← Chapters

အခန်း (၃၇+၃၈)

Vol. 4 Ch. 37+38

အခန်း (၃၇+၃၈)

Vol. 4 Ch. 37+38

(၃၇)

ကျင်းယန် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်မိသည်။

သိသာထက်ရှားသော မသက်တောင့်မသက်သာဖြစ်မှု မရှိသော်ငြား သူ၏ကြွက်သားများကို တစ်ချိန်လုံး တင်းကြပ်ထားလျှက် လမ်းလျှောက်လိုက်မည်ဆိုပါက သူ၏ လမ်းလျှောက်နေ‌သော ကိုယ်ဟန်က ကြည့်ရသည်မှာ ကိုးယိုးကားယားဖြစ်နေခဲ့သည်။

ဤသည်မှာ ဒုတိယမြူ ယူဆောင်လာပေးခဲ့သည့် အပြောင်းအလဲအသစ်ဖြစ်သည်မှာ သေချာ၏။

သူ၏ခြေထောက်များသည်က ပို၍ကောင်းမလာခဲ့ချေ။

သူ၏ခန္ဓာကိုယ်မှ နာကျင်မှုကို ယာယီပြေပျောက်စေသော နည်းလမ်းတစ်ခုကို ရိုးရှင်းစွာ ရှာတွေ့သွားခြင်းဖြစ်သည်။

သူ၏ကြွက်သားများကို အချိန်တိုင်း တင်းကြပ်ထားရန်လည်း မဖြစ်နိုင်ပေ။ ဤနာကျင်မှုလျော့ပေးသော သက်ရောက်မှုသည်က မည်မျှကြာကြာ ခံမည်ကို သူ မသိသော်ငြား ၎င်းက သူ့ကိုပျော်ရွင်သွားစေဆဲဖြစ်၏။

သူ့ခြေထောက်နှင့် ပက်သက်သည့် ပြဿနာသည် သူ၏ပူပန်ကြောင့်ကြမှု အမြဲဖြစ်ခဲ့သည်။

ကမ္ဘာပျက်ကပ်ပြီးနောက် ခြေထောက်များ သက်သာလာခြင်းသည်က စိတ်ညစ်စေသော အကြောင်းအရာကို ဖြေလျော့ပေးရုံသာမက သူ၏ရှင်သန်နိုင်သော အခွင့်အရေးကိုလည်း တိုးမြှင့်ပေးလေသည်။

ဤအခိုက်အတန့်တွင် အရေးကြီးဆုံးတာဝန်က သူ၏ ယုန်လေးနှင့် ကျောင်းမောင်နှမကို ရှာရန်သာဖြစ်သည်။

သူ့၏နံဘေးမှ မည်သည့်အချိန်ကမှမခွာခဲ့ဖူးသော အကောင်လေး၏ ပျောက်ကွယ်သွားမှုကို စဥ်းစားလိုက်လျှင် ကျင်းယန်တစ်ယောက် နှလုံးသားထဲမှ မဖော်ပြနိုင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ယုန်လေးတစ်ကောင် ရှိလာခြင်းသည်က သူ၏ရည်ရွယ်ချက် မဟုတ်ခဲ့ပါချေ။ ထိုအချိန်က သူ့၏ခြေထောက်များက မသန်စွမ်းဖြစ်သွားခဲ့ရုံသာဖြစ်ပေသည်။

ဆေးရုံမှဆင်းပြီးနောက် သူ ရက်အတော်ကြာ အစာစားမဝင်ခဲ့ဘဲ အကြောသေသွားခဲ့သည့် အချက်ကို သူလက်မခံနိုင် ဖြစ်နေခဲ့သည်။

အိမ်ထဲတွင် အိမ်မွေးတိရစ္ဆာန်အနည်းငယ်မွေးရန်အတွက် ပန်းနှင့် ငှက်စျေးကို သွားခဲ့သူသည်က သူ၏ညီမသာ ဖြစ်ပေသည်။

သူ့အနေဖြင့် ၎င်းတို့ကို မကြိုက်နှစ်သက်သော်ငြား ၎င်းတို့၏လိုအပ်ချက်များကို ကောင်းမွန်စွာ ဖြည့်စွတ်ပေးပြီး စောင့်ရှောက်ရန် လူများကို ညွှန်ကြားထားခဲ့လေသည်။

သို့လင့်ကစား နှစ်နှစ်ခန့်ကြာပြီးနောက်တွင်တော့ ယုန်လေးတည်းကသာ ကျင်းမိသားစုအိမ်တော်တွင် အသက်ရှင်ကျန်ရစ်နေခဲ့သည့် တစ်ကောင်တည်းသောတိရစ္ဆာန်ဖြစ်လာခဲ့သည်။

ဉာဏ်ကောင်းသော အကောင်လေးက သူကို’စွန့်ပစ်’သွားလိမ့်မည်ကို ကျင်းယန်မယုံကြည်ပါချေ။

အကြောင်းပြချက် တချို့ကြောင့် ယင်ရိလျိုက သူမဘာသာသူမ ထွက်ပြေးသွားခြင်း မဟုတ်လောက်ဟု သူ ခံစားရလေသည်။

