မြှားနတ်ဘုရား အဓိပတိ လျိုဝူရွှမ်း
Vol. 14 Ch. 207
"ဘာ? နင် တံခါးပိတ်ကျင့်ကြံတော့မယ် ဟုတ်လား?"
ကော်ဖီဆိုင်၏ သီးသန့်ခန်းထဲတွင် ငြိမ့်ညောင်းသော သီချင်းသံများ တီးခတ်နေသည်။ လီချင်းဟဲ ကော်ဖီခွက်ကို ငုံ့ကြည့်နေစဥ် ထိုစကားကို ကြားလိုက်ရသဖြင့် အထိတ်တလန့် ဖြစ်သွားသည်။
"ဒီအကြောင်းပြောဖို့ ဒီနေ့မနက် အစောကြီး ငါ့ကိုလာတွေ့တာလား"
"ဟုတ်တယ် ငါ တံခါးပိတ်ကျင့်ကြံတော့မယ်..."
လီကျစ်ရွှမ်းက ဆန့်ကျင်ဘက် စားပွဲတွင် ထိုင်ကာ ကော်ဖီကို သကြားတုံးဖြင့် မွှေပေးရင်း မျက်လုံးများ မှိန်သွားသည်။
"ငါတို့ အကြာကြီး ဝေးနေရဦးမယ် ဆရာတူအစ်ကို့ကို စောင့်ကြည့်ပေးဖို့ နင့်ကို နှောင့်ယှက်ရလိမ့်မယ် ထင်တယ်"
သူမ အခိုင်အမာ ပြောကြားနေခဲ့သည်။ သူမ၏ တံခါးပိတ်ကျင့်ကြံမယ့် ကြာချိန်ကို အတိအကျ မသိရသေးပေ။ ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် တစ်နှစ် သို့မဟုတ် နှစ်နှစ်ပင် ဖြစ်နိုင်သည်။
အစ်ကိုကြီးအနားမှာ သူမ မရှိနေပေးနိုင်တာကြောင့် မထင်မှတ်ဘဲ တစ်ခုခုဖြစ်ခဲ့ရင် ဝမ်းကွဲကို ကူညီဖို့ အထောက်အကူ ဖြစ်စေချင်သည်။
"ဒါ..."
လီချင်းဟဲ ခဏလောက် စဉ်းစားနေမိသည်။
"ဆရာချင်းကို ကူညီတာတော့ သေချာပေါက် အဆင်ပြေပါတယ် ဒါပေမယ့် နင်ဘာလို့ တံခါးပိတ်ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့တာလဲ နင်က မွေးရာပါနယ်ပယ်ကို ရောက်နေပြီဆိုပေမယ့် ဒီထဲကို အလျင်စလို ပြေးနေတာ နည်းနည်းတော့ မဆင်မခြင်လုပ်ရာ မကျဘူးလား... နင် ပိုသတိထားရမယ်။"
"မဆင်မခြင် မဟုတ်ဘူး၊"
လီကျစ်ရွှမ်း ခေါင်းယမ်းလိုက်သည်။
"အဲဒီသားရဲဒီရေ တက်လာပြီးနောက်မှ ငါ့ရဲ့အားနည်းချက်ကို ငါရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာ... အစ်မချင်းဟဲ ငါ့ကို ဆွဲဆောင်ဖို့ကြိုးစားနေတာ ရပ်လိုက်ပါတော့ ငါ ဆုံးဖြတ်ပြီးသွားပြီ
"တကယ်လို့ ငါ့မှာ မြင့်မြတ်တဲ့ နယ်ပယ်မှာ ခွန်အားတွေ ရှိခဲ့မယ်ဆိုရင် ငါ.ဆရာ့ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ ဘာကြောင့် ချန်ထားခဲ့ရမှာလဲ... ငါ သူ့ကို ထောက်ပံ့နိုင်ခဲ့ရင် သူ့ကိုယ်သူ ဖျက်စီးမှာ မဟုတ်ဘူး"
"ဟစ်..."
ဒါကိုကြားတော့ လီချင်းဟဲ အသက်ရှုကြပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"နင့်ဆရာတူအစ်ကိုက ဘယ်မှာလဲ သူဘာပြောလဲ ဒါက ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးပဲ တစ်ခုခုကို အာမခံသင့်တယ်မလား"
"အစ်မစိတ်မပူပါနဲ့၊ ငါ့ရဲ့ ဆရာတူအစ်ကိုကို ဒီကိစ္စကို မေးပြီးပြီ... သူက ငါ့ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ် ဒါပေမယ့် လိုအပ်ချက်တစ်ခုနဲ့ ငါ ငါ့ရဲ့ လုံခြုံရေးကို သေချာစေရမယ်... ငါမစခင် ငါရဲ့ ကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်ရမယ်"
"..."
