အခန်း (၃၃+၃၄)
Vol. 4 Ch. 33+34
(33)
အလွန်သေးငယ်လွန်းသော ကလေးမလေးမှာ နှာချေလိုက်ချိန်များတွင် နားရွက်များက အနည်းငယ်တုန်ရီသည်ကို သူတို့မြင်နိုင်နေခဲ့ပြီး နားရွက်ထိပ်များမှာ သိသာထင်ရှားစွာ တုန်ယင်နေခဲ့ပေသည်။
ဆိုရလျှင် ဤသို့လှုပ်ရှားနေပုံများအရာ ၎င်းက အဆင်တန်ဆာတစ်ခုသက်သက် မဖြစ်နိုင်သည်မှာ သေချာ၏ ။ သူမ၏ခေါင်းပေါ်တွင် ရှိနေသော နားရွက်ရှည်ရှည်များမှာ သူမ၏ နားရွက်အစစ်များပင် ဖြစ်ပေလိမ့်မည်။
ယင်ရိလျိုတစ်ယောက် နှာခေါင်းလမ်းကြောင်းထဲရှိ မသက်မသာဖြစ်မှုကို တဖြည်းဖြည်းဖိနှိပ်လိုက်သည်။
သူမက အရှေ့တွင်ရှိနေကြသော လူအုပ်စုကို ပြန်လည် ဂရုပြုနိုင်လေပြီ။
ထိုလူများက လက်ထဲတွင် သေနတ်များကို ကိုင်ထားခဲ့ကြပြီး သတိထားဖြင့် ရှိနေခဲ့ကြလေ၏။ သူမ ထိုအဖွဲ့ကို လှည့်ပတ်ကြည့်လိုက်ပြီး နှလုံးသားထဲတွင် သက်ပြင်းချက်ခဲ့မိကာ ၎င်းသည်က သူမ၏ ကံကြမ္မာဖြစ်မည်ဟု ပူဆွေးစွာ တွေးတောလိုက်ရသည်။
သူမ မေ့မြောမသွားခင်က ကယ်တင်ခဲ့သော အဖွဲ့ထဲမှ သတိလစ်နေသည့် အမျိုးသားမှာ လက်ရှိတွင် ဤလူများကို ဦးဆောင်နေခဲ့ပြီး ထိုသူ့ကိုသယ်ဆောင်ထားခဲ့သော အမျိုးသမီးသည်ကတော့ သူ့ဘေးတွင် ရပ်နေခဲ့လေသည်။
ခွေးအ’များ တိုက်ခိုက်ခံရပြီးနောက် လူဦးရေ တစ်ဒါဇင်ကျော်သော သူတို့၏အသင်းမှာ ခုနှစ်ယောက် သို့မဟုတ် ရှစ်ယောက်လောက်အထိ လျော့ကျသွားခဲ့ပေပြီ။
သူတို့၏ရုပ်ပိုင်းဆိုင်ရာကို အကဲဖြတ်ကြည့်ခြင်းအားဖြင့် လက်ရှိကျန်ရစ်နေသာ လူအားလုံးက သန်မာကြ၏။
ယင်ရိလျို မတိုင်ခင်က မျက်နှာတစ်ဝက်ကို တစ်စစီ ကုတ်ဖြဲခံလိုက်ရသော လူတစ်ယောက်ရှိနေခဲ့ကြောင်တွေးတောကို မှတ်မိလိုက်သည်။ သူမ အဝေးသို့ ထွက်ပြေးမသွားခင်က ထိုလူမှာ သူ၏သူငယ်ချင်းပေါ်သိာ့ မှီထားခဲ့ပြီး သူ၏အိတ်ထဲမှ ပိတ်ကျဲစဖြင့် သူ့၏ ကိုယ်ပိုင်ဒဏ်ရာကို စီးနေသည်ကို သူမ မြင်ခဲ့လေသည်။
သို့သော် လက်ရှိ ဤနေရာတွင် ထိုသူမရှိနေခဲ့ချေ။
သူမ မသိခဲ့သည်မှာ ဒုတိယမြူရောက်လာခြင်းက အပင်များကို သန္ဓေပြောင်းခြင်းကိုသာ ဖြစ်ပွားစေရုံသာမက အနုမြူသက်ရှိများနှင့် ဘက်တီးရီယားများပင်လျှင် အရိုင်းဆန်စွာ သန္ဓေပြောင်းစပြုလာကြသည်ကိုပင်။
နာရီဝက်သာ ကြာပြီးနောက်တွင် မျက်နှာကို ပတ်တီးစီးထားသော လူမှာ သူ၏မျက်နှာက အလွန်အမင်း ထုံထိုင်းပြီး ယားယံနေသည်ဟု ညည်းညူလာခဲ့ကာ သူ၏ကိုယ်ပိုင်မျက်နှာကိုပင် မခံစားနိုင်လုနီးပါး ဖြစ်လာခဲ့သည်။
သူ၏သူငယ်ချင်းဖြစ်သူက ပိတ်ကျဲစကို ကူညီဖြည်ပေးပြီးနောက်တွင် အလွန် စက်ဆုပ်စရာကောင်းပြီး ခြောက်ခြားစရာမြင်ကွင်းကြောင့် အနီးကပ်ရှိနေသော သူငယ်ချင်းဖြစ်သူမှာ သေလောက်အောင် ကြောက်လန့်သွားခဲ့ရသည်။
တစ်ဖက်လူ၏ သွေးသံရဲရဲမျက်နှာတစ်ဝက်မှာ အဆိပ်မိထားသကဲ့သို့ ခရမ်းရောင်ပြောင်းနေကာ သူ၏မျက်လုံးများသည်လည်း အပြည့်အဝ အကြောသေနေသည်ကို သူငယ်ချင်းဖြစ်သူမှ မြင်လိုက်ရလေသည်။
ပြည်များ ၊ သွေးများဖြင့် စွန်းထင်းနေသော ပိတ်ကျဲစမှာလည်း အလွန်အမင်း နံဟောင်နေခဲ့လေပြီ။
