ဓားနတ်ဘုရား သေသွားတော့ လေးနတ်ဘုရား ပေါ်လာတာလား
Vol. 14 Ch. 202
"နိယာမနှလုံးသား?"
စနစ်အသံကို နားထောင်ပြီး အဝေးမှ တက်လာသော မိုးသောက်ကို ငေးကြည့်နေသည့် ချင်းယန် သက်သာရာရသွားသည်။ စနစ်က နောက်ဆုံးတော့ ဆုချလာပြီ။
သားရဲဒီရေကို စောင့်ကြည့်နေရသဖြင့် လသာဆောင်မှာ တစ်ညလုံး လေအေးတွေ အတိုက်ခံခဲ့ရသည်။ ဒါပေမယ့် ဒါက အချည်းနှီးတော့ မဖြစ်သွားခဲ့။ ဤသားရဲနတ်အရှင်က အမှန်တကယ်ပင် မကြင်နာတတ်သူ ဖြစ်သည်။
တကယ်က သူ့ကို ဆုနှစ်ခု ဆက်တိုက်ပေးစေတဲ့အထိ အစွမ်းထက်သူပင်။
"ဒီနတ်ဆိုးက သွေးတစ်စက်နဲ့ ပြန်မွေးဖွားလာနိုင်မယ်လို့တောင် မမျှော်လင့်ထားဘူး..."
ချင်းယန် သူ့အခြေအနေကို တွေးတောရင်း နေပစ်လေးကို ပစ်လွှတ်လိုက်သည့် အချိန်ကို ပြန်တွေးကာ ရုတ်တရက် နောင်တများ တဟုန်ထိုး ခံစားလိုက်ရသည်။
"ဟူး.. သူအရမ်း အစွမ်းထက်တယ် ဆိုတာသာ ကြိုသိခဲ့ရင် သူ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူ့ကိုဖမ်းပြီး မြေအောက်ခန်းမှာ ချုပ်နှောင်ထားလိုက်မယ်... ထပ်ခါထပ်ခါ ညှဉ်းပန်းနှိပ်စက်မယ်.. အကြိမ်တစ်ထောင်သတ်မယ်... "
ဒါကိုတွေးပြီး ချင်းယန် သူ့အခန်းထဲကို ပြန်လှည့်သွားခဲ့သည်။
ခွေးစနစ် ပျောက်နေတာ ဘယ်လောက်ကြာပြီလဲ။ အခု ပြန်ပေါ်လာပြီဆိုတော့ အကျိုးကျေးဇူးတွေကို အမြင့်ဆုံးဖြစ်အောင် လုပ်ရမည်။
အဘိုးကြီးရဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာကို အခွင့်ကောင်းယူခဲ့မယ် ဆိုရင် သူ့ကို ထောင်ချပြီး ထပ်ခါထပ်ခါ ညှဉ်းပန်းနှိပ်စက်တာက အလွယ်လေး လုပ်လို့ရသည်။
အဲဒီအဘိုးကြီး လူတွေ သတ်ပစ်တာ များလွန်းတယ်!!!
"နှမြောစရာပဲ... နောက်ဆုံးတော့ ငါနဲ့ လာကစားမိသွားတယ်"
ချင်းယန် ခေါင်းကို အနည်းငယ် ခါယမ်းကာ ဆိုဖာပေါ်ပြန်ထိုင်ချလိုက်သည်။
"ငါက အရမ်းသန်မာလွန်းတယ် အဲဒီအဘိုးကြီးကို ချက်ချင်း သတ်ပစ်လိုက်ရတာလို့.... သူအားနည်းနေချိန်မှာ သူ့ကိုဖမ်းထားရင် ဆုတွေ ဆက်ရနိုင်သေးတာကို"
"ဒါမှမဟုတ် သူ့စိတ်ဝိညာဉ်ကို နှိပ်စက်ကြည့်ရင်ရော?... သားရဲနတ်အရှင်ရဲ့ အဖွဲ့သားတွေ အားလုံးမှာ ဒီအရည်အချင်း ရှိမယ်ထင်တယ်... နောက်တစ်ကြိမ် တွေ့ခဲ့ရင်တော့ သေချာပေါက် စနစ်တစ်ခုကို အသုံးချရမယ်"
သူ့ဘေးမှာ လျှောက်သွားနေတဲ့ ရှောင်ပိုင်က ဒါကိုကြားတော့ အံ့ဩသွားပြီး သူ့မျက်နှာမှာ မေးခွန်းတွေနဲ့ ပြည့်နှက်နေ၏။
"???"
