← Chapters

လက်ဖက်စိမ်းမကို ခွဲခြားခြင်း

Vol. 6 Ch. 82

လက်ဖက်စိမ်းမကို ခွဲခြားခြင်း

Vol. 6 Ch. 82

ကျန်းဖန်နှင့် စုခယ်တို့လည်း ယဲ့ချန်းနှင့် ထန်းလုတို့အနောက်ကို တိတ်တိတ်လေးလိုက်လာခဲ့သည်။

စုံတွဲတစ်တွဲလို ရင်းနှီးကျွမ်းဝင်နေသော ထိုနှစ်ယောက်ကို မြင်သောအခါ ကျန်းဖန်နှင့်စုခယ်တို့ ဒေါသူပုန်ထသွားလေသည်။

နှစ်နာရီကျော်မျှ လမ်းလျှောက်ပြီးနောက် ယဲ့ချန်းလည်း ထန်းလုကို အိမ်ပြန်ပို့ပေးလိုက်သည်။

ထန်းလုကပြုံးလျက် ပြောလိုက်၏။

"စကားမစပ် ကျွန်မ ရှင့်ကို ကြယ်ငါးပွင့်ရီဗျူးပေးရဦးမယ်"

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်(၃/၅)ကို ရရှိပါပြီ။ လက်ဖက်စိမ်းမကိုခွဲခြားခြင်းစွမ်းရည်ကို ဆုလာဘ်အဖြစ် ရရှိပါတယ်]

လက်ဖက်စိမ်းမကိုခွဲခြားခြင်း?

ယဲ့ချန်း တဒင်္ဂမျှကြက်သေသေသွားသည်။ ထန်းလုကိုကြည့်လိုက်ချိန်ဝယ် ထန်းလု၏ခေါင်းထက်၌ နံပါတ်တစ်ခုပေါ်နေလေသည်။

လက်ဖက်စိမ်းညွှန်ကိန်း - သုည!

ကြည့်ရတာတော့ ငါ့ခန်းမှန်းချက်က မှန်ပုံပဲ! ထန်းလုက ဖြူစင်တဲ့မိန်းကလေးတစ်ယောက်ပဲ!

လက်ဖက်စိမ်းညွှန်ကိန်းက စံသတ်မှတ်ချက်များစွာရှိသည်။ ယောကျ်ားသုံးယောက်နှင့် အတူအိပ်ဖူးလျှင် ညွှန်ကိန်းအမှတ်က ၆၀နှင့်အထက်ရှိ၏။

လက်ဖက်စိမ်းညွှန်ကိန်းနိမ့်လေလေ ထိုမိန်းကလေးက အပြစ်ကင်းစင်လေလေပင်။

ထန်းလုကို နှုတ်ဆက်ပြီးနောက် ယဲ့ချန်းလည်း တော်ဝင်မင်းသားအိမ်တော်သို့ ပြန်မောင်းလာခဲ့သည်။

ထိုအချိန်တွင် Land Roverတစ်စီးက သူ့နောက်ကိုလိုက်နေကြောင်း နောက်ကြည့်မှန်မှတစ်ဆင့် မြင်လိုက်ရ၏။

ယဲ့ချန်းက ထိုLand Roverကို သတိထားမိသည်မှာ ကြာလှလေပြီ။ ထို့ကြောင့် တမင်သက်သက်အရှိန်လျှော့ချလိုက်၏။

Land Roverက ယဲ့ချန်း၏Volkswagenကို ကျော်တက်၍ ကားကို လမ်းဘေးနားသို့ ထိုးရပ်လိုက်သည်။

ယဲ့ချန်းလည်း ကားထဲမှထွက်လာလိုက်သည်။ ကျန်းဖန်ကလည်း Land Roverထဲမှ ဒေါသတကြီးထွက်လာလေသည်။

ကျန်းဖန်က ကားထဲမှထွက်လာပြီးနောက် ဖုန်းထဲမှ အသံသွင်းခလုတ်ကို နှိပ်လိုက်၏။

ကျန်းဖန်၏လှုပ်ရှားမှုကို ယဲ့ချန်း ပြတ်ပြတ်သားသားမြင်လိုက်ရသည်။

ပါပါရာဇီလုပ်တမ်းကစားမယ်ပေါ့လေ?

ကောင်းပြီလေ.. ဘယ်သူကစားတာ ပိုကောင်းလဲဆိုတာ ကြည့်ကြတာပေါ့..

