← Chapters

သရဲများက လူများကို တိုက်ခိုက်ခြင်း (1)

Vol. 29 Ch. 288

သရဲများက လူများကို တိုက်ခိုက်ခြင်း (1)

Vol. 29 Ch. 288

အဖြစ်စုံကို ပြောပြီးနောက် ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က သိချင်စိတ်ပြင်းပြသောအမူအရာနှင့် မေးလိုက်သည်။

“ ကုတောက်ကျန့်.. ကျွန်မသားရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ထုတ်လို့ရနိုင်လောက်လား.. ဒါက ကျရှုံးသွားခဲ့မယ်ဆိုရင် ရှင့်ကို အကူအညီတောင်းလို့ရမလားဟင်”

ကုကျစ်စုန့်က တစ်ခဏမျှတွေးပြီး ပြောလိုက်သည်။

“ကျွန်မ အခု ကြည့်ပေးလို့ရပါတယ်.. အဲဒီအဘိုးအိုရဲ့ ဓာတ်ပုံ ရှင့်ဆီမှာရှိလား”

“ကျွန်မမှာ ဒီလိုပုံမျိုး ဘယ်လိုလုပ်ပြီးရှိနိုင်...”

‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က ရုတ်တရက် ရပ်သွားပြီး ပြောလာခဲ့သည်။

“တစ်ခုခုတော့ ရှိမှာပါ.. ကျွန်မကို ခဏစောင့်ဦးနော်”

မိနစ်အနည်းငယ်ကြာပြီးနောက် ကုကျစ်စုန့်၏ သီးသန့်စာစောင်တွင် မက်ဆေ့အသစ်တစ်ခုဝင်လာခဲ့သည်။

‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’က ပုံတစ်ပုံပို့လိုက်ခြင်းပင်။

မီးခိုးရောင်ဓာတ်ပုံကို ကြည့်လိုက်ပြီးနောက် သူမ မျက်မှောင်ကြုတ်မိသွားသည်။

ထိုပုံက သစ်သားဘောင်ခတ်ထားသော ကိုယ်တစ်ပိုင်းပုံပါသည့် အဖြူအမည်းပုံလေးဖြစ်၏။

ပုံ၏နောက်ခံမှာ အက်ကွဲယိုယွင်းနေသော ဝါဖျော့ဖျော့နံရံဖြစ်ပေသည်။

'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'သည်က ဓာတ်ပုံရိုက်ရန်အတွက် သူမဒဖုန်းကိုယူ၍ ထိုအိမ်သို့သွားခဲ့ခြင်းဖြစ်ကြောင်း ကုကျစ်စုန့် နားလည်လိုက်သည်။

ထိုအပြုအမူက ယဉ်ကျေးမှုမရှိဘဲ ကွယ်လွန်ပြီးသူအတွက် စော်ကားရာလည်း ရောက်ပေသည်။

သို့သော် တခြားသူများလည်း ရှိနေသေးသည့်အတွက် သူမ ထိုအကြောင်းကို စကားတစ်ခွန်းမျှ မဆိုခဲ့တော့ပါချေ။

အဖြူအမည်းပုံလေးက အဘိုးအို၏ ပိုင်ဆိုင်မှုများထဲမှ ရွာသားတစ်ယောက် တွေ့လာခဲ့သည့် အရာများထဲမှတစ်ခုဖြစ်နိုင်သည်။

ဤသည်မှာ လွန်ခဲ့သည့် ဆယ်နှစ်အကျော်က ရိုက်ထားခဲ့သည့်ပုံဖြစ်ပေလိမ့်မည်။

သက်လက်ပိုင်းအရွယ်အမျိုးသားကြီးက မျက်နှာတွင် ပင်ပန်းနွမ်းနယ်သည့်အကြည့်ရှိနေခဲ့ပြီး ရိုးသားသောအကြည့်မှာလည်း ထင်ရှားသည်။

သူ့မျက်နှာသွင်ပြင်အရ ဘဝအခြေအနေမှာ ယုံမှားသံသယဖြစ်စရာမရှိအောင်ပင် ခါးသီးလှပေလိမ့်မည်။