"မလုံလောက်တဲ့ အသက်တွေ... ဘာကိုဆိုလိုတာလဲ"
အဲဒါက လူသားတွေကို ပြောတာလား။
သူ့ကို နှစ်ကြိမ်သတ်ရုံနဲ့ မလုံလောက်ဘူး၊ တတိယအကြိမ် ဒါမှမဟုတ် လေးကြိမ်မြောက် သတ်ပစ်တာ ထပ်ခါထပ်ခါ နှိပ်စက်မယ်၊ အဲ့ကျရင် သားရဲနတ်အရှင်က သေတာထက် ပိုဆိုးမှာ မဟုတ်ဘူးလား။
"သခင်က နတ်ဆိုးပဲ"
ရှောင်ပိုင် သူ့လက်ချောင်းထိပ်များကို ဆုပ်ကိုင်လိုက်ပြီး ကြောက်လန့်တကြား ခြေတစ်လှမ်းဆုတ်လိုက်သည်။
"ကျစ်... မင်းငါ့ကိုဘာလို့ ဒီလိုကြည့်နေတာလဲ"
ချင်းယန် ရှောင်ပိုင်၏ အကြည့်ကို သတိထားမိပြီး မီးဖိုချောင်ထဲသို့ တွန်းထုတ်လိုက်သည်။
"မြန်မြန်လုပ်... ထမင်းချက်လိုက် ပြီးရင် အလုပ်သွားရမယ်"
"အော...."
………..
မီးဖိုချောင်ထဲမှာ ဇွန်းတစ်ချောင်းမွှေနေတဲ့ အသံနဲ့အတူ လေထဲမှာ အခိုးအငွေ့တွေ ထွက်လာသည်။
"ဒီနေ့ သတ်ပြီးပြီ... ဆုလာဘ်တွေကို စစ်ဆေးကြည့်သင့်ပြီ"
ချင်းယန် တင်ပျဉ်ခွေထိုင်ကာ ဖုန်းထဲက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ အလုပ်မစမီ အချိန်များစွာ ကျန်နေသဖြင့် အနားယူဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့ဘယ်ဘက်လက်ကို လှန်လိုက်တဲ့အခါ သူ့လက်ထဲတွင် မီးတောက်လေးတစ်ခု ပေါ်လာသည်။
သူထုတ်လိုက်သည်နှင့် အခန်းတွင်းရှိ ဆောင်းဦးနှောင်းပိုင်း၏ အအေးဓာတ်က ရုတ်တရက် ပျောက်ကွယ်သွားကာ နေဝင်သွားသလိုမျိုး လေပြင်းများ တိုက်ခတ်လာသည်။
"နေပစ်လေး... အင်ပါယာအဆင့် နတ်လက်နက်"
ချင်းယန် သူ့လက်ချောင်းဖြင့် ပွတ်သပ်ပေးလိုက်သည်။ စနစ်ရဲ့ အချက်ပြချက်အရဆို နေပစ်လေးတွင် နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်ပြီး အာကာသ၏ နိယာမနှစ်ခုနှင့် မီးနိယာမတို့ကို လွှမ်းခြုံထားသည်။
သူ အခုလေးတင် ပစ်လိုက်တဲ့ ပထမဆုံး မြှားလေးဟာ မိုင်တစ်ထောင်ကျော်လောက်အထိ အစွမ်းထက်နေပြီး အဓိပတိနယ်ပယ်ကို သတ်နိုင်တဲ့ စွမ်းအားတွေကို ယူဆောင်လာခဲ့ပါ၏။
ထို့ပြင် ဒါက အစပဲရှိသေးသည်။
သူသည် သူ့နားလည်မှုကို နက်ရှိုင်းစွာ ဆက်လက်လုပ်ဆောင်ပြီး နေပစ်လေး၏ နက်နဲသော စွမ်းအင်များကို အပြည့်အဝ ဆုပ်ကိုင်ထားမည်ဆိုလျှင်။
"ထားပါတော့... နောက်မှ စဉ်းစားဖို့ အချိန်ထပ်ရှာလိုက်မယ်..."
