အခန်း (၃၁+၃၂)
Vol. 4 Ch. 31+32
(31)
ယင်ရိလျို လှည့်ပတ်ကြည့်နေရင်းဖြင့် ပို၍ကောင်းမွန်သော မြင်ကွင်းကိုရရှိနိုင်ရန်အတွက် SUV ၏ ခေါင်းမိုပေါ်သို့ ခုန်တက်လိုက်လေသည်။
တခြားနေရာများက မည်သို့မည်ပုံဖြစ်နေလောက်မည်ဆိုသည်ကို သူမ မသိနိုင်သော်ငြား သူမ၏ မျက်လုံရှေ့မှ မြို့တော် Mကိုတော့ သစ်ပင်များက အပြည့်အဝ အုပ်ဆိုင်းကာ သိမ်းပိုက်သွားခဲ့ပြီးဖြစ်၏။
သူမက ဘေးပတ်ဝန်းကျင်ကို လုံ့လဝီရီယရှိစွာ ထောက်လှမ်းနေချိန်တွင် နောက်ထပ် အူသံကို အတော်လေးလှမ်းသော အကွာအဝေးတစ်ခုဆီမှ ကြားလိုက်ရပြန်လေသည်။
ဤအကြိမ်တွင် သူမက ကားအပြင်ဘက်၌ ရှိနေသောကြောင့် ကြောက်မက်ဖွယ် အသံလှိုင်းလုံးကြီးကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ခဲ့သည်။
ယင်ရိလျို မြေပြင်မှ မြက်ပင်ရှည်များပေါ်သို့ ပြန်လည် ခုန်ချလိုက်ပြန်သည်။
မြက်များမှာ လူသားများ၏ ခြေသလုံး အမြင့်အရွယ်မှ လူသားအရွယ်ရောက်သူ၏ ဒူးခေါင်းအမြင့်ခန့်လောက်အထိ ကြီးထွားလာခဲ့ကြသည်။
ယင်ရိလျို မြက်ပင်များထဲသို့ ခုန်ဝင်လိုက်ပြီးနောက်တွင် သူမက မြင်ကွင်းထဲမှ အပြည့်အဝ ဖုံးကွယ်သွားခဲ့လေသည်။ သူမက ဤမြက်ပင်များနှင့် ယှဥ်လျှင် အလွန်ပင်သေးငယ်လွန်းနေခဲ့သည်။
ယုန်လေးက မြက်ထဲတွင် ရှိနေခဲ့ကာ အရှေ့သို့တွားသွားနေ၏။
ပတ်ဝန်းကျင်မှ ချွန်ထက်သည့် မညီမညာ အရွက်၏အစွန်းများက သူမအပေါ်တွင်တော့ မည်သည့်ဒဏ်ရာမှ မဖြစ်စေခဲ့ပေ။ ၎င်းတို့က သူမ၏ အမွှေးထူထူများကို ပွတ်တိုက်သွားသည့်အချိန်တွင် သူမကို ကလိယားထိုးသည်နှင့်ပင် တူနေခဲ့လေသည်။
သူမကို လွှမ်းခြုံထားသည့် အူသံများက ပို၍ ကျယ်လောင်လာခဲ့လေသည်။ တိရစ္ဆာန်များ ခုန်ပေါက် ပြေးနေသောကြောင့် မြေပြင်များက တုန်ခါသည်ကိုပင် ယင်ရိလျို ခံစားမိနိုင်နေခဲ့လေသည်။
သူမ သွားနေရင်းဖြင့် အူသံများနှင့် လူများအော်ဟစ်သံများဆီသို့ ပို၍နီးကပ်လာချိန်တွင် မြက်ပင်ထဲမှ ခေါင်းထုတ်ပြီး ကြည့်လိုက်ပြန်သည်။
ထို့နောက်တွင်တော့ ဧရာမ ခွေးအ’ကြီးသုံးကောင်က လူအဖွဲ့ကို ဝိုင်းရံထားသည်ကို တွေ့မြင်လိုက်ရသည်။ ဤလူများမှာ မြို့တော် Mမှ မူလရှင်ကျန်သူများ ဖြစ်သင့်သည်။ သူတို့၏ အရေအတွက်ကလည်း အတော်များများ ရှိနေခဲ့လေသည်။
ဦးဆောင်လာသည့် လူအချို့၏လက်ထဲတွင် သေနတ်များရှိနေခဲ့၏။ ခွေးအ’များရှေ့သို့ တစ်လှမ်းတိုးလာလျှင် ၎င်းတို့ နောက်ဆုတ်သွားစေရန်အတွက် ခြိမ်းခြောက်ရန် သူတို့က သေနတ်ပစ်ခတ်လိမ့်မည်ဖြစ်၏။
ကျည်ဆန်များက ဤခွေးအ’များ၏ အရေပြားကိုဖောက်ဝင်ပြီး ထိခိုက်စေနိုင်သော်ငြား သေသည်အထိတော့ မဖြစ်နိုင်ချေ။ ဆိုရလျှင် ၎င်းတို့က ဤခွေးအ’များအား လှုံ့ဆော်ရုံသာ ဖြစ်စေနိုင်လေသည်။
တခြားသူများကတော့ တောခုတ်ဓားများ ၊ တင်းပုတ်များနှင့် အခြားလက်နက်များကို လက်ထဲတွင် ကိုင်ထားကြ၏။ အလယ်တွင်ရှိနေသော တစ်ယောက်က ကျောပေါ်၌ သတိလစ်နေသည့် လူတစ်ယောက်ကို သယ်ဆောင်ထားလေသည်။