ကျောင်းမောင်နှမနှစ်ယောက် အတွက်တော့ သူ့တွင် ကောင်းမွန်သော လူကဲခတ်နိုင်စွမ်းရှိသည်။

လက်ရှိကြည့်ရလျှင်လည်း ကားထဲမှ ရေ၊ အစားအစာနှင့် အထောက်အပံ့ပစ္စည်းများက တစ်ခုမျှပင် လျော့မသွားချေ။ သူတို့ထွက်သွားလျှင်ပင် သူ့အတွက် ဆုံးရှုံးစရာရှိလိမ့်မည်မဟုတ်ပေ။

ခြေထောက်နှစ်ဖက်လုံးဖြင့် နောက်တစ်ဖန် လမ်းလျှောက်ရသည့် ခံစားချက်သည်က အံ့သြစရာကောင်းပေသည်။

ကျင်းယန်အနေဖြင့် အစပိုင်းတွင် ခြေထောက်များက တောင့်တင်းပြီး ကျင့်သားမရဖြစ်နေသော်ငြား တဖြည်းဖြည်းဖြင့် တိုးတက်လာခဲ့သည်။

တခဏကြာပြီးနောက် နှေးကွေးသော်ငြား ပုံမှန်အရှိန်ဖြင့် လျှောက်နိုင်တော့မည်ဖြစ်၏။

သူ၏ အနည်းငယ် နှေးကွေးစွာ လှုပ်ရှားသော ခြေလှမ်းများကိုကြည့်ခြင့်အားဖြင့် သူ၏ခြေထောက်များက အပြည့်အဝမပျောက်ကင်းသေးသည်ကို ပြောနိုင်ဆဲပင်။

သူ ကားကို စက်နိုးကြည့်လိုက်လေသည်။ ကားအင်ဂျင်က လေးလံသော မြည်သံတစ်ခု ထွက်လာခဲ့ပြီး လီဗာခြေနင်းကို နင်းလိုက်သောအခိုက်တွင် လေး ငါးမီတာနီးပါး ရွေ့လျားသွားပြီးသော်လည်း အကြောင်းပြချက်မသိရဘဲ ရပ်တန့်သွားလေသည်။

သူ ကားထဲမှ ထွက်ကြည့်လိုက်လျှင် အရိုင်းဆန်စွာ ကြီးထွားနေသော နွယ်ပင်များက SUV၏တာယာနှင့် ရှုပ်ထွေးငြိနေသည်ကို ရှာတွေ့လိုက်ရသည်။

ဤအပင်များသည်ာ အလွန်အမင်းကြမ်းတမ်းကြပြီး မြေကြီးထဲမှ အမြစ်များတွယ်ကာ လမ်းကို ဖောက်ထွက်လျှက် ရှိနေလေသည်။ ကားကထပ်၍ ရွေ့လျားနိုင်မည့် နည်းမရှိတော့ပါချေ။

ကျင်းယန် ကားကိုလော့ခ်ချပြီး အခြားသူများကို ရှာတော့မည့်အချိန်တွင် သူရှေ့တွင်ရှိနေသော မြက်ပင်များထဲမှ တရှဲရှဲမြည်သံ ဖျော့ဖျော့ကို ကြားလိုက်ရသည်။

သူသတိထားလျက် လှမ်းကြည့်လိုက်ချိန်တွင် မြက်ပင်များထဲမှ တစ်စုံတစ်ခုာ သူ့ဆီသို့ ဦးတည်လျှက် တွားသွားလာနေသည်ကို မြင်လိုက်ရလေသည်။

ကျင်းယန် သူ၏ခါးမှ သေနတ် ဆွဲထုတ်ပြီး ချဥ်းကပ်လာနေသော သတ္တဝါပေါ်တွင် သူ၏အကြည့်များကို လော့ခ်ချလိုက်သည်။

ထိုအရာက သူနှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည့်အချိန်တွင်တော့ ကျင်းယန် သူ၏ကြုတ်နေသော မျက်မှောင်များကို ဖြေလျော့လိုက်ပြီး သူ၏လက်များကို ပြန်ချလိုက်လေသည်။

ထို့နောက်တွင် အရောင်စိမ်းပြီး အဖုများသော တစ်စုံတစ်ခုက မြက်ထဲမှ ခုန်ထွက်လာလေသည်။

၎င်းသည်က နှစ်မီတာနီးပါး ရှည်လျားသော အစိမ်းရောင်အိမ်မြှောင်ကြီးတစ်ကောင်သာဖြစ်ပေ၏။

၎င်း၏တိမ်ထူနေသော မျက်လုံးများသည် လူသားတစ်ယောက်ကဲ့သို့ လှိမ့်ခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်က တဖြည်းဖြည်း ကျုံ့ဝင်သွားခဲ့သည်။

သူ၏မာကျောပြီး အဖုထစ်များသော အသားအရေသည်လညား ပျော်ကျသွားပုံရပြီး ၎င်း၏အရပ်က ကျုံ့ဝင်သွားကာ လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။

ကျောင်းချီယန်မှ လွဲ၍ မည်သူဖြစ်နိုင်ပါမည်နည်း?

