သားရဲနတ်အရှင်ကို လုပ်ကြံဖို့ ဓားနတ်ဘုရားက ကိုယ့်ကိုကိုယ် ဖျက်ဆီးခဲ့တာလား။
Vol. 14 Ch. 199
အခိုးအငွေ့များက တဖြည်းဖြည်း နီးလာသည်။
မြို့ရိုးအောက်မှာ တဟုန်းဟုန်း တောက်နေသော သားရဲဒီရေသည် တစ်ဖက်တစ်ချက်စီ ကွဲသွားကာ ထိုသူ့အတွက် ဦးညွှတ်သွားသလိုမျိုး ကျယ်ပြန့်သော လမ်းကြောင်းကို ရှင်းလင်းပေးသည်။ ထိုအခိုက် ပြင်းထန်သော ရောင်ဝါကလည်း မြို့ရိုးကို လွှမ်းခြုံလာတော့သည်။
"နောက်ဆုံးတော့ သူ ဒီကို ရောက်လာပြီ..."
ချင်းယန် ထိုအရိပ်ကို ကြည့်ကာ သူ့စိတ်ကို စုစည်းနေခဲ့သည်။ အစောပိုင်းတွင် စနစ်ဆီက သတိပေးချက်တစ်ခု ရရှိခဲ့သည်။ လက်ရှိပုဂ္ဂိုလ်သည် အဓိပတိနယ်ပယ် သို့မဟုတ် ထိုအထက်တွင် ရှိရမည်။
သူနှင့် ထိပ်တိုက်တွေ့တဲ့အခါ သူခံစားမိသော စွမ်းအားက ကြီးမားလှသည်။ မြို့ရိုးပေါ်ရှိ ဤစစ်သားများသာ ဒဏ်ခံရလျှင် ဒုက္ခရောက်လိမ့်မည်။ ချင်းယန် မဆိုင်းမတွဘဲ အထက်သို့တက်ကာ ကောင်းကင်သို့ ခုန်တက်လိုက်သည်။
"ဟမ့် မင်းဘယ်ကိုသွားလို့ရမလဲ သိချင်လိုက်တာ"
သားရဲနတ်အရှင်လည်း ချင်းယန်ရဲ့ရုပ်ပုံကို ကြည့်ပြီး ချက်ချင်းပဲ ကောင်းကင်ကို လိုက်တက်သွား၏။ သူတို့နှစ်ဦး ကောင်းကင်သို့ ပျံတက်သွားကာ လက်လှမ်းမမီနိုင်သော အမဲစက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
မြို့ရိုးပေါ်မှ လူတစ်သောင်းလည်း သူတို့ ပျောက်သွားတာကို စောင့်ကြည့်နေခဲ့ကြသည်။
"ဒုက္ခပဲ... သားရဲနတ်ဘုရားကို ကိုးကွယ်တဲ့ တန်ခိုးရှင်က လှုပ်ရှားလိုက်ပြီ..."
လင်မော့ဖုန်း သူ၏ အသစ်ဖွဲ့စည်းထားသော ညာလက်မောင်းကို ကိုင်ကာ စစ်မြေပြင်ဆီသို့ လျှောက်သွားရင်း သူ့မျက်နှာက ညှိုးငယ်သွားသည်။
“အကြီးအကဲ ဓားနတ်ဘုရားက အခြေအနေကို ကယ်တင်ဖို့ ထွက်လာပေမယ့် နောက်ဆုံးမှာတော့ သူလှည့်စားခံခဲ့ရတယ်...”
"သူတို့!"
လူအိုလီလည်း ဤစကားကို ကြားသောအခါ ဒေါသစိတ်ဖြင့် တုန်လှုပ်လာသည်။ သူ၏ သွေးကြောများသည် ဒေါသထွက်နေသော မြွေများကဲ့သို့ ဖောင်းကားနေသည်။
"အကြီးအကဲကို တွန်းထုတ်ဖို့ သူတို့ ဘာမဆို လုပ်မှာပေါ့!"
လင်မော့ဖုန်း ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
"အင်း... ဓားနတ်ဘုရား မစွက်ဖက်ဘူးဆိုရင် ကျန်းဟိုင်က သားရဲဒီရေကြောင့် ပျက်စီးသွားမှာ... ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေအရ ဒီသားရဲဒီရေကို တွန်းလှန်ဖို့က မဖြစ်နိုင်ဘူးလေ...."
