်ပသောအပြာရောင်အလင်းတို့ ထွက်ပေါ်လာပြီး ရုတ်ခြည်းဦးတည်ချက်ပေါင်းစုံလေးဘက်လေးလံသို့ ပျံ့နှံ့သွားသည်။ အပြာရောင်အလင်းတန်းအတွင်း၌ အရာအားလုံးကိုဖျက်ဆီးပစ်နိုင်စွမ်း ရှိသည့်အလားထင်ရသည့် စိတ်လှုပ်ရှားတုန်လှုပ်ကြောက်မက် ဖွယ်ကောင်းစေသော စွမ်းအားတစ်ခုပါရှိ၏။

နတ်ဘုရားတစ်ပိုင်းအဆင့်ကျွမ်းကျင် သူခြောက်ဦးပင် မိုင်တစ်ထောင်နတ်ဘုရားမှန်မှ ထွက်ပေါ်လာသော စွမ်းအားကိုအာရုံခံမိချိန်၌ ကြောက်ရွံ့ထိတ်လန့်မှုကိုကိုခံစားရသည်။

သို့သော်မိုင်တစ်ထောင်နတ်ဘုရားမှန်မှ အပြာရောင်အလင်းတစ်ခုထုတ်လွှတ်နေချိန်တွင် ကြမ်းကြုတ်သောနတ်ဆိုးသားရဲကိုးကောင်က ရုတ်တရက်လှုပ်ရှားပြီး နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူခုနှစ်ဦးပေါ်သို့ ခုန်အုပ်လာသည်။

“ဂါး”

ကြမ်းကြုတ်သောနတ်ဆိုးသားရဲကိုးကောင်က တစ်ချိန်တည်း အော်ဟစ်လိုက်ကြသည်။ ပေါက်ကွဲသံများဆက်တိုက်ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးအား ပြင်းထန်စွာ တုန်ခါသွားစေသည်။

“ဟမ်”

“ဟမ်”

“ဟမ်”

“ဟမ်”

“ဟမ်”

ဤအခိုက်အတန့်တွင် ဧရာမနတ်ဆိုးသားရဲကြီးကိုးကောင်က သူတို့ထံသို့ မဆင်မခြင်ဦးတည်လာသည်ကို တွေ့လိုက်ရသောအခါ နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူခြောက်ဦး၏ မျက်နှာအမူအယာများက တစ်ချိန်တည်းတွင် ပြောင်းလဲသွားသည်။

နတ်ဆိုးသားရဲကိုးကောင်၏ ခန္ဓာကိုယ်မှ ဖော်ပြ၍မရနိုင်လောက်သော ဗရမ်းဗတာနှင့် အုံကြွနေသည့် စွမ်းအင်များစုစည်းလာသည်ကို သူတို့ခံစားမိနိုင်သည်ဖြစ်သည်။

“ဒါ..ဒါက ...နတ်ဆိုးသားရဲကိုးကောင်က ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်တော့မယ်.. ဒီကောင်တွေတကယ်ကြီးရူးသွားပြီ..လခွီးပဲ.. သောက်ရူးတိရစ္ဆာန်တွေ”

“မကောင်းတော့ဘူး....ဒီနတ်ဆိုးသားရဲကိုးကောင်က တကယ်ကြီး ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးပစ်တော့မှာ”

ဤအခိုက်အတန့်တွင် အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။ အကယ်၍သူတို့သာအခြားနေရာ၌ရှိနေပါက ၎င်းတို့ထဲ၌ နတ်ဘုရားတစ်ပိုင်းအဆင့် သားရဲတစ်ကောင်ရှိနေခဲ့သည်ဆိုလျှင်တောင် သူတို့အနေဖြင့် ထိုအချင်းအရာအား လျစ်လျူရှုလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကလည်း သူတို့ကိုထိခိုက်မှုတစ်စုံတစ်ရာဖြစ်စေလိမ့်မည်မဟုတ်ပေ။

အရေးအကြီးဆုံးအရာကား သူတို့အနေဖြင့်ယခုအချိန်တွင် နတ်ဆိုးရိုင်းတောင်တန်းအတွင်း ၌ရောက်ရှိနေခြင်းပင်ဖြစ်သည်။ နတ်ဆိုးသားရဲကိုးကောင်၏ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်း မှဖြစ်ပေါ်လာသော အခြေအနေများက ပို၍စွမ်းအားကြီးမားသောသားရဲများကို ဆွဲဆောင်စေလိမ့်မည်ဖြစ်၏။

“ချီးပဲ”

ထို့နောက် နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူ ခြောက်ဦးက နတ်ဆိုးသားရဲများ၏ ဝိုင်းရံခံရမှုမှ ဖျက်ခနဲထွက်လိုက်ကြသည်။ ကျင်းဖူမှာမူ မိုင်တစ်ထောင်နတ်ဘုရားမှန်အား ခပ်မြင့်မြင့် ကိုင်မြှောက်ထားဆဲဖြစ်သည်။ နတ်ဆိုးသားရဲကိုးကောင်၏ ခန္ဓာကိုယ်တို့မှ အစိမ်းရောင်အလင်းတို့ တောက်ပလာပြီး ပြင်းထန်သောပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။

နတ်ဆိုးသားရဲကိုးကောင်က တစ်ချိန်တည်းတွင် ကိုယ်ကိုယ့်ကိုယ်ဖျက်ဆီးပစ်လိုက်ကြသည်။

“ဝုန်း”

ပြင်းထန်သောပေါက်ကွဲသံများထွက်ပေါ်လာ၏။ နတ်ဆိုးသားရဲကိုးကောင်၏ ကိုယ်ကိုယ့်ကိုယ်ဖျက်ဆီးခြင်းမှ ထွက်ပေါ်လာသောစွမ်းအားတို့က နတ်ဆိုးရိုင်းတောင်တန်းတစ်ခုလုံးကိုပြင်းထန်စွာလှုပ်ခါသွားစေသည်။

