← Chapters

နေရာလွတ်နိယာမ

Vol. 14 Ch. 206

နေရာလွတ်နိယာမ

Vol. 14 Ch. 206

"သခင် ကျေးဇူးပြုပြီး သားမွေးနဲ့ ဆက်လုပ်ပါလား... စိတ်မဆိုး​တော့ပါဘူး"

အခန်းအတွင်းတွင် ရှောင်ပိုင်ရဲ့ တင်ပါးက မြင့်သထက် မြင့်လာကာ မြေခွေးအမြီးအား ကြည်နူးစွာ လှည့်ပတ်​ပြနေသည်။ သူမ၏ ပါးစပ်လေးသည် နိယာမနှလုံးသားကို ကိုက်လျက် ပြန်ပေးရမှာကို တွန့်ဆုတ်လာ​လေသည်။

နိယာမစွမ်းအင်၏ ကြွယ်ဝသော တန်ခိုးများ သူမပါးစပ်ထဲ ပြည့်သွားတိုင်း အရမ်းမွှေးလွန်းလို့ ပြန်မပေးချင်တော့ပေ။

"သခင် အမွေးလေးတွေ ထပ်လိုသေးတယ်မလား..."

ရှောင်ပိုင် သူမ၏ သေးသွယ်သော ခန္ဓာကိုယ်ကို လိမ်၍ ဆိုဖာပေါ်တွင် ပက်လက်လှန်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အမွေးတွေက ကောက်နေသေးတာ ဆိုတော့....."

"ပြန်ပေး..."

ချင်းယန် မတုန်မလှုပ်ပင်။ ရှောင်ပိုင်ကို သူ့လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားပြီး သူမ၏ နှုတ်ခမ်းများကို ဆွဲဖွင့်ရန် အခြားတစ်ဖက်ကို ဆန့်လိုက်သည်။ ကျန်တစ်ဖက်က သူမပါးကို ဖိထား၏။

"ငါတို့ သဘောတူထားတာ နာရီဝက် ပြည့်ပြီ... လွှတ်လိုက်စမ်း!"

သံယောဇဉ်ကင်းသော လက်ကြီးက အတင်းဆွဲဖြဲနေတော့သည်။

"မဟုတ်ဘူး...မဟုတ်ဘူး!"

ရှောင်ပိုင် ပိုပိုပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ နိယာမနှလုံးသားကို ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် သူမသွားများဖြင့် တင်းတင်းကြပ်ကြပ် ကိုင်လျက် မျိုချပစ်ရန်ပင် စိတ်အားထက်သန်နေလေသည်။ နိယာမနှလုံးသားက အဖိုးမဖြတ်နိုင်ပေ။ ဒီအခွင့်အရေးကို လွတ်သွားခဲ့ရင် ဘယ်အချိန်ပြန်ပြီး နမ်းရမယ်ဆိုတာ သူမ မသိပါ။

ဒီအတိုင်း ပြန်​ပေးလိုက်ရရင် ဒီနတ်သမီး ရှုံးလိမ့်မယ်။

"နောက်တစ်နာရီလောက်ပါ သခင်ရယ်..."

ရှောင်ပိုင် တဆတ်ဆတ်တုန်ကာာခန္ဓာကိုယ်ကို ဆန့်တန်းရင်း ရုန်းကန်နေလေသည်။ မရတဲ့အခါ သနားစရာ မျက်နှာလေးနဲ့ ချင်းယန်ကို ကြည့်ပြီး ဈေးလျှော့ပစ်လိုက်သည်။

"နာရီဝက်လည်း ရပါတယ်..."

"မရဘူး"

ချင်းယန်က အေးစက်စွာပဲ ငြင်းလိုက်သည်။

လက်တစ်ဖက်ဖြင့် သူမ ပါးစပ်ကို ဖွင့်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် နိယာမ နှလုံးသားကို အတင်းဆွဲထုတ်လိုက်သည်။ သို့နှင့် နိယာမနှလုံးက ရှောင်ပိုင်သွားရည်များသယ်လျက် သူ့လက်ထဲ ပြန်ရောက်လာသည်။

"ကျစ်..."