ကြောက်စရာအကောင်းဆုံးအရာသည်ကား သူ၏ဒဏ်ရာပေါ်မှ ပိုးကောင်များဖြစ်သည်။ ၎င်းတို့ ထိုနေရာကို မည်သို့ရောက်နေမှန်းကို မည်သူမှမသိရသော်ငြား ၎င်းတို့က သလူ၏အသွေးအသားများထဲသို့ တူးဝင်နေခဲ့ပြီဖြစ်ချေသည်။
သူငယ်ချင်းဖြစ်သူမှ ပို၍အနီးကပ်ကြည့်လိုက်ချိန်တွင် ထိုလူ၏ဒဏ်ရာ အရေပြားအောက်တွင် ဂွမ်းလုံးကဲ့သို့ထူသော ပိုးကောင်နီနီများ တွန့်လိမ်နေသည်ကိုပင် မြင်နိုင်လေသည်။
သူငယ်ချင်းဖြစ်သူမှာ ချက်ချင်းပင် ပျို့တက်လာပြီး သူ၏လက်ထဲမှ ပိတ်ကျဲစကို လွှင့်ပစ်လိုက်မိလေ၏။
ဒဏ်ရာရခဲ့သည်သူကမူ ဖြစ်ပျက်နေသည်များကို လုံးဝသတိမမူမိချေ။ သူ၏မျက်နှာ မည်မျှကြောက်စရာကောင်းနေသည်ကို မသိသော်ငြား သူ့အသင်းဖော်များ၏ မျက်နှာများပေါ်မှ ကြောက်လန့်နေသော အကြည့်များကို မြင်သောအခါ သူသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။
တစ်နာရီကျော်ကြာပြီးနောက် ထိုသူမှာ တိတ်တဆိတ် သေဆုံးသွားခဲ့လေသည်။
ထပ်ဆောင်းအနေဖြင့် သန္ဓေပြောင်းခွေးအ’များ အကိုက်ခံခဲ့ရသော အခြားအသင်းဖော်နှစ်ယောက်လည်း ဒဏ်ရာများပြည်ထွက်ခြင်း၊ ဖျားနာမှုနှင့် ဝက်ရူးပြန်ခြင်းများကို ခံစားခဲ့ရပြီး နောက်ဆုံးတွင် သေဆုံးသွားခဲ့သည်။
ဤအတွက် အကြောင်းပြချက်ကိုပင် သူတို့မသိရချေ။
လေက အင်းစက်တွေရှိနေတာလား?
ဒါမှမဟုတ် အနုမြူသက်ရှိတွေနဲ့ ဘက်တီရီးယား အချို့လား?
သူတို့၏ခရီးကို တစ်ဖန်ပြန်လည် ဆက်မသွားခင် အပင်များ၏ သစ်ရွက်ချွန်ချွန်များဖြင့် အရှခံရသည်အခြေအနေများ ဖြစ်လာနိုင်ပြီး ထိုကဲ့သို့ကြောက်စရာကောင်းပြီး ရှင်းမပြနိုင်သော သေဆုံးခြင်းကိုရရှိခြင်းဖြင့် အဆုံးသတ်သွားမည်ကို ကြောက်သောကြောင့် လူတိုင်းက သူတို့၏အဝတ်နှင့်မကာမိဘဲ ပေါ်နေသော အစိတ်အပိုင်းများကို ပိတ်ကျဲစအထပ်ထပ်ဖြင့် ပတ်ခဲ့ကြလေသည်။
သူတို့ မူလတုန်းက ခွေးအ’များဆီမှ လှီးဖြတ်ခဲ့သော အသားစိမ်းသည်လည်း ဖြေးဖြည်းချင်း ပုပ်သိုးလာခဲ့သည်။
လမ်းဘေးတွင် စွန့်ပစ်ခဲ့သည်မှာ ကြာပြီဖြစ်သော အသားများက ခရမ်းရောင်ပြောင်းပြီး အနံ့များ နံတေခဲ့ကာ လက်ချောင်းအရွယ် ခြင်နှင့်ပိုးကောင် အုပ်လိုက်ကို ဆွဲဆောင်နေခဲ့လေသည်။
ယခုအချိန်တွင် မြို့တစ်မြို့လုံးက သစ်ပင်များဖြင့် ဝန်းရံနေခံရသောကြောင့် သူတို့အနေဖြင့် မည်သည့်နေရာကို သွားရမည်မသိပါချေ။
နောက်ဆုံးတွင် သူတို့၏ခေါင်းဆောင် နိုးလာခဲ့မှသာ သူတို့က ခေါင်းဆောင်ဖြစ်သူ၏နောက်မှလိုက်၍ “တောအုပ်”ထဲကို လမ်းလျှောက်ဖြတ်ရန် လာခဲ့ကြခြင်းဖြစ်သည်။
ဤအချိန်တွင် ယုန်နားရွက်များဖြင့် ထူးဆန်းသော ကောင်မလေးတစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားပါလိမ့်မည်နည်း။
အမျိုးသမီးကတော့ တစ်စုံတစ်ခုကို မှတ်မိသွားပြီး သူမဘေးရှိ လူ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
“ချူကော .. အထောက်အပံ့ပစ္စည်းတွေအတွက် ကျွန်မတို့နဲ့ တိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကိုမှတ်မိသေးလား? သူတို့ထဲမှာ ဖားအဖြစ် ပြောင်းနိုင်ပြီး တံတွေးက အဆိပ်ရှိတဲ့ လူတစ်ယောက်ရှိတယ်မလား? ဒီကလေးမလေးလည်းအဲဒီလူမျိုး ဖြစ်နေခဲ့တာများလား?”
