← Chapters

ဗီဒီယိုပေါက်ကြားသွားခြင်း (3)

Vol. 30 Ch. 295

ဗီဒီယိုပေါက်ကြားသွားခြင်း (3)

Vol. 30 Ch. 295

တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်ကို သီးသန့်ချိတ်ဆက်မှုအဖြစ် ပြောင်းလိုက်ပြီးနောက် ဂျက်စမင်က အလွန်စိတ်လှုပ်ရှားနေကာ ငြိမ်ငြိမ်ပင် မထိုင်နိုင်တော့ပေ။

"တောက်ကျန့်.. ကျွန်မ သားလေးရဲ့ ပြသနာက ကြီးလားဟင်”

ကုကျစ်စုန့်က ရှုပ်ထွေးနေသည့် အမူအရာဖြစ်နေခဲ့သည်။

“မပြင်းထန်ဘူး.. ဖြေရှင်းဖို့တော့ လွယ်ပါတယ်”

“တကယ်လား”

ဂျက်စမင် အံ့ဩသွားရသည်။

ကုကျစ်စုန့်က ခေါင်းငြိမ့်၏။

“ရှင့်သားရဲ့ဘေးဒုက္ခတစ်ခုလုံးက သဘာဝလွန်ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး.. ပြီးတော့ နတ်ဆိုးအ‌ငွေ့အသက်တွေနဲ့လည်း ရင်မဆိုင်ရသေးဘူး.. သူ့မှာ ချစ်သူကောင်မလေးရှိတယ်ဆိုတာ ရှင်သိလား”

ဂျက်စမင်က ခေါင်းငြိမ့်ကာ ပြောသည်။

“ကျွန်မ သိတယ်.. အရင်က သူ့ရဲ့ နေထိုင်စရိတ်အတွက် တစ်လကို ယွမ် ၁၈၀၀ ပေးတယ်လေ.. အခု သူ ဒုတိယနှစ်ရဲ့ ဒုတိယစာသင်နှစ်ကိုရောက်နေပြီဆိုတော့ ဒီလောက်နဲ့ မလောက်တော့ဘူးလို့ ပြောတယ်

သူပြောတာတော့ သူ့မှာ ကောင်မလေးရနေပြီတဲ့.. ပြီးတော့ အထွေထွေအသုံးစရိတ်တွေကလည်း များတယ်တဲ့.. ဒီတော့ ကျွန်မလည်း သူ့မှာ ကောင်မလေးရှိလာပြီဆိုတော့ သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသင့်တယ်လို့တွေးလိုက်မိတယ်.. ဒါကြောင့် သူ့အတွက်အသုံးစရိတ်ကို ၂၅၀၀ အထိ တိုးပေးလိုက်တယ်”

“သူတို့တွဲလာတာ တစ်နှစ်လောက်ရှိပြီလို့ ပြောတယ်.. သူ အိမ်ပြန်လာတုန်းက သူ့ကောင်မလေးရဲ့ ပုံနှစ်ပုံပဲ ပြဖူးတယ်.. လူကိုတော့ မတွေ့ဖူးသေးဘူး.. တစ်ခုခုဖြစ်လို့လား တောက်ကျန့်.. အဲဒီကောင်မလေးက သူ့ကို ဒုက္ခဖြစ်စေမှာလား”

ကုကျစ်စုန့် ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။

“ရှင် အတွေးလွန်နေပြီ”

သူမက ချောင်းဟန့်လိုက်ပြီးနောက် အလေးအနက်ပြောလိုက်လေသည်။

“သူတို့ ကိုယ်လက်နှီးနှောပြီးသွားပြီဆိုတာကိုရော ရှင်သိလား”

ဂျက်စမင်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

“ကိုယ်လက်နှီးနှောတာ!?! သူ... သူတို့...”

