← Chapters

တစ္ဆေအိုကြီး (2)

Vol. 29 Ch. 282

တစ္ဆေအိုကြီး (2)

Vol. 29 Ch. 282

အင်တာနက်သုံးစွဲသူများက ထပ်မံပေါက်ကွဲသွားကြပြန်သည်။ ရှင်းယိချင်းကို အားပေးခဲ့ကြသည့် ကြည့်ရှုသူများက မဲပေးစနစ် သိသာထင်ရှားမှုမရှိခြင်းနှင့် တရားမျှတမှုမရှိခြင်းအပြင် အစီအစဉ်အဖွဲ့၏ ဖယ်လိုက်မှုကိုပါ မေးခွန်းထုတ်လာကြသည်။

ရှင်းယိချင်းက မမြင်နိုင်သော လျှို့ဝှက်ချက်တစ်ခုခုကြောင့် ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်မည်ဟု သူတို့ ယုံကြည်နေကြ၏။

[ဆန်ကာတင် ငါးယောက်ကိုတွေ့တော့ ငါ ရယ်တောင်ရယ်မိသွားတယ်၊ ရှင်းတောက်ကျန့်က အများ လက်ခံထားတဲ့ တောက်ဓမ္မဂိုဏ်းရဲ့အတွင်းတပည့်လေ၊

ဒီနယ်ပယ်က ရုပ်လွန်ပညာရှင်က သူက ဒီလူငယ်မျိုးဆက်ထဲမှာ အရမ်းတော်တဲ့ ပညာရှင်ပဲလို့တောင် ပြောကြတာ၊ အဲဒီလိုလူက ထိပ်ဆုံးငါးယောက်ထဲတောက် မဝင်ဘဲ ထုတ်ခံလိုက်ရတယ်တဲ့လား]

[ပိုင်စစ်နဲ့ ဒေစီအတွက်ကတော့ တစ်ယောက်က ဆရာဝန်ဖြစ်နေပြီး နောက်တစ်ယောက်က စိတ်ကိုပဲဖတ်နိုင်တာ၊ ဒါက ရုပ်လွန်ပညာရပ်အစီအစဉ်တစ်ခုလေ

ရုပ်လွန်အစီအစဉ်တွေကိုပဲ ငါ ကြည့်ချင်တာ၊ ဆရာဝန် ဆေးကုတာကိုပြသတဲ့ရှိုးကို ကြည့်ချင်တာမဟုတ်ဘူး..]

[နိုင်ငံခြားသားနှစ်ယောက်ကတောင် အပယ်မခံရသေးဘူး၊ သူတို့ဆီမှာ ရွှေသခင်တွေ ရှိနေတာပဲဖြစ်ရမယ်]

[နိုင်ငံခြားသားဖြစ်နေတာက ဘာဖြစ်လို့လဲ၊ ဒါက ပြိုင်ပွဲတစ်ခုပဲမဟုတ်ဘူးလား၊ ခွန်အားရှိတဲ့သူက နေနိုင်ခဲ့မှာပဲ၊ သူ ဘာကောင်ကြီးဖြစ်နေတယ်ဆိုတာက ပြဿနာလား၊ သူ ဘယ်လောက် အင်အားကြီးတယ်ဆိုတာတောင် ငါ မမြင်ရသေးဘူး]

‘ဝိညာဉ်ရေးရာ’၏ ပရိသတ်များမှာ အတော်ပင် များလွန်းလှသည်။ အင်တာနက်သုံးစွဲသူများ စတင်ငြင်းခုံလာကြသည်ကို မြင်သည့်အတွက် နာရီဝက်မျှကြာပြီးသည့်နောက် ရှင်းယိချင်းက တရားဝင်ပို့စ်တစ်ခုတင်လာခဲ့သည်။

လင်းရှီး V : [@ရှင်းယိချင်းရဲ့ အချိန်ဇယားတွေက ပြည့်နေတဲ့အတွက်ကြောင့် နောက်ထပ် အစီအစဉ်မှာ ပါဝင်ဖို့အချိန်မရှိတော့တဲ့အတွက် ပူးပေါင်းဆောင်ရွက်စွာနဲ့ပဲ ဒီအစီအစဉ်က ထွက်ခဲ့တာပါ၊ နေရာလွတ်ဖြစ်တဲ့အတွက် အပယ်ခံလိုက်ရတာမဟုတ်ပါဘူး]

