← Chapters

ငါ ကြိုးစားကြည့်မယ်

Vol. 6 Ch. 77

ငါ ကြိုးစားကြည့်မယ်

Vol. 6 Ch. 77

အဆိပ်နှင်းဆီက ပတ်ပတ်လည်ရှိ လက်နက်ကိုင်ထားသော စုံထောက်များကို လှမ်းကြည့်၍ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

ဤတစ်ခေါက်တော့ သူ(မ) မလွတ်နိုင်တော့ကြောင်း သိလိုက်သည်။

နှစ်ပေါင်းများစွာကြာအောင် သူ(မ) ကမ္ဘာပတ်ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ဟွားနိုင်ငံတွင် သေရိလိမ့်မည်ဟုတော့ လုံးဝထင်မထားချေ။

"အာ.. အစတုန်းက ဒီအပေးအယူပြီးရင် အနားယူဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ ကျွန်မ အဆုံးသတ်ပြီထင်ပါရဲ့"

ကျိုးစုစုက အေးတိအေးစက်ဖြင့် ပြောလိုက်၏။

'အခုချက်ချင်းလက်နက်ချပါ"

အဆိပ်နှင်းဆီ၏ အကြည့်များမှာ အေးစက်သွားလေသည်။

"လက်နက်ချရမယ်တဲ့လား။ ကျွန်မ ရှင်တို့လက်ထဲမှာ သေသွားခဲ့ရင် တစ်ယောက်ယောက်က ကျွန်မအတွက် လက်စားချေလိမ့်မယ်"

သူ(မ) ထိုသို့ပြောပြီးပြီးချင်း ပါးစပ်ထဲရှိ ဆေးတောင့်ကို ရုတ်တရက်ကိုက်ချလိုက်ပြီးနောက် တဆတ်ဆတ်တုန်ခါကာ သေသွားလေသည်။

အဆိပ်နှင်းဆီမှာ သူ့အဆိပ်နှင့်သူ သေသွားရလေပြီ။

နောက်တစ်နေ့တွင် ထိတ်လန့်ဖွယ်သတင်းတစ်ခုက လုပ်ကြံသတ်ဖြတ်ရေးသမားများ၏ လောကထဲတွင် ပျံ့နှံ့သွားချေသည်။

ကမ္ဘာပေါ်ရှိ တတိယအဆင့်အဆိပ်နှင်းဆီကား ဟွာရှားနိုင်ငံတွင် ကြွေလွင့်သွားရလေပြီ။

ဘားတစ်ခုထဲမှာတော့ မျက်နှာပေါ်တွင် ကန့်လန့်ဖြတ်အမာရွတ်ကြီးတစ်ခုရှိသော အမျိုးသားတစ်ယောက်က မျက်နှာပျက်ယွင်းနေပေသည်။

"အဆိပ်နှင်းဆီ.. ဟွားနိုင်ငံကိုမသွားဖို့ ငါ မင်းကို ပြောခဲ့တယ်လေ။ ဒါပေမဲ့ မင်း နားမထောင်ခဲ့ဘူး။ တွေ့လား.. အခုတော့ မင်း ဒုက္ခရောက်ရပြီ"

သူ့အကြည့်က အေးစက်သွားလေသည်။

စိတ်ချ ရို့်စ်.. ဒီအမုန်းတရားကို ငါ မင်းအတွက် လက်စားချေပေးမယ်!

နောက်တစ်နေ့မှာတော့ ယဲ့ချန်းက တက္ကစီဆက်မောင်းလေသည်။

ရုံးတက်ချိန်ကြီးဖြစ်သောကြောင့် လမ်းမထက်တွင်

အလျင်စလိုသွားလာနေသော ခြေကျင်လမ်းလျှောက်သူများနှင့် ပြည့်နှက်နေသည်။

ဘဝကြီးက အံ့ဖွယ်ကောင်းကြောင်း ယဲ့ချန်း သိလိုက်ရ၏။

သူလည်း တစ်ချိန်တုန်းက အနာဂတ်တွင် ဘာဆက်ဖြစ်မယ်မှန်း မသိပါဘဲ ထိုလူများအကြား လမ်းလျှောက်ခဲ့ဖူးသည်။

