← Chapters

သရဲဈေး

Vol. 20 Ch. 299

သရဲဈေး

Vol. 20 Ch. 299

“အဓိပ္ပာယ်မရှိတဲ့ ကောင်တွေ!”

လီစန်းစုံစမ်းစစ်ဆေးရေးဌာနမှ စုံစမ်းရေးမှူးများက လုံခြုံရေးအဖွဲ့ လေးကို စူးစူးဝါးဝါး ကြည့်ပြီး ပါးစပ်ဖြင့် တီးတိုး ကျိန်ဆဲလိုက်ကြသည်။

“ဒီလိုအချိန်မျိုးမှာ အတူတူ ပူးပေါင်းလုပ်ဆောင်မယ့်အစား ဘာလို့ ကျုပ်တို့ပစ္စည်းတွေကို လုယူဖို့ ကြိုးစားနေရတာလဲ?”

“လူသား အများစုက သရဲတွေထက် ပိုဆိုးဝါးတယ် ၊ ကပ်ဆိုးကြီး တကယ်ရောက်လာရင် ပိုပြီး ရုပ်ဆိုးတဲ့ အရာတွေကို မြင်ရလိမ့်မယ်”

ချန်းယွင်ထျန်းသည် ပိုင်ရှောင်၏ ပခုံးများကို ပုတ်၍ လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကို မဆုံးရှုံးစေဖို့ ငါ မျှော်လင့်ပါတယ် ၊ မင်း ဘာကြောင့် အသက်ရှင်နေတယ်ဆိုတာ နားလည်ထားပါ”

လုံခြုံရေးအဖွဲ့ဝင်များသည် လူသားမဆန်လောက်အောင် သန်မာကြောင်း ချန်းယွင်ထျန်း သိသည်။ ပဋိပက္ခများ ဖြစ်ပွားပါက သူတို့ဘက်က ရှုံးနိမ့်မည် ဖြစ်သည်။

“ခေါင်းဆောင်၊ ကျွန်တော့်အတွက် ပြောပေးလို့ ကျေးဇူးတင်ပါတယ်”

ပိုင်ရှောင်က ဓားကို သိမ်းလိုက်သည်။ သူသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သကဲ့သို့ ထောင့်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“စုံစမ်းစစ်ဆေးရေးဌာနကို ဟန်ဟိုင်းမြို့သားတွေကို ကာကွယ်ဖို့ တည်ဆောက်ခဲ့တာ ၊ ငါက ကိုယ့်လူတွေကိုတောင် မကာကွယ်နိုင်ရင် တခြားသူတွေကို ဘယ်လို ကာကွယ်နိုင်မှာလဲ” ချန်းယွင်ထျန်းက ကော်ရစ်ဒါအတိုင်း ဦးတည်သွားလိုက်သည်။

“ငါ မင်းကို ငါ့သားတစ်ယောက်လို အမြဲတမ်း သဘောထားခဲ့တာပါ”

ကော်ရစ်ဒါထဲတွင် အဖွဲ့ လေးသည် စက္ကူအရုပ်များနောက်မှ ဖွဲ့စည်းပုံဖြင့် ရွှေ့လျားနေကြသည်။ ၎င်းသည် အလွန်ထူးဆန်းသည်။ အဘိုးအိုက သူ့လက်များကို ဖြန့်လိုက်သည်။ သူသည် လွန်ခဲ့သည့်ရာစုနှစ်တွင် နေထိုင်နေသည့်အလား ခေါင်းမာပြီး အိုမင်းနေသည်။ အဘိုးအိုနောက် လိုက်ပါလာသည့် အဖွဲ့ဝင်များသည် သေနတ်များနှင့် ကျည်ဆန်များဖြင့် လက်နက်တပ်ဆင်ထားကြသည်။ သူတို့သည် ညကြည့်မှန်ပြောင်းများနှင့် သုတေသီများက ပြုလုပ်ထားသော ပစ္စည်းကိရိယာအမျိုးမျိုးကို ဝတ်ဆင်ထားသည်။