ရှင်းယိချင်းက ဤသို့ဖြေရှင်းချက်ထုတ်လာမည်ဟု မည်သူကမျှလည်း မမျှော်လင့်ထားခဲ့မိ။

အင်တာနက်သုံးစွဲသူတချို့က ပူးပေါင်းကြံစည်မှုများလောဟု ဆက်ဆွေးနွေးနေကြသော်လည်း ရှင်းယိချင်း၏ ပို့စ်မှာ နာမည်ကြီးနေဆဲပင်။

သူက စာအရှည်ကြီးရေးပြီး အားလုံးကို စပရိုက်တိုက်လိုက်၏။

ပထဆုံးအနေဖြင့် သူက သူကိုယ်တိုင်၏သဘောနှင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ရုပ်လွန်

နယ်ပယ်တွင်လည်း သူ့အနေဖြင့် လုပ်စရာကိစ္စများ အမှန်တကယ်ရှိကြောင်းပြောကာ အခြားယှဉ်ပြိုင်သူများ၏ စွမ်းရည်ကိုလည်း ထောက်ခံသွားခဲ့သည်။

အဆုံးတွင်မူ သူသာ အလုပ်မများနေခဲ့ပါက ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် အဆုံးတွင် ဖယ်ထုတ်ခံလိုက်ရလျှင်ပင် တစ်ဝက်နှင့် ထွက်လိုက်ခြင်းထက် ပိုကောင်းကြောင်း ပြောသွားခဲ့သည်။

သူ့၏စကားလုံးများမှာလည်း စိတ်မကောင်းနေဟန်က အထင်းသား ပေါ်နေခဲ့သည်။

ပရိုဂရမ်၏ အစပိုင်းတွင် သူ့ထံ၌ ရှိခဲ့သည့် ပလွှားမှုများ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုများနှင့် နှိုင်းယှဉ်လျှင် ရှင်းယိချင်းမှာ ယခုတော့ အတော်လေး ပြောင်းလဲသွားပြီဖြစ်၏။

ဤပို့စ်ကိုတင်ပြီးနောက် အင်တာနက်သုံးစွဲသူတို့၏ ထင်ကြေးများနှင့် အငြင်းပွားမှုများမှာ ဖြည်းဖြည်းချင်းနှင့် အဆုံးသတ်သွားတော့သည်။

သူ့၏အကောင့်တွင်လည်း လူအများက နှုတ်ဆက်စကားဆိုကြပြီး မထွက်စေလိုကြောင်းတို့ကို ဖော်ပြခဲ့ကြသည်။

ပို့စ်ကိုဖတ်ပြီးသည့်နောက် ကုကျစ်စုန့်က ရှင်းယိချင်း၏ပုံစံမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။

တစ်ဝက်လောက်နှင့် ထွက်လိုက်ရခြင်းမှာ သူ့မူလရည်ရွယ်ချက်မဟုတ်ကြောင်း သူ့စကားလုံးများက ဖော်ပြနေခဲ့၏။

သိချင်စိတ်များကြောင့် သူမ ဂဲလီယိုချန်းကို ဖုန်းဆက်လိုက်သည်။

ဖုန်းကိုင်ပြီးနောက် တစ်ဖက်မှ ဂဲလီယိုချန်းက ပြောလာခဲ့သည်။

“စုန့်စုန့် နင်လဲ အဲဒီလိုပဲ ခံစားရတယ်မလား၊ ငါကြားတာတော့ သူ ထွက်လိုက်တာက ရှေးဟောင်းတာအိုဂိုဏ်းက ယိယွမ်ဂိုဏ်းကို ဖိအားပေးလာလို့တဲ့

ရှင်းယိချင်းက ယိယွမ်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့်လေ၊ ဒါပေမဲ့ သူက နိုင်ငံခြားက ဆရာသခင်တွေကို ရှုံးသွားတယ်၊ ဒါကြောင့် သူက တာအိုဂိုဏ်းတွေကို မျက်နှာပျက်စေခဲ့တတယ်တဲ့၊ အဲဒါကြောင့် ထွက်လိုက်ရတာ”

“ငါ အဲဒါကို ကြားပြီးတော့ ရယ်တောင်ရယ်ချင်သွားတယ်၊ အဲဒီလူအိုကြီးတွေက နင် ပိုအားကောင်းတယ်ဆိုတာကို ဝန်မခံချင်တာ မဟုတ်ဘူးလား၊

စုန့်စုန့် သူတို့ဂိုဏ်းတွေရဲ့နောက်မျိုးဆက်တွေက နင်နဲ့ မယှဉ်‌နိုင်လောက်ဘူးလို့ တွေးနေကြပဲမလား”

