← Chapters

သားရဲဂိုဏ်းက အရှင်ကျိုထျန်း

Vol. 14 Ch. 204

သားရဲဂိုဏ်းက အရှင်ကျိုထျန်း

Vol. 14 Ch. 204

"သားရဲနတ်အရှင် ကိုးကွယ်သူတွေကို သုတ်သင်မလို့လား"

ချင်းယန် သူ့ရင်ခွင်ထဲက လီကျစ်ရွှမ်းကို တစ်ချက်ကြည့်လိုက်ပြီး အကြမ်းဖျင်း နားလည်သွားသည်။ ဤမိုက်မဲသော မိန်းကလေး၏ ခေါင်းမာသော ဒေါသက အတော်လေး တောက်လောင်လာသည်။

လူအိုလီနဲ့ တခြားသူတွေက သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူမကို ပြန်ခေါ်လာဖို့ နည်းလမ်း မရှိတော့ချေ။ သို့သော် ချင်းယန် ပြန်စဉ်းစားပြီး ဒီခေါင်းမာမှုက သူမအတွက် မကောင်းတဲ့အရာ မဟုတ်မှန်း သဘောပေါက်သွားသည်။

ဓားသမားများက မွေးရာပါ ထက်မြက်သည်။ လီကျစ်ရွှမ်း၏ လက်ရှိ စိတ်ပိုင်းဖြတ်မှုသည် အမှန်တကယ်ပင် အသွားနှစ်ထပ် ဓားတစ်လက်ဖြစ်သည်။ ဤစိတ်ထားကြောင့် သူမ၏ ကျင့်ကြံမှုဟာ မကြာမီ အတားအဆီး ကင်းလွတ်တော့မည်။ သူမဟာ နယ်ပယ်ကို ရေသောက်သလို လွယ်ကူစွာ ခုန်ပျံကျော်လွှားသွား​တော့မည် ဖြစ်သည်။

အရှုပ်အထွေး မှန်သမျှကို ချက်ချင်း ဖြေရှင်းပေးလိမ့်မည်။

"ပြင်းထန်တဲ့ ဒေါသနဲ့ ကျင့်ကြံတာကို မြှင့်တင်တာကလည်း မဆိုးပါဘူး"

ဒီအတိုင်းဆိုလည်း လီကျစ်ရွှမ်းရဲ့ ကျင့်ကြံမှုက ပြဿနာလိမ့်ရှိမည် မဟုတ်ပေ။ သို့သော် စိုးရိမ်စရာ တစ်ခုကတော့ ရှိသည်။ ၎င်းသည် ကျင့်​ကြံ​နေစဉ်အတွင်း သူမ၏ စိတ်အခြေအနေကြောင့် ဖြစ်ပေါ်လာနိုင်သော ရှုပ်ထွေးမှုများပဲ ဖြစ်သည်။

"အကိုကြီး မင်းကို နားချနေလည်း အသုံးမဝင်မှန်း သိပါတယ်... ဒါပေမယ့်... ငါ မင်းကို သတိပေးဖို့ လိုနေသေးတယ်"

"အင်း... အစ်ကိုပြောပါ... ညီမ နားထောင်နေပါတယ်... အစ်ကို ညီမကို မတားသရွေ့"

"ငါ မင်းကို တားမှာ မဟုတ်ဘူး မင်းစိတ်တွေ ပြင်ထားပြီးတော့ မင်းရဲ့ ကျင့်​ကြံမှုကို တိုးတက်အောင် အားထုတ်ပါ... မင်း တတ်နိုင်သလောက် လုပ်ဖို့ မမေ့နဲ့နော်... နောက်ပြီး မင်း လေ့ကျင့်တဲ့အခါ အလျင်စလို မလုပ်မိအောင်လည်း သတိထား..."

ချင်းယန် အသံနက်ကြီးဖြင့် သတိပေးသည်။

"တစ်ခု ရှိသေးတယ် အမုန်းတရားတွေကြောင့် မကန်းသွားစေနဲ့... မင်းဖြေရှင်းဖို့ လိုတဲ့ပြသာနာတွေရှိရင် ငါ့ဆီ တိုက်ရိုက်လာပြော... နားလည်လား..."