ချင်းယန် နိယာမနှလုံးသားကို ဆုပ်ကိုင်ရင်း ရွံရှာသလို ခံစားလိုက်ရသည်။

ဒါတွေအားလုံးက နံစော်နေတဲ့ မြေခွေးရဲ့တံတွေးတွေ....

သူ ရှောင်ပိုင့်အမြီးကို တစ်ချက်ကြည့်လိုက်ပြီး ဖမ်းဆုပ်လိုက်ကာ တံတွေးကို သုတ်ပစ်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ စက်ဆုပ်သည့်အကြည့်ဖြင့် ထွက်သွားလေ၏။ ရှောင်ပိုင်၏ စိတ်ပျက်အားငယ်​နေသော အကြည့်အောက်တွင် သူသည် ဧည့်ခန်းမှ အပြင်းအထန် ထွက်သွားကာ လသာဆောင်သို့ ဦးတည်ထွက်သွားသည်။ အနောက်မှ ခေါ်သံများကိုလည်း လုံးဝ လျစ်လျူရှုပစ်လိုက်သည်။

  ………

"သခင်! လူဆိုးကြီး!!"

"ဒါဆို ငါ့သား​မွေး​တွေကို ပြန်ပေး!!!"

ရှောင်ပိုင် ဆိုဖာပေါ် ဒေါသတကြီးနှင့် လှဲချလိုက်သည်။ နောက်ဆုံးတွင် မျက်နှာကျက်ကို လွတ်လွတ်လပ်လပ် ငေးကြည့်နေကာ သူ့ဘဝအတွက် မျှော်လင့်ချက် မဲ့သွားခဲ့သလိုပါ ခံစားလိုက်ရ၏။

နိယာမနှလုံးသားကို တစ်ကြိမ်လောက် နမ်းပြီးနောက် ထိုထူးခြားသော ခံစားချက်ကို စွဲလမ်းခဲ့သည်။

သခင်က ပြန်လုသွားတယ်တဲ့!

ဒါ ငါ့ကိုသတ်တာ မဟုတ်ဘူးလား!

“….”

ရှောင်ပိုင် သူ့ဗိုက်ကို ပွတ်လိုက်ပြီး သူ့အတွင်း၌ သေးငယ်သော ခံစားချက်များ ထွက်ပေါ်လာသည်။ ခဏလောက် ထိန်းထားတာတောင် ဒေါသတွေ တိုးလာပြန်ရာ အရှုံးပေးလိုက်ရင် တစ်ညလုံး အိပ်မပျော်နိုင်​လောက်တော့ချ။

“မဟုတ်​သေးဘူး!”

"ဒီနတ်သမီးက လေထပိတိုးရမယ်!"

သူမ ဖုန်းကိုထုတ်လိုက်ပြီး ဗီဒီယိုအက်ပ်ထဲသို့ သွက်သွက်လက်လက် နှိပ်လိုက်ကာ အကောင့်အသစ်တစ်ခုကို အမြန်ဖန်တီးကာ နာမည်ပြောင်တစ်ခုကို စတင်ရေးသားခဲ့သည်။

[ကျန်းဟိုင် ဓားနတ်ဘုရား၏ စတုတ္ထမုန်းတီးသူ။]

"ဟမ့်!"

ရှောင်ပိုင် ဗီဒီယိုအတိုကို ဖြတ်၍ အကြောင်းအရာကို စိုက်ကြည့်နေသည်။ သားရဲဒီရေ ပြီးကတည်းက ကျန်းဟိုင်ဓားနတ်ဘုရား အကြောင်း ဆွေးနွေးမှု ပြင်းထန်လာပြီး သူပါဝင်သည့် ဗီဒီယိုများဖြင့် အင်တာနက်မှာ ပျံ့သွားခဲ့သည်။ အားလုံးက ဓားနတ်ဘုရားကို ချီးမွှမ်းနေကြခြင်းသာ။

