← Chapters

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-946

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-946

အပိုင်း(၉၄၃)

ဖော်ပြ၍မရနိုင်လောက်အောင် အန္တရာယ်များသည်ဟုထင်ရသော နတ်ဆိုးရိုင်းတောင်တန်းအတွင်ရှိ ချောက်ကမ်းပါးတစ်ခု၌ များစွာသောပုံရိပ်များက တိုင်ပင်ထားကြသည့်အလား ဖျက်ခနဲရောက်ရှိလာသည်။ နောက်ထပ်ဖျက်ခနဲလှုပ်ရှားမှုနှင့်အတူ ချောက်ကမ်းပါးစွန်းမှနေ၍ အဆုံးမဲ့အသူတစ်ရာချောက်နက်ထဲသို့ ဦးတည်လိုက်ကြ၏။

အခြေမဲ့အသူတစ်ရာချောက်နက်ထံသို့ လူသားများသည်သာမကဘဲ ကြမ်းကြုတ်ခက်ထန်သော နတ်ဆိုးသားရဲများကလည်း တစ်ကောင်ပြီးတစ်ကောင်ပေါ်လာသည်။

နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုကို ကိုင်ဆောင်ထားသည့်ကျင်းဖူ တစ်ယောက်ခုန်ဆင်းသွားပြီးနောက် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ လူသားခြောက်ဦးနှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ခွန်အားရှိသော နတ်ဆိုးသားရဲဆယ့်ရှစ်ကောင်ကလည်း လိုက်ပါခုန်ဆင်းသွားကြသည်။

ရှစ်ဖုန့်၏ပုံရိပ်က အခြေမဲ့အသူတစ်ရာချောက်နက်ထဲသို့ တစ်ဟုန်ထိုးကျဆင်းနေဆဲဖြစ်သည်။ ယခုအချိန်ထိတိုင် ရှစ်ဖုန့်အနေဖြင့် အောက်ခြေအား အာရုံမခံမိသေးပေ။ ယင်းမှာ အသူတစ်ရာချောက်နက်က အဆုံးမရှိ ဘဲ အခြေမဲ့နေသကဲ့သို့ပင်ဖြစ်သည်။

“ဟမ်”

ဤအခိုက်အတန့်တွင် သူ၏နှလုံးသားကိုပင်တုန်ယင်စေ‌သည့် ဖြုံလောက်စရာကောင်းလှသော ကောင်းကင်ထဲမှ အော်ရာများစွာအား ရှစ်ဖုန့်အာရုံခံမိသည်။ ဤအော်ရာများအားလုံးမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွင် ရှိကြသည်ဖြစ်သည်။

ဒါဇင်ပေါင်းများစွာသော နတ်ဘုရားတစ်ပိုင်းနယ်ပယ်အော်ရာများအား အာရုံခံရင်း ရှစ်ဖုန့်က အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူရှိုလိုက်ပြီး ပုံးကွယ်နေဆဲဖြစ်သော ဝတ်ရုံနက်ကိုပြောလိုက်သည်။

“သောက်အဘိုးကြီး အဲ့ရှေးဟောင်းအစီအရင်ကိုချိုးဖျက်ဖို့အတွက် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဘယ်လောက်တောင်ခင်ဗျားလိုတာလဲ”

“လိုတာပေါ့.များလေကောင်းလေပဲ”

ဝတ်ရုံနက်ကပြန်ဖြေပြီးဆက်ပြောသည်။

“အဲ့အစီအရင်အခင်းအကျင်းက ရှေးခေတ်အချိန်ကာလက အစစ်အမှန်နတ်ဘုရားတစ်ပါးက ချန်ထားခဲ့တာ..အရမ်းကိုစွမ်းအားကြီးပြီး အံ့ဖွယ်ကောင်းလွန်းတယ်.မရေတွက်နိုင်လောက်တဲ့နှစ်တွေကြာမြင့်ခဲ့ပြီး မမျှော်လင့်ထားထဲ့ဖြစ်ရပ်တွေကြောင့် အဲ့တာကဖျက်ဆီးခံခဲ့ရတာကြောင့် သာမဟုတ်ခဲ့ရင် …..နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဒီလောက်ကိုထားအုံး အဲ့ထက်နှစ်ဆမကများနေရင်တောင်မှ ချိုးဖျက်နိုင်စွမ်းရှိမှာမဟုတ်ဘူး..သူတို့ဝင်တာနဲ့ကိုသေခြင်းတရားနဲ့ကြုံရမှာ”

အစစ်အမှန်နတ်ဘုရားတစ်ပါး၏စွမ်းအား။အစစ်အမှန်နတ်ဘုရားတစ်ယောက်နှင့် နတ်ဘုရားတစ်ပိုင်းတစ်ယောက်တို့ကြား၌ စကားလုံးတစ်လုံးစာသာကွာခြားလှသော်လည်း စွမ်းအားကွားခြားချက်ကတော့မိုးနှင့်မြေပင်ဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ယောက်အား အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ဆန်းကြယ်သောစွမ်းအားအောက်၌ဖျက်ခနဲတစ်ချက်ကြည့်ရန်သာလိုသည်ဖြစ်၏။အစစ်အမှန်နတ်ဘုရားတစ်ပါးမှာ နတ်ဘုရားစွမ်းအားအရာ၌လုံးဝစစ်မှန်သောနတ်ဘုရားပင်ဖြစ်သည်။

မြေရိုင်းကုန်းမြေသို့ရှစ်ဖုန့်ဝင် ရောက်စဉ်ကတည်းက နတ်ဘုရားနယ်ပယ်နှင့်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်အထက်က နယ်ပယ်များအပေါ်တွင် နားလည်မှုအသစ်ဖြစ်လာခဲ့သည်။

သူကထျန်းဟန်တိုက်ကြီးအတွင်းရေတွင်းထဲမှဖားတစ်ကောင်ဖြစ်ကြောင်းသူ့ကိုယ်သူ သိသည်ဖြစ်သည်။ မြေရိုင်းကုန်းမြေသို့သူရောက်ရှိလာပြီးနောက်သူ၏သိမြင်မှုနယ်ပယ်က ကျယ်ပြန့်လာခဲ့သည်။

သူယခင်ကတွေးထင်ခဲ့သော အံ့ဖွယ်ခွန်အားစွမ်းပကားက နတ်ဘုရားတစ်ပိုင်းနယ်သို့ဝင်ရောက်နေသောသူ၏ အံ့ဖွယ်ခွန်အားစွမ်းပကားပင်ဖြစ်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၊မျက်လုံးတစ်ထောင်ကျောက်စိမ်းပုလင်း၊သွေးပန်းခက်မျိုးနွယ်စု၊ ကောင်းကင်မီးတောက်(ဝါ) သူတော်စင်မီးတောက်တို့အားလုံးက အတိတ်၌နတ်ဘုရားတစ်ပိုင်းများဖြစ်ကြသည်။

ထျန်းဟန်တိုက်ကြီး၏ အလယ်ပိုင်းဒေသကြီးအတွင်း အလင်းဧကရာဇ်ကျင်းထျန်းယုတစ်ယောက် ရုတ်တရက်တိုးမြင့်လာသော စွမ်းအားမှာလည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏ စွမ်းအားသာဖြစ်သည်။

သူ၏ယခင်အတိတ်ဘဝအကြောင်းတွေးမိသောအခါတွင် အနည်းငယ်မဆင်မခြင်နိုင်ခဲ့သည်ဟု ရှစ်ဖုန့်ခံစားရသည်။