"ဟုတ်... အစ်ကို စိတ်မပူနဲ့ ညီမရဲ့ ကန့်သတ်ချက်တွေကို သိပါတယ်... "

လီကျစ်ရွှမ်း ညင်သာစွာ ခေါင်းညိတ်ပြပြီးနောက် သူမ ချင်းယန်ရင်ခွင်ထဲတွင် ရှိနေသည်ကို သဘောပေါက်လိုက်သည်။ ဆံပင်တွေကို နားရွက်နောက် သပ်ယူလိုက်ရင်း မျက်နှာက အနည်းငယ်နီသွားသည် ။

"အခု ဆရာ ဆုံးပါးသွားတော့ သူ့ရဲ့ တပည့်နှစ်ယောက်ပဲ ကျန်တော့တယ်... အမျိုးအနွယ်ဆက် ဆက်က ညီမတို့အပေါ်မှာ မူတည်တယ်"

သူမ စကားပြောရင်း မျက်လုံးတွေ တုန်လာသည်။

"နောင်မှာ အစ်ကို့မှာပြဿနာရှိရင် ကျေးဇူးပြုပြီး ညီမကို ပြောပြပေးပါ...."

"စိတ်မပူပါနဲ့ သခင်က အဲဒီလိုလူမဟုတ်ဘူး!"

ရှောင်ပိုင်က ခြေတစ်လှမ်း လှမ်းပြီး ဆံပင်ဖြူဖြူ ကလေးမလေးအဖြစ်သို့ ပြန်ပြောင်းသွားသည်။ သူမ၏ ပျော့အိနေသော အမြီးကို လှန်လိုက်ရင်း။

“လူသားမိန်းကလေး... ပိုပြီး ပွင့်လင်းမြင်သာစမ်းပါ... ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီးပေါ်မှာ စိတ်နှစ်မနေပါနဲ့”

"အင်း..."

လီကျစ်ရွှမ်း ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ခါး​လောက်သာမြင့်တဲ့ ရှောင်ပိုင်ကိုကြည့်လိုက်စဥ် ရုတ်တရက် လက်လှမ်းပြီး ခေါင်းကို ပွတ်​ပေးချင်သလို ခံစားလိုက်ရ၏။ ချစ်စရာကောင်းတဲ့ ကလေးမလေးက သူမကို နှစ်သိမ့်ပေးရင်း ချစ်စရာကောင်းလေသည်။

သို့သော် သူမ ဘာမှမတတ်နိုင်ခင်။

"ဟေး ဟေး... နင်ငါ့ကို ထိချင်နေတာလား... ဒီနတ်သမီးနဲ့ ပတ်သက်ပြီး မသင့်တော်တဲ့ အတွေးတွေ မရှိလာစေနဲ့နော်"

ရှောင်ပိုင်က သူမ၏ဦးခေါင်းကို ဖွက်ထားကာ သူမ၏ ပျော့အိနေသော အမြီးကို ပွေ့ဖက်ရင်း ချင်းယန်နောက်သို့ ပြေးပုန်းလိုက်၏။

"သခင်ကပဲ ဒီနတ်သမီးရဲ့ ခန္ဓာကိုယ်ကို ထိလို့ရတာ!"

သူမ စကားပြောပြီးတာနဲ့ လီကျစ်ရွှမ်း၏ နားများ ချက်ချင်းပင် နီရဲသွားသည်။ သူမလက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး။

"ငါ..ငါ... အဲ့လိုမဟုတ်ဘူး..."

"ဟမ့်! နင်က မိန်းကလေး ဖြစ်နေတာတောင် ဒီနတ်သမီးရဲ့ ခန္ဓာကိုယ်ကို မက်မော​နေတာ နင်က ဘယ်လိုလူ.."

