← Chapters

မြေအောက် ရေခဲတိုက်

Vol. 20 Ch. 292

မြေအောက် ရေခဲတိုက်

Vol. 20 Ch. 292

“သူ ရောက်နေပြီ!”

သတိပေးချက်များ ပဲ့တင်ထပ်လာမီ သားစားကြူးနတ်ဘုရားသည် လမ်းကြောင်းကို ပြောင်းလဲလိုက်ပြီး ဖြစ်သည်။

“ဟင်… သူ ထွက်သွားပြီလား!”

အနီရောင် မိုးကာအင်္ကျီနှင့် လုံခြုံရေးအဖွဲ့ဝင်များသည် ရွှံ့ရုပ်ထု အများအပြားကို ဆွဲဆောင်ထားသည်။ သားစားကြူးနတ်ဘုရား၏ ရုတ်တရက် တိုက်ခိုက်မှုသည် အနက်ရောင်ရေကန်ထဲရှိ ရွှံ့ရုပ်ထုများကို အံ့အားသင့်စေခဲ့သည်။

“မင်းတို့အတွက် ငါ့လက်ဆောင်လေးနဲ့ ပျော်လိုက်ကြပါဦး !”

ကောင်းမင်သည် ရူးသွပ်ဟန်ဆောင်ထားမှုကို မဖယ်ရှားခဲ့ပေ။ သားစားကြူးနတ်ဘုရားအား အမိန့်ပေးပြီးနောက် သူသည် သူ့ကိုယ်သူ ရက်စက်သော လူသတ်သမားတစ်ဦးအဖြစ် ယုံကြည်လာစေရန် မာန်သွင်းလိုက်သည်။

အနီရောင် မိုးကာအင်္ကျီနှင့် ရွှမ်ဝမ်တို့က ကြိုတင် ဆုတ်ခွာခဲ့ပြီးဖြစ်ကြသည်။ ကောင်းမင်က သားစားကြူးနတ်ဘုရားအား ညှဉ်းပန်းနှိပ်စက်သည့် အခန်းတံခါးကို ဖွင့်စေလိုက်သည်။ သူ ထွက်မသွားခင် လူနာများကို အော်ပြောလိုက်သည်။

“အသက်ရှင်ချင်ရင် ဒီထဲ လာခဲ့ကြ!”

လူနာများသည် စီတုအန်းထံ အချိန်ကြာမြင့်စွာ ဖမ်းဆီးထားခံခဲ့ရပြီး ယခုအခါတွင်လည်း လုံခြုံရေးအဖွဲ့ဝင်များနှင့် ရွှံ့ရုပ်ထုများ၏ ဝိုင်းရံထားခြင်းကို ခံနေရလေသည်။ သူတို့က စဉ်းစားခြင်းပင် မရှိပဲ ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲသို့ ဝင်သွားလိုက်ကြသည်။ လူသတ်ရန် ကြိုးပမ်းနေသော လုံခြုံရေးအဖွဲ့ဝင်များနှင့် ရွှံ့ရုပ်ထုများထက် ကောင်းမင်သည် သူတို့နှင့် ဆက်သွယ်ရန် ဆန္ဒရှိခဲ့သူဖြစ်သည်။အစောပိုင်းက သူတို့အား ထိုအိမ်မှ ခေါ်ထုတ်လာခဲ့သူမှာလည်း ကောင်းမင်ပင် ဖြစ်သည်။

“ထွက်ပြေးတာလား”

ကောင်းမင်၏ ဆင့်ခေါ်မှုသည် လူနာများအတွက် ကယ်တင်ခြင်း အသံဖြစ်သော်လည်း လုံခြုံရေးအဖွဲ့ဝင်များကို အလွန်အမင်း ရှုပ်ထွေးစေခဲ့သည်။

