← Chapters

ကာလအတန်ကြာ ပျောက်ဆုံးနေသည့် စနစ်သတိပေးချက်

Vol. 14 Ch. 198

ကာလအတန်ကြာ ပျောက်ဆုံးနေသည့် စနစ်သတိပေးချက်

Vol. 14 Ch. 198

ကျန်းဟိုင် နယ်စပ်တံတိုင်း။

ကောင်းကင်မှ သွေးစွန်း​နေသော မိုးများ ရွာချလာခဲ့သည်။ ဧရာမလင်းယုန်ကြီး၏ အသားတောင်တန်း အလောင်းကြီး ပေါက်ကွဲသွားသည်။ တခြားကြယ်သားရဲများ၏ အသား၊ အနီရောင် သွေး နှင့် အဖြူအရိုးများ ပြန့်ကျဲကုန်သည်။

အနက်ရောင်ဝတ်ရုံ ၀တ်ဆင်ထားသည့် ချင်းယန် လေထဲတွင် လွင့်နေ၏။ ခရမ်းရောင် ကျစ်ဝေးနတ်ဓားသည် နတ်ဓားတစ်လက်ပီပီ သွေးစွန်းနေသော မိုးရေကို ရှောင်ရင်း သူ့ပတ်ဝန်းကျင်တွင် ရစ်ပတ်ထားသည်။ အောက်ဖက်ရှိ လက်ခုပ်သံများ ကျယ်လောင်စွာ မြည်လာကာ ဟောက်သံကလည်း သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။

"အကြီးအကဲ ဓားနတ်ဘုရား!"

"အကြီးအကဲ ထွက်လာပြီ... သူ ကျန်းဟိုင်ကို လာကယ်ပြီ!!"

မြို့ရိုးပေါ်က လူတွေကလည်း သူ့နာမည်ကို တခဲနက်အော်ပြီး ဝမ်းသာနေကြသည်။ တစ်ချက်တည်းဖြင့် ဧကရာဇ်အဆင့် ကြယ်သားရဲကို ချေမှုန်းပစ်ခြင်းက ဓားနတ်ဘုရား၏ ဂုဏ်သတင်းနှင့် ထိုက်တန်​ပေသည်။ ယခုတွင် ကျန်းဟိုင် ဓားနတ်ဘုရားသည် မြို့ကာကွယ်ရေးတွင် ဝင်ရောက်စွက်ဖက်ခဲ့ပြီမို့ ယခင်က ကျဆင်းနေသော လမ်းကြောင်းကို သေချာပေါက် ပြောင်းပြန်လှန်ပစ်လိမ့်မည်။

"ဆရာ ရောက်လာပြီ...."

လီကျစ်ရွှမ်းသည် အပေါ်စီးမှ ချင်းယန်ကို ကြည့်ကာ သူမ၏ နှလုံးသားက ရွှင်မြူးစွာဖြင့် ခုန်​ပေါက်နေ​တော့သည်။ ဆရာ၏ စွက်ဖက်မှုဖြင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားနိုင်သည်။

....

မြို့ရိုးအထက် ကောင်းကင်ယံမှ ချင်းယန်သည် မြို့ရိုး နံရံများကို စူးစမ်းလေ့လာ​နေခဲ့သည်။ သူကြည့်လိုက်ရာ နေရာတိုင်းတွင် ဒဏ်ရာ ရနေသော စစ်သည်တော်များ၏ သွေးစွန်းနေသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းဟိုင်ကို ကာကွယ်ရန်နှင့် တိုက်ပွဲတွင် ကူညီရန် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော မရေမတွက်နိုင်သော လူများကို စုရုံးစေခဲ့သည်။ ထိုကြိုးစားအားထုတ်မှုအား ဆုချီးမြှင့်ရမည်။

"ကျန်းဟိုင်ကို ကာကွယ်ဖို့ နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံခဲ့ပြီး ကိုယ့်​ပြည်သူကို ကူညီသူတွေက နတ်ဘုရားဆီက အကူအညီ ရသင့်တယ်"