ယခင်ငရဲဘုံကိုးခုဧကရာဇ်က သူ၏ဘဝတစ်လျှောက်လုံးအန္တိမသိုင်းပညာလမ်းစဉ်ကိုလိုက်စားခဲ့သည်ဖြစ်၏။ သို့သော် သူအနေဖြင့် နတ်ဘုရားတစ်ပါးဖြစ်လာရန်အပထား နတ်ဘုရားတစ်ပိုင်းတစ်ယောက်ပင်ဖြစ်မလာနိုင်ခဲ့ပေ။

ယခု မြေရိုင်းတိုက်ကြီးပေါ်မှ နတ်ဘုရားတစ်ပိုင်းစွမ်းအားကို မြင်တွေ့ခဲ့ရပြီး နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်သည့် ဟင်းလင်းပြင်ဓားအား ကျင့်ကြံခဲ့ပြီးသည့်နောက် ရှစ်ဖုန့်၏ သိုင်းပညာလမ်းစဉ်အပေါ်နားလည်မှုက တိုးတက်လာခဲ့ကာ နတ်ဘုရားတစ်ပိုင်းတစ်ယောက်ဖြစ်လာရန်လမ်းကြောင်းမှာလည်း ရှင်းလင်းသည်ထက်ရှင်းလင်းလာခဲ့သည်။

“ငါတို့ရောက်ပြီ”

ဤအခိုက်အတန့်တွင် ဝတ်ရုံနက်၏ အိုမင်းအက်ရှပြီးလေးနက်သောအသံကရှစ်ဖုန့်၏နားထဲသို့ထပ်မံဝင်ရောက်လာသည်။

တစ်ချိန်လုံးအေးအေးလူလူဖြစ်နေခဲ့သောဝတ်ရုံနက်၏အသံက ထပ်မံလေးနက်လာသည်ကို ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်သည်။ယင်းမှာ ဝတ်ရုံနက်ပင် သူ၏ အမှုမထားခြင်းကိုဘေးဖယ်ထားပြီး လေးနက်မှုကိုလက်ကိုင်ထားရသည့် သူတို့၏ ရည်မှန်းရာပန်းတိုင်ဆီသို့ရောက်ရှိလာ ပြီဖြစ်ကြောင်းကိုဆိုလိုခြင်းပင်ဖြစ်သည်။

ရှစ်ဖုန့်၏ပုံရိပ်က တစ်ဟုန်ထိုးထိုးဆင်းနေသကဲ့သို့ သူ၏ ဝိညာဉ်စွမ်းအားကလည်းအောက်ဘက်ရှိဘာမှရှိပုံမရသော ချိုင့်ဝှမ်းကို ချက်ချင်းစစ်ဆေးနေသည်။ သို့သော် ချိုင့်ဝှမ်းကလုံးဝတိတ်ဆိတ်နေပြီး အသက်လက္ခဏာသဲလွန်စတစ်စွန်းတစ်စကိုပင်သူအာရုံမခံမိပေ။

ပြောရလျှင်သူ့အနေဖြင့် မြက်ပင်တစ်ချောင်းတစ်လေကိုပင် ရှာမတွေ့ခြင်းဖြစ်သည်။

“ဒီနေရာကဖျက်ဆီးခံခဲ့ရပြီး အသက်လက္ခဏာသဲလွန်စတစ်စွန်းတစ်စတောင်ကျန်မနေဘူး.. ဒါက တော်တော်လေးကိုအန္တရာယ်များတဲ့နေရာတစ်ခုပဲ”

အောက်ဘက်ရှိချိုင့်ဝှမ်းအားအာရုံခံရင်း ရှစ်ဖုန့်၏အမူအယာအသွင်အပြင်လက္ခဏာကပို၍ပို၍ လေးနက်လာကာ သူ၏ပုံရိပ်က ရုတ်ခြည်းရပ်တန့်သွားသည်။

အကယ်သူသာ ဆက်ပြီးတစ်ဟုန်ထိုးဆင်းသက်ခဲ့လျှင် ရှေးဟောင်းအစီအရင်၏စွမ်းအားကြောင့် ပြာပုံဘဝသို့သူသက်ဆင်းရလိမ့်မည်ဖြစ်သည်။

“ကောင်လေး အသက်ရှူနှုန်းကိုထိန်းထားပြီး အာရုံစူးစိုက်ထား..မင်းရဲ့ပုံရိပ်ကိုဖုံးကွယ်ဖို့ ငါ့ရဲ့လျှို့ဝှက်ပညာရပ်ကို ထပ်ပြီးအသုံးပြုမယ်”

“မှတ်ထားအုံး အခုကနေဝင်ရီတရောပဲရှိသေးတာ.. ညမရောက်သေးဘူး. ငါ့ပညာရပ်မှာချို့ယွင်းချက်ရှိတယ်.. ဒီတော့မင်းရဲအော်ရာကို ချုပ်ထိန်းထားမှရမယ်..မဟုတ်ရင် မင်းကိုယ်မင်းဖော်ပြလိုက်သလိုဖြစ်သွားရုံတင်မကဘူး. မင်းရောငါပါဒုက္ခရောက်သွားလိမ့်မယ်”

ဝတ်ရုံနက်က ရှစ်ဖုန့်အား လေးနက်သောအသံဖြင့်ထပ်မံသတိပေးသည်။

“ဒီသခင်လေးနားလည်တယ်.. လုပ်မှာသာလုပ်”

ရှစ်ဖုန့်ကပြန်ဖြေသည်။ သို့သော် သူစကားပြောပြီးပြီးချင်း ဝတ်ရုံနက်၏ လျှို့ဝှက်ပညာရပ်အောက်၌သူ၏ပုံရိပ်က ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိဘဲ ဟင်းလင်းပြင်အတွင်းပျောက်ကွယ်သွားပြီး ဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်ရသည်။

ထို့နောက်ရှစ်ဖုန့်က ရုတ်တရက်လှုပ်ရှားလိုက်ပြီး ရှေ့သို့တစ်ဟုန်ထိုးဝင်ရောက်သွားကာ ဟင်းလင်းပြင်၏မီတာထောင်ပေါင်းများ စွာအကွာအဝေးသို့ရုတ်ခြည်းရောက်ရှိသွားသည်။

လွန်စွာအန္တရာယ်များလှသော ချိုင့်ဝှမ်းသို့ သူမဝင်ရောက်နိုင်သောကြောင့် ဟင်းလင်ပြင်ထဲ၌နေပြီး ထိုကျွမ်းကျင်သူများ၏လမ်းကြောင်းအားသူပိတ်ဆို့ထားမည်မဟုတ်ပေ။

သူသေသွားလိမ့်မည်ဖြစ်သည်။

မီတာထောင်ပေါင်းများစွာအကွာအဝေး၌ပုန်း ကွယ်နေသောရှစ်ဖုန့်က ဗလာနတ္ထိဆိတ်ငြိမ်နေသော ချိုင့်ဝှမ်းကို ထပ်မံငုံ့ကြည့်လိုက်ပြီး ချိုင့်ဝှမ်း၏အလယ်ဗဟို၌ဝင့်ကြွားစွာရပ်နေပြီး စိတ်ဆုံးဖြတ်ထားသောအမူအယာတစ်ခုနှင့် ကောင်းကင်သို့မော့ကြည့်နေသော ငယ်ရွယ်သည့်ပုံရိပ်တစ်ခုကို သူမြင်တွေ့လိုက်ရသည်။

ယင်းပုံရိပ်က ဝတ်ရုံနက်တစ်ယောက်ငါးစာအဖြစ် သူ၏လျှို့ဝှက်ပညာရပ်ဖြင့် ဖန်တီးထားသော ရှစ်ဖုန့်အတုပင်ဖြစ်သည်။

ဤအခိုက်အတန့်တွင်ငါးစာရှစ်ဖုန့်မှာ ကြိုးတန်းအဆုံးသို့ရောက်ရှိနေသော်လည်း အရှုံးပေးဖို့ငြင်းဆန်ကာ တိုက်ခိုက်ဖို့အဆင့်သင့်ဖြစ်နေသကဲ့သို့ဟန်ပန်မျိုးရှိနေသည်။

