← Chapters

သခင် ခဏလောက် ပေးနမ်းပါဦး

Vol. 14 Ch. 205

သခင် ခဏလောက် ပေးနမ်းပါဦး

Vol. 14 Ch. 205

"ဘာဖြစ်တာလဲ?"

နန်းတော်အတွင်းတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရှေးခေတ်ကြယ်မြေပုံ တစ်ခုရှေ့တွင် မှင်စုတ်တံကိုကိုင်ကာ ရပ်နေ၏။ သူ့အမူအရာတိုင်းက ကြီးမားကျယ်ပြန့်သော ကြယ်ပင်လယ်ကြီးကို စွဲဆောင်သွားစေသည်။

"မဟာမိတ်ခေါင်းဆောင်... ဒါက လက်ရှိ သားရဲဒီရေရဲ့ အကျဉ်းချုပ်ပါ"

တမန်​တော်​က မြေ​ပေါ်၌ ဒူး​ထောက်​လျက်​ရှိ​၏။

"အခုပဲ၊ သားရဲနတ်ဘုရားကို ကိုးကွယ်တဲ့ ကောလာဟလ သတင်းတွေအရ ကျန်းဟိုင် ဓားနတ်ဘုရားက အဓိပတိနယ်ပယ် အနေနဲ့ ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ခဲ့တာပါ..."

"အဓိပတိက ပုဂ္ဂိုလ်ရေးအရ စွက်ဖက်လိုက်တာလား"

မဟာမိတ်ခေါင်းဆောင်သည် ပန်းချီဆွဲခြင်းကို ခေတ္တရပ်လိုက်ပြီး လှည့်မေးလိုက်၏။

"သွေးဝိညာဉ်စာချုပ်ကို ချိုးဖျက်လို့ မရဘူး ဒီကျန်းဟိုင် ဓားနတ်ဘုရားက ဘယ်သူလဲ သူက စည်းမျဉ်းတွေကို ဘယ်လိုလုပ် ချိုးဖျက်ရဲတာလဲ"

တမန်က တိုးတိုးလေး ပြောသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ကျနော့်ရဲ့ လက်အောက်ငယ်သားတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ အရဆို ဒီကျန်းဟိုင် ဓားနတ်ဘုရားက နောက်ခံတွေ ဂိုဏ်းခွဲ​တွေမရှိဘဲ အသစ်တက်လာတဲ့ အဓိပတိနယ်ပယ်ပါ... သူ့ရဲ့နောက်ကြောင်းက အရမ်း လျှို့ဝှက်ဆန်းကြယ်တာ ထင်ရှားပါတယ်"

"အရင်က သူ အကြိမ်ရေနည်းနည်း ပေါ်ထွက်ခဲ့ပြီး ကျန်းဟိုင်မြို့ဆီကို ဓားစွမ်းအင်တွေ ယူဆောင်လာတယ်.. ကျူးကျော် ခြိမ်းခြောက်မှု မြောက်မြားစွာကို သတ်ပစ်ခဲ့ပါတယ်... သူ ဒီရေကို လှည့်စားပြီး မြို့တစ်ခုလုံးကို ကယ်တင်ခဲ့တယ်"

"အိုး.. ဒီလောက်တောင်လား"

ဒါကိုကြားတော့ မဟာမိတ်ခေါင်းဆောင်က မျက်ခုံးပင့်ကာ အနည်းငယ် အံ့သြသွားသည်။

"အဲဒါဆိုရင် မဟာမိတ်ထဲကို ဘာလို့ မဖိတ်ခေါ်ခဲ့တာလဲ"

"ဒါက...."