သတိမေ့နေသောလူမှာ ကျင်းယန်နှင့် ကျောင်းမောင်နှမကဲ့သို့ ဒုတိယဆင့်ကဲပြောင်းလဲမှုအား ကြုံတွေ့နေရခြင်းဖြစ်ကြောင်းကို ယင်ရိလျိုသိရှိနိုင်ခလေသည်။
ဤလူများအတွက် ရင်ဆိုင်နေရသည့်ကိစ္စများသည် သိပ်ပြီးကောင်းသည့်ပုံမရချေ။
ပျက်ကပ်စဖြစ်ပြီးကတည်းက မြို့တော်Mက ဗရမ်းဗတာဖြစ်နေခဲ့သည်။
ယင်ရိလျိုတို့အဖွဲ့ လာခဲ့သည့်မြို့နှင်မတူဘဲ ဤမြို့မှာ သစ်ပင်ပန်းပင်များကို ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ပြီး တိရစ္ဆာန်ရိုင်းများသည်လည်း အများအပြားရှိသည်။
ထို့ကြောင့် ပထမဆုံးမြူပြီးသည့်နောက်တွင် မြို့တစ်ခုလုံးက အင်္ဂတေကြမ်းပြင်များကိုပင် ချိုးဖောက်ထွက်နိုင်သည့် မြေအောက်မြစ်များနှင့် အပင်များထံတွင် သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။
တိရစ္ဆာန်ရုံမှ လွတ်မြောက်လာသော တိရစ္ဆာန်ရိုင်းများသည်လည်း ခန္ဓာကိုယ်အရွယ်အစား ကြီးထွားလာကြပြီး ကိုင်တွယ်ရန် အလွန်ခက်ခဲလာခဲ့ကြသည်။
ဤအန္တရာယ်ရှိသော အခြေအနေက ဒုတိယမြူ ဖြစ်ပွားပြီးနောက်တွင်ဆော့ တိုင်းတာ၍မရနိုင်အောင် ချဲ့ထွင်လာခဲ့သည်။
ဤကဲ့သို့ အခြေအနေများအောက်တွင် မြို့တော် Mမှာ အခြေစိုက်ထားသော စစ်တပ်မှ အကူအညီအများအပြား မရရှိခဲ့ပါချေ။
အဘယ့်ကြောင့်ဆိုသော် ဤမြို့က ပုံမှန်အခြေအနေထက် အနည်းငယ် ကွာခြားနေခဲ့၏ ။
ခန့်မှန်းခြေအားဖြင့် သန္ဓေပြောင်းလဲသွားသူများက တခြားမြို့များထက် ၂၀ရာခိုင်နှုန်းကျော် ပို၍ များပြားခဲ့၏။
ဆိုရလျှင် ရှင်သန်သူဆယ်ယောက်တိုင်းထဲတွင် ဆင့်ကဲပြောင်းလဲသူ သုံးယောက်ပတ်လည်ခန့် ရှိသည်။
ကမ္ဘာပျက်ကပ်ဖြစ်လာချိန်တွင် ဤလူများက ကိုယ်ပိုင်တပ်ဖွဲ့ငယ်လေးများ ဖွဲ့စည်းခဲ့ကြပြီး စစ်တပ်၏ အမိန့်များကိုလည်း နာခံရန် ငြင်းဆန်ခဲ့ကြသည်။
သူတို့သည် အပြစ်ကင်းစင်သော စစ်သားအချို့ကိုပင် ပြင်းထန်စွာ ထိခိုက်စေသေးသည်။ ပြီးနောက်တွင် သူတို့က သစ်ပင်များကြားထဲတွင် ပုန်းခဲ့ကြလေသည်။ စစ်တပ်သည်လည်း သူတို့နှင့်ပက်သက်၍ မည်သည်ကိုမှ မလုပ်ဆောင်နိုင်ချေ။
ယင်ရိလျို ဆုံတွေ့သည့် လူအုပ်စုသည်လည်း ဤကဲ့သို့အဖွဲ့ဖြစ်လေသည်။
ယခုသတိလစ်နေသောသူမှာ ယခင်က ဦးဆောင်ခဲ့သောသူဖြစ်ပြီး တစ်ဒါဇင်ထက်များသော လူများနှင့် အတူတကွ အမဲလိုက်ခဲ့ကြသည်။
သူတို့ထဲမှ တစ်ဝက်နီးပါးက ဆင့်ကဲပြောင်းလဲသူများဖြစ်လေ၏။ ပျက်ကပ်ပြီးနောက် ဘဝက သူတို့အတွက် အတန်အသင့် လွယ်ကူခဲ့လေသည်။
သို့သော် ထိုည၌ ရုတ်တရက် ပေါ်ပေါက်လာသော ထူးဆန်းသော မြူနှင့်အတူ မည်သူကမှ မြူအတွင်းတွင် မမြင်နိုင်ခဲ့ကြချေ။ တချို့ဆင့်ကဲပြောင်းလဲသူများသည်လည်း နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်သွားခဲ့ကြလေသည်။
သူတို့ တစ်ယောက်ပြီးတစ်ယောက် နိုးလာသောအချိန်တွင် သူတို့၏ ရဲဘော်ရဲဘက်တချို့မှာ အိပ်ပျော်နေစဥ် ခေါင်းများ ကိုက်ဖြတ်ခံထားရပြီး အနီနှင့်အဖြူရောင် ဦးနှောက်အနှစ်များက နေရာအနှံ့ စီးကျနေခဲ့သည်ကို တွေ့ရှိလိုက်ရသည်။