ချူကောဟု အခေါ်ခံရသောသူသည်လည်း ထို့နေ့ကမြင်ကွင်းကို မှတ်မိနေခဲ့လေသည်။
လူတိုင်း၏ရှေ့မှောက်တွင် ထိုသူက အစိမ်းရောင်ဖားပြုတ်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤကဲ့သို့ မဖြစ်လာခင် သူက ဖားပြုတ်တစ်ကောင်ထံမှ လုံးဝ ကိုက်ဖြတ်ခံခဲ့ရသည်ဟု ပြောခဲ့သည်။
ဒီကလေးမလေးကရော အဲဒီလိုမျိုး ကြုံတွေ့ခဲ့ရတာလား?
သူမ၏အသွင်အပြင်ကို အကဲဖြတ်ခြင်းအားဖြင့် သူမ ‘မသေခင်’က ကလေးမလေးတစ်ယောက် ဖြစ်သင့်ပေသည်။ သို့သော်ငြား အန္တရာယ်များသော ဤတောအုပ်ထဲတွင် သူတို့၏ကလေးကို မည်သူက ချန်ထားပါလိမ့်မည်နည်း?
ယင်ရိလျိုဘက်တွင်တော့ သူမ တည်ငြိမ်သွားပြီးနောက် သူမ၏ လက်ရှိ အခြေအနေကို သတိထားမိသွားသည်။
သူမ လူသားဖြစ်လာခဲ့ပြီ?
လက်ရှိအချိန်တွင် သူမက ခြေသလုံးထိ ရောက်သော အလွန်နွေးထွေးသည့် သားရေမွှေးကုတ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ၎င်းက အဖွဲ့ထဲမှလူတစ်ယောက်၏ အင်္ကျီဖြစ်ကာ ထိုလူက သူ့အင်္ကျီကို ချွတ်ပြီး သူမပေါ်တွင် ဝတ်ပေးထားခဲ့ခြင်းဖြစ်လေသည်။
ထို့အပြင် သူမက ယခုအချိန်တွင် အမျိုးသမီးတစ်ယောက်၏ လက်မောင်းထဲတွင် အချီခံထားရသည်။
သူမအနေဖြင့် အဘယ်ကြောင့် ရုတ်တရက် လူသားကလေးလေး ဖြစ်သွားရသည်ကို မသိနိုင်သေးပါချေ။
သို့သော်ငြား မြူအုပ်ထူထဲတွင် ရှိနေစဥ်က သူမ၏ရိုးတွင်းချဥ်ဆီထဲရှိ နာကျင်ခြင်းနှင့် ယားယံခြင်းများကို အကဲဖြတ်ခြင်းအားဖြင့် ဤသို့ပြောင်းလဲခြင်းက ဒုတိယမြူဖြင့် ဆက်စပ်ရမည်ဟု ယူဆခဲ့သည်။
သူမက အလွန် အရပ်ပုနေခဲ့ပြီး လေးနှစ် သို့မဟုတ် ငါးနှစ်အရွယ် ကလေးမလေးတစ်ယောက်၏ အရပ်သာရှိသည်။ သူမ၏ခေါင်းထိပ်ဖျာ့က အရွယ်ရောက်သူ တစ်ယောက်၏ ပေါင်အထိသာ ရောက်လေသည်။
အထူးဆန်းဆုံးအရာသည်က သူမ၏ခေါင်းပေါ်မှ အမွှေးပွပွနားရွက်ဖြူရှည်ရှည်တစ်စုံနှင့် စကပ်အောက်တွင် ဖုံးနေသော မြီးညှောင်ရိုးနောက်ရှိ အမြီးလုံးလုံးလေး ဖြစ်ပေသည်။
သူမ ဤအမျိုးသမီး၏ လက်မောင်းပေါ်တွင် ထိုင်နေသည့်အချိန်တွင် သူမ၏အမြီးလေးက ပြားပြားဝပ်သည်အထိ အဖိခံထားရသည်ကို ခံစားနိုင်လေသည်။
၎င်းသည်က သူမအတွက် အသစ်အဆန်း အာရုံခံစားမှုတစ်ခုဖြစ်နေခဲ့၏။ ၎င်းက ခန္ဓာကိုယ်အစိတ်အပိုင်း အသစ်များ မည်သည့်နေရာကမှန်းမသိ ရရှိလာသကဲ့သို့ ဖြစ်နေခဲ့ပြီး သူမ၏ နားရွက်များကို သတိလက်လွတ်ဖြင့် မကြာခဏလှုပ်မိနေခဲ့သည်။
ဘေးဘက်ပတ်လည်မှ လူများသည်ကတော့ ဤသည်ကို သူမ ကြောက်ရွံ့နေသည်ဟု အဓိပ္ပာယ်ကောက် လွဲသွားကြသောကြောင့် သူတို့ စကားပြောသည့်လေသံကို ပို၍ နူးညံ့တိုးဖျော့သည်အထိ လျှော့ချကာ ပြောနေခဲ့ကြသည်။
ယင်ရိလျိုတစ်ယောက် လူသားတစ်ယောက်မှ ယုန်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် တစ်နည်းနည်းဖြင့် လူသားတစ်ယောက်အဖြစ် တစ်ဖန်ပြောင်းလဲသွားခဲ့သည်။