ဒီလိုတွေးနေတုန်း ချင်းယန်၏ ဝိညာဉ်စွမ်းအားသည် ရေကဲ့သို့ ပျံ့နှံ့သွားပြီး ဒဏ်ရာရသော ကြယ်စစ်သည်တိုင်း၏ နေရာကို ချိတ်ပိတ်ကာ ၎င်းတို့အားလုံးကို သူ့အကွာအဝေးအတွင်းမှ ဖယ်ရှားပေးလိုက်သည်။

သစ်သားနဲ့ မိုးခြိမ်းသံ နိယာမစွမ်းအင် သဘောတရား နှစ်ခုက ရောယှက်လာသည်။ စိမ်းမြမြ အလင်းတန်းများ လွင့်ပျံလာကာ ညကောင်းကင်ကို ထိုးဖောက်သွားသည်။

ဝုန်း!

ည​ကောင်းကင်​ကြီးက ရုတ်ချည်း ​တောက်​ပ​သွားသည်။ မိုးခြိမ်းသံတွေကလည်း တဟုန်းဟုန်း ကောင်းကင်တခွင် ပြန့်ကျဲနေ၏။

စိမ့်စမ်းမိုးရွာချပြီး မြို့ရိုးတလျှောက် ဖြန့်ကျက်သွားကာ ကောင်းကင်မှ မိုးရေမျူးဟာ အသွေးနှင့်အသား၏ ရနံ့များကို ဆေးကြောပေးသွားခဲ့သည်။

အပ်နှင့်တူသော နွေဦးမိုးသည် တဖြည်းဖြည်း ကျဆင်းလာကာ ထောင်နှင့်ချီသော စစ်သည်များ၏ အုတ်မြစ်များကို ကုသပေးကာ ၎င်းတို့၏ ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးသည်။ သို့ဖြင့် သက်ရှိသတ္တဝါ အားလုံးကို မျှော်လင့်ချက်များ တလက်လက် တောက်ပလာစေခဲသည်။

ဒါပေမယ့် ​ကောင်းချီး​တွေနဲ့ ​ဘေးဥပဒ်​​တွေက ဒွန်​တွဲလျက်​ပါပဲ။

ဒီနွေမိုးရေထဲမှာ ရေချိုးနေတဲ့အထဲ ဒဏ်ရာအနည်းငယ်သာ ရရှိသူများသည် ပြန်လည် သက်သာလာသော်လည်း ပိုမိုပြင်းထန်သော ဒဏ်ရာရှိသူများကတော့ ၎င်းတို့၏ခန္ဓာကိုယ်ကို ကုသရန် နောက်ထပ်အခွင့်အရေးများ ရရှိကာ ကွဲအက်နေသော သွေးကြောများကို ပြန်လည်တည်ဆောက်ရ၏။ ပြီးမှသာ ပိုမိုသန်မာလာကာ ၎င်းတို့၏အရိုးများနှင့် ကြွက်သားများ ပိုမိုတောင့်တင်းလာသည်။

“ဒီလောက် အစွမ်းထက်တဲ့ နိယာမစွမ်းအင်က!”

လင်မော့ဖုန်း သူ၏ကျိုးနေသော လက်ကို ဆုပ်ကိုင်လိုက်ပြီး နွေဦးမိုး၏ ဝိညာဉ်စွမ်းအင်ကို အံ့သြထိတ်လန့်စွာ ခံစားလိုက်ရသည်။ ဂိုဏ်းဆရာကြီး တစ်ယောက်အနေနဲ့ ဒါက ဘာကိုဆိုလိုတယ်ဆိုတာ သူနားလည်ပါသည်။

ကောင်းကင်ဘုံ နည်းဥပဒေသများသည် ဆုံးရှုံးမှုများနှင့် အမြတ်များကို ဖြည့်ဆည်းပေးနိုင်​ကြသည်။ ယခု ဤနွေဦးမိုးရွာသွန်းမှုနှင့်အတူ မြို့ရိုးရှိလူတိုင်းသည် ၎င်းတို့၏ဒဏ်ရာများကို ကုသရုံသာမက နိယာမစွမ်းအင်၏ အေးမြမှုကိုလည်း ခံစားနိုင်ကြပါ၏။

