← Chapters

ဗီဒီယိုပေါက်ကြားသွားခြင်း (2)

Vol. 30 Ch. 294

ဗီဒီယိုပေါက်ကြားသွားခြင်း (2)

Vol. 30 Ch. 294

ဂျစမင်၏ အဖေဖြစ်သူက သမီးသုံးယောက်မှာ အနာဂတ်တွင် စီးရေကဲ့သို့ဖြစ်သွားပြီး အားကိုး၍ရနိုင်တော့မည်မဟုတ်ဟု ပြန်ပြောခဲ့သည်။ သူက မုဆိုးမ၏သားကိုသာ ပျိုးထောင်ရန် မျှော်လင့်ချက်ထားနေပြီး သူအသက်ကြီးလာသည့်အခါ ပြန်စောင့်ရှောက်ပေးရန် မျှော်လင့်ထားခဲ့သည်။

ဂျက်စမင် ဆယ်ကျော်သက် မရောက်ခင်အထိ သူမတို့မိဘများမှာ ထိုသို့ပင် နေထိုင်ခဲ့ကြ၏။

ဂျက်စမင် ငယ်စဉ်အခါက သူမတွင် ခေါင်းမာတတ်သည့် အကျင့်ရှိ‌သည်။ သူမ၏ အဖေလုပ်ခဲ့သည့် ကိစ္စများကို သိထားသည့်အတွက် သူ့ကို သဘောမကျတော့ပါပေ။

ရလဒ်အနေနှင့် သူမက ခဏခဏအ‌ရိုက်ခံရသည်။ သူမ၏အဖေက သူမ၏နှာခေါင်းကို ထိလုအောင် လက်ညိုးငေါက်ငေါက်ထိုးကာ ဆူပူကြိမ်းမောင်းသည်။

“ကိုယ့်အဖေကိုယ် အဲလို စိုက်ကြည့်ရဲတယ်လား.. ငါ နင့်ကို သေအောင်ရိုက်သတ်မယ်၊ အကျိုးမရှိတဲ့ ဆန်‌ကုန်မြေလေးမတွေ”

‌နောက်ပိုင်းတွင် ညီအစ်မသုံးယောက်က လက်ထပ်သွားကြပြီး မိခင်ဖြစ်သူမှာလည်း ငယ်စဉ်က ဒုက္ခများနှင့် နာကျင်ခံစားခဲ့ရသည်ဖြစ်ရာ ပျော်ရွှင်သုခကို နှစ်အနည်းငယ်မျှသာ စံစားရပြီးနောက် ဆုံးပါးသွားလေတော့သည်။

ဂျက်စမင်က ဒေါသတကြီးပြောလာ၏။

“အဲဒီအဘိုးကြီး အခုလောက်ဆို အသက် ၇၀ ကျော်ရှိရောပေါ့.. လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက သူက သူ့သားရတနာလေးကိုပဲ ဂရုစိုက်ပုံအောထားခဲ့တာလေ

ဒါပေမဲ့ ဟိုက သူ့ကို ပြန်ပြီး ဂရုမစိုက်ဘူး.. ဘာမှလည်း ဖြစ်ထွန်းတာမရှိ၊ သူ့အဖေကိုပဲ မှီခိုနေရတုန်း”

“ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူက ကျွန်မတို့ ညီအစ်မသုံးယောက်ကို တိတ်တိတ်လေးဆက်သွယ်လာပြီး သူ့ကို စောင့်ရှောက်စေချင်တယ်တဲ့.. ဟာသပဲ”

ဂျက်စမင် ဤသို့ဒေါသတကြီး ပြောပြီးနောက် ကုကျစ်စုန့်က စကားဆက်လိုက်သည်။

“ရှင့်ရဲ့ အိမ်ထောင်ရေးနန်းတော်အရ ရှင်လက်ထပ်ထားတာ ၂၅ နှစ်လောက်ရှိပြီ.. ရှင့်ရဲ့အမျိုးသားကတော့ ပိုပြီးတော့ သောင်းကျန်းတတ်တဲ့ အကျင့်ရှိတယ်..