လီချင်းဟဲ တိတ်ဆိတ်နေခဲ့သည်။ လီကျစ်ရွှမ်း၏ စိတ်ပိုင်းဖြတ်ထားသည့် အမူအရာကို သူမ ကြည့်လိုက်သည်။
သူ့ကိုယ်သူ တွေးပြီး တစ်ခုခုတော့ လွဲနေသလို ခံစားလာရ၏။
ဒါက မကောင်းဘူး။
ဒါက သူ့ဝမ်းကွဲညီမရဲ့ ခေါင်းမာလာခြင်းပဲ!
မိသားစု အကြီးအကဲတွေ အခု လာရင်တောင် သူမကို ပြန်ခေါ်ဖို့ နည်းလမ်း မရှိတော့ဘူး။
လီကျစ်ရွှမ်းက သူမသည် ဓားပညာကို လေ့ကျင့်လိုကြောင်း အစောပိုင်းတွင် ပြောခဲ့ဖူးပြီး သူမဆုံးဖြတ်ပြီးသည်နှင့် သူမသည် မည်သည့်အခါမှ နောင်တရမည် မဟုတ်ကြောင်းနှင့် အရာတစ်ခုကတောင် ပြောင်းလဲစေလိမ့်မည် မဟုတ်ပေ။
ဆရာဘိုးဘိုး မသေသေးမှန်း သူမ သိရင် ဘယ်လို တုံ့ပြန်မလဲ။
သးမ တုံ့ဆိုင်းသွားပြီး သတိထားကာ အရိပ်အမြွက် အနေနဲ့ ပြောလိုက်သည်။
"ကျစ်ရွှမ်း... ဆရာဘိုးဘိုး မသေသေးဘူးလို့ ယူဆဖူးလား
"လာပြန်ပြီလား? အစ်မ နင် ဘာကိုဆိုလိုတာလဲ ငါနားလည်ပါတယ်..."
"ဟင်?!"
"အခုနားလည်ပြီလား?!"
လီချင်းဟဲ ဝမ်းသာသွားသည်။
အရိပ်အမြွက်က တကယ်ပဲ ချောချောမွေ့မွေ့ အလုပ်လုပ်ခဲ့တာလား။
မိုက်တယ်!
မူလက အရိပ်အမြွက်ပြောဖို့ အချိန်ပိုယူဖို့ တွေးထားခဲ့ပေမယ့် အခု လီကျစ်ရွှမ်း နားလည်သွားပြီဆိုတော့ ဒုက္ခကို ကယ်တင်လိုက်မိတာပဲ။
ဒီမိုက်မဲတဲ့ ကောင်မလေးက တစ်နေ့ သူ့လမ်းကို လျှောက်လာလိမ့်မယ်။
သို့သော် အကြာကြီး မပျော်နိုင်ခင် လီကျစ်ရွှမ်း ဆက်ပြောသည်။
"ဆရာ ဆုံးပါးသွားလို့ ဝမ်းနည်းနေပြန်ပြီ မဟုတ်လား အစ်မချင်းဟဲ... ဒါပေမယ့် နင်လည်း အမြဲတမ်း ရှေ့ဆက်နေရမယ်... ကိုယ့်ကိုကိုယ် လိမ်လို့မရဘူး နင်က ဆရာတူအစ်ကိုနဲ့ ဆက်သွားနေပြီမို့ နင့်အရိပ်ကို အမြန်ဆုံး ထားခဲ့သင့်တယ်"
လီကျစ်ရွှမ်း တစ်ဖက်လူကို စိုးရိမ်သောကဖြင့် ကြည့်ကာ ထူးဆန်းစွာ သနားသွားလေသည်။ သူမ၏ အစ်မဝမ်းကွဲသည် အမြဲတစေ ကျန်းဟိုင်ဓားနတ်ဘုရား၏ ပရိတ်သတ်ထဲက တစ်ယောက် ဖြစ်ခဲ့သည်လေ။
ဒါပေမယ့် အခု မြေးတပည့်ဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ သူမ ကျန်းဟိုင်ဓားနတ်ဘုရားကကို တစ်ကြိမ်မျှပင် မတွေ့ဖူးသေးပေ။ ၎င်းကို တောင့်တသော်လည်း မတတ်နိုင်သဖြင့် နောင်တတွေသာ ခံစားနေရသည်။
"အင်း..."