“ခေါင်းဆောင်၊ ကျုပ်တို့ သာမန် စုံစမ်းရေးမှူးတွေကို သတိမပေးသင့်ဘူးလား ၊ ဒီနေရာမှာ ယင်စွမ်းအင်တွေ ပြင်းထန်တယ် ၊ သရဲနီတစ်ကောင်ထက် ပိုရှိရမယ်”

“သူတို့ သေချင်ရင် သူတို့ကိုတားရအောင် ငါကဘယ်သူမို့လဲ ”

အဘိုးအိုသည် ကလေးများ၏ ပန်းချီကားများပါသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည်။ သူက ၎င်းတို့အား ချေမွပစ်လိုက်ရာ ကလေးငိုသံများ ပဲ့တင်ထပ်သွားသည်။

“လမ်းပြလိုက်စမ်း”

သူ့လက်များကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် အရိုးဆံထိုးများသည် ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းလာ၏။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ခုန်ပေါက်၍ ဓာတ်လှေကားရှေ့တွင် ရပ်တန့်သွားသည်။ အိုဟောင်းနေသော မီးခိုးပြာရောင် ဓာတ်လှေကားကို လက်ရေးလှစာသားဖြင့် အလှဆင်ထားသည်။ ထိုအိုဟောင်းသော အဆင်တန်ဆာသည် လေထဲတွင် တဖျပ်ဖျပ် လွင့်နေလေသည်။ သူတို့အပေါ်ရှိ မီးများသည် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။

“ကျုပ်တို့ ဓာတ်လှေကားစီးရမှာလား”

အဖွဲ့ လေးသည် ဟန်ဟိုင်းမြို့သို့ ရောက်လာသည်နှင့် ကောင်းမင်နှင့် တွေ့ဆုံခဲ့ကြသည်။ သူတို့ ဆေးရုံမှ ထွက်ခွာလာပြီးနောက် ပိုမို သတိထားလာကြသည်။ ဓာတ်လှေကားမီးသည် လင်းလက်လာသည်။ ကိန်းဂဏန်းသည် မျက်လုံးတစ်လုံးကဲ့သို့ သူတို့ကို စိုက်ကြည့်နေလေသည်။ ဓာတ်လှေကားတံခါးများသည် အချိန်ကြာမြင့်စွာ ဆီမသုတ်ထားသည့်အလား ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။

ဓာတ်လှေကားအတွင်းခန်းသည် အမျိုးမျိုးသော လက်ကမ်းကြော်ငြာများနှင့် ကျိန်စာစကားများ ရေးခြစ်ထားသော လက်ရေးများဖြင့် ဖုံးလွှမ်းနေလေသည်။ အဘိုးအိုက စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိလိုက်ပြီး အတွင်းခန်း၏ မြောက်ဘက်တွင် ထားလိုက်သည်။ မီးခိုးများသည် ဖြည်းညှင်းစွာ မြှင့်တက်လာသည်။ လူသားပုံသဏ္ဌာန် အရိပ်များက အတွင်းခန်းထဲတွင် ပေါ်လာခဲ့သည်။ သူတို့သည် အဘိုးအိုအား စိုက်ကြည့်နေကြသည်။

“မင်းတို့ သေဆုံးပြီးရင် ရစ်ဝဲမနေနဲ့တော့ ၊ မင်းတို့ သွားသင့်တဲ့နေရာကို ငါ ပို့ပေးမယ်”

အဘိုးအိုက သူ့နောက်သို့ လက်ဝှေ့ယမ်းလိုက်သည်။ အဖွဲ့ဝင်တစ်ဦးသည် သေတ္တာကြီးတစ်လုံးကို သယ်ဆောင်လာ၏။ သေတ္တာကို ဖွင့်လိုက်သောအခါ ပိုက်ဆံစက္ကူများ အပုံလိုက် ပေါ်လာလေသည်။

