← Chapters

အမေမဟုတ်ဘူး

Vol. 20 Ch. 298

အမေမဟုတ်ဘူး

Vol. 20 Ch. 298

အားဖန်သည် ပုပ်သိုးနေသော အသားမုန့်ကို သစ်သီးပုတ်များနှင့် ရောစပ်လိုက်သည်။ ထိုကိတ်သည် စားချင်စဖွယ် မရှိသော်လည်း အားဖန်က ၎င်းကို ရတနာတစ်ခုလို သဘောထားလေသည်။ သူက အသားမုန့်အား ဂရုတစိုက် သယ်ဆောင်၍ ကော်ဖီစားပွဲသို့ ယူလာခဲ့သည်။ သူက ပါးလွှာသော ဆာရန်စကို ခွာလိုက်ရာ ဖော်မလင်နှင့် သန့်စင်ဆေးအနံ့များက သူ့နှာခေါင်းထဲသို့ ထိုးဖောက်ဝင်လာလေသည်။ အားဖန်က မီးထွန်းထားသော ဖယောင်းတိုင်များကို ကိတ်ဘေးတွင် ထားလိုက်သည်။

“ဒါ သား မွေးနေ့ပွဲ ကျင်းပဖူးတာ ပထမဆုံးအကြိမ်ပဲ၊ တစ်ယောက်ယောက်က ကိတ်လုပ်ပေးဖူးတာလည်း ပထမဆုံးအကြိမ်ပဲ”

အားဖန်သည် တယ်လီဗေးရှင်းထဲတွင် မြင်ဖူးသည့် မြင်ကွင်းများကို အတုယူပြီး လက်များကို ပူးလိုက်သည်။ သူသည် ဆုတောင်းလိုက်ချိန်တွင် သူ့မျက်နှာအမူအရာသည် လေးနက်နေ၏။

“မေမေ၊ မေမေက သားဘေးမှာ အမြဲရှိနေတယ်ဆိုတာ သားသိပါတယ် ၊ သားဘေးမှာ ထိုင်ပေးလို့ ရမလား”

လက်သည်းများက မှန်ကို ကုတ်ခြစ်လိုက်သည်။ အိုဟောင်းနေသော မျက်နှာကျက်ပန်ကာမှာ ဆူညံစွာ မြည်ဟည်းလာသည်။ ပိုးကောင်များသည် ကြမ်းပြင်မှ အက်ကွဲကြောင်းများအတွင်းသို့ တွားသွားနေသည်။ အခန်း ၁၆၀၁ အတွင်း၌ အင်အားတစ်ခု ဖိသိပ်ခံထားရသည်။ အခန်းပိုင်ရှင်သည် အားဖန်၏ ဆန္ဒကို ကြားလိုက်ရသော်လည်း အားဖန်အား သူမကို မြင်စေလိုခြင်း မရှိပေ။ ဖယောင်းတိုင်မီးလျှံများ ကခုန်နေခဲ့သည်။ အဝါနုရောင် မီးလျှံသည် ဖြည်းညှင်းစွာဖြင့် အနီရောင်သို့ ပြောင်းသွား၏။ မီးခိုးနက် တစ်စ လွင့်ထွက်လာခဲ့သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်များသည် နံရံပေါ်တွင် လှုပ်ယမ်းနေလေသည်။ မှန်ပြင်သည် သွေးများ စီးကျနေခဲ့သည်။ အမှောင်ထဲတွင် ဒဏ်ရာများ ပြည့်နေသော လက်နှစ်ဖက် ထွက်ပေါ်လာသည်။ ဆံပင်နက်များက သူမ၏ မျက်နှာအား ဖုံးအုပ်ထား၏။ တံခါးဝတွင် အနီရောင်တောက်တောက်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး ရပ်နေပေသည်။ သူမသည် သူမ၏ ကလေးများ သူမထံမှ ထပ်မံ ထွက်ပြေးသွားမည်ကို စိုးရိမ်သကဲ့သို့ တံခါးကို ပိတ်ဆို့ထားသည်။

သို့သော် အခန်းအတွင်းရှိ မူမမှန်မှုများအရ ထိုအမျိုးသမီး၏ ခံစားချက်များသည် ရှုပ်ထွေးနေကြောင်း ရှင်းလင်းနေသည်။ သူမသည် အားဖန်နှင့် မခွဲခွာလိုသလို သူ့အား နာကျင်စေလိုခြင်းလည်း မရှိပေ။

“ဟုတ်တယ်! မေမေ ဖြစ်ရမယ်! သားမေမေက အမြဲတမ်း အနီရောင် ဝတ်တာ! သူက အနီရောင် အဝတ်အစားတွေကို ကြိုက်တယ်!”