သူတို့ အလွန်အမင်းထိတ်လန့်ပြီး စက်ဆုပ်ရွံရှာသွားခဲ့ရသည်။
သို့ဖြစ်၍ ကိုမာဝင်နေဆဲ ဖြစ်သော သူတို့၏ခေါင်းဆောင်ကို မြို့အစွန်သို့ သယ်ဆောင်လာရန်မှလွဲ၍ သူတို့တွင်ရွေးချယ်စရာမရှိတော့ချေ။
လက်ရှိတွင် ကွန်ကရစ်ကို ဖောက်ထွက်ပြီး အရိုင်းဆန်စွာကြီးထားနေသော ထိုအပင်များ၏ အမြစ်များနှင့်အတူ သူတို့နေထိုင်ခဲ့သော နေရာသည်လည်း တောအုပ်အဖြစ် အပြည့်အဝပြောင်းလဲသွားပြီဖြစ်၏။
သို့သော် သူတို့မြို့စွန်ကို ရောက်သည့်အချိန်တွင် ဤသန္ဓေပြောင်းခွေးအ’များနှင့် ဆုံတွေ့ရမည်ကို မည်သူသိပါလိမ့်မည်နည်း။
လူတိုင်း စိတ်ပျက်အားငယ်နေခဲ့ရလေကြ၏။ သူတို့ထဲမှ အင်အားအကြီးဆုံး ဆင့်ကဲပြောင်းလဲသူသည်က အိပ်မောကျနေဆဲဖြစ်ပြီး ဤခွေးအ’များ၏ အရေပြားမာကျောမှုနှင့် အရှိန်သည်လရ်း အလွန်ကြီးမားစွာ တိုးတက်လာပြီးဖြစ်သည်။
ကျည်ဆန်ကုန်လုနီးပါးဖြစ်နေသော သေနတ်အနည်းငယ်က ၎င်းတို့ကို သတ်ပစ်ရန် မလုံလောက်တော့ပါချေ။
လူများနှင့် ခွေးအ’သုံးကောင်က မတိုးသာမဆုတ်သာ အခြေအနေထဲတွင် ကျရောက်နေခဲ့ကြသည်။ မည်သူကမှ မလှုပ်ရှားခဲ့ချေ။
မြူအုပ်ထဲတွင် လူများ၏မျက်လုံးများသာမက တိရစ္ဆာန်များသည်လည်း မမြင်နိုင်ကြချေ။
သူတို့သည်လည်း အခွင့်မသာ ဖြစ်နေနှင့်ပြီဖြစ်၏။ သို့သော် ကံကောင်းစွာဖြင့် လူများက အရေအတွက်ပိုများသောကြောင့် ဤခွေးအ’များမှာ မိုက်မိုက်ကန်းကန်း လုပ်ဆောင်ရန် ကြောက်ရွံ့နေကြသည်။
ခွေးအ’များ၏ ခန္ဓာကိုယ်များသည် အလွန်ကြီးမားလာခဲ့ပြီး သူတို့က အရွယ်ရောက်လူတစ်ယောက်၏ ရင်ဘက်အမြင့်ထိ မြင့်နေခဲ့ကြလေသည်။ သူတို့က ပါးစပ်ဟလျှက် လေပူများရှူထုတ်နေကြပြီး သူတို့၏သွားရည်များသည်လည်း မြေပြင်အနှံ့ တမြားမြား စီးကျနေခဲ့သည်။
သေနတ်က သူတို့ကိုမသတ်နိုင်သော်ငြား သေနတ်ပစ်ချက် ဒဏ်ရာများမှ သယ်ဆောင်လာသော ငြီးငွေ့ဖွယ်နာကျင်မှုကတော့ သူတို့ထံတွင် အကြောက်တရားအဖြစ် ဖြည်းဖြည်းချင်း စိမ့်ဝင်နေခဲ့သည်။
သူတို့က ဉာဏ်ကောင်းသော သတ္တဝါများဖြစ်ကြပြီး ဆင့်ကဲပြောင်းလဲပြီးနောက် ပို၍ပင် ဥာဏ်ရည်ထက်မြက်ကောင်းမွန်လာခဲ့ကြသည်။
သူတို့ လုံးဝရပ်တန့်ပြီးနောက် အနည်းငယ်ပိန်သော တစ်ကောင်က ပထမဆုံး လှုပ်ရှားခဲ့လေသည်။ ၎င်းက မာန်ဖီလိုက်ပြီး အရှေ့ဘက်မှ လူဆီ ဆတ်ခနဲတိုးလိုက်သည်။
ကံကောင်းစွာဖြင့် ဤလူသည်လည်း ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ဖြစ်နေခဲ့သည်။ ကြီးမားသော ခွန်အားနှင့် တိကျမှုနှင့်အတူ လက်ထဲမှ တောခုတ်ဓားကို ချက်ချင်းမြှောက်ပြီး ခွေးအ၏ခေါင်းပေါ်ကို ခုတ်ချလိုက်သည်။
ဓားက ခွေးအ၏ ခေါင်းကို တိုက်ရိုက်ထိမိသွားခဲ့သည်။ ၎င်းက အူပြီး အဝေးသို့ဆုတ်သွားခဲ့လေသည်။
၎င်း၏ခေါင်းကို ထပ်၍မြှောက်လိုက်ချိန်တွင် ၎င်း၏နှာခေါင်းနှင့် ပါးစပ်များက သွေးများစိမ့်ထွက်နေခဲ့သည်။
