တစ္ဆေအိုကြီး (3)
Vol. 29 Ch. 283
ပရိုဖက်ရှက်နယ် ဝေဖန်သူတစ်ဦးက လွန်ခဲ့သည့် သုံးမိနစ်ကတင်ခဲ့သော မရှင်းမလင်းအဓိပ္ပာယ်မှတ်ချက်ကို ပြန်ကြည့်ကာ အမြန်ဖျက်ပစ်လိုက်သည်။
သူ့အနေဖြင့် အလွန်ပင် ပင်ပန်းလွန်းသည်ဟုခံစားနေရပေပြီ။
သူက trend ဖြစ်နေသည့်ဓာတ်ပုံကို ဒေါသတကြီး နှိပ်ချလိုက်ကာ မြောင် ဝတ်စုံ ဝတ်ထားသည့် ကုကျစ်စုန့်ကို ချဲ့ကြည့်လိုက်ပြီး နူးညံ့လှပသော ထိုမျက်နှာလေးမှ ပြစ်ချက်ကို လိုက်ရှာနေခဲ့သည်။
အချိန်တစ်ခုကြာမျှကြည့်ပြီးသွားသောအခါတွင်တော့ ဓာတ်ပုံထဲမှ ကြည်လင်၍နက်မှောင်နေသော ထိုမျက်ဝန်းများထံမှ ဆွဲဆောင်မှုကို မသိလိုက်မသိဘာသာနှင့်ပင် ခံလိုက်ရလေတော့သည်။
သူဝန်ခံရပေမည်။
ဤအမျိုးသမီး ကုကျစ်စုန့်က...
အတော်ပင် ကြည့်ကောင်းလှ၏။
ယခုတော့ သူမ၏ အသက်မွေးဝမ်းကျောင်းစွမ်းရည်တို့ကလည်း မြင့်တက်လာသလို သရုပ်ဆောင်စွမ်းရည်တို့မှာလည်း ကောင်းလာသည်ဟု ဆိုရမည်ပင်။
ရုပ်ရှင်ဘုရင်၊ ဘုရင်မများနှင့် ဒါရိုက်တာကြီးများမှ ဇာတ်လမ်းတွဲများကို ကမ်းလှမ်းခံထားရသည်။
သူမက ရုပ်လွန်ပညာရပ်တွင် ဆရာသခင်တစ်ယောက်ပင်ဖြစ်နေပြီး ရဲများကိုလည်း အမှုများ ကူညီဖြေရှင်းပေးခဲ့သေးသည်။
ပရိုဖက်ရှက်နယ် ဝေဖန်သူမှာ ပိုပြီး စဉ်းစားကြည့်လေလေ၊ ကုကျစ်စုန့်မှာ ဝေဖန်စရာမရှိကြောင်း တွေ့ရလေလေပင်။
သူသာ ဆက်လက်ဝေဖန်နေမည်ဆိုလျှင် အလင်း၏အမြန်နှုန်းဖြင့် ယနေ့ကဲ့သို့ ပါးအရိုက်ခံမည်ပင်။
ဤသည်ကိုသတိပြုမိချိန်တွင်သူက သူ black fans group ထဲသို့ ဝင်လိုက်သည်။
"ညီအစ်ကိုတို့ ငါ မခံစားနိုင်တော့ဘူး၊ ငါ့မျက်နှာတစ်ခုလုံးလဲ ရောင်ကိုင်းနေပြီ၊ ဒီမိန်းမရဲ့အလှတရားတွေကြောင့် ငါ သူ့ဖန်ဖြစ်သွားပြီဆိုတာ ဝန်ခံပါတယ်၊ ဒီလောက်ပါပဲ၊ နောင်တစ်ချိန်မှ ပြန်တွေ့ကြမယ် ညီအစ်ကိုတို့"
ထိုမက်ဆေ့ကို ပို့ပြီးနောက် သူ ဂရုထဲမှ ထွက်ရန်ခလုတ်ကို နှိပ်လိုက်လေသည်။
ထို့နောက်တွင် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချပြီးနောက် ဗီဒီယိုအနည်းငယ်ကို ကြည့်လိုက်သည်။ ထို့နောက် ကုကျစ်စုန့်အကောင့်ထဲသိာ့ ဝင်ပြီး follow လိုက်တော့သည်။
Anti-fans group ထဲတွင်တော့ တိတ်ဆိတ်သွားခဲ့သည်။ ထိုမက်ဆေ့ကို တင်ပြီး နေ့တစ်ဝက်လောက်ထိ ထိုမက်ဆေ့အား အာရုံစိုက်ခြင်းလည်းမရှိ၊ ဆွေးနွေးခြင်း၊ စော်ကားခြင်းတို့လည်း မရှိခဲ့ပေ။
အကြောင်းရင်းမှာ group ထဲမှ လူအရေအတွက်က တဖြည်းဖြည်းလျော့ကျသွားခဲ့ပြီး အဖွဲ့ထဲမှ လူများမှာလည်း ဝင်လာစဉ်ကကဲ့သို့ ဆူညံသွက်လက်နေခြင်း မရှိတော့ပေ။
မကြာမီပင် black fans group ၏ ပြိုကွဲမှုသတင်းက ပျံ့နှံ့လာခဲ့သည်။
ဤသတင်းကို ကြားပြီးနောက် ကုကျစ်စုန့်၏ အမာခံပရိသတ်များက ဂုဏ်ယူသကဲ့သို့ ခံစားမိသွားရပြီး တစ်ချိန်ထဲမှာပင် ခံစားချက်များရောထွေးကုန်ကြတော့သည်။
"သူတို့က စုန့်စုန့် အနိုင်ယူတာကို ခံလိုက်ရပြီ၊ ဒီနေ့ကတော့ အလင်းဝင်တဲ့နေ့ပဲဟေ့"
*
ဗီလာတစ်ခုထဲတွင်..