သူ၏နံဘေးတွင် ကြီးမားသော ကြေးနီရောင်ခေါင်းလောင်းကြီးတစ်လုံး ကလွင့်မျောနေ၏။ယင်းမှာ မြေကလန်၏ ရတနာဖြစ်သောနတ်ဘုရားမြေခေါင်းလောင်းဖြစ်သည်။

ချိုင့်ဝှမ်းအတွင်းရှိပုံရိပ်က အရမ်းစစ်မှန်နေပြီး အမှန်သာမသိထားလျှင်ရှစ်ဖုန့်တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုယ်သူပင်ကြည့်မိလိမ့်မည်ဖြစ်သည်။ ပုံရိပ်မှလာနေသောအော်ရာကပင်သူနှင့် တစ်ထေရာတည်းတူညီနေသည်ဖြစ်၏။

“ကောင်းပြီ..အခု ငါးစာလာဟပ်မဲ့ ငါးကြီး၊ငါးသေးတွေကို အတူတူစောင့်ကြတာပေါ့. အဲ့နတ်ဘုရားတစ်ပိုင်းတွေရဲ့အသက်က ငါ့ကိုစိတ်မပျက်စေဖို့ငါမျှော်လင့်တယ်..ဟားဟား.ဟားဟားဟားဟားဟား”

ဝတ်ရုံနက်၏ထူးဆန်းသောရယ်မောသံကရှစ်ဖုန့်၏နားထဲထပ်မံဝင်ရောက်လာသည်။

နောက်ဆုံးဤအဆင့်သို့ရောက်ရန်အတွင် ဤအဘိုးကြီးက ရှစ်ဖုန့်၊ထိုနတ်ဘုရားတစ်ပိုင်းများနှင့် ဒါဇင်နှင့်ချီသော နတ်ဘုရားတစ်ပိုင်းသားရဲများကို အသုံးပြု၍ ၎င်း၏ဦးနှောက်ဖြင့်အစီအစဉ်ချခဲ့သည်ဖြစ်သည်။

ခဏကြာပြီးနောက် ဝတ်ရုံနက်၏အသံကထပ်မံထွက်ပေါ်လာသည်။

“ငါးသေးလေးတစ်ကောင်လာပြီ”

ချိုင့်ဝှမ်းအထက်၌ သန်မာပြီးငယ်ရွယ်သော လူငယ်တစ်ယောက်ရုတ်ခြည်းပေါ်လာသည်ကိုရှစ်ဖုန့်တွေ့လိုက်သည်။

ပြေလျော့နေသော ဆံပင်ရှည်တို့က လေထဲ၌တဖျပ်ဖျပ်လူးလွန့်နေ၏။သူ၏အပေါ်ပိုင်းကိုယ်ကကိုယ်တုံးလုံးဖြစ်ပြီး တောင့်တင်းသောကိုယ်လှစ်ဟာပြထားကာ ယင်းကမီးဒဏ်ရေဒဏ်ကိုပင်ခံနိုင်သည့်ပုံပေါ်၏။ သူ၏ယောက်ျားပီသသောမျက်နှာက ဓားမြှောင်တစ်လက်နှင့်ထွင်းထုထားသည့်နှယ်ဖြစ်သည်။

ဤလူက ရှစ်ဖုန့်နှင့်အသက်အတူတူလောက်ရှိသော်လည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်။

သူ၏တစ်ကိုယ်လုံးက ရဲစွမ်းသတ္တိနှင့်အေးစက်သောအော်ရာ တစ်ခုကိုထုတ်လွှတ်နေသည်။

လူငယ်ပေါ်လာပြီးချက်ချင်း လူတစ်ယောက်အရွယ်ရှိသော ကျီးကန်းတစ်ကောင်ကလည်းဖျက်ခနဲ ပေါ်လာသည်။

၎င်းကလည်းနတ်ဘုရားတစ်ပိုင်းနယ်ပယ်အတွင်းဝင်ရောက်နေသော သက်ရှိတစ်ကောင်ဖြစ်သည်။

“ဟမ့်”

ဤအချိန်တွင် ဝတ်ရုံနက်၏အသံက ရှစ်ဖုန့်၏နားထဲသို့တစ်ဖန်ဝင်ရောက်လာသည်။

“ကျီကန်းနက်ကလန်ခေါင်းဆောင်ရဲ့သား ပုယာပဲ .သူကမြေရိုင်းကုန်းမြေမှာ ရှားပါးတဲ့ပါရမီရှင်တစ်ဦးလို့ပြောကြတယ်.. အသက်ဆယ့်ငါးနှစ်ပဲရှိသေးပေမဲ့သူက နတ်ဘုရားတစ်ပိုင်းနယ်ပယ်ထဲကို ဝင်ရောက်နေပြီ”

အပိုင်း(၉၄၄)

ကျီးကန်းနက်ကလန်ခေါင်းဆောင်၏ သားဖြစ်သူပုယာမှာ ကောလဟလများအရ မြေရိုင်းကုန်းမြေ၏ ရာစုနှစ်တစ်ခုအတွင်းတစ်ယောက်သာ ပေါ်ထွန်းသော ပါရမီရှင်ဟုဆို၏။

အသက်ဆယ့်ငါးနှစ်အရွယ်၌ သူကနတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူက မြေရိုင်းကုန်းမြေအတွင်းနံပါတ်တစ်ပါရမီရှင်တစ်ဦးဖြစ်သည်။

အချို့ဆိုလျှင် မြေရိုင်းကုန်းမြေက ကျီးကန်းနက်မျိုးနွယ်စု၏ ပုယာပိုင်ဆိုင်သော အရာဖြစ်သည်ဟုပင်ပြောကြသည်။

ပုယာနှင့်သူ့ဘေး၌ရှိနေသော ဟေးယာတို့က ချိုင့်ဝှမ်းအထက်၌ ဝင့်ကြွားစွာရပ်နေသည်။ နှစ်ယောက်လုံးက ကောင်းကင်ထဲသို့ခေါင်းများကိုမော့၍ မျက်မှောင်ခပ်တင်းတင်းကြုတ်ထားကြသည်။ ထို့နောက်မကြာခင်ပုယာ၏ တင်းကျပ်စွာကြုတ်ထားသောမျက်မှောင်က ဖြည်းဖြည်းချင်းပြေလျော့သွားသည်။သူ၏ခေါင်းကိုငုံ့လိုက်ပြီး အောက်ဘက်ရှိချိုင့်ဝှမ်းအလယ်ဗဟိုသို့ ကြည့်လိုက်သည်။ သေသည်အထိသူနှင့်တိုက်ခိုက်မည်ဟုစိတ်ပိုင်းဖြတ်ထားပုံရသော ရှစ်ဖုန့်နှင့် ၎င်း၏ဘေး၌ရှိနေသော နတ်ဘုရားမြေခေါင်းလောင်းကိုမြင်တွေ့ လိုက်ရသည်။

ပုယာက သရော်ပြုံးပြုံးလိုက်ပြီး နတ်ဘုရားမြေခေါင်းလောင်းကို စိုက်ကြည့်လိုက်သည်။ သူကတီးတိုးရေရွတ်လိုက်၏။

“နတ်ဘုရားမြေ‌ခေါင်းလောင်း.. ကောင်းတယ်..အရမ်း..ကောင်းတယ်.. နောက်ဆုံးတော့ငါ့အဖေရဲ့မွေးနေ့မှာ သူပျော်ရွှင်အောင်လုပ်ပေးနိုင်မဲ့ မွေးနေ့လက်ဆောင်တစ်ခုငါရပြီ”