[သားရဲဒီရေ! ဓားနတ်ဘုရားက ကျန်းဟိုင်က လူတွေအတွက် အနစ်နာခံသွားတယ်]

[ဓားနတ်ဘုရားက ဖြောင့်မတ်တယ် သူက ကျန်းဟိုင်ကို ငြိမ်းချမ်းရေး ယူဆောင်လာပေးတာ]

[သားရဲဒီရေမှာ ပံ့ပိုးတာကလည်း အရမ်းမိုက်တယ်... ငါ့သူငယ်ချင်းကပြောတယ်.. သူ့ခန္ဒာကိုယ်က ပြန်လာပြီးနောက်ပိုင်း ကြံ့ခိုင်မှု သိသိသာသာ တိုးလာတယ်တဲ့!!]

ရှောင်ပိုင် ဒေါသတကြီး သွားများကို အံကြိတ်ကာ လသာဆောင်ရှိ ချင်းယန်ကို မကျေမနပ် စိုက်ကြည့်နေသည်။ မျက်စိစုံမှိတ် စာရိုက်ရင်း စခရင်ကိုတောင် မကြည့်ချင်တော့ပေ။ ဖုန်း မျက်နှာပြင်က အက်ကွဲသွားပေမယ့် မကြာမီတွင် ရှည်လျားသော မှတ်ချက်တစ်ခု ပေါ်လာသည်။

[အမိုက်ဆုံးဓားနတ်ဘုရား... ထောင်ချောက်တွေ အားလုံးနဲ့ ကြီးမားတဲ့ လူလိမ်! တိရစ္ဆာန်အလွဲသုံးစားလုပ်တဲ့လူ! မုတ်ဆိတ်ရိတ်ရောင်းချနေတာ... ငါ့ကို နေ့တိုင်းရိတ်တယ်! !...]

ချက်ချင်းပင် ၎င်းသည် မှတ်ချက်ပေါင်း တစ်ဒါဇင်ကျော်ကို ဆွဲဆောင်သွားခဲ့သည်။

"အင်း အရမ်းကောင်းတယ်! ငါ့သခင်ကို ငါမနှမြောနိုင်ဘူး...နင်တို့ ဓားနတ်ဘုရားကိုလည်း ငါ မသက်ညှာနိုင်ဘူး!"

ရှောင်ပိုင် သူ့ဖုန်းကိုချကာ ဆိုဖာပေါ် ပျင်းရိစွာ လှဲချလိုက်ပြီး သက်တောင့်သက်သာ ဆန့်ထုတ်ကာ ဤလှပသော အခိုက်အတန့်ကို မြည်းစမ်းလိုက်သည်။

တင်း!

မှတ်ချက်အသစ်တစ်ခု ထွက်ပေါ်လာသည်။

ရှောင်ပိုင် တစ်ချက်ကြည့်လိုက်ရာ [ငြိမ်းချမ်းမှုက ကောင်းပါတယ်] ဟု အမည်ပေးထားသည့် အင်တာနက်အသုံးပြုသူထံမှ မှတ်ချက်တစ်ခုကို တွေ့လိုက်ရသည်။ နာမည်က မယုံနိုင်လောက်အောင် ဟောင်းနွမ်းနေပြီး အကြောင်းအရာက ကျောင်းသားတစ်ယောက်အတွက် ဟောပြောပွဲတစ်ခုလို ရှည်လျားပြီး ပျင်းစရာကောင်းပြီး အိပ်ငိုက်စေလေသည်။

"? ဒါက ဘယ်လို ခေတ်ဟောင်း နာမည်​ကြီးလဲ"

ရှောင်ပိုင် သူ့မျက်လုံးများကို မှိတ်ထားပြီး မှတ်ချက်လိုင်းကို ကျွမ်းကျင်စွာ လိုက်ကြည့်ကာ ပေးပို့တော့မည်။

[သင့်အကောင့်သည် စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု သံသယရှိပြီး လူများစွာက ၎င်းကို သတင်းပို့ထားပါသည်။]

ဂုဏ်ယူပါသည်။ အပြီးတိုင် ပိတ်ဆို့သွားပါပြီ။

"အား! လုပ်ပြန်ပြီ! ငါရိုက်လိုက်တဲ့ စကားလုံးတွေ!"