အွန်လိုင်းသုံးစွဲသူများ၏အမြင်က တစ်ခဏအတွင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရသော ယန်ချန်မှာ စခရင်ကိုကြည့်ရင်း မရေမတွက်နိုင်သော ကုကျစ်စုန့်၏ အမာခံပရိသတ်များဆီမှ ချီးမြှောက်မှုများ၊ ဂုဏ်ပြုမှုများကို တွေ့ရှိနေခဲ့ရသည်။
သူ၏ မျက်ခုံးနှင့်မျက်လုံးများကတော့ နူးညံ့မှုများနှင့်ပြည့်နေကာ မြောင် ဝတ်စုံဝတ်ထားသည့်မိန်းကလေး၏ ပုံကို တိတ်တဆိတ်သိမ်းဆည်းထားလိုက်လေတော့သည်။
သူက ဖုန်း contact ၏ထိပ်ဆုံးတွင် ထားရှိသည့် ပုံကိုကြည့်ရင်း တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် နှုတ်ခမ်းများကို ဖိလိုက်ကာ ကလစ်နှိပ်၍ အသံမက်ဆေ့တစ်စောင်ကို ပို့လိုက်လေသည်။
" ပရိုဂရမ်အစီအစဉ်ရိုက်ကူးရေး အဆင်ပြေပါစေ"
မိနစ်အနည်းငယ်အကြာတွင် ဖုန်းစခရင်က လင်းလာပြီး မက်ဆေ့အသစ်တစ်စောင် ဝင်လာခဲ့သည်။
ယန်ချန် အနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။ သူ ဖုန်းကို နှိပ်ဖတ်ကြည့်သည့်အချိန်တွင်လည်း သူ၏နှလုံးသားမှာ ဒုန်းစိုင်းလျက် ခုန်ပေါက်လာခဲ့လေသည်။
"ကျေးဇူးတင်ပါတယ် မစ္စတာယန်၊ နောက်အပတ်မှာ တွေ့ကြမယ်"
*
အပိုင်းခုနစ်ကို ထုတ်လွှင့်မည့် နံနက်ခင်းတွင်တော့ ရိုက်ကွင်းနေရာမှ ရာသီဥတုမှာ မိုးဖွဲလေးရွာနေပြီး အနည်းငယ်အေးမြနေသည်။
မူရင်းတရားဝင်ထုတ်လွှင့်မှုက နံနက် ကိုးနာရီတွင်ဖြစ်သည်။ သူတို့နှစ်သက်သည့် ယှဉ်ပြိုင်သူ၏ ထုတ်လွှင့်မှုအခန်းတွင် ကြိုရောက်ကာ စကားပြောနေကြသည့် ကြည့်ရှုသူများမှာလည်း ပျင်းရိစွာနှင့် စောင့်နေခဲ့ကြသည်။
အလျဉ်းသင့်လျှင်သင့်သလို အခြားသော သတင်းများကိာ သိရရန်အတွက် ထုတ်လွှင့်သော platform ကိုလည်း ဝင်ချည်ထွက်ချည်လုပ်နေကြသည်။
၂၀ မိနစ်ခန့်အလိုတွင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရုတ်ခြည်း ပွင့်လာခဲ့သည်။
စောင့်နေကြသော ပရိသတ်များမှာ အနည်းငယ် အံ့အားသင့်သွားကြ၏။
ပြန်ဝင်ပြီးနောက်မှာမှ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူမှာ သူတို့တွေးနေသည့်လူမဟုတ်ဘဲ အစီအစဉ်တင်ဆက်သူလျို့ဖြစ်ကြောင်း သိလိုက်ရသည်။
အစီအစဉ်တင်ဆက်သူလျို့သည်က မိုက်ခရိုဖုန်းကို ကိုင်ထားကာ ဝတ်စုံပြည့်နှင့် မျက်နှာပေါ်တွင်လည်း အပြုံးတစ်ပွင့်ရှိနေသည်။