ထို့နောက် ပုယာ၏အကြည့်ကနောက်တစ်ကြိမ် လှုပ်ရှားသွားပြီး နတ်ဘုရားမြေခေါင်းလောင်းဘေး၌ရပ်နေသော ရှစ်ဖုန့်ထံသို့အကြည့်ကကျရောက်သွားကာ အေးစက်စွာဖြင့် ဝင့်ဝင့်ကြွားကြွားအော်ပြောလိုက်သည်။

“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက သူတောင်းစားလေး.. အခုမင်းဘယ်ကိုထွက်ပြေးအုံးမလဲလို့ငါကြည့်အုံးမယ်..နာနာခံခံနဲ့ နတ်ဘုရားမြေခေါင်းလောင်းကိုငါ့ကိုလွှဲပေးလိုက်.. ကျီးကန်းနက်မျိုးနွယ်စုရဲ့ငါပုယာကမင်းကို မြန်ဆန်တဲ့သေခြင်းတရားကိုပေးမယ်”

အကွာအဝေးတစ်ခု၌ရပ်နေသောရှစ်ဖုန့်မှာ ပုယာ၏စကားဆုံးသွားသောအခါတွင် ချိုင့်ဝှမ်းအတွင်း၌ဝင့်ကြွားစွာရပ်နေသော ရှစ်ဖုန့်အတုက အမူအယာပြောင်းလဲသွားပြီးပို၍ပင် ဆုံးဖြတ်ချက်ပြတ်သားခိုင်မာလာ သည့်ပုံပြလာသည်ကို မြင်တွေ့လိုက်ရသည်။

ယင်းမှာ ၎င်းအနေဖြင့် နတ်ဘုရားမြေခေါင်းလောင်းအားလက်လွှဲပေးရန်မဖြစ်နိုင်ဘဲ ပုယာနှင့်အစွမ်းရှိသမျှအကုန်တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားသည့်နှယ်ဖြစ်သည်။

ထို့နောက် အောက်ဘက်ရှိချိုင့်ဝှမ်းမှ အသံတစ်ခုထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် သူ၏ပုံရိပ်အတုက ကောင်းကင်ထဲရှိပုယာအား လက်ညှိုးထိုးညွှန်လိုက်သည်။ယင်းမှာ တကယ်ကြီးစကားပြောသည့်နှယ်ဖြစ်၏။

“ဟမ့်..တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ငါရှန့်ဝူက မင်းကိုအညံ့ခံမှာမဟုတ်ဘူး… မင်းတိုက်ချင်သပဆိုတိုက်ကြစို့.. သောက်ပိုတွေသိပ်ပြောမနေနဲ့”

အသံကလူငယ်သံပေါက်သော်လည်း ယင်းကသူ၏အသံမဟုတ်သည်မှာ သိသာသည်။ ဝတ်ရုံနက်အဘိုးကြီးက ငယ်ရွယ်သောလူငယ်သံအတုတစ်ခုပြုလုပ်ပြီး ပုယာအား လှည့်စားခြင်းဖြစ်ရမည်ဖြစ်သည်။

အသံချိုင့်ဝှမ်းဘက်မှလာနေခြင်းအတွက်မူယင်းကအနည်းငယ်ထူးဆန်းသည်ဖြစ်သည်။ထိုသောက်အဘိုးကြီး၏ ပုန်းအောင်းခြင်းနည်းလမ်းက လက်ဖျားခါလောက်စရာ ကောင်းသည်သာမက သူ၏အသံကလည်းတွေးမမှီနိုင် လောက်အောင်နက်နဲသည်။ အောက်ဘက်ရှိချိုင့်ဝှမ်းမှလာနေသောအသံကိုပြုလုပ်ရန်က သူ့အတွက်ခက်ခဲလိမ့်မည်မဟုတ်ပေ။

“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကရှန့်ဝူ..သောက်ချီးပဲ..အဲ့တာကဘယ်သူတုန်း”

“အိုး.ရှန့်ဝူ.. ဒီတော့မင်းက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ လူငယ်မျိုးဆက်တွေကြားထဲက နံပါတ်တစ်ပါရမီရှင် ရှန့်ဝူပေါ့လေ..ငါ့လိုပဲသူကလည်း အသက်ဆယ့်ငါးနှစ်နဲ့ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကိုဝင်ရောက်ခဲ့တာ… “

အောက်ဘက်ရှိချိုင့်ဝှမ်းမှရှစ်ဖုန့် ၏နမည်အားကြားလိုက်ရသောအခါတွင် ပုယာ၏မျက်နှာထက်၌စိတ်ဝင်စား သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။

သူ့အားမြေရိုင်းကုန်းမြေ၏နံပါတ် တစ်ပါရမီရှင်အဖြစ်သိကြသည်ဖြစ်၏။ ယခုသူက တောင်ပေါ်နတ်ဆရာမျိုးနွယ်စု၏နံပါတ်တစ်ပါရမီရှင်နှင့်တကယ်ကြီးတွေ့ဆုံနေရ၏။ ပါရမီရှင်တစ်ဦးနှင့်ပါရမီရှင်တစ်ဦး ရင်ဆိုင်တွေ့ဆုံခြင်းဖြစ်သည်။ ရုတ်ခြည်းသူ၏တိုက်ပွဲဝင်စိတ်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ထွန်းတောက်လာသည်။

ဘယ်မောက်မာဝင့်ကြွားတတ်သော ပါရမီရှင်ကများ အခြားပါရမီရှင်များကို သူတို့၏ခြေဖဝါးအောက်၌မနင်း ချေချင်ပဲနေပါမည်နည်း။

ဝတ်ရုံနက်အဘိုးအိုက ပုယာ၏အတွေးများအားကောင်း ကောင်းနားလည်သုံးသပ်နိုင်ပုံရသည်။ ထို့နောက် ရှစ်ဖုန့်အတုက အထင်သေးမှုအပြည့်ဖြင့်စကား တစ်ခွန်းထွက်လာသည်။

“ပုယာတဲ့လား.. ဘာကောင်တုန်း.. မင်းကိုမင်းဘာများထင်နေလဲ.. ငါရှန့်ဝူနဲ့များမင်းကဘယ်လိုလုပ်ပြီးနှိုင်းယှဉ်ရဲရတာလဲ..ဒါကကြားဖူးသမျှထဲအကြီးမားဆုံးဟာသပဲကွ”

“မင်း”

သူ့ကိုယ်သူရှန့်ဝူ၏ခေါ်သော ရှစ်ဖုန့်အတု၏ စကားတို့အားကြားလိုက်ရသောအခါတွင် ပုယာ၏မျက်နှာကအေးစက်သွားသည်။ သူကခေါင်းကိုမော့၍ ကောင်းကင်ထဲသို့ထပ်မံကြည့်လိုက်ပြီး သူ့ပေါ်သို့ကျဆင်းလာသည့်တည်ရှိမှုခုနှစ်ခုအား အာရုံခံမိလိုက်သည်။ သူကခေါင်းကို ထပ်မံငုံ့လိုက်ပြီး ရှစ်ဖုန့်အတုအား အေးစက်စွာစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့ဘေးရှိကျီးကန်းနက်အား ပြောလိုက်၏။

“ကျီးနက်.. ငါ့တို့မှာအချိန်အများကြီးမကျန်ဘူး.. အတူတူတိုက်ပြီး ဒီမောက်မာနေတဲ့ကောင်ကို သတ်ပစ်ကြစို့”

“အား”

ပုယာ၏ စကားတို့အားကြားလိုက်ရသောအခါတွင် ကျီးနက်က ထူးဆန်းစွာတစ်ချက်အော်လိုက်ပြီး နားစူးစေသောကျီးအာသံတစ်ချက်ထွက်ပေါ်လာသည်။ ထို့နောက်လူတစ်ယောက်နှင့်ကျီးနက်တို့က ဖျက်ခနဲပျောက်ကွယ်သွားသည်။

