← Chapters

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အခန်း (၉၃၄-၉၃၆)

Vol. 63 Ch. 934-936

အပိုင်း(၉၃၃)

“ဟုတ်တယ်...သူတို့ပဲ..သူတို့လည်း ဒီကိုရောက်လာပြီ”

မျိုးနွယ်စုနှင့်ကလန်အသီးသီးတို့မှ စစ်သည်တော်မျာမှာ ကောင်းကင်ထဲမှ ပုံရိပ်သုံးခုအား မြင်တွေ့လိုက်ရသောအခါတွင် အလျှင်အမြန်အံ့အားသင့်စွာပြောဆိုလိုက်ကြသည်။

“ဖီးနစ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဟွမ်ရှီ”

“လီမျိုးနွယ်စုခေါင်းဆေင် ယင်ကျန့်”

“လပြည့်မျိုးနွယ်စုခေါင်းဆောင် ယွဲ့ချန်”

ထို့နောက်အောက်တွင်ရှိနေကြသော ကျင့်ကြံသူများမှာ ကောင်းကင်ထက်လူသုံးဦး၏ သရုပ်မှန်များကို ဖြည်းညှင်းစွာထုတ်ပြောလာသည်။

ဧကရာဇ်များကဲ့သို့ ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေကြသောလူသုံးဦးမှာ အင်အားကြီးမျိုးနွယ်စု သုံးခု၏ခေါင်းဆောင်များဖြစ်ကြသည်။ ၎င်းတို့အားလုံး၏နယ်ပယ်များက နတ်ဘုရားတစ်ပိုင်းနယ်ပယ်များဖြစ်သည်။

မျိုးနွယ်စုနှင့်ကလန်အသီးသီးတို့မှ ကျင့်ကြံသူများမှာ ၎င်းတို့ရောက်ရှိလာမှုကို သတိမပြုမိကြပေ။ သူတို့အထက်ကောင်းကင်ထဲ၌ တိတ်တဆိတ်ပေါ်လာသကဲ့သို့ပင်ဖြစ်သည်။

ရှုံ့တွနေသော အလောင်းဆယ့်ငါးခုက မျောလွင့်သွားပြီး လူသုံးဦး၏ရှေ့သို့ရောက်ရှိသွားသည်။ ၎င်းတို့က ဆိတ်ငြိမ်စွာဖြင့်ခံစားချက်မဲ့စွာ မျောလွင့်နေသည်။

လူသုံးဦးက ဂရုမထားသောဟန်ဖြင့် ရှုံ့တွခြောက်သွေ့နေသော အလောင်းဆယ့်ငါးခုကို ကြည့်လိုက်ပြီးတုန့်ခနဲရပ်သွားစေသည်။

ခဏကြာပြီးနောက်တွင် ယွဲ့ချန်ကပြောလိုက်သည်။

“မြေကလန်ကလူတွေရဲ့ဒီလောင်းတွေက သေပြီးသွားတာနှစ်ပေါင်းတော်တော်ကြာနေတဲ့ပုံစံမျိုးပေါက်နေတယ်..သူတို့ကလေဒဏ်မိုးဒဏ်ခံရပြီးတော့ ခြောက်သွေ့ရှုံ့တွသွားသလိုပေမဲ့ သူတို့သေပြီးတာက တစ်နာရီတောင်မကြာသေးဘူး .. ဒီအတွက်ဖြစ်နိုင်တဲ့အကြောင်းပြချက်က သူတို့ရဲ့သွေးတွေကို ခြောက်သွေ့တဲ့အထိ စုပ်ယူခံလိုက်ရလို့ပဲ”

ယွဲ့ချန်၏ စကားပြီးပြီးချင်း ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်ဖြစ်သူ ဟွမ်ရှီက ပြောလိုက်သည်။

“အမှန်ပဲ. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူတစ်ယောက်က ဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့ပညာရပ်တစ်ခုကို ကျင်ကြံထားလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”

“ငါသာမမှားဘူးဆိုရင် ဒီဦးခေါင်းမရှိတော့တဲ့အလောင်းက အမြဲတမ်းသူ့ကိုယ်သူကမ္ဘာပေါ်မှာအတော်ဆုံးလူလို့ထင်နေတဲ့ တိလောရဲ့သားတိယီပဲ”

ဟွမ်ရှီကနောက်ဆုံးစကားကိုပြောသောအခါတွင် လူသုံးဦး၏အကြည့် ရှုံ့တွနေသော ဦးခေါင်းမဲ့ အလောင်းထံသို့ကျရောက်သွားသည်။

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော လီမျိုးနွယ်စု ခေါင်းဆောင်ဖြစ်သူ ယင်ကျန့်က ပြောလိုက်သည်။

“ဒါကတိလောရဲ့သားဆိုတာ အမှန်ပဲ”

“တိလောကသူ့ဘဝမှာအဖိုးတန် သားတစ်ယောက်ပဲရှိခဲ့တာ...သူကအမြဲတမ်းသူ့သားကို ဘိုးဘေးတစ်ဦးလိုကိုဆက်ဆံခဲ့တာ ....ကောလဟာလတွေအရသူ့သားကို မြေကလန်ရဲ့ရတနာဖြစ်တဲ့ နတ်ဘုရားမြေခေါင်းလောင်းကို ပေးထားတယ်တဲ့ .. သူ့ရဲ့အဖိုးတန်သားက အသတ်ခံလိုက်ရမယ်လို့ မမျှော်လင့်ထားမိဘူး”

“ဟားဟား ..အကယ်၍တိလောသာသူ့သားသေသွားတာကိုသိရင် ရူးသွားမှာပဲ...ဟားဟား”

လပြည့်မျိုးနွယ်စု ခေါင်းဆောင်ဖြစ်သူ ယွဲ့ချန်က နှစ်ထောင်းအားရစွာဖြင့် ရယ်မောလိုက်သည်။

ဤကျယ်ပြောလှသော မြေရိုင်းဒေသအတွင်းရှိ မျိုးနွယ်စုတိုင်းက မြေကလန်ခေါင်းဆောင်ဖြစ်သူ တိလောတစ်‌ယောက် သူ၏အဖိုးတန်သားဖြစ်သူအားရတနာတစ်ခုကဲ့သို့ဆက်ဆံသည်ကို သိကြသည်ဖြစ်သည်။ ယခု သူ၏ရတနာကဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

ထို့နောက် ယွဲ့ချန်က အခြားနှစ်ဦးကိုပြောလိုက်သည်။

“ဒီလိုတွေဖြစ်လာမှတော့ မင်းတို့နှစ်ယောက်က ဆက်ပြီး တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူငယ်ကိုရှာလိုက်..ငါကကောင်းမွန်တဲ့လူတစ်ယောက်အနေနဲ့ တိလောဆီကို ဒီအလောင်းကို ပြန်ယူသွားပေးမယ်..ဟားဟားဟားဟား”

ယွဲ့ချန်၏ စကားတို့အားကြားပြီးနောက် ဟွမ်ရှီနှင့် ယန်ကျန့်တို့က ဘာမှပြောခြင်းမရှိပေ။ သူတို့ကတစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ပြီးပြုံးလိုက်ကြသည်။

တိလော၏သားကသေဆုံးသွားပြီး ယွဲ့ချန်က သားဖြစ်သူ၏အလောင်းအား တိလောထံသို့ ယူသွားမည်ဖြစ်သည်ကို နှစ်ယောက်လုံးကသိထားပြီးဖြစ်သည်။