"မင်္ဂလာနံနက်ခင်းပါ ကြည့်ရှုသူမိဘပြည်သူညီအစ်ကိုမောင်နှတို့ ... ကျွန်တော့်ကို တွေ့လိုက်တော့ အံ့ဩသွားပြီး နည်းနည်းတော့ စိတ်ပျက်သွားကြတယ်မလား"
"ကျွန်တော်တို့ ဘာလို့ ထုတ်လွှင့်မှုကို အစောကြီး ဖွင့်လိုက်ရတာလဲဆိုတော့ နောက်ဆုံးအစီအစဉ်ရဲ့အဆုံးမှာ 'ဝိညာဉ်ရေးရာ'က အလယ်အဆင့်ကို ဖြတ်ကျော်ပြီးတဲ့နောက် ဆီမီးဖိုင်နယ်အကြိတ်အနယ်ပြိုင်ပွဲကို ရောက်ရှိတော့ာမှဖြစ်ပါတယ်
ချန်ပီယံ၊ ဒုတိယနဲ့ တတိယနေရာတွေအတွက် ပြိုင်ရမှာပါ၊ ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်တွေကို ပိုပြီးတိကျစေချင်တဲ့အတွက် အစီအစဉ်အဖွဲ့က ပြန်လည်စီစဉ်ပြီး ဒီအပတ်ရာသီရဲ့ ဒုတိယတစ်ပိုင်းကနေစလို့ အမှတ်ပေးစနစ်တွေကို ပြန်ညှိထားပါတယ်"
"နောက်ပြီးတော့ ကျွန်တော်အခုပဲ လူတိုင်းအတွက် အမှတ်ပေးစနစ်ကို ကြေညာပါတော့မယ်!"
အစီအစဉ်တင်ဆက်သူလျို့ ကြေညာလိုက်သည့် အပြောင်းအလဲများတွင် 'တစ်ဦးချင်းယှဉ်ပြိုင်မှု'နှင့် 'အဖွဲ့လိုက်ယှဉ်ပြိုင်မှု'ဟူ၍ ရှိပြီး ပထမတစ်ခုက အပြောင်းအလဲ ကြီးကြီးမားမားတွေကို ဖြစ်စေမည်ပင်။
အစပိုင်းတွင် 'တစ်ဦးချင်းယှဉ်ပြိုင်မှု'က အမြည်းသဘောသာဖြစ်ခဲ့ပြီး နောက်မှလာသည့် 'အဖွဲ့လိုက်ယှဉ်ပြိုင်မှု'က အဓိကဖြစ်ခဲ့သည်။
သို့သော်လည်း သည်အပိုင်းမှ စတင်၍ တစ်ဦးချင်းအပြင် အဖွဲ့လိုက်ထုတ်လွှင့်မှုများကပါ အမှတ်ပေးစနစ်ထဲ ပါဝင်လာခဲ့ပြီဖြစ်သည်။
Rank အဆင့်စီစဉ်ပုံနှင့် အပိုင်းတစ်ခုချင်းစီတွင် ထုတ်ပယ်ခံရသူများမှာ ဤအမှတ်များပေါ်တွင် မူတည်ပေလိမ့်မည်။
'တစ်ဦးချင်းယှဉ်ပြိုင်မှု'ပုံစံရှိနေရခြင်းမှာ ပရိသတ်များက ကံစမ်းနိုင်ကာ ယှဉ်ပြိုင်သူများနှင့် အဆက်အသွယ်ပြုနိုင်စေရန်ဖြစ်သည်။
သို့သော်လည်း အပြန်အလှန်ဆက်သွယ်မှုပြီးဆုံးသွားသည့်အခါ ကူညီသူနှင့် ကြည့်ရှုသူများက တစ်ချိန်ထဲမှာပင် အမှတ်အလျှော့အတင်းရှိမည်ဖြစ်သည်။
အကူအညီတောင်းသူများ၏ ယှဉ်ပြိုင်သူများအပေါ် စိတ်ကျေနပ်မှုအတွက်က တစ်ဝက်၊ ယှဉ်ပြိုင်သူ၏ ဆောင်ရွက်မှုအပေါ် ကြည့်ရှုသူအားလုံး၏ ဆုံးဖြတ်ချက်စုစုပေါင်းအတွက်က တစ်ဝက်ဖြစ်သည်။