သို့သော် ယခုတော့ သူ့ဘဝမှာ ပြောင်းလဲသွားလေပြီ။

ထိုအချိန်မှာပင် အတန်းGroupထဲရှိ မက်ဆေ့ချ်တစ်စောင်ကို ယဲ့ချန်း မြင်လိုက်ရသည်။

အထက်တန်းကျောင်းတုန်းက အတန်းခေါင်းဆောင်မှာ အလုပ်သွားရာလမ်းတွင် ရုတ်တရက်ကြီး ကားတိုက်ခံလိုက်ရသည်ဟု ပြောထားသည်။

လတ်တလောတွင် သူ(မ)မှာ ဆေးရုံ၌ အရေးပေါ်ကုသမှု ခံယူနေရရှာ၏။

အတန်းခေါင်းဆောင်၏နာမည်မှာ လီယွမ်ယွမ်ဖြစ်ပြီး သူ(မ)သည် ထိုစဉ်တုန်းက ယဲ့ချန်းအပေါ် အလွန်နွေးထွေးပေးခဲ့သည်။

သူ ပိုက်ဆံပြတ်သွားတုန်းကလည်း လီယွမ်က သူ့အတွက် သူ(မ)၏အစားအသောက်များကို နေ့တိုင်း တစ်ဝက်ချန်ထားပေးခဲ့သည့်အချိန်ကို ယဲ့ချန်း သတိရလိုက်မိသည်။

သူ(မ)ကတော့ ဝိတ်ချဖို့ဟု ပြောခဲ့သော်ငြား သူ့ကိုကူညီပေးနေခြင်းဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

အထက်တန်းကျောင်းတတိယနှစ်တွင် ယဲ့ချန်း၏အဖေက ဆေးကုသရန်အတွက် ပိုက်ဆံလိုအပ်ခဲ့သည်။ ထို့ကြောင့် ပိုက်ဆံစုရန်အတွက် ယဲ့ချန်း ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရသည်။

လီယွမ်ယွမ်ကမူ သူ(မ)၏နှစ်သစ်ကူးမုန့်ဖိုးထဲမှ ယွမ်နှစ်ထောင်ချေးပေးခဲ့သည်။

ဤကြင်နာမှုကို ယဲ့ချန်း လုံးဝမမေ့ပေ။

"အာ..အတန်းခေါင်းဆောင်က အရမ်းကြင်နာတတ်တာကို.. ဘယ်လိုလုပ်ပြီးတော့များ အခုလိုကံခေရတာလဲ"

"သူ့ကို ဆေးရုံမှာ လူနာသွားတွေ့ရအောင်"

"သူ ဘေးကင်းဖို့ မျှော်လင့်ပါတယ်"

မကြာခင် အတန်းဖော်တော်တော်များများက ဆေးရုံကိုသွားရန် ပြင်ဆင်လိုက်ကြသည်။

အတန်းခေါင်းဆောင်က စုကျိုးနှင့် ဟန်ကျိုူမြို့ထဲတွင် ရှိနေသည်။ ယဲ့ချန်းလည်း ထိုနေရာသို့ ကားမောင်း၍ ထွက်လာခဲ့လိုက်သည်။

သူတို့အားလုံးက အထက်တန်းကျောင်းတုန်းက အတန်းဖော်များဖြစ်သဖြင့် မတွေ့ရတာ ကြာလှနေပြီဖြစ်၏။

သို့ဖြစ်လေရာ ဤသည်ကိုလည်း ကျောင်းသားဟောင်းတွေ့ဆုံပွဲဟု သတ်မှတ်နိုင်သည်။

ယဲ့ချန်းက သြဇာတက္ကမကြီးသော သူ့Cullinanကားလေးကို စုကျိုးနှင့်ဟန်ကျိုးမြို့ကို မောင်းသွားလိုက်၏။

ဆေးရုံကိုရောက်သောအခါ အတန်းဖော်များက အထဲတွင် စုဝေးနေကြပြီဖြစ်၏။

ထိုအခိုက် Hermesအနောက်တိုင်းဝတ်စုံကို ဝတ်ထားသော လူငယ်လေးတစ်ယောက်က အတန်းဖော်များအကြား မောက်မောက်မာမာဟန်ဖြင့် ပြောလိုက်၏။