လွန်ခဲ့သောနှစ်အချို့က လပြည့်ကလန်နှင့် မြေကလန်နှစ်ခုလုံးက တစ်ချိန်တည်းတွင် သတ္ထုကြောတစ်ခုအားရှာဖွေတွေ့ရှိခဲ့သည်ဟု သူတို့ကြားဖူး၏။ ကလန်နှစ်ခုလုံးက သတ္ထုကြောကို ကိုယ့်အတွက်ကိုယ်သာရယူလိုကြပြီး ရလဒ်အနေနှင့် ကလန်နှစ်ခုကြား၌ စစ်ပွဲတစ်ခုဖြစ်ခဲ့သည်ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း မျိုးနွယ်စုနှစ်ခုလုံးမှ စစ်သည်များစွာ ထိခိုက်ဒဏ်ရာရပြီး သေကြေခဲ့ကြသည်ဖြစ်သည်။

“လူကြီးမင်းတို့ ကျုပ်အရင်ဆုံးသွားတော့မယ်”

ယွဲ့ချန်က ဟွမ်ရှီနှင့် ယန်ကျန့်တို့နှစ်ဦးကို ပြောလိုက်သည်။

သူ၏အသံမှေးမှိန်ပျောက်ကွယ်မသွားခင် ယွဲ့ချန်က ဦးခေါင်းမဲ့အလောင်းကိုဆုပ်ကိုင်ပြီး ဖျက်ခနဲပျောက်ကွယ်သွားသည်။

ဟွမ်ရှီနှင့် ယန်ကျန့်တို့ သူ့အားထပ်မံမြင်တွေ့ရချိန်တွင် ယွဲ့ချန်က ဦးခေါင်းမဲ့အလောင်းကိုဆုပ်ကိုင်ထားပြီး အခြားတစ်ဖက်ရှိ ဟင်းလင်းပြင်၌ ပြန်လည်ပေါ်လာပြီးဖြစ်သည်။ နောက်ထပ်ဖျက်ခနဲဖြစ်သွားပြီး ယွဲ့ချန်၏ပုံရိပ်က ရုတ်ခြည်းထပ်မံပျောက်ကွယ်သွားသည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူကအဝေးသို့နေရာကူးပြောင်းနိုင်သည်ဖြစ်သည်။

သူက တိတ်တဆိတ်ပေါ်လိုက် ပျောက်လိုက်ဖြစ်နေပြီး အခြားသူများအားသူ့အားဖမ်းမိရန်ခက်ခဲစေသည်ဖြစ်သည်။

ယွဲ့ချန်ထွက်ခွာသွားပြီးနောက် ဟွမ်ရှီနှင့်ယန်ကျန့်တို့က တစ်ယော်ကိုယ်တစ်ယောက်ထပ်မံကြည့်လိုက်ကြသည်။ မြေကလန်က ထပ်မံ ဂနာမငြိမ်ဖြစ်တော့မည်ဖြစ်သည်။ တိလောတစ်ယောက်ရူးသွပ်သွားတော့မည်ဖြစ်၏။

“သွားစို့..တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူငယ်ကို ရှာပြီး သူ့ကို ဖြစ်နိုင်သမျှအမြန်ဆုံးတွေ့ဖို့လိုတယ်. ငါတို့သူ့ကို မရှင်းပစ်နိုင်ရင် ငါတို့ရဲ့ကျယ်ပြောတဲ့မြေရိုင်းဒေသကြီးက ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်တော့ဘူး.. “

ဟွမ်ရှီက ယန်ကျန့်ကိုပြောလိုက်သည်။

“အင်း.. ငါတို့တွေဖြစ်နိုင်သမျှအမြန်ဆုံးရှာရမယ်”

ယန်ကျန့်က ခပ်ရေးရေးအပြုံးတစ်ခုနှင့် ခေါင်းညိမ့်လိုက်သည်။

ဤအခိုက်အတန့်တွင် သူတို့အနေဖြင့် တောင်ပေါ်နတ်ဆရာမျိုးနွယ်စု၏အန္တရာယ်ကို အမြစ်ဖျက်ချေမှုန်းရရုံသာမက ကျယ်ပြောသောမြေရိုင်းဒေသကြီးကို ငြိမ်းချမ်းမှုလည်းယူဆောင်ပေးရမည်ဖြစ်သည်။

တိယီသေဆုံးသွားပြီး တိယီက မြေကလန်၏ရတနာ နတ်ဘုရားမြေခေါင်းလောင်းကိုအသက်ရှင်စဉ်က သယ်ဆောင်ထားသည်ကို သူတို့သိကြသည်ဖြစ်သည်။

သူတို့၏ထက်ရှသော အာရုံခံနိုင်မှုအရ အောက်ဘက်ရှိစစ်မြေပြင်၌ နတ်ဘုရားမြေခေါင်းလောင်း၏ အော်ရာရှိနေဆဲဖြစ်သည်ကိုသူတို့ အာရုံခံမိသည်ဖြစ်သည်။

တိယီကသေသွားပြီဖြစ်သောကြောင့် နတ်ဘုရားမြေခေါင်းလောင်းကလည်း တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူငယ်၏လက်အတွင်းသို့ ကျရောက်သွားပြီးဖြစ်ရမည်ဖြစ်သည်။

တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှလူငယ်အား သူတို့ရှာတွေ့ပြီးသတ်ပြီးသည်နှင့် နတ်ဘုရားမြေခေါင်းလောင်းကသူတို့အပိုင်ဖြစ်လာလိမ့်မည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် ဖီးနစ်မျိုးနွယ်စုခေါင်းဆောင် ဟွမ်ရှီနှင့် လီမျိုးနွယ်စု ခေါင်းဆောင်ယန်ကျန့်တို့က မျက်နှာထက်ပ အပြုံးခပ်ရေးရေးကိုဆင်မြန်းထားသည်။

ထို့နောက်အောက်ဘက်ရှိဒါဇင်နှင့်ချီသော ကျင့်ကြံသူများ၏အကြည့်အောက်၌ပင် ပုံရိပ်နှစ်ခုက ဖျက်ခနဲဖြစ်သွားပြီး သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။

ထို့နောက် လေထဲ၌မျောလွင့်နေသော ရှုံ့တွနေသည့် အလောင်းဆယ့်လေးလောင်းက လှုပ်ရှားလာပြီးမြေပြင်ထက်သို့ ကျဆင်းလာသည်။

...................

“လူငယ်လေး.. ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား အပေါ်မင်းရဲ့နားလည်မှုက ဘယ်လိုရှိလဲ”

မှောင်မိုက်နေသောမြေအောက်ထဲတွင် တီရှာ၏မြေစွမ်းအား နှင့် အနက်ရောင်ဝတ်ရုံလူတို့၏ ဦးတည်ချက်လမ်းညွှန်မှုတို့အောက်၌ သုံးယောက်သား လျှင်မြန်စွာရွေ့လျားနေဆဲဖြစ်သည်။

အစောပိုင်းကစကားပြောလိုက်သည့်သူမှာ အက်ရှသောအသံနှင့် အနက်ရောင်ဝတ်ရုံဝတ်အဘိုးအိုပင်ဖြစ်သည်။

သူတို့ကမြေအောက်၌ရွေ့လျားနေသော်လည်း ရှစ်ဖုန့်က နတ်ဘုရားတစ်ပိုင်းပညာရပ်ဖြစ်သည့် ဟင်းလင်းပြင်သတ်ဖြတ်ခင်းဓား၌နစ်မြောနေဆဲဖြစ်သည်။

အနက်ရောင်ဝတ်ရုံနှင့် လူ၏အသံက ရှစ်ဖုန့်၏နစ်မြောနေမှုကို ဖျက်ဆီးလိုက်၏။ ရှစ်ဖုန့်ကစိတ်ထဲမှသက်ပြင်းချလိုက်သည်။