ရှောင်ပိုင် ဒေါသတကြီးဖြင့် သူ့ဖုန်းကို မြေပြင်ပေါ် ပစ်ချလိုက်သည် ။

ခွမ်း!

အသစ်အစားထိုးထားသော မျက်နှာပြင်က အက်ကွဲသွားပြန်ပါပြီ။ ရှောင်ပိုင် စိတ်တိုတိုနှင့် ပြေးကာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။ ခဏကြာတော့ စိတ်တိုဒေါသထွက်ကာ မျက်ရည်များ အထိန်းအကွပ်မရှိ စီးကျလာ​တော့သည်။

"ဝူး... ငါ့ဖုန်း"

....

လသာဆောင်အပြင်ဘက်။

"မိုက်မဲတဲ့ မြေခွေးက ဘာအော်နေ​ပြန်တာလဲ"

ချင်းယန် လက်ရမ်းကို မှီ၍ အတွင်းမှ အသံများကို နားထောင်​နေသည်။ သူ သိပ်ဂရုမစိုက်ပါ။ သူသည် နေပစ်လေးကို ဆင့်ခေါ်ပြီး ဉာဏ်အလင်းတန်းထဲသို့ နစ်မြုပ်သွားပြီ ဖြစ်ကာ အတွင်း၌ ကြီးမြတ်သော နိယာအနှစ်ပါး၏ တန်ခိုးကို သူစတင် နားလည်လာသည်။

နေပစ်လေးက အင်ပါယာအဆင့် နတ်လက်နက် ဖြစ်သည်။ ၎င်းထဲတွင် အာကာသနှင့် မီး၏ နိယာမနှစ်ခု ပါရှိသည်။

"သူ့အာဏာကို အပြည့်အ၀ ထုတ်နိုင်ဖို့ဆို ဒီနိယာမနှစ်ခုကို အရင်ဆုံး သေချာနားလည်ရမယ်"

ချင်းယန် ကောင်းကင်တွင် တောက်နေသော နေရောင်ကို ငေးကြည့်လိုက်တဲ့အခါ သူ့စိတ်ထဲက မျှော်လင့်ချက်များ တဟုန်ထိုး တိုးဝင်လာ​တော့သည်။

"ပထမအကြိမ်မှာ အဓိပတိအဆင့်ကို သတ်နိုင်ခဲ့တယ်... အမြင့်ဆုံးအဆင့် ရောက်ရင် ဘယ်လိုဖြစ်မလဲ"

အဲဒီအချိန်မှာ ဘယ်သူသိမှာလဲ...

​ကောင်းကင်​က ​နေကို​တောင်​ ပစ်​ချနိုင်​လောက်လား?

"မဆိုးပါဘူး မဆိုးပါဘူး"

ဒါကိုတွေးပြီး ချင်းယန် အရမ်းကျေနပ်သွားသည်။ သူသည် ဉာဏ်အလင်း အာကာသထဲသို့ နစ်မြုပ်သွားပြီး နေပစ်လေးကို ဂရုတစိုက် လေ့လာနေစဥ် နောက်အခိုက်၌ တုန်ခါမှုများက သူ့ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားသည်။

အာကာသကြီး တုန်ခါသွားကာ ထူးဆန်းသောမြင်ကွင်း၊ မှန်တစ်ချပ်လို အစိတ်စိတ်အမွှာမွှာ ကွဲအက်နေသော မြင်ကွင်းကို ဖျတ်ခနဲ ထုတ်ဖော်ပြသလိုက်သည်။

….

တစ်ဖက်က ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီတွင်။

ရုံးခန်းထဲမှာ နေရောင်နှင့် တောင်-မြစ် ပန်းချီကားကြီးတစ်ချပ် ချိတ်ဆွဲထားသည်။ လက်ဖက်ရည် ရနံ့သည် လေထဲတွင် ပျံ့လွင့်နေပြီး ပြတင်းပေါက် အပြင်ဘက်တွင် တိမ်ဖြူဖြူများ စိမ့်ဝင်နေသည်။

"အရမ်းစိတ်ဆိုးတာပဲ!!!"