“ဟုတ်တယ်”

“အဲဒီကောင်စုတ်လေးကတော့... သူ ဘယ်လိုတောင် အဲလိုလုပ်ရတာလဲ! ဒါက ကောင်မလေးကို နစ်နာစေမယ်ဆိုတာ မသိဘူးလား.. သူ ဒီလိုလုပ်မယ်လို့ ကျွန်မ မထင်ထားဘူး”

ဂျက်စမင်၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေပြီး ရှက်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။ သူမ၏ အမြင်သဘောထားက ရှေးရိုးစွဲ ရှားတိုင်းပြည်ဘက် အနည်းငယ်တိမ်းနေသည်။ ကိုယ်လက်နှီးနှောမှုက လက်ထပ်ပြီးမှပင် လုပ်သင့်သည်ဟု ယူဆထားလေသည်။

သူမ၏ သားက အိမ်ကို သိပ်ပြီးမှီခိုတတ်သူ မဟုတ်သော်လည်း သူ့မိဘများကို စိတ်ဆိုးပြီးအသက်ထွက်အောင် လုပ်မည့်သူမျိုးတော့ မဟုတ်ပေ။ သူမ၏သားထံတွင် ဤသို့ကိစ္စမျိုးရှိလာမည်ဟုလည်း ဂျက်စမင် မတွေးထားခဲ့ဖူးချေ။

တောက်ကျန့်ပြောတဲ့ ဘေးဒုက္ခဆိုတာက ကောင်မလေးက သူနဲ့ ကိစ္စရှင်း‌ချင်နေတာလား။

ကုကျစ်စုန့်က ပြောလာသည်။

“သိပ်ပြီးလဲ စိတ်မလှုပ်ရှားပါနဲ့.. ရှင့်ရဲ့ သားက ပြစ်မှုကျူးလွန်ခဲ့တာမဟုတ်ကြောင်း ပြောချင်တယ်..

ဒီလိုငယ်ရွယ်တဲ့စုံတွဲက စိတ်သဘောထား ကိုက်ညီပြီး ကောင်းမွန်ကြတယ်.. ပြီးတော့ လူတိုင်းက သူတို့ ကိုယ်ပိုင်အတွေးနဲ့ ဘဝနေထိုင်မှုပုံစံတွေရှိကြတာပဲလေ

လက်မထပ်ခင် အတူနေတာက ခွင့်မလွှတ်နိုင်စရာကိစ္စမဟုတ်ပါဘူး.. မိန်းကလေးနဲ့ ယောကျာ်းလေးက တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးနေသရွေ့ ဒါက ပုံမှန်ပါပဲ.. ကျိုးကြောင်းသင့်လျော်မှုရှိပါတယ်”

သူမက ခေတ်ဟောင်းတွင် နှစ်ရှစ်ရာကျော် အတိတ်မျိုး ရှိခဲ့ပြီး တစ်ခါမျှလည်း မချစ်ခဲ့ဖူးပေ။

သို့သော် ယခင်ကဘဝက သေမျိုးကမ္ဘာက အမျိုးသမီးများမှာ ခက်ခဲလွန်းပြီး ပျင်းစရာကောင်းလွန်းသော ဘဝမျိုး နေထိုင်ရသည်ဟု ခံစားရသည်။

ခင်ပွန်းများက ဇနီးသုံးယောက်နှင့် ကိုယ်လုပ်တော် လေးယောက်ထားရှိကာ ဆောင်ကြာမြိုင်များဆီလည်း သွားကြသေးသည်။

သို့သော် သူတို့ ဇနီးများနှင့် ကိုယ်လုပ်တော်များ၏ ဂုဏ်သိက္ခာအနည်းငယ်စွန်းထင်းသွားသည်နှင့် လူထောင်ချီတို့၏ ပြစ်တင်ရှုတ်ချမှုကို ခံရကာ ရေနှစ်ခံရသည်မျိုးပင် ရှိသည်။

