နိယာမနှလုံး
Vol. 14 Ch. 201
"အား!!!!"
ကျယ်လောင်သော အော်သံကြီးက ကောင်းကင်ယံအထက် ပဲ့တင်ထပ်သွားတာကြောင့် ငှက်များပင် ထိတ်လန့်စွာ ထပျံကုန်ကြသည်။
"ဘာတွေဖြစ်နေတာလဲ?!"
အနီးနားရှိ ကြယ်စစ်သည်များလည်း အသံ၏ ဦးတည်ရာဆီသို့ လှမ်းကြည့်နေကြသည်။ အလယ်ခေတ် ဝတ်စုံဝတ်ထားသည့် အမျိုးသားသည် သူ့လည်ချောင်းကို တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်ကာ သွေးပြန်ကြောများ ထောင်ထွက်လာသည်။ ပြင်းထန်စွာ ဒူးထောက်ကျသွားတဲ့အခါ ဓားလည်း ပြုတ်ကျသွားသည်။
"ဟို ဟို..."
ဟစ်အော်သံက အားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်နှာကို အုပ်ထားရန် ခေါင်းငုံ့ထားသဖြင့် ငိုရှိုက်သံများက သူ့လက်ချောင်းများမှ ထွက်ပေါ်လာသည်။
တောင်ပေါ်မှ ထွက်လာသော လေပြေလေညင်းမှ သယ်ဆောင်လာသော ထိုအသံသည် သရဲခြောက်သော တောင်နတ်ထဲ ရောက်နေရကဲ့သို့ ပို၍ပင် တုန်လှုပ်ချောက်ချားသွားစေသည်။
"ဟေး... ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား"
ဒါကိုမြင်တော့ တခြားအဖော်တွေက လူလတ်ပိုင်းဆီ ပြေးသွားပြီး သူ့အခြေအနေကို စစ်ဆေးကြည့်ကြရာ တစ်ခုခုမှားနေပြီဆိုတာ သတိထားမိလိုက်၏။ တံဆိပ်ခတ်ထားသော သံကိုထိလိုက်သကဲ့သို့ ပူလောင်နေ၏။ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ ပူလောင်နေသလို ဖြူဖွေးနေတဲ့ မီးခိုးငွေ့တွေ တက်လာတယ်။
"ဘာလို့ဒီလောက်ပူနေတာလဲ"
အဖော်က ခဏတာ အံ့အားသင့်သွားပြီး အခြားသူများနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူတို့သည် ၎င်းတို့၏ အသံလွှင့်စက်များကို ထုတ်ကာ ရုံးချုပ်သို့ သတင်းပို့ရန် ပြင်ဆင်နေကြသည်။
သို့သော်။
ဝုန်း!
ထိုအမျိုးသားသည် အနီးဆုံးအဖော်၏ ရင်ဘတ်နှင့် နောက်ကျောကို လျှပ်စီးလက်သည့်အရှိန်ဖြင့် ရိုက်ချလိုက်သည်။ သူ့လက်ချောင်းထိပ်များက တစ်ဖက်လူရဲ့ ရင်ဘတ်ကိုခွဲကာ နံရိုးများကို ဖောက်၍ ရင်ဘတ်အတွင်းမှ နှလုံးကို ဆုပ်ကိုင်ထားသည်။
"...လောင်းယန်?"
အဖော်က သူ့နောက်ကျောကနေ ရင်ဘတ်ရှေ့ ထွက်လာသည့် လက်ကို ကြောင်အစွာဖြင့် စိုက်ကြည့်နေသည်။ သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နှလုံးက တွန်းထုတ်ခံလိုက်ရကာ သေခြင်းတရားကလည်း ရုတ်တရက် ရောက်လာခဲ့သဖြင့် တုံ့ပြန်ရန် အချိန်မရှိခဲ့ပါ။
"သွေး..."
လူလတ်ပိုင်းအရွယ် အမျိုးသားသည် နွေးထွေးသောနှလုံးကို ဆုပ်ကိုင်ကာ မြို့ရိုးအပြင်ဘက်တွင် နံနက်ခင်းအလင်းရောင်ကို မျက်နှာမူရင်း လည်ချောင်းထဲသို့ သွေးများ စိမ့်ဝင်သွားစေသည်။
ကောင်းလိုက်တာ!
