← Chapters

ချစ်မိသွားတဲ့ခံစားချက်

Vol. 6 Ch. 81

ချစ်မိသွားတဲ့ခံစားချက်

Vol. 6 Ch. 81

စုခယ်က မူမမှန်သော စိတ်လှုပ်ရှားမှုများဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။

"ယဲ့ချန်း ရှင်သိလား… ရှင်က ချစ်ဖို့အထိုက်တန်ဆုံးအမျိုးသားတစ်ယောက်ဆိုတာ ကျွန်မ သဘောပေါက်သွားပြီ"

ယဲ့ချန်း : "…"

"ဒါပေမဲ ငါက တစ်လကို လေးငါးထောင်ပဲ ရှာနိုင်တာနော်"

"ရပါတယ်။ ကျွန်မတို့ အတူတူကြိုးစားလို့ရတယ်လေ"

စုခယ်ကတော့ လုံးဝစိတ်ထဲမထားဘဲ စိတ်ရင်းအပြည့်ဖြင့် ပြောလိုက်၏။

"ဒါပေမဲ့ ငါ့မှာ အိမ်လည်းမရှိဘူး။ ကားတစ်စီးပဲရှိတာ။ ပြီးတော့ ငါက တက္ကစီမောင်းတာနော်"

"အိမ်မရှိလည်း ပြဿနာမရှိပါဘူး။ ကျွန်မတို့ အိမ်ဝယ်ဖို့ အတူပိုက်ဆံစုလို့ရတယ်။ တက္ကစီမောင်းတာ ဘာဖြစ်နေလို့လဲ။ ကျွန်မကတော့ တက္ကစီမောင်းတဲ့လူတွေကို သဘောအကျဆုံးပဲ"

"ယဲ့ချန်း တကယ်တော့.. ကျွန်မက တခြားမိန်းကလေးတွေနဲ့ မတူဘူး။ ကျွန်မက ဘရန်းပစ္စည်းတွေတို့ နာရီတွေတို့ကို သဘောမကျဘူး။ ကျွန်မက ချစ်ရတဲ့လူနဲ့ပဲ အတူရှိချင်တာ"

စုခယ်က ယဲ့ချန်းကိုကြည့်၍ စိတ်အားထက်သန်စွာ ပြောလိုက်၏။

ယဲ့ချန်းကတော့ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်မိသည်။ စုခယ် တော်တော်ပြောင်းလဲသွားသည်။

အစတုန်းက စိုးမိုးခြယ်လှယ်တတ်သည့် မိန်းကလေးတစ်ယောက်က ရုတ်တရက်ကြီး ဖြူစင်သွားခြင်းမှာ မဖြစ်နိုင်ချေ။

ယဲ့ချန်းခန့်မှန်းမိတာ မှန်ပေသည်။ စုခယ်က စိုးမိုးခြယ်လှယ်တတ်သော မိန်းကလေးတစ်ယောက် ဖြစ်နေဆဲသာ။ ၎င်းမှာလည်း အဆိုးဆုံးစိုးမိုးခြယ်လှယ်တတ်သည့် မိန်းကလေးပင်။

တစ်ခါတုန်းက မြေပိုင်ရှင်နှင့် စုခယ်စကားပြောခဲ့သည်။ ထိုစဉ်က တစ်ဖက်လူက ယဲ့ချန်း ကြီးပွားသွားကြောင်း ပြောပြခဲ့၏။

သူက ဇိမ်ခံကားများကိုမောင်း၍ ဗီလာတစ်လုံးတွင်နေသည်ဟု သိလိုက်ရချိန်၌ သူ(မ) အလွန်နောင်တရသွားသည်။

ဤမျှတန်ဖိုးကြီးသော လူပျိုလေးတစ်ယောက်ကို သူ(မ) လွဲချော်သွားသည်။

နောက်ပိုင်းတွင်း မိုတုမြို့၌ သူ(မ) မအောင်မြင်ခဲ့သဖြင့် ကျိုတိုသို့ရောက်လာပြီး ဂျူနီယာဝန်ထမ်းတစ်ယောက် လုပ်ခဲ့သည်။