အကွာအဝေးတစ်ခုအတွင်းတွင် လေကိုထိုးခွင်းပျံသန်းနေသော ရှစ်ဖုန့်တစ်ယောက် ရုတ်ခြည်းသူ၏အနောက်ဘက်မှ ထွက်ပေါ်လာသော ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုကိုကြားလိုက်ရသည်။ သူ၏ဝန်းကျင်ရှိနေရာတစ်ခုလုံးပြင်းထန်စွာ တုန်ခါနေသည်ကို သူခံစာနိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်တစ်ယောက် ပျံသန်းနေခြင်းကို အလျှင်အမြန်ရပ်တန့်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင်ကံဆိုးမှုအား စိတ်ကျေနပ်နေသကဲ့သို့သော ရယ်မောသံတစ်ခုက သူ၏နားထဲသို့နောက်တစ်ကြိမ် ဝင်ရောက်လာသည်။

“ဟားဟား.. နတ်ဆိုးရိုင်းတောအုပ်က တိတ်ဆိတ်နေတာတော်တော်လေးကြာခဲ့ပြီ.. နောက်ဆုံးတော့ အခုမှပဲသက်ဝင်လှုပ်ရှားပြီး စိတ်လှုပ်ရှားစရာလေးတွေရှိလာတော့မယ်”

ရှစ်ဖုန့်တစ်ယောက် မျက်မှောင်ကြုတ်လိုက်ပြီး အဝေးမှဆူပူသံတို့ထွက်ပေါ်လာသော လမ်းကြောင်းကိုစိုက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

“ဒီအဘိုးကြီး ထပ်ပြီးဒီလိုမျိုးရယ်ပြန်ပီ..

ခုဏက ဆူပူသံက ဒီအဘိုကြီးကောင်းကောင်းလုပ်လိုက်တဲ့အရာတစ်ခုပဲဖြစ်ရမယ်”

အပိုင်း(၉၄၁)

ရှစ်ဖုန့်ကလှည့်လိုက်ပြီး သူ့နောက်ရှိ ထူထပ်သော တောအုပ်ကို ကြည့်လိက်ကာ ထိုဘက်မှလာသည့် စွမ်းအင်လှုပ်ခတ်မှုလှိုင်များကို အာရုံခံနေသည်။

ဝတ်ရုံနက်လူအိုကြီး၏ လှောင်ပြောင်သောစကားလုံးများအားကြားလိုက်ရသည့်အခါတွင် ထိုနေရာမှဂယက်ထမှုများက ဤယုတ်မာကောက်ကျစ်သောအဘိုးကြီးနှင့် သေချာပေါက်သက်ဆိုင်နေလိမ့်မည်ဖြစ်သည်ကို ရှစ်ဖုန့်သိနှင့်ပြီးဖြစ်သည်။

ရှစ်ဖုန့်ကပြောလိုက်သည်။

“သောက်အဘိုးကြီး. ဟိုဘက်က ဂယက်ထမှုကြီးက ဘာအဓိပ္ပါယ်လဲ”

“ဟီးဟီး..မင်းကတကယ်ပါးနပ်တဲ့ကောင်ပဲကွ... ကြည့်လိုက်ရုံနဲ့တင်ဒါကငါလုပ်တယ်ဆိုတာကို မင်းသိနေတယ်.. သူတို့လာတာအရမ်းနှေးနေတာကိုငါတွေ့လို့ သူတို့ကိုမြန်မြန်လုပ်အောင် ငါကလှုံ့ဆော်ပြီး အခြေအနေကို ပိုပြီးပြင်းထန်အောင်လုပ်ပေးလိုက်တာလေ”

“ကောင်းပြီ..မြန်မြန်သွားကြစို့.. ငါတို့ အခုထွက်မသွားရန် ပြဿနာတက်လိမ့်မယ်”

ဝတ်ရုံနက်၏ စကားဆုံးပြီးပြီးချင်း အကွာအ‌ဝေးတစ်ခုအတွင်းမှ စွမ်းအားကြီးမားပြီး ကြမ်းကြုတ်ခက်ထန်သော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲရိုင်းများစွာကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

အစောပိုင်းက ကြီးမားသော ဆူညံပွက်လောရိုက်မှုက နတ်ဆိုးရိုင်းတောင်တန်းအတွင်းရှိများစွာသော သားရဲများကို လှန့်လိုက်သကဲ့သို့ ဖြစ်သွားစေသည်ဖြစ်သည်။

ထို့နောက်မကြာခင် စွမ်းအားကြီးအော်ရာတစ်ခုက တစ်ဟုန်ထိုးစတင်လှုပ်ရှားလာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ သူရှိရာဘက်သို့ အော်ရာအချို့ကလည်း ချဉ်းကပ်လာနေသည်။

စွမ်းအားကြီးသားရဲပေါင်းများစွာကိုအသိပေးလိုက်သကဲ့သို့ဖြစ်သွားစေသည်ကို သိပြီးနောက် ရှစ်ဖုန့်ကချက်ချင်းလှည့်လိုက်ပြီး တစ်ဟုန်ထိုးဆက်လက်ပျံသန်း၍ တောင်းတန်းများကိုဖြတ်ကျော်လိုက်သည်။ သူကအေးစက်သောအသံဖြင့် ပြောလိုက်၏။

“သောက်အဘိုးကြီး..ခင်ဗျားဘာလုပ်နေတာလဲ.. ဒီသခင်လေးအပါအဝင် ဒီနတ်ဆိုးရိုင်းတောင်တန်းထဲဝင်လာတဲ့သူအကုန်လုံးကို ခင်ဗျားကသတ်ချင်နေတာလား”

“ဟီးဟီး.တစ်ချိန်လုံးငါ့ကို သောက်အဘိုးကြီး သောက်အဘိုးကြီးခေါ်မနေပါနဲ့ကွ.. ကြားရတာနားမချမ်းသာဘူး. အခုကစပြီး မင်းငါ့ကို ဝတ်ရုံတမာန်တော်လို့ခေါ်လို့ရတယ်..”