ငရဲမှ တွားသွားသော နတ်ဆိုးကဲ့သို့ သူ့နှုတ်ခမ်းများမှ သွေးများ စီးကျလာသည်။
"မင်း ရူးနေလား?!"
အခြားအဖော်များ၏ အမူအရာများလည်း ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့က ထိုသူ့ကို ချေမှုန်းဖို့ သူတို့ရဲ့ ကြယ်စွမ်းအားတွေကို အလိုလို ထုတ်လွှတ်လိုက်ပေမယ့် အဲဒီလူက သူတို့ရဲ့ နှလုံးကို အလွယ်တကူ ဆွဲထုတ်ပစ်လေသဖြင့် တုံ့ပြန်ဖို့ အချိန်မရှိခဲ့ပါဘူး။
ကြယ်ပွင့်စစ်သူရဲ အဖွဲ့တစ်ဖွဲ့လုံး လုံးလုံးလျားလျား သုတ်သင်ခံခဲ့ရသည်။
မြို့ရိုးအောက်မှာ ကြောက်စရာကောင်းတဲ့ ဝါးလုံးသံတွေ ပဲ့တင်ထပ်နေ၏။
နှလုံးတစ်ခုစီကို မျိုချလိုက်သောအခါ လူလတ်ပိုင်း၏မျက်နှာသည် ပွက်ပွက်ဆူနေသော ရေကဲ့သို့ မျက်နှာအိုမင်းရင့်ရော်လာကာ အရိုးများကျုံ့သွားပြီး အနက်ရောင်ဆံပင်များကလည်း တဖြည်းဖြည်း ဖြူလာသည်။
အသက်ရှူချိန် အနည်းငယ်မျှသာ ကြာသွား၏။
သူသည် သွေးစွန်းနေသော အခိုးအငွေ့များ ဖုံးလွှမ်းနေသော ထူးဆန်းသည့် အဘိုးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဗုန်း!
သွေးတွေ ကောင်းကင်ကို လွင့်စင်သွားသည်။
သွေးလမ်း၏ ကြောက်မက်ဖွယ် စွမ်းအားကို လွှတ်မြောက်ခဲ့ပြီး မီတာများစွာ အချင်းဝက်အတွင်း ကြယ်သားရဲ အလောင်းကောင်များ၏ သွေးများ အနောက်သို့ စီးဆင်းသွားသည်။ အဘိုးအိုသည် မြို့ကို စူးစူးစိုက်စိုက် ကြည့်ကာ သူ့မျက်လုံးများတွင် လူသတ်ချင်လာသော ရည်ရွယ်ချက်ဖြင့် သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများကို တဟုန်ထိုး စီးဆင်စေလိုက်သည်။
"သေစမ်း ... မင်းတို့အားလုံး သေရမယ်..."
…
နယ်စပ်တံတိုင်း၌ ကြယ်သိုင်းရဲစခန်းမှ အဖွဲ့များစွာသည် နံရံအစွန်းတလျှောက် ဖြတ်သွားကာ အုတ်လုပ်ငန်းရှိ အက်ကွဲကြောင်းများမှ သွေးများကို ဂရုတစိုက် ဆေးကြောသန့်စင်နေကြသည်။
မနေ့ညက တိုက်ပွဲအပြီးတွင် နံရံက သားရဲသွေး၏ အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားသည်။ ထိုစဥ် သေးငယ်သော သွေးစက်တစ်စက်သည် အသက်ရှိနေသကဲ့သို့ နံရံတစ်လျှောက် လှည့်ပတ်ကာ အပြင်ဘက်သို့ ဖြည်းညှင်းစွာ လွင့်မျောသွားသည်။
"ဒါကဘာလဲ?"
လင်မော့ဖုန်း အောက်ကို ငုံ့ကာ ထိုသွေးစက်ကို ဖိထားလိုက်သည်။ သူ့နှာခေါင်းက အနည်းငယ် လှုပ်သွားပြီး သူ့အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ လှည့်၍ တလီတောင်များဆီသို့ လှမ်းကြည့်လိုက်သည်။
"သွေးက ထူးဆန်းတဲ့ ဖြစ်စဉ်တွေကို ဆွဲဆောင်နေတယ်... အဲဒါ သားရဲနတ်ဘုရား ကိုးကွယ်မှုရဲ့ သွေးဝိညာဉ်ကျင့်စဥ်ပဲ!!!"
