← Chapters

ဧကရာဇ်အဆင့် သားရဲရောက်လာပြီ။

Vol. 14 Ch. 194

ဧကရာဇ်အဆင့် သားရဲရောက်လာပြီ။

Vol. 14 Ch. 194

မြို့တံခါးအပြင်ဘက်။

ဝုန်း!

ဧရာမ သားရဲကြီး ဝင်တိုးလာသည်။ မြေပြိုကျသလို သို့မဟုတ် ဆူနာမီရေလှိုင်း ခတ်သွားသလို တုန်ခါမှုသည် ကြီးမားသော ကြယ်သားရဲများ၏ အစုအဝေးကို ဖြိုခွင်းပစ်ခဲ့သည်။ အသားတောင်သည် မမျှော်လင့်ဘဲ တံတိုင်းကြီးလို ပြုကျလာသဖြင့် မရေမတွက်နိုင်သော ကြယ်သားရဲများ ၎င်းအောက်တွင် ကြေမွသွားကြသည်။

  "ကျပြီ! ပြုတ်ကျပြီ!"

  "ဘုရင်အဆင့် ကြယ်သားရဲ သေပြီ!!"

  "ဦးစီးချုပ်က တန်ခိုးကြီးလိုက်တာ!!!"

  ဦးစီးချုပ်ရဲ့လက်ထဲက သစ်တော်ပွင့် မိုးအပ်က တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာကြောင့် အားလုံးက ထိတ်လန့် တုန်လှုပ်နေကြ၏။

  ဘုရင်အဆင့် ကြယ်သားရဲက ဘယ်လောက်တောင် အင်အား ကြီးမားခဲ့သလဲ မြင်နိုင်သည်။ သို့သော် ၎င်း၏ အသားတောင်ကြီးနှင့်တူသော ဘုန်းအာနုဘော်အပြည့် ခန္ဓာကိုယ်ကြီးသည် အပ်တစ်ချောင်းကို ခံနိုင်ရည်န ည်းနည်းလေးတောင်မှ မရှိခဲ့။

အဲဒါ ဘုရင်အဆင့် ကြယ်သားရဲ...

"ဘုရင်အဆင့် ကြယ်သားရဲ သေသွားပြီ... အားလုံးပဲ မြို့ကို ဆက်ပြီး ကာကွယ်ကြပါ"

ဦးစီးချုပ်သည် သူ၏ မုန်တိုင်းလို သစ်တော်ပွင့် မိုးအပ်ကို ဆုတ်ခွာကာ မြို့ရိုးပေါ်၌ ရပ်လိုက်သည်။ ထို့နောက် ဘုရင်အဆင့် ကြယ်သားရဲများကို ငေးကြည့်ရင်း စစ်သည်များရဲ့ စိတ်ဓာတ်ကို မီးမွှေးရန် အော်ဟစ်လိုက်သည်။

ရုတ်တရက် အငြိုးအတေး ရောင်ဝါပေါင်းများစွာက သူ့နဖူးကို ဆေးထိုးအပ်လို ထိုးဖောက်လာခဲ့သည်။

“လာပြီ...”

သူတို့၏အဖော်တစ်ဦး သေဆုံးပြီးနောက် အခြားအမျိုးကောင်းသားတို့သည် ဦးစီးချုပ်အား စူးစူးဝါးဝါး စိုက်ကြည့်လာကုန်၏။ ၎င်းတို့က ပြင်းထန်သော ရောင်ဝါတစ်ခုဖြင့် သူ့ကို စိုက်ကြည့်နေကြသဖြင့် မုန်းတီးမှုက ပြင်းထန်လာကြောင်း သိနိုင်ပေသည်။

"ကောင်းပြီ... မင်းလား သားရဲဘုရင် ဒီကိုလာခဲ့!"

အစမ်းလေ့ကျင့်ထားသည့် လမ်းကြောင်းအတိုင်း မြို့ရိုးအရှေ့တောင်ဘက်ထောင့်သို့ ရောက်သောအခါ ဦးစီးချုပ် အသံက တုန်လှုပ်သွားသည်။

အသက်ရှူချိန် အနည်းငယ်အကြာ၌ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက သူ့အပေါ် ကျရောက်လာတော့သည်။

ဗုန်း!