ဝတ်ရုံနက်က ရှစ်ဖုန့်၏ မေးမြန်းမှုအားတိုက်ရိုက်မဖြေပေ။ ထိုအစား သူက ဆက်လက်ရယ်မောပြီး အေးအေးလူလူပြောလိုက်သည်။

“သောက်အဘိုးကြီး.....ခင်ဗျားကိုဘယ်လိုခေါ်ခေါ်အရေးမကြီးဘူး. ပြောစမ်းပါ.ခင်ဗျားဘာလုပ်နေတာလဲ..”

ဝတ်ရုံနက်ကသူ့အားပြန်မဖြေသည်ကိုတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကထပ်မံအော်ပြောလိုက်သည်။

“မင်းကျေးဇူးနဲ့ ငါးစာကပိုပြီးကြီးသည်ထက်ကြီးလာပြီကွ.”

ဝတ်ရုံနက်က အေးအေးလူလူ အပြုံးတစ်ခုနှင့်ပြောလိုက်သည်။

“ငါတို့တွေ မွန်းစတားနတ်ဘုရားသင်္ချိုင်းထဲကိုဝင်ချင်တယ်ဆိုရင်.. မင်းနဲ့ငါအပါအဝင် နတ်ဘုရားတစ်ပိုင်းခုနှစ်ယောက်နဲ့က ချိုးဖျက်နိုင်စွမ်းရှိမှာမဟုတ်ဘူး”

“ငါးစာက ကြီးသည်ထက်ကြီးလာတာလား”

ဝတ်ရုံနက်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က ၎င်း၏ စကားတို့ကို အသံတိုးတိုးဖြင့် တီးတိုးရေရွတ်လိုက်သည်။ ဝတ်ရုံနက်၏ စကားတို့အားပေါင်းစပ်ကြည့်လိုက်ပြီးနောက် ရှစ်ဖုန့်က ဘာကိုဆိုလိုသည်ကို ရုတ်ခြည်းသဘောပေါက်လိုက်ပြီး အေးစက်စွာထပ်မံအော်ပြောလိုက်သည်။

“ဒီသခင်လေးက ခင်ဗျားရဲ့ငါးစာဖြစ်ခဲ့တယ်..အခုသူတို့ခုနှစ်ယောက်ကလည်း ခင်ဗျားရဲ့ငါးစာတွေဖြစ်လာပြန်ပီ... သူတို့ကခင်ဗျားကိုငါးတွေပိုမိအောင် ကူညီလိမ့်မယ်”

ရှစ်ဖုန့်က နတ်ဆိုးရိုင်းတောင်တန်းအတွင်းမှ နိုးကြားလာသည့် များစွာသော သားရဲရိုင်းများကို ရည်ညွှန်းပြောဆိုလိုက်သည်။

“ဟီးဟီး.မင်းကတကယ်တော်တယ်... ငါးဘယ်လောက်ဖမ်းမိမလဲတော့ငါမသိဘူး. ငါတကယ်ပဲ ဒါကိုသိချင်နေမိပြီ.”

ဝတ်ရုံနက်က တောင့်တသောလေသံတစ်ခုနှင့်ပြောလိုက်သည်။

“ချီးပဲ. သူတောင်းစားကြီး”

ရှစ်ဖုန့်က ကျိန်ဆဲလိုက်သည်။

သူက ငါးစာဖြစ်ခဲ့ရခြင်းမှာ လုံလောက်သောသန်မာမှုမရှိ၍ဖြစ်သည်။

ထို့နောက်ဝတ်ရုံနက်၏ မမြင်ရသောလမ်းညွှန်မှုအောက်တွင် ရှစ်ဖုန့်က တစ်ဟုန်ထိုးဆက်လက်ပျံသန်းလိုက်သည်။ ထိုသောက်အဘိုးကြီးပြောသော မွန်းစတားနတ်ဘုရားသင်္ချိုင်းသို့ တစ်ဟုန်ထိုးဦးတည်လိုက်၏။

အခြားတောအုပ်အတွင်းတွင် စွမ်းအားကြီး နတ်ဆိုးသားရဲ ကိုးကောင်၏ ကိုယ်ကိုယ့်ကိုယ်ဖျက်ဆီးမှုအောက်၌ မြေပြင်က ဆက်လက်လှုပ်ခါနေဆဲဖြစ်ပြီး တောင်တန်းများကလ်း ဆက်လက်လှုပ်ခါယိမ်းထိုးနေသည်။ ပြင်းထန်သောစွမ်းအင်များက ဘက်ပေါင်းစုံသို့ ပျံ့လွင့်နေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင် ပုံရိပ်ခြောက်ခုက ဟင်းလင်းပြင်ထဲသို့ ဖျက်ခနဲရောက်နှင့်နေပြီးဖြစ်ပြီး ပြင်းထန်သောစွမ်းအင်တို့ သက်ရောက်မှုအများဆုံးရှိရာနေရာသို့ ငုံ့ကြည့်နေကြသည်။

သို့သော်ပြင်းထန်သောစွမ်းအင်တို့၏အလယ်ဗဟိုတွင် တုတ်ခိုင်သန်မာသော ပုံရိပ်တစ်ခုက ဝင့်ကြွားစွာရပ်နေဆဲဖြစ်သည်။ သူက အပြာရောင်အလင်းတို့တောက်ပနေဆဲဖြစ်သော မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ထား၏။

