← Chapters

အပေါက်

Vol. 20 Ch. 288

အပေါက်

Vol. 20 Ch. 288

ရေကန်သည် အလွန်အမင်း ဆူပွက်နေသည်။ စိတ်ပျက်အားငယ်မှုထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသည့် ပြုံးရယ်နေသော ရုပ်တုများက လှည့်ကြည့်လာကြသည်။ ၎င်းတို့သည် သွေးမျက်လုံးများဖြင့် သားစားကြူးနတ်ဘုရားကို စိုက်ကြည့်လိုက်ကြသည်။သားစားကြူးနတ်ဘုရားသည် ကံကြမ္မာ၏ အမဲလိုက်ခံရခြင်းမှ နည်းလမ်းအမျိုးမျိုးဖြင့် လွတ်မြောက်နိုင်ခဲ့သည်။ သူသည် ကောင်းမင်မှတစ်ဆင့် ပြန်လည်အသက်ဝင်လာပြီး ဟန်ဟိုင်းတွင် တစ်ဦးတည်းသော အသက်ရှင်နေသည့် နတ်ဘုရားသရဲ ဖြစ်လာခဲ့သည်။

လက်ရှစ်ချောင်းသည် လူသေဓာတ်ပုံကို ဖမ်းဆုပ်ရန် အနက်ရောင်ရေကန်အား ဖြတ်တောက်လိုက်သည်။ ပါးလွှာသော ဓာတ်ပုံလေးသည် တန်ချိန်တစ်ထောင်ခန့် အလေးချိန်ရှိနေသကဲ့သို့ ခံစားနေရသည်။ နတ်ဘုရား၏ လက်မောင်းများတွင် သွေးကြောများ ဖောင်းကြွလာ၏။ ဓာတ်ပုံအား ကောက်ယူရန် ကြိုးစားနေစဉ်အတွင်း နတ်ဘုရား၏ မျက်နှာလေးခုမှာ ဝမ်းမြောက်မှုနှင့် နာကျင်မှုတို့ဖြင့် ဟိန်းဟောက်နေကြသည်။ အရိပ်များအားလုံးသည် သားစားကြူးနတ်ဘုရားအား ဝါးမျိုရန် ကြိုးစားနေသည့်အတွက် လှိုင်းလုံးများ လှုပ်ရှားနေတော့သည်။ ကျိုးပဲ့နေသော ရုပ်တုများက သားစားကြူးနတ်ဘုရားကို မနာလိုဝန်တိုမှု အပြည့်ဖြင့် စိုက်ကြည့်နေကြလေသည်။

“ဒါက ငါ့ဟာပဲ! အိပ်မက်ရဲ့အတွင်းထဲဖြစ်ဖြစ် အပြင်ပဲဖြစ်ဖြစ် ဒါက ငါ့ဟာပဲ!”

ညှဉ်းပန်းနှိပ်စက်ခန်း၏ ထောင့်တစ်နေရာမှ ရင်းနှီးသောအသံတစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ စီတုအန်းနှင့် ကောင်းမင်တို့ နှစ်ဦးလုံး ကြားလိုက်ရသည်။

“ဘယ်သူ ပြောနေတာလဲ ၊ ကုန်းစီလား၊ ဒါမှမဟုတ် သားစားကြူးနတ်ဘုရားလား”

နတ်ဘုရား၏ အရေပြားပေါ်တွင် ညှဉ်းပန်းနှိပ်စက်ခန်း နံရံများပေါ်မှ အရောင်အသွေးစုံလင်သော ပုံစံကွက်များ ပေါ်လာခဲ့သည်။ ညှဉ်းပန်းနှိပ်စက်ကိရိယာများမှာ တဆတ်ဆတ် တုန်ယင်လာပေသည်။ နတ်ဘုရားသည် နောက်ထပ်ရုပ်တုများ နိုးထမလာခင် ဓာတ်ပုံကို လှန်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားလိုက်သည်။