ဒီလူက ရူးနေတာလားဟ ၊ လွန်ခဲ့တဲ့ တစ်စက္ကန့်လောက်တုန်းက လူတိုင်းကို သတ်ပစ်မယ်လို့ ကြွားလုံးထုတ်နေပြီး ဒီအချိန်ကျတော့ ထွက်ပြေးချင်နေတာပဲ။

ဒီလူက အသာစီးရနေတာလေ။ သူက ဧရာမပိုက်ကွန်ကြီးကို ချထားခဲ့ပြီး သူတို့အားလုံး ပိုက်ကွန်ထဲမှာ ပိတ်မိနေခဲ့တာ။ ဒါပေမဲ့ သူက ဒီအချိန်မှာ ထွက်ပြေးဖို့ ရွေးချယ်လိုက်တယ်ပေါ့။

အဖွဲ့ တစ် ခေါင်းဆောင်က ကျိန်ဆဲလိုက်သည်။ သူ၏ လက်ကောက်ဝတ်ပေါ်တွင် အရေးအကြောင်းများ ပိုမိုများပြားလာသည်။ အချိန်က စတင်၍နောက်ပြန်စီးဆင်းသည်နှင့် တစ်ပြိုင်နက် နာရီကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။ သူသည် တန်ဖိုးကြီးကြီးမားမား ပေးခဲ့ရသော်လည်း မျှော်လင့်ထားသော တိုက်ပွဲ ဖြစ်မလာခဲ့ပေ။

“ခေါင်းဆောင်”

ဝမ်ကျား၏ မျက်လုံးများတွင် အဆောင်လက်ဖွဲ့များစွာ ထွက်ပေါ်လာသည်။ သူသည် အတွင်းထဲရှိ အရာများအား ပိုမိုထောက်လှမ်းနိုင်ရန် သွေးနီရောင်မြို့တော်ကို ဖြိုခွဲနေပုံရသည်။ စက္ကန့်အနည်းငယ်အတွင်း ကောင်းမင် လူနာဆယ်ဦးကျော်ကို ‘ကယ်တင်’ လိုက်သည်။ လုံခြုံရေးအဖွဲ့ဝင်များက သူတို့၏ ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်သောအခါ ညှဉ်းပန်းနှိပ်စက်သည့် အခန်းတံခါးကို သူအမြန်ပိတ်လိုက်သည်။

သူ၏ မျက်လုံးမှတစ်ဆင့် ဖြတ်တောက်သွားသော သွေးလိုင်းများ မှေးမှိန်သွားခဲ့သည်။ ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ ကျောပေါ် လဲလျောင်းလိုက်သည်။ ကောင်းမင်က လုံခြုံရေးအဖွဲ့ဝင်များကို ပွင့်လင်းစွာ ပြောလိုက်သည်။

“စီတုအန်းက ဒီက ကိစ္စအားလုံးကို စီစဉ်ခဲ့တာပဲ ၊ ရွှံ့ရုပ်ထုတွေ နိုးထလာပြီးရင် မြို့တစ်မြို့လုံး ဖရိုဖရဲဖြစ်ရပ်ထဲ ကျဆင်းသွားနိုင်တယ် ၊ငါက သူ့ကို တားဖို့ ဒီကို ရောက်လာတာပဲ ၊ ဒါပေမဲ့ သူက ငါ့ကို အနက်ရောင်ရေကန်ထဲ ပိတ်လှောင်ထားခဲ့တယ်လေ ၊ မင်းတို့ရဲ့ အကူအညီမပါရင် ငါဒီမှာ သေသွားနိုင်တယ်”

ကောင်းမင် ပြောလိုက်သည်နှင့် ခေါင်းဆောင်သုံးဦး၏ မျက်နှာများသည် ဖြူရော်သွားလေသည်။ သူတို့သည် ကောင်းမင်ကို ဖမ်းဆီးရန် လာခဲ့သော်လည်း အဖွဲ့ဝင်များစွာ ဆုံးရှုံးရုံသာမက သူ့အား ကယ်တင်ပေးခဲ့သည့်အဖြစ်နှင့်သာ အဆုံးသတ်ခဲ့ရသည်။ လူသားများသည် သရဲများထက် ပိုမိုကောက်ကျစ်စဉ်းလဲသည်မှာ သေချာလှသည်။