အခုလေးတင် သားရဲဒီရေ ကြီးပြီးတဲ့ နောက်မှာတော့ လူတိုင်းဟာ စုတ်ပြတ်သတ်နေခဲ့ရာ ခဏအတွင်း ပြန်ကောင်းလာပါပြီ။ ဓားနတ်ဘုရားက နွေဦးမိုးကို လွှတ်ချလိုက်တဲ့အတွက် ဒါဟာ ကုသခြင်းကို မြှင့်တင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း ဖြစ်သွားခဲ့သည်။

"ကောင်းလိုက်တာ... အချိန်မီပဲ... အကြီးအကဲက အချိန်ကို ပြည့်ပြည့်စုံစုံ တွက်ချက်ထားတာ ဖြစ်မယ်"

လင်မော့ဖုန်း ကောင်းကင်ယံမှာ ချင်းယန်ကို ငေးကြည့်ရင်း တုန်လှုပ်ခြောက်ခြားသွားသည်။

သစ်သားနိယာမက မယုံနိုင်လောက်အောင် လေးနက်သည်။ ကျန်းဟိုင် ဓားနတ်ဘုရား အဓိပတိနယ်ပယ် ဖြတ်ကျော်သွားသောအခါ မြို့တော်သည် နွေဦးပေါက်ပင်များ၏ ထူးဆန်းသော မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် ကုသခြင်း စွမ်းအင်ကို ကိုယ်တိုင်မျက်စိဖြင့် သက်သေခံခြင်းက အခြားဇာတ်လမ်းတစ်ပုဒ်လိုပင်။

ခဏအကြာတွင် နယ်စပ်တံတိုင်းရှိ လူတိုင်းသည် အကောင်းအတိုင်း ပြန်​ဖြစ်သွားခဲ့သည်။ ဤကဲ့သို့သော အစွမ်းထက် ကုသနည်းမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းပါသည်။

ထိုအခိုက် စူးစူးရှရှ ခံစားမှုတစ်ခုက သူ့အပေါ်ကို ကျရောက်လာသည်။ ဘေးကို တစ်ချက်ကြည့်လိုက်တော့ ဒဏ်ရာမှ အဖုအပေါက်များထွက်ကာ စုတ်ပြဲနေသော ကြွက်သားများ၊ ရောယှက်နေသော အရိုးအပိုင်းအစများ သက်သာလာကာ သွေးကြောများ ကြီးထွားလာသည်ကို တွေ့လိုက်ရသည်။

ခဏတာအတွင်း ကျိုးသွားသော လက်မောင်းသည် ပုခုံးအဆင့်သို့ ပြန်တက်လာသည်။ ကျောက်စိမ်းကဲ့သို့ ချောမွေ့ပြီး ကလေးအသားအရေလို နူးညံ့လှသည်။

"ဟမ်..."

လင်မော့ဖုန်း သူ၏ အသစ်ဖွဲ့စည်းထားသော လက်ကို ဆန့်ထုတ်ကာ အစမ်းသဘောဖြင့် ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် သူ့အတွင်းထဲက တစ်ခုခုကို နှိပ်မိလိုက်သလို နိယာမစွမ်းအင်ကို ယောင်ဝါးဝါး ဆုပ်ကိုင်ထားလိုက်မိသည်။

"ဟမ်?"

လင်မော့ဖုန်း အံ့အားသင့်သွားသည်။

"ကောင်းချီးတစ်ခုလား?!"

...

"ဆရာဘိုးဘိုးက အံ့သြစရာ ကောင်းလိုက်တာ!"