လက်ထဲရှိ မိုင်တစ်ထောင်နတ်ဘုရားမှန်နှင့်အတူ ပြင်းထန်သောစွမ်းအင်များက ကျင်းဖူအား လုံးဝထခိုက်စေခြင်းမရှိပေ။ သူ၏မျက်နှာထက်၌အထင်သေးမှုအပြည့်ဖြင့် အပြုံးတစ်ခုရှိနေပြီး အေးစက်စွာပြောလိုက်သည်။

“ဟမ့်..သားရဲကိုးကောင်ရဲ့ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးမှုလေး‌လောက်များ.. ငါ့လက်ထဲကမိုင်တစ်ထောင်နတ်ဘုရား မှန်နဲ့ဆိုရင် .. ငါကမထိမရှဒီမှာရပ်နေနိုင်တယ်”

ထိုသို့ပြောလိုက်သကဲ့သို့ ကျင်းဖူ၏မျက်နှာထက်ရှိ မောက်မာသောအပြုံးက ပို၍ပို၍ ပီပြင်လာသည်။ သူ၏အထင်သေးမှုပြည်ဖြင့် အမူအယာက ဖျက်ခနဲထွက်ပြေးသွားကြသော ပုံရိပ်ခြောက်ခုကိုတိုက်ရိုက်ဦးတည်ခြင်းဖြစ်သည်။

ကျင်းဖူ၏အမြင်တွင် ပုံရိပ်ခြောက်ခုက အခြေအနေမကောင်းသောကြောင့်ထွက်ပြေးသွားရသော်လည်း သူကတော့ဤနေရာ၌ရပ်နေဆဲဖြစ်ပြီး ပြင်းထန်သောစွမ်းအင်တို့ကိုရင်ဆိုင်ကာ မထိမရှ ရပ်တည်နိုင်ဆဲဖြစ်သည်။

“ဒီကောင်သူ့ကိုယ်သူဝင့်ကြွားနေပုံပဲ..”

ဟင်းလင်းပြင်ထဲတွင် တစ်စုံတစ်ယောက်က ကျင်းဖူ၏မျက်နှာထက်ရှိ အမူအယာအား မြင်တွေ့လိုက်ရသောအခါ သူ့ဘေးရှိလူကိုတီးတိုးပြောလိုက်၏။

သူတို့၏စွမ်းအားဖြင့်ဆိုလျှင် အစောပိုင်းကကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဖျက်ဆီးမှုအား တားဆီးရန်မှာ ခက်ခဲခြင်းမရှိပေ။ သို့သော်သူတို့တားဆီးမည်ဆိုလျှင် သူတို့အနေဖြင့်တန်ကြေးတစ်ခုကို ပေးရလိမ့်မည်ဖြစ်သည်။ ၎င်းအားရှောင်တိမ်းနိုင်ပါလျှက်နှင့် မည်သူကများ တားဆီးရန်အထိရူးမိုက်ပါမည်နည်း။

သို့သော် ကျင်းဖူ၏မျက်နှာထက်ရှိမောက်မာမှုနှင့် အထင်းသေးမှုတို့ပြည့်နှက်နေသော အမူအယာအားမြင်တွေ့လိုက်ရသောအခါတွင် သူတို့အနေဖြင့်စိတ်မကျေမနပ်ဖြစ်သွားရသည်။

ဤအခိုက်အတန့်တွင် အခြားတစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

“သူ့ကိုစိတ်ပူမနေနဲ့. သူနဲ့ဘာမဟုတ်တာကိုငြင်းခုန်နေစရာမလိုဘူး.. သူခေါင်းကတစ်ခုခုမှားနေတာ..မဟုတ်ရင်ဘယ်လိုလုပ်ပြီး ငါတို့အသုံးချတာကိုသူခံရမှာလဲ”

“ဟမ့်.အမှန်ပဲ.နတ်ဘုရားမြေ ခေါင်းလောင်းကိုရပြီးမှ သူကိုငါတို့ရှင်းမယ်. အခုငါတို့အတွက်အရေးကြီးဆုံးက ခုဏကဖြစ်ခဲ့တဲ့အခြေအနေကြောင့် နိုးကြားသွားတဲ့ နတ်ဆိုးသားရဲတွေပဲ..”

ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဖျက်ဆီးပြီးနောက် နတ်ဆိုးရိုင်းတောင်းတန်းအတွင်းမှ စွမ်းအားကြီးအော်ရာများမြင့်တက်လာပြီး ယခုသူတို့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသည်ကို အာရုံခံမိပြီးဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းနပယ်သို့ရောက်ရှိနေသည့် နတ်ဆိုးသားရဲဆယ်ကောင်ထက်မနည်းပေ။

ဤအခိုက်အတန့်တွင်တစ်စုံတစ်ယောက်က ခေါင်းငုံ့ပြီး ကျင်းဖူကိုအော်ပြောလိုက်သည်။

“ကျင်းဖူ ခုဏကအဖြစ်အပျက်က နတ်ဆိုးရိုင်းတောင်တန်းထဲက သားရဲတွေကိုအသိပေးနှိုးဆော်လိုက်သ လိုဖြစ်သွားပြီးပြီ...မိုင်တစ်ထောင်နတ်ဘုရား မှန်ကိုမြန်မြန်သုံးပြီး တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မကောင်းဆိုးဝါးကို ထုတ်ဖော်လိုက်”

နတ်ဆိုးရိုင်းတောင်တန်းသို့ သူတို့ဝင်ရောက်လာစဉ်က တောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်၏ အော်ရာကိုဖမ်းမိခဲ့သည်။ သို့သော် အစောပိုင်းကအဖြစ်အပျက်ဖြစ်ပွားပြီးနောက် တော်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်၏ အော်ရာက ဆန်းကြယ်သောလျှို့ဝှက်ပညာရပ်တစ်ခုနှင့် ဖြတ်တောက်ခံလိုက်ရသည့်နှယ်ဖြစ်သွားသည်။

“အိုး.ကောင်းပြီ”

သူ့အထက်ရှိလူများ၏အော်ပြောသံ အားကြားလိုက်ရသည့်အခါတွင် ကျင်းဖူက နောက်တစ်ကြိမ်လှောင်ပြုံးပြုံးကာ မောက်မာစွာဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက် ကောင်းကင်ထဲသို့ ဦးတည်လိုက်ပြီး လူခြောက်ယောက်ရှေ့သို့ လျှင်မြန်စွာရောက်ရှိလာသည်။ သူက၎င်းတို့အားပြောလိုက်သည်။

“ခဏလေးစောင့်..”