“ဒီတစ်ကြိမ်တော့ မင်းတို့ကို လွှတ်ပေးလိုက်မယ် ၊ နောက်တစ်ကြိမ်ဆိုရင်တော့ ငါဒီလောက် ရက်ရောတော့မှာ မဟုတ်ဘူး!”

ကောင်းမင်၏ စကားလုံးတိုင်းက သူတို့၏ စိတ်ခံစားချက်များကို ထိခိုက်သွားစေခဲ့သည်။

“ခွေးမသား!”

ကောင်းမင်သည် သူတို့၏ စကားများကို နားထောင်နေရန် အချိန်မရှိပေ။ သူ ပြောစရာရှိသည်များကို ပြောလိုက်ပြီးနောက် သားစားကြူးနတ်ဘုရားအား ရှရန်ကို ချိတ်ပိတ်ထားသည့် နံရံကို ကောက်ယူစေပြီး ထွက်ခွာလိုက်သည်။ အချိန်ပိုရရန်အတွက် ကောင်းမင်က သားစားကြူးနတ်ဘုရားအား အပေါက်ကို ပြင်ဆင်စေလိုက်သည်။ သားစားကြူးနတ်ဘုရား၏ စွမ်းအားသည် အသားနံရံများနှင့် မတူညီပေ။ အပေါက်သည် လုံခြုံရေးအဖွဲ့ဝင်များကြောင့် အချိန်သိပ် မယူရဘဲ ဖြိုချခံရမည်ဖြစ်သည်။ ထို့ကြောင့် ကောင်းမင်က ဆက်မနေတော့ဘဲ မြေအောက် ရေခဲတိုက်ဆီသို့ ဦးတည်လိုက်သည်။

“ငါ့နောက် လိုက်ခဲ့!”

မစ္စတာမေးခွန်း ပေးထားသော မြေပုံတွင် ထွက်ပေါက်များကို အမှတ်အသားပြုထားလေသည်။ ကောင်းမင်သည် လီစန်းဆေးရုံတွင် အကျိုးအမြတ်များစွာ ရရှိခဲ့ပြီးဖြစ်သည်။ ရေကန်ရှိ ရုပ်ထုများ အားလုံးမှာလည်း နိုးထလာခဲ့သည်။ သူ ထိုနေရာတွင် ဆက်နေ၍ မဖြစ်တော့ပေ။ ရွှမ်ဝမ်ကို တစ်ဖက် အနီရောင် မိုးကာအင်္ကျီကို တစ်ဖက်သယ်ဆောင်၍ ကောင်းမင် ရှေ့သို့ တဟုန်ထိုး ပြေးလွှားတော့သည်။ အစောပိုင်းက အနီရောင် မိုးကာအင်္ကျီသည် ရွှံ့ရုပ်ထုများအားလုံးကို တစ်ဦးတည်း ကိုင်တွယ်ခဲ့ရသည်။ သူမသည် အလွန်ပင် အားနည်းနေသောကြောင့် ကောင်းမင်အား မခုခံနိုင်ခဲ့ပေ။

“ကျွန်မတို့ ဆရာရှကို နံရံထဲက အရင်ထုတ်ပေးသင့်လား ၊ အဲ့ဒီ လုံခြုံရေးအဖွဲ့ဝင်တွေက သူ့ကို အသုံးချပြီး ကျွန်မတို့ကို ခြေရာခံနိုင်လိမ့်မယ်”