ဤစကားကို ကြားသောအခါ သံတမန်လည်း စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားခဲ့သည်။

"မဟာမိတ်ခေါင်းဆောင်... ဒီလိုပါ.. အဲဒီကျန်းဟိုင် ဓားနတ်ဘုရားရဲ့ လှုပ်ရှားမှုတွေက အပြောင်းအလဲမြန်ပြီး ရှာရခက်ပါတယ်... ပြီးတော့ သူအစက အဓိပတိနယ်ပယ် မရောက်သေးပါဘူး သူထွက်လာရင် စေ့စပ်ညှိနှိုင်းဖို့ ဆိုပြီး စောင့်နေတဲ့ လူတွေက သူ့ကို ခဏလောက် စောင့်ကြည့်နေခဲ့ကြပေမယ့်... ခြေတစ်လှမ်း နောက်ကျနေသေးတယ်"

"ခြေတစ်လှမ်း နောက်ကျသွားတာလား"

မဟာမိတ်ခေါင်းဆောင် ခဏ တိတ်ဆိတ်နေပြီး ကြယ်များသည် ပျော်ရွှင်စွာ ကခုန်နေသကဲ့သို့ သူ့မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။

"ဆက်ပြော..."

"ဟုတ်ကဲ့... ကျနော်တို့သားရဲဒီရေရဲ့ အရှေ့မှာ အပြေးအလွှား ပြေးနေကြရင်းနဲ့ ဓားနတ်ဘုရား လှုပ်ရှားဖို့ကို စောင့်နေကြတာပဲ... အဲဒီအချိန်မှာပဲ သားရဲနတ်ဘုရားကိုးကွယ်တဲ့ အဖွဲ့က ရုတ်တရက် ပေါ်လာပြီး ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်သွားခဲ့တယ်... အဓိပတိ နှစ်​ယောက် ကောင်းကင်မှာ ထိပ်တိုက်တွေ့ကြတယ်... သူတို့စွမ်းအားက ကြီးမားလွန်းတော့ အောက်ဖက်က သားရဲဒီရေကို ထိခိုက်သွားစေတယ်"

သံတမန်က ခေါင်းယမ်းပြီး :"ဒါပေမယ့် ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ အစွမ်းထက်လွန်းတယ်... ကျနော်တို့ ရောက်တော့ သူရဲ့ ကြယ်စွမ်းအင်နဲ့ သူ့ကိုယ်သူ ဖျက်စီးပစ်ဖို့ အတင်းအကြပ် ဖိအားပေးခံခဲ့ရပြီး သားရဲနတ်ဘုရား ကိုးကွယ်တဲ့ အဓိပတိ သားရဲနတ်အရှင်ကိုပါ ဆွဲခေါ်သွားပါတယ်... အဲဒါကြောင့် နှစ်ယောက်လုံး လုံးဝ ပျက်စီးသွားခဲ့ပါတယ်"

"တကယ်တော့ သူ့ကိုယ်သူ ဖျက်ဆီးလိုက်တာပဲ..."

ဒါကိုကြားတော့ မဟာမိတ်ခေါင်းဆောင်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်လေသည်။

"မြို့သားတွေအတွက် သူ့ကိုယ်သူ စတေးဖို့ တကယ့်ကို စိတ်ပိုင်းဖြတ်ထားသူတစ်ယောက် ဖြစ်နေတာပဲ...."

တစ်ချိန်တည်းမှာပင် သူသည် အနည်းငယ်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ထို​သူသည် သားရဲနတ်ဘုရား ကိုးကွယ်သည့် အယူဝါဒကို ခံယူမည့်အစား မိမိကိုယ်ကို ဖျက်ဆီးကာ လူများထံ ငြိမ်းချမ်းရေး ယူဆောင်လာရန် သူ့အသက်ကို စွန့်စားခဲ့သည်။

အဓိပတိ နယ်ပယ်ကို ရောက်ဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ ။

ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ အခွင့်အလမ်းတို့ကို ပြုစုပျိုးထောင်ခြင်း။ ထိုအရာများထဲမှ တစ်ခုမျှမရှိဘဲ ဤအခြေအနေသို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။

