ကောင်းကောင်းသင်ယူ
Vol. 6 Ch. 87
လင်းယောင်ယောင်က ငါ့ကို အကွက်ဆင်ချင်လွန်းလို့ အရူးတစ်ပိုင်းဖြစ်နေပုံပဲ...
သူ(မ)ဘက်က ထောင်ချောက်ဆင်ချင်နေမှတော့ ယဲ့ချန်းကလည်း သည်းခံနေမည်မဟုတ်ချေ။ ယဲ့ချန်းက ဂိမ်းကစားရင်း သာမန်ကာလျှံကာ မေးလိုက်၏။
"ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီလား"
"ဟုတ်တယ်။ ဘယ်သူမှ ငွေကို မလွန်ဆန်နိုင်ဘူးလေ။ ကျွန်မလည်း ငွေလိုတယ်။ လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်တုန်းက ကျွန်မမိဘတွေ ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ်။ ကျွန်မတို့က သတင်းစာရောင်းတဲ့ ကျွန်မရဲ့မသန်စွမ်းအဖေကိုပဲ အားကိုးခဲ့ရတာ။ အခုတော့ သူလည်း ကျန်းမာရေးမကောင်းတော့ဘူး။ ကျွန်မ သူ့ကိုကုသပေးဖို့အတွက် ပိုက်ဆံရှာမှဖြစ်မယ်"
ထိုသို့ပြောရင်း လင်းယောင်ယောင်၏မျက်လုံးအစုံ နီမြန်းလာချေသည်။
"မင်းမှာ မောင်လေးတစ်ယောက် ရှိသေးတယ်မဟုတ်လား"
ယဲ့ချန်း မေးလိုက်မိသည်။
"ကျွန်မမောင်လေးကလည်း ကားအက်ဆီးဒင့်မှာ ဆုံးသွားတာလေ"
လင်းယောင်ယောင်က ဆို၏။ ထို့နောက် နာကျင်ဖွယ်အမှတ်တရများကို ပြန်သတိရမိလိုက်သဖြင့် မျက်ရည်များက ထိန်းချုပ်၍မရနိုင်လောက်အောင် ကျဆင်းလာသည်။
လင်းယောင်ယောင်၏သရုပ်ဆောင်မှုကို ကြည့်ရင်း ယဲ့ချန်း ဆွံ့အသွားရသည်။
သေလိုက်ပါတော့.. သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က ငါ့ရဲ့နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်ထက် မနိမ့်ဘူးပဲ...
သူ(မ)က မျက်ရည်တုများသုံးတတ်သော အနုပညာရှင်များထက် သာပေသည်။
သူ(မ)၏ရုပ်ရည်နှင့် အစွမ်းအစဖြင့် အနုပညာလောကထဲတွင် ကြယ်ပွင့်တစ်ယောက် ဖြစ်လာနိုင်ပါသည့်တိုင် ဘာလို့များ လျှို့ဝှက်အေးဂျင့်တစ်ယောက် လုပ်ရလေသလဲ။
သူ့ဝှက်ဖဲကိုသိထားလို့ တော်သေးတာပေါ့.. မဟုတ်ရင် သူ့မျက်ရည်ကြောင့် ငါ အရူးလုပ်ခံရတော့မလို့..
မင်းက သရုပ်ဆောင်နိုင်ရုံပါ..ငါ့မှာတော့ နတ်ဘုရားအဆင့်သရုပ်ဆောင်စွမ်းရည်ရှိတယ်... ငါ မင်းကိုကြောက်လိမ့်မယ်များ ထင်နေလား?
