← Chapters

ဝန်းရံတိုက်ခိုက်ခြင်း

Vol. 31 Ch. 464

ဝန်းရံတိုက်ခိုက်ခြင်း

Vol. 31 Ch. 464

ဆယ်ဗားနပ်စ် သတိပြန်လည် လာသည်။

သူမ ဘယ်မှာ ရောက်နေပါသနည်း။ မြေအောက်ခန်း တစ်ခု ထဲတွင် အကျဉ်းချ ခံထားရသလော။ ဘာဖြစ်လို့ ဒီလောက် မှောင်နေရသနည်း။ သူမ အလွန် ဒေါသထွက် နေသည်။ သူမ အာသာနှင့် တခြားသူများကိုလည်း ဆက်သွယ် မရတော့ပေ။

ဆယ်ဗားနပ်စ် ထထိုင်လိုက်သည်။

သူမကို ပြန်ပေးဆွဲသည့် အတွက် ချန်အန်းမြို့အား ဖိုရမ်ပေါ်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်သည်။

သူမ၏ လုပ်ရပ်က အဖွဲ့အစည်းမဲ့ ကစားသမားများဆီက ကရုဏာသက်မှု ကိုသာ ရရှိခဲ့၏။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည့် အစည်းအရုံး များကလည်း သူမကို ထောက်ခံအားပေး ကြသည်။ သို့သော် ချန်အန်းမြို့ကတော့ ဆယ်ဗားနပ်စ်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒ မရှိခဲ့ပေ။

အာသာက ဆယ်ဗားနပ်စ်အား သူတို့ ချန်အန်းခံတပ်ကို တိုက်ခိုက်ပြီး သူမကို ကယ်တင်မယ့် အစီအစဉ်အကြောင်း အစည်းအရုံး ဝီချက်ထဲတွင် အကြောင်းကြား လိုက်သည်။

ဆယ်ဗားနပ်စ်က အာသာ သူမကို ကယ်တင်နိုင်ရန် အတွက် ချန်အန်းမြို့ ခံတပ်ထဲတွင် ရှိနေရန် လိုမည်။ သို့သော် ၎င်းသို့ ဖြစ်ရန် အခွင့်အလမ်းကတော့ နည်းပါးလှ၏။ ဂိမ်းမာများက ဂုဏ်သတင်း ရမှတ်များနှင့် ဂိမ်းဒင်္ဂါးများကို တစ်ကြိမ်တည်း ပေးချေပြီး ထာဝရတိုင်းပြည် အပြင်ဘက်တွင် သူတို့ ခံတပ်ကို တည်ဆောက်နိုင်သည့် အတွက် ဆယ်ဗားနပ်စ်ကို ထာဝရတိုင်းပြည် အပြင်ဘက် နေရာ တစ်ခုတွင် ထိန်းသိမ်း ထားနိုင်ခြေ များသည်။

အစည်းအရုံး အများစုက ထာဝရတိုင်းပြည် အပြင်ဘက်တွင် သူတို့၏ ခံတပ်ကို တည်ဆောက်ချင်ကြမှာ မဟုတ်ပေ။ အကြောင်းမှာ ထိုနေရာက မလုံခြုံ၍ပင်။ မည်သို့ဆိုဆို တခြားဂိမ်းမာများက ထာဝရတိုင်းပြည် အပြင်ဘက်တွင် ရှိသည့် ခံတပ်များကို ဘာအပြစ်ဒဏ်မှ မရှိဘဲ လုယက် ဖျက်ဆီးနိုင်သည် မဟုတ်ပါလော။

နေ့စဉ် မစ်ရှင် အားလုံးကို ထာဝရတိုင်းပြည်ထဲတွင် ပြီးမြောက်အောင် လုပ်ဆောင်ရမှာ ဖြစ်သည့် အတွက် ထာဝရတိုင်းပြည် အပြင်ဘက်တွင် ခံတပ် တစ်ခု တည်ဆောက်ခြင်းက ဘာအကျိုးကျေးဇူးမှ မရှိပေ။ မှော်ကျောက်တုံးများ ရဖို့ အတွက် ဂိမ်းမာများက ဆောင်းတောင်ကုန်းမြို့တွင် အလုပ်,လုပ်ရသည်။ သူတို့ ဆောင်းတောင်ကုန်းမြို့ နယ်နိမိတ်တွင် ခံတပ် တစ်ခု တည်ဆောက်၍ မရပေ။ အကြောင်းမှာ တပ်စောင့် ကင်းလှည့်များ ရှိနေ၍ပင်။ အစောင့်များက ဂိမ်းမာများကို တရားမဝင် အဆောက်အအုံများ တည်ဆောက်ခြင်းအား တားဆီးပြီး ဖျက်ဆီးပစ် ပေလိမ့်မည်။ ကျူးလွန်သည့် ဂိမ်းမာ များကိုလည်း ဒဏ်ရိုက် နိုင်သေးသည်။