အားဖန်သည် ထိုအမျိုးသမီး၏ မျက်နှာကို မမြင်နိုင်ပေ။ သူသည် ထိုအမျိုးသမီးဆီသို့ ပြေးသွားလိုက်သည်။သေးကွေးသော သူ့ပုံစံ ထိုရုပ်ဆိုးသော အမျိုးသမီးနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။တစ်ဦးသည် ချစ်စဖွယ် အပြစ်ကင်းစင်ပြီး ကျန်တစ်ဦးက ရူးသွပ်ပြီး ကြောက်မက်ဖွယ်ကောင်းလေသည်။

လက်သေးသေးလေးသည် အနီရောင်ဝတ်စုံ၏ အစွန်းကို ဆုပ်ကိုင်လိုက်သည်။ ထိုအမျိုးသမီးသည် ကောင်လေး၏ သွေးစွန်းသွားသော လက်ကို လှမ်းကြည့်၍ အရိပ်ထဲသို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။

“ငါက နင့်ရဲ့ အမေ မဟုတ်ဘူး ၊ ငါက သရဲပဲ”

“ဟုတ်ကဲ့ပါ သရဲမေမေ”

အားဖန်က မလွှတ်တမ်း ဆုပ်ကိုင်ထား၏။

“ကိတ်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ငါက နင့်ရဲ့ အမေ မဟုတ်ဘူး…”

အမျိုးသမီး၏ ဦးခေါင်းသည် မျက်နှာကျက်နှင့် ထိလုနီးပါး ဖြစ်သည်။ သူမသည် အားဖန်ကို ညင်သာစွာ တွန်းဖယ်လိုက်ပြီး အမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

“နောက်ထပ် တူတူပုန်းတမ်းကစားတာလား”

အားဖန်က တခစ်ခစ်ရယ်လိုက်သည်။ ဒိုင်နိုဆော အမြီးလေး လှုပ်ရမ်းနေချိန်တွင် သူက ကော်ဖီစားပွဲသို့ ပြေးသွားသည်။ သူသည် ဖယောင်းတိုင်ကို မှုတ်ငြှိမ်းရန် ပါးများကို ဖောင်းလိုက်သည်။ အခန်း လုံးဝ မှောင်မိုက်သွားသောအခါ သူသည် သူ့လက်များကို နှလုံးသားပေါ် တင်ပြီး တီးတိုးပြောလိုက်သည်။

“လူတိုင်း သားနဲ့အတူ ရှိနေပါစေလို့ ဆုတောင်းပါတယ် ၊ လူတိုင်း ပျော်ရွှင်မှုကို ရှာတွေ့ပြီး သားလိုပဲ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပါတယ်”

ဆုတောင်းပြီးနောက် အားဖန်သည် လက်ဆေးရန် ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။ ဘုံပိုင်ခေါင်းမှ သွေးများ စီးကျနေသော်လည်း အားဖန်က လှည့်လိုက်သောအခါ သန့်ရှင်းသော ရေများ စီးဆင်းလာသည်။ သူက သူ့လက်များကို သုတ်ပြီး ကျေးဇူးတင်ကြောင်း ပြောသည်။ သူသည် ကိတ်ကို မြည်းစမ်းရန် ဧည့်ခန်းသို့ ပြန်ပြေးလာသော်လည်း ထူးဆန်းစွာပင် ကိတ်သည် ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားခဲ့သည်။

“ဟေ့ ! မေမေ သားအတွက် လုပ်ပေးထားတဲ့ ကိတ်ကို ပြန်ချပေးနော် ! သား စိတ်ဆိုးတော့မယ်!”

သူ၏ ဒိုင်နိုဆောဝတ်စုံဖြင့် အားဖန်သည် အနံ့ဆိုးထွက်နေသော ‘ကိတ်မုန့်’ ကို လိုက်ဖမ်းတော့သည်။ ကြောက်စရာကောင်းသော သရဲတစ်ကောင်သည် ရုပ်မြင်သံကြားပေါ်တွင် ပေါ်လာသော်လည်း ထိုသရဲသည် အားဖန်ကို မထိခိုက်စေပေ။ ပုပ်သိုးနေသော အစားအစာကို ကောင်လေး မစားစေရန် ကိတ်ကို မြှောက်ထားခြင်းသာ ဖြစ်သည်။

အခန်းအတွင်းရှိ အခြေအနေနှင့် မတူညီစွာ ကျားမေတိုက်ခန်းများ၏ အပြင်ဘက်ရှိ လေထုသည် လေးလံနေ၏။ ချန်းယွင်ထျန်းနှင့် ပိုင်ရှောင်တို့သည် လီစန်းစုံစမ်းစစ်ဆေးရေးဌာနမှ လူများကို ဦးဆောင်ပြီး ဘယ်ဘက်တွင် ရပ်နေကြသည်။ အဖွဲ့လေး၏ ခေါင်းဆောင်နှင့် စုံစမ်းရေးမှူး အချို့က ညာဘက်တွင် ရပ်နေကြသည်။ သူတို့သည် ပဋိပက္ခ ဖြစ်နေပုံရသည်။