ထိုခွေးအက အပြည့်အဝဒေါသထွက်လာပြီဖြစ်၏။ ၎င်း၏အနီရောင်ပြောင်းနေသာ မျက်လုံးများနှင့်အတူ ခွေးအက အပြင်းအထန် အူလိုက်ပြီး လူများဆီသို့ ထပ်မံ၍ခုန်အုပ်လိုက်ပြန်သည်။
ဤအူသံက အခြားသန္ဓေပြောင်းခွေးအ’များကို အချက်ပြခြင်းအဖြစ် လုပ်ဆောင်ခဲ့၏။ ဤတခဏတွင် သူတို့သုံးကောင်လုံးက ဟောင်လိုက်ပြီး လူများဆီသို့ တဟုန်ထိုးတိုက်ခိုက်ခဲ့ကြသည်။
လက်ထဲမှ သေနတ်နှင့်လူက ရောက်တက်ရာရာ ပစ်လိုက်ပြီး ကျည်များထဲမှ တစ်ချက်က ခွေးများထဲမှ တစ်ကောင်၏ နှုတ်သီးကို ထိမှန်သွားခဲ့သည်။ ၎င်း၏နှုတ်သီးက ဤကဲ့သို့အကွာအဝေးတိုတိုမှ ပစ်ချက်ကြောင့် ချက်ချင်းပေါက်ကွဲသွားပြီး သွေးများပန်းထွက်လာခဲ့သည်။
သို့သော် ပြန်ဆုတ်ရမည့်အစား ခွေးအက ပို၍ပင် လှုံ့ဆော်ခံလိုက်ရလေသည်။
တခဏအကြာတွင် မြူထူထူထဲတွင် အူသံများ၊ သေနတ်ပစ်သံများ၊ အော်ဟစ်သံများနှင့် ပြည့်နှက်ခဲ့လေသည်။
ခွေးအနှစ်ကောင်က သူတို့၏ရှေ့မှ ဆင့်ကဲပြောင်းလဲသူများထံတွင် ပိတ်ဆို့ခြင်းခံထားရသော်ငြား ဤသန္ဓေပြောင်း တိရစ္ဆာန်များက အလွန်ကြံ့ခိုင်ကြ၏။
သူတို့၏ခန္ဓာကိုယ်များတွင် ဒဏ်ရာအပေါက်အနည်းငယ် ရှိကြသော်လည်း အားမာန်တက်ကြွမှု အများအပြားနှင့် တိုက်ခိုက်နေကြဆဲဖြစ်သည်။
အချက်အလက်အရ လှုံ့ဆော်ခံရသော တိရစ္ဆာန်များသည်က ပို၍ပင် ကြမ်းကြုတ်စွာ တိုက်ခိုက်ကြသည်။
သက်လတ်ပိုင်းလူကြီးများထဲမှ တစ်ယောက်က တခြားခွေးအတစ်ကောင် ခုန်အုပ်ခြင်းခံလိုက်ရသည်။ ဤလူကြီးသည်လည်း အသင်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော်လည်း သူသည် သာမာန်လူတစ်ယောက်သာ ဖြစ်နေခဲ့၏။
ခွေးအနှင့် ရင်ဆိုင်ရသောအခါ သူ၏ခြေထောက်များ ပျော့ခွေသွားခဲ့ရပြီး ခွေးအနှင့် ရင်ဆိုင်ရာတွင် သူ့တွင် အခွင့်အရေးမရှိခဲ့တော့ချေ။
ခွေးအက လူကြီး၏လည်ချောင်းကို ဆုတ်ဖြဲဖွင့်လိုက်ပြီးနောက် သွေးနံ့ပြင်းပြင်းတို့က လေထဲသို့ပျံ့နှံ့သွားလေသည်။ လူတိုင်း၏မျက်လုံးများက နီရဲသွားခဲ့သည်။
ထိုလူ၏အခင်ဆုံးသူငယ်ချင်းက အော်ဟစ်လိုက်ပြီး သူ့ဆီသို့ တဟုန်ထိုးဦးတည်သွားလိုက်သည်။
လူကြီးသေဆုံးမှုသည် အသင်းထဲတွင် အပေါက်တစ်ခုကို ဆုတ်ဖြဲလိုက်မိသည့် ပုံပင်။ တခြား သာမာန်လူများသည်လည်း သူတို့၏သူငယ်ချင်း ဖြစ်သူက သူတို့၏ရှေ့မှောက်တွင် တစ်စစီဆုတ်ဖြဲခံရသည့် မြင်ကွင်းကို မြင်ခဲ့ပြီး ထွက်ပြေးရန် တွေးတောလာခဲ့ကြလေသည်။
အဆုံးတွင် သူတို့ထဲမှ တစ်ယောက်က အဝေးသို့ စတင်ပြေးသွားခဲ့ပြီး အသင်းတစ်ခုလုံး တစ်စစီပြိုကွဲသွားခဲ့တော့သည်။
အခြားတစ်ဖက်မှ ဆင့်ကဲပြောင်းလဲသူများမှာ ခွေးအနှစ်ကောင်ကိုသတ်ပစ်ရန် အလွန်နီးစပ်နေနှင့်ပြီဖြစ်သော်ငြား သူတို့အသင်းဖော်များ ထွက်ပြေးသွားသောကြောင့် သူတို့၏ဝန်ထိုးဝန်ပိုးများက တိုးလာခဲ့တော့သည်။
ပိန်ပါးသည့်ခွေးအ,ကို ပထမဆုံး ခုခံရင်ဆိုင်ခဲ့သော လူကြီးသည်ကား သူ၏နောက်ကျောတွင် လေးလံသော အလေးချိန်တစ်ခုကို ရုတ်တရက်ခံစားလိုက်ရပြီးနောက် ခံတွင်းနံ့ဆိုးကို အနံ့ရလာခဲ့ရသည်။