သူမ စကားမဆုံးခင် လျှပ်တစ်ပြက်အတွင်း ရိုက်သံတစ်ချက် ရောက်လာသည်။ ရှောင်ပိုင်၏ တင်ပါးများသည် ချက်ချင်းပင် နီရဲလာလေ၏။

"ကျစ်! ဒီညစ်ပတ်တဲ့လှည့်ကွက်တွေ ဘယ်ကသင်လာတာလဲ"

ချင်းယန် သူ့လက်ကို ရုတ်လိုက်ပြီး လီကျစ်ရွှမ်းကိုလည်း တောင်းပန်လိုက်သည်။

"ရှောင်ပိုင် သူ့ဖုန်းနဲ့ အင်တာနက်ကို တစ်နေကုန် သုံးနေတာ.. အဲဒီအကျင့်ဆိုးတွေကို သင်ယူခဲ့ပုံပဲ"

"ဟင့်အင်း ငါမလုပ်ဘူး..."

ရှောင်ပိုင် စိတ်ပျက်လက်ပျက်နဲ့ :"နည်းနည်းလေးပဲ သင်ယူခဲ့တာပါ...."

"ကောင်းပြီ အိမ်ထဲဝင်ပြီး ထမင်းချက်ရအောင်.... ဆရာတူညီမလေး ခြံထဲကို အရင်ဝင်ပါဦး"

ချင်းယန် လီကျစ်ရွှမ်း နဲ့အတူ ခြံဝင်းထဲကို လျှောက်သွားလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါလေ့ကျင့်ခဲ့ပြီးပြီ... ဓားသွားလမ်းနဲ့ ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှုအသစ်တွေ ရခဲ့တယ် မင်းရဲ့ ကောင်းကင်​ဖြတ်ဓားအတွက် အထောက်အကူဖြစ်လောက်မယ့် ဓားသိုင်းတစ်ခု သင်ပေးချင်တယ်...."

"အသိအမြင်အသစ်လား?"

လီကျစ်ရွှမ်းရဲ့ မျက်လုံးများက ထို​အတွေးကြောင့် လင်းလက်သွားခဲ့သည်။ ရက်အနည်းငယ်လေးနဲ့ ဆရာတူအစ်ကိုက အသိအမြင်သစ်တွေ ရရှိသွားပြီ။ ဓားသွားလမ်းအတွက် သူ့အရည်အချင်းကို သူမ အမြဲတမ်း အသိအမှတ်ပြုပါ၏။ အသက်အရွယ်မှာတင် သူက ဂိုဏ်းဆရာနယ်ပယ်ရဲ့ အထက်မှာရှိနေပြီဖြစ်လို့ သူမ သူ့နောက်ကို မလိုက်နိုင်တော့ပါဘူး။

လီကျစ်ရွှမ်း ချင်းယန်ရဲ့ လှုပ်ရှားမှုတွေကို မျှော်ကိုးပြီး ခေါင်းညိတ်ပြလိုက်သည်။

"အစ်ကို ပြောနေတာက ဘာအသိ​မြင်​သစ်လဲ?"

"အဲဒါက အကြံလေး နည်းနည်းပါးပါးပါ... ငါ စာကြည့်တိုက်မှာ လေ့ကျင့်ရင်း တွေးမိသွားတာ"

ချင်းယန်က ဝင်းအလယ်ဗဟိုသို့ လျှောက်သွားကာ ကြွေကျနေသော မက်မွန်ကိုင်းတစ်ကိုင်းကို ကောက်ယူ၍ လီကျစ်ရွှမ်းဘက်ကို လှည့်ကြည့်လိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါသင်ပေးခဲ့တဲ့ ဓားဆွဲနည်းက ဘယ်လို​နေလဲ... "

"ဟမ်...တော်တော် အဆင်ပြေသွားပါပြီ ညီမ ဂိုဏ်းကနေ ငါသင်ယူခဲ့တာတွေကို လုံ့လစိုက်ထုတ်ပြီး လေ့ကျင့်ပါတယ် ဆရာတူအစ်ကို စိတ်ချပါ"

"မဆိုးပါဘူး"

ချင်းယန် မက်မွန်ကိုင်းကို လှုပ်ခါလိုက်သည်။

"ညီမလေး... မင်း...ကောင်းကင်တံခါးဖွင့်နဲ့ ကောင်းကင်ဖြတ်ဓားကို ပေါင်းလိုက်ရင် ဘာဖြစ်သွားမလဲ စဉ်းစားဖူးလား"

"?"