ဘဝ၏ပျော်ရွှင်မှုအရသာကိုလည်း များများစားစားခံစားရခြင်းမျိုးမရှိချေ။

နောက်ပိုင်းနှစ်များတွင် ဇနီးဖြစ်သူကိုလည်း ဆုံးရှုံးထားရပြီး သားဖြစ်သူကိုပါ ဆုံးရှုံးခဲ့ရသည်။

သို့သော် သူက မြေဝါထဲမှ နွားအိုကြီးကဲ့သို့ပင် ကံကြမ္မာကို ထိုအတိုင်းသာ လက်ခံထားပုံပေါ်သည်။

အဘိုးဝမ်၏ မျက်နှာသွင်ပြင်အနေအထားအရဖြစ်စေ၊ ဇာတာလက္ခဏာများနှင့် နန်းတော်ဆယ့်နှစ်ခွင်အရဖြစ်စေ ကုကျစ်စုန့်က မည်သည့် မကောင်းမှုမျိုးကိုမှ ရှာမတွေ့ပေ။

ထိုသို့သော လူတစ်ယောက်က ရုတ်တရက်ဖျားနာမှုဖြင့် ကွယ်လွန်သွားရပြီး တစ်လအကြာတွင် မကောင်းဆိုးဝါးအဖြစ်ပြောင်းလဲသွားကာ ငယ်ပေါင်းကြီးဖော်သူငယ်ချင်း၏ သားစဉ်မြေးဆက်ကို ဒုက္ခပေးလိမ့်မည်ဟုတော့ သူမ မထင်ပါချေ။

သို့သော်လည်း 'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'ကတော့ လုံးဝသေချာနေခဲ့သည်။

ဤမြို့လေးထဲတွင် ထိာအိမ်မှလွဲ၍ သူတို့မိသားစုက မည်သည့်နေရာကိုမျှ မသွားခဲ့ကြချေ။ ထို့အပြင် ရှောင်ဟယ်ကလည်း အဘိုးဝမ်အကြောင်း အိပ်မက်မက်ခဲ့သေးသည်။

ကုကျစ်စုန့်က တစ်ခဏမျှတွေးပြီးနောက်တွင် သူမ မရှင်းပြနိုင်လောက်သည့် ထူးဆန်းသောကိစ္စတစ်ခုကို ခံစားမိလိုက်သည်။

အဘိုးဝမ်သာ ထိုသို့ လုပ်ခဲ့သည်ဆိုလျှင်ပင် ထိုကိစ္စ၏နောက်တွင် ဖုံးကွယ်ထားသည့် အခြားအကြောင်းအရာတစ်ခုရှိနေပေလိမ့်မည်။

ခဏမျှကြာအောင် တွေးပြီးနောက် သူမပြောလိုက်သည်။

"ဒီအဘိုးရဲ့မျက်နှာကနေ ကျွန်မ ဘာသဲလွန်စကိုမှ ရှာမရဘူး.. ရှင် အဲဒီအိမ်ရဲ့ပုံကိုပြဖို့ တိုက်ရိုက်လွှင့်ပေးလို့ရမလား.. ဒါမှမဟုတ်လည်း အိမ်တွင်းအိမ်ပြင်ပုံလေးတွေကို ကြည့်လို့ရအောင် ဓာတ်ပုံရိုက်ပြီးပို့ပေးပါ"

'ပါးသပ်ဖွင့်၍အမြဲတမ်းရယ်နေ'က ခဏမျှတုံ့ဆိုင်းနေပြီးနောက် အိမ်၏ ဓာတ်ပုံကိုသာ ရိုက်ပြခြင်းက လုံလောက်မှုမရှိမည်စိုးသောကြောင့် တုံ့ပြန်ပြောလိုက်သည်။

" ဒါဆိုကျိန်မ ဗီဒီယိုနဲ့ခေါ်လိုက်ပါ့မယ်"

ဗီဒီယိုကောကို ဖွင့်ပြီးသည့်နောက် ကုကျစ်စုန့်က စခရင်ပေါ်မှ အိမ်ကို သေငေချာချာကြည့်လိုက်သည်။

အိမ်မှာ အိုဟောင်းကာ ယိုယွင်းနေခဲ့သည်။ တံခါးပတ္တာများသည်ပင် ပျက်စီးနေလေပြီ။

'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က ဖုန်းကိုကိုင်ကာ အိမ်၏ပတ်ဝန်းကျင်လိုက်ပြသည်။ နတ်ဆရာမ၏ ဟောချက်က မှန်ကန်ကြောင်းကို ကုကျစ်စုန့် အတည်ပြုလိုက်သည်။