ယဲ့ချန်းလည်း လင်းယောင်ယောင်ကို အနားသို့ဆွဲခေါ်လိုက်ပြီး မေးလိုက်သည်။
"မင်းအဖေရဲ့ကုသမှုအတွက် ပိုက်ဆံဘယ်လောက်လိုတာလဲ"
"တစ်သန်း"
လင်းယောင်ယောင်က အံတင်းတင်းကြိတ်လျက် ပြောလိုက်၏။
"အဲဒီလောက်တောင်လား? မင်းကိုယ်မင်း အဲဒီလောက်တန်တယ်လို့ ထင်တယ်ပေါ့လေ"
ယဲ့ချန်းက စနောက်လေဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်မ..ကျွန်မက နှစ်တော်တော်ကြာအောင် ကျောင်းစာပဲလေ့လာနေခဲ့ရတာမို့ အပျိုပဲရှိပါသေးတယ်"
လင်းယောင်ယောင် ထိုသို့ဆိုလိုက်၏။
ရာဂစိတ်ပြင်းပြသော ယဲ့ချန်း၏အကြည့်ကိုမြင်သောအခါ လင်းယောင်ယောင်လည်း အရှေ့ကိုတိုး၍ ပါးရိုက်ပစ်လိုက်ချင်မိသည်။
"ကောင်းပြီလေ.. မှတ်ထားနော်။ အခုကစပြီး မင်းက ငါ့အပိုင်ပဲ။ ငါ့စကားကိုပဲ နာခံရမယ်"
ယဲ့ချန်းက လင်းယောင်ယောင်၏မေးစေ့ကို ကလူကျီစယ်ဟန်ဖြင့် ပင့်မော့လျက် ပြောလိုက်သည်။
"အင်း"
လင်းယောင်ယောင်ခမျာ သူ(မ)နှလုံးသားထဲရှိ ဒေါသကို မျိုသိပ်၍ ခေါင်းညိတ်ပြလိုက်သည်။
ရုံးခန်းထဲမှ ထွက်လာပြီးနောက် လင်းယောင်ယောင် သန့်စင်ခန်းထဲသို့ဝင်ကာ ဖုန်းထဲမှ အက်ပ်တစ်ခုကိုဖွင့်ကာ လျှို့ဝှက်နံပါတ်တစ်ခု ရိုက်ထည့်လိုက်၏။
ထိုဆော့ဖ်ဝဲက ဂိမ်းတစ်ခုနှင့် ဆင်တူသော်ငြား ဖွင့်လိုက်ပြီးနောက်မှာတော့ မက်ဆေ့ချ်ဘောက်စ်တစ်ခု ပေါ်လာခဲ့သည်။
"ဘော့စ်... ကျွန်မ ပစ်မှတ်နားကို အောင်အောင်မြင်မြင်ချဉ်းကပ်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ရှင့်ကတိကို ဘယ်တော့လောက်တည်ပေးမှာလဲ"
"မစ်ရှင်ပြီးသွားတာနဲ့ ငါတို့ကတိပေးထားသမျှ အရာအားလုံးကို မင်းကိုပေးမယ်"
တစ်ဖက်လူက အကြောင်းပြန်လာသည်။
"ကောင်းပါပြီ.. ကျွန်မ မစ်ရှင်ကို အမြန်ဆုံးပြီးအောင် လုပ်လိုက်ပါ့မယ်"
လင်းယောင်ယောင်က သက်ပြင်းနက်နက်ရှူသွင်းရင်း ပြောလိုက်၏။ု
"မင်းဆီက သတင်းကောင်းကိုမျှော်နေမယ်"
အက်ပ်ကိုပိတ်ပြီးနောက် လင်းယောင်ယောင် သက်ပြင်းချလိုက်လေသည်။ သူ(မ)လည်း ဤကိစ္စကို ကြံရာမရသည့်အဆုံး လုပ်ခဲ့ရခြင်းပင်။
တစ်ခါတုန်းက သူ(မ)တွင် သာယာပျော်ရွှင်သော မိသားစုလေးတစ်ခုရှိခဲ့သည်။ တက်ကြွပြီး ချစ်ဖို့ကောင်းသော မောင်လေးတစ်ယောက်နှင့် ချစ်ခင်ကြင်နာတတ်သော မိဘများလည်းရှိသည်။
သူတို့က သိပ်မချမ်းသာသော်ငြား ဘဝကို သက်သောင့်သက်သာဖြတ်သန်းနိုင်ခဲ့သည်။ သို့သော် ထိုကားအက်ဆီးဒင့်က အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်။
သူ(မ)၏မောင်လေးက ပွဲချင်းပြီးဆုံးသွားကာ သူ(မ)အမေကတော့ ကိုမာဝင်သွားပြီး အဖေဖြစ်သူမှာ မသန်စွမ်းဖြစ်သွားရချေသည်။