"အစ်ကိုဆိုလိုတာက... ကျင့်စဥ် ပေါင်းစပ်မှုလား?!"

လီကျစ်ရွှမ်း အံ့အားသင့်သွားပြီး အနည်းငယ် မယုံနိုင်သလိုလည်း ဖြစ်သွားခဲ့သည်။

"အစ်ကို... ဒါကိုလေ့လာနေတာလား။"

ပထမဦးစွာ ကျင့်စဥ်တွေကို ပေါင်းစပ်ဖို့ ဘယ်လောက်ခက်ခဲလဲ သိထားရမည်။ အတွေ့အကြုံနှင့် အရည်အချင်း နှစ်မျိုးလုံးက မရှိမဖြစ် လိုအပ်ပါသည်။ သတိမထားမိပါက ကျင့်စဥ် နှစ်ခုသည် တိုက်မိသွားမည်ဖြစ်ပြီး နောက်ပြန်မဆုတ်နိုင်သော အကျိုးဆက်များ ဖြစ်လာနိုင်သည်။

လီကျစ်ရွှမ်း အနည်းငယ် သံသယဝင်သွားသည်။

"အရမ်းအန္တရာယ်များတယ်မဟုတ်လား?"

"ရပါတယ်! ဆရာတူအစ်ကို ပြောတာကိုတောင် စိတ်ပူနေသေးတာလား"

ချင်းယန် ပြုံးပြီး မက်မွန်ပွင့်အခက်ကို ပေးလိုက်သည်။

"ပြီးခဲ့တဲ့ တစ်​ခေါက်လိုပဲ... ငါ့ဆီ လာခဲ့... သေချာ သင်ကြားတာက အမြဲတမ်း ပိုထိရောက်တယ်..."

"ကောင်းပြီ..."

ဒါကိုကြားတော့ ချင်းယန် အနားကို နာခံစွာ လျှောက်သွားပြီး မက်မွန်ပွင့်ကိုင်းကို ယူလိုက်သည်။ သူမနှလုံးသားက တဆတ်ဆတ် ခုန်လာကာ နားရွက်တွေ နီရဲလာ၏။

"စိတ်မလွတ်စေနဲ့.."

ချင်းယန် သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ပြီးခဲ့တဲ့ အချိန်ကလိုပဲ... ကြယ်စွမ်းအင်ရဲ့ ဦးတည်ရာကို ခံစားကြည့်..."

"ကောင်းပြီ..."

လီကျစ်ရွှမ်း ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ရုတ်တရက်!

ပြင်းထန်သော ကြယ်စွမ်းအားများ တဟုန်ထိုး တက်လာပြီး သူမလက်မောင်းများကို တွန်းထုတ်ကာ ပြင်းထန်သော စွမ်းအားကို လွှတ်ထုတ်လိုက်​တော့သည်။

ချွင်း!

မက်မွန်ပွင့် အကိုင်းအခက်သည် ပြင်းထန်သောဓားဖြင့် ပေါက်ထွက်ကာ ထပ်နေသောအရိပ်များ အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ကောင်းကင်က တိမ်ပင်လယ်များကို ဖြိုခွင်းပစ်ခဲ့သည်။

ဓားရေစီးကြောင်း နှစ်သွယ်သည် တစ်ခဏအတွင်း အကြိမ်တစ်ရာ ဖြတ်သန်းသွားသလိုပင်။

သူမ ဖြည်းညှင်းစွာ အသက် ရှူရှိုက်လိုက်သည်။ ယခင်လုပ်ရပ်ကို ပြန်သတိရလာသောအခါတွင် သူမခန္ဓာကိုယ်အတွင်းက ပြင်းထန်သော ကြယ်စွမ်းအားများ စီးဆင်းသွားသည်ကိုပါ ခံစားလိုက်ရ၏။ သူမလက်တွေ ခြေတွေကပါ အနည်းငယ် တုန်လှုပ်လာခဲ့သည်။