ကျင်းယန် ကားအပြင်ဘက်တွင် ရပ်နေသည်အားမြင်လျှင် ကျောင်းချီယန်ပြုံးလိုက်သည်။

“ကျင်းကော.. ခင်ဗျားနိုးလာပြီပဲ”

သူ၏နှုတ်ခမ်းပေါ်တွင် သွေးများရှိနေခဲ့ကာ သူ့မျက်နှာပေါ်မှ အန္တရာယ်ကင်းမဲ့သောအပြုံးနှင့်ရောပေါင်းနေချိန်တွင် ကြည့်ရသည်မှာ အနည်းငယ် ကြက်သီးထစရာကောင်းနေခဲ့သည်။

ကျင်းယန်၏အကြည့်က သူကိုင်ထားသော တိရစ္ဆာန်အသေပေါ်သို့ ပြောင်းရွှေ့သွားခဲ့သည်။

၎င်းသည်က ဘောလုံးနှစ်လုံးစာ အရွယ်အစားရှိသော ကိုက်ဖြတ်တတ်သည့် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ဖြစ်လေသည်။

ကျောင်းချီယန်နှင့် သူ့အစ်မက နိုးလာချိန်တွင် ဆာလောင်နေကြသော်ငြား တခြားသူများ၏အစားအစာကို ခွင့်ပြချက်မရဘဲ မစားချင်ကြချေ။

ထို့ကြောင့် သူတို့ဘာသာသူတို့ အပြင်ထွက်၍ အမဲလိုက်ရန် ဆုံးဖြတ်ခဲ့ကြ၏။

ထို့ကြောင့် ကျောင်းချီယန်က သူ၏အိမ်မြှောင် အသွင်ဖြစ်နေခဲ့ခြင်းဖြစ်ပေသည်။

၎င်းက သူရထားသည့် အရာက ရတနာတစ်ခုဖြစ်နေသကဲ့သို့ သူ၏လက်ထဲမှ လယ်ကြွက်အသေအား ကျင်းယန်ကိုပြသလာခဲ့သည်။

“ကျွန်တော် ဘာကောင်ဖမ်းမိလာလဲကြည့်လိုက် .. ကော သိလား ကျွန်တော်ထပ်ပြီး အဆင့်ပြောင်းလဲလာပြီလို့ ထင်တယ်”

သူ၏အိမ်မြှောက်အသွင်သည်က ပို၍ကြီးထွားလာကာ သူ၏အရေပြားသည်လည်း သံချပ်ကာကဲ့သို့ မာကြောလာပြီး သူ၏အရှိန်နှင့် သူ့အာရုံများ၏ အာရုံနိုင်စွမ်းသည်လည်း အနည်းငယ်တိုးတက်လာခဲ့သည်။

အသိသာဆုံးအပြောင်းအလဲသည်က သူ၏အဆိပ်က ပို၍ အဆိပ်ပြင်းလာခဲ့သည်ပုံရသည်။

ယခင်က သူ၏သားကောင်မှ အညံ့ခံမသွားခင် စက္ကန့်အနည်းငယ်လောက် ပြန်ကိုက်လာလိမ့်မည်ဖြစ်သော်ငြား ယနေ့တွင်တော့ သူက လယ်ကြွက် ၏မျက်လုံးများထဲကို အဆိပ်ပမာဏအနည်းငယ်သာ ထွေးထုတ်ခဲ့ရသည်။

၎င်းအဆိပာအနည်းငယ်ကပင် လယ်ကြွက်ကို နှစ်စက္ကန့်အတွင်း သေသည်အထိ အဆိပ်သင့်သွားစေခဲ့လေသည်။

တခဏကြာပြီးနောက်တွင် ကျောင်းချီယန်ကဲ့သို့ လက်ထဲတွင် သွေးများတစက်စက်စီးကျနေသော သားကောင်ကိုသယ်ဆောင်၍ တောအုပ်ထဲမှ နောက်ထပ်’ သားရဲ’တစ်ကောင် ပေါ်ထွက်လာခဲ့ပြန်သည်။

၎င်းသည်က ကျောင်းစီဟွေ့ဖြစ်လေ၏။

သူမသည်လည်း ဒုတိယဆင့်ကဲပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီး သူမ၏ဆံပင်များက စတီးအပ်များကဲ့သို့ မာကျောလာခဲ့လေသည်။

သူမ၏ဆံပင်များ အားလုံးထောင်နေချိန်တွင် ဆူးဘောလုံးအဝိုင်းတစ်ခုနှင့်ပင် ဆင်တူခဲ့သည်။

လက်ရှိတွင် သူမက သူမ၏လက်မောင်းများနှင့် နောက်ကျောဘက်မှ အမွှေးများ၏ အရှည်ကိုလည် လွတ်လပ်စွာ ထိန်းချုပ်နိုင်ခဲ့ပေသည်။

ထို့ထက်ပိုသည်မှာ သူမ ယခင်က မထိန်းချုပ်နိုင်သော စိမ့်ရည်များ၏ အနံ့အတွက်ပင်။

သူမ ဤအကြိမ်နိုးထလာပြီးနောက်တွင် ဂလင်းအမျိုးအစားတစ်ခုက သူမ၏ခန္ဓာကိုယ်ထဲတွင် နိုးထလာသည်ကို ခံစားနိုင်ခဲ့ဘေသည်။