“မင်းတို့ ဝပြီဆိုရင် ဘေးကင်းစွာ သွားကြပါ”

အဘိုးအိုက ပိုက်ဆံစက္ကူ တစ်ဆုပ်ကို ကြဲချလိုက်သည်။ ထို့နောက် သူသည် သေတ္တာ၏အောက်ခြေတွင် ဝှက်ထားသော မီးခြစ်တစ်ခုကို လှမ်းယူလိုက်သည်။ သူ မီးခြစ်ကို ခြစ်လိုက်ရာ မီးတောက်တစ်ခုက ဓာတ်လှေကားထဲသို့ ပြေးဝင်သွားတော့သည်။ လောင်ကျွမ်းနေသော အလင်းရောင်များထဲတွင် ဝိညာဉ်များစွာသည် နာကျင်စွာ ရုန်းကန်နေကြသည်။ အဘိုးအို၏ ပိုက်ဆံစက္ကူအာား လက်ခံခဲ့သူများသည် အကြီးအကျယ် စိတ်ပျက်အားငယ်စွာ မြည်ကြွေးနေကြရသည်။

“ငရဲဘုရင်ရဲ့ ပိုက်ဆံကို မင်းတို့ ယူဝံ့ကြသလား”

တောက်ပနေသော မီးလျှံရှေ့တွင် ရပ်နေသည့် အဘိုးအိုသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူသည် မီးလျှံထဲတွင် တွန့်လိမ်နေသည့် ပုံရိပ်များကို စိုက်ကြည့်လိုက်ပြီး အဖြူရောင် အရိုးဆံထိုးများကို ကောက်ယူလိုက်သည်။ သူက ဆံထိုးသုံးချောင်းကို မီးတောက်ထဲသို့ ပစ်ချလိုက်ပြီး နောက်ဆုံးဆံထိုးကို ဆွဲထားလိုက်သည်။

“မင်းတို့ သူတို့ကို မလိုက်ချင်ရင် လမ်းပြစမ်း”

ထို့နောက် သူသည် ထိုဆံထိုးကို ကော်ရစ်ဒါထဲသို့ ပစ်ချလိုက်သည်။ ဆံထိုးအတွင်း၌ ကလေးဝိညာဉ်တစ်ခု ရှိနေခြင်းဖြစ်သည်။ ဆံထိုးသည် ကြမ်းပြင်ပေါ်သို့ ကျသွားပြီးနောက် အပေါ်ထပ်သို့ လိမ့်တက်သွား၏။ အဘိုးအိုသည် ထိုဆံထိုးနောက် လိုက်ရန် သူ့အဖွဲ့ကို ဦးဆောင်လိုက်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကော်ရစ်ဒါထဲတွင် ကောင်းမင် ပေါ်လာခဲ့သည်။

“ဘယ်လောက် ရက်စက်တဲ့လူလဲ ၊ အခု သူ့ကို ဘယ်လိုသတ်ရမလဲဆိုတာ ငါသိပြီ”

ရှရန်၏ အသံက ကောင်းမင်၏ နားထဲသို့ တိုးဝင်လာသည်။ သူနှင့် ကောင်းမင်သည် မီးတောက်များထဲသို့ ဝင်သွားလိုက်သည်။ ဓာတ်လှေကား ရွေ့လျားသွား၏။ မီးသည် မှိန်ဖျော့သွားသည်။ သို့သော် အတွင်းခန်းထဲတွင် ပန်းချီကားအသစ်တစ်ခု ပေါ်လာခဲ့ပေသည်။

မီးတောက်များဖြင့် ညှဉ်းပန်းနှိပ်စက်ခံနေရသော တိုက်ခန်းနေထိုင်သူများသည် မျက်နှာမပါသော အဘိုးအိုတစ်ဦးကို မီးဖိုထဲသို့ ထိုးသွင်းနေကြခြင်းဖြစ်သည်။

………………………..