စက္ကန့်အနည်းငယ် အတွင်းမှာပဲ ကောင်းကင်ဖြတ်ဓားက စွမ်းအားအပြည့် ထွက်လာခဲ့သည်။ ကြယ်စွမ်းအင် အရှိန်အဟုန် ပြင်းလာတာက ဆရာတူအစ်ကိုရဲ့အမှား မဟုတ်ဘဲ သူမကိုယ်တိုင် ခံနိုင်ရည် မရှိခဲ့တာကြောင့်ပါပဲ။

လီကျစ်ရွှမ်းသည် ယခင်သားရဲရေ လှိုင်းအတွင်း သူမ ကြုံတွေ့ခဲ့ရသော ဧကရာဇ်အဆင့် သားရဲကို ပြန်တွေးကာ မှိန်းနေခဲ့သည်။

"အဲဒီတုန်းက ငါ့မှာသာ ဒီအရည်အချင်းရှိခဲ့ရင်၊ ဧကရာဇ်အဆင့် သားရဲလည်း ဒဏ်ရာ​ပြင်းပြင်းထန်ထန် ရလိမ့်မယ်"

"ဘာဖြစ်နေတာလဲ ညီမလေး..."

ချင်းယန် သူမရဲ့အမူအရာကို မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်။

"ဒါက ပေါင်းစပ်မှုရဲ့ ကနဦးအဆင့်ပဲ ရှိသေးတာ မပြီးသေးဘူး... မင်း ဒီလောက်ထိ ပြင်းပြင်းထန်ထန် မတုံ့ပြန်သင့်ဘူးမလား။"

"မဟုတ်ဘူး...အဆင်ပြေပါတယ်"

လီကျစ်ရွှမ်း မြင်ကွင်းကို ယခုပင် ပြန်သတိရလာသဖြင့် နားရွက်မှ ဆံပင်များကို သပ်တင်လိုက်သည်။ ယခု သူမ၏ တာအိုနှလုံးသား ပြိုလဲသွားသလိုတောင် ခံစား​နေရသည်။

သူမသည် ဓားကျင့်စဥ်များကို ကျွမ်းကျင်ရန် အလွန်ကြိုးစားခဲ့ရသည်။ အစ်ကိုဖြစ်သူ၏ အမြင်တွင် ၎င်းသည် ရိုးရှင်းလွယ်ကူသော ကျွမ်းကျင်မှုတစ်ခုသာ ဖြစ်နိုင်ပေမယ့် သူမအတွက်က အဆုံးစွန်အခြေခံ တိုက်ခိုက်မှုဖြစ်နေပြီ။

"ဟေ့ နင်တို့နှစ်ယောက် ညစာကြဦးမှာလား!"

ခါးစည်းဝတ်ထားသော ရှောင်ပိုင် လသာဆောင်တွင် ရပ်နေ၏။

"မြန်မြန်လုပ် စားစရာတွေ အေးတော့မယ်!"

"ဒီမှာ ခဏရပ်ရအောင်..."

ချင်းယန် မက်မွန်ကိုင်းကို ​ပြန်ယူကာ မြေပေါ်သို့ ပေါ့ပေါ့ဆဆ ပစ်ချလိုက်သည်။

"အင်း..."

လီကျစ်ရွှမ်း ခေါင်းတညိတ်ညိတ်နဲ့ ချင်းယန် သူမကို သင်ပေးခဲ့တာတွေကို ပြန်မြင်ယောင်လာပါ၏။ နာရီလက်တံရုပ်လေးလိုပင် သူမသည် အိမ်ထဲသို့ ဖြည်းညှင်းစွာ ပြန်ဝင်လာခဲ့သည်။

"ဒီကောင်မလေးက အရမ်းအံ့သြနေတာလား... ရူးနေတာလား"

ချင်းယန် သူမကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သို့သော် ဒီအဖြစ်အပျက်ပြီးနောက် သူမ ကြီးပြင်းဖို့ အချိန်တန်ပါပြီ။

...