ဒဏ်ရိုက်ခံရသည့် ဂိမ်းမာများ သိပ်မရှိလှပေ။ သူတို့ ထာဝရတိုင်းပြည်က လာကြောင်း ဖော်ထုတ် လိုက်သည့် အခါ တပ်စောင့်များက လေးစားမှု ပြကြသည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများဟာ ဆောင်းတောင်ကုန်းမြို့ကို အကြိမ် အနည်းငယ် ကယ်တင်ခဲ့ ပြီးသည့်နောက် ဆောင်းတောင်ကုန်းမြို့တွင် အဆင့်အတန်း မြင့်မားစွာ ရရှိ ထားကြ၏။

ယင်းက ဂိမ်းကို အချိန်ကြာကြာ မကစားရသည့် ဂိမ်းမာများ အတွက်တောင် အကျုံးဝင် သေးသည်။

ဂိမ်းမာများက ဂုဏ်သတင်းစနစ် နှစ်မျိုး ရှိသည်ဟု သံသယ ရှိကြသည်။ တစ်ခုက အဖွဲ့လိုက် ဂုဏ်သတင်း ဖြစ်ပြီး နောက် တစ်ခုက တစ်ဦးချင်း ဂုဏ်သတင်း ဖြစ်၏။ သို့သော် တရားဝင် ဝက်ဘ်ဆိုက်တွင် ရှင်းလင်းချက် မရှိသည့် အတွက် ဂိမ်းမာများက ထိုသို့သော ခွဲခြားမှု ရှိ၊မရှိ ကို မသေချာကြပေ။

သို့သော် ချန်အန်းမြို့က သာမန် အစည်းအရုံး တစ်ခု မဟုတ်ပေ။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ပင်လျှင် မြေပေါ်ကမ္ဘာမြို့တော်ကို သွားပြီး ခံတပ် တစ်ခု တည်ဆောက်တော့မည် ဖြစ်သည်။ ဒါကြောင့် ချန်အန်းမြို့က လုံခြုံရေးဇုန် အပြင်ဘက်တွင် နောက်ထပ် ခံတပ် တစ်ခု တည်ဆောက် ထားနိုင်သည်ကို မျှော်လင့်ထား ရပေမည်။

သာမန် အစည်းအရုံးများသာဆို သူတို့၏ ခံတပ်များကို လုံခြုံရေးဇုန် အပြင်ဘက်တွင် တည်ဆောက် ချင်ကြမည် မဟုတ်ပေ။ ဒါက တခြားဂိမ်းမာများက သူတို့၏ ခံတပ်များကို ရှာတွေ့သွားပါက ခံတပ်များ၏ လုံခြုံရေးကို အာမ,မခံ နိုင်လို့ပင်။ ဂိမ်းမာတိုင်းက ရှုတ်ချမခံရဘဲ ဓားပြ သို့မဟုတ် ဖျက်ဆီးသူ ဖြစ်လာ နိုင်ကြသည်။

ကျူးလွန်သည့် ဂိမ်းမာကို ရှာတွေ့ခဲ့လျှင်ပင် သူတို့၏ အပြင်လောကမှ တည်နေရာကို အင်တာနက်မှ တစ်ဆင့် ခြေရာခံ မရသလို အပြစ်ဒဏ် ပေးလို့လည်း မရပေ။

အာသာက ဆယ်ဗားနပ်စ်၏ ပုန်းအောင်းရာ နေရာနှင့် ချန်အန်းမြို့၏ လုံခြုံရေးဇုန် အပြင်ဘက်က ခံတပ်ကို ရှာဖွေ တွေ့ရှိဖို့ အလားတူ နည်းလမ်းများကို အသုံးပြုနိုင်ပေသည်။ သူ ပိုက်ဆံအနည်းငယ် သုံးရုံသာ လိုသည်။ ပိုက်ဆံက ကမ္ဘာကြီးကို လည်ပတ် စေနိုင်သည် မဟုတ်ပါလား။

ဆယ်ဗားနပ်စ်က သူမ၏ ပတ်ဝန်းကျင်ကို စူးစမ်း လေ့လာပြီး သူမ၏ တည်နေရာကို ဆုံးဖြတ်ရန် မလုပ်နိုင်ခဲ့သည့် အတွက် အာသာက ချန်အန်းမြို့က သီးခြား အဖွဲ့ဝင်များကို ဆက်သွယ် လိုက်သည်။ သူက ချန်အန်းမြို့၏ ခံတပ်နှင့် ဆယ်ဗားနပ်စ်၏ တည်နေရာ အကြောင်း သတင်း အချက်အလက် ရှိသူတိုင်းကို ဆုချီးမြှင့်ဖို့ ဖိုရမ်ပေါ်တွင် ကြေညာချက် တစ်ခုလည်း ဖန်တီး လိုက်သည်။