ခေါင်းဆောင်သည် လကို ဖက်တွယ်ကာ နေကို မျိုချနိုင်သော်လည်း ခေါင်းဆောင်ကဲ့သို့ ပေါ့ပေါ့ဆဆ အပြုအမူကိုပင် မဖယ်ရှားနိုင်ခဲ့ပေ။

"ထားပါတော့! သူသွားပြီဆိုတော့ သားရဲနတ်ဘုရား ကိုးကွယ်တဲ့လူ​တွေက ငါတို့ဆီ ဘာလို့ ထပ်ရောက်လာတာလဲ။"

မဟာမိတ်ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ သူ့လေသံ အနည်းငယ် မကျေမနပ် ဖြစ်နေသည်။

"အခု သူတို့ရဲ့ ဒေါသတွေပြေသွားပြီ... အဲဒါက ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူးလေ... သက်ရှိကမ္ဘာက ဓားနတ်ဘုရားတစ်ဆူကို ဆုံးရှုံးခဲ့ပြီးပြီ... သူတို့ကလည်း မြေအဓိပတိကို ဆုံးရှုံးသွားခဲ့တယ် မေးစရာရှိသေးလို့လား..."

"မဟာမိတ်ခေါင်းဆောင် အဲဒါက မြေအဓိပတိ အရှင်ကျူးချွဲ့ကြောင့်ပါပဲ...ဓားနတ်ဘုရားက ကိုယ့်ကိုကိုယ် ဖျက်စီးခဲ့ပေမယ့် မြေအဓိပတိက လျှို့ဝှက်နည်းနဲ့ လူပြန်ဝင်စားပြီး ပြန်လည် မွေးဖွားလာခဲ့တယ်..”

"ဒါပေမယ့်!"

ထိုအချိန်တွင် သံတမန်က အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး မဟာမိတ်ခေါင်းဆောင်ကို မော့ကြည့်ကာ ပြောသည်။

"သူရဲ့လျှို့ဝှက် လူပြန်ဝင်စားပြီး သိပ်မကြာခင်မှာပဲ၊ သူထပ်ပြီး ခြုံခိုတိုက်ခိုက်ခံရလို့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်... ဒီတစ်ကြိမ်မှာတော့ သူ လုံးဝသေသွားပါပြီ။"

"တစ်ယောက်ယောက်က မြေအဓိပတိကို ခြုံခိုတိုက်ခိုက်ခဲ့တာလား"

မဟာမိတ်ခေါင်းဆောင်က အံ့အားသင့်စွာ အော်လိုက်သည်။ ကျူးချွဲ့ကို ကြားဖြတ်ပြီး သတ်နိုင်ခဲ့တာက အဓိပတိနယ်ပယ်ရဲ့ ဝင်စွက်ဖက်မှုသာ ဖြစ်ရမည်။ ဤအပြုအမူသည် သွေးဝိညာဉ်စာချုပ်၏ ကန့်သတ်ချက်များကို ကျော်လွန်သွားပြီဖြစ်သည်။

သားရဲနတ်အရှင် ဂိုဏ်းက ဒေါသထွက်နေတာ အံ့သြစရာ​တော့ မဟုတ်ချေ။

"ဘယ်သူလုပ်လိုက်တာလဲ?"

မဟာမိတ်ခေါင်းဆောင်ရဲ့ မျက်နှာက မည်းမှောင်နေသည်။

"တိုက်ခိုက်ခဲ့တဲ့လူကို မင်းတွေ့ပြီလား"

"မတွေ့ပါဘူး ဒါပေမယ့် သားရဲနတ်အရှင်ရဲ့ အဆိုအရဆို ရွှေမြှားတစ်စင်းနဲ့ အသတ်ခံခဲ့ရတာပါ အဓိပတိမဟာမိတ်ကပဲ အဲဒါကို လုပ်နိုင်တာပါ..."

"ရွှေမြှားတစ်စင်း..."

