← Chapters

အိပ်မက်နတ်ဆိုးမယ်၏ လှုပ်ရှားမှု

Vol. 31 Ch. 454

အိပ်မက်နတ်ဆိုးမယ်၏ လှုပ်ရှားမှု

Vol. 31 Ch. 454

ဆောင်းတောင်ကုန်းမြို့ ရပ်ကွက်ဟောင်းရှိ ထာဝရတိုင်းပြည် စွန့်စားသူ အစည်းအရုံးတွင် ဖြစ်သည်။

"ဒီလိုပါ၊ ကျွန်တော်တို့ ညီလာခံ လုံခြုံရေး အတွက် စစ်သည်တော် ၅၀ ယောက် ခေါ်ယူ ချင်ပါတယ်။ အမြန်ဆုံး စီစဉ်ပေး နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်ရင် သူတို့ကို ဆောင်းတောင်ကုန်းမြို့ အရှေ့တံခါးမှာ စုဝေးခိုင်းပြီး ကျွန်တော့်ဆီ သတင်းပို့ခိုင်းပါ"

အနောက်တိုင်းဝတ်စုံ ဝတ်ထားသော ဝံပုလွေလူသား တစ်ဦးက စွန့်စားသူ အစည်းအရုံး၏ ရုံးခန်းအတွင်း၌ ထိုင်ကာ အိပ်မက်နတ်ဆိုးမယ်ကို ပြောဆို နေ၏။

"စိတ်မပူပါနဲ့၊ ကျွန်မတို့ သင့်တော်တဲ့ စစ်သည်တော်တွေကို မနက်ဖြန် ရှင့်ဆီ သတင်းပို့ဖို့ စီစဉ်ပေးပါ့မယ်"

အိဗလင်းက အသေးစိတ် အချက်အလက်များကို မှတ်တမ်း တင်ရင်း "ဘယ်အမျိုးအစားကို မှတ်ပုံတင်ချင်ပါသလဲ။ Cလား၊ Bလား၊ ဒါမှမဟုတ် Aလား"ဟု မေးလိုက်သည်။

"စွန့်စားသူ အစည်းအရုံးရဲ့ အမျိုးအစားတွေ အကြောင်း ကျွန်တော် မကြားဖူးဘူး။ ဟမ်၊ ညီလာခံရဲ့ အရေးကြီးပုံကို ထည့်စဉ်းစားလိုက်ရင်၊ A အမျိုးအစား အတွက် မှတ်ပုံတင်တာ ပိုသင့်တော်မယ်လို့ ထင်ပါတယ်" ဝံပုလွေလူသားက ခေါင်းညိတ်ကာ လေးနက်စွာ ပြောလိုက်သည်။

"A အမျိုးအစားလား။ ဟမ်၊ ဈေးနှုန်းက နည်းနည်းတော့ ပိုများလိမ့်မယ်။ ရှင် သေချာရဲ့လား"

အိဗလင်းက ဧည့်သည် A အမျိုးအစားကို ရွေးချယ် လိမ့်မည်ဟု မမျှော်လင့် ထားသောကြောင့် အံ့အားသင့် သွား၏။

"ကျွန်တော်တို့ သေချာပါတယ်" ဝံပုလွေလူသားက ခေါင်းညိတ်ကာ ပြောလိုက်သည်။

အိဗလင်းက ဧည့်သည်၏ ရွေးချယ်မှုကို အတည်ပြုပြီး သူမ၏ စာအုပ်တွင် မှတ်တမ်း တင်လိုက်သည်: ဆောင်းတောင်ကုန်းမြို့ နှစ်ပတ်လည် ဆံပင်ညှပ်သမားများ အသင်း ညီလာခံ၊ မစ်ရှင်အမျိုးအစား A။

မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် ပြီးနောက် အိဗလင်းက ထရပ်ကာ ဝံပုလွေလူသားကို ယဉ်ကျေးစွာ နှုတ်ဆက် လိုက်၏။

အိဗလင်းက ရုံးခန်းသို့ ပြန်သွားပြီး စာအုပ်ငယ် တစ်အုပ်ကို ထုတ်ယူကာ မှတ်ပုံတင် ထားသော မစ်ရှင်ကို မှတ်တမ်း တင်လိုက်သည်။

အိဗလင်းက ဧည့်ကြို တစ်ဦးသာ ဖြစ်ပြီး အမှန်စစ်စစ် မစ်ရှင်မှတ်ပုံတင်ခြင်း များကို ဘရုက ပြုလုပ်သော်လည်း သူမက လက်ခံထားသော မစ်ရှင် အားလုံးကို စည်းစနစ်ကျစွာ မှတ်တမ်း တင် ထားလိမ့်မည်။

အမှန်တကယ် အသုံးမဝင်သော်လည်း သူမ စိတ်သက်သာရာ ရ၏။ သို့မဟုတ်ပါက သူမက အရှင်ရှားလော့ခ်ထံမှ အလကား စားနေ သကဲ့သို့ ခံစားရသည်။