ဂိမ်းမာ ရာပေါင်း များစွာက ချန်အန်းမြို့၏ ခံတပ်နှင့် ဆယ်ဗားနပ်စ်၏ တည်နေရာကို သိတယ်လို့ အခိုင်အမာ ပြောဆိုပြီး အသေးစိတ် အချက်အလက်များကို ပေးခဲ့ကြသည်။ ဒါပေမဲ့ သူတို့ အများစုက ဆုများ ရနိုင်ရန် လိမ်ညာပြောဆိုခြင်းသာ ဖြစ်၏။ ကျန်ဂိမ်းမာများ ပေးအပ်သည့် အချက်အလက်များကို စစ်ဆေးပြီးသည့်နောက် အာသာက ချန်အန်းမြို့၏ ခံတပ် တည်နေရာ နှစ်ခုနှင့် ဆယ်ဗားနပ်စ်ကို အကျဉ်းချထားနိုင်ခြေ ရှိသည့် နေရာ တစ်ခုကို ရရှိ ခဲ့သည်။

ချန်အန်းမြို့၏ စီမံခန့်ခွဲရေး အဖွဲ့က အရင်းအမြစ် ပြည့်စုံလှသည်။ သူတို့က ဂိမ်းမာများ ပုံမှန် မသွားရောက်သည့် လုံခြုံရေးဇုန် အပြင်ဘက်က နေရာများကို ရွေးချယ် ထားခဲ့ကြ၏။ သူတို့က အိုဂါခံတပ် မြေပုံ အပြင်ဘက်က ထောင့်များတွင် ရှိနေ ကြသည်။

အိုဂါခံတပ်က သက်ပြင်းချ လွင်ပြင်ထဲတွင် တည်ရှိပြီး အဲ့ဒီ နေရာက ဝင်ရောက်နိုင်သည့် လွင်ပြင် တစ်ခု ဖြစ်၏။ သက်ပြင်းချ လွင်ပြင်က မြေအောက်ပင့်ကူများ ဒါမှမဟုတ် ဒိုင်းယားဝံပုလွေများ နေထိုင်သည့် မြေအောက်ဥမင် လိုဏ်ခေါင်း များစွာနှင့် ဆက်သွယ် ထားသည်။

စွမ်းဆောင်ရည် ရှိသည့် အစည်းအရုံး တစ်ခုသာ ဥမင်လိုဏ်ခေါင်းများထဲက မွန်းစတားများကို ရှင်းလင်းပြီး သူတို့၏ ခံတပ်ကို တည်ဆောက်နိုင် ပေလိမ့်မည်။

နောက်ထပ် ခံတပ်တည်နေရာကတော့ ထာဝရတိုင်းပြည်နှင့် ကုန်သည် မဟာမိတ် အဖွဲ့တို့ အရင်က သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သည့် သစ်တောထဲတွင် ဖြစ်၏။ နောက်ဆုံးကျန်သည့် သစ်ပင်ကို ခုတ်လှဲ လိုက်သည့် အတွက် အဲ့ဒီ နေရာကို သစ်တောလို့ မခေါ် နိုင်တော့ပေ။ အခုတော့ မြေလွတ်မြေရိုင်း ဖြစ်နေပြီ။ ထာဝရတိုင်းပြည်က လိုအပ်သည့် သစ်သား အားလုံးကို ဗစ်တိုးရီးယားမြို့က ထောက်ပံ့ ပေးနေသည်။

ဗစ်တိုးရီးယားမြို့က ဂိမ်းမာများက သစ်သား ရောင်းချခြင်း ကနေ ဝင်ငွေ ရှာကြသည်။

ဒါက အာသာနှင့် သူ့ အဖွဲ့ဝင်များက မြေပေါ်ကမ္ဘာတွင် ခံတပ် အသစ် တစ်ခု တည်ဆောက်ချင်ရသည့် အကြောင်းရင်းပင်။ ဗစ်တိုးရီးယား မြို့သားများဆီက သစ်သားဝယ်ဖို့ ပိုက်ဆံ အများကြီး သုံးမည့်အစား သစ်သားများကို ကိုယ်တိုင် ရယူတာက ပိုကောင်းသည် မဟုတ်ပါလား။

အာသာက သူ့၏ အစည်းအရုံးဝင်များကို စုစည်းပြီး လာမယ့်တိုက်ပွဲ အတွက် အစီအစဉ် စဆွဲလိုက်သည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့နှင့် ချန်အန်းမြို့တို့ ကြားမှ စစ်ပွဲသတင်းက ဂိမ်းထဲတွင် မီးလို ပျံ့နှံ့သွား၏။ တခြားအစည်းအရုံးဝင်များနှင့် အဖွဲ့အစည်းမဲ့ ဂိမ်းမာများက စိတ်လှုပ်ရှားစွာ စောင့်မျှော် နေကြသည်။ ဒါက ဂိမ်းစတင်ကတည်းက လုံခြုံရေးဇုန်အပြင်ဘက်တွင် ခံတပ်တိုက်ပွဲ တစ်ခု ဖြစ်ပွားတာ ပထမဆုံး အကြိမ်ပင်။

...

လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် ဗစ်တိုးရီးယားမြို့က ဂိမ်းမာများက လန်ဆလော့နှင့် သူ့ ဇနီး ဂွီနီဗီယာတို့၏ ဦးဆောင်မှု အောက်တွင် ယော့ခ်နယ်စားကြီး ဆီကို ထွက်ခွာတော့မည်။

နဂါးမျိုးနွယ်သားနှင့် လူဆိုးလေးတို့ ဝိုင်ဗန်နဂါးကို ဖမ်းဆီးဖို့ လျှို့ဝှက် စစ်ဆင်ရေး တစ်ခုတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီးနောက် အဲ့ဒီ ဝိုင်ဗန်နဂါး ထပ်မပေါ် လာတော့ပေ။

ဘုရင်မလီလို၏ အမိန့်က အတည်ဖြစ်နေဆဲ ဖြစ်ပြီး ဂိမ်းမာများက ဝိုင်ဗန်နဂါးကို ဖမ်းဆီးရမည် ဖြစ်သော်လည်း သူတို့ အများစုက ဖမ်းဆီးနိုင်မယ်လို့ မျှော်လင့်ချက် မထားကြတော့ပေ။ နဂါးမျိုးနွယ်သားက ထူးဆန်းသည့် တွေ့ကြုံမှု မစ်ရှင်ကို ရရှိထားသည့် အတွက် ဝိုင်ဗန်နဂါး ထပ်ပေါ်လာဖို့ မဖြစ်နိုင်တော့ပေ။

လန်ဆလော့က နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခု ပါသည့် ခံတပ် တစ်ခု တည်ဆောက်ရန် ယော့ခ်နယ်မြေကို ဂိမ်းမာ အနည်းငယ်သာ ခေါ်သွားဖို့ လိုအပ်သည်။

ဝိုင်ဗန်နဂါး အဖြစ်အပျက်၏ ဇာတ်ဆောင် ဖြစ်သည့် နဂါးမျိုးနွယ်သားကတော့ လွန်ခဲ့သည့် ရက်အနည်းငယ် ကစပြီး တောခေါင်ခေါင်တွင် ဘဝကို ပျော်မွေ့ နေခဲ့သည်။

ညဘက် အော့ဖ်လိုင်း ဆင်းပြီး အိပ်စက်ခြင်းက လွဲ၍ နဂါးမျိုးနွယ်သားက နှိပ်စက် ညှဉ်းပန်းပြီး မခံမရပ်နိုင်အောင် လေ့ကျင့်မှုများကို လုပ်နေရသည်။ လေ့ကျင့်ခန်း တစ်ခု စီတိုင်းက သူ့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်တို့တွင် အောင်မြင်မှု တစ်ခု ဖြစ်ခဲ့၏။ သူက ဒဏ်ရာ အများအပြားနှင့် အရိုးကျိုးမှုများကိုလည်း ခံစားခဲ့ရသည်။

ထွက်ပြေး တိမ်းရှောင်နေသည့် နန်းတွင်း အစောင့် တပ်မှူးချုပ်က အစွမ်းထက်သည့် တိုက်ခိုက်ရေး သမား တစ်ယောက် ဖြစ်ပြီး မြင့်မြတ်သော အလင်းတန်း စွမ်းအား ရှိသည့် ဘုန်းတော်ကြီး တစ်ပါးလည်း ဖြစ်၏။ နဂါးမျိုးနွယ်သား လေ့ကျင့်နေစဉ် အတွင်း ဒဏ်ရာရ ဒါမှမဟုတ် အရိုးကျိုးတိုင်း သူက မြင့်မြတ်သော အလင်းတန်း စွမ်းအားကို သုံးပြီး နဂါးမျိုးနွယ်သား၏ ဒဏ်ရာများကို ကုသ ပေးခဲ့သည်။

မြင့်မြတ်သော အလင်းတန်းစွမ်းအားက လူသားများအပေါ် ကုသမှု အာနိသင်ရှိတယ် ဆိုတာက ရှာဖွေ တွေ့ရှိမှု အသစ် တစ်ခု ဖြစ်၏။ နဂါးမျိုးနွယ်သားက သူ့၏ ရှာဖွေ တွေ့ရှိမှုကို ဖိုရမ်ပေါ်တွင် မျှဝေခဲ့ပြီး လူသား ဂိမ်းမာများက စမ်းသပ်မှု တစ်ခု ပြုလုပ်ကာ နဂါးမျိုးနွယ်သား၏ တွေ့ရှိချက်ကို အတည်ပြု ပေးခဲ့ကြသည်။ မြင့်မြတ်သော အလင်းတန်းစွမ်းအားက ဖယ်ရီများနှင့် အက်လ်ဖ်များ ကိုလည်း ကုသပေး နိုင်သေးသည်။

ထာဝရတိုင်းပြည်က ဂိမ်းမာများ အတွက်တော့ မြင့်မြတ်သော အလင်းတန်း စွမ်းအားက တိုက်ပွဲတွင် အထောက်အကူ ပြုရုံသာ ဖြစ်ပြီး မြေအောက်လောက သတ္တဝါများကို ကုသပေးနိုင်ခြင်း မရှိပေ။