"စိတ်မပူကြနဲ့ အားလုံးပဲ.. ငါ့အဖေကို ဆေးရုံက အတော်ဆုံးအထူးကုတွေဆီမှာ အပ်ပေးဖို့ ပြောပြီးပြီ။ ဘာပြဿနာမှရှိမှာမဟုတ်ဘူး"

စကားပြောလိုက်သူမှာ ယဲ့ချန်း၏ အထက်တန်းကျောင်းတုန်းက အတန်းဖော် လီရွှမ်းဖြစ်သည်။

လီရွှမ်း၏မိသားစုက အလွန်ချမ်းသာကြွယ်ဝ၏။ သို့သော် သူကတော့ သူ့မိဘများနှင့်မတူအောင် ကြွားလုံးထုတ်ရခြင်းကို နှစ်သက်လေသည်။

သူက အာရုံစိုက်ခံရတာကို သဘောအကျဆုံးပင်။

အခြားလူများက အတန်းခေါင်းဆောင်ကို စိတ်ရင်းဖြင့် လူနာလာတွေ့ခြင်းဖြစ်သော်ငြား သူကတော့ ဟိတ်ဟန်ထုတ်ပြရန်အတွက်သာ လာခဲ့ခြင်းဖြစ်၏။

သူက Armaniဝတ်စုံကိုဝတ်ဆင်ထားသည့်အပြင် သူဝတ်ထားသမျှကလည်း ဘရန်းများသာ။

ထို့နောက် သူက အင်္ကျီလက်ကို လိပ်တင်၍ သူ့လက်ကောက်ဝတ်ရှိ Rolex Green Submarinerနာရီကို ထုတ်ကြွားလိုက်ပြန်သည်။ ကိုင်ထားသော ကားသော့ကလည်း BMW X6ဖြစ်ပြီး သူများတွေ မမြင်မှာစိုးနေသည့်အလား ထိုကားသော့ကို လက်ထဲမှာဝှေ့ယမ်းနေချေသည်။

ထိုအချိန် အတန်းဖော်များက ယဲ့ချန်းကို သတိထားမိလိုက်သဖြင့် အုန်းအုန်းကျက်ကျက်ဖြစ်သွားကြသည်။

အထူးသဖြင့် မိန်းကလေးများပင်။

ယဲ့ချန်းက အတန်းထဲတွင် အချောဆုံးဖြစ်ပြီး မိန်းကလေးများအကြား အလွန်ရေပန်းစားခဲ့သည်။

"ယဲ့ချန်း နင်လည်းလာသားပဲ"

"ဟားဟား ယဲ့ချန်း မတွေ့ရတာကြာပြီနော်။ နင် ပိုပြီးတော့တောင် ချောလာတာပဲ"

အတန်းဖော်များက ယဲ့ချန်းကို တက်တက်ကြွကြွကြိုဆိုနေတာကို မြင်သောအခါ လီရွှမ်း မျက်မှောင်ကြုတ်လိုက်လေသည်။

ယဲ့ချန်းက တက္ကစီမောင်းနေသည်ဟု သူ ကြားထားသည်။ ထို့ကြောင်း တမင်တကာထုတ်မေးလိုက်၏။

"ယဲ့ချန်း..မင်း တက္ကစီမောင်းရတာ ပိုက်ဆံအများကြီးမရဘူးမလား။ ဒီကို ဘာလို့လာတာလဲ"

ယဲ့ချန်း တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

"အရင်တုန်းက အတန်းခေါင်းဆောင်က ငါ့ကို အများကြီးကူညီပေးခဲ့တာလေ။ အခု သူ ကားတိုက်ခံရတာဆိုတော့ ငါ သေချာပေါက်လာရမှာပေါ့"

"ဟမ့်! သိပ်ကြီးကျယ်နေတာပဲ။ ဒါပေမဲ့ မင်းလာတော့ရော ဘာထူးမှာလဲ"

လီရွှမ်းက အေးတိအေစက်သရော်လိုက်သည်။

အရေးပေါ်မီးအလင်းရောင် ပိတ်သွားသောအခါ သူတို့အားလုံး အနားသို့ သွားလိုက်ကြသည်။

"ဒေါက်တာ သူဘယ်လိုနေလဲ"

