← Chapters

ထူးခြားသောတက္ကစီဒရိုင်ဘာ

Vol. 6 Ch. 80

ထူးခြားသောတက္ကစီဒရိုင်ဘာ

Vol. 6 Ch. 80

ထန်းလုက ယဲ့ချန်းကို ဝီချက်တွင် တကယ်အပ်လိုက်သည်ကို မြင်သောအခါ သူနာပြုမလေးများက သူ(မ)အား စနောက်ကြလေတော့သည်။

"အမလေး..ငါတို့လုလုရဲ့နှလုံးသားလေး လှုပ်ခါသွားပြီပဲ"

"လုလု.. ဒုတိယမျိုးဆက်လူကုံထံတွေအများကြီးနဲ့ နိုင်ငံခြားပြန်တွေတော်တော်များများက နင့်ဝီချက်ကိုတောင်းခဲ့တုန်းကတောင် နင် သူတို့ကို မပေးခဲ့ဘူးလေ။ အခုကျတော့ သူ့ကိုပေးတယ်ပေါ့။ နင့်နှလုံးသားက လူချောလေးကြောင့် အရည်ပျော်သွားတာလား"

"ဟုတ်တယ်။ ငါတို့လုလုလည်း ဆွဲဆောင်ခံရလိမ့်မယ်လို့ ထင်မထားဘူး"

…

သူ(မ)လုပ်ဖော်ကိုင်ဖက်များ၏ ကျီစယ်စကားများကို နားထောင်ရင်း ထန်းလု အနည်းငယ် ရှက်ရွံ့သွားရသည်။

သူ(မ) အမှန်တကယ်စိတ်လှုပ်ရှားမိသည်။ အကြောင်းအရင်းကိုတော့ သူ(မ) မသိပေ။ ထိုအတိုင်းသာ ခံစားခဲ့ရသည်။

ယခင်တုန်းကသာဆိုလျှင် သူ(မ)ကို တစ်စုံတစ်ယောက်က ဝီချက်တွင် လာအပ်ချင်သည်ဆိုပါက ထန်းလု သေချာပေါက်ငြင်းပစ်လိုက်မိမည်ဖြစ်၏။

သို့သော် ယဲ့ချန်းကို မြင်လိုက်ရသည့်အခိုက် သူ(မ)၏နှလုံးသားမှာ ယမ်းခါသွားရသည်။

ယဲ့ချန်း၏အပြုံးက လတ်ဆတ်သောလေပြည်အလားပင်။ သူ့အမူအရာများကလည်း နွေဦးစမ်းရေအလား ကြည်လင်အေးချမ်းသောကြောင့် သူ(မ)၏နှလုံးသားကို ချက်ချင်းအရည်ပျော်သွားစေသည်။

"မြန်မြန်.. ဒီလူချောလေးက ဘယ်သူလဲဆိုတာ ကြည့်ရအောင်"

"ဟုတ်တယ်.. ဘယ်သခင်လေးကများ ငါတို့ထန်းလုရဲ့နှလုံးသားကို လှုပ်ရှားစေခဲ့လဲဆိုတာ ကြည့်ရမှဖြစ်မယ်"

လူတိုင်း၏လောဆော်မှုကြောင့် ထန်းလုလည်း ယဲ့ချန်း၏ဝီချက်ကို ဖွင့်ကြည့်လိုက်သည်။

မိတ်ဆက်စာကို မြင်လိုက်ရချိန်မှာတော့ သူတို့အားလုံး ကြက်သေသေသွားရသည်။

တက္ကစီဒရိုင်ဘာတဲ့လား။

ဓာတ်ပုံထဲမှာလည်း ရှားလိကားအစုတ်တစ်စီးကို ပြထားသည်။

"ဘာ? ငါတို့က သူ့ကို လူကုံထံသခင်လေးတစ်ယောက်လို့ ထင်နေတာ။ ဒါပေမဲ့ သူက တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေတာကိုး"

"ဟုတ်တယ်! ရှားလိကားအစုတ်ကိုမောင်းပြီး လုလုကိုလိုက်ရဲတဲ့ သတ္တိမျိုး သူ ဘယ်ကများရတာလဲ"

"လုလု.. နင် အတွေးများမနေနဲ့နော်။ ဒီလိုယောကျ်ားမျိုးက စဉ်းစားနေဖို့တောင်မတန်ဘူး"

"ဟုတ်တယ်နော်။ ဒီလူမှုအသိုင်းအဝိုင်းထဲမှာ ပိုက်ဆံက အရာရာပဲ။ ရုပ်ရည်က အရေးမကြီးဘူး"

….