အသစ် မှတ်ပုံတင်ထားသော မစ်ရှင်က မစ်ရှင်ဘုတ်တွင် ပေါ်လာပြီး ထိုဘုတ်ကို ဂိမ်းမာများသာ ကြည့်ရှုနိုင်၏။

အသား၊အရွက်နဲ့ ဆန်မဟာမိတ်မှ ဂိမ်းမာ အချို့က ဤ A အမျိုးအစား မစ်ရှင်ကို လက်ခံ လိုက်ကြသည်။ အိဗလင်းက ထိုနေရာတွင် လအနည်းငယ်ကြာ အလုပ်,လုပ်ခဲ့ပြီးနောက် အစည်းအရုံး အားလုံးနှင့် သူတို့၏ နာမည်များကို အပြည့်အဝ မသိသေးသော်လည်း အစည်းအရုံး အဖွဲ့ဝင်များ၏ ရင်းနှီးသော မျက်နှာများကိုမူ မှတ်မိနေ၏။

မကြာသေးမီက ထာဝရတိုင်းပြည်နှင့် ပတ်သက်သော ဖြစ်ရပ်များကြောင့် စွန့်စားသူ အစည်းအရုံး၏ ဂုဏ်သတင်းမှာ ရပ်ဝေးရပ်နီး ပျံ့နှံ့ သွားခဲ့သည်။ ဆောင်းတောင်ကုန်းမြို့သားများနှင့် အခြား ဒန်ဂျင်အရှင် များစွာက စိတ်ချယုံကြည်ရသော ဂိမ်းမာများ၏ ဝန်ဆောင်မှုများကို ငှားရမ်းရန် စွန့်စားသူ အစည်းအရုံးသို့ လာရောက်ကြ၏။

ဂိမ်းမာများက သူတို့၏ ပန်းတိုင်သို့ မရောက်မီ လက်လျှော့မည် မဟုတ်ပေ။ စွန့်စားသူ အစည်းအရုံး၏ ဧည့်သည်များက သူတို့က စစ်သည်တော် ငါးဦးမှ ဆယ်ဦးအထိသာ ဝန်ဆောင်မှု ငှားရမ်း ခဲ့သော်လည်း စစ်သည်တော် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ဝန်ဆောင်မှု ပေးခြင်း ခံရ သကဲ့သို့ ခံစားရသည်ဟု ဆိုကြသည်။

ငှားရမ်းထားသော မစ်ရှင်များကို ကြံ့ခိုင်သော ဂိမ်းမာများက အမြဲတမ်း ပြီးမြောက်အောင် လုပ်ဆောင် ပေးသောကြောင့် စွန့်စားသူ အစည်းအရုံး အတွက် စိတ်ချ ယုံကြည်ရသော ဂုဏ်သတင်း တစ်ခု တည်ဆောက် နိုင်ခဲ့၏။

ဂိမ်းမာများက အိမ်မှု ကိစ္စများ အတွက် အလုပ်သမားများ အဖြစ် သာမက ညီလာခံများနှင့် အခမ်းအနားများ အတွက် ပြည့်စုံသော ဝန်ဆောင်မှုများကိုလည်း ပေးအပ် ကြသည်။

သို့သော် အခကြေးငွေများမှာ အတူတူ ပင်ဖြစ်၏။ စွန့်စားသူ အစည်းအရုံးက ငွေရရှိမည် ဆိုပါက ဧည့်သည်များကို ငြင်းပယ်မည် မဟုတ်ပေ။

အလုပ်က အဓိပ္ပာယ်ရှိ၊ မရှိ သို့မဟုတ် သူတို့၏ အဆင့်အတန်းနှင့် သင့်တော်၊ မသင့်တော်ကို ဂိမ်းမာများက အရေးမစိုက်ခဲ့ကြပေ။

အိဗလင်းက မစ်ရှင်အသစ်ကို မှတ်တမ်း တင်နေစဉ် ဖိုးဉာဏ်ကျယ်က ထုံးစံအတိုင်း ဝင်လာ၏။

သူက သူ၏ လက်ဆွဲအိတ်ကို စားပွဲပေါ် တင်ကာ ထိုင်ချ လိုက်သည်။

"ဖိုးဉာဏ်ကျယ်၊ ရှင် နေကောင်းရဲ့လား။ ရှင် ပျောက်သွားတုန်းက ကျွန်မတို့ စိုးရိမ်နေခဲ့ကြတာ" အိဗလင်းက ဖိုးဉာဏ်ကျယ်ကို စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော် နေကောင်းပါတယ်။ ပြဿနာ တစ်ခု ရှိလို့ အရှင်ရှားလော့ခ်နဲ့အတူ အပြင်ထွက်သွားခဲ့တာပါ။ ကျွန်တော့် အတွက် စိတ်မပူပါနဲ့"