...

မိုင်ထောင်ချီဝေးသော ကျယ်ပြန့်သော မြက်ခင်းပြင်များ၊ ကျယ်ပြောလှသော လွင်ပြင်ကျယ်ကြီးထဲ လေတိုက်ခတ်လာသော လေပြင်းများဠ မြက်ပင်များ၊ ကျွဲနွားများ၏ စားကျက်များ၊ အဆက်မပြတ် တန်းစီနေသော နှင်းဖုံးလွှမ်းနေသော တောင်တန်းများက ထူထပ်စွာ ပြန့်ကျဲလျက် ရှိသည်။ သားရဲနတ်အရှင်၏ ပင်မခန်းမအတွင်း၌ အေးစိမ့်သော လေထုက တသွေမတိမ်း တိုက်ခတ်နေသည်။

"အရှင်ကျိုထျန်း... ကြောက်စရာကောင်းတဲ့ တစ်ခုခု ဖြစ်သွားပြီ!"

မှောင်မိုက်သော ရုပ်သဏ္ဌာန်တစ်ခု ခန်းမထဲသို့ ပျံသန်းသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်တုန်ယင်ယင် အသံဖြင့် ဆိုလိုက်သည်။

"မြေအဓိပတိ ကျူးချွဲ့ ကျရှုံးသွားပါပြီ!"

"ဘာ?"

ခန်းမဆောင်အထက်တွင် မရေမတွက်နိုင်သော ကြယ်သားရဲများ၏ အုံ့ဆိုင်းနေသော အရိပ်များထဲမှ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော ရုပ်သဏ္ဌာန်တစ်ခုက အံ့သြစွာ ဆိုလာသည်။

"ကျူးချွဲ့က ကျန်းဟိုင်ကို သွားတာမဟုတ်ဘူးလား.. သူ ဘယ်လိုလုပ် ကျရှုံးသွားတာလဲ.. အဓိပတိနယ်ပယ်က တစ်ယောက်ယောက် လှုပ်ရှားလိုက်တာလား"

"ကျန်းဟိုင်ဓားနတ်ဘုရားကရော ဘယ်လိုလဲ"

"သေပြီ..."

အရိပ်မည်းကြီးက တုန်လှုပ်သွားစွာဖြင့်။

"အဲဒီတုန်းက အရှင်ကျူးချွဲ့က ကျန်းဟိုင် ဓားနတ်ဘုရားကို ရက်ရက်စက်စက် တိုက်ခိုက်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တာ... ခေါင်းတောင် မထောင်နိုင်တော့ပါဘူး... ကျန်းဟိုင် ဓားနတ်ဘုရားက တကယ်ပဲ အဓိပတိနယ်ပယ်ထဲကို ဝင်လာခဲ့ပါပြီ!"

ထိုအခါ အရှင်ကျိုထျန်းက လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။

"ဟမ် ဒါဆို ကျူးချွဲ့က ဘယ်လိုလုပ်သေသွားတာလဲ သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အသစ်တက်လာတဲ့ အဓိပတိကို ချေမှုန်းဖို့က အလွယ်လေး အဟုတ်ဘူးလား"

"... အရှင်ဘုရား အဲဒီဓားနတ်ဘုရားက စက်ဆုပ်စရာ ကောင်းလှပါတယ်... သူ့ကို အနိုင်မယူနိုင်တာကို မြင်လိုက်ရတော့ သူ့ကိုယ်သူ ဖျက်ဆီးဖို့ ရွေးချယ်သွားခဲ့တာပါ... အဲဒီတုန်းက ကျန်းဟိုင်မြို့ နောက်ကွယ်မှာ နေခဲ့တဲ့ အရပ်သားတွေရဲ့ အဆိုအရဆို အဲဒီညက အရုဏ်တက်ချိန်လိုပဲ ကောင်းကင်က ဖြူဖွေးတောက်ပသွားတယ်... ဓားနတ်ဘုရား အပိုင်းပိုင်း ပြတ်တောက်သွားဖွယ် ရှိပြီး ပြာပုံအစအနတောင် မကျန်ခဲ့ဘူးတဲ့"