လူအိုလီ သူ့ဖုန်းကိုကိုင်လိုက်ပြီး ဖန်သားပြင်ပေါ်ရှိ မှတ်ချက်ကို မြင်လိုက်ရသည်နှင့် လက်များက တုန်ရီလာ​တော့သည်။ ဒေါသ အရမ်းထွက်လွန်းလို့ တစ်ကိုယ်လုံး ပျော့ခွေသွား၏။

"ဒီဆန့်ကျင်ရေး ခေါင်းဆောင်ပဲ လာပြန်ပြီ!"

အွန်လိုင်းတက်ဖို့ ရှားရှားပါးပါး အခွင့်အရေးတစ်ခု ရခဲ့သဖြင့် ဓားနတ်ဘုရားရဲ့ ကျေးဇူးတော်ကို မြင်လိုရင်း ဖုန်းထဲက ဗီဒီယိုများစွာကို အဆက်မပြတ် နှိပ်လိုက်မိသည်။

သို့သော် မိနစ်အနည်းငယ်လောက်သာ ပွတ်ရသေးသည် ဒီမုန်းတီးတဲ့ ပရိတ်သတ်က ရောက်နေပြီ။ ပြီးတော့ ဒါက ပထမ ဒါမှမဟုတ် ဒုတိယ အကြိမ်လည်း မဟုတ်တော့ချေ။

ဓားနတ်ဘုရားကို ဆဲရေးတိုင်းလည်း ဒီကောင်ပဲ ထွက်လာသည်။

"ငါတို့ အကြီးအကဲကို အွန်လိုင်းမှာ နေ့တိုင်း ဆဲဆိုနေတာကလွဲရင် သူ့ဘဝမှာ တခြားလုပ်စရာတွေ မရှိတော့ဘူးလား"

ဤလူသည် မငြိမ်းနိုင်သော မီးနှင့်တူ၏။ မိမိ သူ့ကို သတင်းပို့တိုင်း သူက အကောင့်အသစ်တစ်ခု ဖန်တီးပြီး ပြန်လာကာ နောင်တရတဲ့ လက္ခဏာ လုံးဝမပြချေ။

"ဟမ့်! မင်းကို ဖမ်းမမိစေနဲ့ပေါ့!"

လူအိုလီ စားပွဲကို ဆောင့်ရိုက်ကာ ဒေါသပိုတိုးလာသည်။ ၎င်း၏တရားဝင် ပလက်ဖောင်းသတင်းကို စိုက်ကြည့်ရင်း သူ၏ မုတ်ဆိတ်ဖြူဖြူများက တင်းတင်းမာမာပင် ဖြစ်နေသည်။

ဒေါက်! ဒေါက်!

"ဆရာ... မော့ဖုန်းပါ... ဆရာနဲ့ တစ်ခုခု ဆွေးနွေးဖို့ လိုတယ်"

"အဟမ်း ခဏစောင့်"

ဒါကိုကြားတော့ လူအိုလီ သူ့ဖုန်းကို အမြန်ချလိုက်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။ ကိုယ်ပေါ်က ဝတ်စုံကို ဖြောင့်အောင်လုပ်ဖို့ ခေါင်းကို ငုံ့လိုက်သေး၏။ ကျောင်းသားတွေရှေ့မှာ စိတ်တည်ငြိမ်မှု ပျက်လို့ မဖြစ်ချေ။

"အထဲဝင်လာခဲ့..."