စူးစမ်းလိုစိတ် ရှိသည့် ဂိမ်းမာများက မြင့်မြတ်သော သူရဲကောင်း ဆရာ သားရဲကောင်ကို မေးမြန်းခဲ့ရာ သူက ပြန်ဖြေခဲ့သည်။ "ဒါက မြေအောက်လောက သတ္တဝါ အားလုံး အပေါ် ကျရောက်နေတဲ့ ကျိန်စာ တစ်ခုပဲ။ မြေအောက်လောက သတ္တဝါအများစုက သင်ယူလိုစိတ် မပြင်းပြ ကြဘူး၊ ဒါကြောင့် ငါတို့ကို မြင့်မြတ်သော အရှင်သခင်က စွန့်ပစ်ခဲ့တာ။ ငါတို့ ဆက်လက် သင်ယူနေရင် မြင့်မြတ်သော အရှင်သခင်က ငါတို့ကို တစ်နေ့မှာ ပြန်လက်ခံ ပေးလိမ့်မယ်။ အားလပ်ချိန်မှာ မဖြစ်နိုင်တာတွေကို စဉ်းစားနေမယ့် အစား သင်ယူခြင်းနှင့် ကုန်ဆုံးတာက ပိုကောင်းတယ်။ ပညာတတ် သတ္တဝါ တစ်ကောင် ဖြစ်အောင် လုပ်ပြီး မြင့်မြတ်သော အလင်းတန်း၏ အနှစ်သာရကို ရယူပါ။ ဒါက အမှန်တရားပဲ။"

ဒါက စီနီယာသားရဲကောင်၏ ထာဝရတိုင်းပြည်က ဂိမ်းမာများ အတွက် အကြံဉာဏ် ဖြစ်၏။

နဂါးမျိုးနွယ်သားက လူဆိုးလေးနှင့် ဆင်တူသည့် ထူးဆန်းသည့် တွေ့ကြုံမှု တစ်ခု ရှိခဲ့သည်။ နဂါးမျိုးနွယ်သား၏ ဆရာက အစွမ်းထက်သည့် တိုက်ခိုက်ရေး သမား တစ်ယောက် ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများ အပြင် သူက နဂါးမျိုးနွယ်သားကို စာပေများလည်း သင်ကြား ပေးခဲ့သည်။ သူက နဂါးမျိုးနွယ်သားကို မြင့်မြတ်သော သူရဲကောင်း တစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးဖို့ ရည်ရွယ်ချက် ရှိခဲ့သည်။

ဒဏ္ဍာရီလာ ထွက်ပြေး တိမ်းရှောင် နေသည့် ခရမ်းချဉ်သီးက နဂါးမျိုးနွယ်သားကို လေ့ကျင့်ပေးဖို့ ဆန္ဒရှိရသည့် အကြောင်းရင်းက နဂါးမျိုးနွယ်သားက ခရမ်းချဉ်သီးကို သူ့ကို သင်ကြားပေးဖို့ တောင်းပန်ခဲ့၍ပင်။ နဂါးမျိုးနွယ်သားက ဘုရင်အာလူး ၂ အပေါ် သူ့၏ မုန်းတီးမှုကို ထုတ်ဖော် ပြသ ခဲ့သည်။ နဂါးမျိုးနွယ်သား သူ့ အသက်ကို စတေးရရင်ပင် ဘုရင်အာလူး ၂ကို သေစေချင်ခဲ့သည်။

ခရမ်းချဉ်သီးက နာကျင်မှု အာရုံခံစားမှု မရှိသည့် နဂါးမျိုးနွယ်သား အတွက် ကျိန်စာက ကောင်းချီး တစ်ခု လို့ ခံစားခဲ့ရသည်။ ဖြစ်နိုင်တာကတော့ နဂါးမျိုးနွယ်သားက နောက်ဆုံးတွင် ဘုရင်အာလူး ၂ကို အနိုင်ယူနိုင် လိမ့်မည်။

နဂါးမျိုးနွယ်သား၏ လက်နက်အဆင့်က လေ့ကျင့်ခန်း လုပ်ပြီး ရက်အနည်းငယ် အတွင်း အဆင့် ၉ကို လျင်မြန်စွာ တိုးတက် လာခဲ့သည်။ သူက အခု လူဆိုးလေး၏ လက်နက်အဆင့် ၁၀ ပြီးရင် ဒုတိယနေရာတွင် ရှိနေလေပြီ။ နဂါးမျိုးနွယ်သား အဆင့် ၁၀ ရောက်ဖို့က အချိန်ကာလ တစ်ခုသာ လိုတော့သည်။

ဝိုင်ဗန် နဂါးငယ်လေးကို လှောင်အိမ်ထဲတွင် ထိန်းသိမ်း ထားပြီး နေ့စဉ် သစ်သားများ ကျွေးမွေး ခဲ့သည်။ ရံဖန်ရံခါတွင် ဝိုင်ဗန် နဂါးငယ်လေးကို လှောင်အိမ်ထဲက ထုတ်ပြီး နဂါးမျိုးနွယ်သားနှင့် ရင်းနှီးအောင် ပြုလုပ် စေခဲ့သည်။ ဒါက ခရမ်းချဉ်သီး၏ တောင်းဆိုချက် ဖြစ်၏။