“ဒီနတ်ဘုရားတစ်ပိုင်းပညာရပ်က တကယ့်ကို လှပသိမ်မွေ့လက်ရာမြောက်တယ်.. ဒါပေမဲ့တကယ့်ကို အလွန်လေးနက်တာပဲ..လမ်းတစ်လျှောက်လုံး ဒီသခင်လေး အပေါ်ယံလောက်ကိုပဲ ကိုင်တွယ်ဖြေရှင်းနိုင်တယ်.. ဒါကိုအမှန်တကယ်ကျွမ်းကျင်တတ်မြောက်ချင်ရင် အချိန်တော်တော်လေးသုံးပြီးတော့ အားထုတ်ကြိုးပမ်းမှရမယ်”

“အိုး”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် အနက်ရောင်ဝတ်ရုံနှင့်လူက အံ့အားသင့်စွာပြောလိုက်သည်။

“အချိန်တိုလေးအတွင်းမှာ မင်းက တကယ်ကြီးဒါကိုဆင်ခြင် နားလည်နိုင်သွားတာလား”

“မဖြစ်နိုင်တာ...ဒီအဘိုးကြီးရဲ့ပါရမီစွမ်းရည်နဲ့တောင် အဲ့တုန်းက ဒါကိုဆင်ခြင်နားလည်နိုင်ဖို့အချိန်ငါးရက်ယူခဲ့ရပြီး အပေါ်ယံလောက်ကိုပဲ ဖြေရှင်းနိုင်ခဲ့တာ ဒါပေမဲ့ မင်းကတော့.. လေးနာရီလောက်လေးနဲ့ ဆင်ခြင်နားလည်နိုင်ပြီလို့ပြောနေတယ်”

“လူငယ်လေး. မင်းမှားပြီများဆင် ခြင်နားလည်နိုင်တာဖြစ်နေမလား.. နတ်ဘုရားတစ်ပိုင်းနည်းစနစ်ကို မကျွမ်းကျင်ခင်မှာမင်းလမ်းမလွဲစေနဲ့အုံး”

“ဟမ့်”

အဘိုးအို၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကအထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

“ဘယ်လိုလုပ်ပြီးဒီသခင်လေးရဲ့ ဆင်ခြင်နားလည်နိုင်စွမ်းကိုခင်ဗျားကယှဉ်နိုင်မှာလဲ”

ယခင်ငရဲဘုံကိုးခုဧကရာဇ်က လွန်စွာပါရမီစွမ်းရည်ရှိသောသူဖြစ်သည်။ ထျန်းဟန်တိုက်ကြီးတွင် သူ၏တိုက်ခိုက်ရေးအတွေ့အကြုံနှင့် ဆင်ခြင်နားလည်နိုင်စွမ်းတို့ကို ပေါင်းစပ်၍ အထွတ်အထိပ်ပညာရပ်များကို ဖန်တီးခဲ့သည်ဖြစ်သည်။

သူ၏ဟင်းလင်းပြင်သတ်ဖြတ်ဓား အပေါ်ဆင်ခြင်နားလည်နုင်စွမ်းက မမှားယွင်းပဲ လမ်းလွဲသွားမည်မဟုတ်သည်ကို ရှစ်ဖုန့်အနေဖြင့်ရာနှုန်းပြည့်ပြောရဲသည်ဖြစ်၏။

အနက်ရောင်ဝတ်ရုံနှင့်လူက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဟားဟား မင်းမှန်ပါစေလို့ငါမျှော်လင့်ပါတယ်.ငါမင်းလမ်းလွဲသွားမှာကို မမြင်ချင်ဘူး”

ဤအချိန်တွင် ရှစ်ဖုန့်ကရှေ့သို့စိုက်ကြည့်ပြီး မေးလိုက်သည်။

“ဒီသခင်လေးတို့ လက်ရှိအမြန်နှုန်းနဲ့ မြေအောက်ထဲကနေ မြေရိုင်းဒေသကြီးထဲကထွက်သွားဖို့ ဘယ်လောက်ကြာမလဲ”

“ဒီနှုန်းအတိုင်းသာငါတို့သွားရင် အမြန်ဆုံး တစ်လလောက်ကြာလိမ့်မယ်”

အနက်ရောင်ဝတ်ရုံနှင့်လူကပြန်ဖြေသည်။

“တစ်လလား.အဲ့လောက်ကြာတယ်ပေါ့”

ရှစ်ဖုန့်ကပြောသည်။

“ငါပြောချင်တာက လက်ရှိအမြန်နှုန်းနဲ့ဆို တစ်လကြာမယ်ပြောတာ”

အနက်ရောင်ဝတ်လူကပြောသည်။ ထို့နောက်ထပ်ပြော၏။

“လက်ရှိငါတို့အခြေအနေကို အခြေခံရရင် ဒီနေရာကနေအမှန်တကယ်ထွက်နိုင်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ ငါတကယ်မပြောနိုင်ဘူး”

“ခင်ဗျားဘာကိုဆိုလိုတာလဲ”

ရှစ်ဖုန့်က အနက်ရောင်ဝတ်လူ၏ စကားတို့အားကြားပြီးနောက် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

၎င်းအနေဖြင့်သူမသိသေ သတင်းအချို့အား သိနေပုံရသည်။

အပိုင်း(၉၃၄)

“ဟားဟား”

အနက်ရောင်ဝတ်ရုံနှင့်လူက ထပ်မံဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ငါတို့တွေပြဿနာအများကြီးဖြစ်လာဖို့မလိုအပ်ခဲ့ပေမဲ့ အခုတိယီကသေသွားပြီး နတ်ဘုရားမြေခေါင်းလောင်းကလည်းငါ့လက်ထဲကို ရောက်နေပြီ”

အနက်ရောင်ဝတ်ရုံလူ၏စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ဖြည်းဖြည်းချင်းသဘောပေါက်လာပြီး ပြောလိုက်သည်။

“အစောပိုင်းကမြေရိုင်းဒေသကြီးထဲမှာဒီသခင်လေးတို့ကိုအဲ့လူတွေလောက်ပဲရှာဖွေနေပေမဲ့ အခုဆိုလူတွေက နတ်ဘုရားမြေခေါင်းလောင်းအတွက်နဲ့ ပိုပြီးတော့တောင် ပူပန်နေကြပြီး ဒီသခင်လေးတို့ရဲ့ တားဆီးပိတ်ပင်ခံရမှုကပိုပြီးကြီးမားလာတော့မယ်လို့ ခင်ဗျားပြောချင်တာလား”

“အမှန်ပဲ”

အနက်ရောင်ဝတ်ရုံနှင့် လူက ပြန်ဖြေလိုက်ပြီး ဆက်လက်ပြောဆို၏။

“မြေကလန်ရဲ့လူငယ်ခေါင်းဆောင် တိယီက သေသွားပြီး မြေကလန်ရဲ့ အထွတ်အထိပ်ရတနာဖြစ်တဲ့ နတ်ဘုရားမြေခေါင်းလောင်းကို လည်းဆုံးရှုံးသွားတယ်.. တိလောတစ်ယောက်တော့ ရူးသွပ်သွားလောက်တယ်…မြေကန်တစ်ခုလုံးလည်းစစ်စည်းရုံးနေလောက်ပြီ ..ဒီမြေအောက်ဧရိယာကလည်း ထပ်ပြီးတော့ မလုံခြုံလောက်တော့ဘူး”

“နတ်ဘုရားမြေခေါင်းလောင်းရဲ့ဆွဲဆောင်မှုအနေနဲ့ကတော့ .တစ်ခြားမျိုးနွယ်စုတွေအနေနဲ့လှုပ်ရှားဖို့ယားနေလောက်ပြီ.. ဟားဟားဟားဟား”

“ပြဿနာတွေကတော့ပိုပိုပြီးကြီးသည်ထက် ကြီးလာတဲ့ပုံပဲဟေ့”

………………………………………………..