လင်မော့ဖုန်း တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။ သူဝင်လိုက်သည်နှင့် ကြယ်စွမ်းအား အတက်အကျကို ချက်ချင်းခံစားလိုက်ရတာမို့ မျက်ခုံးများ တွန့်သွားသည်။ အခန်းတွင်းရှိ ကြယ်စွမ်းအင်က ယခုအခါ ဝရုန်းသုန်းကား ဖြစ်နေ​ပြီ။

တိမ်မြုပ်နေသော ဒေါသသည် တသွေမတိမ်း တည်ရှိနေကာ လူအိုလီသည် ၎င်းကို မည်မျှပင် ကောင်းကောင်း ဖုံးကွယ်ထားပါစေ သူ့လို ဂိုဏ်းဆရာရှေ့တွင် ၎င်းကို လုံးလုံး ဖျက်မပစ်နိုင်ပေ။

ဆရာ စိတ်ဆိုး​နေတာလား?

"ဆရာ...."

လင်မော့ဖုန်း အနည်းငယ် လန့်သွားပြီး မသေချာစွာဖြင့် စားပွဲမှာ ဝင်ထိုင်လိုက်သည်။

"မကြာသေးခင်က ဆရာ့ကိုဘာတွေ အနှောက်အယှက် ပေးနေတာရှိလဲ? အကူအညီလိုရင် ကျနော် ကူညီပေးနိုင်ပါတယ်"

"ကိစ္စမရှိပါဘူး လူဆိုးတချို့ပဲ"

လူအိုလီသည် အွန်လိုင်းက ယခင် ထိပ်တိုက်ရင်ဆိုင်မှု အကြောင်းကို တွေးတောကာ အပြစ်ရှိကြောင်း ကြံ့ကြံ့ခံရင်း ဆို၏။

“လူဆိုးတွေနဲ့ ငါ ဘယ်တော့မှ မဆက်ဆံဘူး..ယ အဲဒီအကြောင်း မပြောနေနဲ့တော့... ဒီနေ့ ဒီကိုလာဖို့ အချိန်ဘယ်လိုရှာခဲ့လဲ"

"ဆရာ အဆင်ပြေလို့ ဝမ်းသာပါတယ်... ဆရာနဲ့ ဆွေးနွေးစရာလေး ရှိနေလို့ပါ"

လင်မော့ဖုန်း သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်သည်။

"ကျန်းဟိုင်မှာ လတ်တလော အကျပ်အတည်းက မပြီးသေးမှာကို ကြောက်ရတယ် ကျနော်တို့ရဲ့ အကာအကွယ်ကို အခုထိ မစွန့်လွှတ်သေးတာ အကောင်းဆုံးပဲ..."

"ဟင်? မပြီးသေးဘူးလား?"

ထိုစကားကို ကြားသောအခါ အဘိုးအိုလည်း ခဏတာ ထိတ်လန့်သွားသည်။ သူက လင်မော့ဖုန်းကို တအံ့တသြကြည့်ကာ။

"မိုဖန်း မင်းဘာကိုဆိုလိုတာလဲ သားရဲဒီရေက မပြီးသေးဘူးလား ပြီးတော့ သားရဲနတ်အရှင် အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်လည်း သေသွားတယ်လေ... ငါတို့ ဘာအန္တရာယ်တွေ ကြုံရဦးမှာလဲ"

"ဟူး...ပြဿနာက ရှိသေးတယ် ဆရာ... သားရဲနတ်ဘုရား မိစ္ဆာအယူဝါဒရဲ့ ထိပ်တန်းခေါင်းဆောင် ကျဆုံးသွားပေမယ့် မိစ္ဆာတွေက လုံးဝ လက်မလျှော့​လောက်ဘူး ကျ​နော်တို့ သတိရှိရမယ်"

"...သတိရှိရမယ် ဟုတ်လား?"