သူမ၏ နားရွက်အပိုတစ်စုံနှင့် အမြီးတစ်ခု ရရှိလာခြင်းက သူမအတွက် သိပ်ပြီး အံ့သြသင့်စရာမဟုတ်တော့ချေ။
ဤကဲ့သို့ ထူးခြားဆန်းကြယ်မှုများနှင့် ကြုံတွေ့ခဲ့ပြီးနောက်တွင် သူမက ထူးဆန်းသည့်အခြေအနေများကို ကျင့်သားနှင့်ပြီးဖြစ်သည်ဟုပင် ယင်ရိလျိုပြောနိုင်ပေသည်။
သူမအနေနဲ့ ချေးများကြောင်းနေရန်အတွက် အခွင့်အရေးမရှိပါချေ။
အကယ်၍ ကမ္ဘာမြေပေါ်သို့ ဂြိုလ်သားများ ဆင်းသက်လာပြီဟု ပြောလျှင်ပင် ထုုအချက်အလက်ကို အလွယ်တကူ လက်ခံလိမ့်မည်။
ဤလူများသည်က ပျက်ကပ်မတိုင်မီက မြို့တော် M ရှိ fitness club ( gym ကလပ်) တစ်ခု၏ ဘော့စ်၊ မန်နေဂျာ၊ အလုပ်သမားနှင့် မန်ဘာဝင်များဖြစ်ကြလေသည်။
လူတိုင်းတွင် သန်ရှင်းသော လက်များမရှိကြချေ။ ဆိုရလျှင် သာမာန်လူများအတွက်ဆိုပါက ပျက်ကပ်ထဲတွင် သေနတ်များ ရရှိရန်အတွက်က အတော်အတန် ခက်ခဲမည်ဟု ယင်ရိလျို ယုံကြည်သည်။
ဤအချက်အလက်တစ်ခုတည်းမှ သူတို့တွင် အဆက်အသွယ်တချို့ ရှိနေခဲ့မည်ဖြစ်ကြောင်းကို သူမ သိနေခဲ့သည်။
သူမကို ချီထားသော အမျိုးသမီး၏ အမည်သည် စွန်းဖိန်ဖြစ်လေသည်။ သူမက အဖွဲ့ထဲတွင် တစ်ဦးတည်းသော အမျိုးသမီးလည်း ဖြစ်လေ၏။
ထို့ကြောင့် လူကြီးများထဲမှ အစွန့်ပစ်ခံခဲ့ရသကဲ့သို့ နီရဲနေသည့်မျက်လုံးလေးများနှင့် သစ်ပင်အောက်တွင် တစ်ကိုယ်တည်း ထိုင်နေသော ချစ်စရာကောင်းသည့် ကလေးအရုပ်လေးနှင့်တူသည့် ယင်ရိလျိုကို မြင်သည့်အချိန်တွင် သူမက ကလေးမလေးအတွက် ဝမ်းနည်းသွားခဲ့ရသည်။
ထို့ကြောင့် ခေါင်းဆောင်ထံမှ ခွင့်ပြုချက်ရပြီးနောက် သူမကို ကောက်ချီရန် အလျှင်အမြန်သွားခဲ့လေသည်။
အသင်း၏ခေါင်းဆောင်မှာ ကြွက်သားများ တောင့်တင်းလွန်းပြီး သူ၏ကြွက်သားများကို စုတ်ပြဲနေသော ရှပ်အင်္ကျီအောက်မှ မြင်တွေ့နိုင်နေခဲ့ပြီး အလွန်ပင် ယောကျ်ားပိသကာ ခန့်ညားလေသည်။
သူသည်စကားများများပြောတတ်သော အမျိုးအစားမဟုတ်သည့်ပုံရသည်။ သူ၏မျက်နှာပေါ်တွင်လည်း မည်သည့်အမူအရာမှ မရှိနေခဲ့ပါချေ။
ဤကြောင်းကြောင့် သူ၏ပုံစံက အလွန် အေးစက်သည့်ပုံပေါ်လေသည်။ ပထမ အကြည့်တစ်ချက်တွင် ကျင်းယန်ကဲ့သို့ တူညီသောလူအမျိုးအစားဖြစ်ကြောင်း ပြောနိုင်ပေသည်။
(34)
ယင်ရိလျို သူမ၏အရှေ့မှ ဤအမျိုးသားနှင့် ကျင်းယန်တို့က ကွာခြားကြောင်းကို သိရှိပေ၏။
ဆိုရလျှင် ထိုသူက ပို၍ သွေးအေးသော ခံစားချက်ကို ပေးနေခဲ့သည်။ သူမကို စိုက်ကြည့်၍ သူ၏မျက်လုံးများကို အနည်းမှေးလိုက်သည့်အချိန်တွင် ထိုသူက အကျဥ်းသားတစ်ယောက်ကို စစ်မေးနေသကဲ့သို့ ခံစားချက်မျိုးကို ရရှိလာစေ၏။
ဤကဲ့သို့ စူးရှသောအကြည့်အောက်တွင် သူမ မည်သည့်လှည့်ကွက်ကိုမှ မကစားရဲပါချေ။ သူမ၏ အနီရောင်မျက်လုံးများနှင့်အတူ တုံးအပြီး နားမလည်ချင်ယောင်သာ ဆောင်ခဲ့လေသည်။
“မင်း ဘာလို့ ဒီလိုအပြင်ဘက်မှာ တစ်ယောက်တည်း ဖြစ်နေတာလဲ? မင်းဆီမှာ ဘာကြောင့် ယုန်နားရွက်တွေ ရှိရနေတာလဲ? မင်းနဲ့အတူလာတဲ့ လူတွေက ဘယ်မှာလဲ?”