“အပေါ်ကနေသားရဲခုနှစ်ကောင်ထိုးဆင်းလာနေတယ်….ဒီပုယာကတော်တော်လေးအဓိပ္ပါယ်မရှိတာတွေကိုပြောတာပဲ..ဒါပေမဲ့ နောက်ဆုံးတော့သူငါးစာကိုကိုက်သွားတယ်.. ဂုဏ်ပြုပါတယ်ကွာ..ဟားဟားဟား”

ပုယာနှင့်ကျီးကန်းနက်တို့ပျောက်ကွယ်သွား မှုအားတွေ့ရသည့်အပေါ်တွင် သူ၏အကြံအစည်အောင်မြင်သွား မှုကြောင့်ရယ်မောသည့်အသံကဲ့သို့ ဝတ်ရုံနက်၏အသံက ရှစ်ဖုန့်၏နားထဲဝင်ရောက်လာသည်။

ပုယာနှင့်ကျီးကန်းနက်တို့ပြန်ပေါ်လာသည့်အခါတွင် ချိုင့်ဝှမ်းအတွင်းရှိ ရှစ်ဖုန့်အတု၏ရှေ့၌ပေါ်လာသည်။

“အား..အား..အား..အား..အား..အား.”

“အား…အား..အား.အား..အား.”

ဤအခိုက်အတန့်တွင် ကျီးကန်းနက်၏ထူးဆန်းသောအော်သံက မရပ်မနားထွက်ပေါ်လာသည်။မူလကလေးနက်မှုတို့ပြည့်နှက်နေပြီး တင်းမာခက်ထန်သောအမူအယာနှင့် ပုယာတစ်ယောက်မျက်လုံးပြူးသွားရသည်။ ပုယာတစ်ယောက်ရုတ်ခြည်းသိသိသာသာပြောင်းလဲသွား၏။

“ချီးပဲ..ချီးပဲ..ချီးပဲ.. ဘာတွေဖြစ်နေတာလဲ…ဒီစွမ်းအားက..”

ပုယာတစ်ယောက်မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေပြီး သူ၏မျက်နှာထက်၌လွန်စွာထိတ်လန့်မှု တို့ပြည့်နှက်နေကာ ကျယ်လောင်စွာအော်ပြောလိုက်၏။

သူ၏ညာလက်သီးအားတင်း နေအောင်ဆုပ်ထားပြီး အရာအားလုံးအားဖျက်ဆီးပစ်နိုင်စွမ်းရှိပုံရသော စွမ်းအားတို့ပါဝင်သည့်လက်သီးချက်တစ်ခုဖြင့် သူ့ရှေ့ရှိရှစ်ဖုန့်အတုကိုထိုးနှက်လိုက်သည်။ သို့သော် ပုယာ၏လက်သီးကသူ့ရှေ့ရှိလူအားထိမှန်တော့မည့်အချိန်တွင် စွမ်းအားကြီးလက်သီးက လူစစ်တစ်ယောက်ကဲ့သို့တူညီလှသောပုံရိပ်ကို ရုတ်ခြည်းရှင်းလင်းစွာထိုးဖောက်သွားသည်။

“မဟုတ်ဘူး..မဟုတ်ဘူး..ချီးပဲ လခွီးပဲဟေ့.. ကျီးကန်းနက်..ငါတို့လှည့်စားခံရပြီ ..ငါတို့လှည့်စားခံလိုက်ရပြီ”

ပုယာကိုပင်တုန်ယင်စေသည့် နှလုံးတုန်ထိတ်လန့်ဖွယ်ကောင်း သောစွမ်းအားတို့က ဦးတည်ချက်ပေါင်းစုံမှလာနေသည်ကိုအာရုံခံ မိသောအခါတွင် ပုယာတစ်ယောက်ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချိုင့်ဝှမ်းအတွင်းသို့ဝင်ရောက်ပြီးနောက် ဘက်ပေါင်းစုံမှ စွမ်းအားကြီးမားသောစွမ်းအားတို့ တလိပ်လိပ်ထိုးတက်လာသည်။ ပုယာအနေဖြင့်နေရာရွှေ့ပြောင်းထွက်ခွာလိုသော်လည်း သူ၏လမ်းကြောင်းအား အထက်မှဖိကျလာသော စွမ်းအားကြီးစွမ်းအားတို့က တားဆီးထားသည်။

နေရာကူးပြောင်းခြင်းမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ဝင်ရောက်မှ ရရှိနိုင်သော နည်းစနစ်တစ်ခုဖြစ်သည်။ယင်းမှာ နေရာတစ်ခုမှအခြားနေရာတစ်ခုသို့ တိုက်ရိုက်ကူးပြောင်းခြင်းဟုထင်ရသော်လည်း လက်တွေ့အချက်ကထိုသို့မဟုတ်ပေ။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိပြီး နောက် လူတစ်ယောက်အနေဖြင့် အခြားသူများဖမ်း၍မမှီနိုင်သော အမြန်နှုန်းတစ်ခုကိုရရှိသွားခြင်းဖြစ်၏။

“ကျီးကန်းနက် .မင်းရဲ့စွမ်းအားအကုန်သုံးပြီးငါ့ကိုကာကွယ်ပေး”

ဤအခိုက်အတန့်တွင် သူ့ဘေးရှိကျီးကန်းနက်အား အော်ပြောသောအသံကဲ့သို့ပုယာ၏ အော်သံကချိုင့်ဝှမ်းအတွင်းထပ်မံပေါ် ထွက်လာသည်။

ဤအခိုက်အတန့်တွင် မမြင်နိုင်သောစွမ်းအားကြီးအားတစ်ခုက ပုယာ၏ကိုယ်မှ ထိုးထွက်လာသကဲ့သို့ သူ့ထံသို့အုံကြွလာနေသော စွမ်းအားကြီးစွမ်းအားများကိုခုခံရန်ပြင်ဆင်လိုက်သည်။

“အား”

ကျီးကန်းနက်ကနောက်ထပ်ထူးဆန်းသောအော်သံတစ်ခုအော်လိုက်ချိန်တွင် ၎င်း၏အနက်ရောင်တောင်ပံများကို ရုတ်ခြည်း ခတ်လိုက်သည်။ရုတ်ခြည်း ၎င်း၏အတောင်ပံနှစ်ဖက်မှ အနက်ရောင်ငှက်မွှေးများပျံသန်းထွက်လာပြီး ပုယာထံသို့စုစည်းသွားကာ ပုယာအတွက်အနက်ရောင်ငှက်မွှေး အင်္ကျီတစ်ခုအဖြစ်လျှင်မြန်စွာဖွဲ့စည်းသွားသည်။

ဤအချိန်တွင် ဟင်းလင်းပြင်ထဲ၌ပုန်းအောင်းနေသောရှစ်ဖုန့်မှာ ဝတ်ရုံနက်၏အသံကိုထပ်မံကြားလိုက်ရ၏။

“ကျီးကန်းနက်က ကျီးကန်းနက်မျိုးနွယ်စုရဲ့ နတ်ဘုရားတစ်ပိုင်းအစောင့်အရှောက်ပဲ.. ပြောကြတာတော့ ရှေးခေတ်နတ်ဘုရားသားရဲ ခြေသုံးချောင်းရွှေကျီးကန်းရဲ့မျိုးဆက်သွေးတွေက သူ့ကိုယ်ထဲမှာ စီးဆင်းနေတယ်တဲ့ ..မျိုးဆက်သွေးကအားနည်းတယ်ဆိုပေမဲ့ ကျီးကန်းနက်မျိုးနွယ်စုမှာသူမွေးဖွားလာတဲ့အချိန်ကတည်းကစပြီး အတောင်ပံပေါ်က အနက်ရောင်ငှက်မွှေးတွေက ထူးခြားအံ့ဖွယ်ဖြစ်တယ်ဆိုတာတွေ့ရတယ်”