သူ ကြောက်လန့်တကြား ခေါင်းကို လှည့်လိုက်ချိန်တွင် သူ့နားရွက်နှင့် ပါးသည် ချက်ချင်းဆုတ်ဖြဲခံလိုက်ရပြီး အဆုတ်ပေါက်မတက် အော်သံကိုသာ ထုတ်လွှတ်နိုင်ခဲ့တော့သည်။
(32)
မြက်ပင်များကြားထဲတွင် ရှိနေသော ယင်ရိလျိုမှာ သူမ၏မျက်လုံးရှေ့မှ သွေးထွက်သံယိုမြင်ကွင်းကြောင့် သိမ့်သိမ့်တုန်နေခဲ့သည်။ ခွေးအ,များက အရပ်မျက်နှာပေါင်းစုံသို့ ပြေးလွှားသွားလာနေသည်ကို သူမစောင့်ကြည့်နေခဲ့သည်။
အလယ်ဗဟိုတွင် ကာကွယ်ပေးခံထားရသော သတိလစ်နေသည့် အမျိုးသားကို နောက်ကျောတွင် အားစိုက်ထုတ်လျှက် သယ်ဆောင်ထားသည်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ပေ၏။
သူမက သာမာန်လူတစ်ယောက် ဖြစ်ပုံရသည်။
သူတို့၏ ခုခံလိုင်းများက တစ်စစီပြိုကွဲပြီးနောက် သူမ၏အသင်းဖော်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရသည်ကို တွေ့မြင်ရလျှင် အမျိုးသမီး၏ မျက်နှာတပြင်လုံးက ဖြူဖျော့သွားခဲ့ရပြီး သူမ၏နောက်ကျောမှ အမျိုးသားကို ခပ်တင်းတင်း ထိန်းကာ သစ်ပင်တစ်ပင်၏နောက်တွင် အတူပုန်းနေခဲ့သည်။
မျက်နှာတစ်ဝက်တွင် သွေးများဖုံးလွှမ်းနေသော ခွေးအ,က သူတို့ဆီသို့ ဖြည်းညှင်းစွာ ချဥ်းကပ်လာသည်ကို မြင်လိုက်ရချိန်တိင်တော့ သူမ၏ မျက်လုံးမှ မျက်ရည်များက မထိန်းနိုင်တော့ဘဲ စီးကျလာခဲ့ရတော့သည်။
သူမ၏မျက်လုံးများကို မပိတ်မှီ တွေ့မြင်လိုက်ရသော နောက်ဆုံးမြင်ကွင်းသည်ကား သူမဆီသို့ ဦးတည်၍ ခုန်လွှားလာသည့် သွေးသံရဲရဲ ပါးစပ်ကြီးတစ်ခုသာ ဖြစ်ပေ၏။
သူမက သူမ၏ ဖြစ်လာအံ့ဆဲဆဲ သေဆုံးခြင်းအတွက် သူမကိုယ်သူမ ထွေးပိုက်လိုက်လေသည်။
သို့သော်လည်း သူမ မျှော်လင့်ထားခဲ့သော နာကျင်မှုက ရောက်မလာခဲ့ပါချေ။ ထို့အစား ခွေးအကြီး၏ ဆွဲဆွဲငင်ငင် အော်သံက အလွန်နီးကပ်သည့်နေရာမှ ထွက်ပေါ်လာခဲ့သောကြောင့် သူမ၏ နားစည်ကိုပင် ထိုးဖောက်လုနီးပါးဖြစ်သွားခဲ့ရသည်။
သူက ထိတ်လန့်အံ့သြစွာဖြင့် ခေါင်းကို လှည့်ကြည့်လိုက်လျှင် မကြာခင်က သူမဆီသို့ ခုန်ဝင်လာသော ခွေးအ မှာ မြေပြင်မှာလဲနေခဲ့ပြီး ပြင်းထန်စွာ တုန်ရီနေခဲ့လေသည်။
တခြား မည်သည့်အရာကိုမှ မတွေ့ခဲ့ရပါချေ။
သို့သော်လည်း တခဏကြာပြီးနောက်တွင် လူခေါင်းအရွယ်အစားလောက် ရှိသော အမွှေးဖြူလုံးလေးသည် ခွေးအ,၏နောက်ကျောဆီ ပစ်ဝင်လာခဲ့လဆသည်။
၎င်းကမြေပြင်ပေါ်တွင် အလွန်ပျော့ပြောင်းစွာ ခုန်နေခဲ့ပြီး ခွေးအ,ပေါ်သို့ ပြန်လည်ခုန်တက်သွားခဲ့ပြန်သည်။
မကြာခင်ပင်သန္ဓေပြောင်းခွေးအ,၏ နောက်ကျောက ရှည်လျား၊ နက်ရှိုင်းသော ဟက်တက်ကွဲရာ သုံးခုနှင့် လှီးဖြတ်ခြင်းခံလိုက်ရတော့သည်။
အမျိုးသမီးမှာ သူတို့ ကယ်တင်ခံရသောကြောင့် ဝမ်းသာနေခဲ့သော်လည်း သူမ၏ လက်မောင်းထဲမှ လူကို သောကရောက်စွာဖြင့် တင်းကြပ်စွာ ဖက်လိုက်မိပြန်သည်။
ဒီတစ်ခုက ဘာကြီးလဲ?