ကျင်းဖူ၏စကားဆုံးပြီးပြီးချင်း သူ၏လက်ထဲမှ မိုင်တစ်ထောင်နတ်ဘုရားမှန်က အစိမ်းရောင်အလင်းတစ်ခုလင်းလက်လာသည်။

ထို့နောက် ကျင်းဖူက လူခြောက်ယောက်ကို ခပ်ဖျော့ဖျော့အော်ပြောလိုက်သည်။

“ ဒီလူရဲ့တည်နေရာကိုရှာဖို့ မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုငါသုံးပြီး သူ့ရဲ့အော်ရာကိုဖမ်းပြီပြီ. ငါ့နောက်လိုက်ခဲ့ကြ”

စကားပြောပြီးနောက် ကျင်းဖူက လူခြောက်ယောက်ကို ထပ်မံအာရုံစိုက်ခြင်းမရှိတော့ပေ။ ဖျက်ခနဲသူတို့အောက်ရှိတောအုပ်အတွင်းဒေါင်လိုက်အနေအထားအတိုင်းပေါ်လာသည်။

“သွားစို့”

ကျင်းဖူတစ်ယောက်ထိုးဆင်းသွားသည်ကိုတွေ့လိုက်ရသောအခါတွင် ပုံရိပ်ခြောက်ခုကလည်း ပြောလိုက်ကြသည်။ သူတို့၏ပုံရိပ်များက ဖျက်ခနဲဖြစ်သွားပြီး ကျင်းဖူနောက်သို့ ဆက်တိုက်စတင်လိုက်ပါလိုက်ကြသည်။

“ဝေါင်း..ဝေါင်း....ဝေါင်း..ဂါး”

“ဂီး..ဂီး..ရွှီး..ဂါး..ဂယား”

နတ်ဆိုးရိုင်းသားရဲတို့၏ ကြမ်းကြုတ်ခက်ထန်ပြီး ဒေါသအိုးပေါက်ကွဲနေသော ဟိန်းဟောက်အော်ဟစ်သံများက နတ်ဆိုးရိုင်းတောင်တန်းဒေသတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ ဟိန်းဟောက်အော်ဟစ်သံတစ်ခုထွက်ပေါ်လာပြီးနောက် များစွာသော အော်ဟစ်သံများက နောက်မှလိုက်ပါလာသည်။

“ချီးပဲ...ခုဏကအခြေအနေက နတ်ဆိုးရိုင်းတောင်တန်းထဲက သားရဲတွေကိုရူးသွားစေတယ်.. ကျီးကန်းနက် အရှိန်တင်ပြီးအဲ့လူကိုလိုက်ဖမ်းကြစို့.. သူတို့ဖြစ်နိုင်သမျှအမြန်ဆုံးသတ်ပြီး နတ်ဘုရားမြေခေါင်းလောင်းကိုရတာနဲ့ ဒီနေရာကထွက်သွားကြမယ်”

ဧရာမကျီးကန်းနက်ကြီးတစ်ကောင်ပါလာသောလူငယ်က ကြီးမားလှသောတောအုပ်အတွင်းမှ ရုတ်တရက်ပြောင်းလဲမှုတို့ကို အာရုံခံမိလိုက်ပြီး သူ့ဘေးရှိကျီးကန်းနက်ကို လေးနက်တည်ကြည်သော အမူအယာနှင့်ပြောဆိုလိုက်သည်။

အပိုင်း(၉၄၂)

“ဝေါင်း..ဂါး..ဂါး.ဂီး”

နတ်ဆိုးရိုင်းသားရဲတို့၏ အသားကုန်အော်ဟစ်သောအသံလှိုင်းများက ထွက်ပေါ်လာသည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း.”

မြေပြင်ပေါ်မှမရေမတွက်နိုင်အောင် နင်းချေဖျက်ပြေးသောအသံများ ထွက်ပေါ်လာသည်။

နတ်ဆိုးရိုင်းတောင်တန်းဒေသအတွင်းရှိ တောင်တန်းများနှင့်တောအုပ်များက ပို၍ပို၍ ပရမ်းပတာဖြစ်လာသည်။

“ချီးပဲ..နတ်ဘုရားတစ်ပိုင်းနယ်ပယ် နတ်ဆိုးသားရဲဆယ့်တစ်ကောင်ရဲ့ ပစ်မှတ်ထားတာကို ငါတို့ခံနေရပြီ”

များစွာသောပုံရိပ်များက တောင်တန်းတောအုပ်အား လျှင်မြန်စွာဖြင့် ဆက်တိုက်လွန်းထိုးပျံသန်းနေ၏။ ထို့နောက်များစွာသောအလန့်တကြားပြောဆိုသံများထွက်ပေါ်လာသည်။

“ကျင်းဖူ..မင်းမှာမိုင်တစ်ထောင်နတ်ဘုရားမှန်ရှိတာပဲ.. မိုင်တစ်ထောင်နတ်ဘုရားမှန်က မိုင်တစ်ထောင်အတွင်းမှာရှိတဲ့အရာအားလုံးကို မြင်နိုင်တယ်လို့ပြောကြတယ်..ဒီနတ်ဆိုးသားရဲတွေကိုရှင်းထုတ်ပစ်ဖို့ ငါတို့ကိုမင်းကူညီနိုင်မလး”

ပုံရိပ်များထဲမှတစ်ယောက်ကပြောလိုက်သည်။

“ငါ့နောက်သာလိုက်ခဲ့..ငါကအဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူကိုဖမ်းဖို့တင်မကဘဲ..ဒီသားရဲတွေကိုပါ ရှင်းထုတ်ပစ်ဖို့ဦးဆောင်နေတာ.. မိုင်တစ်ထောင်နတ်ဘုရားမှန်ရှိရင် မင်းတို့စိတ်ပူနေစရာမလိုဘူး.’