“အဲ့နောက် ကျီးကန်းနက်ကဆင့်ကဲတိုးတက်လာပြီး ငှက်မွှေးတွေကလည်းပိုပြီးအားကောင်းလာတယ်. အခုအနက်ရောင်ငှက်မွှေးခြုံထည်က နတ်ဘုရားတစ်ပိုင်းအဆင့်ခုခံကာကွယ်ရေး ခြုံထည်နဲ့ညီမျှတယ်.. ကြည့်လိုက်…အနက်ရောင်ငှက်မွှေးတွေအပေါ်မှာစီးဆင်းနေတဲ့ ရှေးကျတဲ့ရုန်းတွေကိုတောင်ခပ်ရေးရေးမြင်နေရတယ်”

ဝတ်ရုံနက်၏စကားအားကြားပြီးသည့် နောက်ပုယာ၏ ကိုယ်ပေါ်ရှိ အနက်ရောင်ငှက်မွှေးများအပေါ်တွင် တကယ်ကိုစကားလုံးသုံးခုစီးမြောနေကြောင်းကိုရှစ်ဖုန့်သတိပြုမိလိုက်သည်။

စကားလုံးသုံးလံးက တော်တော်လေးမှုန်ဝါးပြီး ရှင်းရှင်းလင်းလင်းမမြင်နိုင်သော်လည်း ၎င်းတို့အားအရမ်းရင်းနှီးမှုရှိသည်ဟု ရှစ်ဖုန့်ခံစားရသည်။

“အဲ့ခေတ်ကစာကားလုံးတစ်ခုများ ဖြစ်နေနိုင်မလား”

ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။

အပိုင်း(၉၄၅)

ရှစ်ဖုန့်တစ်ယောက်ပုယာ၏ အနက်ရောင်ငှက်မွှေးဝတ်ရုံပေါ်ရှိ စီးဆင်းနေသောမှုန်ဝါးဝါးစကားလုံးများကိုကြည့်နေသည်။ စကားလုံးများကမှုန်ဝါးသော်လည်း ၎င်းတို့အားရှစ်ဖုန့်ကြည့်လိုက်ချိန်တွင် ရင်းနှီးကျွမ်းဝင်သောခံစားမှုအာရုံတစ်ခုကို ရရှိသည်ဖြစ်သည်။ ၎င်းတို့က သူပိုင်ဆိုင်ခဲ့သော ရှေးဟောင်းစာလုံးဆယ်လုံးနှင့် အရမ်းကိုဆင်တူသည်ဖြစ်၏။

ရှေးဟောင်းစာလုံးဆယ်လုံးမှာ ကောင်းကင်နှင့်မြေကြီးတို့၏ဥပဒသေစွမ်းအားကို ကိုယ်စားပြုသည်ဖြစ်သည်။

ထို့ကြောင့် ရှစ်ဖုန့်အနေဖြင့် အနက်ရောင်ငှက်မွှေးပေါ်ရှိစီးမျောနေသောစကားလုံးများက ရှေးဟောင်းစာလုံးဆယ်လုံးကဲ့သို့ တူညီသောအချိန်ကာလတစ်ခုကလာသည်ဟု ခန့်မှန်းလိုက်သည်။

ဝတ်ရုံနက်၏အဆိုအရ ကျီးကန်းနက်၌ ရှေးခေတ်ခြေသုံးချောင်းရွှေကျီးကန်း၏မျိုးဆက်သွေးရှိသည်ဟုဆိုသည်။ ထျန်းဟန်တိုက်ကြီးပေါ်တွင်လည်း ခြေသုံးချောင်းရွှေကျီးကန်း၏ ဒဏ္ဍာရီများရှိသည်ဖြစ်သည်။

စပါးအုံးနဂါးမျိုးနွယ်စု၏မိန်းကလေးထံမှ ဤကမ္ဘာနှစ်ခုအားတစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုရှိသည်ဟု ရှစ်ဖုန့်ကြားခဲ့ရသည်ဖြစ်သည်။

ရှေးခေတ်အချိန်ကာလအတွင်း ခြေသုံးချောင်းရွှေကျီးကန်းက ဤတိုက်ကြီးနှစ်ခု၌ပေါ်လာခဲ့သည်မှာ သာမန်သာဖြစ်သည်။

ချိုင့်ဝှမ်းအတွင်းသို့ ပုယာနှင့်ကျီးကန်းနက်တို့က ဝင်ရောက်သွားသည်။ သက်ရှိတို့၏ဝင်ရောက်လာမှုကြောင့် ရှေးဟောင်းအစီအရင်ကလည်း စတင်လည်ပတ်နေပြီဖြစ်သည်။ ပုယာကအစွမ်းကုန်အသုံးပြု၍ ဘက်ပေါင်းစုံမှသူထံသို့လာနေသောမမြင်နိုင်သည့်စွမ်းအားကို ခုခံရန်ကြိုးစားနေသည်။

ကျီးကန်းနက်ကလည်း ၎င်း၏စွမ်းအားကုန်အသံးပြု၍ ပုယာအားစွမ်းအားများကိုခုခံနိုင်ရန်အတွက်ကူညီနေ၏။

“အား...အား..အား..အား..အား..အား..အား”

ကျီးကန်းနက်က၎င်း၏နှုတ်သီးအား ဆက်တိုက်ဖွင့်ဟပြီး နာကျင်မှုအပြည့်ဖြင့်စူးစူးဝါးဝါးဆက်တိုက်အော်ဟစ်နေသည်။

ပုယာအပေါ်၌စွမ်းအားများကိုအကုန်စုစည်းပြီး တိုက်ခိုက်မှုများကိုခုခံရန်ကူညီနေသည်။ ဤအခိုက်အတန့်တွင် မမြင်နိုင်သောစွမ်းအားလှိုင်များက သူ့အားအဆက်မပြတ်တိုက်ခိုက်နေ၏။ သူ့၌ခြေသုံးချောင်းရွှေကျီးကန်း၏ မျိုးဆက်သွေးတစ်စွန်းတစ်စရှိပြီးအချို့သောနတ်ဆိုးသားရဲများထက် ပိုသန်မာသောခန္ဓာကိုယ်တစ်ခုရှိနေသောကြောင့်သာမဟုတ်ခဲ့လျှင် ယခုအချိန်၌သူ့အနေဖြင့် ပြာပုံဘဝသို့ရောက်သွားလောက်ပြီဖြစ်သည်။

ဟင်းလင်းပြင်ထဲတွင် အောက်ဘက်ရှိချိုင့်ဝှမ်းသို့ရှစ်ဖုန့်က မျက်နှာပေါ်ရှိအေးစက်သောအပြုံးတစ်ခုနှင့် ငုံ့ကြည့်နေသည်။ ငရဲဘုံကိုးခုပညာရပ်အား တိတ်တဆိတ်အဆက်မပြတ်စတင်လှည့်ပတ်လိုက်သည်။ ၎င်းတို့နှစ်ဦးသေဆုံးခြင်းကိုစောင့်ဆိုင်းနေခြင်းဖြစ်ပြီးယင်းမှသာ၎င်းတို့အားသူဝါးမျိုနိုင်မည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့်လည်း နတ်ဘုရားတစ်ပိုင်းနယ်ပယ်သက်ရှိများ၏ သေခြင်းစွမ်းအားကို မျှော်လင့်နေသည်သာဖြစ်သည်။ ရှေးဟောင်းအစီအရင်၏ စွမ်းအားအောက်တွင် ၎င်းတို့သာခုခံနိုင်ခြင်းမရှိခဲ့ပါက ၎င်းတို့၏ဝိညာဉ်များက အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ခန္ဓာကိုယ်များက ဖုန်မှုများဖြစ်သွားလိမ့်မည်ဖြစ်သည်။