ဝိညာဉ်ကောလိပ်တွင် ဖရန်ဂျီပန်နီ၏ ကျူးကျော်မှု ဖြေရှင်းပြီးနောက် ဖိုးဉာဏ်ကျယ်က စွန့်စားသူ အစည်းအရုံးတွင် ချက်ချင်း အလုပ်ပြန်မဆင်းခဲ့ပေ။ ထိုအစား သူက ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ အတွက် ရည်ရွယ်သော မီးဒဏ်ခံ ဆေးရည်များကို ဖော်စပ်ရာတွင် အလုပ်များ နေခဲ့၏။ သူတို့က ဝိုင်ဗန်နဂါးနှင့် တိုက်ခိုက်သည့်အခါ ဆေးရည်များကို အသုံးပြုကြရမည် ဖြစ်သည်။

ဘုရင်မ ဗစ်တိုးရီးယားက ဆေးရည်များကို တောင်းဆို ခဲ့သောကြောင့် ရှားလော့ခ်က ဤတာဝန်ကို အရေးကြီးသည်ဟု သတ်မှတ် ခဲ့သည်။

မီးဒဏ်ခံ ဆေးရည်များကို အောင်မြင်စွာ ဖော်စပ် နိုင်ခဲ့ပြီး ဂိမ်းမာများက ဗစ်တိုးရီးယားမြို့သို့ ပို့ဆောင် ပေးခဲ့ကြသည်။ ထို့နောက်တွင်မှ ဖိုးဉာဏ်ကျယ်က စွန့်စားသူ အစည်းအရုံးတွင် အလုပ်ပြန်ဆင်းခဲ့၏။

သူက မှော်ပစ္စည်း ဖန်တီးရေး အလုပ်ရုံနှင့် အဂ္ဂိရိတ် အလုပ်ရုံတို့တွင် အလုပ်,လုပ် ရမည် ဖြစ်သောကြောင့် စွန့်စားသူ အစည်းအရုံးတွင် ကြာရှည် နေထိုင်နိုင်မည် မဟုတ်ပေ။

ဖိုးဉာဏ်ကျယ်ကို နှုတ်ဆက်ပြီးနောက် အိဗလင်းက သူမ၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေ၏။ ဖိုးဉာဏ်ကျယ်က စကားနည်းပြီး အိဗလင်းနှင့်လည်း စကား များများစားစား မပြောခဲ့ပေ။

အိဗလင်းရှေ့မှ ဂိမ်းမာများက ဆိုကြသည်။ "အိုး၊ ငါတို့ ဖိုးဉာဏ်ကျယ်နဲ့ မစ္စအိပ်မက်နတ်ဆိုးမယ်ကိုကျ မမေးရသေးဘူးပဲ"

"ရှင်တို့ ဘာမေးနေကြတာလဲ"

"ကြောင်နက်လေး ပိုလီယိုက ပွဲတက်အက အခြေခံစည်းမျဉ်းတွေ အကြောင်း သင်ယူနေတာနဲ့ ပတ်သက်လို့ပါ။ မနေ့က ဂိမ်းမာ တစ်ယောက်က ပိုလီယိုရဲ့ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်ကို စတင်ခဲ့တယ်။ ခင်ဗျားတို့ မေ့သွား ကြပြီလား"

"ဖိုရမ်မှာ ဆွေးနွေးခဲ့တဲ့ အတိုင်းဆို မစ်ရှင်က ပယ်ဖျက်လိုက်ပြီ မဟုတ်ဘူးလား။ အဲ့ဒါက အသက်ဝင် နေသေးလို့လား။ အဲ့လိုဆိုရင်၊ အဲ့ဒါက ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင် တစ်ခု မဟုတ်တော့ဘူး"

"ဟုတ်ပါတယ်၊ မစ်ရှင်က အကျုံးဝင်နေတုန်းပဲ။ ခင်ဗျားတို့ ပိုလီယိုကို အရည်အချင်း ပြည့်ဝတဲ့ ကဖော်တစ်ယောက် ဘယ်လို ဖြစ်လာရမလဲ ဆိုတာ ပြောပြ နိုင်ရင်၊ သူက ခင်ဗျားတို့ကို ဆုလာဘ် တစ်ခု ပေးလိမ့်မယ်။ ဘာပဲပြောပြော၊ သူက ခင်ဗျားတို့ သူ့ကို လှည့်စားနေတယ်လို့ ပြောပြီး ဆုလာဘ် ပေးရမှာကို ငြင်းပယ် လိမ့်မယ်။ ဒီမစ်ရှင်ကို ဘယ်လို ပြီးမြောက်အောင် လုပ်ရမလဲဆိုတာ ပဟေဠိ တစ်ခုပဲ"

အိဗလင်းက ဂိမ်းမာများ၏ ညည်းညူသံများကို ကြားလိုက်ရပြီး အပြင်းအထန် စဉ်းစားနေ၏။

အိဗလင်းက ပိုလီယိုက အရှင်ရှားလော့ခ်၏ အိမ်မွေးတိရစ္ဆာန် ဖြစ်သည်ကို မှတ်မိနေ၏။ အဘယ်ကြောင့် ပိုလီယိုက ဂိမ်းမာများကို ပွဲတက်အက အခြေခံစည်းမျဉ်းများ အကြောင်း မေးမြန်း ရသနည်း။