တစ်မိသားစုလုံးလည်း ညတွင်းချင်းပြိုလဲသွားခဲ့ရသည်။
ဤမတော်တဆမှုအတွက် တာဝန်ရှိသော သူဌေးသားက ဆေးကုသစရိတ်များကိုသာ ပေးချေပြီး ထောင်တစ်နှစ်သာ ကျခဲ့ခြင်းကို သူ(မ) လက်မခံနိုင်ပေ။
ယခုအချိန်တွင် ထိုလူမှာ ကောင်းကောင်းစားသောက်နေထိုင်နေပြီး စာရင်းဝင်လုပ်ငန်းစုတစ်ခု၏ ဥက္ကဋ္ဌပင် ဖြစ်လာလေပြီ။
ထိုလူ့ကို သတင်းထဲ၌ မြင်လိုက်ရချိန်ဝယ် လင်းယောင်ယောင် လက်စားချေဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော် သူ(မ)လို အားနည်းလှသော မိန်းကလေးတစ်ယောက်က မည်သို့ လက်စားချေနိုင်မည်နည်း။
ထို့ကြောင့် ပြန်လမ်းမရှိသော ဤလမ်းကြောင်းကို လျှောက်ခဲ့ရခြင်းပင်။
ရုံးခန်းထဲရှိ ယဲ့ချန်းကလည်း သူ(မ)၏မက်ဆေ့ချ်ဘောက်စ်ကို မြင်ပြီးသားပင်။ လင်းယောင်ယောင် ပြန်လာတာကို မြင်လိုက်ရသောအခါ ယဲ့ချန်း ပြောလိုက်၏။ု
"ဒီည ငါ့အိမ်ကိုလာခဲ့"
လင်းယောင်ယောင် : "..."
သူ(မ)၏မျက်ဝန်းထဲ၌ စိတ်ဓာတ်ကျဟန် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။ သူ(မ)အကြောက်ဆုံး အကြောက်တရားက ဤမျှမြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာလိမ့်မည်ဟု ထင်မထားပေ။
သို့သော် သူ(မ) အံတင်းတင်းကြိတ်ထားမိသည်။
သူ(မ)၏လုပ်ရပ်များမှာ နောက်ပြန်လှည့်၍ မရနိုင်ကြောင်း သူ(မ) ကောင်းကောင်းနားလည်ထားသည်။ သူ(မ)အနေနှင့်လည်း မိဘများ၏နောင်ရေးအတွက် ပိုက်ဆံလိုပေသည်။
…
ယဲ့ချန်းက လျိုဝေ့ဝေ့ကိုဖုန်းဆက်၍ လင်းယောင်ယောင်၏နောက်ကြောင်းရာဇဝင်ကို စုံစမ်းပေးဖို့ တောင်းဆိုလိုက်သည်။
လင်းယောင်ယောင်လို ထူးချွန်သော မိန်းကလေးတစ်ယောက်က အကြောင်းပြချက်တစ်ခုမရှိပါဘဲ ဤလမ်းကြောင်းမျိုးကို လျှောက်လိမ့်မည်မဟုတ်ကြောင်း သူ ခံစားမိသည်။
မကြာခင်မှာပင် လင်းယောင်ယောင်၏မိသားစုအကြောင်း ယဲ့ချန်း သိလိုက်ရ၏။
တစ်ယောက်က ပွဲချင်းပြီးသေသွားကာ နှစ်ယောက်က ကားအက်ဆီးဒင့်တွင် အပြင်းအထန်ဒဏ်ရာရခဲ့သည်။
"ကားတိုက်သွားတဲ့ သူဌေးသားကရော ဘာဖြစ်သွားလဲ"
"သူက မဆင်မခြင်မောင်းနှင်မှုနဲ့ စွဲချက်အတင်ခံခဲ့ရပြီး ထောင်သုံးနှစ်ကျသွားပေမဲ့ တစ်နှစ်အဖြစ် လျှော့ချခံခဲ့ရတယ်။ အခုဆိုရင် ထန်းရီလုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဖြစ်နေပြီ"
သေလိုက်လေ!
လူကောင်းတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရပြီး လူယုတ်မာတွေကတော့ နှစ်တစ်ထောင်လောက်ရှင်သန်နေရသတဲ့။ မင်းက ပျော်ရွှင်နေတဲ့ မိသားစုတစ်ခုကို ဖျက်ဆီးပစ်ခဲ့ပြီး ချမ်းချမ်းသာသာနေနေတုန်းပေါ့...