သူ့ဘဝနန်းတော်ခွင်အရ သူက လောကစည်းမျဉ်းတွေကို ချိုးဖောက်ပြီး နှစ်ကြိမ်သုံးကြိမ်လောက် ထိန်းသိမ်းခံရဖူးတယ်.. ရှင်တို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်”

“သားအကြီးက ဒီနှစ်ဆို ၂၁ နှစ်ရှိပြီ.. ကျောင်းသွားဖို့ အိမ်ကနေ ထွက်သွားရတယ်.. သူက ကောလိပ်မှာ ဒုတိယနှစ်ရောက်နေပြီ.. ပြီးတော့ သမီးအငယ်ကတော့ အထက်တန်းကျောင်းသူပဲ”

ဤသည်ကို ကြားလျှင် ဂျက်စမင်က ခေါင်းငြိမ့်ကာ ပြောသည်။

“ဟုတ်ပါတယ်.. ကျွန်မမှာ ကလေးနှစ်ယောက်ရှိတယ်”

သူမက သက်ပြင်းချလိုက်သည်။

“ကျွန်မရဲ့အမျိုးသားက ငယ်ငယ်တုန်းက အရှုပ်တွေအများကြီးလုပ်ခဲ့တာ.. အဲဒီအချိန်တုန်းက ရေပန်းစားတဲ့ တီဗီဒရာမာတွေက ငယ်ရွယ်ပြီး အန္တရာယ်များကြတဲ့ အကြောင်းတွေပဲလေ

သူနဲ့ သူ့ညီအစ်ကိုကောင်းဆိုတဲ့သူတွေက အပြင်ထွက်ပြီး တစ်နေ့‌တစ်နေ့ ဂိုဏ်းအသေးလေးတွေ ဖွဲ့တယ်.. ရန်ဖြစ်မှုနဲ့လဲ နှစ်ခါထိန်းသိမ်းခံရဖူးတယ် ကျွန်မကတော့ ဘာမှမပြောနိုင်ခဲ့ပါဘူး.. ဒေါသတွေကို မျိုချပြီး သေသွားရင်ကောင်းမယ်လို့ပဲ တွေးမိနေခဲ့တယ်”

“ကံကောင်းထောက်မစွာနဲ့ပဲ ကလေးတစ်ယောက်ရလာတော့ သူက အကျင့်ဆိုးတွေကို တဖြည်းဖြည်းပြောင်းလဲပြီး အပြင်လည်း သိပ်မထွက်တော့ဘူး”

ကုကျစ်စုန် ခေါင်းညိတ်ပြီး ဆက်ပြောခဲ့သည်။

“ရှင့်ရဲ့နှာခေါင်းထိပ်က ထူပြီးနည်းနည်းပြားတယ်.. ရှင့်မှာ ချမ်းသာမှုကို ကိုယ်စားပြုတဲ့ နှာတံမြင့်ပေါင်းကူးမှုမရှိပေမဲ့ ထိပ်ဖျားက ရေစက်ပုံစံလိုမျိုးပဲ.. ဆိုလိုတာက ရှင်တို့မိသားစုက အသေးစားစီးပွားရေးတစ်ခု လုပ်ကိုင်နေပြီး အတန်အသင့်ချမ်းသာတဲ့မိသားစုလို့ ပြောနိုင်တယ်”

“ရွှေကြိုးမျှင်နေရာနဲ့ မေးစေ့နေရာအစွန်းမှာ နည်းနည်းထူနေတယ်.. ဒါက ခြွေရံသင်းပင်းနန်းတော်ပဲ. ရှင်တို့မိသားစုမှာ အလုပ်ခန့်ထားတဲ့အလုပ်သမားတွေလည်း ရှိပြီး ရှင်တို့က အလုပ်ရှင်တွေဖြစ်လိမ့်မယ်”

ထိုစကားကိုကြားလျှင် ဂျက်စမင်က အံ့ဩမင်သက်သွားပြီး ခေါင်းငြိမ့်ကာ မှန်ကန်ကြောင်း ပြောရုံမှလွဲ အခြားပြောစရာမရှိတော့ပေ။