၎င်းဂလင်းသည်က တိရစ္ဆာန်များကို မူးဝေအောင် ပြုလုပ်နိုင်သော အနံ့စူးစူးရှရှတစ်ခုကို ထုတ်လွှတ်နိုင်ခဲ့သည်။

ကျင်းယန်မှ ယင်ရိလျို၏အကြောင်းကို မေးမြန်းခဲ့ချိန်တွင် မောင်နှမနှစ်ယောက်သည်က တစ်ယောက်ကို တစ်ယောက်ကြည့်ခဲ့ပြီး သူတို့မသိကြောင်းပြောကာ ခေါင်းခါရမ်းလိုက်ကြသည်။

“ကျွန်တော်တို့ နိုးလာကတည်းက ယုန်လေးက ကားထဲမှာမရှိတော့ဘူး..ခင်ဗျားအိပ်နေသေးတာကို မြင်လို့ ကျွန်တော်တို့ ကားကိုအပြင်ဘက်ကနေ လော့ခ်ချထားခဲ့တာ”

သူတို့ ပြန်လည်သတိရရန် ကြိုးစားခဲ့ကြပြီး သူတို့နိုးလာချိန်တွင် ယုန်လေး၏အရိပ်အယောင် မရှိကြောင်းကို သူတို့နှစ်ယောက်လုံး အတည်ပြုလိုက်ကြသည်။

ကျင်းယန်၏မျက်နှာက မည်းမှောင်သွားခဲ့လေ၏။ သူ့အနေဖြင့် ယုန်လေး၏ နေရာလွတ်ထဲတွင် ရှိသော အထောက်အပံ့ပစ္စည်းများအကြောင်းကို စိတ်ပူနေခြင်းမဟုတ်ချေ။

ထို့အစား ဤသန္ဓေပြောင်းတောအုပ်ကြီးထဲက ယုန်လေးအတွက် အလွန်များသော အန္တရာယ်များရှိနေသည်ဟု ခံစားခံခဲ့ရသည်။

ယုန်လေးက အလွန်စွမ်းအားကြီးသော်လည်း ၎င်းက ဤအန္တရာယ်တောအုပာကြီးတွင်တော့ သေးငယ်လွန်းလေသည်။

ဤကဲ့သို့ ကျယ်ပြောသောအုပ်ကြီးထဲတွင် ၎င်းကို သူ မည်သို့သွားရှာရပါမည်နည်း?

ကျောင်းမောင်နှမလည်း တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားမှုဖြင့် ကြည့်လိုက်မိကြသည်။

ထိုအခိုက်တွင် အဝေးတစ်နေရာမှ ဆူညံသံများနှင့် မီတာတစ်ရာပတ်လည်အတွင်းရှိ ကုန်းမြေ၏ တုန်ခါမှုကို ခံစားလိုက်ရသည်။

ထို့အပြင် အကွာအဝေးတစ်ခုဆီမှ သူတို့ဆီသို့ ချဥ်းကပ်လာသော စွမ်းအားကြီး၏ တည်ရှိမှုတစ်ခုကို သူတို့ ခံစားနိုင်လေသည်။

ကျောင်းစီဟွေ့၏ အမူအရကာပြောင်းလဲသွားပြီး ကျင်းယန်ကို ကြည့်လိုက်သည်။

“ကျင်းကော တစ်ခုခုလာနေပြီလို့ ကျွန်မ ထင်တယ်”

သူမအနေဖြင့် ကျင်းယန်ကို သူတို့အဖွဲ့၏ ကျောရိုးဟု မသိစိတ်အရ မှတ်ယူထားပြီးဖြစ်ကာ အရာအားလုံးအတွက် ကျင်းယန်၏ဆုံးဖြတ်ချက်ကို မေးမြန်းရန် မသိစိတ်တွင် မှတ်ယူလိုက်သည်။

တစ်ဖက်မှ အရာကြီးသည်က သူတို့ဆီဦးတည်လျှက် အလွန်လျှင်မြန်စွာ ရွေ့လျားနေသည်ကို ခံစားနိုင်လေသည်။

ကျင်းယန်လည်း အဝေးမှလာသည့် တိရစ္ဆာန်အူသံများကို မသဲမကွဲကြားနိုင်၏။ ၎င်းသည်က သူတို့ဆီသို့ အများဆုံး ငါးမိနစ် သို့မဟုတ် ခြောက်မိနစ်အတွင်း ရောက်လာနိုင်လေသည်။

သူ ကားတံခါးကို ချက်ချင်းဖွင့်ပြီး ပြောလိုက်သည်။

“လိုအပ်တဲ့ပစ္စည်းတွေကိုပဲ ယူပြီး ပြေးမယ်.. ဓာတ်ဆီနဲ့ တခြားသိပ်အရေးမကြီးတာတွေကို ဒီနေရာမှာပဲ ချန်ထားခဲ့မယ်”

(38)