ရွှမ်ဝမ်သည် နံရံအတွင်းရှိ ပုံတူက သူမအား လက်ယပ်ခေါ်နေသည်ကို မြင်သောအခါ နံရံအား ရိုက်ချိုးပစ်ချင်နေခဲ့သည်။

“ကိုယ်တို့ ဆေးရုံက ထွက်သွားပြီးရင် ရှရန်ကို မြို့တော်အရှေ့ပိုင်းက တစ်နေရာရာကို ကိုယ် ခေါ်သွားလိုက်မယ်”

ကောင်းမင်သည် ထိုအရာအား ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ့လူများက မြို့ဟောင်းတွင် ရှိနေသောကြောင့် ရှရန်ကို အသုံးချ၍ လုံခြုံရေးအဖွဲ့ဝင်များကို အဝေးသို့ သွေးဆောင်လိုခြင်း ဖြစ်သည်။ လီစန်းဆေးရုံသည် အပြည့်အဝသန္ဓေပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထိုနေရာကို အရိပ်များက လုံးလုံးလျားလျား ဖုံးလွှမ်းထားခဲ့သည်။ ယိုယွင်းမှု မရှိသည့် အရာတစ်ခုကို ရှာဖွေရန်မှာ ခက်ခဲပေသည်။

“ဒါက သေဆုံးနေတဲ့ ကမ္ဘာတစ်ခုပဲ ၊ လူတစ်ယောက်က ဒီမှာ အကြာကြီးနေရရင် ရူးသွပ်သွားလိမ့်မယ်”

အိပ်ပျော်နေသော ရွှံ့ရုပ်ထုများသည် စီတုအန်း၏ နောက်ဆုံးပိုင်ဆိုင်မှုများဖြစ်ပြီး လက်တွေ့ကမ္ဘာအပေါ် သူ၏ နောက်ဆုံးသော လက်စားချေမှု ဖြစ်သည်။ ထိုအရူးသည် အစကတည်းကပင် ဟန်ဟိုင်းနှင့်အတူ သေဆုံးရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ သူသည် အရေးကြီးသောအချိန်တွင် ဟန်ဟိုင်းရှိ စစ်မှန်သော အဆင့်မြင့်အရာရှိများနှင့် ညှိနှိုင်းရန်အတွက် ထိုအရာကို အသုံးပြုလိုခဲ့ဖွယ်ရှိသော်လည်း ထိုအခွင့်အရေးမရမီ ကောင်းမင်က သူ့ကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

“ဒီ ရွှံ့ရုပ်ထုတွေကြောင့်ပဲ သူတို့က စီတုအန်းကို ဒီလောက် အသည်းအသန် ကယ်တင်ချင်နေကြတာ ဖြစ်မယ်”

ကောင်းမင်တွင် သားစားကြူးနတ်ဘုရား၏ အကာအကွယ် ရှိနေသောကြောင့် သာမန်သရဲများသည် သူ့အနီးသို့ မလာရဲကြပေ။

“ဒါက မလိုအပ်ဘူးလေ ၊ ဌာနချုပ်မှာ အရိပ်ကမ္ဘာက လူတွေ ရှိကောင်း ရှိနိုင်တယ်”

ရွှမ်ဝမ်သည် လူသားတို့၏ အမှောင်ဘက်ခြမ်းနှင့်ပတ်သက်၍ ကောင်းမင်ထက် ပိုမို ရင်းနှီးသည်။ ထူးဆန်းသည်မှာ သူမသည် အချိန်အများစုတွင် မှန်ကန်နေခဲ့ခြင်းပင်။

လီစန်းဆေးရုံအတွင်း၌ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများစွာ ရှိသည်။ သို့သော် ကောင်းမင်သည် ထပ်မံ စူးစမ်းရန် အချိန်မရှိခဲ့ပေ။ သားစားကြူးနတ်ဘုရား၏ အကူအညီဖြင့် သူတို့သည် မြေအောက် ပထမထပ်သို့ ရောက်လာခဲ့ကြသည်။