ယင်းကနှမြောစရာကောင်းသော်လည်း အခြားနည်းလမ်းမရှိပေ။ သို့သော် နတ်ဘုရားတစ်ပိုင်းနယ်ပယ်နှစ်ဦး၏သေခြင်းစွမ်းအင်ကိုရရှိခြင်းကလည်းဆိုးတော့မဆိုးလှချေ။ထိုထက်ပိုသည်ကားဝတ်ရုံနက်အနေဖြင့် ဤလူနှင့်ကျီးကန်းနက်အားရင်ဆိုင်ဖို့သက်သက်သာကြံစည်နေခြင်းမဟုတ်ခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် ပုယာ၏ အော်ဟစ်သံနှင့် ကျီးကန်းနက်၏ နာကျင်စွာအော်သံတို့က ရုတ်ခြည်းပျောက်ကွယ်သွားသည်။

ချိုင့်ဝှမ်းထံသို့စိုက်ကြည့်နေသောရှစ်ဖုန့်မှာ အောက်ဘက်ရှိမြင်ကွင်းကစတင်ပြောင်းလဲလာသည်ကိုတွေ့လိုက်ရသည်။ ပုယာနှင့်ကျီးကန်းနက်တို့မှာ ရှေးဟောင်းအစီအရင်အတွင်းထပ်မံရုန်းကန်ခြင်းမရှိတော့ပေ။ထိုအစားချိုင့်ဝှမ်းအတွင်းဝင့်ကြွားစွာရပ်နေပြီး ကောင်းကင်ထဲသို့ခေါင်းကိုမော့ထား၏။ ပုယာ၏မျက်နှာထက်၌ တစ်စုံတစ်ယောက်အား တိုက်ခိုက်ရန်ဆုံးဖြတ်ထားသကဲ့သို့ စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြည့်နှက်နေ၏။

၎င်း၏ပုံစံမှာရှစ်ဖုန့်အတုကဲ့သို့ပင်ဖြစ်သည်။

ဝတ်ရုံနက်က တစ်စုံတစ်ခုထပ်မံပြုလုပ်လိုက်မှန်းရှစ်ဖုန့်သိလိုက်သည်။ ၎င်းအနေဖြင့်အောက်ဘက်ရှိအစစ်အမှန်ဖြစ်ရပ်အပေါ်အခြေခံပြီး လျှို့ဝှက်နည်းလမ်းကိုအသုံးပြုကာ အံ့ဖွယ်ကောင်းသောပုံရိယောက်တစ်ခုကိုဖန်တီးခဲ့ခြင်းဖြစ်ရမည်ဖြစ်သည်။

“ငါးစာအနေနဲ့ဒီငါးသေးသေးလေးနှစ်ကောင်ကိုသုံးရင် နောက်ထပ်အလယ်အလတ်ငါးတွေလည်းနောက်ဆုံးမှာငါးစာကိုကိုက်မှာပဲ”

ဤအခိုက်အတန့်တွင်ဝတ်ရုံနက်က ရှစ်ဖုန့်အားထပ်မံပြောလိုက်သည်။

“ဂါး”

ကောင်းကင်နှင့်မြေပြင်ကိုပင် လှုတ်ခတ်စေလောက်သည့် နားကွဲလုမတတ်အလွန်ကျယ်လောင် သောဟိန်းဟောက်သံတစ်ခုက ကောင်းကင်ထဲမှရုတ်ခြည်းထွက်ပေါ်လာသည်။

ကြီးမားပြီးကြမ်းကြုတ်ခက်ထန်သော အနက်ရောင်ဝက်ဝံကြီးတစ်ကောင်ပေါ် လာပြီးအောက်ဘက်ရှိချိုင့်ဝှမ်းထံသို့ဒေါသတကြီးဟိန်းဟောက်လိုက်၏။ ထို့နောက်၎င်း၏ကြီးမားသောကိုယ်ကြီးက အောက်ဘက်ကြီးချိုင့်ဝှမ်း ထံသို့ခုန်အုပ်လိုက်သည်။

ထို့နောက်နောက်ထပ်ကြုမ်းကြုတ်ခက်ထန်သောသားရဲနှစ်ကောင်ထပ်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ကိုပင်လှုပ်ခတ်စေလောက်သည့်ကြုံးဝါးသံများကိုထပ်မံအော်ဟစ်လိုက်ကြသည်။

ထို့နောက်ပေါ်လာခဲ့သော ဧရာမပုံရိပ်ကြီးနှစ်ခုက ထပ်မံဖျက်ခနဲဖြစ်သွားပြီး အောက်ဘက်ရှိချိုင့်ဝှမ်းထံသို့တစ်ဟုန်ထိုးဦးတည်သွားကြ၏။

ကြမ်းကြုတ်သောသားရဲများ ၏အော်သံကတစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ပုယာ၏နောက်သို့လိုက်ဖမ်းနေသော သားရဲစုစုပေါင်းခုနှစ်ကောင်ရှိသည်ဖြစ်သည်။

ဤအချိန်တွင်သားရဲသုံးကောင်က ချိုင့်ဝှမ်းထဲသို့ဝင်ရောက်သွားပြီးဖြစ်သည်။ ကျန်သောသားရဲလေးကောင်ကလည်း တစ်ချိန်တည်းပေါ်လာပြီး ဒေါသတကြီးဟိန်းဟောက်လိုက်ကြသည်။

သို့သော် ပေါ်လာသာသားရဲကြီးလေးကောင်က ချိုင့်ဝှမ်းထံသို့ယခင်သားရဲသုံးကောင်ကဲ့သို့ ဦးတည်သွားခြင်းမရှိပေ။

ဝတ်ရုံနက်၏လျှို့ဝှက်လှည့်စား မှုနည်းစနစ်အောက်တွင် အောက်ဘက်ရှိချိုင့်ဝှမ်း၌ယခုအခါအဖြူရောင်မြူခိုးများနှင့်ပြည့်နှက်နေပြီး အောက်ဘက်အားပိတ်ကာထားသည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်လူသားတစ်ယောက်နှင့်သားရဲလေးကောင်တို့ အောက်ရှိချိုင့်ဝှမ်းအတွင်း ဝင်ရောက်သွားပြီးဖြစ်သောကြောင့် ဝတ်ရုံနက်၏ လှည့်စားမှုပုံရိပ်ယောင်က ယခင်ကဲ့သို့ထိန်းချုပ်ရလွယ်ကူပြီးစိတ်ရှုပ်ထွေးခြင်းမဖြစ်စေနိုင်တော့ပေ။

ထို့ကြောင့် သူက ချိုင့်ဝှမ်းအား ကျယ်ပြောလှသောမြူခိုးတို့ဖြင့်တိုက်ရိုက်ဖုံးလွှမ်းလိုက်ခြင်းဖြစ်သည်။

သို့သော်သားရဲလေးကောင်းက မြူခိုးများအားဖြတ်၍မြင်နိုင်ပုံရ၏။ ၎င်းတို့၏ကြီးမားသောကိုယ်များက ချိုင့်ဝှမ်းအထက်၌ဝင့်ကြွားစွာရပ်နေကြပြီး ဆင်းသက်ခြင်းမပြုကြပေ။

“အဘိုးကြီး.ခင်ဗျားအစီအစဉ်ကျရှုံးတဲ့ပုံပဲ..ဒီသားရဲလေးကောင်အပေါ်ခင်ဗျား ဟာကလုံးဝသက်ရောက်မှုမရှိဘူး..”