မဟာမိတ်ခေါင်းဆောင်က တိုးတိုးလေး ရေရွတ်ရင်း သူ့မျက်လုံးတွေ အနည်းငယ် ကျဉ်းမြောင်းသွားလေ၏။

"သွား! မြှားနတ်ဘုရား အဓိပတိ လျိုဝူရွှမ်းကို ငါ့ကိုတွေ့ဖို့ စေလွှတ်လိုက်!"

"ဟုတ်ကဲ့ပါ မဟာမိတ်ခေါင်းဆောင်!"

...

...

နောက်နေ့။

ဒီနေ့က တနင်္ဂနွေနေ့ ဖြစ်တာကြောင့် စာကြည့်တိုက်ကိုလည်း ပြုပြင်မွမ်းမံရန် ပိတ်ထားသည်။ ပြုပြင်မွမ်းမံရေး ဝန်ထမ်းများမှလွဲ၍ ဝန်ထမ်းအားလုံး အားလပ်ရက် ရသွားခဲ့သည်။ တကယ့် ရှားရှားပါးပါး အားလပ်ရက်ပင်။

မနေ့ညက ချင်းယန် တစ်ညတာလုံး ငြိမ်သက်စွာ အိပ်နေခဲ့ပြီး မနက်ကိုးနာရီအထိ အိပ်ရာမထသေးပေ။ ထိုစဥ် ရှောင်ပိုင်အသံ တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

"သခင် မနက်စာ ရပြီ! ဒီနတ်သမီး ထွက်သွားပြီနော်!"

ဦးထုပ်ဆောင်းထားသည့် ရှောင်ပိုင် တံခါးဝတွင် ရပ်နေသည်။ မီးဖိုချောင်စကတ်ကို ဖြုတ်ရန် ခေါင်းငုံ့ထားကာ မြေခွေးအမြီးကို ချုပ်နှောင်လိုက်သည်။ ထို့နောက် အခန်းတွင်းက လှုပ်ရှားမှုမှန်သမျှကို နားထောင်ရင်း နားရွက်ကို ထောင်ထား၏။

"သခင်... ထမင်းထစားပါတော့ မဟုတ်ရင် အေးကုန်တော့မယ်... နေ့လယ်စာ ကိုယ်တိုင် ချက်စားရမှာနော် သိရဲ့လား—"

"အွန်း...."

ချင်းယန်၏ ပျင်းရိသောအသံ ထွက်ပေါ်လာပြီး လှည့်ပြန်ကာ အိပ်ပျော်သွားလေသည်။

"ဟမ့်! မကောင်းတဲ့သခင် အပျင်းထူနေပြီ!"

ဒါကိုကြားတော့ ရှောင်ပိုင် အထင်အမြင်သေးမှု လှိုင်းကို ထုတ်လွှတ်လိုက်သည်။ တံခါးကိုဖွင့်ဖို့ ဦးထုပ်ကို မြေခွေးနားရွက်များကို တင်းကျပ်စွာ ဆွဲဖိကာ လမ်းမပေါ် တည့်တည့် သွားလိုက်သည်။

သားရဲ ဒီရေ လွန်သွားပြီမလို့ ကျန်းဟိုင်မြို့လည်း ပြန်လည်ရှင်သန်လာပြီး ဘဝ၏လေထုသည် ဤကမ်းရိုးတန်း မြို့ငယ်လေးတွင် တဝဲလည်လည်။

ဆံပင်ဖြူ ကောင်မလေးတစ်ယောက် စည်ကားနေသော လူအုပ်ကြားတွင် လမ်းလျှောက်လာခဲ့သည်။ သူမသည် မြို့ပြင်သို့ အေးအေးလူလူ လမ်းလျှောက်ထွက်ရင်း သီချင်းတစ်ပုဒ်ကိုပင် ငြီးနေသေး၏။

"ပြန်စဥ်းစားကြည့်တော့ ဒါက ငါ့ဘာသာ ပထမဦးဆုံး လည်ရတာမလား"