သူနာပြုဌာနရှိ သူနာပြုလေးများမှာ ယဲ့ချန်း၏သရုပ်မှန်ကို သိလိုက်ရသောအခါ အလွန်စိတ်ပျက်သွားကြသည်။

သူတို့က ယဲ့ချန်းကို စတင်ဝေဖန်ကြပြီး ထန်းလုအား သူနှင့်အဆက်အသွယ်ဖြတ်ရန် တိုက်တွန်းနေကြသည်။

ထန်းလုက ညင်သာစွာပြုံးလိုက်၏။

"တကယ်တော့ သူက တော်တော်အဆင်ပြေတယ်လို့ ထင်တာပဲ"

"နင်..လုလု နင် ငယ်ပါသေးတယ်ဟာ"

"လုလု.. နင့်မှာ အားသာချက်တွေအများကြီးရှိနေပြီးသားနော်။ ဒီလိုဆင်းရဲသားအရှုံးသမားမျိုးကို ရွေးလို့မဖြစ်ဘူး။ မဟုတ်ရင် နင် တစ်သက်လုံးနောင်တရလိမ့်မယ်"

"သူ နင့်ကို စိတ်အနှောင့်အယှက်မပေးခင် နင် သူ့ကို ဖျက်ပစ်သင့်တယ်"

ထိုအချိန်မှာပင် လီယွမ်ယွမ်၏အဖေက သူနာပြုဌာနသို့ ရောက်လာသည်။

"မိန်းကလေး.. ခုနတုန်းက ဒီနားမှာ လူချောလေးတစ်ယောက်ကို မတွေ့မိဘူးလား"

"ဟုတ်ကဲ့ တွေ့လိုက်တယ်။ သူက ဆေးကုသစရိတ်သွင်းချင်လို့တဲ့။ အဲဒါကြောင့် ငွေချေရမဲ့နေရာကို ကျွန်မ ပြောပြလိုက်တယ်"

"အာ..သူက ငါတို့ကို တစ်သန်းကြီးများတောင် လှူထားပြီးပြီလေ။ ဘယ်လိုလုပ်ပြီး သူ့ကို ငွေထပ်ရှင်းခိုင်းနိုင်မှာလဲ"

"တစ်သန်းလှူပေးခဲ့တာလား"

သူတို့အားလုံး ချက်ချင်းဆိုသလို ကြောင်အကုန်ကြသည်။

အဲဒီလူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား? ပိုက်ဆံတစ်သန်းကို ဘယ်လိုလုပ်ပြီး တစ်ချီတည်းနဲ့ လှူနိုင်မှာလဲ?

"ဦးလေး ဘာဖြစ်လို့လဲ"

သူနာပြုတစ်ယောက်က သိချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။

ပါးပါးလီကလည်း ထိုဖြစ်ရပ်ကို ပြန်ပြောပြလိုက်၏။

ယဲ့ချန်းက နာမကျန်းဖြစ်နေသော သူ့သမီးဆီသို့ အလည်လာရာက ငွေတစ်သန်းပေးခဲ့ပြီးနောက် အကြီးအကဲဟွားနှင့်လည်း ရက်ချိန်းယူပေးခဲ့သည့်အပြင် ကျိုတိုသို့ ကိုယ်ပိုင်ဂျက်လေယာဉ်နှင့် ရောက်လာခဲ့သတဲ့။

ပါးပါးလီ၏ပြန်ပြောင်းပြောပြမှုကြောင့် အားလုံး ကြက်သေသေသွားကြသည်။

ငွေတစ်သန်း.. အကြီးအကဲဟွားနှင့် ကိုယ်ပိုင်ဂျက်လေယာဉ်တဲ့လား!

လူတိုင်း အံ့ဩမှင်တက်သွားရချေသည်။

အကြီးအကဲဟွားက ဘယ်သူမို့လို့လဲ?