“တောက်ကျန့်.. ရှင်က ဒါကိုတောင် ပြောနိုင်တယ်ပေါ့”

ဂျက်စမင်က ပြောလိုက်သည်။

“ကျွန်မတို့မိသားစုက တကယ် စီးပွားရေးလုပ်ငန်းအသေးလေး လုပ်နေတာပါ.. ဆေးရွက်ကြီးနဲ့ အဖျော်ယမကာဆိုင်ကို အိမ်နားမှာ ဖွင့်ထားတာလေ.. ဖွင့်ထားတာ ဆယ်နှစ်တော့ ကျော်ပြီ.. ညဘက်မှာ ဆိုင်ကို စောင့်ဖို့အတွက် အလုပ်သမားလည်း ငှားထားတယ်”

“ဘာလို့လဲဆိုတော့ ကျွန်မက ညဘက်ကိုရောက်တဲ့အချိန် အိမ်ပြန်ပြီး သမီးရဲ့ကျောင်းစာတွေ ကူကြည့်ပေးရတယ်.. သူမက အထက်တန်းလေ. ကျွန်မအမျိုးသားကတော့ အဲဒီခိုလှောင်အိမ်လောက်ပဲရှိတဲ့ ဆိုင်လေးနဲ့ စီးပွားရေးစိတ်မချနိုင်ဘူးတဲ့.. ဒါကြောင့် သူ ညဘက်တွေဆို အပြင်ထွက်ပြီး အချိန်ပိုင်း driver အနေနဲ့ အလုပ်လုပ်တယ်”

“အခုပြောခဲ့တာတွေက ရှင်နဲ့ ရှင်တို့မိသားစုရဲ့ ယဘုယအကြောင်းအရာတွေပဲ”

ကုကျစ်စုန့်က ပြောလိုက်သည်။

“အခု ပိုလေးနက်တဲ့အကြောင်းလေး ဆွေးနွေးရအောင်.. မျက်လုံးအောက်က ပါးပေါ်တွေမှာ အရေးကြီးတဲ့ နန်းတော်နှစ်ခွင်ရှိသေးတယ်.. မျက်ရည်ခံနားမှာ ရှိတဲ့အပေါ်တစ်ခုက အမျိုးသား အမျိုးသမီးနန်းတော်ဖြစ်ပြီး အစက်နားမှာရှိတဲ့ အောက်တစ်ခုကတော့ သားသမီးနန်းတော်ပဲ”

“အစ်မရဲ့မျက်နှာကို ကြည့်လိုက်တော့ အစက်ဖျော့ဖျော့အလွှာက မျက်နှာဘယ်ဘက်မှာ ရှိနေတယ်.. အမည်းစက်လေးတွေလဲ ရှိခဲ့မှာပဲ.. ဒါပေမဲ့ မျက်နှာဘယ်ဘက်က အစက်တွေကတော့ အခုတလောမှ ပိုမည်းလာတာ”

ယင်းကိုကြားလျှင် ဂျက်စမင်က မျက်နှာဘယ်ဘက်ကို ထိပြီး ပြောလိုက်သည်။

“ဟုတ်တယ်.. အခုတလော အစက်လေးတွေ ပိုများလာတာ၊ ဒီမနက်ကတင် ကျွန်မသမီးကို ဖြူဝင်းအစက်ပျောက်ကင်းတဲ့ အလှကုန်တွေ မေးကြည့်ခဲ့သေးတယ်.. ဝယ်သုံးကြည့်မလို့လေ”

ကုကျစ်စုန့်က ပြောသည်။

“အသုံးဝင်မှာမဟုတ်ဘူး.. အဲဒီအစက်ဖျော့တွေက သဘာဝအတိုင်းပေါ်လာတာမဟုတ်ဘူး”

“ဘယ်ဘက်က ယောင်ချန်းက သားကိုရည်ညွှန်းတယ်.. အသားအရည်ပေါ်မှာ အဝါစက်ဖျော့ဖျော့အလွှာကလဲ ပေါ်နေတယ်.. ဘေးဒုက္ခအတားအဆီးရဲ့ ဖုံးအုပ်ထားခံလိုက်ရပြီးတဲ့နောက် ပေါ်လာတာ..