ရှောင်ပိုင် သူမလက်ချောင်းများကို ငုံ့ကြည့်ရင်း မျက်နှာက မတည်မငြိမ် ဖြစ်လာသည်။ အမှန်ပင် နေ့တိုင်း သူမကို ရင်ခွင်ထဲ ကိုင်ဆောင်ထားတဲ့ ချင်းယန်ကို စွဲလန်းနေခဲ့ရာ အခု သူအိပ်နေတဲ့အချိန်မှာ နောက်ဆုံးတော့ အခွင့်အရေး ရပြီ။

အချိန်မှန်၊ နေရာမှန်၊ မှန်ကန်တဲ့လူတွေနဲ့ ဒီနတ်သမီးက သေချာစုံစမ်းရမယ်။

"ဒီသစ်တော်သီးပွင့် မိုးအပ်ကို ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ"

ကျန်းဟိုင်နယ်စပ်သို့ သွားနေစဉ် အတွေးဖြင့် မျက်မှောင်ကြုတ်ကာ လက်ပိုက်လိုက်သည်။ သူမသည် မြင့်မားသော မြို့ရိုးရှေ့တွင် ရပ်ကာ ထိုမြို့ရိုးကို မျှော်ကြည့်နေသည်။

အက်ကြောင်းတွေ များလာ​ပြီ။ ထိုနေ့တွင် သခင်ကိုယ်တိုင် ဖောက်ပြန်ခဲ့သော စွမ်းအားက ကြီးမားလှရာ လေထုထဲက မီတာတစ်သောင်းတွင်ပင် သိသိသာသာ တုန်လှုပ်ဖွယ်ရာ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာ​စေခဲ့သည်။

ဒီအချိန်မှာ မြို့ရိုးအစွန်း၌ ဆောက်လုပ်ရေးယာဉ်များက နေရာတိုင်းတွင် ရှိနေပြီး ပြုပြင်ရေးအဖွဲ့များဖြင့် စည်ကားနေး။ ကျွမ်းကျင်ပညာရှင်များက ဖွဲ့စည်းထားသော်လည်း အက်ကြောင်းများစွာကို ပြုပြင်လို့ မ​ပြီးသေးပေ။

"ဟီးဟီး ဒီနတ်သမီးလေး ကူညီပါရစေ!"

ရှောင်ပိုင် သူမ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ အက်ကြောင်းတစ်ခုကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။ လျင်မြန်သော လှုပ်ရှားမှုဖြင့် အတွင်းထဲသို့ လျှောဝင်သွားခဲ့သည်။ နောက်အခိုက်အတန့်၌ သူမသည် မြို့ရိုး၏ အပြင်ဘက်အစွန်းတွင် ရှိနေပြီ ဖြစ်သည်။

မော့ကြည့်လိုက်တော့ ကွင်းပြင်အနှံ့ ပြန့်ကျဲနေတဲ့ အလောင်းတွေကို မြင်လိုက်ရသဖြင့် မျက်လုံးပြူးသွား၏။ လေထုထဲမှာ သွေးရနံ့များ ထူထပ်နေပြီး မြေကြီးမှာလည်း ကြက်သွေးရောင် အဆင်းရှိသည်။ ထိုည၏ ကြောက်မက်ဖွယ်ရာ မြင်ကွင်းက သူမ စိတ်ထဲတွင် ဆန်းသစ်နေဆဲပင်။

"ကြယ်သားရဲတွေ အများကြီး သေကုန်ပြီ"

ရှောင်ပိုင် သူမနှာခေါင်းကို အနည်းငယ်ရှုံ့လိုက်သော်လည်း သိပ်မခံစားရပေ။ ကြယ်သားရဲများသည် မူလအားဖြင့် သန်မာသူများထက် ခံနိုင်ရည်ရှိကြသည်။ မြို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတော့ မီးအောက်မှာ သေရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတော့ချေ။

"မေ့လိုက်တော့"