ထို့ပြင် တစ်ဦးချင်းယှဉ်ပြိုင်မှုများက ယခင်ကလို သတ်မှတ်ထားသည့်အချိန်အတွင်းပြိုင်ရန်မဟုတ်တော့ဘဲ နံနက်ခင်းထုတ်လွှင့်မှုမှ နေ့လည်ပိုင်းထုတ်လွှင့်မှုအထိဖြစ်သည်။
ယှဉ်ပြိုင်သူများက စွမ်းရည်နှင့် အားအင် ရှိလျှင်ရှိသလောက် အကြိမ်ရေများများ အပြန်အလှန်ဆက်သွယ်နိုင်သည်။
ထို့နောက် တစ်ဦးချင်းစီ၏ ကိုယ်ပိုင်ကိစ္စရပ်များကို များများဖြေရှင်းပေးသူက တစ်ဦးချင်းယှဉ်ပြိုင်မှုတွင် နည်းနည်းဖြေရှင်းပေးသူများထက် မလွဲမသွေပင် အမှတ်များများရမည်ဖြစ်လေသည်။
အဖွဲ့လိုက်ယှဉ်ပြိုင်မှုများသည်တော့ အမှတ်ပေးစနစ်အတိုင်း သွားမည်ဖြစ်၏။
ပရိသတ်များ၊ သို့မဟုတ် black fans များမှ အမှတ်များကို ဖျက်လိုဖျက်ဆီး စုဆောင်းခြင်းမျိုး မပြုလုပ်နိုင်စေရန် အမှတ်ပေးသည့် ဆာဗာကိုလည်း အစီအစဉ်အဖွဲ့သားများက ပြန်ရေးဆွဲထားခဲ့သည်။
ပြသခဲ့သည့် အပိုင်းခြောက်ပိုင်းထဲမှ အနည်းဆုံး ငါးပိုင်းကို ကြည့်ရှုထားသူများကသာ အမှတ်ပေးစနစ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။
တစ်ချိန်ထဲမှာပင် တစ်ဦးချင်းယှဉ်ပြိုင်မှုများထဲမှ အပြန်အလှန်ဆက်သွယ်မှုကို အမှတ်ပေးရန် အစီအစဉ်ကို ကြည့်ရှုချိန်မှာလည်း သတ်မှတ်ချက်ကို မှီရမည်ဖြစ်သည်။
ပြိုင်ပွဲအစီအစဉ်အသစ်ကို ကြေညာပြီးနောကိ ပရိသတ်များမှာ ကောမန့်ထဲတွင် ဆွေးနွေးကြတော့သည်။
[ဟေး၊ ငါတော့ ယှဉ်ပြိုင်သူတွေအားလုံးကို ရစေချင်တာ၊ တချို့ကစားသူတွေက သာမန်စွမ်းရည်လောက်ပဲရှိပြီး ကိုယ်ပိုင်အရေးကိစ္စတစ်ခုမှာ အမှတ်နည်းနေခဲ့ရင်တောင် သူ ကိုယ်ပိုင်ကိစ္စများများ ဖြေရှင်းပေးနိုင်ရင် အရေအတွက်အားနဲ့တောင် ပြိုင်ပွဲကို နိုင်သွားနိုင်တယ်]
[ငါတွေးတာကတော့ အရည်အချင်းကို အကဲဖြတ်ဖို့ အပြန်အလှန်ဆက်သွယ်မှုတစ်ခုအပေါ်ကိုပဲ ဆုံးဖြတ်ဖို့က နည်းနည်းကြုံရာကျပန်းနိုင်သလို တစ်ဖတ်သတ်လည်း ဆန်တယ်၊အခုအမှတ်ပေးစနစ်က ပိုပြီးတော့ ကျိုးကြောင်းဆီလျော်တယ်]
[အခွင့်အရေးပိုများများပေးတဲ့အတွက် အစီအစဉ်အဖွဲ့ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အပြန်အလှန်ဆက်သွယ်မှုလုပ်ချင်ပေမဲ့ ဖြစ်နိုင်ချေကတော့ နည်းလွန်းပါတယ်လေ]
[ကုကျစ်စုန့် : အစီအစဉ်အဖွဲ့က ငါ့ကို တစ်ညလုံး အချိန်ပိုဆင်းခိုင်းနေတာ ဟုတ်တယ်မလား]