လီချင်းဟဲသည် ကောင်းကင်အထက်က ချင်းယန်ကို မျှော်ကြည့်ကာ နွေဦးမိုးကို ဖမ်းရန် လက်လှမ်းရင်း တောင့်တောင့်တင်းတင်း ဖြစ်နေသည်။ ဤနွေဦးမိုးရွာပြီးနောက် သက်ရှိအားလုံး ကောင်းချီးပေးလိုက်သလိုပင်။

ဒါပေမယ့်...

"ဘာလို့ဒီလောက်ရင်းနှီးရတာလဲ"

ဒါကို အရင်က ခံစားမိသလိုပဲ!

နွေဦးမိုးက သူတို့ကို ရေချိုးပေး​နေသလိုပင်။ သက်သာလာသော ကြယ်စစ်သည်များ ပိုများလာကာ မြို့ရိုးပေါ်မှ မတ်တပ်ထရပ်ကာ သူတို့၏ဒဏ်ရာများ သက်သာလာခဲ့သည်။ လက်နက်များကို ကိုင်ဆောင်ကာ မူလနေရာဆီ ပြန်သွား၍ ဆက်လက် ထမ်းဆောင်ခဲ့သည်။

လူတန်းတစ်ခု ဖြစ်ပေါ်လာပြီး အမြောက်သံများက ကောင်းကင်တစ်ခွင် တစ်ဖန် ကျယ်လောင်လာပြန်သည်။

"တော်တယ်.... တကယ်တော်တယ်!"

လူအိုလီ ဤမြင်ကွင်းကိုကြည့်ပြီး သဘောကျစွာ လက်ခုပ်တီးကာ သူ့အငွေ့အသက်က ဆွဲဆောင်မှုရှိသော လူငယ်တစ်ယောက်အဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားပြန်သည်။

"ဘယ်အချိန်များ မိုးရွာလိုက်တာလဲ!"

လီတောက်မင် မအံ့သြဘဲ မနေနိုင်တော့ပေ။ သူ့ရဲ့ ကုန်ဆုံးနေသော စိတ်ဓာတ်ခွန်အားများ ပြန်လည်ရရှိလာသည်။

"စောစောလာခဲ့ရင် ဒီလောက်ထိရောက်မှာမဟုတ်ဘူး.... နောက်မှလာမယ်ဆိုရင် နောက်ပြန် လှည့်လို့မရတော့ဘူး... အခုဆို အသေအပျောက် မရှိသလောက် ဖြစ်သွားပြီ... တကယ်ကို ပြောင်မြောက်တဲ့ လှုပ်ရှားမှုပဲ!"

"ဟူး... ပုံမှန်ပါပဲ...အကြီးအကဲက မယုံနိုင်လောက်အောင်ကို လေးနက်တယ်"

လူအိုလီသည် သူ၏ မုတ်ဆိတ်ဖြူဖြူများကို ပွတ်သပ်ကာ မြို့အောက်က ဖရိုဖရဲသားရဲ ဒီရေကို စိုက်ကြည့်နေသည်။

"အခုတော့ ဒီအကောင်​တွေအများစုကို ဖယ်ထုတ်ပြီး အားလုံးလည်း ပြန်ကောင်းလာပြီ... သူ့ရဲ့ ခွန်အားက သံသယဖြစ်စရာ မရှိဘူး"

နှစ်ယောက်သား စကားစမြည်ပြောရင်း အနောက်ကနေ ခြေသံတွေ ကြားလိုက်ရသည်။ လက်ရှိ၌ လီမိသားစု နောက်ခံလူများသည်လည်း ခြေထောက်များ ပြန်ကောင်းလာချေပြီ။ နွေဦးမိုးရွာသွန်းမှုကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်များသည် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

"လူတိုင်းပဲ... အစီအရင်ဖွဲ့စည်းမှုကို ဆက်အသက်သွင်းဖို့ ငါ့နောက်ကို လိုက်ခဲ့ကြ.."