ကိုးနာရီရုံးတက်ပြီး ငါးနာရီရုံးဆင်းသည့်အလုပ်ကို သူ(မ) စိတ်ကုန်နေပြီဖြစ်ရာ အခြေချနေထိုင်ရန်အတွက် လူကုံထံတစ်ယောက်ကို ရှာနေခဲ့သည်။ သို့မှသာ သူ(မ)လည်း အလုပ်လုပ်စရာမလိုဘဲ ချမ်းသာကြွယ်ဝသောဘဝတွင် နေထိုင်နိုင်မည်ဖြစ်၏။

ယဲ့ချန်းနှင့် တစ်ဖန်ပြန်ဆုံရလောက်အောင်အထိ ကံကြမ္မာက ဤမျှအထိ မျက်နှာသာပေးလိမ့်မည်ဟု ဘယ်သူကထင်ထားမည်နည်း။ ဤတစ်ခေါက်တော့ သူ(မ) ယဲ့ချန်းကို နောက်တစ်ကြိမ်လက်လွတ်မခံနိုင်ပေ။

"မိန်းကလေးစု.. မင်းက အရမ်းလှတယ်။ ငါ့လို သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်က မင်းနဲ့မတန်ပါဘူး"

စုခယ်က ရယ်၏။

"ဆက်ဟန်ဆောင်နေလိုက်။ ဆက်ဟန်ဆောင်နေ"

လူလိမ်… အခုတော့ ကျွန်မရှင့်ကိုမိပြီ.. ဒီတစ်ခေါက် ရှင် ကျွန်မလက်ကနေ မလွတ်စေရဘူး…

"အဆင်ပြေပါတယ်။ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်သရွေ့တော့ ကျွန်မက ပိုက်ဆံကို ဂရုမစိုက်ဘူး။ ကျွန်မက ကိုယ်ချစ်တဲ့လူနဲ့ပဲ တစ်သက်လုံးအတူနေသွားချင်တာ"

ယဲ့ချန်းက စုခယ်၏ရည်ရွယ်ချက်အစစ်ကို မြင်ထားပြီးသားပင်။

မင်းက Gucciအိတ်အတုကိုလွယ်ပြီး ဘရန်းနာရီအတုကို ပတ်ထားပြီးတော့ ဘရန်းကို မကြိုက်ဘူးလို့ လာပြောနေတာလား…

သို့သော် သူ(မ) သရုပ်ဆောင်နေပုံကိုကြည့်ပြီး ယဲ့ချန်းလည်း သူ(မ)ကို ဖော်ကောင်မလုပ်ရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်‌

တစ်ဖက်တွင်မူ ထန်းလုက ယဲ့ချန်းရှေ့တွင် မိန်းကလေးတစ်ယောက်ထိုင်နေပြီး သူနှင့် တက်တက်ကြွကြွစကားပြောဆိုနေကြောင်း သတိထားမိလိုက်သဖြင့် အတန်ငယ်သိချင်သွားရသည်။

သူ(မ) ယဲ့ချန်းကို အထင်မှားသွားခြင်းလေလား။ သူက မိန်းကလေးများကို အီစီကလီလုပ်တတ်သူတစ်ယောက်လေလား။

ထန်းလု၏မျက်နှာချင်းဆိုင်ရှိ နိုင်ငံခြားဘရန်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားကတော့ သူ မည်မျှထူးချွန်ကြောင်း ရွှင်မြူးတက်ကြစွာဆိုနေချေသည်။ ကျန့်းဖန်ဟုခေါ်သော ထိုလူကတော့ ထန်းလုကို မြင်မြင်ချင်းကြွေသွားလေသည်။

သူ့အနေနှင့် ထန်းလု၏ချစ်သူ ဖြစ်ချင်ရသော အဓိကအကြောင်းအရင်းတစ်ခုလည်း ရှိ၏။ အကြောင်းမှာ သူ(မ)က မေသာ့လုပ်ငန်းစု၏ ဥက္ကဋ္ဌလီဟွေ့၏ သမီးဖြစ်သောကြောင့်ပင်။