သူပြောပြီးတာနဲ့ အနီးနားရှိလူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"အဲဒီနတ်ဆိုးကြီး မသေသေးဘူးလား?"
"အခု ဓားနတ်ဘုရားက သေသွားပြီ ငါတို့ သူ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
"ပြီးသွားပြီ... အဓိပတိနယ်ပယ်က နတ်ဆိုးတစ်ကောင်က ငါတို့နဲ့ ပြိုင်ဆိုင်လို့ရတဲ့ အရာမဟုတ်ဘူး!"
"..."
တခဏတာတွင် မြို့ရိုးပေါ်၌ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာပြီး လူအုပ်ကြားထဲက ကြောက်ရွံ့မှု လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မနေ့ညက ကျန်းဟိုင် ဓားနတ်ဘုရားရဲ့ လုပ်ရပ်ကြောင့် နတ်ဆိုးကို သတ်နိုင်ခဲ့ပါ၏။
ဒါပေမယ့် အခု သူလည်း သွားပြီ။ သားရဲနတ်အရှင်ကို သူတို့ ဘယ်လိုမှ တွန်းလှန်နိုင်မည် မဟုတ်ချေ။
"အားလုံး စိတ်အေးအေးထားပါ!"
ဤအခိုက်အတန့်တွင် အကြီးအကဲလီသည် ဓားကိုထောင်၍ ဦးညွှတ်ရင်း လူအုပ်ဘက်ကို စိတ်ချလက်ချ လှည့်ပြောလိုက်သည်။
"နတ်ဆိုးက မြို့ရိုးအပြင်ဘက်မှာ ရှိနေတုန်း ငါတို့ ဣန္ဒြေပျောက်လို့ မဖြစ်ဘူး... သူနဲ့ ရင်ဆိုင်မယ့် နည်းလမ်းကို ဦးစားပေး ရှာရမယ် အားလုံး စိတ်အေးအေးထား!"
သူ့စကားကြောင့် ဆူဆူညံညံ အသံများ တိတ်ဆိတ်သွားသည်။ ဒါပေမယ့် သူ့မျက်နှာပေါ်က ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။
"အားလုံးပဲ ဆရာ ပြောတာမှန်တယ်!"
လင်မော့ဖုန်းကလည်း ခေါင်းညိတ်ပြီး ဝင်ပြောလာသည်။
"အဲဒီနတ်ဆိုးက အကြီးအကဲ ဓားနတ်ဘုရားကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ် သူ အကြာကြီး တောင့်မခံနိုင်ဘူး ငါတို့ သူ့ကို အနိုင်ယူဖို့ အခွင့်အရေး ရှိသေးတယ်..."
သူ စကားပြောနေရင်းနဲ့ ကျန်းဟိုင်မြို့ကို လှည့်ကြည့်လိုက်သည်။
"အကြီးအကဲ ဓားနတ်ဘုရားက ထွက်သွားပြီ... ငါတို့ ပြန်ဆုတ်ရင် ကျန်းဟိုင်မြို့က ဒီကြယ်သားရဲတွေရဲ့ နတ်ဘုံ ဖြစ်လာလိမ့်မယ်... မင်းတို့ ကျန်းဟိုင်အတွက် တိုက်ပွဲဝင်ချင်ရင် ငါ့နောက်ကို လိုက်ခဲ့... မလိုလားတဲ့သူတွေကိုတော့ ငါ အတင်းအကြပ် မလုပ်ဘူး။ မင်းတို့ ရှိတဲ့နေရာမှာပဲ နေနေပြီး မင်းတို့ဒဏ်ရာတွေကို ကုသကြပါ"
ပြောပြီးတာနဲ့ လင်မော့ဖုန်း သူ၏ ကြယ်စွမ်းအားကို ဖြန့်ကျက်ပြီး မြို့ရိုးရှိ သွေးဝှက်ထားသော နေရာမှ ထွက်ခွာသွားခဲ့သည်။
ဒါကိုမြင်တော့ တခြားသူတွေကလည်း အကြည့်ချင်း ဖလှယ်နေကုန်၏။ ယခု ကျန်းဟိုင်က ဒုက္ခရောက်နေပြီ။ ဓားနတ်ဘုရားက ထွက်သွားပြီ ဆိုတော့မှ သေချာပေါက် သူတို့ဘက်ကလည်း အရှုံးပေးလိုက်လို့ မဖြစ်တော့ပေ။