နောက်ဆုံးတွင် ကောင်းမင်နှင့် ရွှမ်ဝမ်တို့သည် ဓာတ်ပုံကို မြင်လိုက်ရသည်။ ၎င်းတွင် နောက်ခံအဖြစ် သွေးနီရောင်မြို့တော်တစ်ခု ရှိနေလေသည်။ ထိုမြို့ထဲတွင် အသက်ရှင်ကျန်ရစ်သူ ဆယ့်သုံးဦး ပုန်းအောင်းနေကြသည်။

ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာန၏ အကြီးအကဲ ကုတ်အင်္ကျီအား ဝတ်ဆင်ထားသော စီတုအန်းသည် သူ့မိခင်၏ အုတ်ဂူရှေ့တွင် မတ်တပ်ရပ်နေသည်။ သူ့ခန္ဓာကိုယ်သည် အကြည်လင်ဆုံး ဖြစ်သော်လည်း အဖြူအမည်း ဖြစ်သွားပြီး မြို့၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

ပန်းချီစုတ်တံနှင့် သိုးမွေးအင်္ကျီကို ဝတ်ဆင်ထားသည့် ရှရန်သည် စာသင်ခန်းထဲတွင် ထိုင်နေ၏။ သူသည် သူ့ကိုယ်ပိုင် ရုပ်အလောင်းကို ပျင်းရိစွာ ရေးဆွဲနေသည်။ စီတုအန်းနှင့် တူညီစွာ သူ့ခန္ဓာကိုယ်တွင် အရောင်မရှိသော်လည်း သူရေးဆွဲထားသည့် ရုပ်အလောင်းမှာမူ အလွန်အရောင်အသွေးစုံလှသည်။

ထို့နောက် နောက်တစ်ယောက်မှာ မြို့တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနတွင် ကောင်းမင် မြင်တွေ့ခဲ့ဖူးသည့် ကျင်းထောင်ရှန်းဖြစ်သည်။ ထိုချောမောသော အမျိုးသားသည် ပိုးမွှားများကို ကြောက်ရွံ့သူဖြစ်သည်။ သူသည် ရေချိုးခန်းထဲတွင် ရပ်၍ သူ့ကိုယ်သူ သန့်ရှင်းနေသော်လည်း ရေချိုးကန်ထဲတွင် ရေမရှိပေ။ ရေပန်းများနှင့် ရေပိုက်များမှ စီးဆင်းလာသောအရာမှာ သွေးရည်များဖြစ်သည်။ သူကိုယ်သူ ပို၍သန့်ရှင်းလေ ပို၍ညစ်ပတ်လေလေပင် ဖြစ်သည်။

ကောင်းမင်က ပိုမိုနီးကပ်စွာ ကြည့်လိုက်သောအခါ ဓာတ်ပုံထဲတွင် သူ့ပုံကို တွေ့လိုက်ရသည်။ သူသည် မောင်းနှင်နေသည့် ဘတ်စ်ကားတစ်စီးပေါ်တွင် ရှိနေသည်။ ဘတ်စ်ကားထဲတွင် သူ့အတန်းဖော်များ၏ အလောင်းများ ပြည့်နေပြီး သူတစ်ယောက်တည်းသာ အသက်ရှင်နေခြင်းဖြစ်သည်။ အထူးဆန်းဆုံးအချက်မှာ အသက်ရှင်ကျန်ရစ်သည့် ကျောင်းသားသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ သူ့နှင့်တူနေသော်လည်း မျက်နှာမှာ မှုန်ဝါးနေခြင်းဖြစ်သည်။ သူသည် မျက်နှာ ရှင်းရှင်းလင်းလင်း မမြင်ရသော တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်သည်။

“စီတုအန်းနဲ့ ရှရန်တို့က သေသွားပြီ ဒါကြောင့် သူတို့က သွေးစွန်းမြို့တော်နဲ့ တစ်သားတည်းဖြစ်လာပြီး သူတို့ရဲ့ အရောင်တွေ ဆုံးရှုံးသွားတာ ၊ ကျန်တဲ့ ဆယ့်တစ်ယောက်ကရော အသက်ရှင်နေသေးတာလား”