ထိုအမျိုးသားမှာ အမူအရာကင်းမဲ့ပြီး မေးခွန်းမေးစက်တစ်ခုနှင့်တူနေခဲ့ပြီး ယင်ရိလျိုကတော့ လူသားမျိုးနွယ်၏ လုံခြုံနေရေးကို ဘေးသင့်စေသော စပိုင်တစ်ယောက် ဖြစ်နေသကဲ့သို့ပင်။
ထိုလူက မေးခွန်းများကို ဆက်တိုက် မေးမြန်းနေခဲ့သည်။
ယင်ရိလျို ခေါင်းယမ်းလိုက်ကာ မည်သည်ကိုမှ နားမလည်ကြောင်း ညွှန်ပြနေခဲ့သည်။ အဆုံးတွင်တော့သူမသည်က ကလေးတစ်ယောက်သာ ဖြစ်ပေ၏။
သူမ ‘ကြောက်လန့်’သွားချိန်တွင် ‘ဝူးးးးး’ ဆိုသည့်အသံဖြင့် ငိုယိုနေလိမ့်မည်သာ။
သူမ၏ အရည်လဲ့နေသော မျက်လုံးများနှင့် သနားစရာကောင်းစွာ ဆူထားသော နှုတ်ခမ်းများကြောင့် အနီးအနားမှ အသင်းဖော်များမှာ ထပ်မံ၍ တောင့်မခံနိုင်တော့ချေ။
“သ…သမီးရဲ့မိသားစုနဲ့ လမ်းကွဲသွားတာ”
ကလေးပေါက်စလေးအဖြစ်နှင့် ငိုချိန်တွင် သူမ၏နှာခေါင်းနှင့်မျက်လုံးများက နီရဲလာပြီး ခေါင်းထိပ်ရှိ နားရွက်ရှည်ရှည်များသည်လည်း စိတ်အားငယ်စွာ ကုတ်ကျသွားခဲ့သည်။
သူမကို တစ်ချက်ကြည့်လိုက်ပြီးတေညက်တွင် လူတိုင်း၏နှလုံးသားများက အရည်ပျော်ကျသွားခဲ့လေ၏ ။
ကြွက်သားကြီးများနှင့် ယောက်ျားသားကြီးများပင် နှလုံးသားများ နူညံ့သွားခဲ့ကြလေသည်။
ချက်ချင်းပင် အသင်းထဲရှိ လူတချို့မှာ ကမ္ဘာပျက်ကပ်ထဲတွင် သူတို့၏အသက်များ ဆုံးရှုံးဖွယ် ဖြစ်နိုင်ချေ အရှိဆုံးအခြေအနေ၌ သူတို့၏ ဆုံးရှုံးခဲ့ရသော ကိုယ်ပိုင်ကလေးများကို အမှတ်ရသွားခဲ့ကြပြီး ယင်ရိလျိုအတွက် စကားပြောပေးလာခဲ့ကြသည်။
“ချင်ကော ဒီလိုကလေးလေးတစ်ယောက်က ဘာကိုများသိနိုင်မှာလဲ?အရမ်းကြီး တွန်းအားမပေးပါနဲ့တော့”
“ သူမက ကလေးလေး တစ်ယောက်ပဲကို.. ဘာကိုများသိနိုင်မှာလဲ .. သနားစရာ ကလေးမလေးကို ခြောက်မနေနဲ့”
စွန်းဖိန်သည်လည်း ဘေးနားမှ အမျိုးသာကို မထောက်ခံသော အကြည့်တစ်ချက် ပစ်လွှတ်လျှက် ယင်ရိလျို၏ခေါင်းလေးကို သူမ၏လက်မောင်းထဲ ပိုက်ထားခဲ့သည်။
ကလေးမလေး၏ မိဘများသည်က သန္ဓေပြောင်းတိရစ္ဆာန်များ သတ်ခံခဲ့ရခြင်းဖြစ်နိုင်ပြီး ယခုကဲ့သို့ သူမ၏ခန္ဓာကိုယ် ပြောင်းလဲလာခဲ့ရခြင်းမှာ သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်ထံမှ မြိုချခံခဲ့ရခြင်းကြောင့် ဖြစ်နိုင်လေသည်။
သူမက အလွန်သနားစရာကောင်းနှင့်နေပြီဖြစ်နေပေပြီ။ ဤသည်ကို တစ်ဖက်မှ ချင်ကောက ကလေးကို ခြောက်လှန့်နေခြင်းသေး၏။