ခရမ်းချဉ်သီးက ဝိုင်ဗန်နဂါးကြီး ဝိုင်ဗန် နဂါးငယ်လေး၏ ခြေရာကို ခြေရာခံမိပြီး သူတို့ကို ရှာတွေ့သွားမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် အဲ့ဒီလို မဖြစ်ခဲ့ပေ။

ဝိုင်ဗန်နဂါးကြီးက ဝိုင်ဗန် နဂါးငယ်လေးကို ရှာဖွေတာကို လက်လျှော့လိုက်ပြီလို့ ခရမ်းချဉ်သီးက ထင်ခဲ့သည်။ သူက ဝိုင်ဗန် နဂါးငယ်လေးက နဂါးမျိုးနွယ်သားနှင့် ဘာကြောင့် ရင်းနှီးခင်မင် နေရသလဲဆိုတာ သိချင် နေခဲ့သည်။

ဝိုင်ဗန် နဂါးငယ်လေးက နဂါးမျိုးနွယ်သားကို သူ့ အမေလို သဘောထား နေခဲ့သည်။ နဂါးမျိုးနွယ်သားက "သတ္တဝါလေး ဥကပေါက်သည့် အခါ သူမြင်သည့် လူကို သူ့ အမေလို့ သဘောထားတယ်"လို့ ပြောခဲ့သည်။ သို့သော် ခရမ်းချဉ်သီးက ဒါက အဓိပ္ပာယ် မရှိဘူးလို့ ထင်ခဲ့သည်။

ဒီဝိုင်ဗန် နဂါးငယ်လေးက နဂါးမျိုးနွယ်သားကို သူ့ အမေလို သဘောထား နေရသည့် အထူးအကြောင်းရင်း တစ်ခု ရှိရမည်။

ခရမ်းချဉ်သီးက အကြောင်းရင်းကို မသိခဲ့ပေ။ သူက ဘုရင်အာလူး ၂က သက်ရောက် စေခဲ့သည့် ကျိန်စာကြောင့် ဖြစ်နိုင်တယ်လို့ ထင်ခဲ့သည်။ သူက အနာဂတ်တွင် အမှန်တရားကို ရှာဖွေ တွေ့ရှိ လိမ့်မည်။

နဂါးမျိုးနွယ်သား နိုးလာပြီး တစ်နေ့တာ လေ့ကျင့်ခန်း အတွက် ပြင်ဆင် နေစဉ် သူက ခရမ်းချဉ်သီး အိမ်ငယ်လေးထဲတွင် မရှိတာကို တွေ့ရှိ ခဲ့သည်။

သူက ထရပ်ပြီး ခရမ်းချဉ်သီးကို ပတ်ပတ်လည် ရှာဖွေလိုက်သည်။ သူ အိမ်ထဲက ထွက်လာသည့် အခါ သူ့ ပါးစပ်ကို နောက်ကနေ ပိတ်ခံလိုက် ရသည်။ သူ့၏ ပထမဆုံး အသိစိတ်က ဒါက ခရမ်းချဉ်သီးပဲလို့ သူ့ကို ပြောခဲ့သည်။

နဂါးမျိုးနွယ်သားက အကျယ်ကြီး အော်ဟစ်တာ ဒါမှမဟုတ် ဘာမေးခွန်းမှ မေးမြန်းတာ မလုပ်ခဲ့ပေ။ သူက လူတစ်ယောက် နောက်ကို လိုက်သွားပြီး အိမ်၏ အလယ်ကို ရောက်သွားသည်။ ပြီးတော့ သူ ပြတင်းပေါက် အပြင်ဘက်က လှုပ်ရှားမှု တချို့ကို ကြားလိုက် ရသည်။

အရုဏ်မတက်ခင်တွင် ပုံရိပ်တချို့က ပြတင်းပေါက် နားမှ ဖြတ်ပြေး သွားကြသည်။

သူတို့ အိမ်ငယ်လေးကို ဘယ်သူက ဝိုင်းရံထားသလဲ ဆိုတာ မသိခဲ့ကြပေ။

"ငါ မင်းကို နှိုးချင်ပေမဲ့ မလုပ်နိုင် ခဲ့ဘူး။ မင်းက လူသေတစ်ယောက်လို အိပ်နေတာပဲ။ ကံကောင်းတာက မင်း အသက်ရှူနေတုန်းပဲ။" ခရမ်းချဉ်သီးက နဂါးမျိုးနွယ်သား၏ နောက်ကနေ ပြောလိုက်သည်။ သူက နဂါးမျိုးနွယ်သား၏ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်း အကြောင်း မကျေမနပ် ပြောနေခြင်းပင်။ ဒါက သူ အကြိမ်ပေါင်း များစွာ လုပ်ခဲ့ဖူးသည့် အရာလည်းဖြစ်၏။

တိုက်ခိုက်ရေး သမား တစ်ယောက် အနေနှင့် အိပ်စက်နေစဉ်အတွင်း သတိဝီရိယ ထားရှိဖို့ အရေးကြီးသည်။ သို့သော် နဂါးမျိုးနွယ်သားက အဲ့ဒီလို မလုပ်နိုင် ခဲ့ပေ။