နှစ်စဉ်နှစ်တိုင်း တာအိုဘုရားကျောင်းမှ ကယ်တင်ရန်လိုအပ်သော အမျိုးသမီးတစ္ဆေ အများအပြားပင် ရှိလေသည်။

သူတို့၏ ဝမ်းနည်းစရာကောင်းသည့် စောဒကများနှင့် မေးခွန်းများကို နားထောင်ပြီးနောက် ကုကျစ်စုန့်က သူတို့ကို ကယ်တင်ကာ ပြန်လည်ဝင်စားနိုင်ရန် ကူညီပေးခြင်းမှအပ တတ်နိုင်သည့်အရာမရှိခဲ့ပေ။

ထို့ကြောင့် သူမ ဤခေတ်ကို ရောက်လာပြီး ဤခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့ပြီးနောက် ကမ္ဘာကြီးထဲမှ အပြောင်းအလဲအသစ်များကို မြင်တွေ့ရသောအခိုက်တွင် ဤလောကထဲသို့ ရောက်ရှိလာခြင်းက အဓိပ္ပာယ်ရှိပြီး လူသားကမ္ဘာနှင့်ပတ်သက်၍လည်း ထိုးဖောက်သိမြင်နိုင်မှုများ ရှိလာခဲ့သည်။

“အဲဒီတော့....”

ကုကျစ်စုန့်က ခဏမျှတွေးတောလိုက်ပြီးနောက် ပြောသည်။

“ဒါက ဒီလိုဖြစ်လိမ့်မယ်.. သားဖြစ်သူရဲ့ကောင်မလေးမှာ ဘေးဒုက္ခက နှစ်ရက်အကြာမှာဖြစ်လိမ့်မယ်.. လာမဲ့ တနင်္ဂနွေနေ့ပေါ့.. သူတို့က တစ်မြို့ထဲမှာရှိပြီး ကျောင်းတွေကတော့ မတူတဲ့အတွက် သူတို့က ကျောင်းပြင်ပ လှုပ်ရှားမှုတွေမှာ တွေ့ပြီး ချစ်ကြိုက်သွားကြတာဖြစ်နိုင်တယ်

ဒါကြောင့် သူတို့က တွေ့ရတဲ့အချိန် သိပ်မရှိဘူး.. နောက်နှစ်ရက်နေရင်တော့ သူတို့ ကျောင်းအပြင်ကိုထွက်ပြီး အပြင်မှာတစ်ညလောက် နေလိမ့်မယ်”

ငယ်ရွယ်သည့်စုံတွဲက အားအင်ပြည့်ဝကြပြီး ကောင်းမွန်သည့်ဆက်ဆံရေးလည်း ရှိသည်။ အတူနေခြင်းက သူတို့အတွက် ပုံမှန်‌ပင်။

ထို့အပြင် ကုကျစ်စုန့်၏ တွက်ချက်မှုအရ ဂျက်စမင်၏သားက ရည်မွန်သည့်စရိုက်ရှိကာ သူ့ကောင်မလေးကိုလည်း လေးစားသမှုရှိသည်။ အကာအကွယ်များလည်း သုံးပေလိမ့်မည်။

အစပိုင်းတွင်မူ ဤအခြင်းအရာက ချစ်သူစုံတွဲများကြား ပုံမှန်ချိုမြိန်သောအခိုက်အတန့်လေးပင်။

သို့သော် ပြဿနာမှာ သူတို့က ဟိုတယ်ကို မှားယွင်းစွာရွေးချယ်မိပြီး အခန်းမှားဖွင့်မိခြင်းပင်။

ဟိုတယ်တွင်ရှိနေသော သန့်ရှင်း‌ရေးအမျိုးသားတစ်ဦးမှာ ရူးသွပ်နေသူ တစ်ယောက်ဖြစ်သည်။

သူက အခန်းတိုင်း၏ ရေချိုးခန်းပိုက်များနှင့် အိပ်ရာအစွန်းနားတို့တွင် လျှို့ဝှက်ကင်မရာများ တပ်ထားသည်။ ကျောင်းသားအများစုက ကျောင်းနားရှိ ဟိုတယ်သို့ လာလေ့ရှိကြောင်းကို သူသိသည်။