လီဟွေ့၏တစ်ဦးတည်းသောသမီးဖြစ်သည့် ထန်းလုကိုသာ သူလက်ထပ်လိုက်ပါက မေသာ့လုပ်ငန်းစုကလည်း နောင်အနာဂတ်တွင် သူ့အပိုင် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့်လည်း ထန်းလုနှင့်တွေ့ရဖို့အရေး အပြင်းအထန်ကြိုးစားခဲ့ပြီး အလွန်စိတ်အားထက်သန်နေပုံပေါ်နေခြင်းဖြစ်၏။

သို့သော် ထန်းလုက သူ့အပေါ် အေးတိအေးစက်ဆက်ဆံနေပြီး မလှမ်းမကမ်းရှိ အမျိုးသားကို တစ်ချိန်လုံးလှမ်းကြည့်နေသောကြောင့် အနည်းငယ်မွန်းကျပ်မိသည်။

ကျန်းဖန် စိတ်အနှောင့်အယှက်အဖြစ်ဆုံးအရာမှာ တစ်ဖက်လူက သူ့ထက် ပိုဆွဲဆောင်မှုရှိနေခြင်းပင်။

သူနှင့်ဒိတ်လုပ်နေရသော်ငြား မိန်းကလေးဖြစ်သူက အခြားယောကျ်ားတစ်ယောက်ကို ကြည့်နေသည့်အတွက် ကျန်းဖန်လည်း လူသိရှင်ကြားအရှက်ခွဲခံလိုက်ရသလို ခံစားမိသည်။

"လုလု ကိုယ် မင်းကို မြင်မြင်ချင်းချစ်မိသွားပြီ။ မင်းအတွက်ဆိုရင် ဘာမဆိုပေးဆပ်ရဲပါတယ်။ ကိုယ့်အသက်ကိုတောင် ပေးရဲပါတယ်"

…..

ကျန်းဖန်၏ဝန်ခံချက်ကိုနားထောင်ရင်း ထန်းလုကတော့ အန်ချင်လာသလို ခံစားရပြီး ဆက်သည်းမခံနိုင်တော့သဖြင့် ယဲ့ချန်းကို ဖန်ခွက်မြှောက်ပြလိုက်သည်။

အချက်ပြတာကို မြင်လိုက်ရသည့် ယဲ့ချန်းကလည်း မတ်တတ်ထရပ်လိုက်၏။

"မိန်းကလေးစု..စိတ်မရှိပါနဲ့။ ကျွန်တော့်မှာ လုပ်စရာလေးရှိသေးလို့ စကားပြောတာ လက်စသတ်လိုက်ကြတာပေါ့"

"အာ ဘာကိစ္စမို့လို့လဲ။ ကျွန်မမှာ ကားပါတယ်။ ရှင့်ကို လိုက်ပို့ပေးလို့ရတယ်လေ"

ယဲ့ချန်း ထွက်သွားတော့မည်ကို မြင်သော် စုခယ်လည်း မြန်မြန်မတ်တတ်ထရပ်လိုက်သည်။

"မလိုပါဘူး။ ကျွန်တော်က ဟိုစားပွဲက မိန်းမလှလေးနဲ့ စကားသွားပြောမလို့"

စုခယ် : "…"

ကျွန်မကတော့ ဒီမှာ ရှင့်ကို ချစ်စကားကြိုက်စကားတွေပြောနေတာလေ..ရှင်ကတော့ တခြားမိန်းမတစ်ယောက်အကြောင်း တွေးနေတယ်ပေါ့..အဲဒါကလည်း ပေါ်တင်ကြီးထုတ်ပြောလာတယ်ပေါ့…

သူ(မ)ရင်ထဲ ဒေါသများ ပွက်ပွက်ဆူလာသော်ငြား မျိုသိပ်ထားလိုက်သည်။

ယဲ့ချန်းက အလွန်ချမ်းသာသောကြောင့် သူ့အား သူ(မ)၏နောင်ရေးအတွက် လိုအပ်ပေသည်။ သို့ဖြစ်လေရာ သူ့ကို ရန်သွားစ၍ မဖြစ်ချေ။