လီတောက်မင် ပြုံးပြီး အိမ်​တော်သခင်အဖြစ် အမိန့်ကို ဆက်လက် ထုတ်​ပြန်လိုက်သည်။

မိုးအဆက်မပြတ် ရွာနေစဥ် မြို့ရိုးဘက်သို့ ကြယ်ရောင် ကုလားကာတစ်ခု ဖြန့်ကြက်ထားသည်။ အကြီးအကဲလီသည် ၎င်း၏ဓားစွမ်းအင်ကို အကူအညီပေးရန်အတွက် ပူးပေါင်းလာကာ ရွှေခေါင်းလောင်းသံကဲ့သို့ မြို့တော်ကာကွယ်ရေးဖွဲ့စည်းမှုကို မူလအခြေအနေသို့ ပြန်လည်တွန်းပို့ခဲ့သည်။

ဗုန်း!

မရေမတွက်နိုင်သော ကြယ်သားရဲများသည် ကာကွယ်ရေး ဖွဲ့စည်းပုံထဲသို့ ပျက်ကျသွားပြီး ၎င်းတို့၏ ဦးနှောက်များ ကွဲအက်သွားသည်။ ထို့နောက် လူအိုလီ၏ ဓားစွမ်းအင်ဖြင့် သုတ်သင်လိုက်ရာ ၎င်းတို့အားလုံး သေကြေပျက်စီးကုန်သည်။

မတိုင်ခင် ဆိုးရွားတဲ့ အခြေအနေက ပြောင်းပြန် ဖြစ်သွားတော့၏။

….

တစ်ချိန်တည်းမှာပင်။

မိုင်ပေါင်းများစွာဝေးသော ဖုဟိုင်ဗီလာ လူနေရပ်ကွက်တွင်…

"ကျန်းဟိုင် ဓားနတ်ဘုရားက လှိုင်းလုံးကြီးထဲ ဝင်သွားပြီ သားရဲဒီရေက ပြောင်းသွားပြီ…"

တိုက်ရိုက်ရုပ်သံ ထုတ်လွှင့်မှုတွင် နွေဦးမိုးနှင့် လေထုက မြို့ရိုးကို တိုက်ခတ်​နေခဲ့သည်။

သူတို့သည် နိယာမစွမ်းအင်၏ အာဟာရကို ငြိမ့်ညောင်းစွာ မြည်းစမ်းရင်း မျက်နှာတိုင်းတွင် ပီတိနှင့် ဂုဏ်ယူမှု တဖျပ်ဖျပ် တောက်လောင်လာကာ တိုက်ပွဲမှ သတင်းကောင်းများ ဆက်လက် ထွက်ပေါ်လာသည်။ မြို့တံတိုင်းများအောက်တွင် တိရစ္ဆာန် လှိုင်းလုံးကြီးများက ပရမ်းပတာ ဖြစ်လို့ အချင်းချင်း သတ်ဖြတ်ကြသည်။

ကောင်းကင်နှင့် ငရဲကို တွေ့နေရသလိုမျိုး သိသိသာသာ ဆန့်ကျင်ဘက်ပဲ ဖြစ်သည်။

"အား!!!!"

"သခင်က အရမ်း ဘက်လိုက်တာပဲ!"

ရှောင်ပိုင်သည် ချင်းယန်ပေါင်ကို ဆုပ်ကိုင်ထားပြီး မကျေနပ်သည့်ပုံစံဖြင့် ဖန်သားပြင်ကို လက်ညှိုးထိုးပြသည်။

"ဒီနတ်သမီးက သခင့်ကို သိပ်ကြင်နာ​ပေးတာတောင် သခင်က ငါ့ထက် သူတို့ကို ပေးရတာ ပိုကြိုက်​နေတယ်!"

"ကျစ်! မိုးရေစက် နည်းနည်းလေးပဲဟာကို..."