အိမ်ထဲတွင် သရဲတစ်ကောင် တွယ်ကပ်နေသည်။ သို့သော် အာဃာတမများပေ။

"ဒါကတော့ အကုန်ပါပဲ.. အဲဒီအိပ်ရာမှာ... ကျွန်မရဲ့သား လှဲနေခဲ့တာ"

ခဏမျှပတ်ပြပြီးနောက် 'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က အိမ်အပြင်ဘက်သို့ ထွက်ပြလာသည်။

သူမ၏ လက်ထဲမှ ဖုန်းမှာ လမ်းလျှောက်ရင်း ရိုက်ကူးနေခြင်းဖြစ်သောကြောင့် မငြိမ်ပေ။

သူမ ထိုအိမ်ထဲမှ ထွက်လာကာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်ရှိသည့် ကုကျစ်စုန့်ကို ကင်မရာပိတ်တော့မည့်အကြောင်း ပြောခါနီးတွင် ကြည်လင်ပီသသည့် အသံတစ်ခုက ပြောလာခဲ့သည်။

"ခဏနေဦး.. ဒီအတိုင်း ထားလိုက်"

'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က ခဏမျှ ကြောင်သွားသည်။ သို့သော် သူမ ပြောသည့်အတိုင်း ရပ်တန့်လိုက်လေ၏

"ဘာမှားနေလို့လဲ ကုတောက်ကျန့်"

ကုကျစ်စုန့်က မျက်မှောင်အနည်းငယ်ကြုတ်ကာ အတော်လေးထူးဆန်းသကဲ့သို့ ခံစားလိုက်ရသည်။

"ရှင် ဒီအတိုင်းပဲနေပြီး ဖုန်းကို နည်းနည်းလောက် မြှင့်ပေးပါ"

"ကောင်းပါပြီ .. ဒါဆို ကျွန်မ ဒီနားမှာပဲ ရပ်နေလိုက်မယ်"

ဗီဒီယိုထဲမှ အဆောက်အဦး၏ပုံကိုကြည့်၍ ကုကျစ်စုန့်က ခေတ္တမျှတိတ်ဆိတ်သွားခဲ့သည်။

'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က တစ်ခုခုကို မှိန်ရေးရေးသတိပြုမိလိုက်ပြီး အနည်းငယ်စိတ်လှုပ်ရှားလာခဲ့သည်။

"တစ်ခုခုရှိနေလို့လား ကုတောက်ကျန့်.. ဒါက ကျွန်မတို့ရဲ့ အိမ်ပါ.. အိမ်ထဲမှာ ပြဿနာတစ်ခုခုများ ရှိနေတာလား"

ကုကျစ်စုန့် : "ဒါက ရှင်တို့ လက်ရှိနေတဲ့အိမ်ခန်းလား"

'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က ပြောလိုက်သည်။

"ဟုတ်ပါတယ်.. ဒါက အသစ်ချဲ့ထွင်ထားတယ်ဆိုတဲ့အိမ်လေ.. ကျွန်မရဲ့ယောက္ခမက အနားယူဖို့ ကျေးလက်ဒေသကို ပြောင်းလာကတည်းက ဆောက်ထားတာဆိုတော့ ဆယ်‌နှစ်ကျော်လောက်ရှိပြီ"

"ကျွန်မတို့ အစတုန်းကတော့ မွေးနေ့ပွဲကျင်းပဖို့ ဒီအိမ်ထဲမှာနေကြတာ.. ဒါပေမဲ့ ရှောင်ဟယ် ဒီလိုဖြစ်ပြီးတဲ့နောက် အဘိုးဝမ်ရဲ့အိမ်ရှေ့အိမ်မှာ မနေရဲတော့ဘူး"

သူမ ပြောသည့်အတိုင်းဆိုလျှင် မျက်နှာချင်းဆိုင်အိမ်တွင် သရဲရှိသည်ဟု သိလိုက်‌ရ‌သည့်နေ့မှစ၍ ရှောင်ဟယ်ကို ထိုအိမ်နားသို့ ကပ်ခွင့်မပေးရဲတော့ပေ။