အဆုံးမှာတော့ ယဲ့ချန်းလည်း လင်းယောင်ယောင် ဘာကြောင့် ယခုလိုလုပ်ခဲ့ရသလဲဆိုတာကို နားလည်သွားသည်။
စာရင်းဝင်လုပ်ငန်းစုတစ်ခု၏ ဥက္ကဋ္ဌကို လက်စားချေရန်မှာ အားနည်းလှသော မိန်းကလေးတစ်ယောက်အတွက် ခက်ခဲလှပေသည်။
တစ်ဖက်လူက သူ(မ)အတွက် လက်စားချေပေးမည်ဟုဆိုကာ ယခုလိုအန္တရာယ်တွင်းထဲသို့ တွန်းပို့ခဲ့ခြင်းပင်။
လင်းယောင်ယောင်က အလွန်ရိုးအလှသည်။
ထိုလူများက သူ(မ)ကို လှည့်စားနေခြင်းသာဖြစ်၏။ ဟွားနိုင်ငံတွင် ဥပဒေမဲ့ပြုမူ၍မရပေ။
ယဲ့ချန်း လင်းယောင်ယောင်အပေါ် ကရုဏာသက်မိသွားသည်။
"စကားမစပ် ယဲ့ချန်း.. ရှင် ကျွန်မကို စုံစမ်းခိုင်းတဲ့လူက တစ်ခုခုများဖြစ်လို့လား"
လျိုဝေ့ဝေ့က ရုတ်တရက်မေးလာလေသည်။
"ဟုတ်တယ်။ ငါ့ကို အချိန်နှစ်ရက်လောက်ပေးဦး။ နောက်မှ ငါ မင်းကိုရှင်းပြမယ်"
ယဲ့ချန်းက အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်၏။
အစကတော့ လင်းယောင်ယောင်ကို လျိုဝေ့ဝေ့ထံသို့ လွှဲပေးရန် စီစဉ်ထားသော်လည်း ထိုသို့လုပ်လိုက်ပါက သူ(မ)၏အဖြစ်က ဆိုးဝါးသွားပေလိမ့်မည်။
ယခုမူ ယဲ့ချန်း စိတ်ပြောင်းသွားပြီဖြစ်၏။ သူ လင်းယောင်ယောင်ကို ကယ်တင်ပြီး လမ်းမှန်သို့ ပြန်ရောက်လာစေချင်သည်။
[တင်.. ၁၁၆၈နှင့်ဆုံးသော သင့်အကောင့်ထဲကို ငွေတစ်သန်းရောက်ရှိပါတယ်]
ဤမက်ဆေ့ချ်ကို မြင်သောအခါ လင်းယောင်ယောင် ကြက်သေသေသွားရသည်။
"ယဲ့ချန်း ရှင်..."
"မင်းအဖေရဲ့ဆေးကုသစရိတ်အဖြစ် သုံးလိုက်ပါ"
သူ ထိုသို့ ပြန်ပြောလိုက်၏။
လင်းယောင်ယောင် ခေါင်းညိတ်ပြလိုက်၏။
အလုပ်ဆင်းချိန်တွင် လင်းယောင်ယောင်က ယဲ့ချန်းနောက်သို့လိုက်လာပြီး ကားထဲသို့ ဝင်လာခဲ့သည်။
"မင်း ဘယ်သွားမှာလဲ"
ယဲ့ချန်း မေးလိုက်သည်။
"ရှင့်အိမ်ကို သွားမှာမဟုတ်ဘူးလား"
လင်းယောင်ယောင် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။
"ငါ့အိမ်ကိုသွားမှာလား"
ယဲ့ချန်း အတန်ငယ်အံ့ဩသွားရသည်။
"ရှင် ပိုက်ဆံပေးပြီးပြီလေ။ ဒီတော့ ကျွန်မလည်း လုပ်သင်လုပ်ထိုက်တာကိုလုပ်ရမှာပေါ့"
လင်းယောင်ယောင်က ဤသို့ဆိုလာသည်။
"ငါက ဖိအားပေးရတာမျိုးကို သဘောမကျဘူး"
ယဲ့ချန်း ခွန်းတုံ့ပြန်လိုက်၏။
"မဟုတ်ဘူး။ ကျွန်မ ဆန္ဒရှိပါတယ်။ ကျွန်မလေးစားရတဲ့လူတစ်ယောက်နဲ့ အတူနေရရင် ဒီတစ်သက် နောင်တရမယ်မထင်ဘူး"
လင်းယောင်ယောင်က ပြောလာသည်။
လင်းယောင်ယောင်၏စကားထဲမှ စိတ်ပိုင်းဖြတ်မှုကို ယဲ့ချန်း ရိပ်စားမိလိုက်သည်။ ထို့ကြောင့် သူ(မ)၏ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်လိုက်သည်။
…
ထိုည၌ ယဲ့ချန်းက ရေချိုးခန်းထဲမှ ထွက်လာသော လင်းယောင်ယောင်ကို ကြည့်လိုက်မိသည်။
သူ(မ)က ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပကြောင်းကိုတော့ သူ ဝန်ခံရပေလိမ့်မည်။ အထူးသဖြင့် လက်ရှိအချိန်မှာပင်။
ဟူး!