သူမ၏ ပင်ကိုယ်အသိက လက်ရှိ အခြေအနေများ ထိုမျှလောက် မရိုးရှင်းကြောင်း ပြောပြနေသည်။

"ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပြနိုင်မလား။ ဘာလို့ ပိုလီယိုက ပွဲတက်အက အခြေခံစည်းမျဉ်းတွေကို သင်ယူ နေရတာလဲ။ ကျွန်မ အရှင်ရှားလော့ခ်နဲ့အတူ ဆောင်းတောင်ကုန်းမြို့ရဲ့ ပွဲကို တက်ခဲ့ဖူးတယ်ရှင့်၊ ဒါကြောင့် ကျွန်မ သူ့ကို ကူညီပေးနိုင်ပါတယ်" အိဗလင်းက ညင်သာစွာ ပြောလိုက်သည်။

အိဗလင်းက ဂိမ်းမာများနှင့် စကားပြောနေစဉ် ဖိုးဉာဏ်ကျယ်၏ မျက်လုံးပေါက်များ အရောင် တောက်လာ၏။ ဖိုးဉာဏ်ကျယ်က သူ၏ မှတ်တမ်းစာအုပ်ကို ထုတ်ယူကာ မှတ်စုများ ရေးသားရင်း စူးစိုက်စွာ အကဲခတ်နေသည်။

ဂိမ်းမာများက ဖိုးဉာဏ်ကျယ်၏ အပြုအမူကို စိတ်မဝင်စား ခဲ့ကြပေ။ ထိုအစား သူတို့က အိဗလင်း၏ ထူးဆန်းသော အပြုအမူကိုသာ သိချင်နေကြ၏။

အိဗလင်းက ပွဲကို စိတ်ဝင်စားနေပုံ ရသည်။ ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်များ ဆက်တိုက် ဖြစ်နေခြင်းလား။

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ခင်ဗျားကို ပြောပြပါ့မယ်" ဂိမ်းမာ တစ်ဦးက ချက်ချင်း ပြောလိုက်သည်။ သူ စကားမဆုံးမီမှာပင် အိဗလင်းက သူမ၏ အိတ်ကပ်ထဲမှ ပစ္စည်း တစ်ခုကို ထုတ်ယူကာ သူ့ထံ ပေးအပ်လိုက်သည်။

ထိုအရာက အိဗလင်း၏ နေ့လည်ခင်း လက်ဖက်ရည် အတွက် မုန့်ပဲသရေစာ ဖြစ်သည်။ မိန်းကလေး တစ်ဦး အနေဖြင့် မုန့်ပဲသရေစာ မပါဘဲ အလုပ်,လုပ်ရန် ခက်ခဲ၏။

ဂိမ်းမာများက တန်ကြေးတစ်ခု ရရှိသရွေ့ မှော်ကျောက်တုံးများကို ဆုလာဘ်အဖြစ် လက်ခံရရန် မလိုအပ်ပေ။ အိဗလင်းက သူတို့ ထိုလက်ဆောင် မျှလောက်နှင့်ပင် ပျော်ရွှင်ကြမည် ဆိုသည်ကို သိရှိ၏။

ဂိမ်းမာများက အိဗလင်း၏ မုန့်ပဲသရေစာကို လက်ခံယူကာ စတင် စကား ပြောဆိုကြသည်။

"အရှင်ရှားလော့ခ်က ဆောင်းတောင်ကုန်းမြို့ကို ပွဲတစ်ခု အတွက် သွားမှာ။ ဒါကို ကျွန်တော် ဖောက်သည် ဝန်ဆောင်မှု နဂါးနက်ကြီးဆီက ကြားခဲ့တာ"

"သူက ပိုလီယိုကို သူ့ နဲ့အတူ လိုက်ပါဖို့ ရွေးချယ်ခဲ့တယ်၊ ဒါပေမဲ့ ပိုလီယိုက ပွဲတက်အက အခြေခံစည်းမျဉ်းတွေ အကြောင်း ဘာမှ မသိဘူး"

"ကျွန်တော်တို့ အတွက်လည်း ခက်ခဲခဲ့တယ်။ သူ့ကို ဘယ်လို သင်ပေးရမလဲဆိုတာ တစ်ရက်လောက် စဉ်းစားခဲ့ကြရတယ်"

အိဗလင်း ဆွံ့အသွား၏။

"နေဦး၊ အရှင်ရှားလော့ခ်က အမျိုးသမီး ကဖော်တစ်ယောက် လိုအပ်တာ မဟုတ်ဘူးလား။ ဘာလို့ သူက ကြောင်နက်လေး တစ်ကောင်ကို ရွေးချယ်ခဲ့တာလဲ" အိဗလင်းက မေးလိုက်သည်။