သူတို့ကယောက္ခမဖြစ်သူ၏အိမ်တွင်လည်း ထပ်မနေရဲတော့အောင် ကြောက်လန့်သွားကြသည်။

ယခုတွင်တော့ သူတို့လေးယောက်မှာ ရွာအဝင်တွင်ရှိသော ဟိုတယ်တစ်ခုတွင် တည်းခိုနေခဲ့ကြသည်။

ယောက္ခမဖြစ်သူက တစ်ခန်းသက်သက်နေပြီး 'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'ကလည်း တစ်ခန်းယူထားသည်။

ဝိညာဉ်ဆိုးကိုဖယ်ရှားရန် အစီအရင်များကို ခင်းကျင်းရလွယ်ကူစေရန်အတွက် ရှောင်ဟယ်ကိုတော့ နတ်ဆရာမနှင့်အတူ ဟိုတယ်၏အကြီးဆုံးအခန်းတွင် စီစဉ်ထားသည်။

နတ်ဆရာမက ဂုဏ်သတင်းကြီးမားသည်ဟု ဆိုသည့်တိုင်အောင် မိသားစုမှာ စိုးရိမ်နေဆဲဖြစ်သဖြင့် သူမ၏အမျိုးသားက ထိုအခန်းကြီး၏ ဧည့်ခန်းတွင်ပင် နေခဲ့သည်။

ကုကျစ်စုန့်တစ်ယောက် အတွေးနွံနစ်နေကာ 'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'ကို ဖုန်းကိုကိုင်ထားပြီး အိမ်ထဲသို့ ဝင်ရန်ပြောလိုက်သည်။

တစ်ဖက်လူက အိမ်ထဲမှ ဘေးဘက်ခန်းတစ်ခန်းကို ချဉ်းကပ်သွားပြီး တံခါးမဖွင့်ရသေးခင်တွင် ကုကျစ်စုန့်က ပြောလိုက်လေသည်။

"ဒါက ရှင့်သားရဲ့အခန်းလား"

'ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ'က တစ်ခဏမျှ ကြောင်အမ်းသွားပြီး ပြောလိုက်သည်။

"ဟုတ်တယ် ဒီအခန်း၊ အိမ်ထဲက မီးဖိုချောင်၊ အပြင်က ခြံအသေးလေး.. ဒါတွေက ဒီအိမ်ကို ပြန်ပြင်ပြီးမှ ထပ်တိုးချဲ့ခဲ့တဲ့နေရာတွေပါ.. ပြင်ဆင်နေတုန်း အချိန်ကတည်းက ကျွန်မရဲ့ ယောက္ခမက သူ့မြေးကို ဒီအခန်းကို အပိုင်ပေးမယ်လို့ ပြောခဲ့တာ"

သူမ ပြောရင်းနှင့် အခန်းထဲသို့ ဝင်သွားလိုက်သည်။

စခရင်ပေါ်မှတဆင့် ထိုအခန်းတွင် အပြာရောင်၊ အဖြူရောင် နံရံကပ်စက္ကူများနှင့် ကလေးကစားစရာများဖြင့် နွေးထွေးစွာ အလှဆင်ထားသည်ကို တွေ့မြင်နေရသည်။

နံနက်ခင်းအချိန်ဖြစ်သဖြင့် အပြင်ဘက်မှနေရောင်ခြည်က အခန်းထဲသို့ ပြတင်းပေါက်မှဖြတ်ဝင်လာပြီး အိပ်ရာ၏အစွန်တွင် ဖြာကျနေခဲ့သည်။

နေရောင်ခြည်က တောက်ပနေပြီး နွေးထွေးဟန်ရှိသည်။ သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ အာရုံခံစွမ်းထက်မြက်ပြီး သာမန်မဟုတ်သည့်တွန်းအားများကို အာရုံခံနိုင်သည့် ပရိသတ်တချို့မှာတော့ ရှင်းမပြနိုင်လောက်သည့် မသက်မသာဖြစ်မှုကို ခံစားလိုက်ရလေ၏။

[ဒါ ငါ့ရဲ့ စိတ်ကူးယဉ်မှုသက်သက်ပဲလားတော့မသိဘူး.. ဒီအခန်းက အစတုန်းက ပိတ်လှောင်နေသလိုပဲ.. အကူအညီတောင်းတဲ့အစ်မ ဝင်သွားပြီးကတည်းက သက်သောင့်သက်သာ မခံစားရတော့ဘူး…]