မြို့ထဲရှိ လမ်းအများစုသည်က အပင်များထံတွင် ဖျက်စီးခြင်းခံခဲ့ရပြီးဖြစ်လေ၏။

အနာဂတ်တွင် သူတို့အနေဖြင့် ခြေကျင် ခရီးသွားရကောင်း သွားရနိုင်သည်။

သဘာဝအလျှောက် သူတို့၏ကားနှင့် ဓာတ်ဆီများကိုလည်း ထပ်မံ၍ လိုအပ်လိမ့်မည် မဟုတ်ချေ။

ကျောင်းမောင်နှမနှစ်ယောက်က ကားထဲမှ အဝတ်အစားအားလုံး၊ ရွက်ဖျင်တဲအိတ်နှင့် ရေဘူးများကို သူတို့၏ ကျောပိုးအိတ်များထဲသို့ အလျှင်အမြန် ထုပ်ပိုးလိုက်ပြီး သူတို့သုံးယောက် နေရာမှ လျှင်မြန်စွာ ထွက်ခွာခဲ့ကြသည်။

ဤအခိုက်အတန့်တွင် ချင်ဖူဟိုင်နှင့်သူ၏ အသင်းဖော်များသည်လည်း သိပ်မဝေးသောနေရာ၌ နောက်ထပ်လူအုပ်စုကို မျက်နှာချင်းဆိုင်လျှက် ရပ်နေခဲ့ကြသည်။

သူတို့၏ ပတ်ပတ်လည်ရှိ အပင်များနှင့်‌ မြေပြင်သည်က အပေါက်များဖြင့် ဇကာပေါက်ကဲ့သို့ ဖြစ်နေပြီး အနီးဆုံးနေရာမှ သစ်ပင်ကြီးမှာ တစ်ဝက်ချိုးချခံထားရသည်။

အနီးအနားမှ သစ်ကိုင်းများက ပြုတ်ကျနေခဲ့ပြီး လေထဲတွင်တော့ ဖုန်မှုန့်များဖြင့် ပြန့်ကျဲနေသည်။

မြက်ပင်များ ထဲတွင် ပုန်းနေသော သန္ဓေပြောင်းအင်းစက်အချို့သည်လည်း ထိတ်လန့်ပြီး ထွက်ပြေးနေကြလေသည်။

မီတာတစ်ဝက်မျှ ရှည်လျားသော မီးရထားပိုးကောင်က စွန်းဖိန်၏ခြေထောက်ဘေးမှ ပြေးသွားခဲ့သောကြောင့် သူမ၏မျက်နှာသည်က ကြောက်ရွံ့မှုနှင့် ဖြူဖျော့သွားခဲ့လေသည်။

သူမ လုံးဝ မလှုပ်ရဲခဲ့ပါချေ။ သူမ၏ ရှေ့တွင်ရှိနေသော အသင်းဖော်များကိုလည်း သူမ မနှောင့်ယှက်ချင်ခဲ့ပေ။

ချင်ဖူဟိုင်က ယင်ရိလျိုကို သူမဆီသို့ ပြန်လည် လက်လွှဲပေးလိုက်ပြီး အမျိုးသမီးနှင့်ကလေး၏ရှေ့တွင် ကာရံပိတ်ဆို့ထားခဲ့လေ၏ ။ ထို့ကြောင့် စွန်းဖိန်နှင့် ယင်ရိလျိုတို့ရှေ့တွင် မတ်တတ်ရပ်နေသော အမျိုးသားအုပ်စုက သူတို့ကို ကာကွယ်ပေးနေခဲ့သည်။

သူမက အမျိုးသားများ၏ အနားပြိုင်စတုဂံကြွက်သားများနှင့် ကျယ်ပြန့်သောနောက်ကျောများကို သာမြင်နိုင်ခဲ့ပြီး အရှေ့မှ အန္တရာယ်များအားလုံးကိုတော့ မြင်ကွင်းမှ ပိတ်ဆို့နေခဲ့လေသည်။

စွန်းဖိန်၏မျက်လုံးများက နီရဲနေခဲ့ပြီး ယင်ရိလျိုကို သူမ၏လက်မောင်းများဆီသိာ့ ပို၍နီးနီးကပ်ကပ် ပွေ့ချီလိုက်လေသည်။

ချင်ဖူဟိုင်က သူ၏အကာအကွယ်များကို လျှော့နချရဲချေ။

သူတို့၏ အကြီးမားဆုံးကပ်ဘေးဖြစ်သည့် သားရဲထံမှ အလိုက်ခံရခြင်းသည်က ယခုအချိန်တွင် ဖြေရှင်းပြီးသားဖြစ်နေပေပြီ။

အလွန် ကြီးမားသော သန္ဓေပြောင်းဝံပုလွေကြီးသည်က ချိုးပိုင်းလှဲချခံထားရသော သစ်ပင်၏တစ်ဖက် လဲ‌လျောင်းနေပြီး လူနှစ်ယောက် ဖက်စာရှိသည့် ပိုင်းချိုးခံထားရသော သစ်ပင်ပင်စည်သည်က ဝံပုလွေ၏ဝမ်းဗိုက်ကို ထိုးဖောက်နေခဲ့သည်။

၎င်း၏ခန္ဓာကိုယ်မှာ ပန်းထွက်လာသော သွေးများက မြေပြင်ပေါ်၌ အနီရောင်သွေးအိုင်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

ဝံပုလွေ၏ မီးခိုရောင်သားမွှေးမှာ အရွယ်အမျိုးမျိူးသော ဒဏ်ရာများနှင့် ဆုတ်ဖြဲခံထားရသော်ငြား ၎င်းကို သေသွားစေခဲ့သော ဒဏ်ရာသည်က ၎င်း၏မျက်နှာပေါ်မှ တစ်ခုသာဖြစ်သည်။