သူ၏ တဏှာထသောစိတ်အခြေအနေနှင့် ကိုယ်ကျိုးအတွက် သူက ထိုဗီဒီယိုများကို တိတ်တဆိတ်ရိုက်ကူးပြီး အခြားသူများထံ ပြန်ရောင်းလေ့ရှိသည်။

ထို့နောက် ထိုဗီဒီယိုများကို ဝက်ဘ်ဆိုက်အချို့တွင် နောက်ကြောင်းရှာရန်ခက်ခဲသော အကောင့်များတွင် ပြန်တင်တတ်သည်။

ကျောင်းသားအချို့မှာ ထိုသို့လှည့်စားခံရဖူးသည်။ ဗီဒီယိုများက ဝက်ဘ်ဆိုဒ်များတွင် နာမည်ကြီးသွားကြသော်လည်း ကာယကံရှင်များကတော့ သိပင်မသိကြချေ။

ကံကောင်းထောက်မစွာဖြင့် ကင်မရာအနေအထားမမှန်သောကြောင့် ဗီဒီယိုတွင် မျက်နှာများကိုတော့ ရှင်းလင်းစွာမမြင်ရပေ။

သို့သော်လည်း ဂျက်စမင်၏ သားဖြစ်သူတို့စုံတွဲမှာ ကံဆိုးသွားခဲ့သည်။

မျက်နှာများကို ရှင်းလင်းစွာမြင်နေရပြီး အချို့လူများက သူတို့ကို အရှက်မရှိသူများအဖြစ် ဂုဏ်ထူးတပ်ထားပြီး ဝက်ဘ်ဆိုဒ်များတွင် နာမည်ကြီးသွားတော့သည်။

ကောင်မလေး၏ ကျောင်းမှသူငယ်ချင်းတစ်ယောက်က ယင်းကိုမြင်သွားရာမှ ပြဿနာစခြင်းဖြစ်ခဲ့သည်။ သူတို့က ဗီဒီယိုကို သိမ်းထားပြီး သူငယ်ချင်းအများအပြားထံပို့ကာ ကြည့်စေသည်။

မကြာခင်တွင် ကောင်မလေး၏ ကျောင်းတွင် ထိုဗီဒီယိုက နာမည်ကြီးသွားတော့သည်။

သူမ ထိုနှစ်ရက်အတွင်း မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ လူများက သူမကို ထူးဆန်း၍ မနှစ်မြို့သည့်အကြည့်တို့ဖြင့် ကြည့်ကြကာ တီးတိုးပြောကြ၏။

အချို့အကောင့်များဆိုလျှင် သူမကို သူငယ်ချင်းအဖြစ် လာအပ်ပြီး စော်ကားသည့်စကားများပင် ပြောကြ၏။

အဆုံးတွင်တော့ သူမ၏ အခန်းဖော်က ထိုဗီဒီယိုများနှင့် ကောလဟာလများက တစ်ကျောင်းလုံးပျံ့နေပြီဖြစ်ကာ အခြားကျောင်းများနှင့် အပြင်လူများဆီပါ ပျံ့နှံ့နေပြီဖြစ်ကြောင်း ပြောလာခဲ့သည်။

သူမ၏အကြောင်း ကောလဟာလများနှင့် လှောင်ပြောင်မှုများကို ကြည့်ကာ ကောင်မလေးမှာ သူမ၏ ဘဝကပျက်စီးသွားပြီဟု ခံစားလိုက်ရသည်။

ဆရာမကလည်း ဤကိစ္စနှင့်ပတ်သက်၍ သူမကို စကားလာပြောပြီး ကျောင်းထွက်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးရန် သူမမိဘများကို အကြောင်းကြားသည်။