အမှောင်ထုအတွင်းပုန်းအောင်းနေသောရှစ်ဖုန့်က ဝင့်ကြွားသောအပြုံးတစ်ခုနှင့်ပြောလိုက်သည်။

“ဟားဟား…အဲ့လိုလား..တကယ်တော့ ဒါကငါမျှော်လင့်ထားတဲ့အတွင်းမှာရှိပါတယ်.. ငါ့မှာအရံအစီအစဉ်ရှိပြိးသား.. စောင့်ပြီးသာကြည့်စမ်းပါ”

ဝတ်ရုံနက်ကလည်းရယ်မောလိုက်သည်။

“သူ့မှာအရံအစီအစဉ်ရှိနေသေးတာလား”

ဝတ်ရုံနက်၏ စကားတို့အားကြားလိုက်ရသည့်အခါတွင် ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

မူလက သားရဲကြီးလေးကောင်က ဤနေရာ၌ရပ်တန့်သွားပြီး အထက်မှဖိအားများကလည်းကျဆင်းလာသောကြောင့် ဝတ်ရုံနက်၏လှည့်စားမှုထောက်ချောက်မှာ ထွင်းဖောက်မြင်ခံရပြီးကျဆုံးပြီးဟု သူထင်ခဲ့၏။

သို့သော်ဝတ်ရုံနက်၏ပြန်ဖြေမှုအား ကြားလိုက်ရသောအခါတွင် ၎င်း၏လေသံမှတစ်ဆင့်၎င်း၏အိတ်ထဲ၌ကတ်တစ်ကတ်ရှိနေသေးကြောင်းကို ရှစ်ဖုန့်ပြောနိုင်သည်ဖြစ်သည်။အရာအားလုံးက အဘိုးကြီး၏ ထိန်းချုပ်မှုအောက်၌ရှိနေသေးပုံရ၏။

ဤအခိုက်အတန့်တွင် စွမ်းအားကြီးအော်ရာတစ်ခုနှင့် ပုံရိပ်တစ်ခုကကောင်းကင်ထဲ ၌ဖျက်ခနဲပေါ်လာသည်။

အရပ်မြင့်မြင့်ပိန်ပိန်ပါးနပါး လူတစ်ယောက်ပေါ်လာသည်။ ၎င်းကနူးညံ့သိမ်မွေ့ပြီး ဣန္ဒြေရှိပုံရသော်လည်း မျက်နှာထက်တွင်တော့်မောက်မာမှုတို့ဖြင့်ပြည့်နှက်နေသည်။၎င်းကရှေးကျသောအော်ရာတစ်ခုကိုထုတ်လွှတ်နေသည့်ရှေးဟောင်း ကြေးမှုံမှန်တစ်ချက်ကိုကိုင်ထား၏။

၎င်းမှာ မိုင်တစ်ထောင်နတ်ဘုရားမှန်ပိုင်ရှင်ကျင်းဖူပင်ဖြစ်သည်။

“ဒါက..နောက်ထပ်နတ်ဘုရား တစ်ပိုင်းပစ္စည်းတစ်ခုပဲ”

ကျင်းဖူ၏လက်ထဲရှိရှေးကျသော ကြေးနီရောင်မှန်အားမြင်တွေ့ လိုက်ရသောအခါတွင် ရှစ်ဖုန့်တစ်ယောက်အံ့အားသင့်စွာ ဖြင့်စိတ်ထဲမှရေရွတ်ပြောလိုက်သည်။

ဤအချိန်တွင် ကျင်းဖူက ခေါင်းငုံ့လိုက်ပြီး သူ့အောက်ရှိသားရဲကြီးလေးကောင်ကိုကြည့်လိုက်သည်။ သားရဲကြီးလေးကောင်ကလည်း ကျင်းဖူရောက်ရှိလာမှုကို သတိပြုမိသည်ဖြစ်သည်။

၎င်းတို့ကကောင်းကင်ထဲသို့လျှင်မြန်စွာမော့ကြည့်လိုက်ပြီး ကျင်းဖူကိုဟိန်းဟောက်လိုက်သည်။ သားရဲလေးကောင်ကအတူတကွလှုပ်ရှားလိုက်ပြီး ကျင်းဖူထံသို့ဦးတည်လိုက်သည်။

ယင်းမှာ ဤလူသားအား၎င်းတို့အနေဖြင့်အ ပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်သည့်ပုံဖြစ်သည်။

ကျင်းဖူကသူ့ထံသို့ဦးတည်လာ နေသောသားရဲလေးကောင်ကို ဂရုစိုက်ခြင်းမရှိပေ။ သူကပြောလိုက်သည်။

“သားရဲလေးကောင်က ဒီမှာလာပိတ်နေတယ်.. အတူတူတိုက်ပြီး ဒီသားရဲလေးကောင်ကိုအရင်ရှင်းထုတ်ပစ်ကြစို့”

ကျင်းဖူ၏အသံထွက်ပေါ်လာသကဲ့သို့ များစွာသောပုံရိပ်များကသူ့နောက်၌ပေါ်လာသည်။ စုစုပေါင်းခြောက်ယောက်ဖြစ်သည်။ ကျင်းဖူအပါအဝင်ဆိုလျှင် လူခုနှစ်ယောက်ဖြစ်၏။

ထို့နောက်ခုနှစ်ယောက်သား သူတို့ထံသို့ဦးတည်လာနေသော သားရဲလေးကောင်ကိုတိုက်ခိုက်လိုက်ကြသည်။

သူတို့နောက်သို့သားရဲဆယ့်ရှစ်ကောင် ကလိုက်နေပြီး လေးကောင်ကလည်းအောက်ဘက်မှ သူတို့ထံသို့ဦးတည်လာနေသည်ဖြစ်သည်။

မိုင်တစ်ထောင်နတ်ဘုရားမှန်ကအားလုံးအားဖြတ်မြင်နိုင်သည်ဟုပြောခဲ့သည်မဟုတ်လော။ ဤအရူးကသူတို့အား မစိုးရိမ်ဖို့ပြောခဲ့သည်မဟုတ်လော။ သူတို့ပင်နိုင်လည်နိုင်စွမ်းမရှိသည့်မိုင်တစ်ထောင်နတ်ဘုရားမှန်ဖြင့်ဆိုလျှင် သူ့အနေဖြင့်မကြာခင်၌သားရဲ ဆယ့်ရှစ်ကောင်အားရှင်းပစ်နိုင်မည်ဟု ပြောခဲ့သည်မဟုတ်လော။

သို့သော်သူတို့အနေဖြင့် သားရဲဆယ့်ရှစ်ကောင်အား မရှင်းထုတ်နိုင်ခဲ့ပေ။ ထိုအစား ၎င်း၏လမ်းပြမှုအောက်၌ သားရဲလေးကောင်ပင်ထပ်ပေါ်လာနေသေးသည်။

“အရူးကောင်ကျင်းဖူး.လခွီးပဲလေ. ငါ့ဖင်ကြီးကိုမိုင်တစ်ထောင်နတ်ဘုရားမှန်ပါ့လား. ငါ့ဖင်ကြီးပဲအရာအားလုံးကိုဖောက်မြင်ပါ့လား”

ဤအချိန်တွင် သူတို့ခြောက်ယောက်လုံးကျင်းဖူအပေါ်၌ မကျေမချမ်းမှုများဖြင့်ပြည့်နှက်နေပြီး သူတို့ထံသို့ မရပ်မနားပြဿနာများနှင့် အန္တရာယ်များကိုသာခေါ်လာသည့် ဤအရူးအားပါးပိတ်ရိုက်ချင်သည့် စိတ်များသာဖြစ်နေကြ၏။

သို့သော်ယခုအချိန်တွင် သူတို့ထံသို့တိုက်ခိုက်ရန်လာနေသော သားရဲလေးကောင်အား ဖြေရှင်းရန်အတွက် သူတို့အနေဖြင့် ပူးပေါင်းရန်လိုအပ်သေးသည်ဖြစ်သည်။

All Chapters