စီတုအန်း၏ နောက်ဆုံးဝှက်ဖဲတွင် သူ့ကိုယ်သူ မြင်ရလိမ့်မည်ဟု ကောင်းမင် မမျှော်လင့်ထားပေ။

“ဒီဓာတ်ပုံက သွေးစွန်းမြို့တော်ကို နောက်ခံအဖြစ် ပြသထားတယ် ၊ အရိပ်ကမ္ဘာက သိမ်းပိုက်သွားရင် ဟန်ဟိုင်းက ဒီလို ဖြစ်သွားမှာလား ၊ ငါတို့ဆယ့်သုံးယောက်က အရိပ်ကမ္ဘာက ရွေးချယ်ထားတဲ့ မိဘတွေလား”

ကောင်းမင်သည် အနာဂတ်တွင် စီတုအန်းက စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲဖြစ်လာပြီး ဟန်ဟိုင်းတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာသည်ကို တစ်ကြိမ်ကြုံတွေ့ခဲ့ဖူးသည်။ ရှရန်မှာ ခြောက်ခြားဂိမ်းကစားသမားများကို ထိန်းချုပ်၍ စီတုအန်း၏ အကြီးမားဆုံးရန်သူ ဖြစ်ခဲ့သည်။ထိုနှစ်ဦးမှတဆင့် ကျန်ဆယ့်တစ်ဦးသည်လည်း ရိုးရှင်းသည့် ဇာတ်ကောင်များ မဟုတ်ကြောင်း ကောက်ချက်ချနိုင်သည်။

“ကျန်တဲ့ ဆယ့်နှစ်ယောက်ကို သတ်လိုက်ရင် ရှင်က ဟန်ဟိုင်းရဲ့ ပိုင်ရှင် ဖြစ်လာမလား”

ရွှမ်ဝမ်က ရုတ်တရက် ပြောလိုက်သည်။

“ဒီပုံထဲမှာ အသက်ရှင်ကျန်ရစ်သူ ဆယ့်သုံးယောက်ပဲ ရှိလို့လေ”

ကောင်းမင်သည် မြို့ကို ထိန်းချုပ်ရန် စိတ်ကူးပင်မရှိခဲ့ပေ။ သူသည် အသက်ရှင်ကျန်ရစ်သူများ၏ ခေါင်းစီးကို ပိုစိုးရိမ်နေခြင်းဖြစ်သည်။

“ဟန်ဟိုင်းမှာရှိတဲ့ လူတိုင်းဟာ အိပ်မက်ထဲမှာ နေထိုင်နေတယ်ဆိုရင် ကိုယ်တို့ ဆယ့်သုံးယောက်တည်းပဲ နိုးနေတယ်လို့ ဆိုလိုတာလား”

“အဲဒီလိုဆိုရင် ကံကြမ္မာက ရှင်တို့ ဆယ့်သုံးယောက် အချင်းချင်း လိုက်လံတိုက်ခိုက်ကြတာကို မြင်ချင်လိမ့်မယ် ၊ ဒါက ကံကြမ္မာဇာတ်ညွှန်းရဲ့ တစ်စိတ်တစ်ပိုင်းလား”