သူမ ခေါင်းယမ်းကာ ရှူရှိုက်ရင်း စစ်မြေပြင်ကို ဆက်လက်စူးစမ်း​တော့သည်။ သစ်တော်ပွင့် အပ်များကို ရှာဖွေနေခြင်းပင်။ သစ်တော်ပွင့်ပန်းမိုးအပ်များက အလွန် အဖိုးတန်သည်။ သားရဲဒီရေ ပြီးဆုံးပြီးနောက် ကြယ်သိုင်းရဲစခန်းက ၎င်းတို့အား ပြန်လည်ရယူရန် လူများကို စေလွှတ်ခဲ့သော်လည်း လွတ်သွားတာတွေ ရှိလောက်သေးသည်။

ရှောင်ပိုင် တခါတရံ မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး မြေကြီးကို လှန်လိုက်ကာ တစ်ခါတစ်ရံ ပုပ်ပွနေသော ကြယ်သားရဲ အလောင်း တစ်လောင်း သို့မဟုတ် နှစ်ခုကို ဖုံးအုပ်ထားကာ တစ်ခါတစ်ရံ သစ်ပင်ပေါ်လည်း သွက်သွက်လက်လက် တက်သွား၏။

အချိန်တွေ တဖြည်းဖြည်း ကုန်သွားသည်။

ရုတ်တရက်!

ဝူး!!!

စူးရှသော ဟောက်သံတစ်ခု ပဲ့တင်ထပ်လာသည်။ အနက်ရောင် တောင်တန်းနဲ့တူတဲ့ ပေပေါင်းများစွာမြင့်တဲ့ တောအုပ်ကနေ ပုံပျက်​နေတဲ့ ကြယ်သားရဲတစ်ကောင် ထွက်လာ၏။ သူသည် ရှောင်ပိုင်ကို စေ့စေ့ကြည့်ကာ ပါးစပ်ထောင့်မှ သွားရည်များ စီးကျနေသည်။

"သခင်..."

ရှောင်ပိုင် ခဏလောက် အေးခဲသွားပြီး ချင်းယန်ကို ရှာဖို့ အလိုလို နောက်ပြန်ဆုတ်သွား၏။ ယခုအချိန်တွင် ချင်းယန် ရှိနေပါက ရှောင်ပိုင် သူ့နောက်သို့ လိုက်သွားကာ အော်ဟစ် လျစ်လျူရှုလိုက်မည် ဖြစ်သည်။

တစ်ဖက်သားရဲဆီမှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

ဗုန်း!

ခွာသံတို့က မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်လျက် ပြင်းထန်သော ကြယ်သားရဲက ပြေးဝင်လာဖို့ အသင့်ဖြစ်နေပြီ။

ရှောင်ပိုင် မျက်ခုံးများ တွန့်သွားကာ အတွေးတစ်ခု လင်းလာသည်။ သူမ အစွယ်တွေ ပြူးထွက်ပြီး ခြေသည်းတွေ ငေါက်ခနဲ ထသွား၏။

ဒီနတ်သမီးက ဘုရင်အဆင့် ကြယ်သားရဲပဲ!

"မင်းလို အမှိုက်ပုံးလေးထဲက ဒီလို အရှက်ရမှုကို ငါက သည်းခံရမှာလား! သေလမ်းကို ရှာနေတာ!"

ရှောင်ပိုင် သူ့သွားများကို အံကြိတ်ကာ ခြေထောက်တိုများပေါ် ခုန်တက်ကာ သားရဲကို ပါးရိုက်ပစ်လိုက်ပြီး ၎င်းကို ပို၍ပင် ပြင်းထန်သော ကြယ်စွမ်းအားဖြင့် ကြိတ်ချေလိုက်သည်။

ဝုန်း!

ဦးခေါင်းခွံ​ကြီး ရုတ်ချည်း ကွဲသွားသည်။ ခိုင်ခံ့သော ကြယ်သားရဲသည် ညည်းညူသံများပင်မရှိဘဲ မြေပြင်ပေါ်သို့ ပြိုကျကာ ဖုန်မှုန့်များကြား လွင့်စင်သွားလေသည်။

"ဟမ့် ဒါပဲလား?"