'"မိန်းကလေးထန်း သွားကြတော့မလား"

"အိုး… သူက ရှင့်မိတ်ဆွေလား"

ထန်းလုလည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"မဟုတ်ပါဘူး။ ဘလိုင်းဒိတ်လုပ်တုန်းက တစ်ခါပဲတွေ့ဖူးတာပါ။ မရင်းနှီးဘူး။ သိလည်းမသိပါဘူး"

စုခယ် : "…"

ကျွန်မကဖြင့် ကျွန်မခံစားချက်ကို ဖွင့်ပြောပြီးတာ ကြာလှနေပြီလေ။ ရှင်ကတော့ ကျွန်မတို့ မရင်းနှီးဘူးလို့တောင် ပြောရက်တယ်လား…

အဲဒါအပြင် ကျွန်မရှေ့မှာတင် ပေါ်တင်ပြောလိုက်တယ်? ကျွန်မကို မျက်နှာသာနည်းနည်းတောင်မပေးဘူးလား?

ဘေးနားတွင်ထိုင်နေသော ကျန်းဖန်လည်း ကြောင်အသွားချေသည်။

မင်းတို့နှစ်ယောက် အစောတုန်းက ချစ်ကြင်နာတဲ့အကြည့်တွေ ဖလှယ်နေတာကို ငါ သည်းခံနိုင်ပါတယ်။ ငါတို့က ဒိတ်လုပ်နေတာလေ… အဲဒါကို ရုတ်တရက်ကြီး ငါ့လူကို လာလုတယ်ဆိုတော့ ဘာသဘောလဲ?

ကျန်းဖန်လည်း သည်းမခံနိုင်တော့သဖြင့် ယဲ့ချန်းနှင့် ငြင်းခုံရန်အတွက် မတ်တတ်ရပ်ဖို့ပြင်လိုက်၏။

သို့သော် ထင်မှတ်မထားပါဘဲ ထန်းလုက အရင်မတ်တတ်ထရပ်လိုက်သည်။

"ကျန်းဖန်..တွေ့ရတာတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်မမိတ်ဆွေနဲ့ ကျွန်မက အရေးကြီးကိစ္စလေးရှိလို့ အရင်သွားမှဖြစ်မယ်"

သူ(မ)က ထိုသို့ပြောပြီးနောက် ယဲ့ချန်းနှင့်အတူ ကော်ဖီဆိုင်ထဲမှ ထွက်လာခဲ့လိုက်သည်။

ကျန်းဖန် : "…"

ဘာဖြစ်သွားတာလဲ?

သူ့ဒိတ်ကို သူ့မျက်စိရှေ့မှာပင် အခြားလူတစ်ယောက်က ဖြတ်လုသွားသည်။ ကျန်းဖန်အဖို့ ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ ဤကဲ့သို့သောအရှက်ခွဲမှုမျိုးကို လုံးဝမခံခဲ့ရဖူးပေ။

ထိုအချိန်တွင် ကျန်းဖန်လည်း သူ့ခေါင်းပေါ်မှ မြက်ခင်းစိမ်းတစ်ခု ပေါက်လာသလို ခံစားလိုက်ရပြီးနောက် သူ့မျက်နှာကလည်း ဖြတ်ရိုက်ခံရသလို စပ်ဖျဉ်းဖျဉ်းဖြစ်သွားချေသည်။

ပတ်ပတ်လည်ရှိ လူများ၏ အတင်းအဖျင်းပြောသံများကလည်း သူ့နားထဲတွင် ညံစီနေချေသည်။

"သေစမ်း..ဒီလူက တော်တော်ကံဆိုးတာပဲ။ သူ့ဒိတ်ကို တခြားတစ်ယောက်က ဖြတ်လုသွားသတဲ့"

"ဟုတ်ပါ့။ အဲဒီလူက တက္ကစီဒရိုင်ဘာလို့ ကြားတယ်။ ငေးငိုင်နေတဲ့ကောင်မလေးကို မြင်လား။ သူက အဲဒီတက္ကစီဒရိုင်ဘာကို ပစ်ကြွေပြနေပေမဲ့ ဟိုလူကတော့ သူ့ကို မလိုချင်ဘူးလေ"

"ဟူး.. ဒီနေ့ခေတ်လူငယ်တွေက နားလည်ရခက်လိုက်တာ"

….