လီကျစ်ရွှမ်း သက်ပြင်းချလိုက်ပြီး :"အစ်မချင်းဟဲ... နင်လည်း အဲဒါကို အမြန်ကျော်ဖြတ်သင့်တယ်"
"ငါ...အဲဒါကို ဆိုလိုတာမဟုတ်ဘူး.... ထားလိုက်ပါတော့"
လီချင်းဟဲ ရယ်မောကာ စိတ်အနှောက်အယှက် ဖြစ်လျက် ကူကယ်ရာမဲ့ ပြောလိုက်သည်။ ဒီလိုကြားရမှ လီချင်းဟဲ နားလည်သွားသည်။ ချင်းယန်က သူ့ဝမ်းကွဲညီမကို ပြောပြဖို့ ရည်ရွယ်ချက်မရှိသလို သူ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ ပါဝင်ဖို့လည်း မလိုအပ်ပါဘူး။
"ကောင်းပြီ အစ်မ... နင်ငါ့ကို နှစ်သိမ့်မနေပါနဲ့တော့ ဆရာဆုံးသွားတော့ နင်လည်း စိတ်မကောင်းဖြစ်နေတယ် ဆိုတာ ငါသိပါတယ် ငယ်ငယ်လေးကတည်းက နင့်အကြောင်းကို ငါသိပြီးသား.... ခက်ခဲတဲ့အခါ အမြဲတမ်း သန်မာချင်ယောင်ဆောင်နေပေမယ့် နင် တကယ်ကို ဝမ်းနည်းနေပြီ"
ထို့နောက် သူမက တိုးတိုးလေးပြောကာ :"အစ်မချင်းဟဲ နင် ဒီရက်ပိုင်းအတွင်း တိတ်တိတ်လေး ငိုနေခဲ့တာပဲမလား...?"
"..."
လီချင်းဟဲ တိတ်တိတ်ဆိတ်ဆိတ်နေပြီး အလွန်စိတ်ပူပန်နေမိသည်။ သူမရဲ့ ညီမလေးက မယုံနိုင်လောက်အောင် လှည့်စားခံနေရပြီ။ ဒါပေမယ့် သူမကိုပြောခဲ့မယ် ဆိုရင်တော့ မိမိဆရာနဲ့ တခြားလူတွေကို ဒုက္ခပေးမိမှာကိုလည်း ကြောက်မိ၏။
"ထားလိုက်ပါတော့"
လီချင်းဟဲ ခေါင်းငုံ့ကာ ကော်ဖီကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဆရာဘိုးဘိုး ဒါကိုလုပ်ကတည်းက သူ့မှာ လျှို့ဝှက်အစီအစဉ် တစ်ခုရှိရမယ်... ဒါက ဖော်ထုတ်မိသွားပြီး သူ့အစီအစဉ်ကို မတော်တဆ ပျက်ဆီးမိသွားရင် ဘယ်လိုလုပ်မလဲ? ဂိုဏ်းကနေ နှင်ထုတ်ခံရမှာလည်း"
အဘိုးအဘွားတွေရဲ့ တိုးတက်မှုအတွက် အစီအစဥ်က အခုထိ အကောင်အထည် မပေါ်သေးဘူး!!
"အဆင်ပြေရဲ့လား အစ်မချင်းဟဲ?"
လီကျစ်ရွှမ်းသည် လီချင်းဟဲ မျက်နှာပေါ်က ထူးဆန်းသော အမူအရာကို မြင်လိုက်ရသဖြင့် သူမကို စိတ်ပူသွားသည်။
"စိတ်မပူပါနဲ့...အစ်မချင်းဟဲ ငါ့အတွက်လည်း စိတ်မပူနဲ့...
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ငါ အဆင်ပြေနေပါတယ် ငါ့ရဲ့ အောင်မြင်မှုတွေက ချောမွေ့တယ် အတားအဆီးတွေ အများကြီးကိုလည်း ကျော်ဖြတ်ခဲ့ပြီးပြီ...ငါ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာရင် မတူတဲ့ လီကျစ်ရွှမ်းကို တွေ့လိမ့်မယ်!"