ရွှမ်ဝမ်နှင့် ကောင်းမင်တို့ အဖြေမထုတ်နိုင်မီမှာပင် သားစားကြူးနတ်ဘုရားသည် ရူးသွပ်တော့မည့် အခြေအနေ ဖြစ်လာ၏။ သူသည် ဆယ်စုနှစ်များစွာ ပိတ်လှောင်ခံထားရပြီး လွတ်မြောက်မှုကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည့် ရာဇဝတ်ကောင်တစ်ယောက်ကဲ့သို့ ကောင်းမင်၏ ထိန်းချုပ်မှုမှ လုံးဝလွတ်မြောက်သွားသည်။ အယောင်ဆောင်မှုအားလုံး ပျောက်ကွယ်သွားသည်။ သူသည် လူသေဓာတ်ပုံက သူ့အား ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်ကိုပင် ဂရုမစိုက်တော့ဘဲ လောဘတကြီးဖြင့် ပါးစပ်ကို ဖွင့်ဟလိုက်သည်။ မျက်နှာလေးခုသည် သားစားကြူးနတ်ဘုရားအတွင်းရှိ ပဋိပက္ခကို ကိုယ်စားပြုသည်။ မျက်နှာလေးခုသည် လူသေဓာတ်ပုံကို မျိုချရန် ပြေးလိုက်နေစဉ်အတွင်း အချင်းချင်း တိုက်ခိုက်နေကြသည်။

သေခြင်းမျက်နှာသည် အစွမ်းအထက်ဆုံးဖြစ်သည်။ အပြစ်နှင့် လိုအင်ဆန္ဒ မျက်နှာများသည်လည်း အားမနည်းကြပေ။ ရှင်ခြင်းမျက်နှာ နောက်ကျကျန်နေခဲ့သဖြင့် ကောင်းမင်က ရွှမ်ဝမ်ကို လွှတ်လိုက်ပြီး သားစားကြူးနတ်ဘုရားဆီသို့ ပြေးသွားလိုက်သည်။ မူလ သားစားကြူးနတ်ဘုရားနှင့် နှိုင်းယှဉ်ပါက ကောင်းမင်သည် ကုန်းစီအား ပို၍ ယုံကြည်သည်။

ချိတ်ပိတ်ထားသည့် လူသေဓာတ်ပုံမှာ ဆွဲထုတ်ခံလိုက်ရသည်။ တွန့်လိမ်နေသော ယုံကြည်မှုလိုင်းများက စုတ်ပြဲထွက်သွားခဲ့သည်။ နတ်ဘုရားရုပ်တုများသည် သားစားကြူးနတ်ဘုရားကြောင့် ကြိတ်ခြေခံလိုက်ရသည်။ သို့သော် ကျိုးပဲ့နေသော ရုပ်တုအချို့က ပုံမှန်မဟုတ်သည့် လက္ခဏာများ ပြသလာလေသည်။ ၎င်းတို့သည် တဖြည်းဖြည်း 'အသက်ဝင်လာ' ခြင်းဖြစ်သည်။

ချိန်းကြိုးများကို ကိုင်ဆွဲထားသော ကောင်းမင်သည် အကြောက်တရားကင်းမဲ့စွာဖြင့် သားစားကြူးနတ်ဘုရား၏ ကြီးမားလှသော ခန္ဓာကိုယ်ပေါ်သို့ ခုန်တက်လိုက်သည်။

သူကလွဲ၍ အခြားမည်သူမျှ ထိုသို့ပြုလုပ်ရန် ဝံ့ရဲလိမ့်မည် မဟုတ်ပေ။ သားစားကြူးနတ်ဘုရားသည် လူများက သူ့အပေါ် တက်နင်းရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

သေမင်းမျက်နှာက ပြင်းထန်သော ဖြစ်တည်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ နောက်ဆုံးတွင် ၎င်းက အခြားမျက်နှာများကို နောက်သို့တွန်းပို့ပြီးနောက် ဓာတ်ပုံကို ကိုက်ရန် ပြင်လိုက်ချိန်တွင် ကောင်းမင်၏ ချိန်းကြိုးများက သူ့နောက်မှ ဆောင့်ဆွဲလိုက်သည်။ သားစားကြူးနတ်ဘုရားသည် သူ့ကို သတ်မည်မဟုတ်ဟု ကောင်းမင်က လောင်းကြေးထပ်လိုက်သည်။ နတ်ဘုရားသည် သူ့ကို မသတ်နိုင်ပေ... အနည်းဆုံးတော့ ထိုအချိန်တွင် မသတ်နိုင်ပေ။