နောက်ထပ် ကြယ်စစ်သည်များသည်လည်း ၎င်းတို့၏ အဖော်များကို အော်ဟစ်ကာ လင်မော့ဖုန်းနောက်သို့ အနီးကပ် လိုက်သွားကြသည်။
…
တောထဲက မြေပြင်သည်လည်း သွေးများဖြင့် ရွှဲနစ်နေသည်။ လူနှင့် သားရဲများ၏ ခြောက်သွေ့နေသော အလောင်းများသည် ပင့်ကူမျှင်ကဲ့သို့ သွေးစီးကြောင်းများဖြင့် မြေပြင်တွင် ပြန့်ကျဲနေပြီး အားလုံးက တစ်နေရာတည်းဆီသို့ ပေါင်းစပ်သွားနေကြသည်။
"ရွံစရာကောင်းလိုက်တာ!"
သားရဲနတ်အရှင်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ မိမိ၏ အတွင်းစိတ်စွမ်းအင်ကို စုစည်းနေခဲ့သည်။ ထိုအခိုက် ရုတ်တရက် သူက ဘေးကို တံတွေးထွေးလိုက်ပြီး။
"ဒီသွေးလမ်းကြောင်း ပြောင်းလဲခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပြေပျောက်ပြီးတာနဲ့ ငါ ထမင်းကောင်းကောင်း စားပစ်မယ်!"
'သွေးနတ်ဆိုးအစီအရင်' သည် သွေးလမ်းကြောင်းမှ ခန္ဓာတည်ဆောက်ခြင်း နိယာမမှ ဆင်းသက်လာသော ပြန်လည်မွေးဖွားခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းက အသက်ပြန်သွင်းခြင်း ဖြစ်လို့ ကုန်ကျစရိတ်ကလည်း ကြီးမားသည်။
ကောင်းကင်ဘုံ၏ ဥပဒေများကို ဖောက်ဖျက်ရခြင်း ဖြစ်သဖြင့် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ ဤတစ်ကြိမ်ကတင် ကပ်ဆိုးကို ရှောင်ဖို့ လုံလောက်ပါသည်။
"ဟမ့် ဘယ်လောက်မိုက်လိုက်တဲ့ ဓားနတ်ဘုရားလဲ! မင်းက အရမ်းငယ်ပါသေးတယ်! ငါ သွေးတစ်စက်နဲ့ ပြန်မွေးဖွားလာမယ်လို့ မင်း မမျှော်လင့်ထားဘူးမလား?"
သူက မြို့ရိုးဆီသို့ လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းပေါ်မှ အေးစက်သော အမူအရာဖြင့် ဆိုလိုက်သည်။
"ငါပြန်ကောင်းလာတဲ့အခါ အဲဒီမြို့က လူတွေကို သတ်ပစ်မယ်"
ရှေးဟောင်းမြို့ရိုးမှ အော်သံများ ပဲ့တင်ထပ်လာခဲ့သည်။ ထိုနေရာက ပို၍ပင် ကြွယ်ဝသော သွေးစွမ်းအင်များ စုစည်းရာနေရာ ဖြစ်သည်။
ဝှစ်!!
ကြယ်ရောင်ခြည်ပေါင်းများစွာ သူ့အပေါ်သို့ ဆင်းသက်လာသည်။ သူ့အနီးရှိ ဧရိယာကို ကြယ်ပုံသဏ္ဌာန်များဖြင့် လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်း အသွင်အပြင်တစ်ခု ထွက်ပေါ်လာသည်။
လင်မော့ဖုန်း ကြယ်စစ်သည်များနှင့်အတူ ဆင်းသက်လာခဲ့ခြင်းပင်။
"အားလုံးသတိထားကြ... ဒီနတ်ဆိုးက အခုမှ ပြန်ထလာတာ ဆိုပေမယ့် သတိမပေါ့မိပါစေနဲ့!"