ရှောင်ပိုင့ လက်ခုပ်တီးပြီး ကြယ်သားရဲရဲ့အလောင်းကို နင်းကာ နှစ်ကြိမ်လောက် ကန်ပေးလိုက်သေးသည်။ ရုတ်တရက် ရင်းနှီးသော ရနံ့တစ်ခု သူမဆီရောက်လာသည်။

"ဟုတ်ပြီ!"

ရှောင်ပိုင် ရနံ့ကို ရှူရှိုက်ရင်း ဝမ်းသာသွားသည်။ သူအသည် လက်သည်းများဖြင့် စုပ်ယူလိုက်ရာ နောက်အခိုက်တွင် သစ်တော်သီးပွင့် တစ်ဝက်တစ်ပျက် အပ်တစ်ချောင်း သူမလက်ထဲတွင် ပေါ်လာခဲ့သည်။ ခေါင်းငုံ့ကာ နမ်းလိုက်တဲ့အခိုက် ရနံ့က ပိုလို့တောင် ရင်းနှီးလာသေးသည်။

ရှောင်ပိုင် သူမမျက်လုံးများကို ကျဉ်းမြောင်းကာ အပ်ကို သစ်တော်ပွင့် မိုးအပ်နှင့် နှိုင်းယှဉ်ဖို့ ဖြည်းညှင်းစွာ နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့အကြည့်က အမွေးအမြီးပေါ် ဖြည်းညှင်းစွာ ကျလာပြီး နှလုံးခုန်သံ ခုန်​ပေါက်သွားသည်။

"ချင်းမျိုးရိုး! နင့်အဘွားတဲ့မှ!!!!"

….

နေ့လယ်လောက်ရှိပြီ။

ချင်းယန် သမ်းဝေကာ မျက်လုံးများကို ပွတ်သပ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ရေခဲသေတ္တာကို ဖွင့်ပြီး အစာရှာပါတော့၏။

"ဒီမိုက်မဲတဲ့မြေခွေး ဘယ်လောက် ကြာဦးမှာလဲ မသိဘူး"

ရှောင်ပိုင် မနက်အစောကြီး ထွက်ခွာသွားပေမယ့် သူ သိပ်စိတ်မပူပါဘူး။ နောက်ဆုံးအနေနဲ့ သားရဲကျွန်က မြေကြီးစွန်းကို ပြေးသွားရင်တောင်မှ သူမကို ရှာတွေ့နိုင်ဦးမှာပင်။ ထို့အပြင် သူမအတွက် အပြင်ထွက်၍ ပျော်ပွဲစားထွက်ရန် ရှားပါးလှပါသည်။

"ပျော်ပါစေ.."

ထိုစဥ် ရှောင်ပိုင် ပြန်ရောက်လာ၏။ ခဏအတွင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းသော လေထုကလည်း အခန်းတွင်းသို့ ပျံ့နှံ့သွားသည်။

"?"

ကြက်သားလိပ်ကို ကိုင်ထားတဲ့ ချင်းယန်ရဲ့လက်က ခဏရပ်ပြီး ဘာမှမဖြစ်သလို လှည့်ကြည့်လိုက်သည်။ တံခါးဝကို ဆံပင်ဖြူ ကောင်မလေးတစ်ယောက် ထိုနေရာတွင် ရပ်နေကာ သူမ၏ မျက်လုံးများက သွေးနီရောင် ပြောင်းကာ ငွေရောင်သွားများက ချင်းယန်ကို စိုက်ကြည့်ရင်း လူသတ်ချင်လာသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေ​တော့သည်။

"ဟေး ပြန်လာပြီလား..."

ချင်းယန် ကြက်သားလိပ်ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

"ဒါဆို ထမင်းချက်ကြရအောင်"

"ငါမလုပ်ဘူး!"