ဒါကို ဖယ်ဖို့ ရုပ်လွန်နည်းလမ်းတွေကို မသုံးရင်၊ ဒါမှမဟုတ် အဲဒီအမှတ်ကိုယ်စားပြုတဲ့ လူရဲ့ကံကြမ္မာကို မပြောင်းပေးရင် အဲဒါက ပျောက်သွားမှာမဟုတ်ဘူး”

ကုကျစ်စုန့်က “သားရတနာ” နှင့် “ဘေးဒုက္ခအတားအဆီး”အကြောင်းကို ပြောလိုက်သည့်အချိန်တွင် ဂျက်စမင်က မလွယ်ကူသည့်ခံစားချက်ကိုရလိုက်သည်။

ထို့နောက် ကုကျစ်စုန့် ဆက်ပြောသည်ကို သူမကြားလိုက်ရတော့သည်။

“ဆိုလိုတာက အစ်မရဲ့သားက သေခြင်းတရားနဲ့ နီးစပ်နေတာ၊ ဒါမှမဟုတ် သူ့ဘဝတစ်ခုလုံးကို သက်ရောက်သွားစေမဲ့ ဘေးဒုက္ခကြီးတစ်ခုရှိနေတာပဲ”

ဂျက်စမင် : “?!!”

ပရိသတ်ကြီး : “?!!”

[ဘုရားရေ.. ကြီးကြီးမားမားတစ်ခုခုဖြစ်တော့မှာလား]

[ဘုရားဘုရား... ငါ့မျက်နှာမှာလဲ မှဲ့ခြောက်တွေရှိနေတာ.. ကိုယ့်မျက်နှာကိုယ်ထိရမှာတောင် ကြောက်လာပြီ။.. ငါက ဆင်ဂယ်ခွေးလေးဖြစ်ပြီး သားလည်းမရှိ၊ သမီးလည်းမရှိပါဘူးဟာ QwQ]

ဂျက်စမင်မှာ စိတ်ပူစွာ မေးလိုက်သည်။

“ဘယ်လိုဖြစ်ရတာလဲ တောက်ကျန့်.. ကျွန်မရဲ့သားလေးမှာ ဘယ်လိုဘေးဒုက္ခရှိနေတာလဲ.. ဖြေရှင်းလို့ရော ရလားဟင်”

ကုကျစ်စုန့်က ပြောလိုက်သည်။

“သားဖြစ်သူရဲ့ ဓာတ်ပုံရှိလား.. လောလောလတ်လတ်ကမှ ရိုက်ထားတဲ့ပုံဆို ပိုကောင်းတယ်.. ပိုပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လေ”

ဂျက်စမင်က ခေါင်းငြိမ့်သည်။

“အခုပဲ ပို့ပေးလိုက်ပါ့မယ်”

သူမက သားဖြစာကို ဖုန်းခေါ်ဆိုလိုက်လေသည်။

တစ်ဖက်က ဖုန်းကိုင်လိုက်သည်နှင့် သူမ အော်ဟစ်တော့သည်။

“အခုချက်ချင်း မင်းရဲ့မျက်နှာကို ဓာတ်ပုံရိုက်ပြီး အမေ့ကို ပို့ပေးစမ်းပါ.. မြန်မြန်နော် အိုး.. ပို့ခိုင်းရင် ပို့လိုက်ပေါ့.. ဘာတွေ လျှာရှည်နေတာလဲ”

နှစ်မိနစ်ကြာပြီးနောက် ဂျက်စမင်က သူမ သား၏ ဓာတ်ပုံကို ကုကျစ်စုန့်ဆီသို့ သီးသန့်ပို့လိုက်ပြီး ကုကျစ်စုန့်၏ စကားကို စိတ်ပူပန်စွာဖြင့် စောင့်နေခဲ့သည်။