အဘိုးအိုသည် သူ့နှလုံးသားတွင် ဆူးဖြင့် ထိုးသကဲ့သို့ နာကျင်မှုကို ခံစားရသောအခါ ခေတ္တရပ်တန့်လိုက်သည်။ သူသည် သူ့ရင်ဘတ်မှ ညစ်ပတ်နေသော ကျောက်စိမ်းရုပ်တုတစ်ခုကို ထုတ်ယူလိုက်သည်။ ပုံမှန်အားဖြင့် လူများသည် ကျောက်စိမ်းပေါ်တွင် အမည်များကို ထွင်းထုလေ့မရှိသော်လည်း ထိုအဖြူရောင် ကျောက်စိမ်းပေါ်တွင် အဘိုးအို၏ အမည်ကို ထွင်းထုထားလေသည်။ အဖြူရောင် ကျောက်စိမ်းသည် အက်ကွဲနေခဲ့သည်။ အက်ကွဲကြောင်းသည် ကျောက်စိမ်း၏ နှလုံးသားမှ စတင်ခဲ့ခြင်းဖြစ်သည်။

“ခေါင်းဆောင်”

“ရတယ် ၊ ဆက်သွား”

ခုန်ပေါက်နေသော ဆံထိုးနောက် လိုက်၍ အဖွဲ့ လေးသည် ပိုင်ရှောင်၏ အဖွဲ့ထက် ရှေ့သို့များစွာ ရောက်နေချေပြီ။

သူတို့ ၁၁ လွှာသို့ ရောက်သောအခါ စျေးတစ်ခု၏ အော်ဟစ်သံများသည် သူတို့၏ နားများကို ထိမှန်လာလေသည်။ ကော်ရစ်ဒါသည် မှောင်မိုက်နေခြင်း မရှိတော့ပေ။ တံခါးများ၏ အပေါ်တွင် အနီရောင် မီးပုံးများ ချိတ်ဆွဲထားသည်။ ထိုအလွှာမှ မြို့သားများသည် သူတို့၏ အိမ်ရှေ့တွင် ဆိုင်ခန်းများ ဖွင့်ထားပြီး အမျိုးမျိုးသော နေ့စဉ်သုံးပစ္စည်းများကို ရောင်းချနေကြသည်။ ပစ္စည်းအများစုမှာ သွေးများ စွန်းထင်းနေလေသည်။

“သရဲစျေးပဲ”

အဘိုးအိုက ကြေးနီတူတစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူသည် အရက်ပြင်း တစ်ငုံသောက်လိုက်ပြီး အဆောင်တစ်ခု ဆွဲလိုက်သည်။ သူက ထိုအရက်အား အဆောင်ပေါ်သို့ ထွေးထုတ်လိုက်သည်။ မီးတောက်တစ်ခုက အဆောင်အား ဝါးမြိုလိုက်သည်။ အဘိုးအိုသည် ထိုလာဘ်ကောင်ကို နံရံပေါ်တွင် ကပ်လိုက်သည်။ အသံများ ပုံပျက်စပြုလာခဲ့သည်။ သူတို့နှင့် အနီးဆုံး မြို့သားများသည် နှေးကွေးသွားခဲ့သည်။ အဘိုးအိုက ကြေးနီတူကို ထိုမြို့သားထံသို့ ဝှေ့ယမ်းလိုက်သည်။ နံရံက အက်ကွဲသွားခဲ့သည်။ ထိုမြို့သားသည် ပန်းချီကားသက်သက်သာ ဖြစ်ပေသည်။

“ဒီသရဲစျေးကို ပန်းချီဆွဲထားတာလား”

အဘိုးအိုသည် လီစန်းဆေးရုံတွင် သူတို့တွေ့ဆုံခဲ့သော ရှရန်ကို အမှတ်ရလိုက်သည်။ ရှရန်သည် သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ လုံခြုံရေးအဖွဲ့ တစ်ခုလုံးကို အချိန်အတော်ကြာအောင် နှောင့်နှေးစေခဲ့သည်။။