၎င်းသည်က အလွန်သေးငယ်သော်ငြား သန္ဓေပြောင်း ခွေးအ,များထက် အလွန်ပို၍ စွမ်းအားကြီးလေသည်။
သူမအနေဖြင့် အကူအညီမဲ့နေခဲ့ရပြီး ခွေးအ,ထက် ပို၍ပင် အန္တရာယ်များသော သားရဲဆီသို့ ပြေးဝင်သွားမိမည်ကို ပူပန်သွားခဲ့ရလေသည်။
နောက်ဆုံးတွင်တော့ သူမ၏အသင်းဖော်များက ခွေးအ,နှစ်ကောင်ကို သတ်ပစ်ခဲ့ကြပြီး သူမဆီသို့ စိုးရိမ်ပူပန်စွာဖြင့် တဟုန်ထိုးပြေးလာခဲ့ကြသည်။
သူတို့ ခွေးအကို မျက်နှာချင်းဆိုင်လိုက်ရသည့်အချိန်တွင် ခွေးအ၏နောက်ကျောတွင် သေစေနိုင်လောက်သော ဒဏ်ရာကြောင့် သေလုနီးပါးဖြစ်နှင့်နေပြီဖြစ်ကာ မတ်တပ်ရပ်နိုင်ရုံမျှသာ ရှိနေခဲ့တော့သည်။
ဆင့်ကဲပြောင်းလဲသူများထဲမှ တစ်ယောက်က သူ၏တံတောင်ဆစ်ဖြင့် ခွေးအ,၏ခေါင်းကို ပိတ်ဆောင့်လိုက်သည်။
သို့နှင့် ထိုခွေးအသည်လည်း ၎င်း၏သေဆုံးခြင်းထွက်သက်ကို ရှူထုတ်လိုက်တော့သည်။
သူတို့ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းရှူထုတ်လိုက်မိခဲ့ကြသည်။
ဘေးဒုက္ခကို ရှင်သန်ဖြတ်ကျော်နိုင်သော ဝမ်းသာမှုက သူတို့၏တင်းကြပ်နေသော နှလုံးသားများကို ပြေလျော့သွားစေခဲ့သည်။
သို့သော်လည်း သူတို့၏ အောက်ဘက်မှ ခြေထောက်များက အားကုန်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဘုတ်ခနဲလဲပြိုကျသွားခဲ့ရလေ၏။ သူတို့၏ အရှေ့မှ အလွန်ဆိုးရွားသော မြင်ကွင်းကို စိုက်ကြည့်ကာ သူတို့၏သေဆုံးသွားသော အပေါင်းအဖော်များအတွက် ဝမ်းနည်းပူးဆွေးနေခဲ့ကြရသည်။
အချိန်အတော်ကြာပြီးနောက် သူတို့က သတိလစ်နေသော လူကို ဆက်လက်သယ်ဆောင်ခဲ့ကြသည်။
ရှင်သန်သူနှစ်ယောက်က ခွေးအ’အသားကို သူတို့၏ဓားများနှင့် အပိုင်းအချို့ ဖြတ်တောက်ပြီး အိတ်များထဲသို့ အစားအစာအဖြစ် သိုလှောင်ခဲ့ကြလေသည်။
သို့သော်လည်း အမျိုးသမူး၏ရှေ့မှ သေဆုံးနေသော သန္ဓေပြောင်းခွေးအကို လှန်လိုက်သောအချိန်တွင် ၎င်း၏နောက်ကျောမှ နက်ရှိုင်းသော ‘ဓား’ရာများကို သတိထားမိကြပြီး သူတို့အားလုံး အချိန်နောက်ကျမှဖြစ်လာသည့် ကြောက်ရွံ့မှု ခံစားသွားကြရသည်။
ဤမြူအုပ်ထူထူထဲတွင် ပုန်းကွယ်နေသည့် တခြား ပို၍ကြောက်လန့်စရာကောင်းသည့် သတ္တဝါများ ရှိသည့်ပုံပင် ။
သူတို့အုပ်စု မသိခဲ့သည် သူတို့အလွန်ကြောက်ရွံ့နေကြသော ထိုအန္တရာယ်ရှိ ‘ကြမ်းကြုတ်သော သားရဲ’သည်ကား ထိုအချိန်တွင် နာကျင်နေခဲ့ရလေသည်။
-
ယင်ရိလျိုတစ်ယောက် ကြီးမားသော ညောင်မုတ်ဆိတ်ပင်ကြီး၏ နောက်တွင်ပုန်းနေခဲ့လေသည်။ သူမသည်က လုပ်ဆောင်ချက်ကောင်းတစ်ခုကို နာမည်မချန်ဘဲ လုပ်ခဲ့သည့် ကြင်နာသောယုန်လေးသာ ဖြစ်ပေ၏။
ထိုကြောင့် သူမက အမည်မဖော်ပြဘဲ လူကြီးနှင့်အမျိုးသမီးကို သန္ဓေပြောင်းခွေးအ၏ ပါးစပ်အတွင်းမှ ကယ်တင်ခဲ့သည်။
သူမက ကျပန်းသူစိမ်းများကို သတိလက်လွတ် ကြင်နာပေးခဲ့ခြင်းမျိုး မဟုတ်ပါချေ။ သန္ဓေပြောင်းခွေးအသည်က တစ်ကောင်သာလျှင် ကျန်ရစ်ခဲ့တော့သည်။
သူအးမအနေဖြင့် အသက်ရှင်နေသော လူသားနှစ်ယောက်ကို သူမ၏ရှေ့တွင် သတ်ဖြတ်ခံရခြင်းအား ရပ်ကြည့်မနိုင်ရုံမျှသာဖြစ်၏။
ထို့ကြောင့် လုံလောက်သည့် သေချာမှုအောက်တွင် သူမက ထိုလူများကို ကယ်တင်ရန် ရွေးချယ်ခဲ့သည်။
သို့သော် သူမ၏အရိုးများထဲမှ တမူထူးကဲသည့် ယာယံမှုများက ပို၍ဆိုးဝါးလာသည်ကို ယင်ရိလျို မကြာခင် သတိထားမိသွားခဲးရသည်။
၎င်းသည်ကား တစ်စုံတစ်ခုမှ သူမ၏ခန္ဓာကိုယ်ထဲမှ အရိုးများကို ဆုတ်ဖြဲနေသကဲ့သို့ ခံစားရခြင်းဖြစ်လေသည်။
အစပိုင်းတွင် ဤတမူထူးသော ခံစားချက်မှာ သည်းခံနိုင်ဖွယ်ရှိနေခဲ့သေးသော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက အချိန်သိပ်မကြာခင်ပင် တစ်ချိန်တည်းတွင် အရိုးကွဲနေသကဲ့သို့ နာကျင်မှုကို ခံစားရစပြုလာခဲ့ရသည်။
ထို့ကြောင့် သူမ ၎င်းနာကျင်မှုကို အာရုံစိုက်ရန်အတွက် ကြီးမားသော ညောင်မုတ်ဆိတ်ပင်ကြီးနောက်သို့ ပြေးသွားခဲ့ခြင်းဖြစ်လေသည်။
ကြမ်းတမ်းသော သစ်ပင်၏ပင်စည် ကျောမှီကာ မြက်ပင်ရှည်များထဲတွင် သူမ ပုန်းခိုလိုက်သည်။
သူမ၏ခန္ဓာကိုယ်ထဲတွင် သူမ၏ကြွက်သားနှင့် အရေပြား လက်မတိုင်းကို ထပ်ကာထပ်ကာ ဆုတ်ဖြဲနေသော အားတစ်ခုရှိပြီး သူမ၏အမြင်အာရုံသည်လည်း တဖြည်းဖြည်း မြူပင်လယ်ကြီးအဖြစ်သို့ ဝေဝါးသွားလေတော့သည်….