တောအုပ်အားတစ်ဟုန်ထိုးဖြတ်သန်းနေသော ကျင်းဖူကဝင့်ကြွားစွာပြောလိုက်သည်။

ဤအကြိမ်တွင် ကျင်းဖူ၏မောက်မာသောစကား တို့အားကြားရချိန်၌ နတ်ဘုရားတစ်ပိုင်းခြောက်ဦးတို့မှာ စိတ်ခုကြခြင်းမရှိပေ။ ထို့အစားပို၍ပင်စိတ်သက်သာရာရသွားကြသည်။

မိုင်တစ်ထောင်နတ်ဘုရားမှန်အား သူတို့၏မျက်စိဖြင့်ကိုယ်တိုင်မြင်တွေ့ပြီးပြီဖြစ်၏။

“လခွီးပဲဟေ့..ငါတို့နောက်ကိုနတ်ဘုရား တစ်ပိုင်းနတ်ဆိုးသားရဲငါးကောင်လိုက်လာတယ်.ကျီးကန်းနက်..မြန်မြန်လေး….တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက အဲသူတောင်းစားကို ငါတို့ဖြစ်နိုင်သမျှ အမြန်ဆုံးဖမ်းမိအောင်လုပ်ရမယ်….ငါတို့အတူတူလုပ်ရင်သူ့ကိုတစ်ချက်တည်းနဲ့သတ်ပစ်နိုင်မှာသေချာတယ်….ပြီးရင် နတ်ဘုရားမြေခေါင်းလောင်းကို ယူပြီး တို့တွေထွက်ပြေးကြမယ်”

“ခင်ဗျားပြောခဲ့သလိုပဲ.နတ်ဆိုးရိုင်းတောင်တန်းကပိုပိုပြီးအသက်ဝင်လာပြီ”

ရှစ်ဖုန့်မှာ ဝတ်ရုံနက်အဘိုးအို၏ လမ်းညွှန်မှုအောက်၌တစ်ဟုန် ထိုးပျံသန်းနေဆဲဖြစ်သည်။ နတ်ဆိုးရိုင်းတောင်တန်းအတွင်းရှိ အခြေအနေများအား သူအာရုံခံမိသောအခါတွင် တည်ငြိမ်သောသူ၏မျက်နှာထက်မှ စကားလုံးတို့ပွင့်အံကျလာသည်။

ရှစ်ဖုန့်၏တည်ငြိမ်နေသော အသွင်အပြင်က ပြင်းထန်သောအခြေအနေများနှင့် စွမ်းအားကြီးနတ်ဆိုးသားရဲတို့၏ ခက်ထန်သောအော်ဟစ်သံများက သူနှင့်ဘာမှမသက်ဆိုင်သကဲ့သို့ပင်ဖြစ်သည်။

“ဟားဟား..အားလုံးက အဆင်ပြေချောမွေ့နေတာပဲ.. အကုန်လုံးကငါ့ထိန်းချုပ်မှုအောက်မှာရှိတယ်”

ရှစ်ဖုန့်၏နားထဲသို့ ဝတ်ရုံနက်၏အသံက ထပ်မံဝင်ရောက်လာသည်။

ဝတ်ရုံနက်၏အသံကပျောက်ကွယ်သွားပြီးပြီးချင်း ရှစ်ဖုန့်၏နားအတွင်းသို့ထပ်မံဝင်ရောက်လာပြန်၏။

“ကလေး.ငါပြောခဲ့သလိုပဲ ဒီအဘိုကြီးကို သောက်အဘိုးကြီးတွေ သက်ကြားအိုကြီးတွေဘာညာ မခေါ်စမ်းပါနဲ့.. ဒီအဘိုးကြီးကို ဝတ်ရုံနက်တမာန်တော်လို့ခေါ်နိုင်တာကိုး”

“ဟမ့်”

ရှစ်ဖုန့်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

ရှစ်ဖုန့်က ထပ်မံပြောလိုက်သည်။

“အဘိုးကြီး မွန်းစတားနတ်ဘုရားသင်္ချိုင်းက ဘယ်နေရာမှာလဲ. ရောက်ကာနီးပီလား”

“စိတ်မပူနဲ့.. ငါတို့ရောက်ကာနီးပြီ”

ဝတ်ရုံနက်ကပြောလိုက်သည်။ သူကရှစ်ဖုန့်အား သူ၏အမည်ကိုပြောင်းခေါ်ရန် အကြိမ်များစွာ ပြောသော်လည်း ရှစ်ဖုန့်ကဂရုစိုက်မှုမရှိနေနေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင် ရှစ်ဖုန့်သူ့အားမည်သို့ခေါ်သည်ကို ဂရုစိုက်ရန်ပျင်းသွားပုံရသည်။