ခရမ်းချဉ်သီးက နဂါးမျိုးနွယ်သားနှင့် သူ့၏ ဝိုင်ဗန် နဂါးငယ်လေးကို စွန့်ပစ်ပြီး သူ့၏ တောဝံပုလွေ နှစ်ကောင် နှင့်အတူ ထွက်ခွာသွား ခါနီးတွင် နဂါးမျိုးနွယ်သား နိုး လာခဲ့သည်။ သူ ကံကောင်းသွား၏။

"အပြင်မှာ ဘယ်သူတွေလဲ။" နဂါးမျိုးနွယ်သားက တိုးညင်းစွာ မေးလိုက်သည်။

"ငါ မသိဘူး။ သူတို့ ရည်ရွယ်ချက်ကောင်း ရှိပုံ မရဘူး။ သူတို့ ငါ အိမ်ပတ်ပတ်လည်မှာ ထောင်ထားတဲ့ ထောင်ချောက်နှင့် အချက်ပေး စနစ်တွေကို ဖျက်ဆီးပြီး တိတ်တဆိတ် ဝင်လာကြတာ။" ခရမ်းချဉ်သီးက လေးတစ်လက် ကိုင်ပြီး မြားတစ်စင်း ဆွဲယူရင်း ပြောလိုက်သည်။

တောဝံပုလွေ နှစ်ကောင်က ဧည့်ခန်းထဲတွင် ရှိနေကြသည်။ သူတို့က ခုန်အုပ်ဖို့ အသင့်ဖြစ်နေပြီး ခရမ်းချဉ်သီး၏ အမိန့်ကြောင့် တိတ်ဆိတ်စွာ နေနေကြ၏။

ခရမ်းချဉ်သီးက နဂါးမျိုးနွယ်သားကို နောက်ဆုတ်ဖို့ မျက်ရိပ် ပြလိုက်သည်။

နဂါးမျိုးနွယ်သားက အိပ်ခန်း တစ်ခု ထဲကို နောက်ဆုတ် သွားပြီး ခရမ်းချဉ်သီးက ဧည့်ခန်း အလယ်ကို လျှောက်သွား လိုက်သည်။ ခရမ်းချဉ်သီးက သူ့ လက်ကို စားပွဲထောင့် တစ်ခုပေါ် တင်လိုက်သည်။

သူက ဧည့်ခန်းနှင့် အိပ်ခန်းကြားက နံရံကို လှည့်စေသည့် ယန္တရား တစ်ခုကို ဖွင့်လိုက်သည်။ မြေကြီးက လှည့်လာပြီး လူတစ်ယောက်စာ အပေါက် တစ်ခု ပေါ် လာခဲ့သည်။

ခရမ်းချဉ်သီးက တောဝံပုလွေ နှစ်ကောင်ကို အပေါက်ထဲဝင်ဖို့ အချက် ပြလိုက်သည်။

နဂါးမျိုးနွယ်သားက အံ့ဩတကြီးနှင့် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ သူ အဲ့ဒီမှာ ရက်ပေါင်း များစွာ နေထိုင်ခဲ့သော်လည်း နံရံနောက်ကွယ်တွင် ဥမင်လိုဏ်ခေါင်း တစ်ခု ၏ ဝင်ပေါက် ရှိနေတာကို သူ သတိမထားမိခဲ့ပေ။

နဂါးမျိုးနွယ်သားက ဝိုင်ဗန်နဂါး၏ လှောင်အိမ်ကို ချက်ချင်း ဖွင့်ပြီး ဝိုင်ဗန် နဂါးငယ်လေးကို လွှတ်ပေးလိုက်ကာ ဥမင်လိုဏ်ခေါင်းထဲ ဝင်ဖို့ အချက် ပြလိုက်သည်။ ဝိုင်ဗန် နဂါးငယ်လေးက နဂါးမျိုးနွယ်သားကို နားလည်သည်။ သူက တိုးညင်းစွာ မြည်တွန်ပြီး အပေါက်ထဲကို နာခံစွာ လူးလွန့် ဝင်ရောက် သွား၏။ နဂါးမျိုးနွယ်သားက ဝိုင်ဗန် နဂါးငယ်လေး၏ နောက်ကနေ လိုက်ပါ သွားသည်။

နောက်ဆုံး ထွက်ခွာသွားသည့် လူက ခရမ်းချဉ်သီး ဖြစ်၏။ သူက ဥမင်လိုဏ်ခေါင်းထဲက ကျောက်တုံး တစ်တုံးကို ဖိလိုက်ရာ နံရံက မူလနေရာကို ပြန်ရောက်သွားပြီး ထွက်ပေါက်ကို ဖုံးကွယ် သွားသည်။

"ချက်ချင်း ထွက်သွားရအောင်။ သူတို့ အိမ်အပြင်ဘက်က အချက်ပေး စနစ်များကို ပိတ်နိုင်ရင် ထွက်ပေါက်ဖွင့်တဲ့ ယန္တရားကို ရှာတွေ့နိုင်တယ်။ ငါတို့ ရှာမတွေ့ခင် ထွက်သွားကြရအောင်။" ခရမ်းချဉ်သီးက နဂါးမျိုးနွယ်သားကို လေးနက်စွာ ပြောလိုက်သည်။ သူက နဂါးမျိုးနွယ်သားဆီကို လျှောက်သွားပြီး တောဝံပုလွေ နှစ်ကောင်၏ ရှေ့ကနေ ဦးဆောင် လမ်းပြ လိုက်သည်။