လီယွမ်ယွမ်၏မိဘများက အလောတကြီးမေးလိုက်သည်။

ဆရာဝန်က မျက်မှောင်ကြုတ်၍ ပြောလာချေသည်။

"လူနာက အခြေအနေမကောင်းဘူး။ ဦးနှောက်အာရုံကြော ထိခိုက်ထားတာက ဒီမှာကုလို့မရဘူး။ အဲဒီခွဲစိတ်မှုကို ဆရာဝန်တစ်ယောက်တည်းကပဲ လုပ်ပေးနိုင်မှာ"

"ဘယ်ဆရာဝန်လဲ"

လီယွမ်ယွမ်၏မိဘများက အလောတကြီးမေးလိုက်၏။

ထိုဆရာဝန်က ဤသို့ဆိုလာသည်။

"ရန်အိုက်ဆေးရုံက အကြီးအကဲဟွား"

"ရန်အိုက်ဆေးရုံ? အကြီးအကဲဟွား?"

ဤစကားကို ကြားသောအခါ လူတိုင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ရန်အိုက်ဆေးရုံဆိုသည်မှာ ဟွားနိုင်ငံရှိ နာမည်ကြီးကိုယ်ပိုင်ဆေးရုံတစ်ခုဖြစ်၏။ ထိုဆေးရုံတွင် ဟွားနိုင်ငံရှိ အကောင်းဆုံးအရင်းအမြစ်များ ရှိသော်လည်း စကားတစ်ခွန်းတည်းနှင့် ဖော်ပြနိုင်သည်။

"ဈေးကြီးလှသည်"

အကြီးအကဲဟွားဆိုသည်မှာ နိုင်ငံတော်အဆင့် ကျွမ်းကျင်ပါရဂူတစ်ယောက်ဖြစ်ပြီး စာရင်းသွင်းခကတင် တစ်သိန်းပေးရသည်။ သာမန်လူများအနေနှင့် ရက်ချိန်းယူရန်ပင် မဖြစ်နိုင်ပေ။

လီယွမ်ယွမ်၏မိဘများခမျာ အစကတော့ သူတို့သမီးလေးကို ကယ်နိုင်ပြီဟု ထင်လိုက်မိသော်လည်း ဤသတင်းကို ကြားသောအခါ ချက်ချင်း သောကရောက်သွားရသည်။

အခြားအတန်းဖော်များကလည်း သက်ပြင်းချလိုက်သည်။

လီရွှမ်းက ရုတ်တရက်ဆိုလာလေသည်။

"အားလုံးပဲ စိတ်မပူပါနဲ့။ ငါ့မှာ နည်းလမ်းတစ်ခုရှိပါတယ်"

"ဘာ? မင်းမှာ နည်းလမ်းရှိတယ်ပေါ့"

လူတိုင်း၏မျက်ဝန်းများ လင်းလက်သွားချေသည်။

လီရွှမ်းက ပြောလိုက်သည်။

"ငါ့ဦးလေးက အကြီးအကဲဟွားကိုသိတယ်ထင်တာပဲ။ ငါ သူ့ကို ဖုန်းခေါ်ကြည့်လိုက််မယ်"

"လီရွှမ်းပီသပါပေတယ်။ အရမ်းတော်တာပဲ"

"ဟုတ်တယ်။ လီရွှမ်းလို လုပ်ရည်ကိုင်ရည်ရှိတဲ့ အတန်းဖော်မျိုးရထားတာ ငါတို့ တော်တော်ကံကောင်းတယ်"

…

လီရွှမ်းက ဖုန်းခေါ်၍ သူ့ဦးလေးအား အခြေအနေကို ရှင်းပြလိုက်သည်။

သို့သော် ဖုန်းချလိုက်သောအခါ သူ့မျက်ဝန်းထဲတွင် စိတ်ပျက်နေဟန် အရိပ်အယောင်တစ်ခု ယှက်သန်းနေ၏။

"မရဘူးတဲ့..အခု အကြီးအကဲဟွားက ဘယ်သူ့ကိုမှ လွယ်လွယ်လေးနဲ့ ကုမပေးတော့ဘူးတဲ့။ ငါ့ဦးလေးက သူနဲ့သိတယ်ဆိုပေမဲ့ သူလည်း စိတ်ပြောင်းအောင် လုပ်မပေးနိုင်ဘူး"