“မင်းဟာ ငါ့နှလုံးသားထဲမှာ ပြန်လည်မွေးဖွားလာခဲ့တာ ဒါကြောင့် မင်းဟာ ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ၊ မင်း ငါ့ အသိစိတ်ကို လိုက်နာရမယ်ကွ ”

ကောင်းမင်၏ ဝင်ရောက်စွက်ဖက်မှုဖြင့် ကုန်းစီ၏ ရှင်ခြင်းမျက်နှာသည် ထိုထူးခြားသည့် လူသေဓာတ်ပုံအား မျိုချပစ်လိုက်သည်။

အဆုံးမရှိသည့် ရွှံ့ရုပ်တုများဖြင့် ထောက်ပံ့ခံထားရသော ဓာတ်ပုံသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သားစားကြူးနတ်ဘုရားသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် ပိုမိုကြီးမားလာပြီး သူ့ခြေထောက်အောက်ရှိ မြို့တော်နှင့် ပေါင်းစည်းသွားပုံရသည်။ အကြောင်းနှင့် အကျိုး ဆက်စပ်မှုများ ပြတ်တောက်သွားခဲ့သည်။ ရှင်ခြင်းမျက်နှာ၏ မျက်လုံးများထဲတွင် ကမ္ဘာကြီးမှာ ပြောင်းလဲသွားသည်။ သူသည် နိုးထနေသောကမ္ဘာကို မြင်နေပုံ ရသည်။

အခြားမျက်နှာများနှင့် အနီးနားရှိ ကျိုးပဲ့နေသော ရုပ်တုများက မနာလိုမှုကို ဖော်ပြနေကြသည်။ထိုသေဆုံးသွားသော နတ်ဘုရားများသည် တစ်ချိန်က နိုးထနေသောကမ္ဘာတွင် နေထိုင်ခဲ့ကြသော်လည်း တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းတို့သည် မျက်လုံးများ ဖွင့်၍ လှည့်ကြည့်လိုက်ပြီး သားစားကြူးနတ်ဘုရားကို အရှင်လတ်လတ် ဆုတ်ဖြဲရန် ကြိုးစားလိုက်ကြသည်။

ကောင်းမင်သည် နတ်ဘုရား၏ ပခုံးပေါ်တွင် ရပ်နေပြီး သူ့နှလုံးခုန်နှုန်းမှာ မြန်ဆန်နေလေသည်။ သားစားကြူးနတ်ဘုရားသည် နောက်ဆုံး ဓာတ်ပုံကို အစာချေရန် အချိန်လိုအပ်သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် မြို့တစ်မြို့လုံး၏ ဓာတ်ပုံဖြစ်သည်။

ချွန်ထက်သော လက်သည်းသည် အသားနံရံကို ထိုးဖောက်သွားသည်။ လူနာများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် နံရံ၏ အခြားတစ်ဖက်ရှိ အင်အားတို့ကြောင့် အားအနည်းဆုံးနေရာမှာ ပြိုကျသွားတော့သည်။

ပြင်းထန်သော အော်ဟစ်သံများ ပဲ့တင်ထပ်လာလေသည်။ ထို့နောက် အသားနံရံများထဲသို့ အဆုံးမဲ့ ကျိန်စာများ တွားသွားဝင်ရောက်လာ၏။

လူနာများသည် အူလမ်းကြောင်းထဲသို့ ပြန်လည်တွန်းပို့ခံလိုက်ရပြီး လွတ်မြောက်ရန် အချိန်မရလိုက်ပေ။

“တကယ် လူစည်ကားတဲ့နေရာပဲဟ”

အဖွဲ့ ၃ ခေါင်းဆောင်သည် သူ့ဘယ်ဘက်လက်တွင် ခေါင်းတလားကို ဆွဲယူလာပြီး ညာဘက်လက်တွင် နံရံအပိုင်းအစတစ်ခုကို သယ်ဆောင်၍ အပေါက်ကို ပိတ်ပစ်လိုက်လေသည်။

All Chapters