ဤအကြိမ်သူ၏ရည်မှန်းချက်သာအောင်မြင်သည်နှင့် အဆင်ပြေသည်ဖြစ်၏။

ထို့နောက်ရှစ်ဖုန့်၏တစ်ဟုန်ထိုးပျံသန်းနေသောပုံရိပ်က ရုတ်ခြည်း အဖုအထစ်များနှင့်မတ်စောက်သော ချောက်ကမ်းပါးတစ်ခုထံဦးတည်သွားသည်။ မကြာခင်ချောက်ကမ်းပါးပေါ်သို့ ပျံသန်းသွား၏။ သူ၏အောက်ဘက်တွင် ကျယ်ပြန့်စွာပြန့်ကားနေသော အဖြူရောင်မြူခိုးတစ်ခုရှိနေပြီး မည်သူမှ အောက်ခြေကိုမမြင်နိုင်သော အကန့်သတ်မဲ့ အသူတရာချောက်နက်တို့ရှိနေသည်။

ဤအခိုက်အတန့်တွင် ဝတ်ရုံနက်၏အသံက သူ၏နားထဲသို့ဝင်ရောက်လာသည်။

“ကောင်းပြီကောင်လေး. အောက်ဆင်းကြစို့”

ဝတ်ရုံနက်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး အောက်သို့အာရုံခံလိုက်သည်။ အောက်ဘက်၌မည်သည့် ကန့်သတ်ချက်သို့မဟုတ် အန္တရာယ်မှရှိမနေသည်ကိုအာရုံခံ မိသောအခါတွင် ရှစ်ုဖန့်ကအဆုံးမဲ့အသူရာချောက်နက်အတွင်းသို့ ရုတ်ခြည်းတစ်ဟုန်ထိုးထိုးဆင်းလိုက်သည်။

ဝတ်ရုံနက်က ကိုယ်တိုင်တစ်ဟုန်ထိုးထိုးဆင်းလိုခဲ့သည်။ ရှစ်ဖုန့်ကတော့ ထိုးမဆင်းခင်အောက်၌မည်သည့် အန္တရာယ်မှရှိမနေသည်မှာသေချာအောင် ပြုလုပ်ခဲ့သည်ဖြစ်၏။

ဤသည်က မွန်းစတားနတ်ဘုရားသင်္ချိုင်းသို့သွားရာ လမ်းကြောင်းဖြစ်သည်။ အောက်၌စွမ်းအားကြီးရှေးဟောင်းအစီအရင်တစ်ခုရှိနေမလားဆိုသည်ကို မည်သူကသိနိုင်ပါမည်နည်း။

ရှစ်ဖုန့်ကတစ်ဟုန်ထိုးဆင်းသက်နေရင်း ပတ်ဝန်းကျင်အားလည်းသူ၏ ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ အာရုံခံနေသည်။

အန္တရာယ်ရှိပုံရသောချောက်ကမ်းပါးမှရှစ်ဖုန့်တို့ဆင်းသွားပြီးသိပ်မကြာခင် ဧရာမကျီးကန်းနက်တစ်ကောင်နှင့် လူငယ်တစ်ယောက်က ဖျက်ခနဲပေါ်လာသည်။ ပုံရိပ်နှစ်ခုကရပ်တန့်လိုက်သည်။ လူငယ်ကအောက်သို့ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူကဘေးရှိကျီးကန်းနက်ကိုမေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ချီးပဲ.ချီးပဲ. ငါတို့ကိုအခု သားရဲခုနှစ်ကောင်ကပစ်မှတ်ထားတာခံနေရတာ…ကျီးကန်းနက် အဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက သူတောင်းစားက အသူတရာချောက်နက်ထဲကိုဆင်းသွား တာသေချာလား”

“အား”

ကျီးကန်းနက်က ပါးစပ်ကိုဖွင့်လိုက်ပြီး နားစူးစေသောကျီးကန်းအော်သံ တစ်ချက်အော်ဟစ်လိုက်သည်။

“ကောင်းပြီ..သွားကြစို့”

ကျီးကန်းနက်က ယင်းအားအတည်ပြုပြီးဖြစ်သောကြောင့် ပုယာဟုခေါ်သောဤလူငယ်အနေဖြင့် ထပ်မံတုန့်ဆိုင်းနေခြင်းမရှိပေ။ သူ၏ကိုယ်ကဖျက်ခနဲလှုပ်ရှားသွားပြီး အကန့်သတ်မဲ့အဖြူရောင်မြူခိုးများ ပြည့်နှက်နေသော အဆုံးမဲ့အသူရာချောက်နက်ထဲသို့ ဆင်းသက်သွားသည်။

လူငယ်ပျောက်ကွယ်သွားပြီးနောက် လွန်စွာကြီးမားသောကြမ်းကြုတ်ရက်စက်သည့် နတ်ဆိုးသားရဲခုနှစ်ကောင်၏အော်ရာတို့က ချောက်ကမ်းပါးပြင်ဘက်လေထု၌ ပေါ်လာသည်။ ထို့နောက် ဧရာမပုံရိပ်ကြီးခုနှစ်ခုက အတူတကွလှုပ်ရှားသွားပြီး အသူရာချောက်နက်အတွင်း ပျောက်ကွယ်သွားသည်။

တောအုပ်အတွင်းတွင် ပုံရိပ်များစွာတို့က လျှင်မြန်စွာရွေ့လျားနေဆဲဖြစ်သည်။

တောအုပ်အတွင်းသူတို့က ပြန်ပေါ်လာပြီး ထပ်မံပျောက်သွားပြန်သည်။

“ချီးပဲ..ချီးပဲ..ကျင်းဖူပြောတော့အဲ့သားရဲတွေကို ရှင်းပစ်ဖို့ငါတို့ကို ဦးဆောင်ခေါ်သွားနေတာဆို….သူကငါတို့ကို စိတ်မပူဖို့တောင်ပြောသေးတယ်.သူကအဲ့တာတွေကိုရှင်းပစ်ဖို့ကြိုးစားနေတယ်လို့တော့ငါ တော့မထင်ဘူး.. အဲ့အစားသူက အဲ့စွမ်းအားကြီးသားရဲတွေကို စွဲဆောင်နေတာပဲ”