"ရှားလီရဲ့ အထူး စိတ်ဝင်စားမှု တစ်ခုခု ဖြစ်နိုင်တယ်။ သူက ထူးခြားပြီး စိတ်ဝင်စားမှုတွေ အများကြီး ရှိတယ်။ တစ်ခါတလေ၊ သူ့ ဇာတ်ကောင်ကို ဘယ်လို ဒီဇိုင်းဆွဲထားလဲဆိုတာ ငါတို့တောင် အံ့ဩမိတယ်"

"ရယ်စရာ ကောင်းလိုက်တာ။ ခင်ဗျားက ရှားလော့ခ်ရဲ့ ဇာတ်ကောင် အကြောင်း သိသလို ပြောနေတာပဲ။ အခုထိ၊ ကျွန်တော်တို့ ရှားလော့ခ်ရဲ့ ဇာတ်ကောင်အကြောင်း ဘာမှ မသိသေးဘူးဗျ"

"အနည်းဆုံးတော့၊ သူက တိရစ္ဆာန် ချစ်တတ်သူ တစ်ယောက်ပဲ။ သူပိုင်ဆိုင်တဲ့ အိမ်မွေးတိရစ္ဆာန် အရေအတွက်ကိုပဲ တစ်ချက် ကြည့်လိုက်ပါဦး"

"သူက ပရဟိတသမား တစ်ယောက်နဲ့ ကြင်နာတတ်တဲ့ နတ်ဆိုး တစ်ကောင်ပဲ။ သူသာ အဲ့ဒီ စက်ရုံတွေ မတည်ထောင်ခဲ့ရင်၊ ကျွန်တော်တို့ အလုပ်အကိုင်တွေ ရှိလာမှာ မဟုတ်ဘူး"

"မင်း ငါ့ကို ရယ်အောင် လုပ်နေတာပဲ"

"ထပ်မပြောနဲ့တော့။ ဘာပဲ ဖြစ်ဖြစ်၊ ရှားလီက အံ့မခန်းပဲ။ အံ့မခန်းဆိုတဲ့ စကားလုံးပဲ"

ဂိမ်းမာများက ရှားလော့ခ် အကြောင်း စိတ်အားထက်သန်စွာ ဆွေးနွေး နေကြသော်လည်း အိဗလင်းကမူ အတွေးနက်နေ၏။

ရှားလော့ခ်က ပွဲ တစ်ခုတွင် ပါဝင်နေပြီး ထိုကြောင်နက်လေးကိုသာ ခေါ်ဆောင် သွားသည်။ ကြောင်နက်လေး ပိုလီယိုက ကြောင်မလေး တစ်ကောင် သို့မဟုတ် အခြား အမျိုးသမီး သတ္တဝါတစ်ကောင် ဖြစ်နေနိုင်၏။ သူမက အရှင်ရှားလော့ခ်၏ ဘေးတွင် ရှိနေနိုင်ရန် ကြောင်နက်လေး တစ်ကောင်အဖြစ် ဟန်ဆောင်ထားခြင်းပင် ဖြစ်လောက်သည်။

ထိုအရာက အလွန် စိတ်ဆိုးစရာ ကောင်းလှသည်။ အိဗလင်း သတိမထားမိပါက အကြံဆိုးဖြင့် ကြောင်တစ်ကောင် အရှင်ရှားလော့ခ်၏ ဘေးသို့ ခိုးဝင် သွားလိမ့်မည်။

ထိုသို့ အိဗလင်း ထင်ခဲ့၏။

သူမ ထိုအကြောင်း ပိုမို သိရှိအောင် လုပ်ဆောင် ရမည်။ အရှင်ရှားလော့ခ်နှင့် သူမ၏ တိုးတက်မှုကို မည်သူမျှ မတားဆီးနိုင်၊ ကြောင်နက်လေး တစ်ကောင်လည်း မတတ်နိုင်၊ စာရိတ္တပျက်ပြားပြီး ပြဿနာ ရှာတတ်သော ကောင်းကင်တမန် တစ်ပါးလည်း တတ်နိုင်မည် မဟုတ်ပေ။

အိဗလင်း ယခုပင် လှုပ်ရှား ရမည်။

...

ပိုလီယိုက ဒန်ဂျင်အရှင် ခန်းမဆောင်တွင် ရှိနေ၏။ သူက ဂိမ်းမာများ ပေးအပ်သော သတင်း အချက်အလက်များကို စဉ်းစား နေသည်။ အချို့သတင်း အချက်အလက်များက ထူးဆန်းနေ၏။ ဥပမာအားဖြင့် သူက ပွဲတွင်ကနေစဉ် သူ၏ ဘောင်းဘီကို ချွတ်ရမည် ဆိုသည်မျိုး။

သူ ထူးဆန်းသည်ဟု ခံစားမိသော်လည်း ထိုအကြံဉာဏ်များကို ငြင်းပယ်ရန် အကြောင်းပြချက် မရှိခဲ့ပေ။ သူက ကခြင်းဆိုသည်မှာ စုံတွဲတစ်တွဲ ဟော်မုန်းများ ထုတ်လွှတ်ရန်၊ ခေါင်းခါရန် နှင့် မိုက်မဲသော အရာများ ပြုလုပ်ရန် အတွက်သာ ဖြစ်သည်ဟု ထင်မြင်ခဲ့၏။