သူမ၏ မိသားစုက ဟိုတယ်သို့ ပြဿနာရှင်းရန် သွားခဲ့ကြသော်လည်း မည်သည့်ရလဒ်မှ ထွက်မလာခဲ့ပေ။

ထိုအချိန်တွင် ဂျက်စမင်၏ သားကလည်း လူထုအမြင်တွင် နက်နက်ရှိုင်းရှိုင်းပါဝင်နေသေးသည်။

သူသည်လည် လှောင်ပြောင်၍ ပြက်ရယ်ပြုစရာဖြစ်လာသည်။ ဂျက်စမင်က ထိုကိစ္စကို ဖြေရှင်းရန် ကျောင်းသို့ အခေါ်ခံရ၏။

ထိုညတွင် သူက ကောင်မလေးထံမှ သိမ်ငယ်စိတ်နှင့် ပြိုလဲမှုတို့ ပြည့်နှက်နေသော စာစောင်တစ်ခုကို ရရှိလိုက်လေသည်။ သူလည်း ဂျက်စမင်နှင့်အတူ ‌နိမိတ်မ‌ကောင်း‌သောခံစားချက်ဖြင့် ဟိုတယ်မှ အပြေးထွက်လာကာ သူ့ကောင်မလေးကို သွားရှာချင်ခဲ့သည်။

သူ ထိုနေရာကို ရောက်ရောက်ချင်းတွင်ပင် ကောင်မလေး၏ နူးညံ့ရှင်သန်နေသေးသည့် ကိုယ်ခန္ဓာမှာ အဆောက်အအုံမြင့်ပေါ်မှ ပြုတ်ကျလာခဲ့ပြီး သူ့ခြေရင်းတွင် သက်ဆင်းသွားခဲ့တော့သည်။

ဤမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် သူကိုယ်တိုင်ကလည်း ပြိုလဲသွားခဲ့သည်။

ကုကျစ်စုန့်၏ ဟောပြောချက်အရ ဤအဖြစ်အပျက်နှင့် သူ့ကောင်မလေး တိုက်ပေါ်မှ ခုန်ချပြီး အဆုံးစီရင်သွားမှုကို မျက်မြင်တွေ့လိုက်ရခြင်းက ကောင်လေး၏စိတ်အခြေအနေကို ပြဿနာကြီးကြီးမားမားဖြစ်သွားစေခဲ့သည်။

ပြင်းထန်သည့်စိတ်ကျရောဂါကိုလည်း ခံစားခဲ့ရ၏။

သူက ကျောင်းမှထွက်ပြီးနောက်တွင် အပြင်ကိုလည်း မထွက်လိုတော့သလို မှိုင်တွေတွေသာဖြစ်နေခဲ့သည်။ ရှေ့ဆက်နေခြင်းက မည်သည့်အရာမျှ မပြောင်းနိုင်သလိုပင်။

ငယ်ရွယ်သည့် လူငယ်နှစ်ယောက်အတွက် နှစ်ယောက်လုံးမှာ နစ်နာသူများဖြစ်ကြသော်လည်း ဤသို့ အတူနေခြင်းနှင့် ၎င်း၏သက်ရောက်ခြင်းက နှစ်ဦးသား၏ ချစ်ခြင်းကို အဟန့်အတားဖြစ်သွားစေခဲ့သည်။

ထို့ကြောင့် ကုကျစ်စုန့်က ဂျက်စမင်သား၏ ပုံကို‌ ပထမဆုံးအကြိမ်တွေ့လိုက်ရသောအခါ သူ မက်မွန်ပွင့်မိစ္ဆာ၏သက်ရောက်မှုခံလိုက်ရသည်ဟု တွေးမိခြင်းပင်။

ဟောချက်များနှင့် တွက်ချက်မှုများကို နားထောင်ပြီးနောက်တွင် ဂျက်စမင်တစ်ယောက် ကြောင်အမ်းသွားခဲ့သည်။

သူမက ထိုင်ခုံမှ ခုန်ထကာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“မုန်းစရာကောင်းလိုက်တာ! အဲဒီသေသင့်တဲ့တဏှာရူးကောင်.. ကျွန်မ ဘာများဆက်လုပ်ရမလဲ ကုတောက်ကျန့်”

ကုကျစ်စုန့် : “.....”