“အရင်ကငါတို့နောက်ကိုဆယ့်တစ်ကောင်ပဲလိုက်တာ.အခုတောဆယ့်ရှစ်ကောင်တောင်ဖြစ်နေပြီ”

နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူတစ်ဦးက သူတို့ရှေ့၌ပေါ်လာသော ကြေးနီရောင်ရှေးဟောင်းမှန်တစ်ချက် ကိုကိုင်ဆောင်ထားသည့်သူကိုကြည့်ရင်း စတင်ပြင်တင်ပြောဆိုလိုက်သည်။

ဤလူတစ်ယောက်ထဲ ပြစ်တင်ပြောဆိုခြင်းမဟုတ်ပေ။ အခြားသူများ၏စိတ်ထဲ၌လည်း မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုလက်ထဲ၌ကိုင်ပြီး မောက်မာနေသည့် ကျင်းဖူကို ကျိန်ဆဲနေကြသည်။

“ငါတို့ကိုပြောတော့စိတ်မပူနဲ့တဲ့. လီးကိုစိတ်မပူပါ့လား..ဆယ့်တစ်ကောင်တောင်ငါ့တို့ကိုလိုက်ဖမ်းနေရာကနေ အခုကြဆယ့်ရှစ်ကောင်တောင်ဖြစ်လာပြီ”

သူတို့ကခုနှစ်ယောက်တည်းဖြစ်သည်။ သူတို့ခုနှစ်ယောက်က နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း သားရဲဆယ့်ရှစ်ကောင်ကတော့နတ်ဘုရား တစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ ဆယ့်ရှစ်ယောက်နှင့်ညီမျှသည်ဖြစ်၏။ သူတို့၌မိုင်တစ်ထောင်နတ်ဘုရားမှန်ရှိနေသည်ဆိုလျှင်တောင် ၎င်းတို့မှီလာလျှင် သူတို့အတွက်ကြမ္မာဆိုးစိုက်ရမည်သာဖြစ်သည်။

“ဟမ့်..အရူးတစ်အုပ်ကများ.. ငါကရူးမိုက်တယ်လို့မင်းတို့ကထင်နေတာလား.. ငါကမင်းတို့ကိုမိုင်တစ်ထောင်နတ်ဘုရားမှန်နဲ့ လူရှာပေးပြီး နတ်ဘုရားမြေခေါင်းလောင်းကိုရပြီးတာနဲ့ငါ့ကိုသတ်ဖို့လုပ်ကြမှများ”

“ဟမ့်.သားရဲဆယ့်ရှစ်ကောင်ရယ်.. အရူးခြောက်ယောက်ရယ်.. နတ်ဘုရားမြေခေါင်းလောင်းရယ်နဲ့ ငါ့ရဲ့မိုင်တစ်ထောင်နတ်ဘုရားမှန်နဲ့ဆိုရင် အစီအရင်ကိုချိုးဖျက်လို့လုံလောက်တယ်”

ဤအခိုက်အတန့်တွင် ရှေ့ဆုံး၌ရှိနေသောကျင်းဖူကရုတ်ခြည်း အထင်းသေးမှုတို့ပြည့်နှက်နေသော လှောင်ပြုံးတစ်ခုကို ထုတ်ဖော်ပြလာပြီးတီးတိုးရေရွတ်လိုက်သည်။

ထို့နောက်ချက်ချင်း ကျင်းဖူ၏မျက်နှာထက်ရှိလှောင်ပြုံးက မောက်မာသော အမူအယာတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကျယ်လောင်သောအသံတစ်ခုနှင့်ပြောလိုက်သည်။

“စိတ်မပူကြနဲ့”

“ကောင်းပြီ.. ငါတို့တွေနောက်ပြီးရင် အဲ့သားရဲရူးတွေကိုရှင်းထုတ်နိုင်လိမ့်မယ်.. ငါ့မှာရှိတဲ့မိုင်တစ်ထောင်နတ်ဘုရားမှန်က အရမ်းကိုအံ့ဖွယ်ကောင်းပြီးမင်းတို့ ဒါကိုနားမလည်နိုင်ဘူး. အဲ့သားရဲတွေကိုရှင်းထုတ်ပစ်နိုင်ရုံတင်မကဘူး ငါတို့တွေ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ကောင်ကိုသတ်ပြီး နတ်ဘုရားမြေခေါင်းလောင်းကိုပါမကြာခင်ရမှာ”

ဤအခိုက်အတန့်တွင် ကျင်းဖူ၏ပုံရိပ်က အန္တရာယ်များသော ချောက်ကမ်းပါးတစ်ခုပေါ်၌ပေါ်လာသည်။ သူစကားပြောပြီးနောက် သူကတုန့်ဆိုင်းနေခြင်းလုံးဝမရှိဘဲ ချောက်ကမ်းပါးအောက်ရှိ အဖြူရောင်မြူခိုးများပြည့်နှက်နေသော အဆုံးမဲ့အသူရာချောက်နက်အတွင်းသို့ ဦးတည်သွားသည်။

“ဟမ့် မိုင်တစ်ထောင်နတ်ဘုရားမှန်က အံ့ဖွယ်ကောင်းလို့ မင်းတို့နားမလည်နိုင်ဘူးတဲ့ မင်းဘယ်လောက်မောက်မာနိုင်မလဲ ဆိုတာကြည့်ကြသေးတောပေါ့..ဂ

ကျင်းဖူ၏ပုံရိပ်ပျောက်ကွယ်သွားပြီးနောက် နောက်ထပ်ပုံရိပ်တစ်ခုက ချောက်ကမ်းပါးထက်၌ပေါ်လာပြီး ကျင်းဖူထိုးဆင်းသွားသောအဆုံးမဲ့ အသူရာချောက်နက်ကိုအေးစက်စွာ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ၏ပုံရိပ်ကလည်းဖျက်ခနဲပျောက်ကွယ်သွား၏။

All Chapters