ယဲ့ချန်းလည်း လျှို့ဝှက်ကင်မရာလုပ်ဆောင်ချက်ကို တစ်ပြိုင်တည်းဖွင့်လိုက်သည်။

ကျန်းဖန်က ကားထဲမှထွက်ပြီးနောက် ခပ်ကြမ်းကြမ်းသရော်လေသည်။

"ချာတိတ်..မင်းက လုလုနဲ့မတန်ပါဘူးကွာ။ မင်း လုလုကို ပျော်အောင်ထားနိုင်မှာမဟုတ်ဘူး။ သူ့ကိုစွန့်လွှတ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ငါ လုလုကို ပျော်အောင်ထားနိုင်မထားနိုင်ဆိုတာ မင်း ဘယ်လိုလုပ်သိလဲ"

ကျန်းဖန်က လှောင်ပြောင်သရော်ပြန်လေသည်။

"ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့တော့။ မင်းက လုလုကို ပိုက်ဆံကြောင့်ကပ်တာမလား။ အဲဒီပိုက်ဆံ ငါ မင်းကိုပေးနိုင်တယ်"

ထိုသို့ပြောရင်း ကျန်းဖန်က ဘောပင်တစ်ချောင်းကို ဆွဲထုတ်၍ ချက်လက်မှတ်တစ်စောင်ရေးလိုက်သည်။

"တစ်သန်းဆိုရင် လောက်တယ်မလား"

ကျန်းဖန်က သူ့လက်ထဲရှိ ချက်လက်မှတ်ကို မြှောက်ပြလိုက်သည်။ ထို့နောက် မျက်ဝန်းထဲတွင် အေးစက်စက်အရိပ်အယောင်များ ပြည့်နှက်သွား၏။

"ချာတိတ်..ငါ မင်းရဲ့ဗီဒီယိုကို လုလုဆီပို့ပြီး မင်းရဲ့စရိုက်အစစ်ကို ထုတ်ပြလိုက်မယ်"

ချက်လက်မှတ်ပေါ်တွင် စာလုံးတစ်လုံးကို တမင်မှားအောင် ရေးထားသည့်အတွက် ယဲ့ချန်းယူသွားလျှင်ပင် ပိုက်ဆံထုတ်မရပေ။

သူလိုချင်သည်မှာ ယဲ့ချန်း ချက်လက်မှတ်ယူသွားတာကို ဗီဒီယိုရိုက်ယူထားဖို့ပင်။

သို့မှသာ ယဲ့ချန်း၏ ဆန်ကုန်မြေလေးဆန်သောစရိုက်ကို ထန်းလု ရှင်းရှင်းလင်းလင်းမြင်နိုင်မည်ဖြစ်၏။

ထို့ပြင် ဤချက်လက်မှတ်ကို ယဲ့ချန်း သေချာပေါက်ယူလိမ့်မည်ဟု ကျန်းဖန် ယုံကြည်ထားသည်။

တစ်သန်းဟူသော ပမာဏမှာ ယဲ့ချန်းလို ဆင်းရဲသားတစ်ယောက်အတွက် အလွန်ဆွဲဆောင်အားပြင်းလှ၏။

ယဲ့ချန်း ချက်လက်မှတ်ကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်သည်။

"မင်းက ငါ့ကို ငွေပေးပြီးဝယ်ချင်နေတာလား"

ကျန်းဖန်ကလည်း လှောင်ရယ်လိုက်၏။

"ငွေတစ်သန်းနော်။ မင်း တစ်သက်လုံးတက္ကစီမောင်းရင်တောင် အဲဒီလောက်ရမှာမဟုတ်ဘူး။ ဒီပိုက်ဆံနဲ့ဆိုရင် မင်း ဘဝပြောင်းသွားမှာနော်။ ဘယ်လိုလဲ.. မင်း လုလုကိုသာစွန့်လွှတ်လိုက်ရင် ဒီပိုက်ဆံက မင်းအပိုင်ပဲ"

ယဲ့ချန်း ရုတ်တရက်ရယ်လိုက်မိသည်။

"လုလုကို ရောင်းကုန်တစ်ခုလို့များ မင်း ထင်နေတာလား။ မင်းကများ သူ့ကို ဈေးနှုန်းသတ်မှတ်ရဲတယ်ပေါ့လေ။ ငါ လုလုကို သဘောကျတယ်။ သူ့ဖြစ်တည်မှုကိုပဲ ငါ သဘောကျတာ"