ချင်းယန် အရမ်းကျေနပ်သွားပြီး နေပစ်လေးကို ဖယ်ပစ်လိုက်သည်။ သွားရမယ့်လမ်းက အရှည်ကြီး ရှိနေပါသေးသဖြင့် အခု အလျင်စလို လုပ်စရာ မလိုတော့တဲ့အတွက် ဆုတွေကို အရင်သိမ်းရမည်။
ဆောင်းရာသီရောက်နေပေမယ့် လေအေးပေးစက် သို့မဟုတ် အပူပေးစက်ကိုပင် ဖွင့်ထားရန် မလိုအပ်ပါ။ အခန်းသည် နွေဦးကဲ့သို့ နွေးထွေးသော လေပြည်များ ဝေ့ဝဲနေတာကို ခံစားရပေလိမ့်မည်။
“နောက်တစ်ခုကတော့ နိယာမနှလုံး ”
နိယာမနှလုံးက ရေသလင်းကျောက်လို ဖြစ်ကာ ၎င်းတွင် ချွန်ထက်သော အစွန်းများနှင့် ထောင့်များ ပါရှိပြီး ပစ္စည်းသည် ကြွေပြား သို့မဟုတ် သလင်းကျောက်နှင့် အနည်းငယ်တူသည်။
သွေးနီ၊ ခရမ်းရောင်လျှပ်စီး၊ စိမ်းမြသော အရောင်များ ရောစပ်နေရာ ရုတ်တရတ် ကြည့်မိပါက ၎င်းသည် မြစ်များ အားလုံးပါဝင်သော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင်။ ကမ္ဘာပေါ်ရှိ နိယာမစွမ်းအင် အားလုံး၏ အနှစ်သာရကို စုစည်းထားသလိုပင်။ ၎င်းအတွင်း၌ များပြားလှသော နိယာမများနှင့် ၎င်းတို့၏ ပုံစံအမျိုးမျိုးကို ထင်ရှားစေသည်။
၎င်း၏ အနှစ်သာရသည် မှန်လို ရှင်းလင်းပြီး နိယာမစွမ်းအင်ကို စုစည်းနိုင်စွမ်း ရှိသည်။ ဤအရာသည် အဓိပတိနယ်ပယ် ဖြတ်ကျော်ရန် ကြိုးပမ်းနေသူများအပေါ် အလွန်ထူးခြားသော အရန်အကျိုးသက်ရောက်မှု ရှိပါ၏။
"မဆိုးပါဘူး မဆိုးပါဘူး"
"အံ့သြစရာကောင်းတဲ့ ရတနာပဲ!"
ချင်းယန် ဆိုဖာပေါ်တွင် တစ်ဝက်လဲလျောင်းနေကာ သူ့လက်ချောင်းထိပ်များက နိယာမနှလုံးသားကို ကိုင်ထားကာ ၎င်း၏အတွင်း စိတ်ဝိညာဉ်စွမ်းအင်ကို ညင်သာစွာ လှုံ့ဆော်ပေးနေသည်။
နောက်အခိုက်အတန့်တွင် နိယာမစွမ်းအင်၏ တန်ခိုးများ ပျံ့နှံ့သွား၏။
"သခင်..."
နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာတဲ့အခါ ချင်းယန် အသံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။
ရှောင်ပိုင်က ရနံ့ကို ရှူရှိုက်ရင်း ခေါင်းကုတ်ကာ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။ ပန်းနုရောင်လျှာက ပါးစပ်ထောင့်ကို သပ်နေကာ သူ့အမြီးက အားတက်သရော လှုပ်နေသည်။ သူ့မျက်လုံးများက နိယာမနှလုံးသားကို စိုက်ကြည့်ရင်း လောဘကြီးစွာဖြင့် သွားရည်ကျနေ၏။
"သခင် ကျွန်မ မြည်းကြည့်လို့ရမလား"
"မရဘူး... ငါက သန်းတစ်ရာပဲ လိုချင်သွားလိမ့်မယ်!!!"
...
ကျန်းဟိုင်မြို့ဂိတ်။
ဗုန်း!
အမြောက်များဖြင့် ပစ်ခတ်ပြီးနောက် နောက်တစ်ကြိမ် တောက်လောင်နေသော လှိုင်းလုံးကြီးများက စစ်မြေပြင်ကို ဖြတ်ကျော်သွားကာ အောက်ဘက်ရှိ သားရဲဒီရေပေါ် မီးထိုးပြလိုက်သည်။
ဒေါသစိတ်မွှန်နေသော မြို့ကို ကာကွယ်သူ စစ်သည်များသည် ကြယ်သားရဲများ၏ အသက်ကို သက်သက်မဲ့ ခူးဆွတ်ပြီး တိုက်ပွဲတိုင်းတွင် ရဲရင့်မှု တိုးလာလေသည်။ သားရဲနတ်အရှင် ဦးမဆောင်တော့သဖြင့် ကြယ်သားရဲတို့၏ မျက်လုံးများတွင် ရောင်နီများ တဖြည်းဖြည်း မှိန်ဖျော့သွားကာ တောင်ပေါ်သို့ ပြန်ဆုတ်သွားခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း ရှုံးပွဲဖြစ်ရသည်။
"ပြီးခါနီးပြီ"
လင်မော့ဖုန်း သားရဲနတ်အရှင်၏ အလောင်းကို သယ်သွားခဲ့သည်။ အနှီအလောင်းကတောင် အဓိပတိနယ်ပယ် မူလရောင်ဝါကို ဆောင်ထားဆဲ။ လင်မော့ဖုန်းက ၎င်းကို မြို့ရိုးပေါ်မှ တိုက်ရိုက်ပစ်ချကာ အောက်ဖက်က ကြယ်သားရဲများကို ခြောက်လှန့်ပစ်မယ့် မြင်ကွင်းတစ်ခုအဖြစ် အသုံးပြုခဲ့သည်။
ခဏအကြာတွင် နောက်ထပ် ကြယ်သားရဲများသည် ယင်းကိုမြင်ပြီး ဝရုန်းသုန်းကား ထွက်ပြေးကုန်ကြတော့သည်။ လီတောက်မင်သည် လက်နှစ်ဖက် နောက်ပစ်လျက် မြို့ရိုးတွင် ရပ်ကာ အဝေးမှ မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်နေသည်။
"အခုတော့ သားရဲဒီရေ ကျသွားပြီ ကျန်းဟိုင်မြို့လည်း လွတ်သွားပြီ..."
"ဓားနတ်ဘုရားကတော့...."
လင်မော့ဖုန်းကလည်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ဒီကျန်းဟိုင်ရဲ့ ကာကွယ်ရေး ရပ်တည်ချက်ကြောင့် အသေအပျောက် လုံးဝနီးပါး မရှိပါဘူး... သူက ကျွန်တော်တို့ ကျန်းဟိုင်အတွက် ကျေးဇူးအများကြီး ချန်ထားခဲ့တယ်..."
လူတွေအများကြီး မြို့ရိုးပေါ်တွင် ရပ်ကာ စကားပြောနေကြသည်။ ထိုအခိုက် အသံရှည်ကြီးတစ်ခု ပဲ့တင်ထပ်လာသည်။
"ငါ သိပ်အသုံးမကျဘူး..."