ကျန်းဖန်ခမျာ ဘေးပတ်ပတ်လည်ရှိ စကားများကို ကြားပြီးနောက် ရူးမတတ်ဖြစ်သွားရသည်။

စာရင်းဝင်လုပ်ငန်းစုတစ်ခု၏ ဂုဏ်သိက္ခာကြီးမားသော အထွေထွေမန်နေဂျာတစ်ယောက်ဖြစ်သည့် သူက တက္ကစီဒရိုင်ဘာတစ်ယောက်ကို ရှုံးသွားသတဲ့။

မဟုတ်ဘူး ဒီလိုမဖြစ်ရဘူး! ငါ့ကောင်မလေးကို ငါ ပြန်ယူရမယ်!

ထန်းလုက ငါ့အပိုင်ပဲ…

တစ်ဖက်တွင်မူ စုခယ်လည်း ဒေါသူပုန်ထနေချေသည်။ သူ(မ)၏မျက်နှာကား ဒေါသကြောင့် ပြာနှမ်းနေပေသည်။

သူ(မ)မျက်စိကျနေသူက သူ(မ)ကိုချောင်ထိုး၍ အခြားမိန်းမတစ်ယောက်နှင့်အတူ ထွက်သွားလေသည်။

"ယဲ့ချန်း.. ကျွန်မ ရှင့်ကို လက်လျှော့မှာမဟုတ်ဘူး။ ရှင်က ကျွန်မလူပဲ။ ကျွန်မလက်ကနေ လွတ်မှာမဟုတ်ဘူး။ ကျွန်မ ရှင့်ကို သေချာပေါက်ချုပ်ထားပြီး ကျွန်မအပိုင်ဖြစ်အောင်လုပ်မှာ"

သူတို့နှစ်ယောက်၏ မီးဟုန်းဟုန်းတောက်နေသော အကြည့်များအောက်ဝယ် ယဲ့ချန်းနှင့် ထန်းလုတို့ကတော့ ကော်ဖီဆိုင်ထဲမှ ထွက်သွားပြီဖြစ်၏။

"ယဲ့ချန်း ကျေးဇူးပါပဲ"

"ဟားဟားဟား.. မင်း အဲဒီလူကို မကြိုက်ဘူးလား"

"ဟမ့် တအာအတုအယောင်ဆန်လွန်းတယ်"

ထန်းလု ဝေဖန်ပြောဆိုလိုက်သည်။

"ဒါဆို မင်းက ဘယ်လိုလူစားမျိုးကို သဘောကျတာလဲ"

ယဲ့ချန်း မေးကြည့်လိုက်သည်။

ထန်းလုက ယဲ့ချန်းကို လှည့်ကြည့်လိုက်ပြီးနောက် သူ(မ)၏မျက်နှာလှလှလေးက ရှက်သွေးဖြာသွားသော်ငြား ဘာမှပြန်မဖြေလိုက်ပေ။

သူတို့နှစ်ယောက်လည်း ပျော်ပျော်ရွှင်ရွှင်စကားပြောဆိုရင်း လမ်းမကြီးကို ဖြတ်လျှောက်လာခဲ့လိုက်သည်။

ထန်းလု ယခုလိုမခံစားရသည်မှာ ကြာလှလေပြီ။ ယနေ့ သူ(မ)ခံစားနေရသည့် ခံစားချက်မှာ အချစ်ဖြစ်နိုင်ပေသည်။

သူတို့ လမ်းပတ်လျှောက်ပြီးနောက် လမ်းဘေးမုန့်များကိုစားသောက်ရင်း ပျော်ရွှင်ခဲ့ကြသည်။

သူတို့နှစ်ယောက်နောက်မှ လူနှစ်ယောက် တိတ်တိတ်လေးလိုက်လာကြောင်း ယဲ့ချန်း အစကတည်းက သတိထားမိသည်။

•••••••••••••••

All Chapters