“သန်ဘက်ခါ သူတို့ကို အပြင်ပေးမထွက်ပါနဲ့.. ဒီလိုဆိုရင် ကိစ္စရှင်းပြီးသွားလိမ့်မယ်”

“ဟုတ်ပြီ”

ဂျက်စမင်က သူမဒနဖူးကို ရိုက်လိုက်သည်။ သူမက အလွန်အမင်း စိတ်လှုပ်ရှားနေကာ ကြောက်လန့်နေခဲ့သဖြင့် သူမစိတ်က တစ်ခဏနှင့် အသိပြန်မဝင်လာသေးချေ။

“အဲဒီကြွက်စုတ်လေးကို အခုပဲ ခေါ်လိုက်မယ်”

ထိုသို့ပြောပြီးနောက် သူမက သားကို ထပ်ခေါ်လိုက်ပြန်သည်။ ဖုန်းပြန်ဖြေလာချိန်တွင် အခြားတစ်ဖက်က လူငယ်လေးမှာ ကယ်ရာမဲ့စွာ ပြောလိုက်သည်။

“အမေ ဒီနေ့ဘာဖြစ်နေတာလဲ.. ဒီမနက် အဖွဲ့လှုပ်ရှားမှုရှိတယ်လို့ သား မပြောခဲ့ဘူးလား”

ဂျက်စမင်က ပြောလိုက်သည်။

“ငါ မင်းကို မေးမယ်.. မင်းရဲ့ကောင်မလေးနဲ့ အ‌တူနေပြီးသွားပြီလား”

သားဖြစ်သူ : “....?!?!”

ဖုန်း၏အခြားတစ်ဖက်မှ ကောင်လေးက စပီကာကို လက်ဖြင့်အုပ်ကာ အပြင်ကို လျှောက်သွားလိုက်သည်။ အလွန်ပင် အံ့အားတကြီးဖြစ်နေပုံပင်။

“အမေ့ကို ဘယ်သူပြောတာလဲ.. မဟုတ်သေးဘူး... ဘာလို့ဒီလိုမေးတာလဲ”

ဂျက်စမင် : “ဆိုးသွမ်းတးလွန်းတဲ့ကောင် .. ဒီအမေက မင်းရဲ့ ခြေထောက်တွေကို ရိုက်မချိုးဘူးလို့ထင်နေတာလား.. အဲဒီလို တာဝန်ယူမှုမရှိတဲ့ကိစ္စမျိုးကို လုပ်ဖို့ မင်းကို ဘယ်သူပြောတာလဲ”

သားဖြစ်သူမှာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျွန်တော် တာဝန်ယူမှုမရှိတာမျိုး မလုပ်ပါဘူး.. ကျွန်တော် သူမကို ဇနီးတစ်ယောက်အဖြစ် လက်ထပ်ပြီး ကောင်းကောင်းမွန်မွန်ထားမှာပါ.. အမေက ဒါတွေကို ဘယ်ကကြားလာတာလဲ”

“ငါ ဘယ်သူ့ဆီက ကြားခဲ့တယ်ဆိုတာ စိတ်မပူနဲ့.. မင်း မနက်ဖြန်နဲ့ သန်ဘက်ခါကို ကျောင်းမှာပဲနေ.. အပြင်ထွက်ခွင့်မပြုဘူး..ဟိုတယ်ကိုလည်း မသွားရဘူး.. မဟုတ်ရင်... မဟုတ်ရင် ငါမင်းကို သားအဖြစ်က အမွေပြတ်စွန့်လွှတ်ပစ်မယ်!”

All Chapters