"ငါက အညစ်အကြေးပဲ..."
လီကျစ်ရွှမ်း သွေးစွန်းနေသော အဖြူရောင် ၀တ်စုံကို ၀တ်ထားပြီး သူမ၏ အနက်ရောင် ဆံပင်ရှည်များက လေထဲတွင် လွင့်နေသည်။
သူမသည် ကောင်းကင်ကို မျှော်ကြည့်ကာ နှလုံးကြေကွဲဝမ်းနည်းမှုများ နက်ရှိုင်းလာရာ မျက်လုံးများက သွေးစွန်းလာလေသည်။
"အဲဒီ ယုတ်မာတဲ့ ဘီလူးတွေတောင် သူတို့ရဲ့ အလောင်းတွေကို ချန်ထားခဲ့တယ်... ဆရာ့ရဲ့ အကြွင်းအကျန်တွေကို ဘယ်မှာမှ ရှာမတွေ့တော့ဘူး..."
စစ်မြေပြင်ကို ဖြတ်ကျော်ပြီး သားရဲဒီရေကြားထဲမှာ ဆရာ့ရဲ့ရုပ်ကြွင်းကို ရှာဖွေခဲ့ပေမယ့် ဘာမှ မတွေ့ရချေ။
ကောင်းကင်ယံက ပေါက်ကွဲသံကြီး ပြင်းထန်စွာ တုန်လှုပ်သွားလေစဥ် အဓိပတိနယ်ပယ်က သခင်အနေဖြင့် မည်သည့်အကြွင်းအကျန်မျှ ကျန်ရှိတော့မည် မဟုတ်ပေ။ သူ့တစ်ကိုယ်လုံးလည်း ဖုန်မှုန့်တွေ ဖြစ်သွားလောက်ပြီ။
လီကျစ်ရွှမ်း အတွေးပျောက်နေသလို ငေးငိုင်နေစဥ် လက်တစ်ဖက်က သူမပုခုံးပေါ် ညင်သာစွာ ဆုပ်ကိုင်လာသည်။
"အရမ်းဝမ်းနည်းမနေပါနဲ့ ကျစ်ရွှမ်း...."
လီကျစ်ရွှမ်း တိတ်တဆိတ် ချဉ်းကပ်လာပြီး။
"တောက်ပတဲ့ဘက်က တွေးကြည့်လိုက်... ဆရာဘိုးဘိုးက မယုံနိုင်လောက်အောင်ကို ကျွမ်းကျင်ပါတယ် သူ ဒီသားရဲဒီရေထဲမှာ အသေခံဖို့ မလိုပါဘူး... ပြီးတော့ သူ့ကိုယ်သူ ပုံသွင်းနိုင်တဲ့ စွမ်းရည်ရှိသေးတယ် မဟုတ်ဘူးလား"
"ကိုယ်ပွားလား?"
လီကျစ်ရွှမ်း အသံတုန်တုန်ဖြင့် :"အစ်မချင်းဟဲ ဆရာက မကြာသေးခင်ကမှ အဓိပတိနယ်ပယ်ထဲ ဝင်ရောက်ခဲ့တဲ့အကြောင်း ဆရာတူအစ်ကိုလင်ဆီက သိရတယ်မလား... သူ့မှာ အဓိပတိနယ်ပယ်က ကိုယ်ပွား ဘယ်လိုလုပ် ရှိနိုင်မှာလဲ... ပြီးတော့ ကိုယ့်ကိုကိုယ် ဖျက်စီးဖို့ ဘယ်လိုလုပ် လုပ်နိုင်မှာလံ"
"ကိုယ့်ကိုကိုယ် ဖျက်စီးတာ..."