လင်မော့ဖုန်းသည် အနီးနားရှိ ကြယ်စစ်သည်များကို နေရာပေါင်းစုံမှ လူစုခွဲပြီး သားရဲနတ်အရှင်ကို ဝန်းရံထားဖို့ အမိန့်ပေးလိုက်သည်။ ပြင်းထန်သော လေပြင်းတစ်ချက်က တောင်တန်းများနှင့် သစ်တောများအပေါ် တိုက်ခတ်လာသည်။
လူသတ်ချင်နေသော ကြံရွယ်ချက်များကလည်း ပြင်းထန်လာသည်။
"ဟာဟား... ပုရွက်ဆိတ်တွေက ဒီလောက် ဂုဏ်ယူနေတယ်ပေါ?"
သားရဲနတ်အရှင်ကလည်း ထိုရောင်ဝါကို ခံစားသိရှိသဖြင့် သူ့တင်ပါးပေါ်က ဖုန်မှုန့်တွေကို ပွတ်သပ်ပြီး တည်ငြိမ်စွာ မတ်တတ်ထရပ်လိုက်သည်။
“ငါအသွင်ပြောင်းသွားတဲ့အတွက် မင်းတို့ကို မတိုက်ခိုက်နိုင်လောက်ဘူးလို့ ထင်နေတာမလား... ငတုံးတွေ...”
ဗုန်း!
သူတို့နောက်မှာ ဧရာမသားရဲကြီးရဲ့ တောင်တစ်လုံးလို အသွင်အပြင်တစ်ခု ပေါ်ထွက်လာခဲ့၏။ အဓိပတိနယ်ပယ် ဖိအားများက ၎င်းတို့အပေါ်သို့ အားပြင်းစွာ ကျဆင်းလာခဲ့သည်။
"အားလုံးသတိထားကြ!"
လီတောက်မင်က အနောက်ဘက်တွင် လွင့်ပျံနေပြီး လက်ချောင်းထိပ်များက ကြိုးများကို ဆွဲကာ သားရဲနတ်အရှင်၏ ဦးတည်ရာကို အတင်းပိတ်ဆို့ရန် ကြိုးစားရင်း သူ့လက်ထဲတွင် မျဉ်းကြောင်းများကို ထိန်းချုပ်ထား၏။
ဒါပေမယ့် အသုံးမဝင်ချေ။
ဧရာမသားရဲသဏ္ဌာန်သည် ကြယ်စွမ်းအင် ကြိုးများကြားမှ လွတ်မြောက်ပြီး ပိတ်ဆို့ထားမှုကို အလွယ်တကူ ဖြိုခွဲပစ်လိုက်သည်။ ၎င်းက လွတ်မြောက်လာပြီးသည်နှင့် ပတ်၀န်းကျင်ရှိ ကြယ်စစ်သည်များဆီသို့ ပြေးသွားခဲ့သည်။
ဝုန်း!!!
ခွန်အားအကြွင်းမဲ့ ကွာဟမှုက ရုတ်ချည်း ထင်ရှားလာသည်။ သားရဲက ၎င်း၏ခြေလက်များကို မြှောက်ကာ ဝန်းရံနေသော လူအုပ်ကို ရိုက်ချပစ်ပြီး ၎င်းတို့အားလုံးကို မြို့ရိုးခြေရင်းသို့ ပြိုကျစေခဲ့သည်။
ဝုန်း!
လူတိုင်း မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွားကြသည်။
"တစ်ယောက်....နှစ်ယောက်...... သုံးယောက်.."
အသျှင်သည် လက်ညှိုးကို မြှောက်၍ ရောက်လာသူဦးရေကို ရေတွက်နေ၏။ ရက်စက်သော အပြုံးတစ်ခုက သူ့နှုတ်ခမ်းများကို ကောက်ကွေးသွားသည်။
"မင်းတို့အားလုံးက အစွမ်းထက်တဲ့ ဖြည့်စွက်စာတွေပဲ... ငါ့ကို ကျွေးမွေးဖို့ ဘယ်သူမှ မရှိလောက်တော့ဘူးဆိုပြီးတောင် စိတ်ပူနေတာ... မင်းတို့က အချိန်မီ ရောက်လာကြတာပဲ!"