"ဟုတ်ပြီ"
လီချင်းဟဲ ခေါင်းငုံ့ကာ ကော်ဖီသောက်ရင်း သူ့ဝမ်းကွဲ၏ မျက်လုံးများကို မတွေ့ဝံ့ပေ။ သူမ အပြစ်ရှိတဲ့ အသိစိတ်နဲ့ ပြောလိုက်တယ်။
“ဒါဆို နင် အကျင့်ကောင်းကို ဆက်လုပ်ပါ... နင် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့နေ့ကို ငါစောင့်နေမယ်”
...
နောက်နေ့။ မနက်စောစော။
စာကြည့်တိုက်။
သားရဲဒီရေပြီးနောက် လေထုသည် ဘဝ၏ ကမောက်ကမများဖြင့် ပြည့်နှက်လာသည်။ ဤကမ်းရိုးတန်းမြို့သည် လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး အလုပ်လုပ်ကိုင်ရန် စာကြည့်တိုက်သို့ လာသူ လူများလည်း ပိုများလာပါသည်။
အဝင်ဝမှာ တန်းစီ ထိုင်နေဖို့ ခုံတန်းရှည်ကြီးကိုလည်း ဖြန့်ချထားသည်။
"မဆိုးပါဘူး..."
ချင်းယန် ဖြတ်သွားသော အဖြူအမည်း ဝန်ထမ်းတွေကို ကြည့်ပြီး သူ၏ ဝန်ထမ်းကတ်ကို လှည့်ကြည့်လိုက်သည်။ သူသည် နာရီဖြတ်ကောင်တာဆီသို့ အေးအေးဆေးဆေး လမ်းလျှောက်ကာ ဖွင့်လိုက်သည်။ လမ်းတစ်လျှောက်တွင်လည်း ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များစွာကို တွေ့ရ၏။
"မင်္ဂလာနံနက်ခင်းပါ ချင်းယန်!"
"သူ နောက်ဆုံး စာကြည့်တိုက်မှာပဲ နေခဲ့တာ ထင်တယ်"
"သူတကယ်ကံကောင်းတာပဲ... သားရဲဒီရေ တက်နေတဲ့ အချိန်မှာတောင် နေရဲတယ်"
"သားရဲဒီရေကျလာတော့ သူနဲ့ တာဝန်ခံပဲ စာကြည့်တိုက်တစ်ခုလုံးမှာ ရှိတယ် လုံခြုံရေးအစောင့်တွေတောင် ထွက်ပြေးသွားခဲ့တာတဲ့!"
"..."
ဆွေးနွေးသံများ ဆက်ကြားနေရသည်။ ချင်းယန် ဘာမှ မပြောဘဲ တည်ငြိမ်စွာ ပြုံးကာ ရှောင်ပိုင်နှင့်အတူ ရိုးရိုးရှင်းရှင်း အလုပ်ဆက်လုပ်သည်။ သားရဲဒီရေ ပြီးသွားခဲ့ကတည်းက စာကြည့်တိုက်မှာ သူ့ဂုဏ်သတင်းက တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့သည်။
သို့သော် သူ အလုပ်သွားရသေးသည်။
"ချင်းယန်!"
ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသည်။ ချာကနဲ လှည့်ကြည့်လိုက်တော့ တာဝန်ခံက သူ့နောက်ကို လိုက်လာနေတာကို တွေ့လိုက်ရ၏။ ထိုလူက ဒူးထောက်မိလုမတတ် မောပန်းနွမ်းနယ်နေရှာသည်။
"ခဏနေဦး... မင်းဘာလို့ အမြန် လမ်းလျှောက်နေတာလဲ...ငါက အသက်ကြီးပြီ မင်းကို လိုက်မမီနိုင်တော့ဘူး"
"ကျွန်တော် အခုပဲ အလုပ်အတွက် လောနေတာပါ... ဒီနေ့ကျွန်တော်တို့မှာ ဖောက်သည်တွေ အများကြီးရှိနေတယ်လေ... အဲဒါကြောင့် အချိန်မီကြိုတင် ပြင်ဆင်ရမယ် မဟုတ်ရင်နောက်ပိုင်းမှာ ဒုက္ခတွေ များလာလိမ့်မယ်"
"မဆိုးပါဘူး"
တာဝန်ခံက တည့်တည့်မတ်မတ် ကျေနပ်စွာ ခေါင်းညိတ်ကာ ချင်းယန်၏ ရင်ဘတ်ကို ပုတ်လိုက်သည်။
"မင်းရဲ့ လေးနက်မှုကို ငါလေးစားပါတယ်... သားရဲဒီရေတုန်းက မင်းကို အပိုဆုကြေး ပေးမယ်လို့ ပြောခဲ့တာ မင်းမှတ်မိလား"
"ဟင်? အခုပေးတော့မလို့လား?"