လီချင်းဟဲလည်း ထိုစကားကို ကြားပြီးနောက် စကားရပ်လိုက်သည်။ အဲဒီအစား သူ့ရင်ထဲမှာ မသေချာမရေရာတဲ့ ခံစားချက်တစ်ခု တိုးလာ၏။
ဓားနတ်ဘုရားက တကယ်ပဲ ကိုယ့်ကိုကိုယ် ဖျက်ဆီးခဲ့တာလား။
အကြီးအကဲရဲ့ အရင်စရိုက်အရဆို သူလုပ်လိုက်တဲ့ လှုပ်ရှားမှုတိုင်းဟာ အားစိုက်ထုတ်မှုအပြည့်နဲ့ ယုံကြည်မှု အပြည့်ရှိသည်။ သေချာတဲ့ အချိန်မှာပဲ သူက ရိုက်လိမ့်မည်။ အမြဲတမ်း ကြေကွဲဖွယ်ရာ သဘောထားကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ထားတဲ့ တိုက်ပွဲကို ဘယ်တော့မှ မတိုက်လောက်ချေ။
သူမ ချင်းယန်ကို ပေးခဲ့တဲ့ "ကောင်းကင်နဲ့မြေကြီး အသက်ရှည်ခြင်း" ဟာ အလားတူနည်းလမ်းတစ်ခု မဟုတ်ဘူးလား။
ဒါက သဲလွန်စ ဖြစ်နိုင်လား?!
လီချင်းဟဲ၏ အတွေးများသည် သဲလွန်စတစ်ခုကို ဆုပ်ကိုင်လိုက်သလိုပင် တဖြည်းဖြည်း ရှင်းလာသည်။ လှည့်ပတ်ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။
"ကျစ်ရွှမ်း ငါ့ဆရာ... နင့်ဆရာတူအစ်ကိုကို မနေ့ညက တွေ့ခဲ့သေးလား"
"ဆရာတူအစ်ကိုလား? သူ မလာဘူးထင်တယ်"
သူမ ပြောသည့်အတိုင်း မြို့ထဲသို့ပြန်လှည့်ကြည့်ကာ: "ဆရာက ဆရာတူအစ်ကိုကို မလိုက်လာဖို့ တင်းတင်းကျပ်ကျပ် အမိန့်ပေးထားတာ ဖြစ်ရမယ် မဟုတ်ရင် သူ့စရိုက်နဲ့သူဆို လာမှာပဲ..."
"ချင်းမျိုးရိုးက မလာဘူးလား"
ဒါကိုကြားတော့ လီချင်းဟဲရဲ့ နှလုံးသားက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
ယုတ္တိဗေဒအရ ပြောရလျှင် ဤကျန်းဟိုင် သားရဲဒီရေက အလွန်တုန်လှုပ်စရာ ကောင်းကာ ဆရာဘိုးဘိုးကိုပင် ထိတ်လန့်စေ၏။ အကြီးဆုံးအစ်ကိုကြီးဖြစ်တဲ့ ချင်းမျိုးရိုးက ဘယ်လိုမှ မတုံ့ပြန်ခဲ့။ အမိန့်ပေး ခံထားရရင်တောင် ဆရာ့ဒုက္ခကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်တာလဲ။
ပြီးတော့ ဓားနတ်ဘုရား တောင်ကြားမှာတုန်းကလည်း အလားတူပါပဲ။
သူသည် စာကြည့်တိုက်ထဲတွင် ငြိမ်သက်စွာ ထိုင်နေသော်လည်း လက်တွေ့တွင်မူ အခြေအနေကို အလုံးစုံ ဆုပ်ကိုင်ထားပြီး ထိတ်လန့်ခြင်း လုံးဝမရှိပေ။ သို့သော် သူမသည် လူရွှင်တော်တစ်ယောက်လို အလွန်စိတ်ပူပန်နေသော မိန်းမငယ်လေး ဖြစ်သွားခဲ့ရသည်။
"ပြဿနာရှိတယ်... ဒီမှာ ပြဿနာရှိနေတာ သေချာတယ်"
လီချင်းဟဲ စာကြည့်တိုက်ဆီသို့ လှမ်းကြည့်ရင်း မျက်ခုံးပင့်သွားသည်။