“ဓားကို ပေးလိုက်ပါ ၊ ဒါက မင်း ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး”

အဖွဲ့လေး၏ ခေါင်းဆောင်သည် အသက်ကြီးနေပြီ ဖြစ်သည်။ သူ့ဆံပင်များက ဖြူဖွေးနေ၏။ သူ့မျက်နှာသည် အရေးအကြောင်းများ ရှိနေသော်လည်း ပိုင်ရှောင်ထက် မည်သည့်နည်းနှင့်မျှ မညံ့ပေ။ သူ့တွင် ထူးဆန်းသော အရှိန်အဝါမျာား ဖြာထွက်နေပေသည်။

“အဲဒါ ကျွန်တော့် ဆုံးဖြတ်ချက်ပါ ၊ ကျွန်တော် မလုပ်နိုင်ရင်တောင် အဲဒါက ခင်ဗျားရဲ့ စီရင်ပိုင်ခွင့်ထဲမှာ မရှိပါဘူး”

ပိုင်ရှောင်အတွက်မူ သရဲများကို ထိခိုက်စေနိုင်သော ထိုလက်နက်သည် ကောင်းမင်က သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။ အခြားတစ်ယောက်ကို ဘာလို့ လွှဲပြောင်းပေးရမှာလဲ။

“စုံစမ်းစစ်ဆေးရေးဌာနက တစ်ခုခု လိုချင်ရင်တောင် ကျွန်တော်တို့က အကျိုးပြုမှတ်တွေနဲ့ လဲလှယ်ရတယ် ၊ ခင်ဗျားက လက်နက်တစ်ခုကို အတင်းအကျပ် တောင်းဆိုနေတာ မများဘူးလား”

ချန်းယွင်ထျန်းသည် လုံခြုံရေးအဖွဲ့ဝင်များကို အလွယ်တကူ ကိုင်တွယ်လို့မရကြောင်း သိသော်လည်း သူ့လူများဘက်က ရပ်တည်ခဲ့သည်။

“စုံစမ်းရေးမှူးတွေက သူတို့အသက်ကို စွန့်စားပြီး မူမမှန်ဖြစ်ရပ်တွေထဲ ဝင်ခဲ့ကြတာ ၊ သူတို့ရဲ့ အောင်မြင်မှုတွေကို ဘယ်သူမှ လုယူဖို့ အခွင့်အာဏာ မရှိဘူး”

“အောင်မြင်မှုတွေလား”

အဘိုးအိုက လှောင်ပြောင်လိုက်သည်။ သူ၏ မျက်နှာသည် စက္ကူရုပ်တစ်ရုပ်နှင့် ဆင်တူပေသည်။ သူ ပြုံးလိုက်သောအချိန်တွင် သူ့အရေးအကြောင်းများသည် သတင်းစာဟောင်းကဲ့သို့ အတုယူကာ တွန့်ခေါက်သွားသည်။

“သူ ကိုင်ထားတဲ့ ဓားက အရိပ်ကမ္ဘာက သရဲတွေ လုပ်ထားတာပဲ ၊ အဲဒါအတွက် အသက်ဘယ်နှစ်ချောင်း စတေးခဲ့ရလဲဆိုတာ ဘယ်သူသိမှာလဲ ၊ ငါ ဒီဓားပေါ်မှာ ရင်းနှီးတဲ့ အနံ့တစ်ခု ရနေတယ် ၊ အဲဒါက ငါ့ကို လီစန်းဆေးရုံက ရွှံ့ရုပ်တုတွေကို အမှတ်ရစေတယ် ၊ မင်းနဲ့ လီစန်းဆေးရုံက သရဲတွေနဲ့ ဘာပတ်သက်မှုရှိလဲ”

“ခင်ဗျား ကျုပ်ကိုနောက်နေတာလား ၊ ပိုကောင်းတဲ့ အကြောင်းပြချက်တစ်ခုလေး မပြောနိုင်ဘူးလား”

ပိုင်ရှောင်က ဓားကို ဆွဲထုတ်၍ အဘိုးအိုကို စိုက်ကြည့်လိုက်သည်။ သူသည် လူများစွာကို ကာကွယ်ရန်အတွက် ဌာနသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ ပိုသိလာသည်နှင့်အမျှ ဌာနသည် သူထင်ထားသလောက် မကောင်းကြောင်း သတိပြုမိလာသည်။

“စကားမများကြနဲ့တော့”