“မဟုတ်ဘူး..ငါ့ရဲ့ယီအာ”

သိပ်သည်းထူထပ်သော တောင်တန်းတောအုပ်တစ်ခုအတွင်းတွင် ကြမ်းကြုတ်ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့ ဒေါသတကြီးအော်ဟစ်သံတစ်ခုက ရုတ်ခြည်းမြည်ဟိန်းထွက်ပေါ်လာသည်။

ဒေါသတကြီးအော်သံကြောင့် တောင်တစ်ခုလုံးစတင်ပြင်းထန်စွာတုန်ခါသွား၏။ သစ်ပင်များဆက်တိုက်လဲပြိုနေပြီး တောငင်များကဆက်တိုက်ပြိုဆင်းကျနေကာ မြေပြင်တို့က ဆက်ိတိုက်အက်ကွဲနေပြီး ကြီးမားပြီး ပြင်းထန်သော ပက်ကြားအက်များကို ဖန်တီးနေ၏။

ဤအော်သံနှင့်အတူ ယင်းမှာ မြေနတ်ဘုရားတစ်ပါးဒေါသထွက်နေသည့်နှယ်ပင်ဖြစ်သည်။

“တောင်ပေါ်နတ်ဆရာ မျိုးနွယ်စု … ငါ့ကလန်က မင်းတို့ကို မကျေအေးနိုင်ဘူးကွ… ယုတ်မာပက်စက်တဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စု ငါ..တိလော..မင်းတို့ရဲ့ အရွတ်တွေကိုဆွဲထုတ်ပြီး အရေခွံကိုနွှာ၊အရိုးတွေကိုချိုးချေပစ်မယ်.. ငါ့သားအတွက်လက်စားချေပစ်မယ်ကွ..အား..”

“မြေကလန်ရဲ့စစ်သည်တော်တွေ.. ဒီခေါင်းဆောင်နောက်ကိုလိုက်လာခဲ့ကြ…မြေဓာတ်နဲ့ ဆက်နွယ်မှုပြုလုပ်ပြီး တောင်ပေါ်နတ်ဆရာမျိုးနွယ်စု ကိုရှာပြီးသတ်ကြ”

ထို့နောက် မြေကလန်ခေါင်းဆောင် တိလော၏ ခက်ထန်သော အော်သံအောက်တွင် များစွာသောအရပ်မြင့်မြင့်နှင့် တုတ်ခိုင်သန်မာသည့်ပုံရိပ်များက မြေအက်ကွဲကြောင်းများထံမှ ပျံသန်းထွက်လာကြသည်။

မြေကလန်အဖွဲ့ဝင်များမှာ မြေအထုံနှင့် မွေးဖွားလာခဲ့ပြီး မွေးလာကတည်းက မြေဓာတ်စွမ်းအားကိုကျင့်ကြံကြသည်ဟုကောလဟာလရှိသည်ဖြစ်သည်။ဤဧရိယာအတွင်းတွင် ပြင်ပလူအနည်းငယ်သာဝင်ရောင်ခွင့်ရှိသော မြေကလန်ပိုင်ဆိုင်သည့် မြေအောက်နယ်မြေတစ်ခုရှိ၏။

ဤအခိုက်အတန့်တွင် မြေကလန်မှစစ်သည်အားလုံးက ၎င်းတို့၏ မြေအောက်ပိုင်နက်များမှ ထွက်ခွာလာကြသည်။ ၎င်းတို့က မြေကို ထိုးထွက်ပြီး ကောင်းကင်ထဲသို့တစ်ဟုန်ထိုးဦးတည်လာ၏။ တိုက်ပွဲစိတ်ဝိညာဉ်လှိုင်းများကလည်းကောင်းကင်ထဲသို့ထိုးတက်လာသည်။

ပြင်ပလူတစ်ယောက်ရောက်ရှိလာမှုကြောင့် မြေရိုင်းဒေသကြီးက ဂနာမငြိမ်မှုတို့ ဖြစ်လာဖို့ဦးတည်နေပြီဖြစ်သည်။

………………..

ကျယ်ပြောလှသော ဟင်းလင်းပြင်အတွင်းတွင် ငယ်ရွယ်ပြီးသန်မာသော ပုံရိပ်တစ်ခု ဝင့်ကြွားစွာရပ်နေပြီး အောက်ရှိကုန်းမြေသို့ အပေါ်မှစီး၍ ကြည့်နေသည်။ ယင်းမှာ မြေရိုင်းကုန်းမြေကြီးတစ်ခုလုံးက သူ၏ခြေဖဝါးအောက်၌ရှိနေသကဲ့သို့ပင်ဖြစ်သည်။

ဤလူက ငယ်ရွယ်ပုံရပြီး အသက်အရွယ်က ဆယ့်ငါး၊ဆယ့်ခြောက်နှစ်ထက်မပိုပေ။ သူ့၌အဝတ်မပါသောရင်အုပ်ရှိပြီး သူ၏တုတ်ခိုင်သန်မာသော ကိုယ်ကို လှစ်ဟာပြထားသည်။ သူက ကျားသစ်ကွက်အောက်ခံဘောင်းဘီနှင့် သားရဲသားရေဖြင့်ပြုလုပ်ထားသည့်စကတ်တစ်ခုကိုဝတ်ဆင်ထားသည်။ သူ၏ရှည်လျားသောဆံပင်တို့က သူ၏ပခုံးထက်၌လွှမ်းခြုံနေပြီး လေနှင့်အတူတဖျပ်ဖျပ်လူးလွန့်နေသည်။ သူချောမောသောမျက်နှာက ဓားမြှောင်တစ်လက်နှင့်ထွင်းထုထားသကဲ့သို့ ပြတ်သားလှ၏။

“ကရွတ်..ကရွတ်..ကရွတ်”

ဤအခိုက်အတန့်တွင် အကွာအဝေးတစ်ခုအတွင်းရှိဟင်းလင်းပြင်မှ ထူးဆန်းသောအော်သံတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။ လူသားတစ်ယောက်အရွယ်ရှိသော အနက်ရောင်ကျီးကန်းတစ်ကောင်က တစ်ဟုန်ထိုးချဉ်းကပ်လာ၏။

အနက်ရောင်ကျီးကန်း၏ ကျယ်လောင်သောအော်သံအား ကြားလိုက်ရသောအခါတွင် လူငယ်ကခေါင်းကိုမော့လိုက်ပြီး ပျံသန်းလာနေသော အနက်ရောင်ကျီးကန်းထံသို့ကြည့်လိုက်သည်။ သူကမေးလိုက်၏။

“ကျီးနက်.. မင်းတစ်ခုခုရှာတွေ့ခဲ့လား”

“ကရွတ်..ကရွတ်.ကရွတ်”

လူငယ်၏မေးခွန်းအားကြားသောအခါတွင် အနက်ရောင်ကျီးကန်းက နောက်တစ်ကြိမ်ပါးစပ်ကိုဖွင့်ဟပြီး ထူးဆန်းသောအော်သံတစ်ခုကိုပြုလုပ်လိုက်သည်။

ဤလူငယ်က ကျီးကန်းနက်၏စကားတို့အား နားလည်နိုင်စွမ်းရှိပုံပေါ်သည်။ သူက သွားပေါ်အောင်အေးစက်စွာပြုံးလိုက်ပြီးပြောလိုက်သည်။