"ဟားဟား ချာတိတ်.. မင်း ဘာတွေဟန်ဆောင်နေတာလဲ။ သူ့မှာ ချမ်းသာတဲ့အမေရှိလို့ ငါတို့နှစ်ယောက်စလုံး သူ့ကိုလိုချင်ကြတာမလား။ ငါ သူ့ချစ်သူဖြစ်သွားတာနဲ့ သူ့မိသားစုစည်းစိမ်တွေအကုန်လုံး ငါ့အပိုင်ဖြစ်သွားမှာ။ ချာတိတ်.. မင်းမှာ အရည်အချင်းမရှိပါဘူး။ လာမရှုပ်နဲ့.. ထန်းလုကို ငါ့ဆီသာ ပေးလိုက်တော့"

ယဲ့ချန်းက ဤစကားကိုကြားသောအခါ ကျန်းဖန်၏လက်ထဲမှ ချက်လက်မှတ်ကို လှမ်းယူလိုက်၏။

ယဲ့ချန်း ချက်လက်မှတ်ယူသွားတာကို မြင်သောအခါ ကျန်းဖန်လည်း ဝမ်းသာလုံးဆို့သွားလေသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ယဲ့ချန်းက ချက်လက်မှတ်ကို တစ်စစီဆွဲဖြဲပြီး ကျန်းဖန်ဆီသို့ ပစ်ပေါက်လိုက်၏။

"ဆန်ကုန်မြေလေးကောင်..ငါ လုလုကို မင်းလိုအမှိုက်ကောင်ဆီ မပေးနိုင်ဘူး"

ဤသို့ဖြင့် အံ့သြထိတ်လန့်နေသော ကျန်းဖန်၏အကြည့်အောက်မှာပင် ယဲ့ချန်းက တစ်ဖက်လှည့်၍ ကားပေါ်သို့တက်ကာ မောင်းထွက်သွားလေတော့သည်။

ကျန်းဖန်လည်း အကြောင်သားဖြစ်သွားရလေသည်။

ယဲ့ချန်းက သူရေးပေးထားသော ချက်လက်မှတ်ကို ဆွဲဖြဲလိမ့်မည်ဟု လုံးဝထင်မထားပေ။

"လူယုတ်မာ.. မိန်းမတစ်ယောက်ကို ငါနဲ့ပြိုင်လုချင်တယ်ပေါ့။ ငါ မင်းကို ပြန်ပေးဆပ်ခိုင်းမယ်"

ယဲ့ချန်း၏ Volkswagenကားမီးရောင်ကိုကြည့်ရင်း ကျန်းဖန် ဒေါသအလိပ်လိုက်ထွက်နေချေသည်။

ယဲ့ချန်းက မောင်းထွက်လာခဲ့ပြီးနောက် သူရိုက်ယူလာခဲ့သော ဗီဒီယိုကို ထန်းလုဆီသို့ ချက်ချင်းပို့လိုက်၏။

ထန်းလုခမျာ အစကတော့ ယဲ့ချန်းဆီက ဝီချက်မက်ဆေ့ချ်တစ်စောင်ရောက်လာသဖြင့် ပျော်နေသော်ငြား ဗီဒီယိုထဲရှိ အကြောင်းအရာကို မြင်ပြီးနောက် သူ(မ)၏မျက်နှာထက်၌ ဒေါသရိပ်များ လွှမ်းလာချေသည်။

သူ(မ)လည်း ထိုဗီဒီယိုကို သူ(မ)၏အမေလီဟွေ့ဆီသို့ ပို့ပြီးနောက် သူ့အမေ၏ ဖုန်းနံပါတ်ကို ချက်ချင်းခေါ်လိုက်သည်။

လီဟွေ့က ကျန်းဖန်၏အမေနှင့် စကားပြောနေခြင်းပင်။

သူတို့နှစ်ယောက်က မင်္ဂလာအခမ်းအနားကို ဘယ်နေရာမှာ ကျင်းပမလဲဆိုတာကိုပင် ဆွေးနွေးနေကြသည်။ ထိုအချိန် ဖုန်းဝင်လာလေရာ လီဟွေ့လည်း ပြုံးလျက် ပြောလိုက်၏။

"တွေ့ပြီးကြပြီထင်တယ်"