သူမ၏ဟန်ဆောင်မျက်ရည်များက ဤကြင်နာတတ်ပြီး ရိုးရှင်းသော လူအုပ်စုကို သူမကိုယ်စား သူမအတွက် ကြေကွဲဖွယ် အတိတ်ကိုပင် တီထွင်ကာ ဆင်ခြေဆင်လက် အားလုံးကို အတင်းအကြပ်ပေးလာစေရန် ဖြစ်ပွားစေခဲ့သည်ကို ယင်ရိလျို မသိခဲ့ချေ။
သူမပ “ချင်ကော” ဟူသော နာမည်ကိုကြားသည့်အချိန်တွင် ဆွံ့အသွားခဲ့ရလေ၏။
အဘယ်ကြောင့်ဆိုသော် ဝတ္ထုထဲတွင်လည်း ချင်ကောဟူသောနာမည်ဖြင့် လူတစ်ယောက် ရှိနေခဲ့ပြီး သူသည်က ဝတ္ထု၏ နောက်ပိုင်းအဆင့်တွင် အချိန်အများအပြားတွင် ပေါ်ပေါက်လာခဲ့သည်။
အကယ်၍ ကျင်းယန်က လွှမ်းမိုး၍ မရနိုင်သော စူပါဗီလိန်ဘော့စ်ဖြစ်ခဲ့ပါက ချင်ကောသည်က ဗီလိန်ဇာတ်ပို့ ဇာတ်ကောင်အဆင့်များတွင် သံသယမရှိ ထိပ်ဆုံး သုံးယောက်ထဲမှ တစ်ယောက်ဖြစ်နေလိမ့်မည်ပင်။
သူ ဝတ္ထုထဲတွင် ပထမဆုံးအကြိမ် ပေါ်ပေါက်လာသည့်အချိန်က သူ၏မျက်နှာသည် လုံးဝပျက်စီးနေနှင့်ပြီ ဖြစ်၏။
သူသည်လည်း ကျင်းယန်ကဲ့သို့ အထီးကျန်ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့လေ၏။
သူ၏ယခင် အသင်းက အသင်းဝင်များအားလုံးက သေသွားခဲ့ပြီဟု ပြောထားခဲ့သည်။ သူသည်က မှုန်မှိုင်းကာ ရက်စက်ပြီး သူ၏အဝေးပစ်စွမ်းရည်သည်လည်း အလွန်ပင်အဆင့်မြင့်လေသည်။
မီတာထောင်ချီအဝေးမှ သန္ဓေပြောင်းငှက်များကို ပေါ့ပေါ့ပါးပါး ပစ်ချနိုင်သည်ဟု ဝတ္ထုထဲတွင်ဖော်ပြထားကာ သူ၏မယုံနိုင်ဖွယ် အမြင်အာရုံနှင့် စေ့စပ်တိကျမှုကို ထင်ရှားစေခဲ့သည်။
ဇာတ်လိုက်နှင့် သူ၏အသင်းဖော်များ မြို့တော် B ကို ရောက်ရှိလာချိန်တွင် သူတို့က ချင်ကော၏ တစ်ယောက်တည်းသော လူယုံနှင့် ထိပ်တိုက်တိုးမိသွားခဲ့သည်။
သူတို့သည်က သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်ကို ကိုင်တွယ်သည့်အပေါ်တွင် အငြင်းပွားခဲ့ကြသည်။
နောက်ဆုံးတွင် လူယုံဘက်မှ အရင်ဆုံး လက်ပါခဲ့မိသော်လည်း ရှန်းယင်ကျိုး၏ အသင်းဖော်ကတော့ သူ့ကို မတော်တဆ သတ်မိသွားခဲ့သည်။
ထိုအချိန်ကတည်းက ချင်ကောနှင့်ရှန်းယင်ကျိုးတို့ကြားတွင် ရန်ငြိုးကြီးတစ်ခု ဖြစ်လာခဲ့ကြသည်။
နောက်ဆုံးတွင်တော့ ချင်ကောက ဇာတ်လိုက်၏ တက်လမ်းအတွက် အနင်းခံကျောက်တုံးတစ်ခုသာ ဖြစ်လာခဲ့လေသည်။
သူမရှေ့မှ ချောမောခန့်ညားလှတဲ့ အမျိုးသားနဲ့ ဝတ္ထုထဲမှ အဲဒီဗီလိန်က တကယ်ကြီး တစ်ယောက်တည်းပဲလား?