[ဟုတ်တယ် ကျယ်မေ့တို့.. ငါလည်းအဲလိုမျိုး မသက်မသာဖြစ်နေတာ.. နည်းနည်းလောက် စိတ်အိုက်စရာတွေ ခံစားရတယ်.. ပြီးတော့ အခန်းကလဲ စိုထိုင်းထိုင်းနဲ့ စိတ်ဓာတ်ကျချင်စရာလိုမျိုးပဲ]

သို့သော်လည်း ပရိသတ်အများစုမှာ ထိုသို့မခံစားရချေ။ အခန်းနှင့်ပတ်သက်ပြီး မှားယွင်းနေခြင်းမရှိဟု သာ ထင်ကြသည်။

အိမ်ထဲမှ အပြင်အဆင်ကို မြင်လိုက်ရပြီးနောက် ကုကျစ်စုန့်က မျက်လုံးကို မှေးကျဥ်း၍ ကြည့်လိုက်သည်။

ထိုအချိန်တွင်ပင် နားနေခန်း၏ အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။

သူမက တိုက်ရိုက်ထုတ်လွှင့်သည့် ကင်မရာကို အနည်းငယ်နှိမ့်လိုက်လေသည်။

“တဆိတ်လောက်.. တိုက်ရိုက်ထုတ်လွှင့်မှုအတွက် တောင်းထားတဲ့ပစ္စည်းကို လာပေးတာပါ”

“ဝင်ခဲ့”

သူမ၏ လက်ထောက်ရှောင်ကျိုးက တံခါးလက်ကိုင်ကို လှည့်ဖွင့်ကာ တံခါးအဟလေးကြားမှ ခေါင်းထွက်လာပြီး လက်ထဲတွင်လဲ စာဖိုင်အိတ်တစ်ခုကို ကိုင်ထားသည်။

သူမက ထိုအိတ်ကို ကုကျစ်စုန့်ဆီသိုး အမြန်ပေးပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ တံခါးကိုလည်း ပြန်ပိတ်သွားခဲ့၏။

ကုကျစ်စုန့်က အိတ်ထဲမှ ယခုလေးတင် ပရင့်ထုတ်လာသော စာရွက်ကို ထုတ်လိုက်သည်။ စာရွက်မှာ အနည်းငယ်နွေးနေခဲ့လေ၏။

သူမ ကင်မရာကို စာရွက်ဘက်သို့ ချိန်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲရှိ ပရိသတ်များက လက်ဖဝါးများ ပွတ်နေသည်ကိုသာ မြင်ရပြီး ထိုလက်ဝါးပေါ်ရှိစက္ကူပိုင်းလေးကို ဖိလိုက်ပြီး နားမလည်နိုင်သည့် မန္တာန်တစ်ခုကို ရွတ်နေသည်ကို ကြားလိုက်ရသည်။

ကြည့်ရှုသူတစ်‌ဦးကမျှ သူမ ကိုင်ထားသည့်အရာကို မသိကြသော်လည်း ‘ပါးစပ်ဖွင့်၍အမြဲတမ်းရယ်နေ’ကတော့ မီးခိုးရောင်အစွန်းအစတစ်နေရာကို မြင်လိုက်ရပြီး ဖြစ်နိုင်ချေကို ခန့်မှန်းလိုက်သည်။

ကုကျစ်စုန့်က အဘိုးဝမ်၏ ဓာတ်ပုံကို ပရင့်ထုတ်လိုက်ခြင်းဖြစ်နိုင်၏။

မိနစ်အနည်းငယ်ကြာပြီးနောက် ကုကျစ်စုန့်က ဓာတ်ပုံကို ချထားလိုက်ပြီး သူမ၏ ရှေးခေတ်အကြွေစေ့များကို ထုတ်ကာ တြိဂံနှစ်ခုကိုပြောင်းပြန်ထပ်ထားသည့်ပုံ ပြုလုပ်လိုက်သည်။

ထို့နောက်တွင်တော့ မည်သည့်အရာတို့ဖြစ်နေကြောင်းကို ကုကျစ်စုန့် သိလိုက်လေပြီ။

All Chapters