ကျင်းထောင်ရှန်း၏ ယာဉ်မောင်းသည် ကြားဝင်ဖြန်ဖြေရန် အလယ်တွင် ရပ်လိုက်သည်။ အဖွဲ့လေး ခေါင်းဆောင် ရောက်လာသောအခါ သူ အတော်လေး ပျော်ရွှင်ခဲ့သည်။ သို့သော် အဘိုးအိုသည် ပိုင်ရှောင်၏ ဓားကို မြင်သောအခါ ချက်ချင်း ပြောင်းလဲသွား၏။ သူသည် ပိုင်ရှောင်၏ ဓားကို ယူချင်ခဲ့ခြင်းဖြစ်သည်။ လက်စားချေမှုက နောက်တစ်ပိုင်းဖြစ်သည်။ ကျန်တစ်ပိုင်းကတော့ သူ ကြောက်နေခြင်း ဖြစ်သည်။ သူတို့ ဆေးရုံမှ ထွက်ပြေးလာပြီးနောက် ရွှံ့ရုပ်တုများလာ်း သူတို့နှင့်အတူ လွတ်မြောက်လာကြသည်။ သူသည် ဆေးရုံနှင့်ပတ်သက်သည့် ထိုအရာများသည် ရွှံ့ရုပ်တုများကို ဆွဲဆောင်လာမည်ကို စိုးရိမ်နေခဲ့သည်။

အနက်ရောင် ရေကန်အောက်ရှိ အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားသည့် ရုပ်တုအကြောင်း တွေးလိုက်ရုံနှင့်ပင် အဘိုးအို၏ ဦးရေပြားမှာ ထုံကျဉ်သွားရသည်။ သူလေသံသည် တင်းမာလာခဲ့သည်။

“စုံစမ်းရေးမှူးတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေမှာ မတူညီတဲ့ တာဝန်တွေ ရှိတယ် ၊ ငါ ဒါကို မင်းတို့ ကောင်းဖို့ လုပ်နေတာပဲ”

“ခင်ဗျား ကိုယ့်စကားကို နားထောင်မိရဲ့လား”

ပိုင်ရှောင်က ဓားကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“ကောင်းပြီလေ ၊ မင်း သေသွားရင် ဓားက နောက်ဆုံး ငါ့လက်ထဲ ရောက်လာမှာပါပဲ”

အဘိုးအိုသည် တိုက်ရိုက်ပဋိပက္ခကို မရွေးချယ်ခဲ့သော်လည်း ပိုင်ရှောင်သည် သူ့မျက်လုံးထဲတွင် သေဆုံးနှင့်ပြီးသားလူ ဖြစ်နေချေပြီ။ သူက သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ စက္ကူအရုပ်အချို့ တွားသွားထွက်လာကြသည်။ သူက ပိုင်ရှောင်အား နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီးနောက် အခြားလုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ လှေကားပေါ်သို့ တက်သွားခဲ့သည်။

လေပြင်းသည် ခြံဝင်းအတွင်းထဲရှိ သစ်ကိုင်းများကို လှုပ်ရှားနေစေသည်။သစ်ရွက်များ မြေပြင်ပေါ်သို့ လွင့်ကျလာကြသည်။ စက္ကူအရုပ်များက တံခါးလက်ကိုင်များမှ သော့များကို ဖယ်ရှားလိုက်ကြသည်။ ၎င်းတို့သည် ထိုသို့လုပ်နေစဉ်အတွင်း တခစ်ခစ် ရယ်မောနေကြလေသည်။

အဖွဲ့လေး၏ အာရုံသည် တိုက်ခန်းပေါ်တွင် ရှိနေခဲ့သည်။ အမှန်ဆိုရသော် မူမမှန်မှုဖြစ်နေချိန်တွင် အဆောက်အအုံအတွင်းပိုင်းသည် အန္တရာယ်အရှိဆုံး ဖြစ်ရမည်ဖြစ်သည်။ သူတို့သည် သူတို့ကို ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေသည်ကို သတိမပြုမိခဲ့ကြပေ။

ပြောင်းလဲသွားပြီဖြစ်သော ကောင်းမင်သည် ထောင့်တစ်နေရာတွင် ရပ်နေလေသည်။ လုံခြုံရေးအဖွဲ့ဝင်များနှင့် မတူဘဲ သူသည် ကစားစရာ အိတ်ကြီးတစ်လုံးကို သယ်ဆောင်ထားလေသည်။

“နောက်ဆုတ်နေ ၊ ငါ့ကို လုပ်ခွင့်ပေးပါ”

ရှရန်၏ အသံက ကောင်းမင်၏ နားထဲသို့ တိုးဝင်လာသည်။ သူ၏ ပုံမှန်လေသံထဲတွင် မုန်းတီးမှု အရိပ်အယောင်တစ်ခု သိုဝှက်ထားလေသည်။

All Chapters