သူပြောပြီးတဲ့ နောက်မှာတော့ သူတို့နှစ်ယောက် အကြာကြီး နှုတ်ဆိတ်နေခဲ့သည်။ တခြားသူတွေမှာ နားမလည်ကြပေမယ့် သူတို့ နှလုံးသားထဲမှာတော့ သိနေပါပြီ။
ကျန်းဟိုင် မြို့တော်ရှိ သားရဲဒီရေသည် အဓိကအားဖြင့် ဓားနတ်ဘုရားကို တွန်းထုတ်ပြီး နိုင်ငံသားအားလုံးကို ဓားစာခံအဖြစ် ဖမ်းယူရန် မိစ္ဆာအယူဝါဒမှ စီစဥ်ထားသည့် စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်သည်။ ဒီအချိန်မှာ ဓားနတ်ဘုရား ထွက်လာတာက သူ့အတွက် အန္တရာယ်ကြီးပေ၏။
"ဆရာ...."
လီကျစ်ရွှမ်း၏ မျက်နှာမှာလည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။ ကောင်းကင်က အရိပ်နှစ်ခုကို အနီးကပ်လိုက်ကြည့်ရင်း သူမ ပြောလိုက်သည်။
"ငါတို့ တစ်ခုခုလုပ်ရမယ်...."
"အကြီးအကဲပ ငါ့ကို စေတနာထားပြီး လုပ်လိုက်တာ" သူ့ရဲ့အသစ်စက်စက် လက်မောင်းကို ကိုင်ထားတဲ့ လင်မော့ဖုန်းက ပြောလာသည်။
"သနားစရာကောင်းတာက ငါအရမ်း အားနည်းနေတယ်... ငါတက်သွားရင် မကူညီနိုင်လောက်ဘူး"
လီချင်းဟဲ: "အိုး နင်တို့ ဘာလို့စိတ်ပျက်နေတာလဲ!"
လီချင်းဟဲ ထွက်လာပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဓားနတ်ဘုရားက အခုအဲဒီမှာ သွေးထွက်သံယို တိုက်ပွဲကို တိုက်နေပေမယ့် ငါတို့ တည်ငြိမ်မှုက မဆုံးရှုံးနိုင်ဘူး!"
သူမ နှုတ်ခမ်းကို တွန့်ကွေးကာ ညကောင်းကင်ကို မော့ကြည့်လိုက်သည်။
"မိစ္ဆာအယူဝါဒလေး မဟုတ်လား? ဓားနတ်ဘုရားက သူတို့ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဓားနဲ့ ထိုးသတ်ခဲ့ဖူးပြီးသား.. သူ ဒါကိုလည်း ကိုင်တွယ်နိုင်မှာ သေချာပါတယ်..."
"နင် နားမလည်ပါဘူး... အစ်မချင်းဟဲ...."
လီကျစ်ရွှမ်း သူမ၏ ယုံကြည်ချက်ရှိသော အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမ ပါးစပ်ကို ဖွင့်လိုက်သော်လည်း နောက်ဆုံးတွင် ဆိတ်ဆိတ်နေပြီး အဝေးကိုသာ ကြည့်နေလေသည်။
"ထားပါတော့..."
"ဘာကိုဆိုလိုတာလဲ!"
ဒါကိုကြားတော့ လီချင်းဟဲ ပိုလို့တောင် ဒေါသကြီးပြီး :"ဆရာဘိုးဘိုးက ဟိုဘက်မှာ တိုက်ပွဲဝင်နေတယ် ဒါကြောင့် ငါတို့ တည်ငြိမ်မှု ဆုံးရှုံးသွားလို့ မရဘူး!"
"အစ်မချင်းဟဲ!"
လီကျစ်ရွှမ်း ထိတ်လန့်သွားသည်။ ထိုစဥ် လီချင်းဟဲသည် သူမ၏ လက်နှစ်ဖက်ကို မြှောက်ကာ အသံထုတ်လွှင့်မှုခင်းကို ပြန်လည် အသက်သွင်းလိုက်သည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
"ဆက်လုပ်ထား! ကျန်းဟိုင် ဓားနတ်ဘုရား!!!"