ချင်းယန် ရှောင်ပိုင်၏ တွယ်ကပ်နေသော တည်ရှိနေမှုကို တွန်းလှန်ရန် ကြိုးစားရင်း သူ့ပေါင်ပေါ်က ကန်ထုတ်လိုက်သည်။

“သစ်သားနိယာမကို အဆက်မပြတ် လေ့ကျင့်နေတာက မင်းအတွက်လည်း ပြဿနာမရှိပါဘူး…”

“မြေခွေးကို လိမ်နေတာ! အဲဒါကို မိုးရေစက်လေးတွေလို့ ခေါ်တာလား”

ရှောင်ပိုင် ပိုလို့တောင် ငိုတော့သည်။

“တစ်စက်ချင်းစီက အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ သစ်ပင်နတ်ဆိုးရဲ့ အနှစ်သာရဖြစ်တဲ့ ကောင်းကင်နှင်းရည်တွေ…”

ငါ နင့်ရဲ့အဝတ်တွေကို နေ့တိုင်းလျှော်ပြီး မင်းအတွက် ဟင်းချက်ရတာ။ ဒီလူစိမ်းတွေတောင်မသိဘူး!! နင်က သူတို့​ကို​ ဘာ​လို့​ပေး​ချင်​တာ​လဲ။

"ကျစ်! မင်း စစ်မြေပြင်ရောက်မှ နားလည်လာလိမ့်မယ်"

ချင်းယန် မျက်လုံးပြူးပြီး ရှောင်ပိုင်ကို ကောက်ကိုင်လိုက်ကာ စိတ်မချမ်းသာစွာနဲ့ သူမကို ဘေးဖယ်ထားလိုက်သည်။

"အရည်အချင်းရှိတဲ့သူတွေက ဆုပိုရထိုက်တယ်...မင်း သူတို့နဲ့မတူဘူး"

"ကျွန်မ ဂရုမစိုက်ဘူး... သခင်... ကျွန်မလည်း အိမ်မှုကိစ္စမှာ တတ်စွမ်းပါတယ်!"

ရှောင်ပိုင် သူ့တင်ပါးကို ကွေးပြီး ချင်းယန်ရဲ့ လက်နှစ်ဖက်ကို ဒေါသတကြီး ကိုက်ချလိုက်သည်။

"ငါ့ကို မပေးရင် ကိုက်ပစ်မယ်!"

"စိတ်လျှော့.... နောက်တစ်ခါကျ ပေးပါ့မယ်"

ချင်းယန် ရှောင်ပိုင်ကို သူ့ရင်ခွင်ထဲတွင် ဆုပ်ကိုင်ထားပြီး တိုက်ပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက် ကြည်ရှုနေလိုက်သည်။

ဤအချိန်နှင့် တပြေးညီ ကယ်ဆယ်ရေးများသည် ကျန်းဟိုင်၏ ခံစစ်ကို အမြင့်မားဆုံး မြှင့်တင်ပေးနေပြီ ဖြစ်သည်။ ဧကရာဇ်အဆင့် ကြယ်သားရဲကို ဖယ်ရှားခဲ့ပြီးနောက် ထိုရောင်ဝါကို နောက်ကွယ်တွင် ဖုံးကွယ်ထားခဲ့သည်။

ရုတ်တရက်!

ပျောက်ဆုံးနေသော စနစ်၏ သတိပေးချက်သံ ထွက်ပေါ်လာသည်-

"တင်း! ဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ အရိပ်အာဝါသကို တွေ့ရှိခဲ့ပါတယ်!"

"host ကျေးဇူးပြုပြီး မြန်မြန်ပြန်ဆုတ်ပါ... မဟုတ်ရင် အသက်အန္တရာယ် ရှိလာပါလိမ့်မယ်"

"?!"

အချိန်အတော်ကြာ စောင့်ခဲ့ရတဲ့ စနစ်သတိပေးချက်ကို ကြားတော့ ချင်းယန်က ခဏလောက် ထိတ်လန့်သွားပြီးမှ တုံ့ပြန်လိုက်နိုင်သည်။

လာပြီ!

နောက်ဆုံး​တော့ စနစ်က လုပ်ဆောင်စရာတစ်ခုကို စတင်လိုက်ပြီ။

“အနှစ်ငါးရာကြာရင် အဲဒီလူက တကယ်ပဲ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဖြစ်လာမှာလား?"