ယင်ရိလျိုတစ်ယောက် ခေါင်းကိုအသာစောင်းငဲ့လိုက်ပြီး ဤချင်ကောမှ ဇာတ်ပို့အော်ရာကို ထောက်လှမ်းနိုင်မည်လား ကြည့်ရန် ကြိုးစားလိုက်သည်။
သို့သော် သူမ သူကို့ လေ့လာကြည့်နေစဥ် ထိုသူက သတိထားမိသွားပြီး သူမ၏အကြည့်ကို ပြန်လည်စိုက်ကြည့်ခဲ့လေသည်။
သူမတုန်လှုပ်အံ့အားသင့်သွားပြီး သူမ၏မျက်နှာကို စွန်းဖိန်၏လည်ပင်းကြာတွင် အလျှင်အမြန်မြှုပ်နှံလိုက်မိသည်။
သူသည်က ဇာတ်ပို့ဇာတ်ကောင်တစ်ခု ဖြစ်သည်လားဆိုသည်ကို သူမ မသေချာသော်ငြား သူက ကြောက်စရာကောင်းသည်မှာတော့ သေချာပေ၏။
ထိုသူ၏မျက်လုံးသည်က သန္ဓေပြောင်းခဲ့ပုံပေါ်သော်ငြား ကျင်းယန်၏မျက်လုံးများနှင့် မတူညီပေ။
သူ၏စွမ်းရည်များကို အသုံးပြုမနေသည့်အချိန်တွင်ပင် သူ၏မျက်လုံးများက ကြောက်ခမန်းလိလိ နက်ဆွေးကာ မည်းမှောင်နေခဲ့လေသည်။
သူ့မျက်စံ၏ အနက်ရှိုင်းဆုံး အပိုင်းသည်က black hole ငယ်လေးနှင့် တူညီပြီး လူတစ်ယောက်၏ နှလုံးသားမှ အားအနည်းဆုံး အပိုင်းကို မြင်နိုင်နေသကဲ့သို့ပင်။
ယင်ရိလျို သူမ၏ခေါင်းကို လွှဲလိုက်သည်အထိ စောင့်ကြည့်နေခဲ့ကာ ထိုအမျိုးသား၏ အမူအရာသည်က မပြောင်းမလဲ ကျန်နေသော်ငြား ဤကလေးမလေးမှာ ထိုမျှလောက်မရိုးရှင်းဘဲ အပေါ်ယံမျက်နှာပြင်တွင် မြင်နေသကဲ့သို့ အန္တရာယ်မကင်း ဟူသော ခံစားချက်မျိုးကို ရရှိခဲ့လေသည်။
သူ့ထံတွင် အလွန်စေ့စပ်တိကျသော အလိုလိုသိစိတ် အမြဲရှိခဲ့၏။
တောအုပ်ထဲတွင် တစ်ယောက်တည်းဖြစ်နေသော ကလေးတစ်ယောက် အကြောင်းကို သံသယဝင်စရာက အဘယ်တွင် မရှိဘဲ နေနိုင်မည်နည်း?
စွန်းဖိန်က ယင်ရိလျိုကို သူတို့၏အခြေစိုက်စခန်းဆီ ဦးတည်သယ်ဆောင်သွားခဲ့သည်။
ယင်ရိလျိုမြင်နိုင်သော အရာအားလုံးသည်က လမ်းတစ်လျှောက်မှ အမျိုးမျိုးသော အပင်များဖြစ်ပြီး သူတို့မည်သည့်လမ်းကို သွားနေသည်ကိုပြောရန် မဖြစ်နိုင်ပါချေ။
သူမ လာခဲ့ချိန်က လမ်းက မည်သည်နှင့်တူသည်ကိုပင် သူမ မေ့သွားခဲ့သည်။
လက်ရှိတွင် သူမကူကယ်ရာမဲ့ တုန်လှုပ်ခြင်းကို ခံစားလိုက်ရသည်။
အချိန်မည်မျှ ကုန်သွားခဲ့သည်ကို သူမ မသိပေ။ ကျင်းယန်နဲ့တခြားသူများ အိပ်နေစဥ် လူများနှင့်သန္ဓေပြောင်း တိရစ္ဆာန်များက သတိထားမိသွားပြီလား သို့မဟုတ် သူတို့နိုးလာကာ သူမပျောက်သွားသည်ကို သူတို့ရှာတွေ့သွားပြီလား….
ယင်ရိလျို ထိုအကြောင်းကို ပိုတွေးလေ သူမ ပို၍ မူးဝေလာလေဖြစ်၏။ ဤနေရာမှ ထွက်သွားရန် နည်းလမ်းတစ်ခုကို သူမ အမြန်ဆုံး စဥ်းစားရပေလိမ့်မည်။
ဤသည်ကို စဥ်းစားပြီး သူမ စွန်းဖိန်၏ကော်လံကို အားစိုက်ဆွဲလိုက်သည်။
စွန်းဖိန် ခေါင်းငုံ့လိုက်ပြီးနောက်တွင် နီးကပ်သော အကွာအဝေးက မျက်နှာသေးသေး ဝိုင်းဝိုင်းလေးကို မြင်လိုက်ရ၏။ သူမ၏ ပြည့်ဖြိုးပြီး နူးညံ့သော ပါးပြင်များ၊ သူမ၏ သမင်မျက်လုံးဝိုင်းဝိုင်းများနှင့်အတူ ကလေးမလေးကို ပို၍ ချစ်စရာကောင်းပြီး သနားစရာကောင်းစေရန် ပြုလုပ်နေလေသည်။
သူမ၏အသံကို အလိုအလျှောက် တိုးလိုက်သည်။
“ဘာများဖြစ်လို့လဲ?”