ဘုရင်အဆင့် ကြယ်သားရဲအပေါင်းတို့သည် အရှေ့တောင်ထောင့်တွင် စုဝေးကြပြီး သူ့ကို လည်ပင်းညှစ်သတ်ရန် အသင့်ဖြစ်နေကြသည်။

အရှေ့ဘက်တွင် ကြယ်သားရဲများ ရှိကာ သူ့အနောက်မှာ မြို့ရိုးရှိတာကြောင့် ဆုတ်ခွာဖို့ နည်းလမ်းမရှိပါ။ တောင်ကုန်းများနှင့်တူသော သားရဲများက ဦးစီးချုပ်အပေါ်သို့ ဆင်းသက်ကြကုန်၏။

"လာပြီ...."

ဦးစီးချုပ် မတ်တပ်ရပ်ကာ ကြယ်သားရဲများကို မော့ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သူ့အနေအထားက ပုရွက်ဆိတ်တစ်ကောင်လို အရေးမပါသလိုတောင် ခံစားလာရစေလေသည်။

လူသတ်မှုက နီးနေပြီ၊ အဆုံးသတ်ဆိုတာကလာ်း ရှောင်လွှဲလို့ မရချေ။

…………

"မဖြစ်ဘူး! ဦးစီးချုပ်ကို သွားကယ်"

ဒါကိုမြင်တော့ တခြား ကျင့်ကြံသူတချို့လည်း ထိတ်လန့်တကြားနဲ့ ဦးစီးချုပ်ဆီ အပြေးအလွှားသွားဖို့ ပြင်ဆင်နေကြပေမယ့် ရုတ်တရက် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဦးစီးချုပ် ကျောနောက်က မြို့ရိုးဆီမှ အုတ်တွေ ပြိုကျသွားကုန်သည်။

ချုံခိုတိုက်ခိုက်နေသော ရဲတပ်ဖွဲ့ဝင်များက စည်းလုံးညီညွတ်စွာ တိုက်ခိုက်ခဲ့ကြသည်။ ရာနှင့်ချီသော သစ်တော်ပွင့်ပန်း မိုးအပ်များသည် အပေါက်များမှ ပေါက်ထွက်ကာ ဘုရင်အဆင့် ကြယ်သားရဲများ စုဝေးရာသို့ လေးလေးနက်နက် ပစ်လွှတ်လာကြ၏။

စည်းလုံးညီညွတ်စွာ ပြင်ဆင်ထားသော ထောင်ချောက်တစ်ခုသာ။

"ပစ်!!!!"

ဦးစီးချုပ်က ဟောက်ပြီး ခေါင်းကို လက်ဖြင့်အုပ်ကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူသည် ဤအခိုက်အတန့်တွင် ခြုံခိုတိုက်ခိုက်ဖို့ အကြိမ်ရာနှင့်ချီ လေ့ကျင့်ခဲ့သည်။

နောက်တစ်စက္ကန့်၌။

ရွှီး!

ညကောင်းကင်အောက်မှာ သစ်သီးပွင့်တွေ မိုးရွာချနေသလို ငွေရောင်အလင်းတန်းများက ကောင်းကင်ကိုဖြတ်၍ ကြယ်များကဲ့သို့ လင်းလက်တောက်ပနေသည်။ ၎င်းတို့က ဘုရင်အဆင့် ကြယ်သားရဲများ၏ ဦးခေါင်းခွံများထဲ ထိုးဖောက်ဝင်ရောက်နေပြီ။

ဘုရင်အဆင့်ရှိ ကြယ်သားရဲတစ်ကောင် လဲကျပြီးနောက် နောက်ထပ် တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျကာ အသားတောင်ကြီးတစ်ခု ဖြစ်လာသည်။ သားရဲများကလည်း စူးစူးဝါးဝါး မြည်တမ်းကုန်ကြသည်။