အချိန်မည်မျှ ကြာသွားသည်ကို သူမသိသော်ငြား ယင်ရိလျိုတစ်ယောက် ခြေသံများနှင့် စကပြောသံများကြောင့် နိုးထလာခဲ့လေသည်။
သူမ မျက်လုံးများကို ရုတ်ခြည်း ဖွင့်လိုက်မိသည်။ သူမအနေဖြင့် ဆူညံသံများကို ပြုလုပ်နေသော လူကိုကောင်းစွာ မမြင်နိုင်ခင်မှာပင် သူမ၏ ခေါင်းပေါ်တွင် အမည်မသိ အပင်၏ သစ်ကိုင်းများက ဖုံးအုပာနေခဲ့ကာ သူမ၏ရှေ့တွင် တွဲလောင်းကျနေသည်ကို မြင်လိုက်ရသည်။
သူမ အလျှင်အမြန် မတ်မတ်ထိုင်လိုက်ချိန်တွင် နှာခေါင်းထိပ်က သစ်ကိုင်းများကို ထိလုနီးပါးဖြစ်နေခဲ့သည်
၎င်းက အမှန်တကယ် မထိသော်လည်း ထိုသစ်ကိုင်းများတွင်ရှိနေသော ပန်းဖွားပုံစံ ပန်းပွင့်ငယ်များမှ ဝတ်မှုန်အများအပြားကို ရှူသွင်းလိုက်မိဆဲဖြစ်လေသည်။
သူမ၏ နှာခေါင်းလမ်းကြောင်းထဲတွင် စပ်ဖျဉ်းနာကျင်မှုနှင့် မခံမရပ်နိုင်ဖွယ် ယားယံမှုကို ချက်ချင်း ခံစားရလေ၏။ ၎င်းက သူမကို နှာရည်ယိုခြင်း၊ မျက်ရည်ကျခြင်းများ ဖြစ်လာစေခဲ့ပြီး နှာချေစပြုလာခဲ့သည်။
ဤနှာချေသံက သူမကို ချဥ်းကပ်လာသူများအား သတိပေးလိုက်လေသည်။ သူမထံတွင် အလွန်ကောင်းမွန်သော အကြားအာရုံရှိသောကြောင့် သေနတ်မောင်းတင်သံကို ကြားနိုင်ခဲ့ပြီး အမျိုးသားတစ်ယောက်၏ ခပ်တိုးတိုး စကားသံတို့ကိုလည်း တစ်ဆက်တည်းကြားနိုင်ခဲ့လေသည်။
“ခဏလောက် ရပ်လိုက်ဦး၊ အသံက တစ်ခုခု မမှန်ဘူး”
ထိုအသံက တိရစ္ဆာန်အသံနှင့် မတူဘဲ လူသံနှင့် တူနေခဲ့သည်။
ယင်ရိလျိုသည်ကားသူမ၏ မျက်လုံးများကို ဖွင့်နိုင်ရုံမျှသာ တတ်နိုင်ခဲ့သည်။
ဤအချိန်တွင့တော့ ထိုဝတ်မှုန်များက အဆိပ်ရှိကြောင်းကို သူမ သေချာသွားခဲ့သည်။ သန္ဓေပြောင်းဝတ်မှုန်များသည်က အာရုံကြောများကို လှုံ့ဆော်နေခြင်းသာဖြစ်ပေသည်။
ထိရှလွယ်သော မျက်လုံးများနှင် နှာခေါင်းများက လေထုတွင် ပေါ်နေခဲ့လျှင် ဖော်မပြနိုင်ဖွယ် အတွေ့အကြုံတစ်ခုကို ရရှိလာလိမ့်မည်ပင်။
ယခုအချိန်တွင် သူမက ၎င်း၏ ထောက်ချောက်ထဲ ကျဆင်းသွားခဲ့ရပြီး သူမ၏မျက်လုံးများကို ဖွင့်ရန်အတွက်ပင် ရုန်းကန်နေခဲ့ရကာ မျက်ရည်များသည်လည်း ဆက်တိုက်စီးကျနေခဲ့သည်။
လူအချို့သည် လက်ထဲတွင် သေနတ်များကိုကိုင်ကာ သတိအနေအထထားဖြင့် ချဥ်းကပ်လာထဲ့သည်။ သူတို့က နောက်ထပ် ကြောက်စရာကောင်းသော သန္ဓေပြောင်းသတ္တဝါနှင့် ထပ်မံ၍ ပက်ပင်းတိုးလိမ့်မည်ဟု ထင်နေကြသော်ငြား သူတို့ရှေ့မှ ညောင်မုတ်ကြီး၏ အောက်တွင် ကလေးတစ်ယောက်ကိုသာ တွေ့ခဲ့ရပြီး သူတို့ကို အလွန်အမင်း အံ့ဩသွားစေခဲ့လေသည်။
ကလေးမလေး တစ်ယောက်..