ကရန် အချိန်ရှိလျှင် အဘယ်ကြောင့် ငွေမပေး ရသနည်း။ ငွေမရှိဘဲ အချစ် ဘယ်လို ရှိနိုင်မည်နည်း။

ပိုလီယိုက အရှင်ရှားလော့ခ်နှင့် ကနေစဉ် သူ၏ ဘောင်းဘီကို ချွတ်မည်၊ မချွတ်မည်ကို မဆုံးဖြတ် ရသေးပေ။ သူ၏ အသက် အန္တရာယ် ရှိနေ၏။ အကယ်၍ သူသာ အမှား တစ်ခုခု လုပ်မိပါက အရှင်ရှားလော့ခ်က သူ့ကို သတ်ပစ်နိုင်၏။

တံခါးခေါက်သံ ကြားလိုက်ရ၏။ လစ်ခ်ျလား။

ပိုလီယို မသိခဲ့ပေ။ သူက သူ၏ နေရာတွင် လဲလျောင်းနေပြီး ထရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

"မင်း ဒီနေ့ တာဝန်ကျနေတာ မဟုတ်ဘူးလား။ တံခါးဖွင့်တာနဲ့ လက်ဖက်ရည် ဖျော်တာလိုမျိုး" ကြက်တူရွေးက ပိုလီယိုကို ပြောလိုက်သည်။

"ဒီအလုပ်တွေကို နဂါးနက်ငယ်လေးက တာဝန်ယူထားတာ မဟုတ်ဘူးလား" ပိုလီယိုက သူ၏ နေရာတွင် ပျင်းရိစွာ လဲလျောင်းရင်း ပြောလိုက်သည်။ "သူက အတွင်းရေးမှူး၊ ငါက အရှင်ရှားလော့ခ်ရဲ့ အိမ်မွေးတိရစ္ဆာန်။ အိမ်မွေးတိရစ္ဆာန် တစ်ကောင် တံခါး ထဖွင့်ပေးတာ မင်း မြင်ဖူးလား၊ မြောင်"

"မင်း အိမ်မွေးတိရစ္ဆာန် တစ်ကောင် အဖြစ် မင်းရဲ့ ကံကြမ္မာကို လက်ခံ လိုက်ပြီလား။ အိုး ဘုရားသခင်၊ ဒါကြောင့်မို့လို့ မင်းက နတ်ဆိုး ၇၂ ကောင်ရဲ့ အရှက်ကွဲစရာ ဖြစ်နေတာ"

ကြက်တူရွေး ခေါင်းခါ လိုက်၏။ ကြက်ဥခေါင်းက နားကြပ်တပ်ကာ ကွန်ပျူတာ ဂိမ်းဆော့နေသောကြောင့် တံခါးခေါက်သံကို မကြားခဲ့ပေ။

ကြက်ဥခေါင်း သိရှိခဲ့လျှင်ပင်၊ ယနေ့ ပိုလီယို၏ တာဝန် ဖြစ်သောကြောင့် သူ တံခါး ထဖွင့်ပေးမည် မဟုတ်ပေ။

နောက်ဆုံးတွင် ကြက်တူရွေးက တံခါးဆီသို့ ပျံသန်း သွားပြီး သူ၏ လက်သည်းများကို အသုံးပြု၍ တံခါး ဖွင့်လိုက်၏။

တံခါးဝတွင် လစ်ခ်ျ မဟုတ်ဘဲ ရှားရှားပါးပါး ပေါ်လာတတ်သော အိဗလင်း ဖြစ်နေသည်။

"အမ်... မစ္စပိုလီယို ရှိပါသလား" အိဗလင်းက တံခါးဝတွင် တိုးတိုးလေး မေးလိုက်သည်။

"သောက်ပလုတ်တုတ်... မစ္စပိုလီယိုတဲ့... ဟားဟားဟား"

အိဗလင်းက ကြက်တူရွေး အဘယ်ကြောင့် ဤမျှ လောက် ရယ်မောနေသည်ကို မသိခဲ့ပေ။

ကြောင်နက်လေး တစ်ကောင် အိဗလင်းဆီသို့ လျှောက်လာပြီး "မစ္စပိုလီယိုတဲ့၊ ဘယ်လောက်တောင် မိန်းမသားဆန်လှတဲ့ နာမည်လဲ။ ကျွန်တော့်ကို ကြည့်ပါဦး။ ကျွန်တော် ဘယ်လို လုပ် မစ္စ ဖြစ်နိုင်မှာလဲ၊ မြောင်"ဟု ပြောလိုက်သည်။

"ရှင်က မစ္စပိုလီယို မဟုတ်ဘူးလား။ အရှင်ရှားလော့ခ်က ရှင်ကို ပွဲကို ခေါ်သွားမယ်လို့ ကျွန်မ ကြားခဲ့တယ်" အိဗလင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျွန်တော် အဲ့ဒီ အကြောင်း မပြောချင်ဘူး၊ မြောင်" ပိုလီယိုက ခိုင်မာစွာ ပြောလိုက်သည်။