ရှောင်ပိုင် သစ်တော်ပန်းပွင့် မိုးအပ်ကို ဆုပ်ကိုင်လိုက်ပြီး ချင်းယန်ကို စူးစိုက်ကြည့်နေသည်။ သူ့အကြောင်းတွေ များများတွေးလေလေ ပိုဝမ်းနည်းလေလေပါပဲ။ နှုတ်ခမ်းထောင့်က တဆတ်ဆတ်တုန်လာပြီး သူ့စိတ်ထဲ ဆံပင်ကျွတ်ခြင်း အမှတ်တရတွေနဲ့သာ ပြည့်နှက်နေ၏။

ရှောင်ပိုင့ သူ့ပါးပြင်များ ပူလောင်လာသည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာမှ မျက်ရည်များ စီးကျလာ​တော့သည်။

"ဟမ်?"

ချင်းယန် အံ့အားသင့်သွားသည်။ ရှောင်ပိုင်ရဲ့လက်ထဲက သစ်တော်သီးပွင့်အပ်ကို သူသတိထားမိပြီး ဒီမနက် အိမ်ကထွက်သွားတာကို သတိရလိုက်၏။ သူ့မျက်ခုံးတွေ တွန့်သွားတယ်။

"မင်း စစ်မြေပြင်ကို သွားခဲ့တာလား"

ဒီဓားနတ်ဘုရားကို အမိဖမ်းတယ်ပေါ့?

"အား.....-"

ရှောင်ပိုင် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကျစ်! ဒီလောက်ကြီး မငိုစမ်းနဲ့"

ချင်းယန် သူ့ခေါင်းကို ကုတ်လိုက်ပြီး ရှောင်ပိုင်ဆီသို့ လျှောက်သွားကာ သူမမျက်နှားကို လှမ်းထိလိုက်သည်။ ရှောင်ပိုင် မျက်နှာလွှဲကာ သူ့ကို လျစ်လျူရှုသွားပြီး ဆက်ငိုရှိုက်နေ၏။

"မငိုပါနဲ့ ငါမင်းကို လျော်ကြေးပေးပါ့မယ်..."

"ဒီနတ်သမီး မလိုချင်ဘူး!!"

"တကယ်လား? ဒါဆိုလည်း ငါ..."

ရှောင်ပိုင်: "နာရီဝက်!"

သူမ သူ့မျက်ရည်တွေကို သုတ်လိုက်ပြီး ငိုသံလေးဖြင့် ရေရွတ်လိုက်သည်။

"ကောင်းပြီ... နာရီဝက် မင်းရဲ့ အညစ်အကြေးတွေကို မင်းကိုယ်တိုင် သုတ်လိုက်..."

"ကောင်းပြီ!"

"ယူသွား...."

ချင်းယန် နိယာမနှလုံးသားကို ဖယ်ထုတ်လိုက်ပြီး ခေါင်းကို အနည်းငယ် စောင်း၍ ရှောင်ပိုင် အနောက်သို့ တစ်ချက် ကြည့်လိုက်သည်။ သူမ အမြီးက တဖန်တွန့်လိမ်လာသည်။

………

နာရီဝက်ကြာတာနဲ့ ချင်းယန် နိယာမနှလုံးသားကို ပြန်ယူဖို့ ရောက်လာခဲ့သည်။

"အချိန်ပြည့်ပြီ...."

"…"

ဆိုဖာပေါ်တွင် ဆံပင်ဖြူဖြူ ကလေးမလေးသည် နိယာမနှလုံးသားကို တိတ်တဆိတ် ကိုက်လိုက်သည်။ သူမ၏တင်ပါးကြီးလာပြီး မြေခွေးအမြီးက တွန့်လိမ်နေသည်။

"သခင် ဒီနတ်သမီးရဲ့ အမွေးတွေကို ဆက်ရိတ်တာ ပိုကောင်းမယ်နော်!"

All Chapters