လီရွှမ်း၏စကားကို ကြားသောအခါ လူတိုင်း၏ မျှော်လင့်ချက်များ တစ်ဖန်ပျက်စီးသွားရပြန်သည်။

လီယွမ်ယွမ်၏အမေကတော့ မထိန်းနိုင်တော့ဘဲ ငိုကြွေးပါလေတော့သည်။

ယဲ့ချန်းက ရုတ်တရက်ပြောလိုက်သည်။

"အကြီးအကဲဟွားကို ကျွန်တော်ဆက်သွယ်ကြည့်လိုက်မယ်"

"နင်..."

ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်း ကြက်သေသေကုန်ကြသည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်မလား?

အကြီးအကဲဟွားက ဟွားနိုင်ငံ၏ နိုင်ငံ့ရတနာတစ်ပါးပင်။

ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ကသာ သူ့ကို မဖိတ်ကြားနိုင်ဘူးဆိုပါက တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီးများ ဆက်သွယ်နိုင်မလဲ။

လီရွှမ်းက အေးတိအေးစက်သရော်လိုက်၏။

"ယဲ့ချန်း.. အကြီးအကဲဟွားက ဘယ်သူလဲဆိုတာရော မင်းသိရဲ့လား။ မင်းက တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး သူ့ကို ဆက်သွယ်နိုင်ခဲ့မယ်ဆိုရင် ငါ မင်းကို အဖေလို့ခေါ်ပြမယ်"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"မင်းပြောတာနော်။ သေချာမှတ်ထား"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ရန်အိုက်ဆေးရုံ၏ ဆေးရုံအုပ်ဝမ်ကို ဖုန်းဆက်လိုက်သည်။ ထို့နောက် ဖုန်းတစ်ဖက်က လူကို ပြောလိုက်၏။

"ဆေးရုံအုပ်ဝမ်.. ကျွန်တော့်သူငယ်ချင်းက ထိခိုက်မိထားလို့ အကြီးအကဲဟွားကို ခွဲစိတ်မှုလုပ်ပေးစေချင်တယ်။ သူ အချိန်ရရဲ့လား"

"အကြီးအကဲဟွားက အခုလောလောဆယ် သုတေသနစီမံကိန်းတစ်ခု လုပ်နေပါတယ်။ တခြားလူသာဆိုရင် သူ လုပ်ပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ မတူဘူးလေ။ ကျုပ် သူ့ကိုဆက်သွယ်ပေးပါ့မယ်။ ကျုပ်ဖုန်းပြန်ခေါ်တာကို ခဏစောင့်ပေးပါ"

ယဲ့ချန်းက ဖုန်းချလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဖုန်းပြန်ခေါ်တာကို ခဏစောင့်ပေးပါတဲ့။ ခဏစောင့်လိုက်ကြတာပေါ့"

လီရွှမ်းက ဘေးနားမှနေ၍ အေးတိအေးစက်သရော်လိုက်သည်။

"မသိရင်တော့ တကယ်ကျနေတာပဲ။ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်ကို အကြီးအကဲဟွားက မျက်နှာသာပေးလိမ့်မယ်ထင်နေလား။ ယဲ့ချန်း ငါ မင်းအကြောင်းသိပြီးသား.. မင်း အတန်းဖော်တွေကြားမှာ ဟိတ်ဟန်ထုတ်ပြချင်နေတာမလား။ ဖုန်းဝင်လာရင်တော့ အဆင်မပြေဘူးလို့ပဲ မင်းပြောတော့မှာ။ ငါ ဒီလိုလှည့်ကွက်မျိုးကို အများကြီးသုံးခဲ့ပြီးပြီ"

အခြားအတန်းဖော်များမှာ တိတ်တဆိတ်ခေါင်းခါယမ်းလိုက်မိသည်။

လီရွှမ်း၏ဦးလေးကတောင် အကြီးအကဲဟွားကို စိတ်ပြောင်းအောင် မလုပ်ပေးနိုင်တာကို တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလိုပုဂ္ဂိုလ်မျိုးကို ဖိတ်ခေါ်နိုင်မှာတဲ့လား။

••••••••••••••

All Chapters