တခဏချင်းမှာပဲ တဟုန်ထိုးတက်လာတဲ့ သားရဲဒီရေဟာ ငြိမ်သက်သွား၏။ ဘုရင်အဆင့် ကြယ်သားရဲတွေကို ရှောင်ဖို့ ကြိုးစားရင်း ငြိမ်သက်သွားခဲ့တာကြောင့် ပရမ်းပတာ မြို့ရိုးအောက်မှ မရေမတွက်နိုင်သော ကြယ်သားရဲတိရိစ္ဆာန်များ ကြေမွသေဆုံးသွားခဲ့သည်။

ရုတ်ချည်းဆိုသလို သွေးထွက်သံယို မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ မြို့ရိုးအမြင့်မှနေသော လူအုပ်ကြီးသည် ကြယ်သားရဲများ၏ အခြေအနေကို ငုံ့ကြည့်ကာ ဘုရင်အဆင့်သားရဲဆီကို စိုက်ကြည့်နေကြသည်။

ခံစားချက်တွေ ပြည့်နှက်နေတဲ့ သူတို့ နှလုံးသားတွေထဲမှာ တချိန်က မာနကြီးသော ဧရာမအရွယ်အစားက ယခု သစ်တော်သီးပွင့်၏ သဲသဲမဲမဲ ရွာသော ဆေးထိုးအပ်များဖြင့် အထိုးခံထားရသော ဘဲတစ်ကောင်သာ ဖြစ်လာခဲ့သည်။

မြင့်မားသော ပလက်ဖောင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှ ဗီဒီယိုဖိုင်ကို အင်တာနက်သို့ ပြန်လည်ပေးပို့ခဲ့သည်။ ကာကွယ်ရေးစကတည်းက ဒီတိုက်ပွဲက တိုင်းပြည်ရဲ့အာရုံကို ဖမ်းစားခဲ့၏။ အင်တာနက်သည် ထင်မြင်ချက်များနှင့် မှတ်ချက်များဖြင့် တုန်လှုပ်ချောက်ချားနေပြီ ဖြစ်သည်။

"ဦးစီးချုပ်က သူ့ကိုယ်သူ ဓားစာခံ လုပ်ပြီး သားရဲတွေကို ဂိမ်းထဲကို ဝင်ပါလာအောင် လှည့်စားလိုက်တာ"

"တစ်ချက်တည်းနဲ့ ဘုရင်အဆင့် သားရဲတစ်ကောင်ကို သတ်လိုက်တာလား"

"ကျန်းဟိုင်မြို့စောင့်တပ်မှာ ဒီလိုနည်းလမ်းလည်း ရှိတယ်?!"

"မဟုတ်ဘူး သူငယ်ချင်းတို့? ငါ ကြယ်တစ်ပွင့်လက်နက် အကြောင်းကို နားလည်ပါတယ် ဒါပေမယ့် မင်းတို့ တကယ်လုပ်နေတာကြီးက....ကျစ်... ဒေါသထွက်စရာပဲ!"

"ကောင်းပြီ ကောင်းပြီ ကောင်းကင်က ကျန်းဟိုင်ကိုဖျက်ဆီးမှာ မဟုတ်ဘူး!"

များပြားလှသော မှတ်ချက်များစွာက တစ်ပြိုင်နက်တည်း ပေးပို့လာခဲ့ပြီး နောက်ဆုံးအခိုက်အတန့်အထိ ၎င်းတို့သည် နောက်ဆုံးတွင် တစ်စုတစ်စည်းတည်း ဆောင်ပုဒ်အဖြစ် ပေါင်းစပ်သွားခဲ့သည်။

...

"ငါတို့အနိုင်ရစေရမယ်!"

...

ဗီလာထဲက 4K တီဗီဖန်သားပြင်တွင် ဘုရင်အဆင့် ကြယ်သားရဲတစ်ကောင် မိုးခြိမ်းသံနှင့်အတူ ပြိုကျသွားသည်။ ပုံရိပ်သည် မယုံနိုင်လောက်အောင် ထိရောက်မှုရှိပြီး ရုပ်ရှင်တစ်ကားထက် မနည်းသော ထိတ်လန့်ဖွယ်ရာ အတွေ့အကြုံကို ပေးစွမ်းနိုင်ပေ၏။

"ဟင်?!"