မစ္စကျန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

"အစ်မဟွေ့.. စိတ်ချပါ။ ကျွန်မသားကို ရှင့်သမီး သေချာပေါက်စိတ်တိုင်းကျမှာပါ"

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်ပြီးနောက် ဒေါသထွက်နေသော ထန်းလု၏အသံက တစ်ဖက်မှ ထွက်ပေါ်လာလေသည်။

"အမေ.. အမေ သမီးကို ဘယ်လိုလူစားမျိုးနဲ့ မိတ်ဆက်ပေးတာလဲ။ အမေကိုယ်တိုင် ဗီဒီယိုကြည့်ကြည့်လိုက်"

လီဟွေ့ ဖုန်းချပြီးနောက် ဝေ့ရွှင်းကို ဖွင့်လိုက်လေရာ ဗီဒီယိုထဲရှိ အကြောင်းအရာကိုမြင်ပြီးနောက် ဒေါသထွက်သွားချေသည်။

"ဒါက တော်လှချည်ရဲ့ဆိုတဲ့ ရှင့်သားပေါ့။ အခုကစပြီး ကျွန်မတို့မိသားစုတွေ ဘာပတ်သက်မှုမှမရှိတော့ဘူး။ ထွက်သွားတော့"

"အစ်မဟွေ့.. ဘာဖြစ်လို့လဲ။ ဘာလို့ ဒီလောက်ဒေါသထွက်နေတာလဲ"

လီဟွေ့ကလည်း ထိုဗီဒီယိုကို မစ္စကျန်းဆီသို့ ပို့ပြီးနောက် သူ(မ)ကို မောင်းထုတ်လိုက်၏။

မစ္စကျန်းခမျာ အိမ်ထဲမှ နှင်ထုတ်ခံလိုက်ရသဖြင့် ဒေါသကြောင့် မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားချေသည်။

ဗီဒီယိုထဲရှိ အကြောင်းအရာကို မြင်သောအခါ သူ(မ) ဒေါသထွက်ရလေတော့သည်။

သူ(မ)ကတော့ လီဟွေ့နှင့် မိတ်ဆွေဖြစ်ရဖို့အရေး မနည်းကြိုးစားခဲ့ရသည်။ ဤသည်မှာ သူ(မ)၏သားကို လီဟွေ့နှင့် မိတ်ဆက်ပေးနိုင်မည့် အကောင်းဆုံးအခွင့်အရေးပင်။

သူ(မ) တစ်ဆင့်ချင်းစီကို ပါးပါးနပ်နပ်အစီအစဉ်ချခဲ့ခြင်းမှာ သူ(မ)၏သားကို ထန်းလုနှင့်လက်ထပ်ပေးပြီး မေသာ့လုပ်ငန်းစုကို အရယူရန်အတွက်ပင်။

သို့သော် တုံးအလှသော သူ(မ)၏သားကတော့ သူ(မ)အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

မစ္စကျန်းလည်း သူ(မ)၏သားကို ဖုန်းဆက်လိုက်၏။

"အမေ ဘာဖြစ်လို့လဲ"

"ကောင်စုတ်လေး..မင်းကများ ဘာဖြစ်နေတာလဲလို့ မေးရဲသေးတယ်ပေါ့။ မင်းကို အခုလိုအသုံးမကျတဲ့သားမျိုးဖြစ်အောင် ငါ ဘယ်လိုမွေးခဲ့မိပါလိမ့်"

တစ်သီတစ်သန်းကြီး ပြောဆိုခံပြီးနောက် ကျန်းဖန်တစ်ယောက် ဆူပူကြိမ်းမောင်းခံရပြန်သည်။

သူ့အမေပို့လိုက်သော ဝီချက်မက်ဆေ့ချ်ကို ဖွင့်လိုက်သောအခါ ဗီဒီယိုထဲရှိ အကြောင်းအရာကြောင့် ကျန်းဖန်လည်း ဒေါသထွက်ရလွန်းသဖြင့် မေ့လဲလုမတတ်ပင်။

ယဲ့ချန်းက ဤဗီဒီယိုကို ထန်းလုဆီကို ပို့လိမ့်မည်ဟု သူ လုံးဝထင်မထားချေ။

သူ့အစီအစဉ် လုံးဝကျရှုံးသွားပြီဖြစ်ကြောင်း ကျန်းဖန် သိသည်။

ယဲ့ချန်းက တော်ဝင်မင်းသားအိမ်တော်၏ အဝင်ဝ၌ ကားရပ်လိုက်သည်။ သူ ကားထဲကဆင်းလိုက်သည်နှင့် တက္ကစီတစ်စီးက သူ့နောက်သို့ လိုက်လာသည်။