ကောင်းကင်အထက်မှာတော့ လရောင်က မှိုင်းနေခဲ့သည်။ နောက်ဆုံး ရပ်တန့်သွားခြင်း မပြုမီအထိ အရိပ်နှစ်ခု ပြေးလွှားသွားခဲ့သည်။
"ဘာလို့ မပြေးတော့တာလဲ"
သားရဲနတ်အရှင်က ချင်းယန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
"အခု မင်းနဲ့ငါကြားက ကွာဟချက်ကို မင်းနားလည်သွားပြီ မဟုတ်လား"
"မင်း ငါ့ကို တကယ်သတ်ချင်နေတာလား"
ချင်းယန် သူ့လက်ထဲမှာ ခရမ်းရောင်ကြယ်ဓားကို ကိုင်ထားပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။
ယခု သူသည် မြေပြင်အထက် မီတာ တစ်သောင်းလောက်ကို ရောက်နေသဖြင့် မြို့ရိုးများသည် မျဉ်းကြောင်းတစ်ခုအဖြစ် ကွေးသွားကာ လူများသည်လည်း အစက်အပြောက်များ ဖြစ်လာကာ မြို့တွင်းမီးရောင်များက မှိန်ဖျော့နေသည်။
'ဒီအမြင့်က လုံလောက်မှာပါ'
"သားရဲ ဒီရေ ဧကရာဇ်အဆင့် ကြယ်သားရဲ... ဓားနတ်ဘုရား မင်းကို တွန်းထုတ်ဖို့က ခက်ခဲသားပဲ... ငါအများကြီး စဉ်းစားထားတယ်... မင်း ထွက်မလာမှာကိုတောင် ကြောက်နေတာ..."
စကားပြောရင်း ပြုံးလိုက်မိသည်။
"ကံကောင်းတာက မင်း ကျန်းဟိုင်မြို့ကို မစွန့်လွှတ်နိုင်သေးဘူး"
"ငါ့ကိုသတ်ဖို့ ဘုရင်အဆင့်နဲ့ ဧကရာဇ်အဆင့် ကြယ်သားရဲတွေ အများကြီးကို စွန့်လွှတ်ရတာ တကယ်ပဲ ထိုက်တန်ရဲ့လား"
ချင်းယန်နှင့် သားရဲနတ်အရှင်တို့ ဆက်လက်၍ ထိပ်တိုက်တွေ့ကြလေသည်။ လူသတ်ချင်တဲ့ အငွေ့အသက်တွေကလည်း ညကို ဖုံးလွှမ်းသွားလေ၏။
"ဟုတ်တယ်... မင်းက ငါ့ရဲ့ ဂိုဏ်းဝင်တစ်ယောက်ကို လူသိရှင်ကြား သတ်လိုက်တာလေ... မင်း သေသင့်တယ်..."
သားရဲနတ်အရှင် အခိုးအငွေ့က ကြက်သွေးရောင်သို့ ပြောင်းသွားခဲ့သည်။ ရုတ်တရက် အကြောင်းအရာကလည်း ပြောင်းသွားပြီး ထိုသူက ချင်းယန်၏ရနံ့ကို ရှူရှိုက်လိုက်၏။
“ဒါပေမယ့် ဒီကိစ္စက ညှိနှိုင်းဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒီအရှင်က ကရုဏာထားတတ်ပါတယ်... ကျင့်ကြံရတာ ခက်တယ်မလား...မင်း အဓိပတိနယ်ပယ် ရောက်ပြီးကတည်းက မင်းတကယ်ပဲ ပါရမီရှင်ဖြစ်နေပြီ ဆိုတာ ငါသိတယ်.. မင်းရဲ့ ဝိညာဉ်အမှတ်အသားကို စွန့်လွှတ်ပြီး ငါ့ဂိုဏ်းထဲကို ဝင်နိုင်မယ်ဆိုရင် အရင်က ဖြစ်ခဲ့တဲ့အရာအားလုံးကို ခွင့်လွှတ်ပေးနိုင်မယ် ထင်တယ်"
"..."
ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းကို ဝိညာဉ်အမှတ်အသား ပေးလိုက်ရင် မင်းနဲ့ခွေးကြားမှာ ဘာကွာခြားတော့မှာလဲ"
"အတင့်ရဲလိုက်တာ! ကျန်းဟိုင် ဓားနတ်ဘုရား မင်း ဘယ်လောက်ဖြုန်းတီးနေမိလဲ ကြည့်စမ်း"
“အမွှေးနံ့သာ ပူဇော်သက္ကာတွေကို မြို့အနှံ့က ပေးချင်နေတာလည်း မင်းက မယူချင်ဘူး… သူတို့အတွက် အများကြီး လုပ်ပေးပြီးပြီ ဒါတောင် မလုံလောက်သေးဘူးလား”
သူပြောရင်း မျက်လုံးများ မှိတ်သွားသည်။
"မင်း ငါ့ဂိုဏ်းထဲဝင်ရင် မင်းကို ခေါင်းဆောင်နေရာကို ရစေရမယ်လို့ ငါအာမခံပေးမယ်... မင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်... ဘယ်လိုထင်လဲ"
စကားလုံးတွေ ကျလာပြီးတော့ တိတ်ဆိတ်သွားကြသည်။
"..."
ဒါကိုကြားတော့ ချင်းယန် အတည်ပေါက်ကြီး တွေးထားသလိုမျိုး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သားရဲနတ်အရှင်ကလည်း မျက်နှာတော် ရွှင်မြူးလျက် အဖြေကို စောင့်မျှော်နေ၏။
သို့သော် ချင်းယန်က ခေါင်းခါနေတုန်းပင်။ သူက ကျစ်ဝေးနတ်ဓားကို လက်ချောင်းများဖြင့် ပွတ်သပ်ကာ ဓားသွားကို လှန်ကာ ပြောလိုက်သည်။
"ဓားသမားက ကွေ့ကောက်သွားရတာထက် ချိုးဖျက်ရတာ ကြိုက်တယ်!"
ရွှင်း!
ဓားရှည်၏ အော်ဟစ်သံများက ညကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ ၎င်းတို့၏ လူသတ်ချင်လာသော ရည်ရွယ်ချက်များက ပိုမိုထင်ရှားသည်။ သူ့ခေါ်သံကို တုံ့ပြန်လိုက်သလိုပဲ ဓားတွေနဲ့ ဓားရှည်တွေရဲ့ အငွေ့အသက်က မြို့အနှံ့ ပျံ့လွင့်သွားလေသည်။
သားရဲနတ်အရှင်ကလည်း သူ့လက်ဖဝါးကို ရှေ့သို့ တွန်းလိုက်သည်။
"ဒါဆို ဒီကျန်းဟိုင် ဓားနတ်ဘုရားက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ကြည့်ရသေးတာပေါ့!"
ဗုန်း!
ဧရာမသားရဲ၏ အရိပ်ကြီးက သားရဲနတ်အရှင်၏ နောက်ကွယ်၌ ထွက်ပေါ်လာခဲ့၏။ ၎င်း၏ ကြီးမားကျယ်ပြန့်သော ခန္ဓာကိုယ်က ကောင်းကင်နှင့် နေကို ပိတ်ဆို့ထားကာ ကြယ်များနှင့် လတို့သည်လည်း ၎င်း၏တည်ရှိမှုကို ဖုံးကွယ်သွားကြသည်။ အလွန်အမင်း ပုံပျက်နေသော ခြေလက်များက နားမလည်နိုင်သော ချောက်ထဲမှ ထွက်ပေါ်လာခဲ့သလို ပတ်ဝန်းကျင် ကောင်းကင်ကြီး ရုတ်တရက် မည်းမှောင်သွားသည်။
"လာစမ်း!"