သနားဖို့ကောင်းလိုက်တာ...
…
နောက်တစ်နေ့မနက်၌...
သူ့ဘေးရှိ လင်းယောင်ယောင်ကိုကြည့်ရင်း ယဲ့ချန်း ပြောစရာစကားကင်းမဲ့သွားရသည်။
လျှို့ဝှက်အေးဂျင့်များက ပရော်ဖက်ရှင်နယ်ဆန်သင့်သည်မဟုတ်ပါလား။ သူ(မ)၏အရည်အချင်းက ဘာကြောင့်များ သည်လောက်အထိ ညံ့နေရသလဲ။
မနေ့ညတုန်းက ယဲ့ချန်း၏အတွေ့အကြုံကား အလွန်စိတ်ပျက်ဖွယ်ရာပင်။
ယဲ့ချန်းလည်း အိပ်ရာထပြီးနောက် လင်းယောင်ယောင်ကို ဝက်ဘ်ဆိုက်တစ်ခု ရှဲပေးလိုက်သည်။
"ဒီနေ့ အလုပ်သွားစရာမလိုဘူး။ ကောင်းကောင်းလေ့လာထား"
သူက ထိုသို့ပြောပြီးနောက် ချက်ပြုတ်ရန်အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
မနက်စာစားနေစဉ်အတောအတွင်း ယဲ့ချန်း မေးကြည့်လိုက်သည်။
"မင်း တစ်ခုခုသင်ယူပြီးပြီလား"
လင်းယောင်ယောင် ရှက်သွေးဖြာသွားရသည်။
ဤလူယုတ်မာက သူ(မ)အား ထိုအကြောင်းအရာများကို လေ့လာခိုင်းသွားပေသည်။
သို့သော် သူ(မ) ခေါင်းညိတ်ပြလိုက်သည်။
မနက်စာစာပြီးနောက် ယဲ့ချန်း ပြောလိုက်၏။
"အဲဒါကို လေ့ကျင့်ကြည့်ကြမလား"
လင်းယောင်ယောင် : "..."
လေ့လာခြင်းကား အလွန်အရေးပါလှသည်။ လင်းယောင်ယောင်က အတတ်မြန်သူတစ်ယောက်ပင်။
ဤတစ်ခေါက်မှာတော့ ယဲ့ချန်း၏အတွေ့အကြုံမှာ အလွန်ပြီးပြည့်စုံလှသည်။
သို့သော် လင်းယောင်ယောင်ကတော့ အားကုန်တော့မတတ်ပင်။
သူတို့နှစ်ယောက်သား ညနေအထိ အိပ်ပျော်သွားကြသည်။ ညစာအတွက်လည်း ယဲ့ချန်းကသာ ချက်ရပြန်သည်။
အသားလွှာနှင့် ဂဏန်းအစပ်မှာ အလွန်ခမ်းနားလှသော စားပွဲတစ်ခုဖြစ်၏။
သူက ဝိုင်နီကိုပင် ပြင်ထားလိုက်သေးသည်။
"ဒီလိုစားကောင်းသောက်ဖွယ်တွေတောင် ပြင်ထားတာလား"
လင်းယောင်ယောင် တဒင်္ဂမျှ အံ့ဩမှင်တက်သွားလေသည်။
"ဟုတ်တယ်လေ။ မင်း မြန်မြန်သက်သာလာအောင်လို့"
ယဲ့ချန်းက လင်းယောင်ယောင်၏ဝိုင်ခွက်ကိုကြည့်၍ နောင်တရလေဟန်ဖြင့် ပြောလိုက်သည်။
"အိုး"
"ယောင်ယောင် ငါ မင်းကို ဇာတ်လမ်းတစ်ခုပြောပြမယ်"
•••••••••••••••••