ချွန်မြသော ရေခဲချွန်က သန္ဓေပြောင်းဝံပုလွေ၏ မျက်လုံးထဲသို့ ရုတ်တရက် ထိုးဖောက်သွားခဲ့သည်။

ဤသွေးသံရဲရဲမြင်ကွင်းသည်က ချင်ဖူဟိုင်နှင့် တခြားသူများ၏ ကျောရိုးတစ်လျှောက်‌ကို အေးစိမ့်သွားစေခဲ့သည်။

အနီးအနားတွင်တော့ ထို သေဆုံးသွားသည့် မိခင်ဝံပုလွေကြီးကို မှီနေသော သတ္တဝါလေးတစ်ကောင်ရှိနေခဲ့၏။ ၎င်းသည်က သေဆုံးသွားသည့် ဝံပုလွေ၏ မွေးကင်းစသားပေါက်လေးဖြစ်ပေသည်။

သားပေါက်ငယ်လေးသည်ကား လူကြီးတစ်ယောက်၏ အရပ်တစ်ဝက်လောက်သာ ရှိနေခဲ့ပြီး ၎င်း၏အမွှေးသည်လည်း နူးညံ့ပြီး တောက်ပနေခဲ့သည်။

၎င်း၏ နားရွက်ချွန်ချွန်များ၏ ထိပ်ဖျားတွင်ရှိနေသော အဖြူရောင်အမွှေးပွပွနှစ်ကွက်မှ လွဲလျှင် ခေါင်းမှခြေဖျားထိ အပြည့်အဝနက်မှောင်နေခဲ့သည်။

၎င်း၏မျက်စံများသည်က အနီရောင်ဖြစ်လေ၏။ ထိုကဲ့သို့အရောင်မျိုးမှာ ဝံပုလွေများတွင် အများအားဖြင့် မမြင်တွေ့ရသော အသွင်အပြင် လက္ခဏာတစ်ခုဖြစ်ပြီး ၎င်း၏သလင်းကျောက်ကဲ့သို့ ကြည်လင်နေ‌သော မျက်လုံးများထဲတွင် ယခုအချိန်၌ လူသားတစ်ယောက်ကဲ့သို့ မျက်ရည်များအိုင်ထွန်းနေလေသည်။

၎င်းသည်က ငိုညည်းနေခဲ့ပြီး ၎င်းမိခင်၏ ကြီးမားသောခန္ဓာကိုယ်ကို နှာခေါင်းဖြင့်တွန်းနေသည်မှာ ၎င်း၏သေသွားသော မိခင်ကို နိုးလာစေရန်ကြိုးစားနေသကဲ့သို့ပင်။

ထိုမြင်ကွင်းကိုဖြစ်ပေါ်စေသည့် အဓိကလက်သည်ကတော့ အကွာအဝေးတစ်ခုတွင် မတ်တတ်ရပ်ကာ ဝံပုလွေမိခင်အသေနှင့် သူမ၏ထူးဆန်းသော သားပေါက်လေးကို မျက်နှာပေါ်တွင် မထူးမခြားနား အမူအရာတစ်ခုဖြင့် ပေါ့ပေါ့ပါးပါး ကြည့်နေခဲ့လေသည်။

သန္ဓေပြောင်း ဝံပုလွေကို အမဲလိုက်ပစ်ခတာခဲ့သော ဤလူများတွင် လက်နက်ကိရိယာများ တပ်ဆင်ထားခဲ့သည်။

အရှေ့ဘက်တွင် မတ်တတ်ရပ်နေသော လူထွားကြီးတစ်ယောက်က ပြုပြင်မွမ်းမံထားသော လက်ကိုင်အမြှောက်တစ်ခုကို ကိုင်တွယ်ထားခဲ့သည်။

၎င်း၏ပုံပန်းသွင်ပြင်များမှတဆင့် ထိုအမြှောက်ကြီးက အလွန်စွမ်းအားကြီးမားသော လက်နက်တစ်ခုဖြစ်ကြောင်းကို ပြောနိုင်လေသည်။

ဤသည်မှာ ဝံပုလွေပေါ်တွင် အဆင့်ဆင့်သော ဒဏ်ရာများကို ထိခိုက်သွားစေရန် အသုံးပြုခဲ့သော လက်နက်ဖြစ်ပေ၏။

သူ၏နောက်တွင်တော့ အနီရောင်ဝတ်စုံနှင့် ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက် မတ်တတ်ရပ်နေခဲ့၏။ သူမာ ယင်ရိလျိုနှင့် အသက်အတူတူလောက် ဖြစ်ပုံပေါ်ကာ မြေပြင်ပေါ်၌ ငိုညည်းနေသော သားပေါက်လေးကို ထက်သန်ပြင်းပြစွာ စိုက်ကြည့်နေလေသည်။