ပုံရပြီးနောက် ကုကျစ်စုန်က ပုံကိုနှိပ်ကာ တစ်ချက်ကြည့်ရုံဖြင့်ပင် တစ်ခုခုမှားနေကြောင်းကို တွေ့လိုက်သည်။

စခရင်ပေါ်မှကောင်လေးသည်က ရည်မွန်သည့် အသွင်အပြင်မျိုးရှိသည်။ သို့သော် မျက်လုံးအောက်တွင် အရိပ်မည်းအနည်းငယ်ရှိနေလေ၏။

ထိုနေရာက “အမျိုးသား အမျိုးသမီးနန်းတော်”ပင်ဖြစ်သည်။

သူတွင် ထင်ရှားသည့် အချစ်ရေးလမ်းကြောင်းရှိပြီး တစ်နှစ်ပင်ကျော်လိမ့်မည်။ ကောလိပ်သို့ရောက်ပြီး သိပ်မကြာခင် လက်တွဲခဲ့ခြင်းဖြစ်ပြီး ဒုတိယနှစ်ရောက်သည်အထိပင် ဆက်ဆံရေးက ခိုင်မြဲနေပုံပင်။

အချစ်ရေးလမ်းကြောင်း၏ ပြတ်သားမှုနှင့် အားအင်မတည်မငြိမ်ဖြစ်နေခြင်းတို့အရ လူငယ်စုံတွဲ၏ဆက်ဆံရေးက အလွန်ကောင်းပြီး အလွန်ချစ်ကြမည့်ပုံရသည်။

တစ်ယောက်နှင့်တစ်ယောက်လည်း လိုက်ဖက်သည်။ ဆက်ဆံရေးကသာ ချောမွေ့နေမည်ဆိုလျှင် တူညီကျောင်းဝတ်စုံမှသည် လက်ထပ်ဝတ်စုံအထိ သွားပြီး မိသားစုတစ်ခုထူထောင်ရန်မှာ မဖြစ်နိုင်သည့်ကိစ္စတော့မဟုတ်ချေ။

သို့သော် ထူးဆန်းသည့်အရာတစ်ခုမှာ ကောင်လေး၏ မျက်လုံးအောက်တွင် အလွန်ထင်ရှားသည့် မီးခိုးနီရောင် အငွေ့အသက်ရှိနေခြင်းပင်။

အငွေ့အသက်မှာ ပြင်းထန်လွန်းရကား သူ့အနာဂတ်လမ်းကြောင်းနှင့် ဘဝကိုပါ ပြောင်းလဲသွားစေနိုင်၏။

ယေဘုယျအားဖြင့်ဆိုလျှင် အမျိုးသားအမျိုးသမီးနန်းတော်တွင် တွေ့ရသည့် ဤအငွေ့အသက်က “မက်မွန်ပွင့်မိစ္ဆာ”ဟု ခေါ်သည်ပင်။

နာမည်အတိုင်း ဤဘေးဒုက္ခက တစ်ယောက်၏ မက်မွန်ပွင့်မှ ဖြစ်စေခြင်းပင်။

သို့သော် ဂျက်စမင်၏ သားက ထူးခြားသည်။

ပထမအချက်အနေနှင့် သူ့ကောင်မလေးက သူနှင့် ဆက်ဆံရေးကောင်းရှိကာ လှံနဲနှစ်ဖက်နင်းခြင်း၊ ဖောက်ပြန်ခြင်းတို့ကိုလည်း လုပ်မည်မဟုတ်ပေ။ သူမက သူ့ကို အန္တရာယ်ပြုမည်တော့မဟုတ်။

ဒုတိယအနေဖြင့် ကုကျစ်စုန့်က ကောင်လေး၏ ခံစားမှုဆိုင်ရာလမ်းကြောင်းကို တွက်ချက်ပြီးနောက်တွင် ကောင်မလေး၏ “မက်မွန်ပွင့်မိစ္ဆာ”က ပို၍ပင် ပြင်းထန်ကြောင်း သိရှိသွားသည်။

ကောင်လေး၏ ကံကြမ္မာက အားနည်းမှိန်ဖျော့နေသည်ဆိုလျှင် ကောင်မလေး၏ ဘဝမှာတော့ လုံးဝကိုအန္တရာယ်ထဲ ကျနေလေပြီ။