“ကောင်းတယ်..အရမ်းကောင်းတယ်.. ကျီးနက်.. ငါ့ကိုအဲ့ကိုမြန်မြန်ခေါ်သွားပေး..လဝက်နေရင်.ငါ့အဖေရဲ့မွေးနေ့ရောက်လိမ့်မယ်.. ငါ့ကအဖေ့ကိုဘာပေးရမလဲစဉ်းစားနေခဲ့တာ”

“မြေကလန်ရဲ့နတ်ဘုရားမြေခေါင်းလောင်းကတစ်ခြားသူလက်ထဲကျရောက်လို့မဖြစ်နိုင်ဘူး…အဲ့တာကငါ့ရဲ့ကျီးနက်ကလန်နဲ့ပဲသက်ဆိုင်တယ်..ငါ ပုယာအခုသွားပြီးတော့အဲ့တာကိုရယူမယ်”

စကားပြောနေရင်း လူငယ်နှင့်ကျီးနက်တို့၏ပုံရိပ်ကတစ်ချိန်တည်းတွင်ဖျက်ခနဲဖြစ်သွားကာ ဟင်းလင်းပြင်အတွင်းပျောက်ကွယ်သွားသည်။ နောက်ထက်အသက်ရှူတစ်ချက်တွင် သူနှင့်ကျီးနက်တို့မှာ လွန်စွာဝေးကွာပုံရသောအကွာအဝေးတစ်ခုအတွင်း၌ ရုတ်ခြည်းပေါ်လာသည်။

နေရာကူပြောင်းချင်း ။ကျီးနက်ကလန်မှ ဤလူငယ်က ဤကဲ့သို့အသက်ငယ်ငယ်နှင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်နေလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

၎င်းနှင့်ကျီးနက်တို့ကြားထဲမှအ ပြန်အလှန်ပြောဆိုမှုအရဆိုလျှင် ကြီမားသောအနက်ရောင်ကျီးကန်းကြီးက နတ်ဘုရားမြေခေါင်းလောင်းရှိရာနေရာကိုရှာတွေ့သွားပုံပေါ်သည်။

…………………………

“တို့တွေမြေအောက်ထဲမှ ကြာကြပုန်းနေလို့မရတော့တဲ့ပုံပဲ”

အနက်ရောင်ဝတ်ရုံနှင့်လူကရှစ်ဖုန့်အားပြောလိုက်ချိန်တွင် အခြားနှစ်ယောက် မြေကြီးထဲ၌တစ်ဟုန်ထိုး ရွေ့လျားနေဆဲဖြစ်သည်။

ပြောရလျှင် အနက်ရောင်ဝတ်ရုံနှင့်လူမပြောလျှင်ပင် ရှစ်ဖုန့်က မြေပြင်ပေါ်ရှိ ဘက်ပေါင်းစုံမှလာနေသောအော်ရာများနှင့်ဤနေရာသို့စုစည်းလာနေမှုတို့ကို အာရုံခံမိပြီးဖြစ်သည်။

ကျယ်ပြောလှသောမြေရိုင်းဒေသကြီးမှလူများက အမျိုးမျိုးသောလျှို့ဝှက်နည်းစနစ်များ သို့မဟုတ်အခြားသောအရာမျိုးကို အသုံးချပြီးသူတို့၏တည်နေရာကိုဖမ်းဆုပ်နိုင်သွားသည့်ပုံပေါ်သည်။

ယခင်က သူတို့အတွက် မြေအောက်မှခရီးသွားခြင်းက ပို၍ကောင်းသည်ဖြစ်သည်။ သို့သော်ယခုအခါတွင် မြေကလန်မှလူငယ်ကအသတ်ခံလိုက်ရပြီးနတ်ဘုရားမြေခေါင်းလောင်းကလည်းသူတို့၏လက်ထဲသို့ကျရောက်နေပြီးဖြစ်သည်။ နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပင် နတ်ဘုရားတစ်ပိုင်းအဆင့်ရှေးပစ္စည်းတစ်ခု၏ဆွဲဆောင်မှုကိုခံရလိမ့်မည်ဖြစ်သည်။

“အခု..ဒီမြေအောက်ထဲကနေထွက်ကြစို့”

ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့်လူက ရှစ်ဖုန့်အား လေးနက်တည်ကြည်သောအသံဖြင့်အော်ပြောလိုက်သည်။

ရှစ်ဖုန့်ကတီရှာနှင့်ဆက်သွယ်ရန်သူ၏စိတ်ကိုလျှင်မြန်စွာအသုံးပြုလိုက်သည်။ သူတို့သုံးယောက်သား မြေပြင်ထံသို့ လျှင်မြန်စွာပေါလောထွက်လာသည်။

အသက်ရှူသုံးကြိမ်ကြာမြင့်ပြီးနောက် မြေပြင်တစ်ခုလုံးပြင်းထန်စွာစတင်တုန်ခါလာ၏။

သူတို့အောက်ဘက်ရှိမြေပြင်အား တုန်ခါစေသော စွမ်းအားကြီးစွမ်းအား တစ်ခုရှိနေသည်ကိုရှစ်ဖုန့်အာရုံခံနိုင်၏။ အကယ်၍ အနက်ရောင်ဝတ်ရုံနှင့်လူသာ သတိမပေးလျှင်ပင် ထိုစွမ်းအား၏ပစ်မှတ်ထားခြင်းကို သူတို့ခံရမည်ဖြစ်သည်။

“စွမ်းအားကြီးမမြင်နိုင်တဲ့ စွမ်းအားတစ်ခု..ဒီကိုနတ်ဘုရား တစ်ပိုင်းနယ်ပယ်ကျမ်းကျင်သူ တစ်ဦးရောက်နေပြီ..သူက ငါတို့ကိုချောင်းတိုက်ဖို့လုပ်ခဲ့တာပဲ”

ရှစ်ဖုန့်ကစိတ်ထဲမှအော်ပြောလိုက်သည်။

ထို့နောက်တီရှာ၏မြေဓာတ်အား ထိန်းချုပ်မှုနှင့်အတူ သုံးယောက်သား ပို၍မြန်ဆန်သောအမြန်နှုန်းဖြင့် အပေါ်သို့ထိုးတက်လာသည်။ မကြာခင်တွင် မျက်နှာပြင်ထက်၌ပေါလောပေါ်လာ၏။

“ငါမျှောင်လင့်ထားတဲ့အတိုင်း.တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေက တကယ်ကိုမြေအောက်ထဲမှာ ပုန်းနေတာပဲ”

ရုတ်ခြည်းလူတစ်ယောက်၏ဂရုမထားဟန်ဖြင့်ရယ်မောသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်ချက်ချင်း စွမ်းအားကြီးမားပြီး မမြင်နိုင်သော စွမ်းအားတစ်ခုက ကောင်းကင်ထက်မှသူ့ပေါ်သို့ဖိကျလာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

မမြင်နိုင်သောစွမ်းအားက သူ့ကိုယ်ပေါ်သု့ဖိကျလာသကဲ့သို့ ရှစ်ဖုန့်၏ကိုယ်ပေါ်၌ရုတ်ခြည်း ရွှေရောင်မြင့်မြတ်အလင်းတစ်ခု ထိုးထွက်လာသည်။ ရှစ်ဖုန့်၏ကိုယ်အားဤ ရွှေရောင်မြင့်မြတ်အလင်း ကချက်ချင်းကာကွယ်လိုက်သည်။