ထိုစဥ် လူတိုင်း၏ အပေါ်တွင် ရစ်ဝဲနေသော တစ်စုံတစ်ယောက်ရှိနေခဲ့သည်။

၎င်းမှာ နောက်ကျောဘက်တွင် တောင်ပံများနှင့် လူငယ်တစ်ယောက်ဖြစ်ပေသည်။ သူ၏ကြီးမားသော တောင်ပံများသည်က ကောက်ရိုးယပ်တောင်နှင့်ဆင်တူနေခဲ့သည်။

သူက နောက်ကျောတွင် ရှိနေသော အတောင်ပံကို ခတ်ကာ လေထဲတွင် ရပ်နေခဲ့သည်။ သူ၏ခြေဖဝါးကတော့ ချွန်ထက်၊ မာကျောပြီး ကြီးမားသော လင်းယုန်လက်သည်း တစ်စုံအဖြစ် ရှိနေလေသည်။

သူ၏လက်သည်းများထဲမှ တစ်ဖက်က နောက်ထပ်လူတစ်ယောက်၏ ပခုံးကိုလေထဲတွင် တန်းလန်းဆွဲကိုင်ထားပြီး အခြားတစ်ဖက်တွင် ကြီးမားသော ရေပုံးကြီးတစ်ခုကို တွဲလောင်းကိုင်ထားလေသည်။

လေအလယ်တွင် ကိုင်ထားခံရသော လူငယ်တွင် အားနည်းသောခန္ဓာကိုယ်ရှိပြီး သူ၏လက်မောင်း မျက်နှာပြင်ပေါ်တွင် ဆီးနှင်းခဲတစ်လွှာ ဖွဲ့စည်းနေခဲ့သည်။

သူသည်က သန္ဓေပြောင်း ဝံပုလွေကြီး၏ မျက်လုံးများကို ထိုးစိုက်ခြင်းအားဖြင့် သေစေနိုင်သော ရိုက်ချက်ပေးခဲ့သော တစ်ယောက်ဖြစ်သည်။

ထိုသူက သန္ဓေပြောင်းလင်းယုန်လက်သည်းလူနှင့်အတူ စွမ်းအားနှစ်ယောက်တွဲ အဖြစ် အတူတကွ အမဲလိုက်ခဲ့ကြသည်။ ဝံပုလွေမိခင်က ကြီးမားပြီး စွမ်းအားကြီးသော်လည်း သူတို့ကိုထိရန်အတွက် ၎င်းတွင် အခွင့်အရေးပင် မရှိခဲ့ချေ။

ဝိုင်းစက်သော မျက်လုံးကြီးများနှင့် ချစ်စဖွယ်မျက်နှာရှိနေသော အနီရောင်ဝတ်စုံဖြင့် ကလေးမလေးက လေထဲမှ လူငယ်လေးကို ကြည့်ရန် သူမခေါင်းကို မော့လိုက်လေ၏။ သို့သော်ငြား သူမ ပြောလိုက်သည့်စကားများကတော့ သာယာနာပြော်ဖွယ် လုံးဝမရှိနေခဲ့ပါချေ။

“လျို့ယွီကော သမီးအခု ဝံပုလွေကလေးလေးကို ယူလို့ရပြီလား?”

သူမက မျက်တောင်များ တဖြတ်ဖြတ်ခတ်ပြီး ဝံပုလွေအသေပေါ်တွင် မှီတွယ်နေဆဲဖြစ်သည် ဝံပုလွေပေါက်လေးကို လက်ညှိုးထိုးလျှက် မေးလိုက်သည်။

သန္ဓေပြောင်းလင်းယုန်လက်သည်းနှင့် လူသည့် လျို့ယွီက ပြုံးလိုက်ပြီး သားပေါက်လေးကို ကြည့်လိုက်လေသည်။

“ဒါပေါ့ .. အခု သူ့ကို သမီး ပိုင်သွားပြီ”

အနီရောင်ဝတ်စုံနဲ့ ကောင်မလေးမှာ စစ်တပ်ထဲရှိ ရာထူးကြီးတစ်ယောက်၏ သမီးဖြစ်လေသည်။ သူမသည်က အဓိကမြို့တော်နှင့် ဝေးကွာသော မြို့တော် Hတွင် ငယ်စဥ်ကတည်းက ကြီးပြင်းခဲ့သူဖြစ်သည်။

ဤလူများသည်က သူမကိုတစ်ချိန်လုဲး စောင့်ရှောက်ခဲ့ကြသော အထူးအင်းအားစစ်သားများဖြစ်ကြ၏။

ကမ္ဘာပျက်ကပ်သို့ ရောက်လာချိန်တွင်တော့ ဤလူများသည်လည်း အမျိုးမျိုးသော သန္ဓေပြောင်းစွမ်းရည်များ ဖွံ့ဖြိုးလာခဲ့ကြ၏။

နိုင်ငံတကာဆက်သွယ်မှု ကွန်ရက် ပြတ်ကျမသွားခင် နောက်ဆုံးမိနစ်များတွင် သူတို့ထံမှ စစ်တပ်မှ ထိုရာထူးကြီးပုဂ္ဂိုလ်ထံမှ မက်ဆေ့ချ်တစ်ခုကို လက်ခံရရှိခဲ့သည်။

သူတို့၏ အရေးကြီးတာဝန်သည်က ဤကလေးမလေးကို မြို့တော် B သို့ ထိခိုက်ဒဏ်ရာမရှိ ခေါ်ဆောင်လာရန်ဖြစ်သည်။