[အပြန်အလှန်ဆက်သွယ်မှု အနည်းဆုံးဖြစ်ပြီး မျှော်လင့်ချက်မရှိတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ကိုတောင် ငါ ကြိုမြင်နေရပြီ၊ ရယ်စရာတော့ အကောင်းသားပဲ]
ပြိုင်ပွဲစနစ်အသစ်အကြောင်း အသေးစိတ် ရှင်းပြပြီးနောက် တင်ဆက်သူလျို့က ပြောလိုက်သည်။
“ကောင်းပြီ.. အခုကတော့ တစ်ဦးချင်းပြိုင်ပွဲရဲ့ ယှဉ်ပြိုင်သူတွေ ရောက်လာကြပါပြီ၊ အားလုံးရဲ့ အံ့ဩစရာကောင်းတဲ့ ဆောင်ရွက်မှုတွေကို မျှော်လင့်နေပါပြီ၊ ပရိသတ်တွေရဲ့ အမှတ်ပေးမှုကလည်း မျှတပြီး နည်းလမ်းကျမယ်လို့ မျှော်လင့်ပါတယ်”
“တကယ်လို့ တစ်ယောက်ယောက်ကများ အမှတ်တွေကို ဖျက်လိုဖျက်ဆီး ကြံစည်ခဲ့တယ်ဆိုရင် အဲဒီလူရဲ့ အကောင့်ကတော့ အဘန်းခံရမှာဖြစ်ပါတယ်”
သူ ပြောပြီးသွားချိန်တွင် ကင်မရာက ပိတ်သွားခဲ့ပြီး ပရိသတ်အားလုံးတွင် သူတို့ နှစ်သက်သည့်ယှဉ်ပြိုင်သူ အသီးသီး၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းများဆီသို့ ပြန်ရောက်သွားကြသည်။
ဇာတ်ညွှန်းကို ကြိုတင်ရထားပြီး အစီအစဉ်ပြောင်းလဲမှုများကို ကြိုသိနေခဲ့သည့် ကုကျစ်စုန့်က ကြည့်ရှုသူအများအပြားမှာ လူအများအပြားနှင့် အချိန်ပိုဆင်းရတော့မည်ဟု စနောက်ထားကြကြောင်း တွေ့လိုက်ရသည်။
သူမ ကူကယ်ရာမဲ့စွာ ပြုံးမိလေသည်။
“အခု ထုတ်လွှင့်မှုစတင်ပြီဆိုတော့ ဆက်သွယ်ပြီး ဖုန်းရွှေဖတ်စေချင်တဲ့သူတွေက ‘ပါဝင်မည်’ဆိုတဲ့ခလုတ်ကို နှိပ်လိုက်လို့ရပါပြီ”
သူမ ပြောပြီးပြီးချင်း တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ရှိသည့် မီလီယံထက်ပိုသော ကြည့်ရှုသူများမှာ ခလုတ်ကို တစ်ယောက်ပြီးတစ်ယောက်နှိပ်ကြတော့သည်။ နောက်ခံမှ လူအရေအတွက်မှာလည်း တစ်ဟုန်ထိုးမြင့်တက်သွားခဲ့သည်။
တစ်မိနစ်ကျော်မျှကြာပြီးနောက် ကုကျစ်စုန့်က ပြောလိုက်သည်။
“’ပါးစပ်ဖွင့်ပြီး အမြဲတမ်းရယ်နေ’ဆိုတဲ့ နာမည်နဲ့ ပရိသတ် ဒီတိုက်ရိုက်ထုတ်လွှင့်မှုမှာ ရှိပါသလား၊ ရှင်က ပထမဆုံးဆက်သွယ်မှုအတွက် ရွေးချယ်ခံလိုက်ရပါပြီ၊ ဘယ်နည်းလမ်းနဲ့များ ဆက်သွယ်ချင်ပါသလဲ”
[ပါးစပ်ဖွင့်ပြီး အမြဲတမ်းရယ်နေ : ကျွန်မ ဒီမှာရှိပါတယ်၊ ကုတောက်ကျန့် ဗီဒီယိုမပါဘဲ မိုက်ကနေတစ်ဆင့် ဆက်သွယ်လို့ရမလား၊ ဆက်စပ်နေတဲ့ပုံတွေနဲ့ သတင်းတွေကိုတော့ သီးသန့် ပို့လိုက်ပါ့မယ်]