ရန်အိုက်ဆေးရုံရှိ နိုင်ငံတော်အဆင့်ကျွမ်းကျင်ပါရဂူတစ်ယောက်ဖြစ်၏။ အကြီးအကဲဟွားက အသက်အရွယ်ကြောင့် လူနာများကို သိပ်မကုပေးဖြစ်တော့ပေ။

ရက်ချိန်းယူနိုင်သူများမှာ နောက်ခံတောင့်တင်းလှသော ဒိတ်ဒိတ်ကြဲသူဌေးကြီးများပင်။

ယဲ့ချန်းက အကြီးအကဲဟွားကို ဖုန်းတစ်ချက်ဆက်ရုံမျှဖြင့် ရက်ချိန်းယူနိုင်ခြင်းမှာ သူ့နောက်ခံအင်အားက မည်မျှတောင့်တင်းသလဲဆိုသည်ကို ပြသနေသည်။

သူနာပြုတစ်ယောက်က ထိတ်လန့်တကြား ပြောလိုက်သည်။

"ကျွန်မတို့ သူ့ကို သွားကြိုတုန်းက အဲဒီလေယာဉ်ကို မြင်လိုက်တယ်။ အွန်လိုင်းမှာ ရှာကြည့်လိုက်တော့ အဲဒီGulfstream G500က သန်းသုံးရာကျော်လောက် ပေးရတယ်တဲ့"

ထိုတဒင်္ဂတွင် လုံးဝတိတ်ဆိတ်သွားပြန်လေသည်။

"လုလု.. နင့်ရဲ့လူကဲခတ်နိုင်စွမ်းကတော့ တော်တော်အံ့ဩဖို့ကောင်းတာပဲ"

"နင် သူ့ကို သူငယ်ချင်းလက်ခံလိုက်တာ အကြောင်းအရင်းတစ်ခုရှိမှန်း ငါသိသားပဲ။ တကယ်တော့ နင်က သူ့ကို ဥစ္စာပေါရုပ်ချောမှန်း သိနေတာကိုး"

"လုလု… နင် အဲဒီအခွင့်အရေးကို တန်ဖိုးထားမှဖြစ်မယ်နော်။ ဒီလိုအဖိုးတန်မျိုးမှန်လေးက ခဏခဏရောက်လာမှာမဟုတ်ဘူး"

"ဟုတ်တယ် လုလု… နင် သူ့ကိုမလိုချင်ရင် ငါ့ကိုပေးနော်။ ငါက ဒီလိုဥစ္စာပေါရုပ်ချောမျိုးကို သဘောအကျဆုံးပဲ"

အစောတုန်းက ယဲ့ချန်းကို လှောင်ပြောင်နေခဲ့ကြသော သူနာပြုမိန်းကလေးများက လေသံချက်ချင်းပြောင်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဖော်လံဖားများ ဖြစ်ကုန်ကြသည်။

ထန်းလုလည်း ကူကယ်ရာမဲ့စွာ‌ ခေါင်းခါယမ်းလိုက်မိသည်။

တကယ်တော့ ယဲ့ချန်းက ဤမျှချမ်းသာလိမ့်မည်မှန်း သူ(မ)မသိပေ။ သူ(မ) သူ့အား ဝီချက်တွင် အပ်လိုက်ရသည့်အကြောင်းအရင်းမှာ သူ့ထံမှ ထူးခြားသော ခံစားချက်တစ်ခုကို ရနေသောကြောင့်ပင်။

ထိုအချိန်မှာပင် ထန်းလုထံသို့ ဖုန်းဝင်လာသည်။

"အမေ.. သမီး အခုလောလောဆယ် ရည်းစားမလိုချင်ပါဘူးလို့ ပြောထားတယ်လေ"

"ကောင်းပြီလေ။ ဒါပေမဲ့ ဒါ နောက်ဆုံးပဲနော်"

ဖုန်းချလိုက်ပြီးနောက် ထန်းလုလည်း ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။

ဒုတိယမျိုးဆက်လူကုံထံများ သူ(မ)ကို မျက်စိကျရသည့်အကြောင်းအရင်းမှာ တောင့်တင်းလှသော သူ(မ)၏ နောက်ခံအသိုင်းအဝိုင်းကြောင့်ပင်။

သူ(မ)၏အမေ လီဟွေ့က မေသာ့လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်၏။

လီဟွေ့က စီးပွားရေးလောကတွင် ဩဇာအာဏာညောင်းသူတစ်ယောက်ဖြစ်ပြီး သူ(မ)၏ တစ်ဦးတည်းသော စိုးရိမ်ပူပန်မှုမှာ သူ(မ)သမီး၏အိမ်ထောင်ရေးပင်။