ခရမ်းချဉ်သီးက အတွေ့အကြုံရှိပုံ ရသည်။ ဒါက သူ သူတို့ကို ပထမဆုံး အကြိမ် တွေ့ကြုံရခြင်း မဟုတ်ပေ။ နဂါးမျိုးနွယ်သားက စိတ်ရှုပ်ထွေး နေပေမဲ့ မေးခွန်းများ မမေးဘဲ ခရမ်းချဉ်သီး နောက်ကို လိုက်ပါ သွားသည်။ အခြေအနေက တင်းမာနေပြီး နဂါးမျိုးနွယ်သား အတွက် မေးမြန်းဖို့ မသင့်တော်ပေ။

တစ်နာရီကြာ လမ်းလျှောက်ပြီးနောက် သူတို့ လမ်းဆုံး တစ်ခုကို ရောက်ရှိ သွားကြသည်။

နဂါးမျိုးနွယ်သားက ခရမ်းချဉ်သီးက ဥမင်လိုဏ်ခေါင်းကို ကိုယ်တိုင် တူးခဲ့သလား ဆိုတာ မသိခဲ့ပေ။ သူ တူးခဲ့ရင်တော့ အံ့ဩစရာ ကောင်းလှသည်။ သူ ဘယ်လိုများ ဒီလောက် ရှည်သည့် ဥမင်လိုဏ်ခေါင်း တစ်ခုကို တူးနိုင်ခဲ့ပါသနည်း။

ဥမင်လိုဏ်ခေါင်း တစ်လျှောက်တွင် နေရာ အမျိုးမျိုးကို ဦးတည်သည့် လမ်းခွများ ရှိနေသည်။ သို့သော် ညွှန်ပြချက်များ မရှိပေ။ ခရမ်းချဉ်သီး ကလွဲလို့ ဘယ်သူမှ သူတို့ ဘယ်ကို ဦးတည်နေသလဲဆိုတာ မသိကြပေ။

"အဲ့ဒီ လူတွေက ဘယ်သူများလဲ။ သူတို့ မင်းကို သတ်ဖို့ လာကြတာလား။" နဂါးမျိုးနွယ်သားက ဥမင်လိုဏ်ခေါင်းထဲက ထွက်လာပြီး ထူးဆန်းသည့် သစ်တော တစ်ခုကို ရောက်ရှိ သွားသည့် အခါ ခရမ်းချဉ်သီးကို မေးလိုက်သည်။

"သူတို့ ဘုရင်အာလူး ၂က လွှတ်လိုက်တာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဆုတော်ငွေ မုဆိုးတွေ ဖြစ်နိုင်တယ်။ ငါ အရင်က နတ်ဘုရားတိုင်းပြည်မှာ ကြုံခဲ့ဖူးတယ်။ ဘုရင်အာလူး ၂ကို ဖြုတ်ချရမှာ ဖြစ်လို့ ငါ မင်းကို လေ့ကျင့်ပေးဖို့ ဆန္ဒရှိတာ။ ငါ အဲ့ဒီလို မလုပ်နိုင် ခဲ့ဘူး၊ ဒါပေမဲ့ မင်းအလှည့်ကျ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်း သေဖို့ အတွက် ပြင်ဆင်ထားရမယ်။" ခရမ်းချဉ်သီးက ပြတ်သားစွာ ပြောလိုက်သည်။

"သွားကြရအောင်။ ငါတို့ ဒီသစ်တောထဲက ထွက်သွားရမယ်။ ဒါက ခရီးရှည်ကြီးပဲ။ ဒါကိုယူ၊ ဒါက တောဖယ်ရီတွေဆီက ငါတို့ ကိုယ်နံ့ကို ဖုံးကွယ် ပေးလိမ့်မယ်။"

ခရမ်းချဉ်သီးက အိတ်ငယ် တစ်ခုကို နဂါးမျိုးနွယ်သားဆီကို ပေးလိုက်သည်။ အိတ်ငယ်ထဲက ပစ္စည်းများက အထူးအနံ့အသက် တစ်ခု ထုတ်လွှတ်နေ၏။

နဂါးမျိုးနွယ်သား အိတ်ငယ်ကို ယူလိုက်စဉ် မာနာစွမ်းအင်က သူ့ ခေါင်းပေါ်တွင် စုစည်း လာခဲ့သည်။ ခရမ်းချဉ်သီးက နဂါးမျိုးနွယ်သားကို တွန်းထုတ်လိုက်သည်နှင့် တစ်ပြိုင်တည်း မာနာကျည်ဆန် အတွဲလိုက် တစ်ခုက သူတို့၏ အရင်နေရာကို ကျရောက် သွားသည်။

All Chapters