မမြင်နိုင်သောစွမ်းအား၏တိုက်ခိုက်မှုအောက်၌ ရှစ်ဖုန့်အားကာကွယ်ထားသော ရွှေရောင်မြင့်မြတ်အလင်း၌ ပြင်းထန်သောစွမ်းအင်အတက် အကျလှိုင်းများဖြစ်ပေါ်နေသည်။ သို့သော် ရွှေရောင်မြင့်မြတ်အလင်းက နတ်ဘုရားတစ်ပိုင်းစွမ်းအားကို ခုခံနိုင်နေဆဲဖြစ်သည်။

ရှစ်ဖုန့်ကခေါင်းမော့လိုက်ပြီး ဟင်းလင်ပြင်ထဲ၌ဝင့်ကြွားစွာရပ်နေသည့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ၎င်းကဖိနပ်မပါဘဲမျက်နှာထက်၌ မုတ်ဆိတ်များဖြင့်ပြည့်နှက်နေသည်။ ၎င်းကသားရဲသားရေကိုဝတ်ဆင်ထားပြီးသားရဲအရိုးတစ်ခုကို လက်ထဲ၌ကိုင်ဆောင်ထားသည်။ ၎င်းက ရက်စက်ကြမ်းကြုတ်သောသူတစ်ယောက်နှင့်တူ၏။

သို့သော် ရှစ်ဖုန့်အနေဖြင့် ယခုလေးတင်ပေါ်လာသောသူကို လျော့မတွက်ရဲပေ။ ဤလူအသုံးပြုလိုက်သောစွမ်းအား ကနတ်ဘုရားတစ်ပိုင်းစွမ်းအားဖြစ်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ကာကွယ်မှုကြောင့်သာမဟုတ်လျှင် သူ့၌ဘာဖြစ်လာမည်ဆိုသည်ကိုရှစ်ဖုန့်သိသည်ဖြစ်သည်။

သို့သော် သူ့နောက်သို့လိုက်ပါလာသည့် အနက်ရောင်ဝတ်ရုံနှင့်အဘိုးအိုကလည်း တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားပြီးဖြစ် သည်ကိုရှစ်ဖုန့်သဘောပေါက်ပြီးဖြစ်၏။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ကာကွယ်မှုအောက်တွင် ရက်စက်ကြမ်းကြုတ်သည့်လူကောင်းကင်ထဲမှထုတ်လွှတ်လိုက်သော မမြင်နိုင်သည့်စွမ်းအားမှာအရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ လုံးဝတားဆီးခြင်းကိုခံထားရသည်။

ထို့နောက်သက်လတ်ပိုင်းအရွယ်လူကအောက်သို့ငုံ့ကြည့်ပြီး ထပ်မံပြောလိုက်သည်။

“တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကလူငယ်ကတကယ်ပဲနတ်ဘုရားတစ်ပိုင်း နယ်ပယ်စွမ်းအားရှိပြီး ငါ့ရဲ့တိုက်ခိုက်မှုကိုတကယ်တားဆီးနိုင်တာပဲ..ဒါပေမဲ့မင်းငါနဲ့တွေ့တာကံဆိုးတာပဲ… မင်းရဲ့ကံတရားကဒီလိုဆိုမှတော့လည်း နတ်ဘုရားမြေခေါင်းလောင်းကို ငါ့ကိုလွှဲပေးလိုက်…ပြီးရင်.. ငါမင်းကိုပျော်ရွှင်စွာ သေခွင့်ပေးပြီး မင်းရဲကိုယ်ကိုပကတိအတိုင်းချန်ထားပေးမယ်”

အပိုင်း(၉၃၆)

နတ်ဘုရားမြေခေါင်းလောင်းက ၎င်းဖာသာ၎င်း မြည်ဟိန်းနေပြီး ၎င်း၏မြည်ဟိန်းသံက အဆက်မပြတ်ထွက်ပေါ်နေသည်။

နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှ နာကျင်မှုအပြည့်ဖြင့် အော်ဟစ်သောအသံများအား ကြားရနိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းပေါ်ဆင်း သက်လိုက်ပြီး ဝတ်ရုံနက်၏ဘေး၌ ရပ်လိုက်သည်။

နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူက နတ်ဘုရားမြေခေါင်းလောင်းအတွင်း၌ ပိတ်မိနေပြီဖြစ်သည်။ ရှစ်ဖုန့်က၎င်းသေဆုံးမည်ကိုစောင့်ဆိုင်းနေပြီး ထိုမှသာ ၎င်းအား သူဝါးမျိုနိုင်မည်ဖြစ်သည်။

အားလုံးထက်ဤသည်ကား နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ၏ သေခြင်းစွမ်းအင်ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ၎င်း၏ဝိညာဉ်နှင့်သွေးတို့အား ဝါးမျိုနိုင်မည့်အခွင့်အရေးကိုမည်ကဲ့သို့ လက်လွတ်ခံနိုင်ပါမည်နည်း။

“ဟားဟား..”

ဝတ်ရုံနက်က ရှစ်ဖုန့်ထံကြည့်လိုက်ပြီး စကားတစ်လုံးမှမပြောဘဲရယ်မောနေသည်။ ယင်းမှာ ရှစ်ဖုန့်၏အတွေးကို သိနေသကဲ့သို့ပင်ဖြစ်သည်။

မကြာခင် သားရဲကဲ့သို့အော်ဟစ်သောအသံများကပျောက်ကွယ်သွားပြီး ကြေးခေါင်းလောင်းကြီးထံမှ ထပ်မံထွက်ပေါ်လာခြင်းမရှိတော့ပေ။

နတ်ဘုရားမြေခေါင်းလောင်းမှ မြည်ဟိန်းနေသော စည်းချက်ကလည်း နှေးသည်ထက်နှေးလာသည်။ ထို့နောက်မြည်ဟိန်းသံက အပြီးတိုင်ရပ်တန့်သွားသည်။

“ပွင့်စေ”

ဝတ်ရုံနက်က သူ၏အင်္ကျီလက်ထဲမှ ညာလက်ကိုဆန့်ထုတ်လိုက်သည်။ သူ၏လက်ငါးချောင်းက ခပ်ကျယ်ကျယ်ဟသွားပြီး လက်ဝါးအဖြစ်ဖြင့် အောက်ရှိ နတ်ဘုရားမြေခေါင်းလောင်းကို မျက်နှာမူလိုက်သည်။

ဆန်းကြယ်သောစွမ်းအင်အတက်အကျလှိုင်းတစ်ခု၏ အောက်တွင် ဧရာမ နတ်ဘုရားမြေခေါင်းလောင်းကြီးက စတင်ကျုံ့လာသည်။

ဤအချိန်တွင် ရှစ်ဖုန့်က ဝတ်ရုံနက်၏အသံက အဘိုးအိုတစ်ဦးကဲ့သို့ အက်ရှရှနှင့်အိုမင်းသောအသံရှိသည်ကို ဂရုတစိုက်သတိပြုမိလိုက်သည်။ သို့သော် သူ၏ညာလက်အားဆန့်ထုတ်လိုက်သောအခါတွင် သန့်ရှင်းသပ်ရပ်ဖြူစင်ပြီး သေးသွယ်သည်ကိုတွေ့ရ၏။

ယင်းကမိန်းမငယ်လေးတစ်ဦး ၏လက်ကဲ့သို့ဖြစ်သည်။

နတ်ဘုရားမြေခေါင်းလောင်းက ကျုံ့လာသကဲ့သို့ မူလက နတ်ဘုရားမြေခေါင်းလောင်း၏ ဖုံးအုပ်ခံထားရသော ခန္ဓာကိုယ်ကလည်း ဖြည်းဖြည်းချင်းပေါ်လာသည်။