သူသည် လက်ကို မြှောက်ကာ သွေးလမ်းကြောင်း၏ စွမ်းအားကို ဆွဲကိုင်လိုက်သည်။
ဗုန်း!
လူတိုင်းရဲ့မျက်နှာများ ဖြူဖျော့သွားပြီး သွေးများ ပွက်ပွက်ဆူကာ သူတို့ခန္ဓာကိုယ်ထဲမှ ရုန်းထွက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထိုအခိုက် အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်ကာ သားရဲနတ်အရှင်ထံသို့ တည့်တည့် ပြေးဝင်သွားခဲ့သည်။
ကျန်နေသေးတဲ့ အပူတွေက လေကို လှည့်ပတ်စေပြီး တခဏချင်းမှာပဲ တောင်တွေနဲ့ သစ်တောတွေ မီးတောက်လောင်သွားလေ၏။
"ဘာလဲ?"
သားရဲနတ်အရှင် ထိတ်လန့်စွာ ကောင်းကင်ကို မျှော်ကြည့်လိုက်တဲ့အခိုက် တောက်လောင်နေသော အဖြူရောင် အလင်းတန်းများက သူ့ကို မျက်စိကွယ်သွားလုနီးနီး ဖြစ်စေလေသည်။
"မဖြစ်နိုင်ဘူး..."
သူ့အသိစိတ်တွေ မှုန်ဝါးလာသည်။
"ငါမသေဘူး ငါဘယ်လိုလုပ်...."
ဗုန်း!
နေက အရာအားလုံးကို ဝါးမြိုပစ်လိုက်သည်။
အဖြူရောင် အလင်းတန်းများက လူတိုင်း၏ မျက်လုံးများကို လွှမ်းခြုံထားသည်။ လူအိုလီပင် အလင်းရောင်ကြောင့် ထိခိုက်မှုမဖြစ်စေရန် သူ့မျက်လုံးများကို ဖုံးအုပ်ထားပြီး အခြားသူများလည်း ထိုနည်းလည်းကောင်းပင်။
အပူချိန်ကျသွားမှ အားလုံး မျက်လုံး ဖွင့်ကြည့်လိုက်တော့ သားရဲနတ်အရှင်ရဲ့ နဖူးကို ဖောက်ထားတဲ့ ရွှေမြှားတစ်စင်းကို တွေ့လိုက်ရပြီး အနီးပတ်ဝန်းကျင်က အရာအားလုံးဟာ အရည်ပျော်သွားကြပြီ။
"သေပြီလား?!"
ထိတ်လန့်တကြား ဖြစ်နေတုန်းမှာ လူအိုလီ မြှားပျောက်တဲ့နေရာကို မော့ကြည့်လိုက်ပြီး မယုံကြည်နိုင်လောက်တဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။
သူ ဒီလိုပဲသေသွားတာလား?
သားရဲနတ်အရှင်ဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပေမယ့် လွယ်လွယ်နဲ့ မသတ်နိုင်တဲ့ အနေအထားပင်။
ဘယ်လိုလူက သူ့ကို မြှားတစ်စင်းနဲ့ ဘယ်လိုသတ်လိုက်တာလဲ!