“အိုး.. စကားမစပ် နောက်ဆုံးအကြိမ် နန်စီရင်စုမှာ နင် ရိုက်ကူးနေတုန်းက ရှီမိသားစုခေါင်းဆောင်ရဲ့သမီးက ရုံးချုပ်ကို စာတစ်စောင်ပို့လာတယ်

ကြည့်ရတာတော့ အဲဒီတာအိုဂိုဏ်းက အဘိုးကြီးတွေက ဒါကိုလည်း သိလောက်မှာပဲ၊ ဘာတွေဖြစ်သွားလဲဆိုတာ ငါ သိချင်သား၊

ငါ သူမကို ဒေါသလဲ မထွက်ပါဘူး၊ ဂရုထဲက လူတွေကိုတောင် ပြောလိုက်သေးတယ်၊ သူမက နောက်အပတ်မှာတောင် ပြိုင်ပွဲကနေ ထွက်မှာမဟုတ်ဘူးလို့”

ကုကျစ်စုန့် : “.....”

သတင်းကြားပြီးနောက် ကုကျစ်စုန့်မှာ ပြောစရာစကားမဲ့သွားရသည်။

နှစ်ရာချီကြာပြီးနောက် တောက်ဓမ္မဂိုဏ်းများမှာ ဤသို့ပင်ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါချေ။

စည်းကမ်းကြီးကြပ်မှုများလည်း လျော့ရဲနေကာ အာဏာကို အလွဲသုံးစားလုပ်မှုပင်ဖြစ်နေပြီး အခြေခံအမူအကျင့်များနှင့် ဂုဏ်ယူစရာများလည်း မရှိတော့ချေ။

တောက်ဓမ္မဂိုဏ်း၏ပုံရိပ်နှင့် ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားကြသည့် လူကြီးတချို့က လူငယ်မျိုးဆက်များလောက်ပင် ထင်ထင်ပေါ်ပေါ်မနေကြပါချေ။

ဂဲလီယိုချန်းက ထပ်ပြောလိုက်သည်။

“ဒါနဲ့ ယောင်မင်ဖန်ကို မှတ်မိလား.. နတ်ဘုရားမရေကန်မှာ မြစ်နတ်ဘုရားအတွက် ယဇ်ကောင်အနေနဲ့ ပါဝင်ခဲ့တဲ့ လေးယောက်ထဲက တစ်ယောက်လေ၊ သူမ ပါဝင်ခဲ့တဲ့ အမှုက ပြန်တင်ပြခံနေရတယ်”

“တခြားသုံးယောက်ရဲ့ အမှုကတော့ ဖော်ထုတ်ပြီးသွားပြီ၊ နှစ်ယောက်က လူသတ်သမားအဖြစ် သံသယရှိခံထားရတယ်၊ တစ်ယောက်ကတော့ သူ့ ကောင်မလေးအပေါ်မှာ စိတ်ပိုင်းဆိုင်ရာဖိနှိပ်ခဲ့ပြီး ဖောက်ပြန်ခဲ့တယ်

ဒီတော့ ကောင်မလေးက စိတ်ဓာတ်ကျပြီး ရေကန်ထဲ ခုန်ချပြီး သတ်သေသွားတာတဲ့”

ဤဖြစ်စဉ်များသည်က လွန်ခဲ့သည့်ဆယ်စုနှစ်သုံးခုလောက်က ဖြစ်ခဲ့ခြင်းဖြစ်ပေ၏။

ယခုမှသာ ဟူနန်စီရင်စုထဲမှ ဤမြို့မှာ မြို့ကြီးတစ်မြို့ဖြစ်လာခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်လောက်ကဆိုလျှင် မည်မျှပင် ကြီးမားခြင်း မရှိသေးပါချေ။

ထိုအချိန်က ပတ်ဝန်းကျင်မှာလည်း ဖရိုဖရဲဖြစ်နေခဲ့ပြီး လူဦးရေစီးဆင်းမှုများကလည်း ရှုပ်ထွေးနေခဲ့သည်။

မြို့မှ လူအများစုက အပြင်သို့ထွက်ကာအလုပ်လုပ်ကြရသည်။ လူအနည်းငယ်လောက် ပျောက်နေလျှင်ပင် ရှာဖို့ခက်ခဲလေသည်။

*

“ဒီလို အမှုဟောင်းတွေက သက်သေအထောက်အထားရှာဖို့နဲ့ ပြန်စစ်ဆေးဖို့က ခက်တယ်၊

ဒါပေမဲ့ ငါတို့ အကောင်းဆုံးကြိုးစားမှာပါ”