ချင်းယန် ကျစ်ဝေးနတ်ဓားကို တင်းတင်း ကိုင်ထားပြီး စိတ်မလျှော့ဝံ့။ ပြိုင်ဘက်က အနည်းဆုံး အဓိပတိနယ်ပယ် ကျွမ်းကျင်သူဖြစ်သည်။ သူသည် အဓိပတိနယ်ပယ်သို့ ဝင်ရောက်ခဲ့ရုံသာ ရှိသေးသဖြင့် ကွာဟချက်က ကြီးမားလှသည်။ စွမ်းအင်အားလုံးကို ထည့်သွင်းရမည်။
သူ့ဓားကို ပေါ့ပေါ့တန်တန် ထိုးနှက်ကာ ထိပ်ဖျားကို ထိုးလိုက်သည်။ ကြီးမားလှသော ဓားအလင်းတန်းကြီးသည် ကောင်းကင်ကို ဖြန့်ကျက်ပစ်တဲ့အခါ အုံ့မှိုင်းသောညသည် ကောင်းကင်တံခါးများ ကျယ်ကျယ် ဖွင့်လိုက်သကဲ့သို့ သူ့ရှေ့မှ တိမ်များကို လွင့်စင်သွားပြီး လရောင်က ရုတ်တရက် တောက်ပလာသည်။
ချင်းယန် လေထုကို ဖြိုခွဲလိုက်ပြီးနောက် အဖိုးအို၏ ဦးတည်ရာသို့ ပြန်ကြည့်ကာ နှလုံးခုန်သံ မြန်သွား၏။ အဘိုးကြီးရဲ့ ခေါင်းထက်မှာ ကမ္ပည်းရေးထိုးထားသော သွေးနီရောင်အိုးတစ်လုံး လွင့်ပျံလာသည်။ ကြွယ်ဝသော သွေးရောင်ဝါကလည်း ၎င်းထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး၏ နိယာမတရားများ၏ တန်ခိုးကို ဖျတ်ခနဲ ဆွဲဆောင်နေသည်။
ထို့ကြောင့် မြေပြင်ပေါ်ရှိ သွေးပင်လယ်သည် အထက်သို့ ဆွဲတင်ခံရကာ လေထဲသို့ ဖြည်းညှင်းစွာ တက်လာသည်။ ချက်ချင်းပင် ကြီးကျယ်ခမ်းနားသော သွေးရေတံခွန်များ ပေါ်ထွက်လာလေ၏။
သွေးပေါင်း တစ်သောင်း ၊
"နိယာမရဲ့ စွမ်းအားလား?!"
ချင်းယန် ရုတ်တရက် ရင်ကြပ်သွားတော့သည်။
သွေးရောင် ထွက်လာသည်နှင့်အမျှ သူ့သွေးများ တဟုန်းဟုန်း တောက်လောင်ကာ သူ့ကိုယ်ထဲမှ ဆုတ်ဖြဲကာ မီးဖိုအိုးနှုတ်ခမ်းဝဆီ အပြေးသွားချင်နေသလို ခံစားလိုက်ရသည်။
"အဲဒါ!"
ချင်းယန်၏ မျက်နှာပေါ်က ထူးဆန်းသောအမူအရာကို သတိပြုမိသော သားရဲနတ်အရှင်က အေးစက်စွာ ရယ်မောလေ၏။
"ဘာ ကျန်းဟိုင်ဓားနတ်ဘုရားလဲ? အဓိပတိနယ်ပယ် ရောက်ဖူးတဲ့ လူငယ်လေးသာသာပဲ... နိယာမစွမ်းအင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဆုပ်ကိုင်ထားနိုင်တာနဲ့ အရာအားလုံးကို ကျွမ်းကျင်တယ်လို့ ထင်နေတဲ့ကောင်ပဲ... ရေတွင်းထဲက ဖားတစ်ကောင်ကလွဲလို့ ဘာမှကို မဟုတ်ဘူး"
"နိယာမစွမ်းအင်ကို သင်ပေးပါရစေ!"
သားရဲနတ်အရှင်က မီးဖို၏ မျက်နှာပြင်ကို ပုတ်၍ နူးဟန်ဖြင့် ပေါ့ပေါ့ပါးပါး လျှောက်လှမ်းလာသည်။
ဝုန်း!
မီးဖိုဆီက ထိတ်လန့်ဖွယ် အသံသည် ညကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည့် ဧရာမသားရဲ၏ နှလုံးခုန်သံကဲ့သို့ လမ်းကြောင်းတိုင်းတွင် ပဲ့တင်ထပ်နေသည်။
………
အောက်ဖက်ရှိ ကျန်းဟိုင် နယ်စပ်တွင်!။
"မကောင်းတော့ဘူး! အားလုံး နောက်ဆုတ်လိုက်! အသံကို နားမထောင်နဲ့!!!"