ရှောင်ပိုင် ဆိုဖာပေါ်တွင်ထိုင်ကာ ပေါက်ပေါက်တစ်ထုပ်ကို ကိုင်လျက် စိတ်ဝင်တစား ကြည့်နေသည်။ နောက်တော့ ဒီမြင်ကွင်းပေါ်လာတဲ့အခါ သူမ မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားတော့သည်။

ဒီအတိုင်း သေပြီ??

ဘုရင်အဆင့် ကြယ်သားရဲတစ်ကောင်ဟာ ဒီအတိုင်းပဲ တကယ် သေသွားပြီလား?

ဤသတ္တဝါသည် ဒီရေကို ပို့ဆောင်ရန် လုံလောက်အောင် အစွမ်းထက်သော၊ တန်ခိုးကြီးသော တောင်ကဲ့သို့ အားကြီးကာ ပုရွက်ဆိတ်လို လူတို့ကို ချေမှုန်းနိုင်ပေမယ့် ခွေးတစ်ကောင်လို သတ်ဖြတ်ခံလိုက်ရလေသည်။

"ဒီလောက်တောင် တန်ခိုးကြီးတာလား?"

ဒါကိုမြင်တော့ ရှောင်ပိုင်လည်း မထိုင်နိုင်တော့ပေ။ သူ ဆိုဖာပေါ်မှ ပြေးတက်ကာ အဝေးထိန်းခလုတ်ကို ကိုင်ကာ တီဗီဆီသို့ အမြန်သွားလိုက်သည်။ သူက ဗီဒီယိုကို စက္ကန့်အနည်းငယ်ကြာ ပြန်ရိုက်ပြီး ဦးစီးချုပ် လက်ထဲက လက်နက်ကို စိုက်ကြည့်နေ၏။

နောက်အခိုက်အတန့်၌ သစ်တော်သီးပွင့် အပ်တစ်ချောင်း ပေါ်လာသည်။ အနက်ရောင် ဘောပင်ကိုင်ဆောင်ထားပုံနှင့် တူပြီး မယုံကြည်နိုင်လောက်သော အသွင်အပြင်နှင့် ၎င်း၏ အပ်ပေါက်များသည် ပျားလပို့ကဲ့သို့ ထူထပ်စွာ ထုပ်ပိုးထားသည်။

ရင်းနှီးပြီးသားပုံစံပင်။

"ဟင်? ဒါက သခင် ရှဟဲကို ပေးခဲ့တဲ့ ဆေးထိုးအပ် မဟုတ်ဘူးလား အဲဒါ ဘယ်လိုခေါ်လဲ...သစ်တော်ပွင့်မိုးအပ်"

ရှောင်ပိုင် အတွေးဖြင့် မျက်မှောင်ကြုတ်ကာ ကြီးထွားနေသော ရင်ဘတ်ကို ဆုပ်ကိုင်ကာ အပြင်ဘက်က ချင်းယန်ကို လှမ်းကြည့်လိုက်သည်။

တစ်ခုခု မှားနေသလိုပဲ!

တိုက်ပွဲစပြီးကတည်းက ချင်းယန်ဟာ ဘာမှမလုပ်ဘဲ အပြင်ကနေသာ ကြည့်နေခဲ့သည်။ လေတွေ အိမ်ထဲသို့ အဆက်မပြတ် ၀င်ရောက်လာသည်။

“သခင် လေတိုက်တယ် အပြင်မှာ ရပ်မနေတော့နဲ့”

ရှောင်ပိုင် အဝေးထိန်းခလုတ်ကို ဆုပ်ကိုင်ထားပြီး လသာဆောင်ပေါ်သို့ နင်းသွားကာ ချင်းယန်ခါးကို ခေါင်းသေးသေးလေးဖြင့် ပွတ်ရင်း အတွင်းဘက်သို့ ဆွဲထုတ်ရန် သူ့လက်ကို အပြင်းအထန် ဆွဲထားသည်။

"လာ ငါ့နောက်ကိုလိုက်ခဲ့!"