"သူတကယ်ပဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာလား... ဒီဓားနတ်ဘုရားက တကယ့် အရူးပဲ... သူ့မှာ ဒုတိယ လူဝင်စားနိုင်တဲ့ လုံလောက်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားတယ်မလား..."

"အရှင်... မြေအဓိပတိ ကွယ်လွန်သွားတာက အဲဒါကြောင့် မဟုတ်ပါဘူး... အဲဒါက ဓားနတ်ဘုရားနဲ့ သက်ဆိုင်ပေမယ့် နောက်မှ လူတစ်ယောက်က ထပ်လှုပ်ရှားခဲ့တာပါ! အဲဒီနေ့ညက စုံစမ်းလိုက်တော့ အရှေ့အရပ်က​နေ ရွှေမြှားတစ်စင်း ပျံသန်းလာပြီး မြေအဓိပတိရဲ့ အသိစိတ်ကို တိုက်ရိုက် ချေမှုန်းပစ်လိုက်တာပါတဲ့!"

"ရွှေမြှား?"

အရှင်ကျိုထျန်းရဲ့ လေသံက တိမ်မည်းအတွင်းမှ ရုတ်တရက် အေးစက်လာသည်။

"မြှားတစ်စင်းတည်းနဲ့ အဓိပတိနယ်ပယ်ကို သတ်နိုင်သူ အနည်းစုကပဲ မြားပစ်စွမ်းရည်ကို ပိုင်ဆိုင်ထားတာ.... အဓိပတိမဟာမိတ်က မြှားနတ်ဘုရား လျိုဝူရွှမ်း တစ်ယောက်ပဲ ရှိတယ်... အဓိပတိမဟာမိတ်က သွေးဝိညာဉ်စာချုပ်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီးပြီ... ငါတို့ သားရဲနတ်အရှင်တွေမှာ တစ်ယောက်မှ မကျန်တော့ဘူးလို့များ ထင်နေတာလား"

"အရှင် ဘာကိုဆိုလိုတာလဲ"

"အဓိပတိမဟာမိတ်ကို စာပို့လိုက်..."

အရှင်ကျိုထျန်း၏ ဒေါသတကြီး ဟောက်သံက မိုးခြိမ်းသံကြီးလို ခန်းမထဲ လှုပ်ခါသွားခဲ့သည်။

"အဓိပတိမဟာမိတ်က ဒီကိစ္စအတွက် ဖြေရှင်းချက် ပေးရမယ်! မဟုတ်ရင် ငါတို့ရဲ့ သားရဲနတ်အရှင် အယူဝါဒကို အပြစ်မတင်နဲ့!!"

……..

နောက်နေ့တစ်ဝက်။

အင်ပါယာမြို့တော်။

ခွန်လွန်တောင်များ။

စိမ်းလန်းသော တောင်ကုန်းများသည် မိုင်ထောင်ပေါင်းများစွာ ရှည်လျားကာ တောင်လေညင်းများက တိမ်များနှင့် မြူခိုးများ လွင့်စင်သွားစေလေသည်။ ကြိုးကြာငှက်များ ပျံသန်းသွားကာ ကြီးမားကျယ်ပြန့်သော အကာအရံများဖြင့် တောင်များကြားတွင် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ရပ်တည်နေသည်။

ဒီအချိန်မှာတော့ နန်းတွင်းထဲသို့ အရိပ်တစ်ခု ဝင်လာ၏။

"အရှင်မဟာမိတ်ခေါင်းဆောင်.... သားရဲနတ်အရှင် ဂိုဏ်းထဲက တစ်ယောက် အခုပဲရောက်လာပါတယ်"

All Chapters