မရေမတွက်နိုင်အောင် များပြားလှသော သူဌေးသားများနှင့် အဆင့်မြင့်အရာရှိများ၏ သားများကို နှစ်ပေါင်းများစွာကြာအောင် မိတ်ဆက်ပေးခဲ့ပါသော်ငြား သူ(မ)၏သမီးကတော့ စိတ်မဝင်စားခဲ့ပေ။

"အစ်မဟွေ့.. ကျွန်မတို့မိသားစုက ရှောင်ပေါ်ကိုတော့ စိတ်သာချထားလိုက်။ သူက စိတ်ရင်းစိတ်ဓာတ်လည်း ကောင်းတယ်။ သူ့မိန်းမကို အလိုလိုက်မှာ သေချာတယ်။ ပြီးတော့‌ ချောလည်းချောသေးတယ်။ သူတို့တွေ အဆင်ပြေကြမှာ ကျိန်းသေတယ်"

လီဟွေ့လည်း သက်ပြင်းချလိုက်မိသည်။

"အဲဒီလိုမျှော်လင့်ရတာပဲ"

သူ(မ)၏တာဝန်ချိန်ပြီးဆုံးသောအခါ ထန်းလုလည်း ဒိတ်လုပ်ရန်အတွက် တက္ကစီငှားလိုက်သည်။

ထိုအချိန်မှာပင် Volkswagenကားတစ်စီး ရောက်ချလာသည်။ ၁၅၈၈နှင့်ဆုံးသော လိုင်စင်နံပါတ်ပြားမှာ သူ(မ)ခေါ်ထားသော တက္ကစီပင်။

ကားထဲသို့ဝင်ပြီးနောက် ထန်းလု လန့်ဖျပ်သွားရသည်။

"ရှင်ပါလား"

ယဲ့ချန်းလည်း အံ့ဩသွားရသည်။

"ကံကြမ္မာအရပဲနော်။ ကျိုတိုမှာ ပထမဆုံးပို့ပေးရမဲ့ခရီးသည်က မင်းဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး"

ယဲ့ချန်းက ယခုလေးတင်မှ Volkswagenကားတစ်စီးဝယ်ရန် 4Sအရောင်းဆိုင်သို့ သွားခဲ့ခြင်းပင်။

ယခုတလော ကျိုတိုသို့ သူ မကြာခဏလာဖြစ်နေသောကြောင့် တက္ကစီမောင်းရာတွင် အဆင်ပြေချောမွေ့စေရန် ကားတစ်စီးဝယ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဝင့်ကြွားလွန်းနေဟန်မပေါက်အောင် Volkswagenတစ်စီးကိုသာ ရွေးခဲ့သည်။

မည်သို့ပင်ဖြစ်စေ တက္ကစီဒရိုင်ဘာတစ်ယောက်အနေနှင့် ဇိမ်ခံကားများကို တစ်ချိန်လုံးမောင်းနေလျှင် မသင့်တော်ပေ။

ယဲ့ချန်းလည်း နောက်ခုံတွင်ထိုင်နေသော ထန်းလုကို လှမ်းကြည့်လိုက်သည်။

သာမန်အဝတ်အစားဖြင့်ဆိုပါက ထန်းလုက သူနာပြုဝတ်စုံထက်ပင် ပိုလှနေပေသည်။

"ကျိုတိုရဲ့စီးပွားရေးလမ်းမလား.. မင်း ရည်းစားနဲ့သွားတွေ့မလို့လား"

ယဲ့ချန်း ခပ်ပြုံးပြုံးသာ မေးလိုက်လေသည်။

"ဟုတ်တယ်။ အရမ်းစိတ်ရှုပ်ဖို့ကောင်းတာပဲ။ ကျွန်မအမေက ကျွန်မ အိမ်ထောင်မကျမှာကြောက်ပြီး အမြဲ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးနေတော့တာ"

"မင်းက ဒီလောက်လှတာ။ မင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးစရာမလိုပါဘူး။ မင်းကို သဘောကျတဲ့လူတွေ အများကြီးမရှိဘူးလား"

ယဲ့ချန်း စနောက်လိုက်သည်။

ထန်းလုလည်း ယဲ့ချန်းနှင့် စကားပြောနေရတာကို အလွန်သဘောကျနေမိသည်။ အခြားလူများဆိုလျှင် သူ(မ)ရှေ့တွင် ကပ်ဖားတတ်ကြသည်။