ဤစကားကို ကြားပြီးနောက် လူအိုလီက အကြာကြီး တိတ်ဆိတ်သွားပြီး။

"မင်း အဲဒါကို စဉ်းစားနေတာလား? လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရဲတွေက အဲဒီအယူဝါဒ ကိုးကွယ်တဲ့ အသိုက်အဝန်းများစွာကို ပိတ်ပစ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစား လုပ်ဆောင်နေကြတယ်... မြို့ကအခု အေးချမ်းနေပါပြီ"

"မျှော်လင့်ပါတယ်"

လင်မော့ဖုန်း မှုန်ကုပ်ကုပ်နဲ့ ပြန်ပြောလိုက်ရင်း သူ့စိုးရိမ်စိတ်တွေက ပိုလို့တောင် ပြင်းထန်လာတော့သည်။

မနေ့ညကပဲ အိမ်မှ အရေးတကြီးစာတစ်စောင် သူ့ဆီ လာပို့သည်။

၎င်းသည် မိသားစုထံမှ လျှို့ဝှက် အစီရင်ခံစာတစ်ခုဖြစ်ပြီး သူ့ကို ကျန်းဟိုင်မှ ချက်ချင်းထွက်ခွာရန် အမိန့်ပေးခဲ့သော်လည်း တိကျသောအကြောင်းရင်းကို မသိရသေးပေ။ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့သာ ညွှန်ကြားလိုက်သည်။

ယခု သားရဲဒီရေ ပြီးသွားပြီး မကြာခင်မှာပဲ မိသားစုက အရေးပေါ်သတင်းစကား ပေးပို့ခဲ့တဲ့ အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ။

"မော့ဖုန်း... မင်း ဒီကာလမှာ မောပန်းခဲ့တယ်.. မြန်မြန်ပြန်ပြီး အနားယူလိုက်ပါလား"

လူအိုလီက မတ်တပ်ထရပ်ပြီး လင်မော့ဖုန်းထံ လျှောက်သွားလိုက်သည်။

"မင်း ကျန်းဟိုင်ရဲ့ ကာကွယ်ရေးအတွက် အများကြီး ကူညီပေးခဲ့ပါတယ်... မင်းစိတ်ဖိစီးနေတာလည်း ငါနားလည်တယ်... ပြန်သွားပြီး အနားယူပါ"

"ဆရာက ချီးကျူးလွန်းနေပါပြီ...ကျနော်က နှိမ့်ချတဲ့ အပိုင်းကိုပဲ လုပ်ခဲ့တာပါ ကျန်းဟိုင်ဓားနတ်ဘုရားကသာ ဒီကာကွယ်ရေးအတွက် အလိုအပ်ဆုံး ပံ့ပိုးပေးသူပဲ... သူသာမရှိရင် ကျန်းဟိုင်က ဒီထက် ကြီးကြီးမားမား ဆုံးရှုံးမှုတွေကို ခံစားခဲ့ရမှာ... "

"ဟုတ်​တယ်​ အကြီးအကဲ ဓားနတ်ဘုရား..."

ဒါကိုကြားတာနဲ့ အကြီးအကဲလီရဲ့ မျက်လုံးတွေ မှိန်သွားခဲ့သည်။

"မင်းရဲ့ စကားလုံးတွေက ရွှမ်းရွှမ်းကို ရှာရဦးမယ်ဆိုတာကို သတိပေးလိုက်သလိုပဲ... သူ တံခါးပိတ်ကျင့်ကြံချင်တယ်လို့ ပြောတယ်... အကြီးအကဲ ဓားနတ်ဘုရားရဲ့ သေဆုံးမှုက သူမအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီး ဖြစ်သွားခဲ့ပုံပဲ..."

စကားပြောနေစဉ်တွင် အကြီးအကဲလီက ခေါင်းယမ်းသည်။

"သူမကို သွားပြီးတော့ စည်းရုံးဖို့ လိုတယ်... အခု စောလွန်းတယ်... လူငယ်ဆိုတော့ စိတ်အားထက်သန်တာ အမှန်ပဲ"

"အဆင်ပြေပါတယ် ဆရာ... ဓားသမားရဲ့ အစွန်းက ထက်မြက်တယ် ဒါက သူမအတွက် အရေးကြီးတဲ့ အခိုက်အတန့်ပဲ ဆရာ ညီမလေးကို သွားခွင့်ပြုပါ... ဒါက ကြီးထွားမှုပုံစံတစ်ခုလည်း ဖြစ်နိုင်တယ်"

All Chapters