"ဒါကို ဆွေးနွေးဖို့ မနက်ဖြန် ချင်းမျိုးရိုးကို ရှာမှဖြစ်မယ်"
…
…
အချိန်ကုန်သွားကာ နောက်ဆုံး သားရဲလှိုင်းတွေလည်း ဆုတ်သွားသည်။ မြို့ကာကွယ်ရေး ဥဩသံက ကျန်းဟိုင်အနှံ့ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်သွားခဲ့သည်။ မရေမတွက်နိုင်သော နိုင်ငံသူနိုင်ငံသားများသည် မြို့ကိုကာကွယ်ရန် မြို့တံခါးများဆီသို့ စုပြုံရောက်ရှိလာကြပြီး မြို့ကို ကာကွယ်ပေးနေသည့် စစ်သားများကို ကြိုဆိုရင်း ပျော်ရွှင်မှု အငွေ့အသက်များ ပြည့်လျှံလာခဲ့သည်။
ဦးစီးချုပ်က မြို့ရိုးပေါ် တန်းစီပြီး လူစုလူဝေးကို ဦးဆောင်လာ၏။
"အဟမ်း အားလုံး တိတ်တိတ်ဆိတ်ဆိတ် နေကြပါ!"
သူက မြင့်မားတဲ့နံရံမှာရပ်ပြီး အောက်ဖက်က ပြည်သူတွေကို ငေးကြည့်နေလေသည်။
"ဒီသားရဲဒီရေက အရင်ရေစီးကြောင်းထက် အဆမတန် ပြင်းထန်နေပါတယ်... ကျွန်တော်တို့ရဲ့ အကူအညီအတွက် ရောက်လာတဲ့ စစ်သည်တိုင်းကို ကျေးဇူးတင်ပါတယ်။း"
"အခုလိုမျိုး သဘာဝဘေးဒဏ်ကို ရင်ဆိုင်ရတဲ့အခါကျုပ်တို့ အသေအပျောက်မရှိသလောက်ပါပဲ... ဒါက အကြီးအကဲ ဓားနတ်ဘုရားနဲ့ လေးနတ်ဘုရားတို့ရဲ့ ရက်ရက်ရောရော ကူညီပေးမှုတွေကြောင့်ပါပဲ"
"အခုတော့ သားရဲဒီရေ ကျသွားပေမယ့် သူတို့ရဲ့ ကြင်နာမှုကို ဘယ်တော့မှ မမေ့သင့်ဘူး ကျန်းဟိုင်မြို့ တစ်ခုလုံးက သူ့ရဲ့ အနစ်နာခံမှုကို မှတ်မိရလိမ့်မယ်!!!"
အသံက ကျန်းဟိုင်မှတဆင့် နိုင်ငံတစ်ဝှမ်း တုန်ခါသွားသည်။
ကောင်းကင်ယံ၌ မီးပုံးများ လွင့်ပျံလာသည်။
အိမ်ထောင်စုတိုင်းက အမှတ်တရ ကမ္ဗည်းပြားများ တပ်ဆင်ထားကြသည်။ လူတွေက ကျန်းဟိုင် ဓားနတ်ဘုရားကို သူတို့နည်းကိုယ့်ဟန်နဲ့ ဂုဏ်ပြုကြပြီး မြို့အနှံ့ ခမ်းနားတဲ့ မြင်ကွင်းကို ဖန်တီးခဲ့ကြပါ၏။
တစ်ချိန်တည်းမှာပင် ကျန်းဟိုင် သားရဲဒီရေ သတင်းကလည်း အင်တာနက်တွင် ရေပန်းစားနေသည့် ရှာဖွေမှုစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေပြီး နိုင်ငံတစ်ဝှမ်းတွင် အပြင်းအထန် ဆွေးနွေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။
"ကျန်းဟိုင်မှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြည့်နေတာပဲ!"
"ဓားနတ်ဘုရား သေသွားတော့ လေးနတ်ဘုရား ပေါ်လာတာလား"