ချင်းယန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ အဝေးမှ ကျန်းဟိုင်မြို့တံခါးဆီကို စိုက်ကြည့်နေသည်။ မှုန်မှုန်မွှားမွှား ရောင်ဝါက တရွေ့ရွေ့ တည်ရှိနေသည်။ အဓိပတိနယ်ပယ်ကို ရောက်သွားကတည်းက ဒီနယ်ပယ်ကို နက်ရှိုင်းစွာ နားလည်လာခဲ့၏။

အဓိပတိနယ်ပယ်ကို အဆင့်နှစ်ဆင့် ခွဲခြားထားသည်။ မြေအဓိပတိနှင့် ကောင်းကင်အဓိပတိ ဖြစ်ကာ ဒီအဆင့်နှစ်ဆင့်ကို တက်သွားမှသာလျှင် အရှင်ဧကရာဇ်နယ်ပယ်ရဲ့ တံခါးခုံကို ရောက်နိုင်ပါသည်။

ဒီတစ်ခေါက် သူ့ကို ရန်လာစသူက သူသည် အနာဂတ်တွင် တန်ခိုးကြီးမားသော ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူ ဖြစ်လာနိုင်မှာလား။

"သေချာတယ်..."

"ဒါက နည်းနည်းတော့ ခက်တာပဲ..."

ဒါကိုတွေးရင်း ချင်းယန် မျက်မှောင်ကြုတ်ကာ တွေးတောရင်း မြို့ရိုးဆီသို့ စိုက်ကြည့်လိုက်သည်။

"ဒီလူက အရှင်ဧကရာဇ်နယ်ပယ်မှာ ရှိနေမယ်ဆိုရင် အခုမှ ဘယ်အဆင့်ရောက်နေပြီလဲ"

………..

မြို့တံခါးမှာတော့ နွေဦးမိုးက ဆက်လက်ရွာသွန်းကာ အေးမြသော လေနုအေးကလည်း တိုက်ခတ်လာသည်။ အောက်ခြေမှာ တပ်စွဲထားသော စစ်သည်များသည် နိယာမစွမ်းအင်၏ အာဟာရကို နှစ်သက်လာကြသည်။

သေတဲ့အထိ တိုက်ပွဲ ဝင်ရတော့မယ်လို့ မူလက ထင်ခဲ့တာပင်။ သို့သော် နောက်ဆုံးတွင် သူတို့သည် သေလုမျောပါး အတွေ့အကြုံကို လွတ်မြောက်ခဲ့ပြီး ကြီးမားသော ခွန်အားကို ရရှိခဲ့သည်။ ဓားနတ်ဘုရားဆီက ကရုဏာကို ခံစားခြင်းက အမှန်တကယ်ပင် ကြည်နူးစရာ ကောင်းပေသည်။

"ဒီသားရဲဒီရေမှာ တိုက်ရတာ အလကားတော့ မဖြစ်သွားဘူး! ငါ့နယ်ပယ်က နည်းနည်း မြင့်နေသလို ခံစားရတယ်... ဓားနတ်ဘုရားက အရမ်းမိုက်တယ်!!"

"ဟေ့! မင်းဘာတွေပြောနေတာလဲ! ရူးနေလား။ ဒီနေ့ကစ​ပြီး ဓားနတ်ဘုရားကို ကျေးဇူးတင်ရမယ်... မဟုတ်ရင် ငါတို့အားလုံး သေနေလောက်ပြီ!"

"မှန်တယ်... ဓားနတ်ဘုရားသာ မရှိရင် ဒီနေ့ သားရဲဒီရေက ငရဲပဲ..."

လူတိုင်း ရယ်မောပြီး စိတ်အေးလက်အေး စကားစမြည် ပြောနေကြသည်။ လီကျစ်ရွှမ်းနှင့် ဦးစီးချုပ်တို့လည်း မြို့ရိုးပေါ်သို့ ဆင်းသက်ကာ အောက်ဘက်ရှိ သားရဲဒီရေကို ကြည့်ကြသည်။

ထိုစဥ် အပေါ်က နွေဦးမိုးက ရုတ်တရက် ရပ်သွားသည်။

"ဟင့်? ရပ်သွားပြီလား?"