ကြောက်ရွံ့ထိတ်လန့်နေသော လင်မော့ဖုန်း သူ့ကြယ်စွမ်းအင်ဖြင့် တွန်းလှန်ရန် ကြိုးစားလိုက်သည်။ ထိုအသံကို ကြားလိုက်သည်နှင့်ပင် သူ့နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားခဲ့သည်လေ။ အဓိပတိနယ်ပယ် အထက်တွင် ကောင်းကင်နှင့် လူသားတို့ကြားက စစ်ပွဲတစ်ခုရှိလို ဘေးဆိုးကြီး ရှိတာကြောင့် မြို့ရိုးပေါ်က သူလည်းပဲ ဒဏ်ကို မလွတ်နိုင်ပေ။
"ဒါ ဘယ်လို လှည့်စားမှုမျိုးလဲ?!"
ဖြူဖျော့နေသော လူအိုလီလည်း သူ့နှလုံးသားကို ထိတ်လန့်စွာ ဆုပ်ကိုင်ထားသည်။ ဟိုဟိုဒီဒီကြည့်ရင်း တခြားလူတွေကလည်း နာကျင်တဲ့အမူအယာကို ပြသလာကြ၏။ မြေပြင်ပေါ်က သွေးများဟာ တဟုန်းဟုန်း တောက်လောင်ကာ ခမ်းနားသော မြင်ကွင်းကို ဖန်တီးနေသည်။
"နိယာမရဲ့ အစွမ်းအစ...."
လင်မော့ဖုန်းသည် ကြယ်စွမ်းအင်ကုလားကာကို ထိန်းချုပ်ရန် ရုန်းကန်ခဲ့ရပြီး သူ့သွေးထဲက ထူးဆန်းသည့် ဖြစ်စဉ်များကို နှိမ်နှင်းကာ ထိတ်လန့်တကြား ခံစားလာခဲ့ရသည်။
ဝုန်း!
မိုးခြိမ်းသံ၏ တဟုန်ထိုးမြည်သံက လေထဲကို ပြည့်လျှံသွားစေပြီး မီးဖိုဆီကအော်သံကို ဖုံးအုပ်ပစ်ခဲ့သည်။
"အကြီးအကဲ ဓားနတ်ဘုရား ပြန်တိုက်နေပြီ!"
လူအိုလီလည်း မိုးခြိမ်းသံကို ကြားသဖြင့် အမြန်မော့ကြည့်လိုက်သည်။
ဗုန်း!
မဟာနိယာမစွမ်းအင် သုံးခုရဲ့ တန်ခိုးက ရောယှက်သွားခဲ့သည်။ အနီရောင် လျှပ်စီးကြောင်းများက ကောင်းကင်တစ်ခွင် ရောနှောကာ ကောင်းကင်နှင့် လူသားတို့ကြား တိုက်ပွဲ၏ ပုံရိပ်ကို တိုးတိုးတိတ်တိတ် ဖန်တီးနေသည်။ ပြင်းထန်သော မိုးခြိမ်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
အားလုံး မော့ကြည့်လိုက်တော့ လျှပ်စီးကြောင်းတွေ တဖြေးဖြေး မှိန်ဖျော့နေတာကို တွေ့လိုက်ရသည်။
"မဟုတ်ဘူး ဓားနတ်ဘုရား အခြေအနေက မကောင်းတော့ဘူး..."
လင်မော့ဖုန်း အခြေအနေကို သတိပြုမိပြီး မျက်ခုံးပင့်သွားသည်။
ချင်းယန် တိမ်တိုက်တွေဆီ ရွေ့လျားလာချိန်မှာတော့ သူ့ရဲ့ စွမ်းအင်ကျဆင်းမှုဟာ တဖြည်းဖြည်း ထင်ရှားလာပါ၏။ ယခုအချိန်တွင် သူ့အငွေ့အသက်သည် ဖရိုဖရဲဖြစ်ပြီး ယခင်ကလို အခြေအနေ မဟုတ်တော့ပါ။ နယ်ပယ်ဖြတ်ကျော်ခြင်းသည် တောင်တန်းများနှင့် ပင်လယ်များကို ဖြတ်ကျော်ရသလို ဖြစ်ပြီး တစ်ခဏအတွင်း ဖြတ်၍မရနိုင်သော အကွာအဝေးတစ်ခု ဖြစ်သည်။
အကြိမ်ကြိမ် ဆက်တိုက် တိုက်ခိုက်မှုတွေက သူတောင့်ခံနိုင်သော ကန့်သတ်ချက်ကို ရောက်ရှိသွားခဲ့သည်။