ဤအခိုက်အတန့်တွင် သက်လတ်ပိုင်းအရွယ်နတ်ဘုရာတစ်ပိုင်း စိတ်ကြမ်းကိုယ်ကြမ်းလူက မြေပြင်ထက်၌ခွေးသေတစ်ကောင်ကဲ့သို့လဲလျောင်းနေသည်။ ရှစ်ဖုန့်က ထိုလူအသက်ရှူနေသေးသည်ကို အာရုံခံမိလိုက်သည်။

ကျုံ့သွားသောနတ်ဘုရားမြေခေါင်းလောင်းက ဝတ်ရုံနက်၏ လက်အတွင်းပြန်လည်ပျံသန်းသွားသည်။ ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး အောက်သို့လျှင်မြန်စွာဆင်းသက်လိုက်သည်။ သူကညာလက်နှင့်ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်ပြီး မြေပြင်ထဲ၌လဲနေသည့် အလွန်အားနည်းနေပုံရသောခန္ဓာကိုယ်ထံထိုးညွှန်လိုက်သည်။

ထိုဓားလှုပ်ရှားမှုက အစောပိုင်းက သူသင်ယူခဲ့သော နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ဖြစ်သည့် ဟင်းလင်းပြင်ဓားဖြစ်သည်။

ရှစ်ဖုန့်ကထိုးညွှန်လိုက်သကဲ့သို့ မမြင်နိုင်သော ဓားစွမ်းအင်က ကံဆိုးသူလူ၏ အထက်၌ပေါ်လာသည်။

“ဟမ်”

လေထဲ၌မျောလွင့်ရပ်တည်နေဆဲဖြစ်သော ဝတ်ရုံနက်က နတ်ဘုရားမြေခေါင်းလောင်းကို ကျုံ့စေပြီးနောက်ရုတ်တရက်အောက်ဘက်မှ လာနေသော စွမ်းအင်အတက်အကျလှိုင်းကိုအာရုံခံမိလိုက်သည်။ သူကခပ်တိုးတိုး ရေရွတ်အာမေဋိတ်ပြုလိုက်ပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။

“ဒီကလေးကတကယ့်ကိုပါရမီရှိတာပဲ.. ဒီလိုအချိန်တိုလေးအတွင်းမှာ ဟင်းလင်းပြင်ဓားကိုဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်တယ်”

ဟင်းလင်းပြင်ဓားချက်၏ စွမ်းအားအောက်တွင် မြေပြင်ထက်၌လဲနေသောကိုယ်က အစိတ်စိတ်အမွှာမွှာဖြစ်သွားက အသားအပိုင်းအစများအဖြစ်ပြောင်းလဲသွားပြီး ယင်းမှာ မမြင်နိုင်သော ထက်ရှသည့်ဓားတစ်လက်ဖြင့် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်ကငရဲဘုံကိုးခု ပညာရပ်ကို အသက်သွင်းလိုက်ပြီး သေခြင်းစွမ်းအင်နှင့် အသားအပိုင်းအစများကြားထဲမှ ပျံသန်းထွက်လာသောဝိညာဉ်အမျှင်တန်းတို့ကို ဝါးမျိုလိုက်သည်။ ထို့နောက် သွေးနီရောင်မီးတောက်၏စွမ်းအားအားထပ်မံ အသက်သွင်းကာ သွေးနီရောင်အသားအပိုင်းအစတို့မှ သွေးများအား သူ့ထံ ပန်းထွက်လာစေသည်။

အသာပို်ငးအစများက လျှင်မြန်စွာရှုံ့တွသွားသည်။

နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူ၏ ဝိညာဉ်အားဝါးမျိုလိုက်ပြီးနောက် မူလက အဆင့်ချိုးဖျက်ရန်သိပ်မဝေးတော့သော သူ၏ ဝိညာဉ်စွမ်းအားက ရုတ်ခြည်း ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်မှ ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ် သို့မြင့်တက်သွားသည်။

အတိုင်းမသိသော စွမ်းအင်တို့ပါဝင်သည့် သေခြင်းစွမ်းအင်နှင့်သွေးတို့အားဝါးမျိုပြီး နောက် ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသည့် သူ၏ထူးကဲသော ဒန်တန်အတွင်းရှိ စွမ်းအင်တို့က ရုတ်ခြည်း၎င်း၏မူလသိုလှောင်နိုင်စွမ်း၏ဆယ်ပုံတစ်ပုံတိုးမြင့်လာသည်ကို ရှစ်ဖုန့်အာရုံခံမိခဲ့သည်။

“ထူးကဲတဲ့ ဒန်တန်က မူလသိုလှောင်နိုင်စွမ်းရဲ့ဆယ်ပုံတစ်ပုံထိ ရောက်လာနိုင်တာကပဲ အံ့အားသင့်စရာဖြစ်နေပြီ”

ရှစ်ဖုန့်ကသူ၏ဒန်တန်ကိုအာရုံခံရင်း ရှုံ့မဲ့သောအပြုံးနှင့်အတူသူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။

ဤဒန်တန်နှင့်ဆိုလျှင် အနာဂတ်၌အဆင့်ချိုးဖြတ်ရန်အတွင်ကြာမြင့်အုံးမည်သာဖြစ်သည်။

ဤအခိုက်အတန့်တွင် ဝတ်ရုံနက်က ရှစ်ဖုန့်၏ နံဘေး၌ဆင်းသက်လိုက်ပြီး ပြောလိုက်သည်။

“ဒီလူကိုသတ်လိုက်လို့ အကျိုးကျေးဇူး အများဆုံးရနေတဲ့သူက ဆိုးယုတ်တဲ့ ပညာရပ်ကို ကျင့်ကြံထားတဲ့ မင်းပဲဖြစ်နေတုန်းပဲ”

ရှစ်ဖုန့်က လှည့်လိုက်ပြီး ဝတ်ရုံနက်ကို ကြည့်လိုက်သည်။

“ဒီလူကခင်ဗျားကိုတွေ့တဲ့အချိန်မှာ တော်တော်လေး ကြောက်လန့်နေတာ ကို ဒီသခင်လေး တွေ့ခဲ့ရတယ်. .. ခင်ဗျားရဲ့အမှန်တကယ်ခွန်အားနဲ့ သရုပ်မှန်က ရိုးရှင်းပုံမရဘူး”

“ဒါပေါ့”

ဝတ်ရုံနက်က ဝင့်ကြွားစွာပြော၏။

“ငါတို့ရဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ကျယ်ပြောတဲ့မြေရိုင်းဒေသကြီးအတွင်း ရက်စက်ခက်ထန်တဲ့ ကျော်ဇောမှုရှိတယ်လေ.. . ငါတို့တွေကိုတွေ့တဲ့အချိန်သူတို့ထဲက ဘယ်သူမဆို ကြောက်ရမှာပဲမဟုတ်လား”

“ဒီသခင်လေးသိသလောက်ကတော့ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုအပေါ် မြေရိုင်းဒေသကြီးထဲကလူတွေက အမုန်းတရားတွေနဲ့ပြည့်နှက်နေတယ်.. ဒီသခင်လေးက ဥပမာတစ်ခုပဲ. ဒီသခင်လေးကိုတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူလို့သူတို့ကသံသယရှိပြီး အမဲလိုက်ဖို့အတွက် မျိုးနွယ်စုအားလုံး စုစည်းခဲ့ကြတယ်.. ဒီသခင်လေးကိုသတ်ပြီး မြေရိုင်းဒေသကြီးရဲ့ ငြိမ်းချမ်းမှုကိုပြန်ယူချင်တာကလွဲပြီးသူတို့ဘာမှမလိုချင်ကြဘူး”