"မြန်မြန်လုပ် သခင် လူသားတွေ အောင်တော့မှာပါ"

စကားလုံးတွေက နောက်ကောက်ကျသွားသလိုပဲ ချင်းယန်က မတုန်မလှုပ်ပင်။ သူက ခြံစည်းရိုးကို မှီပြီး အဝေးက ကောင်းကင်ကိုသာ ငေးကြည့်နေတ၏။ အေးမြသော ညလေညင်းက ညင်သာစွာ တိုက်ခတ်လာပြီး မြို့ရိုးများမှ အမြောက်မီးသံများ ကျယ်လောင်လာသည်။

ဤဘုရင်အဆင့် ကြယ်သားရဲက အစသာဖြစ်သည်။

"နောက်တစ်ခုကမှ တကယ့်ပွဲ"

………….

သားရဲဒီရေနောက်က တလီတောင်တန်းတွေရဲ့ ထင်းရှူးတောထဲမှာ။

အမှောင်ရိပ်နှစ်ခုသည် တောထဲတွင် ရပ်နေပြီး အဝေးက မြို့ရိုးများ၏ ပုံမှန်မဟုတ်သော အမူအကျင့်များကို တိတ်တဆိတ် စောင့်ကြည့်နေပါသည်။ သားရဲများသည် ၎င်းတို့ကို ရှောင်သွားခဲ့ပြီး မီတာတစ်ရာအတွင်း သက်ရှိသတ္တဝါဟူ၍ မရှိကြပေ။

ဝေးကွာသော မြို့ရိုးပေါ်တွင် ဘုရင်အဆင့် ကြယ်တစ်ကောင် ပြိုကျသွားသည်။

"အမှိုက်တစ်ထုပ်!"

အရိပ်တစ်ခုက ကျိန်ဆဲလိုက်၏။

"ဒါလောက် အချိန်အကြာကြီး လေ့ကျင့်ထားတာတောင် မြို့ရိုးကို မတက်နိုင်ဘူး"

ထိုအခါ သူ့ဘေးကလူက ဆိုသည်။

"စိတ်အေးအေးထားပါ... အရှင်သခင်... ဒီကမ်းရိုးတန်း မြို့ငယ်လေးမှာ ဒီလောက်အစွမ်းထက်တဲ့ လက်နက်တစ်ခုရှိမယ်လို့ ကျွန်တော်လည်း မမျှော်လင့်ထားပါဘူး ဘုရင်အဆင့် ကြယ်သားရဲတစ်ကောင်ကို ချက်ချင်းသတ်နိုင်တဲ့ မှော်လက်နက်က အရမ်းကို ရှားပါးပါတယ်"

သို့သော် သူပြောပြီးသည်နှင့် တုံ့ပြန်မှုမရှိဘဲ အခြားအမိန့်တစ်ခုသာ ကျလာသည်။

"ဒါက ငါ့ကိစ္စမဟုတ်ဘူး! မင်းဘာဆက်လုပ်ရမယ်ဆိုတာ မင်းသိပါတယ်!"

"ဟုတ်ကဲ့ အရှင်သခင် စိတ်ချပါ! ကျနော်က ဧကရာဇ်အဆင့် လက်အောက်ခံတစ်ဦးဖြစ်လို့ နိမ့်ပါးတဲ့ အမှိုက်တွေရဲ့ အမှားကို တားဆီးပါ့မယ်"

ဤသို့ဖြင့် အနက်ရောင် ၀တ်စုံလူက တောထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

တစ်ဆင့်ပြီးတစ်ဆင့် လှမ်းရင်း ကျန်းဟိုင်၏ နယ်စပ်ဆီသို့ ချဥ်းကပ်လာ၏။ နောက်အခိုက်အတန့်၌ သူသည် အနက်ရောင်ဝတ်ရုံကို ဖွာလိုက်တညကြောင့် အမွေးအတောင်များ ပေါ်လွင်လာသည်။ သူ့အတောင်များသည် ကျယ်ပြောပြီး ကောင်းကင်နှင့် လကိုပင် ဖုံးထားနိုင်လောက်၏။

ထိုလူသည် အထက်သို့ ပျံတက်၍ ကြီးမားသော လင်းယုန်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ ဖြတ်သွားရာ၌ ကြယ်သားရဲများ၏ အသားနှင့်အရိုးတို့ သွေးမိုးရွာကာ လှိုင်းခတ်မှုကြောင့် အချင်းချင်း ပွတ်တိုက်မိကုန်လေသည်။

All Chapters