"မင်းက အရမ်းလှတယ်"

"မင်း ဘယ်လိုလက်ကိုင်အိတ်မျိုးကို သဘောကျလဲ။ ကိုယ် မင်းအတွက် ဝယ်ပေးမယ်လေ"

သို့သော် ယဲ့ချန်းကတော့မတူပေ။ သူနှင့်စကားပြောနေရလျှင် သူငယ်ချင်းတစ်ယောက်နှင့် အတူရှိနေသလို ခံစားရ၏။

"ယဲ့ချန်း.. ခဏနေရင် ရှင် ကျွန်မကို တစ်ခုလောက်ကူညီပေးလို့ရမလား"

ထန်းလု မေးလိုက်သည်။

"မင်းရဲ့ချစ်သူအဖြစ် ဟန်ဆောင်စေချင်တာလား"

ယဲ့ချန်းကလည်း ရယ်၏။

"ဟုတ်တယ်။ အဲဒီလူကို စိတ်ရှုပ်တယ်လို့ခံစားရရင် ကျွန်မ ဖန်ခွက်ကိုမြှောက်လိုက်မယ်။ အဲဒီကျရင် ရှင် ကျွန်မကို လာကူညီပေးလေ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ။ ဒါပေမဲ့ မင်း ငါ့ကို ကြယ်ငါးပွင့်ရီဗျူး အရင်ပေးရမယ်နော်"

"ပြဿနာမရှိဘူး"

ဦးတည်ရာနေရာသို့ ရောက်သောအခါ ယဲ့ချန်းလည်း ကားပါကင်တွင် ကားကို ရပ်ထားခဲ့လိုက်ပြီးနောက် ထန်းလုနှင့် ရှေ့ဆင့်နောက်ဆင့်ပင် ကော်ဖီဆိုင်ထဲသို့ ဝင်သွားလိုက်သည်။

ထိုအချိန်၌ ပြတင်းပေါက်နားတွင် ထိုင်နေသော အမျိုးသားတစ်ယောက်က ထန်းလုကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်ကာ လက်ယမ်းပြလေသည်။

ထန်းလုလည်း ယဲ့ချန်းကို လှမ်းကြည့်ပြီးနောက် ထိုလူ့အနားသို့ အင်တင်တင်လျှောက်သွားလေသည်။

ယဲ့ချန်းကတော့ မလှမ်းမကမ်းတွင် ဝင်ထိုင်လိုက်ပြီး ကော်ဖီတစ်ခွက် မှာလိုက်၏။ ထိုအချိန်မှာပင် အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

"ယဲ့ချန်း ရှင် ဒီကို ဘာလာလုပ်တာလဲ"

ယဲ့ချန်း အံ့အားသင့်သွားရသည်။ ရုပ်ရည်ရမှတ်၈၀မျှရှိသော မိန်းကလေးတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ရောက်ချလာပြီးနောက် သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"မင်းပါလား"

ယဲ့ချန်းလည်း သူ(မ)ကို မှတ်မိသည်။

ထိုမိန်းကလေး၏နာမည်မှာ စုခယ်ဖြစ်ပြီး မိုတုတုန်းက အိမ်ပိုင်ရှင်အဒေါ်ကြီး မိတ်ဆက်ပေးခဲ့သော ကောင်မလေးများထဲမှ တစ်ယောက်ဖြစ်၏။

ဤမိန်းကလေးက သူသည် တစ်လကို လေးထောင်ငါးထောင်သာဝင်သော တက္ကစီဒရိုင်ဘာတစ်ယောက်မှန်း သိသွားချိန်မှာ ဤသို့ပြောခဲ့ဖူးသည်ကို ယဲ့ချန်း မှတ်မိသေးသည်။

"ရှင်က အဲဒီအဆင့်အတန်းနဲ့ ဘာလို့များ ရည်းစားရှာနေသေးတာလဲ"

ထို့သို့ပြောပြီးနောက် သူ(မ)က မောက်မောက်မာမာဖြင့် ထွက်သွားလေသည်။

သို့သော် ယနေ့ကျမှ ထိုမိန်းကလေးက သူ့ကိုမြင်ပြီး စိတ်အားထက်သန်နေတာပါလိမ့်?

•••••••••••••

All Chapters