ကလေးမလေးသည်ကား ကလေးကတည်းက ပျက်စီးသည်အထိ အလိုလိုက်ထားရပြီး သူမနှင့်ရွယ်တူ တခြားကလေးများ၏ ဘော့စ်အဖြစ် အမြဲရှိခဲ့လေသည်။

သူမကြီးပြင်းလာသည်ကို ကြည့်ခဲ့ကြသော ထိုသူများကသူမ၏မောက်မာမှုကို ဆိုးရွားသောအရာတစ်ခုအဖြစ် လုံးဝ မတွေးခဲ့ဘဲ သူမက ဖြူစင်ပြီး ချစ်စရာကောင်းသည်ဟုပင် ထင်နေခဲ့ကြသည်။

‘သူမတွင် မောက်မာရန် အခွင့်အားလုံးရှိ၏’

ဤသည်က သူမပျိုးထောင်ခံခဲ့ရသော နည်းလမ်းသာဖြစ်သည်။

ကမ္ဘာပျက်ကပ် ဖြစ်လာပြီးနောက်တွင် ဤကောင်မလေးကို မြို့တော် B ဆီသို့ စောင့်ကြပ်ပို့ဆောင်ရန် အသန်မာဆုံးသန္ဓေပြောင်း စွမ်းရည်နှင့် စစ်သားသုံးယောက်ကို ရွေးချယ်ခဲ့လေသည်။

လမ်းတစ်လျှောက်မှ အရာရာတိုင်းသည်က သူမအတွက် အသစ်အဆန်းဖြစ်နေခဲ့ပြီး သူမ မြင်တွေ့သမျှ အရာရာတိုင်းပေါ်တွင် သူမလက်များကို တင်ချင်နေခဲ့သည်။

သုံးယောက်၏ ခေါင်းဆောင်ဖြစ်သော လျို့ယွီသည်က ကလေးမလေးကို အလိုအလိုက်ဆုံးလသည့်သူလည်းဖြစ်ပေသည်။ သူမ၏ တောင်းဆိုချက်များအားလုံးကို သူက ချွင်းချက်မရှိ ဖြည့်ဆည်းပေးလိမ့်မည်ဖြစ်၏။

မကြာခင်က ဝံပုလွေမိခင်၏နောက်မှ အနက်ရောင်‌သားပေါက်လေးကို ကလေးမလေး မြင်သောအချိန်က ၎င်း၏တမူထူးသော သားမွှေးအရောင်ကြောင့် အဆွဲဆောင်ခံလိုက်ရသည်။

“လျို့ယွီကော သမီး အဲဒီခွေးပေါက်လေးကို လိုချင်တယ်”

သူမက သားပေါက်လေးကို ညွှန်ပြလျှက် တောင်းဆိုခဲ့သည်။

လျို့ယွီက သူမ၏ဆံပင်များကို ဖွပြီးအပြုံးနှင့် ပြောလိုက်သည်။

“အဲဒါက ခွေးမဟုတ်ဘူး ဝံပုလွေကလေးလေး”

သူ သူမကိုအမှန်ပြင်ပေးလိုက်၏။

“ဒါဆို အဲဒီဝံပုလွေကလေးလေးကို လိုချင်တယ်”

ဝံပုလွေမိခင်သည်က မြို့တော် M သို့ မကြာသေးမီကမှ တင်ပို့ဆောင်ခဲ့သော မယဥ်ပါးသည့် ဝံပုလွေရိုင်းတစ်ကောင်ဖြစ်သည်။

ထိုအချိန်က ၎င်းတွင် ကိုယ်ဝန်ရှိနေခဲ့၏။ ပျက်ကပ်ဖြစ်ပြီးနောက်တွင့ ၎င်းက ဝံပုလွေပေါက်လေးတစ်ကောင်ကို မွေးဖွားခဲ့ပြီး တစ်ချိန်တည်းတွင် နယ်မြေအတွင်း အသန်မာဆုံး သန္ဓေပြောင်း တိရစ္ဆာန်အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့သည်။

၎င်းတွင် အလွန်ထက်မြက်သော အာရုံခံစားမှုများရှိနေခဲ့သည်။

၎င်းက ဉာဏ်ရည်ဉာဏ်သွေး မရရှိခဲ့သော်လည်း ကလေးမလေး၏အော်သံကို ကြားပြီးနောက် အန္တရာယ်များသော အသွင်ဖြင့် အမျိုးသားက သူ၏အကြည့်ကို သားပေါက်လေးပေါ် ဝေ့ကြည့်လိုက်သည်ကို မြင်သောအခိုက်တွင် အန္တရာယ်ကိုအာရုံခံမိခဲ့သည် ။

ထို့ကြောင့် သူမက သားပေါက်လေးကို ပါးစပ်နှင့်ချီကာ လျို့ယွီကို ၎င်း၏ သွေးနီရောင်မျက်လုံးများနှင့် သေစေနိုင်သော စိုက်ကြည့်တ်စချက်ပေးပြီး ခြိမ်းခြောက်သည့် မာန်ဖီသံတိုးတိုးပေးလျှက် ဤလူများကို သတိပေးရန် ကြိုးစားခဲ့လေသည်။

All Chapters