ချင်းယန် အံ့အားသင့်သွားသည်။ သူဒါကို သိပ် မမျှော်လင့်ထားပါဘူး။
"အင်း... မင်း ဒီအကြောင်း လာပြောတာ အားလုံး အဆင်သင့်ဖြစ်နေပြီ ဒီရေတက်ချိန်တုန်းက မင်းရဲ့စွမ်းဆောင်ရည် အကြောင်း ခေါင်းဆောင်ပိုင်းကို တင်ပြခဲ့ပြီးပြီ သူတို့က မင်းကို ရာထူးတိုးပေးဖို့ ဆုံးဖြတ်ခဲ့တယ်"
"ကျေးဇူးတင်ပါတယ် တာဝန်ခံ! ဧရိယာ ၁ မှာ ဂိုဒေါင်စစ်ဆေးရေးမှူး ရာထူးများလား"
"မဟုတ်ဘူး အဲဒါထက် ပိုမြင့်တယ်"
တာဝန်ခံက ခေါင်းယမ်းပြပြီး ဝန်ထမ်းတံဆိပ်ကို ညွှန်ပြကာ ပြုံးပြသည်။
"တာဝန်ခံလား"
"ဒီနေ့ကစပြီး မင်းက စာကြည့်တိုက်ရဲ့ တာဝန်ခံအသစ်ပဲ အလုပ်ကြိုးစားပါ... ငါ့ကိုစိတ်မပျက်စေနဲ့နော်"
"...ကျွန်တော်က တာဝန်ခံ ဖြစ်လာမှာလား"
ဒါကိုကြားတော့ ချင်းယန် သူ့ကို ချီတုံချတုံနဲ့ ပြန်ကြည့်လိုက်သည်။
"ဒါဆို ကျနော် တာဝန်ယူပြီးရင် ခင်ဗျားက ဘယ်သွားမှာလဲ"
"ငါ့လို အရိုးဟောင်းတွေကို မေ့လိုက်ပါ"
တာဝန်ခံက လက်ကိုဝှေ့ယမ်းလိုက်သည်။
"ငါက လမ်းလျှောက်ဖို့တောင် အသက်ကြီးနေပြီ... ဒီရေပြီးတော့မှ ငါ တစ်ချက် နားလည်သွားတာ... ဒီကမ္ဘာကြီးက မင်းတို့လူငယ်တွေကပဲ ပိုင်တာပါ...ငါတို့ လူကြီးတွေက အိမ်ပြန်ပြီး မြေးတွေကို ပွေ့ဖက်ဖို့ အချိန်တန်ပြီ"
"ကျွန်တော်နားလည်ပါတယ်။"
ဒါကိုကြားတော့ ချင်းယန် အရမ်းစိတ်လှုပ်ရှားသွားသည်။
သားရဲဒီရေတိုက်ခိုက်မှု ကျော်လွန်သွားသော်လည်း သာမန်လူများအတွက် စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲမှာ မှန်းဆ၍မရနိုင်သော သေလုမျောပါး ခြိမ်းခြောက်မှုကြီး တစ်ခုဖြစ်သည်။ ရှေးရိုးစွဲအမြင်ဖြင့် စိတ်ပညာရှင်များသည် ဤကာလအတွင်း သတ်ဖြတ်မှုကို ပြုလုပ်ခဲ့သည်။
ချင်းယန် သူ့ရှေ့မှ တာဝန်ခံကို ကြည့်ကာ နောက်ဆုံး ကောင်းချီးတစ်ခု ပေးချင်သွားသည်။
"ခင်ဗျား ပျော်ပျော်ရွှင်ရွှင် အနားယူနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်... အလုပ်ကိုတော့ ကျနော့်လက်ထဲ အပ်ထားခဲ့လိုက်ပါ"
"ကောင်းပြီ မင်းမေးစရာတွေရှိရင် ငါ့ကိုခေါ်လိုက်ပေါ့"
တာဝန်ခံက သူ့လက်ကို ဆန့်တန်းကာ ဖုန်းအမူအရာလုပ်ကာ ညွှန်ကြားချက် အနည်းငယ်ပေးပြီးနောက် စာကြည့်တိုက်က လှည့်ထွက်သွားခဲ့သည်။
….
"ဂုဏ်ယူပါတယ် သခင် နောက်ထပ် ရာထူးတိုးသွားပြီ!!!"