တက္ကစီတံခါးပွင့်လာချိန်ဝယ် ပန်းစည်းကိုင်ထားသော အမျိုးသမီးတစ်ယောက်က ကားပေါ်မှဆင်းလာသည်။

ထိုသူမှာ စုခယ်ပင်။

ယဲ့ချန်း အံ့အားသင့်သွားရသည်။

ဒါက ဘယ်လိုတောင်ရဲတင်းတာလဲ?

စုခယ်၏ခေါင်းကို သူကြည့်လိုက်သောအခါ လက်ဖက်စိမ်းညွှန်ကိန်းက ကိုးဆယ်ရှိနေပေသည်။

သောက်ကျိုးနည်း!

ဒီမိန်းမက ယောကျ်ားဘယ်နှယောက်ကိုများ ထိန်းချုပ်စိုးမိုးဖူးတာလဲ?

ယဲ့ချန်း ထိတ်လန့်သွားလေသည်။

"ယဲ့ချန်း.. ကျွန်မကို အခွင့်အရေးတစ်ခုလောက် ပေးပါဦး။ ရှင့်ရဲ့တတိယမြောက်မယားငယ်လုပ်ရမယ်ဆိုရင်တောင် အဆင်ပြေပါတယ်"

"တတိယမြောက်မယားငယ်လား"

ဤမိန်းကလေးက လူကုံထံမိသားစုထဲကို ဝင်ရဖို့အတွက်နှင့် တတိယမြောက်မယားငယ်ပါ အဖြစ်ခံလိမ့်မည်ဟု သူ(မ) ထင်မထားချေ။

"ဆောရီး.. ငါကတော့ မယားငယ်ထားတတ်တဲ့ အကျင့်မရှိလို့ ကျေးဇူးပြုပြီး ငါ့ကို တွယ်ကပ်မနေပါနဲ့တော့"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းလည်း တော်ဝင်မင်းသားအိမ်တော်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်သည်။

ယဲ့ချန်းက တော်ဝင်မင်းသားအိမ်တော်ထဲသို့ ဝင်သွားသောအခါ စုခယ်လည်း အနောက်က လိုက်သွားလေ၏။

သို့သော် အဝင်ဝရှိ လုံခြုံရေးက သူ(မ)ကို တားလိုက်သည်။

"ရှင် ကျွန်မကို ဘာလို့လာတားတာလဲ"

"ခင်ဗျား ဒီထဲကိုဝင်လို့မရပါဘူး"

"ဒါဆို သူက ဘာလို့ဝင်လို့ရတာလဲ"

"ဒါက မစ္စတာယဲ့ရဲ့အိမ်လေ.. သူက ဘာလို့ ဝင်လို့မရရမှာလဲ"

"ဘာ? တော်ဝင်မင်းသားအိမ်တော်က ယဲ့ချန်းရဲ့အိမ်ပေါ့"

စုခယ် လန့်ဖျပ်သွားသဖြင့် အကျယ်ကြီးအော်လိုက်မိ၏။

ဤမျှချမ်းသာကြွယ်ဝပြီး ခန့်ညားလှသော အမျိုးသားတစ်ယောက်ကို လွဲချော်သွားခြင်းဖြစ်ကြောင်း သူ(မ) သိလိုက်ရသည်။

ယဲ့ချန်းကတော့ လီယွမ်ယွမ်၏မိသားစုအတွက် အစစအရာရာစီစဉ်ပေးပြီးပြီဖြစ်သောကြောင့် မိုတုကို ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လာခဲ့လိုက်သည်။

ပြန်ရောက်ရောက်ချင်းမှာပင် သူ့ထံသို့ လျိုဝေ့ဝေ့က ဖုန်းဆက်လာသည်။

"ယဲ့ချန်း.. ရှင် ကျွန်မကို Mနိုင်ငံက ထိပ်တန်းဟက်ကာတစ်ယောက်ကို ကူဖြေရှင်းပေးလို့ရမလား"

လျိုဝေ့ဝေ့က စိုးရိမ်ပူပန်စွာ ဆိုလာလေသည်။

••••••••••••

All Chapters