“အဲဒီသရဲက ဒီမှာ ရှိနေတာလား”

အဘိုးအို မတုံ့ပြန်နိုင်ခင်တွင် နံရံပေါ်ရှိ ပန်းချီကားသည် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ကော်ရစ်ဒါသည် အဆုံးမရှိသည့်အလားပင်။ သရဲစျေးတွင် သရဲများ ပိုမို ထွက်ပေါ်လာ၏။ သူတို့ထဲမှ အချို့သည် မူရင်းအိမ်ငှားများ ဖြစ်ကြပြီး အချို့မှာ လီစန်းဆေးရုံ၏ လူနာဝတ်စုံများကို ဝတ်ဆင်ထားသည်။ စိတ်မသက်မသာ အဖြစ်စေဆုံးအချက်မှာ သန္ဓေပြောင်းနေသော သရဲအချို့နှင့် ရွှံ့ရုပ်တုများသည် ကော်ရစ်ဒါများတွင် လျှောက်သွားနေကြခြင်း ဖြစ်သည်။

“မကြောက်ကြနဲ့ ၊ ဒီအရာတွေကို နတ်ဆိုးသရဲက ဆွဲထားတာ ၊ သူတို့က အစစ်အမှန် မဟုတ်ဘူး၊ ငါတို့ ဒီပုံရိပ်ယောင်ထဲက လွတ်မြောက်ဖို့ လိုတယ်”

အဘိုးအိုသည် သူ့လက်ဖဝါးကို လှီးဖြတ်လိုက်ပြီး သွေးများကို မျက်ခွံပေါ် သုတ်လိမ်းလိုက်သည်။

“ဆေးရုံက ရွှံ့ရုပ်တုတွေကို ဆွဲရဲတယ်ပေါ့ ၊ သေဆုံးသွားတဲ့ နတ်ဘုရားတွေက သူ့ရဲ့ ပုံတူတွေကို ပူးကပ်နိုင်တယ်ဆိုတာ သူ မသိဘူးလား”

“အိုး ငါ သိတာပေါ့”

အဘိုးအို ဖျက်ဆီးခဲ့သော မြို့သားမှာ ပြန်ပေါ်လာခဲ့သည်။ ရှရန်၏ အသံသည် သူ၏ နှုတ်ခမ်းမှ ထွက်ပေါ်လာသည်။

“ဒါပေမဲ့ ငါ မင်းကို သေစေချင်တယ်လေ”

အဖွဲ့ လေးမှ အဖွဲ့ဝင်များ စတင်ပစ်ခတ်ကြတော့သည်။ သူတို့သည် ရှရန်ကို သတ်ဖြတ်ချင်ကြသော်လည်း ရှရန်က ရယ်ရုံသာ ရယ်လိုက်သည်။

“ဒီတစ်ခါကော ငါ့ကို ဖမ်းနိုင်ဦးမလား”

အဖွဲ့ လေးသည် ရှရန်၏ ထောင်ချောက်ထဲတွင် ပိတ်မိနေကြသည်။ ရှရန်နှင့် ပူးပေါင်းရန် စီစွေ့အိမ်ရာမှ အိမ်ငှားအချို့မှာ လူသေဓာတ်ပုံထဲမှ ထွက်လာကြလေသည်။ ထိုသရဲစျေးသည် လုံးဝ အတုအယောင် မဟုတ်ပါပေ။

အရာအားလုံး အဆင်နေပြေကြောင်း သေချာပြီးနောက် ကောင်းမင်သည် ကစားစရာ အိတ်ကြီးကို သယ်ဆောင်၍ ဓာတ်လှေကားထဲသို့ ထပ်မံ ဝင်သွားလိုက်သည်။ သူသည် အားဖန်၏ ရောင်စုံ လူသေဓာတ်ပုံကို ထုတ်ယူလိုက်လေသည်။

All Chapters