အဖြူရောင်လေးက ချင်းယန်၏ ဘောင်းဘီ ခြေထောက်ကို ပွတ်သပ်ကာ နမ်းရှုတ်ဖို့ အခွင့်အရေးကို ရယူလိုက်သည်။
"သခင်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ဆို သခင် တစ်နေ့ စာကြည့်တိုက် ပိုင်ရှင်ပါ ဖြစ်လာလိမ့်မယ်"
"ကောင်းပြီ ငါဒီနေ့စိတ်ကောင်းဝင်နေတယ်..."
ချင်းယန် ရှောင်ပိုင်ကို သူ့လက်နှစ်ဖက်ဖြင့် မြှောက်လိုက်ပြီး ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
“ငါ နိယာမနှလုံးသားကို နောက်ထပ် နာရီဝက်လောက် ပေးနမ်းခိုင်းမယ်”
"အင်း အင်း!"
…………..
ညနေစောင်းပြီ။
ညအမှောင်က ကျန်းဟိုင်ကိုကျော်စပြုလာပြီမို့ လမ်းတွေပေါ်မှာ နီယွန်မီးတွေ လင်းနေခဲ့သည်။
ကျန်းဟိုင် လေဆိပ်။
ဟူး~
ပျံသန်းမှုပေါင်းများစွာ ဆင်းသက်ခဲ့ပြီး မြေပြင်ပေါ်ရှိ မီးပွိုင့်များက အနီရောင်နှင့် အပြာရောင်တို့ကြား လှည့်ပတ်လျက်ရှိသည်။ ကတ္တရာလမ်းပေါ်တွင် အင်ပါယာမြို့တော်မှ လေယာဉ်တစ်စင်း ဆင်းသက်ခဲ့သည်။
ခရီးသည်များသည် ဂိတ်ပေါက်မှ ထွက်လာကြပြီး အေးမြသောလေကို ရှူရှိုက်ရင်း လေဆိပ်ဘတ်စ်ကားကို စောင့်နေသည့် လမ်းဘေးတွင် ရပ်နေကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည်လည်း လူအုပ်ကြားတွင် ငြိမ်သက်စွာ ဆင်းသက်လာသည်။ ဘရိုကိတ် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့အမူအရာက ဂုဏ်သိက္ခာရှိသူလို အသွင်မျိုးဖြစ်ကာ တခြားသူတွေနဲ့ လုံးဝမတူဘဲ အကြည့်များစွာကို ဆွဲဆောင်နေ၏။
အထူးခြားဆုံးအချက်မှာ သူ့နောက်ကျောတွင် ထမ်းထားသော လေးနက်ကြီးပဲ ဖြစ်သည်။ ထိုလေးသည် မြွေများစွာ ရောယှက်လျက် အဓိပ္ပာယ်ပြည့်ဝသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံများဖြင့် ထွင်းထုထားပါသည်။
"နောက်ဆုံးတော့ ကျန်းဟိုင်ကို ရောက်ပြီ"
လူလတ်ပိုင်းအရွယ်က သူ့ဘေးနားက လူတွေရဲ့ အကြည့်တွေကို ခံစားမိပေမယ့် သူတို့ကို စိတ်ထဲမထားပါ။ လူစုလူဝေးနှင့် တိတ်တဆိတ် ခွဲခွာပြီး အနီးဆုံး ပွင့်လင်းသော နေရာသို့ ဦးတည်သွားခဲ့သည်။
မကြာခင်မှာပဲ သူ့ရဲ့ရုပ်သွင်က ခုန်ပေါက်သွားကာ ဟိုးအဝေးက မီးရောင်တွေကို ငေးကြည့်ရင်း အမြင့်ကို ခုန်တက်သွားလေသည်။
"ကျန်းဟိုင် လေးနတ်ဘုရား?"
"ဘယ်သူဖြစ်နိုင်လဲ?"
လျိုဝူရွှမ်း မျက်ခုံးပင့်ကာ လျှို့ဝှက်ဆန်းကြယ်သောလေးကို နောက်ကျောမှ ဖြုတ်ကာ ဒေါသတဟုန်းဟုန်း တောက်နေသော လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်လိုက်သည်။
"မင်း ငါ့ကို နားမလည်နိုင်လောက်တဲ့ တစ်ခုခုအတွက် အပြစ်လုပ်ထားတယ်... မင်းကို တွေ့လို့ကတော့ ဘယ်တော့မှ ခွင့်မလွှတ်ဘူး!"