"တခြား ဘာပြောစရာမှ မရှိရင်၊ ကျေးဇူးပြုပြီး ပြန်သွားပြီး ခင်ဗျားရဲ့ အလုပ်ကိုပဲ ဆက်လုပ်လိုက်ပါ။ ဒါက ဒန်ဂျင်အရှင် ခန်းမဆောင်ပါ။ အထူး အကြောင်းပြချက် မရှိရင်၊ ကျေးဇူးပြုပြီး ဒီကို မလာပါနဲ့၊ မြောင်"

ပိုလီယိုက ကပွဲအကြောင်း ကြားရတာကိုပင် စိတ်ကုန် နေပြီ။

"တောင်းပန်ပါတယ်၊ ရှင် ကျွန်မကို အထင်လွဲနေပုံပဲ။ ကျွန်မ ကူညီဖို့ လာတာပါ" အိဗလင်းက ပြုံးကာ ပြောလိုက်သည်။

...

"ခင်ဗျား ကျွန်တော့်ကို ကူညီနိုင်တယ်လို့ ပြောတာလား၊ မြောင်။ ပွဲနဲ့ ပတ်သက်တဲ့ ဘာမဆိုလား" ပိုလီယိုက အိဗလင်း၏ အိမ်တံခါးဝတွင် ထိုင်ကာ အိဗလင်းကို မေးလိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်မ ရှင်ကို ကူညီချင်ပါတယ်" အိဗလင်းက ပြန်ဖြေ လိုက်သည်။

"ဘာလို့လဲ။ ကျွန်တော်တို့ အရင်က စကားမပြောဖူးဘူး မလား၊ မြောင်" ပိုလီယိုက သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ကျွန်မ ရှင်ကို တကယ် ကူညီနေတာ မဟုတ်ပါဘူး။ ကျွန်မ အရှင်ရှားလော့ခ်ကို ကူညီဖို့ပဲ စဉ်းစားနေတာပါ" အိဗလင်းက ရိုးသားစွာ ပြန်ဖြေ လိုက်သည်။

ထို့နောက် သူမက ကြောင်စာအချို့ကို ထုတ်ယူကာ ဗူး တစ်လုံးထဲသို့ လောင်းထည့်ရင်း "တောင်းပန်ပါတယ်၊ ကျွန်မ ရှင် အတွက် ကောင်းမွန်တဲ့ အစားအစာ မရှိဘူး"ဟု ပြောလိုက်သည်။

"ကြောင်စာ။ ခင်ဗျား ကျွန်တော့်ကို ဘာထင်နေ တာလဲ။ ခင်ဗျား ကျွန်တော့်ကို ကြောင်စာ လာပေးနေတာလား၊ မြောင်"

ပိုလီယို စိတ်လှုပ်ရှား နေသော်လည်း သူ၏ အမူအရာက သူ့ကို သစ္စာဖောက်နေ၏။

သူက ပြင်းပြင်းထန်ထန် နှာမှုတ်ကာ ကြောင်စာဆီသို့ လျှောက်သွား၏။

သူက ခုခံ လိုသော်လည်း ကြောင်ငယ်လေး တစ်ကောင် အနေဖြင့် သူက ကြောင်စာကို ပင်ကိုယ်အသိစိတ် အရ ဆွဲဆောင် ခံနေရသည်။

ကြောင်ငယ်လေး၏ ပင်ကိုယ် အသိစိတ်က သူ၏ ဝိညာဉ်ထဲတွင် စွဲထင်နေ၏။

ပိုလီယိုက ကြောင်စာဆီသို့ ချဉ်းကပ် သွားသည်။

"ရှင် ဘယ်လို ကဖော် တစ်ယောက် ဖြစ်လာမှာလဲ။ ကြောင်ငယ်လေး တစ်ကောင် အနေနဲ့၊ ရှင် ကဖော် တစ်ယောက် မဖြစ်နိုင်ဘူး မဟုတ်လား"

အိဗလင်းက ပိုလီယို ကြောင်စာကို ပျော်ရွှင်စွာ စားသုံးနေသည်ကို ကြည့်ရင်း မေးလိုက်သည်။

"ကျွန်တော့်မှာ ကျွန်တော့် နည်းလမ်းတွေ ရှိတယ်။ ခင်ဗျား ကျွန်တော့်ကို ကြောင်နက်လေး တစ်ကောင်ပဲလို့ ထင်နေတာလား။ ကျွန်တော်က သာမန် ကြောင်နက်လေး တစ်ကောင် မဟုတ်ဘူး။ ကျွန်တော် ကြိုက်တဲ့ အရာမှန်သမျှအဖြစ် ပြောင်းလဲနိုင်တယ်။ ပြီးတော့ အဲ့ဒီ ထဲမှာ ခင်ဗျား ပုံစံလည်း ပါတယ်။ ကျွန်တော် ရှေးဟောင်း နတ်ဘုရားတစ်ပါးရဲ့ ပုံရိပ်နဲ့ ကဖော် တစ်ယောက်ကို အထူး ဖန်တီးထားတယ်"