“အစောက ရိုင်းပျပြီး ပေါ့တီးပေါ့ပျက်နဲ့သူက ဒီသခင်လေးကို မြင်တဲ့အချိန်မှာ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူတစ်ယောက်လို့တွေးပြီး သတ်ချင်ခဲ့တယ်..ဒါပေမဲ့ ခင်ဗျားကိုတွေ့တော့ သူ့ရဲ့ သဘောထားက လုံးဝကွဲပြားသွားတယ်.. သူကြောက်လန့်လာတယ်.. တုန်လှုပ်လာတယ်.. ထိတ်လန့်လာတယ်.. ဒါက သူ့ရဲ့နှလုံးသားထဲမှာ ကြီးမားတဲ့သက်ရောက်မှုရှိတယ်ဆိုတာ သိသာတယ်”

“နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူတစ်ယောက်ကို ကြောက်လန့်ပြီး ပိုပြီး ထိတ်လန့်အောင်လုပ်ဖို့ဆိုရင် .ခင်ဗျားရဲ့အစစ်အမှန်ခွန်အားနဲ့ သရုပ်မှန်က ထူးကဲနေတာပဲဖြစ်ရမယ်..ဟုတ်တယ်မလား”

“ဟားဟား”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်က ရယ်မောလိုက်သည်။

“ကောင်လေး.. ဒီအဘိုးကြီးက နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ဖြစ်တဲ့ ဟင်းလင်းပြင်ဓားကို ကျင့်ကြံပြီး နတ်ဘုရားတစ်ပိုင်းကျွမ်းကျင်သူတစ်ဦးကို သတ်ခဲ့တယ်ဆိုတာမမေ့နဲ့ .. နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးနည်းစနစ်ကိုအသုံးပြုလိုက်တာနဲ့ အဲ့မှာပါတဲ့စွမ်းအားက အားလုံးကို တုန်ယင်စေတယ်”

“နတ်ဘုရား တစ်ပိုင်းမြေခေါင်းလောင်းနဲ့လဲလှယ်ဖို့အတွက်ငါမင်းကို ဒီပညာရပ်ကိုသင်ပေးခဲ့တယ်..ဒါပေမဲ့ အကျိုးကျေးဇူးအများဆုံးရလိုက်တာကတော့မင်းပဲလေ”

“အစောပိုင်းက ဟင်းလင်းပြင်ဓားကို ခင်ဗျားအသုံးမပြုခဲ့ဘူး”

ရှစ်ဖုန့်က သေချာစွာပြောလိုက်သည်။ ယခုသူက ဟင်းလင်းပြင်ဓားကို ကျင့်ကြံသောကြောင့် ဤအဘိုးအို ဟင်းလင်းပြင်ဓားချက်အားသုံး မသုံး ပင်ကိုယ်အားဖြင့် သိသည်ဖြစ်သည်။

“ဒါကဘာလို့ဆိုငါအရင်ကသုံးဖူးလို့လေ.. အဲ့လူကအရင်ကအဲ့တာကိုမြင်ဖူးလောက်တယ်.. အခုထိတောင် ငါနတ်ဘုရားတစ်ပိုင်း တိုက်ခိုက်‌ရေးနည်းစနစ်ကိုသုံးတာ ဘယ်လောက်စွမ်းအားကြီးလဲ သူကမှတ်မိနေတုန်းပဲ.. အဲ့အချိန်တုန်းက ငါဘယ်လောက်စွဲမက်ဖို့ကောင်းတယ်ဆိုတာကိုငါမှတ်မိတုန်းပဲ..”

ဝတ်ရုံနက်က ဆက်လက်ရှင်းပြသည် ။

“တကယ်အဲ့တာပဲလား”

ရှစ်ဖုန့်က ၎င်း၏ စကားများကို သံသယဝင်နေဆဲဖြစ်သည်။ ထိုလောက်ရိုးရှင်းခြင်းမရှိဟု သူခံစားနေရ၏။

သို့သော်ထို့နောက်တွင် ရှစ်ဖုန့်က ၎င်းအကြောင်းတွေးနေမှုကို ရပ်တန့်လိုက်ပြီး ထပ်မံဂရုစိုက်ခြင်းမရှိတော့ပေ။ ဤအဘိုးအိုကမည်သူဖြစ်နေပါစေ သို့မဟုတ် မည်မျှစွမ်းအားကြီးမားပါစေ သူသာ မြေရိုင်းဒေသကြီးထဲကထွက်ခွာသွားနိုင်ပြီး မြေရိုင်းဒေသမှ ကျွမ်းကျင်သူများ ကောက်ကောက်ပါအောင်လိုက်ခြင်းမှ ဝေးရာရောက်နိုင်သည်နှင့် ယင်းလုံလောက်သည်ဖြစ်သည်။

“ဒါပေါ့”

ဝတ်ရုံနက်ကထပ်မံပြန်ဖြေသည်။

ထို့နောက်ဝတ်ရုံနက်က ထပ်မံပြောပြန်၏။

“ကောင်လေး.. သွားစို့ . ငါတို့အခုထွက်မသွားရင် ကျွမ်းကျင်သူတွေပိုပြီးရောက်လာလိမ့်မယ်.. ဒီလိုထူးခြားတဲ့အချိန်တိုလေးအတွင်းမှာ တစ်ချိန်တည်းနတ်ဘုရားတစ်ပိုင်းနယ်ပယ်ကျွမ်းကျင်သူ သုံးယောက်ဒါမှမဟုတ် ငါးယောက်ရောက်လာခဲ့ရင် အဲ့အချိန်ကြ အဝေးကိုထွက်သွားဖို့ ခက်သွားလိမ့်မယ်”

“ကောင်းပြီ....သွားကြစို့”

ဝတ်ရုံနက်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က ခေါင်းငြိမ့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

ဤအချိန်တွင် ဝတ်ရုံနက်က ကောင်းကင်ထဲသို့ မော့ကြည့်လိုက်ပြီး ထပ်မံပြောလိုက်သည်။

“ကောင်းကင်ကမကြာခင်မှောင်တော့မဲ့ပုံပဲ.. ကောင်လေး.. မင်းနဲ့ငါ နောက်နှစ်နာရီလောက် မြေအောက်ထဲက လျှောက်သွား ရလိမ့်မယ်.. မှောင်လာရင် ငါတို့ထပ်ပြီးအပေါ်တက်မယ်.. ငါ့ရဲ့လျှို့ဝှက်ပညာရပ်ကိုအသုံးပြုပြီး ကောင်းကင်ကိုချိုးဖျက်ပျံသန်းမယ်”

“ကောင်းပြီ”

ရှစ်ဖုန့်က သူ၏ ခေါင်းကို ထပ်မံငြိမ့်လိုက်သည်။ ထို့နောက် သူ၏စိတ်ကို အသုံးပြုက မြေအောက်ထဲ၌ ပုန်းအောင်းနေသည့် တီရှာနှင့်ဆက်သွယ်လိုက်ပြီး၎င်း၏ မြေစွမ်းအားကိုအသုံးပြုလိုက်သည်။ မကြာခင် မေပြင်က ရေကဲ့သို့ထပ်မံဖြစ်လာသည်။ ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့က အောက်သို့နစ်ဝင်သွားသည်။

မြေအောက်ထဲသို့ဝင်ရောက်ပြီးနောက် မြေကိုထိုးခွင်းကာ ၎င်းတို့၏ လမ်းကြောင်းအတိုင်း ဆက်လက်သွားလိုက်ကြသည်။

All Chapters