ကော်ရစ်ဒါအဆုံးရှိ သော့ခတ်ထားသော တံခါးနှင့် တံခါးပေါ်တွင် ကပ်ထားသော အဆောင်များကို မြင်သောအခါ ကောင်းမင်က သားစားကြူးနတ်ဘုရားအား အသားအဖြစ်ပြောင်းလဲရန် ကြိုးစားစေလိုက်သည်။ ကောင်းမင်အတွက် အံ့အားသင့်ရသည်မှာ သားစားကြူးနတ်ဘုရားပင်လျှင် တံခါးကို အလွယ်တကူ ဖွင့်မရနိုင်ခဲ့ပေ။ နောက်ဆုံးတွင် တံခါးကို ဖြိုဖျက်ရန်အတွက် နတ်ဘုရားသည် အနီရောင် မိုးကာအင်္ကျီနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ရသည်။

တံခါးအပြင်ဘက်ရှိ လှေကားအတိုင်း ကောင်းမင်ပြေးဆင်းသွားခဲ့သည်။ အေးစက်သော လေများသည် အရည်အဖြစ် ငွေ့ရည်ဖွဲ့ကာ မျက်နှာကျက်မှ စီးကျနေကြသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကောင်းမင်က လက်ရန်းများကြားကို ကြည့်လိုက်သည်။

မြေအောက်၌ ထူးဆန်းသော အဆောက်အအုံများ ပြန့်ကျဲနေကြသည်။ ကောင်းမင် မကြုံဖူးသေးသော အရိပ်အများအပြားသည် ဆေးရုံအခန်းများကြားတွင် လှည့်လည်သွားလာနေကြသည်။ လီစန်း ဆေးရုံအောက်တွင် နောက်ထပ် ဆေးရုံတစ်ခု ရှိနေပုံရလေသည်။

သူ့စိတ်ထဲတွင် ပုံရိပ်များ လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သည်။ ကောင်းမင်သည် ထိုနေရာအား လွန်ခဲ့သော အချိန်များစွာက ရောက်ဖူးခဲ့သလို ခံစားလိုက်ရသည်။

ကောင်းမင်က မစ္စတာ မေးခွန်း၏ မြေပုံကို ထုတ်ယူ၍ ရေခဲတိုက်ထဲသို့ ပြေးဝင်သွားခဲ့သည်။ ထိုနေရာသည် အသံကို စားသုံးသည့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ အလွန်ပင်တိတ်ဆိတ်နေလေသည်။

ကောင်းမင်သည် ဗလာကျင်းနေသော ကုတင်များဘေးမှ လျှောက်သွားလိုက်ရင်း ကြမ်းပြင်ပေါ်တွင် စိုစွတ်နေသည့် စွပ်ကြောင်းတစ်ခုကို သတိပြုမိလိုက်သည်။

“ကျွန်မ ဒီကို မလာခင်က ယန်ယုဆိုတဲ့ ခြောက်ခြားဂိမ်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့တယ် ၊ သူနဲ့ သူ့မိသားစုက ဆေးရုံအောက်မှာ နေခဲ့ဖူးတယ် ၊ သူ့အမေက ရေခဲတိုက်ရဲ့ မန်နေဂျာတဲ့”

ရွှမ်ဝမ်သည် ခဏ စဉ်းစားလိုက်ပြီးနောက် သွေးစွန်းနေသော လက်ဗွေရာပါသည့် မှတ်စုစာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။

“ကျွန်မ သူ့ကို ဆေးရုံကို ပြန်ခေါ်လာပေးဖို့ ကတိပေးခဲ့တယ် ၊ သူ ကျွန်မကို အကြွေးတင်နေတယ် ၊ သူ့မိသားစုက အဲ့ဒါကို အသိအမှတ်ပြုမယ်လို့ မျှော်လင့်တယ်”

All Chapters