ကျိလျောင်ချန်းက ပြောလိုက်သည်။

"ယောင်မင်ဖန်ကို ကယ်ဖို့ ရေထဲကို နစ်သွားရတဲ့ကောင်မလေးကတော့ တကယ်သနားစရာပဲ၊ ဆက်စပ်နေတဲ့ ကိစ္စတွေရဲ့ အဖြစ်မှန်ကို ပြန်ပြီးဖော်ထုတ်မှဖြစ်မယ်

အနည်းဆုံးတော့ ငါတို့တွေ သူရဲကောင်းလိုလူမျိုးကို လူမသိသူမသိနဲ့ ဒီအတိုင်းမြှုပ်နှံခံလိုက်ရတာမျိုး မဖြစ်စေချင်ဘူး”

*

ထိုညတွင်ပင် ဟူနန်စီရင်စု၏ရဲဌာနက အမှုတွဲများကို တစ်ခုပြီးတစ်ခု ဖော်ထုတ်တော့သည်။

“နတ်ဘုရားရေကန်ထဲမှ အလောင်းအမှု”ကို အဓိကအမှုအနေနှင့် ထားပြီး တခြားအမှုကြီးကြီးငယ်ငယ်တို့၏ အဖြစ်တို့ကိုလည်း အသေးစိတ်ဖော်ထုတ်လိုက်လေသည်။

ဤသည်က အင်တာနက်သုံးစွဲသူများကြားတွက် ဆူညံပွတ်လောရိုက်သွားစေကာ အသည်းအသန် ဆွေးနွေးကုန်တော့၏။

[ဗီဒီယိုထဲမှာ အင်တာဗျူးခံရတဲ့ ဦးလေးကြီးနဲ့ အန်တီတို့တွေဆိုရင် ငိုနေကြတာ သနားဖို့ကောင်းလိုက်တာ၊ သူတို့ရဲ့ သမီးက လူတွေကို ကယ်ဖို့ ရဲရဲရင့်ရင့် လုပ်ဆောင်သွားခဲ့တယ်၊

ဒါပေမဲ့ သူမနဲ့ ထိုက်တန်တဲ့ ချီးမြှောက်ခံရတာမျိုးတောင် မရှိခဲ့ဘူး. သနားစရာ ကောင်မလေး..]

[ငါကတော့ လျှို့မိုရှင်းရဲ့ သူရဲဘောကြောင်တဲ့ယောကျ်ားနဲ့ တခြားအကောင်နှစ်ကောင်ကို ဒေါသထွက်နေတာ

သူတို့က မုဒိန်းလဲကျင့်သေးတယ်၊ သတ်လဲ သတ်ခဲ့သေးတယ်၊ ကန်ထဲမှာတောင် အလောင်းဖျောက်ခဲ့သေးတယ်

ဘယ်ဟာကမှားလဲ မှန်လဲတောင် မသိကြတော့ဘူး၊ ဒီလိုတိရစ္ဆာန်မျိုးတွေက သေဖို့ပဲတန်တယ်]

[သေပြီးတဲ့နောက်မှာတောင် လျှို့မိာရှင်းရဲ့အလောင်းက အခိုးခံရပြီး အကြောင်းရင်းမရှိ ရေကန်အောက်ခြေထိ အမြှုပ်ခံလိုက်ရသေးတယ်၊ အဲဒီနောက်ကို ဝမ်မိသားစုရဲ့ သားကလဲ ရေနစ်ပြီး ပြန်ကို ပေါ်မလာတော့ဘူး

အမှုရှင်းပြီးပြီဆိုပေမဲ့ အပေါ်ယံပဲ ရှိသေးတယ်၊ ဒါက ဆန်းကြယ်ပြီး သဘာဝလွန်တွေ အပြည့်ပဲ၊ ဟုတ်တယ်မလား၊ ဟူနန်စီရင်စုရဲတပ်ဖွဲ့က ထုတ်ပြန်ချက်သာမဟုတ်ရင် ငါ ဒါကို သဘာဝလွန်ဇာတ်လမ်းတစ်ပုဒ်လို့တောင် ထင်တော့မှာ]

ဆွေးနွေးမှုအပြီးတွင် ကုကျစ်စုန့်၏ ပရိသတ်တစ်ယောက်မှာ အထူး chat တွင် ဆွေးနွေးနေရင်းဖြင့် ဟူနန်စီရင်စုမှ သူငယ်ချင်းတစ်ယောက်ပြောခဲ့သည့်အကြောင်းကို ဝင်ရောက် ပြောလိုက်သည်။