ကုကျစ်စုန့်က ဤလူငယ်နှစ်ယောက်ဆီမှ နတ်ဆိုး‌အငွေ့အသက်နှင့် ဘေးဒုက္ခက သဘာဝအတိုင်းဖြစ်ခြင်းမဟုတ်ဘဲ သဘာဝလွန်စွမ်းအားများကြောင့်ဖြစ်ကြောင်း အမြန်ပင်သတိပြုမိလိုက်သည်။

သူမက ရှေးဟောင်းအကြွေစေ့များကို ထုတ်ကာ ကောင်လေး၏ ဇာတာနှင့် သူမ တွေးနေသောမေးခွန်းများကို ဂမ္ဘီရနည်းဖြင့် ထုတ်ဖော်နေခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကင်မရာကိုကြည့်ကာ ဂျက်စမင်နှင့် ပရိသတ်ကို ပြောလိုက်သည်။

“ရှင့်သားရဲ့ ဘေးဒုက္ခက ပိုပြီးအတွင်းရေးကျသလို ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုလည်း ဖြစ်လို့ တိုက်ရိုက်ထုတ်လွှင့်မှုကို သီးသန့်ခန်းထဲကို ပြောင်းလိုက်ရအောင်”

ဂျက်စမင်မှာ ကြောင်အမ်းသွားပြီး ပရိသတ်များမှာလည်း စခရင်ကို တုံ့ဆိုင်းစွာဖြင့်ပင် ဖယ်ရှားလိုက်ရသည်။ ကုကျစ်စုန့်က ပရိသတ်တို့၏ စိတ်အခြေအနေကို တည်ငြိမ်သွားစေရန်အလို့ငှာ ပြောလိုက်သည်။

“အားလုံးက ဒီအဖြစ်အပျက်ကို ကြည့်ချင်နေကြမယ်ဆိုတာကို သိပါတယ်.. ဒါပေမဲ့ ဒီအစ်မရဲ့သားမှာဖြစ်နေတဲ့ ဘေးဒုက္ခက ကျွန်မ ရှင်းလင်းပေးရမဲ့ နောက်ကိစ္စတစ်ခုပဲ..

ဒါက တော်တော်လေးကို ကိုယ်ရေးကိုယ်တာဆန်တဲ့အတွက် ဒီအစ်မနဲ့ စကားပြောပြီးတဲ့အချိန်ကျရင် တိုက်ရိာက်ခုတ်လွှင်မှုနဲ့ ပြန်ချိတ်ဆက်လိုက်ပါ့မယ်”

[အိုးးး ငါ မပျော်တော့ဘူး.. ဒီလိုပြောလေလေ ၊ ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စက သီးသန့်ချိတ်ဆက်မှုအထိပါ ပြောင်းလိုက်ရတာလဲလို့ ပိုသိချင်လေလေပဲ.. ငါလည်း ဖရဲသီးစားချင်တယ်လို့..]

[ငါ့ကောင်တို့... စုန့်စုန့်က ဒီလိုဆိုလိုတာမဟုတ်ဘူးလေ.. ဂျက်စမင်ရဲ့သားမှာ ကိစ္စတစ်ခုခုဖြစ်နေရုံတင်မကဘူး၊ တခြားလူတစ်ယောက်ကပါ ဒုက္ခရောက်နေတာလည်း ဖြစ်နိုင်တယ်.. ပြီးတော့ ဒါက ရုပ်လွန်ပညာရပ်နဲ့ပဲ ဆိုင်မှာပဲ]

[ငါကတော့ စုန့်စုန့်ရဲ့ ဆုံးဖြတ်ချက်ကို နားလည်ထောက်ခံတယ်.. ပြီးတော့ တခြားသူရဲ့ကိုယ်ရေးကိုယ်တာကိစ္စကိုလည်း လေးစားမှုတစ်ခုရှိတယ်.. ငါတို့စောင့်နေမယ်နော် စုန့်စုန့်..]

All Chapters