ယင်ရိလျိုက ခေါင်းသေးသေးလေးကို ငြိမ့်ပြီး လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။
“သမီး အခုမှတ်မိပြီ .. သမီးရဲ့အဖေနဲ့ ကွဲသွားတာပါ.. ကျဲကျဲ ကျေးဇူးပြုပြီး သမီးကိုအောက်ချပေးပါလား၊ သမီးကိုယ့်ဘာသာကိုယ် ပြန်သွားနိုင်တယ်”
ကလေးမလေး စကားပြောသည့်အချိန်တွင် သူမတွင် နူးညံ့သော အသံအရည်အသွေးနှင့် ချစ်စရာကောင်းသော ကလေးအသံလေးရှိသည်။
“အဓိပ္ပာယ်မရှိတာ!”
စွန်းဖိန်သည်က ရှင်းရှင်းလင်းလင်းပင် သူမကို မယုံကြည်ပေ။ မိဘများက ဤကဲ့သို့ကလေးငယ်လေးကို တစ်ယောက်ထဲ အပြင်ထွက်ခွင့် မည်သို့ပေးပါလိမ့်မည်နည်း?
ဤကလေး၏အခြေအနေမှာ လူကြီးများက အန္တရာယ်ထဲသို့ ကျပြီးအသတ်ခံရရခြင်း ဖြစ်လျှင်ဖြစ် သို့မဟုတ် ကလေးက အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော်ငြား သူမ၏မိဘများက သူမ ရှင်သန်နေခဲ့သည်ကို မသိခြင်းသာ ဖြစ်ပေလိမ့်မည်ပင်။
ကလေးမလေးက သူမကိုယ်သူမ ဖြစ်ပျက်ခဲ့သည်များကို အပြည့်အဝ နားလည်သဘောမပေါက်သေးခြင်း ဖြစ်မည်။
စွန်းဖိန်တွေးလိုက်ပြီး ကလေးမလေးအတွက် ဝမ်းနည်းခြင်းများကို ပို၍ပင် ခံစားရလေသည်။
သူမ ယင်ရိလျို၏လက်ကို တင်းကြပ်စွာကိုင်လိုက်ကာ သူမအား နွေးထွေးမှုအချို့ ပေးရန် ကြိုးစားလိုက်သည်။
ယင်ရိလျို : ???
ယင်ရိလျိုတစ်ယောက် သူမကို စိတ်ပြောင်းသွားစေဖို့အတွက် စနောက်ရန် သူတို့၏အိတ်ကပ်များထဲမှ ဆန်မုန့်ကြွပ်များကို ထုတ်နေသည် ကြံ့ကြံ့ခိုင်ခိုင်လူကြီးများကို မြင်လိုက်ရပြန်သည်။
သူမ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရကာ သူမ၏ ခေါင်းကို အဝေးသို့ ရွေ့လိုက်သည်။
ကျဲ ဘာကိုဆိုတာလဲ ?
ကျွန်မကို လွတ်မပေးဘူးလား?
ထိုနေရာတွင် ခဏကြာနေခဲ့ပြီးနောက် လေထဲတွင် လွင့်မျောနေသော ဝတ်မှုန်များကို လူတိုင်းခံစားနိုင်ကြပြီး တစ်ယောက်ပြီး တစ်ယောက် နှာချေလာကြသည်။
အချိန်အကြာကြီး စောင့်ခဲ့သော်လည်း ကလေးကိုလိုက်ရှာနေသော လူကြီးဖြစ်သူ တစ်ယောက်မှ မရောက်လာကြသောကြောင့် ယင်ရိလျိုကို သူတို့၏’စစ်ဆင်ရေး အခြေစိုက်စခန်း’ ဆီသို့ ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
အဖွဲ့၏ယာယီနေထိုင်ရာသည်က အလွန်ရိုးရှင်း၏။ မြေကြီးထဲတွင် နစ်နစ်စိုက်ထားသော သစ်သားချောင်းအချို့ကို ထောက်တိုင်အနေဖြင့် အသုံးပြုပြီး စုတ်ဖြဲထားသော အဝတ်တစ်လွှာကို အကာအဖြစ် ထိပ်တွင် ဖြန့်လိုက်ကာ ရိုးရှင်းသည့်တဲအချို့ တည်ဆောက်ခဲ့ကြသည်။
ဤသည်မှာ လွန်ခဲ့သည့်နာရီဝက်က လုပ်ဆောင်ခဲ့သော အရာများဖြစ်ပေသည်။
မူလက သူတို့အနေဖြင့် အန္တရာယ်ရှိသော သန္ဓေပြောင်း တိရစ္ဆာန်များနှင့် အမဲလိုက်နိုင်သော စားစရာများရှိမရှိ စစ်ဆေးရန် ဧရိယာကို အနှံ့ကြည့်ရန် ရည်ရွယ်ထားခဲ့ကြသည်။ လျှောက်သွားကြည့်ချင်ခဲ့ကြသည်။
သူတို့တွင် စားစရာများ ပါလာရမည့်အစား ကလေးတစ်ယောက်နှင့် ပြန်လာရမည်ဟု မမျှော်လင့်ထားခဲ့ပါချေ။