“သူငယ်ချင်းတို့၊ စုန့်စုန့်က သိပ်မကြာခင်တုန်းက ဟူနန်စီရင်စုကို သွားခဲ့ပုံရတယ်နော်၊ ငါ့သူငယ်ချင်းတစ်ယောက်ပြောတာတော့ သူမကို တွေ့လိုက်သေးတယ်ဆိုပဲ၊ အရိပ်ထဲ ရိုက်လာတဲ့ပုံတွေက သူမနဲ့ တော်တော်တူတာနော်”

“ငါလဲ အဲဒီလိုကြားမိတယ်၊ ငါ့ညီမပြောတာတော့ စုန့်စုန့်ကို သူတို့ကျောင်းမှာ ‌တွေ့လိုက်တယ်တဲ့၊ ငါ လိုင်းပေါ်မှာ ဒီအမှုကိုမြင်တော့ ဒီကိစ္စက စုန့်စုန့်နဲ့များ ပတ်သက်နေမလားဆိုပြီး တွေးမိလိုက်တယ်”

ပရိတ်သတ်များမှာ ဤသည်ကို မြင်ပြီးနောက် အလွန်ပင် စိတ်လှုပ်ရှားလာကြပြီး မေးခွန်းတစ်ခုပြီးတစ်ခု မေးကြတော့သည်။

ဆတ်ဆတ်ကြဲဖန်အကြီးစားများကတော့ သက်သေအထောက်အထား မရှိပါဘဲ အလွယ်တကူ ဝေဖန်ခံရနိုင်သည့် ထိုသို့သော ကောမန့်များမမန့်ကြရန် အကြံပေးလာကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အချိန်ကြာကြာမယူလိုက်ရပါဘဲ anti-fans များက screenshot များ ရိုက်ယူကြကာ တိတ်တဆိတ် အဓိပ္ပာယ်ကောက်၍ ရှုံ့ချကြတော့သည်။

တိတ်တဆိတ်ဖြစ်နေရသည့်အကြောင်းမှာ သူတို့အနေဖြင့် အကြိမ်များစွာ ပါးအရိုက်ခံရပြီး ဖြစ်နေသောကြောင့်ပင်။ ထို့နောက်ပိုင်းတွင် တစ်ခုခုတင်တော့မည့်အချိန်တိုင်း သူတို့က တုံ့ဆိုင်းလာခဲ့ကြရသည်။

မမျှော်လင့်ထားစွာပင် ကုကျစ်စုန့်၏ အမာခံပရိသတ်များက ထိုကောမန့်များ မန့်ထားသည့် လူများကို တိတ်တဆိတ်ဖြင့် ပြန်ဖျက်ရန်ပြောကြပြီးချိန်တွင်ပင် ဟူနန်စီရင်စုရဲဌာနက “တာဝန်သိနိုင်ငံသားကောင်း ကုကျစ်စုန့်” ကို သည်အမှုတွင် ပါဝင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားဆိုလာပြန်သည်။

ကျေးဇူးတင်စကားဆိုသည့် ပို့စ်ကို တင်လိုက်ပြီးသည်နှင့် နယ်ခံစိတ်ဝိညာဉ်အဖွဲ့များကလည်း ပြန်ကူးတင်ကြလာခဲ့ကြပြန်၏။

ချက်ချင်းပင် အမာခံပရိသတ်တစ်ယောက်က သူမ ကုကျစ်စုန့်ကို ဟူနန်စီရင်စုတွင် အမှတ်မထင်တွေ့စဉ်က ရိုက်ထားခဲ့သည့်ပုံများကို တင်လာခဲ့သည်။

ပုံထဲမှ မိန်းကလေးမှာ နေဗီပြာရောင်‌ မြောင်ဝတ်စုံကို ဝတ်ထားပြီး လည်တိုင်နှင့် ခါးထက်မှ ငွေရောင်ရတနာလေးများမှာ အလင်းရောင်အောက်တွင် တဖျတ်ဖျတ်လက်နေခဲ့သည်။

အနည်းငယ်တွန့်ချိုးထားသည့် ဖီးနစ်ကဲ့သို့ မျက်ဝန်းများတွင်တော့ တွေ့ရခဲသည့် နူးညံ့မှုများရှိနေခဲ့သည်။

အဝတ်အစား၊ ကိုယ်နေဟန်ထားနှင့် ဟူနန်စီရင်စုရဲအဖွဲ့မှ လက်မှတ်ဖြင့် ရှိနေသည့် ထိုဓာတ်ပုံမှာ ပုံမပေါ်လာသေးသည့် မုန်တိုင်းအသေးစားလေးမှနေ၍ ဖြတ်သွားဖြတ်လာများ၏ ချီးကျူးမှုဖြင့် တိုက်ရိုက် နစ်မြှပ်သွားလေတော့သည်။

Black fans များ: “……”

All Chapters