ထိုကလေးမလေးမှာ မြက်ပင်များကြားထဲတွင်ထိုင်နေခဲ့၏။ မြေပြင်ပေါ်ရှိ မြက်များက သူမ၏ဖြူဖွေးနေသော မျက်နှာလေးထက် ပို၍ ရှည်လုနီးပါးပင်။
သူမက ညင်သာစွာ နှာချေနေခဲ့ပြီး အရည်လဲ့နေသော မျက်လုံးများသည်လည်း အလွန်အမင်းချစ်စရာကောင်းနေခဲ့လေ၏။
သူမက သန့်ရှင်းသောအဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ဖြူဖွေးပြီးနူးညံ့သော လက်မောင်းများက အင်္ကျီ၏ အပြင်ဘက်တွင် ပေါ်နေခဲ့သည်။
လက်ရှိတွင် သူမ လက်သေးသေးလေးဖြင့် နီရဲနေသောမျက်လုံးများကိုပွတ်နေခဲ့လေသည်။
ကြည့်နေသူများမှာ အဆိပ်ရှိသည့် အင်းစက်နှင့် ခြင်အချို့က သူမကို ကိုက်ခဲလိုက်မည်ကို ကြောက်လန့်မိသည့်အတွက် စိတ်နှလုံးများက အလွန် တုန်လှုပ်သွားခဲ့ကြသည်။
လူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏ ။
အထူးသဖြင့် အသင်းထဲမှ အမျိုးသမီးလေးပင်။ သူမက ကလေးမလေးကို မြင်သည့်အခိုက်အတန့်တွင် ကောက်ယူပွေ့ချီချင်ခဲ့လေသည်။
“ဘုရားရေ… သူမကအရမ်းသေးတာပဲ”
မိန်းကလေးက ရှေ့လှမ်းတော့မည့်အချိန်တွင် သူတို့၏ခေါင်းဆောင်က သူမကို တားဆီးလိုက်သည်။
“ထူးဆန်းတယ်၊ ကလေးမလေးကို သေချာကြည့်လိုပ်”
သူ ပြောလိုက်ပြီး သူ၏မျက်ခုံးများကလည်း အနည်းငယ် ကျုံ့နေခဲ့သည်။
ခေါင်းဆောင်၏ စကားများကိုကြားပြီးနောက် လူတိုင်းသည်လည်း ဂရုတစိုက် လေ့လာလိုက်ကြသည်။ ထိုမှသာ ကလေးမလေး၏ခေါင်းမှာ အပေါ်မှတွဲလောင်းနေသော သစ်ကိုင်းအချို့ထံတွင် မရှင်းမလင်းစွာဖုံးကွယ်ထားခံရသည်ကို ရှာတွေ့သွားခဲ့၏။
ထို့ကြောင့် သူတို့သည် ပထမဆုံးအကြည့်တစ်ချက်တွင်သတိမထားမိခဲ့ကြချေ။
သူမခေါင်းပေါ်တွင် အဖြူရောင်…..
နားရွက်ရှည်တစ်စုံ?
ယုန်များကဲ့သို့ နားရွက်ရှည်ရှည်များ..
အမျိုးသမီးလည်း ဆွံ့အသွားခဲ့ပြီး ကလေးမလေးကို ချဉ်းကပ်နေခြင်းမှ တုံ့ဆိုင်းသွားလေသည်။
သူမ၏ ရှေ့မှမြင်ကွင်းသည် အမှန်ပင် ထူးဆန်းလွန်းသည်။
ခေါင်းထိပ်တွင် အမွှေးပွပွ ယုန်နားရွက်တစ်စုံဖြင့် လေးနှစ် ငါးနှစ်နှစ်သာရှိမည့် ကလေးမလေးက ညောင်မုတ်ဆိတ်ပင်ကြီးအောက်တွင် တစ်ကိုယ်တည်း ထိုင်နေခဲ့သည်ပင်။
=============
စာရေးသူမှာ ပြောစရာရှိပါတယ်-
ယုန်လေးက အကြမ်းကြုတ်ဆုံးပဲ ရှင်းပြစရာမလိုဘူး !
နောက်ထပ်က - တချို့စာဖတ်သူတွေက ယုန်အမြီးတွေက တကယ်တော့ အတော်လေး နုနယ်ပြီး ကျိုးဖို့လွယ်တယ်လို့ လာသတိပေးကြတယ် ဒါကြောင့် အဲဒါကို မဆွဲနဲ့တဲ့။
ဒါပေမဲ့ ငါက သန္ဓေပြောင်းယုန်တွေ အကြောင်းရေးတာလေ ဒီတော့ အဲဒီမှာ အမြီးဆွဲတာအချို့ ပါ’လိမ့်’မယ်
ဒါပေမဲ့ အိမ်မှာတော့ ဒါကိုလိုက်မလုပ်ကြနဲ့နော်!