ပိုလီယိုက ကြောင်စာကို ဝါးစားရင်း ပုံတစ်ပုံကို ထုတ်ယူ လိုက်၏။

ပုံတွင် ကြောက်မက်ဖွယ်ရာ သွားစွယ်များနှင့် လက်သည်းများ ပါသော ကြမ်းတမ်းသည့် မွန်းစတား တစ်ကောင်ကို ပုံဖော် ထားသည်။ မြေအောက်လောက သတ္တဝါများပင် ဤမွန်းစတားကို ကြောက်ရွံ့ ကြ လိမ့်မည်။

"ဒါ ဘာလဲ" အိဗလင်းက ပုံကို စစ်ဆေး ကြည့်ရင်း မေးလိုက်သည်။

"ဒါက အရှင်ရှားလော့ခ် အတွက် ကဖော်ရဲ့ အသွင်အပြင်ပဲ။ ခင်ဗျား အဲ့ဒါကို မိုက်တယ်လို့ မထင်ဘူးလား။ ဒါကို ထာဝရတိုင်းပြည်ရဲ့ နိုင်ငံသားတွေက ဒီဇိုင်း ဆွဲပေးခဲ့တာ"

ပိုလီယိုက "သူတို့က အရှင်ရှားလော့ခ်ရဲ့ ကဖော်က ပုံထဲကအတိုင်း ဖြစ်နေရင်၊ သူ အရမ်း ပျော်လိမ့်မယ်လို့ ပြောကြတယ်၊ မြောင်"ဟု ပြောလိုက်သည်။

"ကျွန်မတော့ အဲ့လို မထင်ဘူးနော်" အိဗလင်းက မယုံကြည်နိုင်စွာ ပြောလိုက်သည်။

"တကယ်လား။ ဒါပေမဲ့ ကျွန်တော် အရှင်ရှားလော့ခ်က အဲ့ဒါကို ကြိုက်လိမ့်မယ်လို့ ခံစားမိတယ်၊ မြောင်" ပိုလီယိုက ပြုံးကာ ပြောလိုက်သည်။ "သူက အရမ်း ဆိုးယုတ်တဲ့ နတ်ဆိုး တစ်ကောင်ပဲ၊ ပြီးတော့ သူ့ ဝိညာဉ်က အရင်းထိ ပုပ်သိုးနေပြီ၊ မြောင်..."

"ပွဲက ဘယ်တော့လဲ"

"ခင်ဗျား ဘာလို့ မေးခွန်းတွေ အများကြီး မေးနေ တာလဲ။ ဒီညပဲ ဥစ္စာ။ ကျွန်တော် နေ့လည်ပိုင်းမှာ အရှင်ရှားလော့ခ်နဲ့အတူ ထွက်ခွာသွားမယ်၊ မြောင်"

ပိုလီယိုက သူ၏ ကြောင်စာကို ပျော်ရွှင်စွာ စားသုံး နေသောကြောင့် အိဗလင်းက သူ၏ နောက်တွင် သစ်သားတုတ် တစ်ချောင်း ကိုင်ကာ သူ့ထံ ချဉ်းကပ် လာနေသည်ကို သတိမပြုမိခဲ့ပေ။

တုတ်တစ်ချက် လွှဲလိုက်သည်နှင့် ပိုလီယို မြေပေါ်သို့ လဲကျသွား၏။

အိဗလင်းက သစ်သားတုတ်ကို ကိုင်ထားရင်း တုန်လှုပ် နေ၏။

"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါက ကျွန်မ ကူညီနိုင်တဲ့ တစ်ခု တည်းသော နည်းလမ်းပဲ။ ရှင် နေကောင်းသွားမှာပါ"

အိဗလင်းက ပိုလီယိုကို သူမ၏ အခန်းထဲမှ ဗီရို တစ်လုံးထဲသို့ ဆွဲသွင်းလိုက်၏။

ရေနှင့် ကြောင်စာ အလုံအလောက် ထည့်သွင်း ပေးပြီးနောက် သူမက ဗီရိုကို သော့ခတ် လိုက်သည်။ ထို့နောက် သူမက ဗီရိုရှေ့တွင် တိတ်တဆိတ် တောင်းပန် လိုက်၏။

ထို့နောက် သူမက အခန်းထဲမှ ထွက်ခွာသွားသည်။

အိဗလင်း ထွက်ခွာသွားပြီး မကြာမီမှာပင် ပိုလီယိုက သူ၏ မျက်လုံးများကို ဖွင့်ကာ တီးတိုး ရေရွတ်လိုက်သည်။ "ငါ့ကို အပြစ်မတင်နဲ့နော်၊ အိပ်မက်နတ်ဆိုးမယ်က အကျိုးဆက် အားလုံးကို တာဝန် ယူရလိမ့်မယ်"

All Chapters