"ဒီလောက် ပြင်းထန်တဲ့ နိယာမစွမ်းအင် အရှိန်အဟုန်... တန်ခိုးကြီးတဲ့ လက်နက်"
လင်မော့ဖုန်းလည်း ထိုစကားကို ကြားသောအခါ အနီးသို့ ချဉ်းကပ်ကာ သားရဲနတ်အရှင်၏ အလောင်းဘေးတွင် ငုတ်တုတ်ထိုင်ကာ ဒဏ်ရာများကို သေသေချာချာ စစ်ဆေးသည်။ ပိုစစ်ဆေးလေလေ တုန်လှုပ်လေလေ ဖြစ်သည်။
စိတ်ဝိညာဉ် တစ်ခုလုံး ပျက်စီးသွားချေပြီ။
ဒီလူရဲ့ တိုက်ခိုက်မှုက ဒီနတ်ဆိုးရဲ့ အခြေခံအုတ်မြစ်ကို တိုက်ရိုက် ချေမှုန်းပစ်လိုက်တာပင်။ ရှင်ပြန်ထမြောက်ဖို့ မပြောနှင့်။ ဖုန်မှုန့်တွေတောင် မကျန်တော့ချေ။
"ကြောက်စရာကောင်းတဲ့ မြှား! ဒီလူက ဘယ်သူလဲ"
ထိုစကားကိုကြားလျှင် ဦးစီးချုပ်လည်း အနီးနားရှိ စစ်သည်များအား လှည့်မေးလိုက်၏။
“သူ့ကို တွေ့လိုက်လား”
လူတိုင်းက ခေါင်းခါသည်။
"ကောင်းပြီ... ဒီလိုအရည်အချင်းရှိတဲ့လူ ပေါ်လာတာ ကျန်းဟိုင်အတွက် တကယ်ကို ကောင်းချီးတစ်ခုပဲ... မြို့ထဲမှာ ဒီလိုမျိုး သခင်တစ်ယောက် ရှိနေမယ်လို့တောင် မထင်ခဲ့မိဘူး!"
လူအိုလီကလည်း သူ့မုတ်ဆိတ်ဖြူကို ကိုင်လိုက်ပြီး ခေါင်းကို ယမ်းလိုက်လေသည်။
"အဓိပတိ နယ်ပယ်တစ်ခုကို မြှားတစ်စင်းတည်းနဲ့ ဖျက်ဆီးပစ်နိုင်ရင် အကြီးအကဲ ဓားနတ်ဘုရားရဲ့ တန်ခိုးထက် မနည်းလောက်ဘူး..."
စကားလုံးတွေကြောင့် တခြားသူတွေ ရုတ်တရတ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ မျက်နှာတွေ ညှိုးငယ်ကုန်ကြသည်။
"ဆရာ...."
လူအိုလီ၏ စကားများကို နားထောင်ရင်း လီကျစ်ရွှမ်း၏ မျက်လုံးများ မှိန်သွားခဲ့သည်။ သူမ လက်မောင်းကို ဖက်ရင်း မျက်နှာမှာ ဝမ်းနည်းမှု အသွင်အပြင် ပေါ်လာလေ၏။
"ဆရာ.... တကယ်သေပြီလား"
….
ဖုဟိုင်ဗီလာရပ်ဝန်း။
နံနက်အလင်းရောင်က လသာဆောင်ပေါ်မှာ ဖြာကျနေ၏။ ချင်းယန် မျက်လုံးတစ်ဖက်ကို မှိတ်ကာ နေပစ်လေးပေါ်က လက်ညှိုးထိုးကတော့ မြို့တံခါးဆီသို့ တိုက်ရိုက် ဦးတည်နေသည်။
"သေပြီ !!!!"
ဆဲလ်ဖုန်းကိုင်ထားသော ရှောင်ပိုင် စိတ်လှုပ်ရှားစွာ အိမ်ထဲမှ ပြေးထွက်လာပြီး ချင်းယန်လက်မောင်းကို ပွတ်သပ်လိုက်သည်။
"အဲဒီနတ်ဆိုးကို တကယ်သတ်လိုက်တာပဲ သခင်!"
"အင်း..."
ချင်းယန် နေပစ်လေးကို ပြန်ချလိုက်ပြီး ဖြည်းညှင်းစွာ အသက်ရှူထုတ်ရင်း သူ့နှလုံးကို ဖြေလျှော့လိုက်သည်။ နောက်ထပ် အန္တရာယ်တစ်ခုကို ရှောင်လွှဲနိုင်ခဲ့ပြီ။
ထိုစဥ် စနစ်ရဲ့အသံက ထပ်ပြီး ထွက်ပေါ်လာသည်။
"Hostကတော့ တကယ်ပဲ အမြင့်မြတ်ဆုံး ကျွမ်းကျင်ပညာရှင်ကို နှစ်ကြိမ် သတ်ခဲ့ပြန်ပြီ.... ကျူပင်ခုတ်ကျူငုတ်မကျန်ပဲ... hostက အရမ်း ရက်စက်လွန်းတယ်!!"
"ဂုဏ်ယူပါတယ် host... ဆုလာဘ်- နိယာမနှလုံး..."