လူတိုင်းသည် တခဏတာ အံ့အားသင့်သွားပြီး ဓားနတ်ဘုရားကို မျှော်ကြည့်ကြသည်။ သူတို့ ထိတ်လန့်သွားသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်တရက် ဖြတ်ကျော်လာပြီး လူတိုင်း၏ ဦးခေါင်းပေါ်သို့ မိုးခြိမ်းသံကဲ့သို့ လျင်မြန်စွာ ကျဆင်းလာသည်။

ဝုန်း!

ဖိအားများ ထပ်မံ ကျရောက်လာခဲ့သည်။

မြို့ရိုးပေါ်ရှိ လူများလည်း သွေးများ ထွေးထုတ်ကြပြီး အတွင်းအင်္ဂါများ တုန်လှုပ်လာကြသည်။ တံတိုင်းကြီး အက်ကွဲသွားပြီး မြို့ခံအကာရှိ အက်ကြောင်းများသည် လျှပ်စစ်ခက်ရင်းများကဲ့သို့ ပျံ့နှံ့သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံနိုင်ရည်မရှိနိုင်​တော့ဘဲ အဆက်မပြတ် ကွဲအက်သွားသည်။

“ဒီကိုလာတဲ့သူက မကြင်နာဘူး…”

ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ဟစ်အော်လိုက်ပြီး မိုးကြိုးနိယာမကို အသက်သွင်းလိုက်ကာ မိုးခြိမ်းသံအဖြစ် ပြောင်းလဲ၍ သူ့လည်ချောင်းထဲက ပေါက်ကွဲထွက်ကာ တိုက်ရိုက် အားသွင်းလိုက်သည်။

ဗုန်း!

မိုးခြိမ်းသံက ပေါက်ကွဲထွက်ပြီး လူတိုင်းရဲ့ ဦးခေါင်းထက်က ဖိအားတွေကို ပြေပျောက်သွားစေသည်။ မြို့ရိုးပေါ်ရှိ ဖိအားများသည် ရုတ်တရက် ပျောက်ကွယ်သွားကာ အားလုံးက ထိတ်လန့်လာသည်။ မြေပြင်ပေါ်မှ ရုန်းထရန် ရုန်းကန်ရင်း အချင်းချင်း တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။

"နောက်ဆုံးတော့ ရောက်လာပြီပေါ့?!"

ချင်းယန်သည် တီလီတောင်တန်းများဆီသို့ စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ မြူခိုးများ ဖုံးလွှမ်းနေသည့် သရဲအရိပ်လို အနက်ရောင်ရုပ်ကြီးတစ်ခု လျင်မြန်စွာ နီးကပ်လာသည် ။

"ကျန်းဟိုင် ဓားနတ်ဘုရားက ဒီထက်မပိုပါဘူး..."

ထိုလူက တိုးတိုးလေး ရယ်မောကာ မြို့ရိုးဆီသို့ စွဲချက်တင် ပြေးလာရင်း လူသတ်တော့မယ့် ရည်ရွယ်ချက်ကြောင့် သူ့ခန္ဓာကိုယ်က မြူမှုန်များ ဖုံးလွှမ်းသွားသည်။

သူသည် အရာအားလုံးကို နားလည်သွားပြီ။ ကျန်းဟိုင်ဓားနတ်ဘုရားရဲ့ နိယာမများက အဓိပတိနယ်ပယ်ထက်သာ၍ အားနည်းပါသည်။

သူ့ဘက်ကဘာမှ ကြောက်စရာမရှိဘူး!

………

ဤခဏ၌ ချင်းယန်စိတ်ထဲမှာလည်း စနစ်၏ သတိပေးချက် ထပ်မံထွက်ပေါ်လာသည်။

"သတိပေးချက်... ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ချဉ်းကပ်လာနေပါပြီ!!"

All Chapters