“ကျန်းဟိုင်ဓားနတ်ဘုရားက ခေါ်တဲ့ကောင်က ဘာမှလည်း မဟုတ်ပါလား”
သားရဲနတ်အရှင်သည် ထူးဆန်းသော အသွေးအသား ဖြစ်စဉ်ကို ဖြစ်ပေါ်စေပြီး အဂ္ဂိရတ်ဆေး ဆေးအိုးပေါ် ရိုက်ကာ ချင်းယန်၏ တုန်လှုပ်ချောက်ချားနေသော အခြေအနေကို စူးစမ်းလေ့လာခဲ့သည်။
"မင်းမှာ ဒီနေ့ ဒီမှာပဲ သေရလိမ့်မယ်"
“…”
ချင်းယန် မတုံ့ပြန်ခဲ့ပါ။ သူသည် ပေသို့ခုနှစ်စင်ကြယ် အစီအရင် ဖွဲ့စည်းမှုကို ၎င်း၏ကန့်သတ်ချက်အထိ တိုက်ရိုက်အသက်သွင်းကာ ကောင်းကင်ယံတွင် ကြယ်တစ်လိုင်းဆွဲပစ်ပြီး အဖိုးအိုကို ဖုံးအုပ်ထားလိုက်သည်။
ကြယ်စွမ်းအင်၏ တခဲနက်သော တွန်းအားကြီးက ကျဆင်းသွားသည်။
"လူမိုက်!"
သားရဲနတ်အရှင်က သူ့လက်ကို လှန်လိုက်သည်။
သွေးလမ်းကြောင်း နိယာမ၏ စွမ်းအားကို အသက်သွင်းလိုက်ရာ သွေးစွန်းသော အလင်းရောင်သည် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်ကာ ထူးဆန်းသော ကောင်းကင်ဖြစ်စဉ်ကို နှိမ်နှင်းလိုက်သည်။
"အရမ်းစိတ်ပျက်စရာ ကောင်းတယ်... ကျန်းဟိုင်ဓားနတ်ဘုရား... ကျန်းဟိုင်ဓားနတ်ဘုရား... ငါမင်းကို နောက်ဆုံးအခွင့်အရေး တစ်ခု ပေးပါ့မယ်... ငါ့ဂိုဏ်းထဲကို ဝင်လိုက်... ငါမင်းကို အသက် ချမ်းသာပေးမယ်!"
ချင်းယန် တိတ်ဆိတ်နေပြီး ကျစ်ဝေးနတ်ဓားကို တဖြည်းဖြည်း နှိမ့်ချလိုက်သည်။ သူ့ပုံစံက ခုခံမှုအားလုံးကို စွန့်လွှတ်လိုက်ရသလိုပါပဲ။
"အိုး? နောက်ဆုံးတော့ လက်နက်ချသွားပြီလား?"
ဒါကိုမြင်တော့ အဘိုးအိုက ရွှင်မြူးသွားလေသည်။
"ဟုတ်တယ် ငါပြောတာ နားထောင်လိုက်...."
သူ့စကားမဆုံးခင်မှာပဲ ရုတ်တရက် ဓားသွားသံက ပဲ့တင်ထပ်သွားသည်။ ထက်မြက်သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကောင်းကင်ဖြတ်ဓား!
"ဒါ မင်းရဲ့ရွေးချယ်မှုလား"
သားရဲနတ်အရှင်ရဲ့ မျက်လုံးတွေ အေးစက်သွားတော့သည်။ သူက သွေးအိုးကို ရိုက်လိုက်ပြီး ခုခံရန် သွေးအမှုန်အမွှားများကို ခေါ်လိုက်သည်။ ထိုအခိုက် ရုတ်တရက် ချင်းယန်၏ရုပ်သွင်သည် အနီးနှင့်အဝေးကြားမှ အကွာအဝေးကို ဖြတ်လာနေတာ မြင်လိုက်ရလေ၏။
"ဟင်?"
အင်အားကွာဟချက် ကြီးမားနေတာတောင် သူက အနားကပ်လာဖို့ သတ္တိရှိတယ်လား။
သို့သော် သူ မတုံ့ပြန်မီ ချင်းယန်အသံကို ကြားလိုက်ရပြန်သည်။
"ကောင်းကင်နဲ့မြေကြီး အသက်ရှည်ပါစေလို့ ဆုတောင်းပါတယ်!!!"