← Chapters

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 20 Ch. 287

ပူးပေါင်းဆောင်ရွက်ခြင်း

Vol. 20 Ch. 287

“ငါတို့သာ အတူတူအချိန်တွေ ပိုကုန်ဆုံးရမယ်ဆိုရင် ငါက ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို နှစ်သက်တဲ့သူတစ်ယောက်ဆိုတာ မင်းသိလာပါလိမ့်မယ်”

ရှရန်၏ အသံသည် အမျိုးသမီးလုံခြုံရေးအဖွဲ့ဝင်တစ်ဦး၏ လူသေဓာတ်ပုံထဲမှ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ထဲတွင် လက်သည်းရှည်များကို ထိုးဖောက်ခံထားရသော်လည်း သူက လက်များကို နောက်ပစ်ထားသည်။

“ငါက တိုက်ခိုက်တာကို မကြိုက်ဘူး ၊ ပဋိပက္ခတွေကို စကားနဲ့ ဖြေရှင်းရတာပဲ ပိုနှစ်သက်တယ်...”

“ပါးစပ်ပိတ်ထားစမ်း”

ဟန်ဟိုင်း၏ အထူးလုံခြုံရေးယူနစ်ကို တာဝန်ယူထားသည့်လူသည် သွေးများနှင့် ပန်းချီကားများ ပြည့်နေသော ကော်ရစ်ဒါတွင် မတ်တပ်ရပ်လို့ နေသည်။ သူ့ဘေးရှိ အမျိုးသမီးအဖွဲ့ဝင်မှာ ကျိန်စာသင့်နေပုံရသည်။ သူမ၏ မျက်နှာအား ကျိန်စာများဖြင့် တန်ဆာဆင်ထားပြီး လက်သည်းရှည်များက သူမ၏ ခန္ဓာကိုယ်ကို ဖြတ်တောက်နေသည်။ သူတို့သည် ရှရန်ကို ဖမ်းဆီးရန်အတွက် သူတို့၏ လူများကိုပင် စတေးခံကာ ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်။

“မင်းရဲ့ စွမ်းအားနဲ့ဆို ငါ့ကို တိုက်ရိုက် ရင်ဆိုင်လို့ ရတယ်လေ ၊ ဘာဖြစ်လို့ ဒီလို ညစ်ပတ်တဲ့ လှည့်ကွက်တွေကို သုံးနေရတာလဲ ၊ ဒါက စုံစမ်းစစ်ဆေးရေးဌာနနဲ့ မတူဘူးနော်”

ရှရန်က လှောင်ပြောင်ပြောဆိုလိုက်သည်။ သူသည် ပန်းချီကားများကြားတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်သော်လည်း ကင်းဗတ်စ်ပေါ်တွင် ပုံဆွဲရသည်။ ရှရန်၏ စွမ်းအားသည် အလွန်ထူးခြားသည်။ သို့သော် စုံစမ်းစစ်ဆေးရေးဌာနတွင် အထူးအဖွဲ့ဝင်များ ရှိသည်။ ထိုအမျိုးသမီးအဖွဲ့ဝင်သည် သူမကိုယ်သူမ ကျိန်စာတိုက်ကာ ရန်သူကို ထိခိုက်စေနိုင်ပြီး သူမ၏ စိတ်ဝိညာဉ်အား သရဲများကို ဖမ်းချုပ်ရန် လှောင်အိမ် အဖြစ်သို့ ပြောင်းလဲနိုင်သည်။ ရှရန် သူမပုံကို ဆွဲနေချိန်တွင် ထိုမိန်းကလေး၏ စိတ်ဝိညာဉ်ထဲတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

“နင်က အတော်လေး ပေါ့ပေါ့ပါးပါးရှိတာပဲ”

လုံခြုံရေးအဖွဲ့ ၂ ၏ ခေါင်းဆောင်ဖြစ်သည့် အရပ်ရှည်ရှည် အမျိုးသမီးက ပြောသည်။ သူမ၏ ခန္ဓာကိုယ်သည် အပြည့်အဝ ဖုံးအုပ်ထားသောကြောင့် သရဲတက်တူး တစ်ခုမှ ပေါ်မနေပေ။

“နင်က ငါလူတွေအများကြီးကို သတ်ထားပြီး အခုထိ အဓိပ္ပာယ်မရှိတာတွေကို ပြောနေဖို့ အချိန်ရသေးလား!”

သူမက လက်သည်းရှည်တစ်ခုကို ထုတ်ယူလိုက်ပြီး အမျိုးသမီးအဖွဲ့ဝင်၏ လက်မောင်းကို ထိုးစိုက်လိုက်သည်။ အမျိုးသမီး၏ လက်မောင်းသည် သွေးထွက်မလာပဲ နံရံပေါ်ရှိ အမျိုးသမီး၏ ပုံတူပန်းချီကားကသာ စတင်သွေးထွက်လာသည်။

“မင်းပြောတဲ့ ကေဆိုတာ...ငါမြင်တောင် မမြင်ဖူးဘူးလေ ၊ ဘယ်လိုလုပ် သူ့ကို သတ်နိုင်မှာလဲ၊ ခြောက်ခြားဂိမ်းကစားသမားတွေဆိုတာ ကူရာကယ်ရာမဲ့နေတဲ့ ကလေးတစ်အုပ်ပါပဲ ၊ မင်းတို့က သူတို့ကို အထင်ကြီးလွန်းနေတာပဲ ၊ ဒါပေမယ့် ငါ မင်းတို့ကို အဖိုးတန်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်ပါတယ်”

ရှရန်က သူ့လည်ပင်းကို ခက်ခဲစွာ လှုပ်ရှားလိုက်သည်။

“ပြတင်းပေါက် အပြင်ကို ကြည့်လိုက်ပါ ၊ ငါ မင်းတို့ရဲ့ တခြားအဖွဲ့ဝင်တွေဆီက ကြားရတာက ကေက သူ့အဖွဲ့ကို အနောက်ဘက်အဆောက်အအုံဆီ ခေါ်သွားပြီတဲ့”

“ကျုပ်တို့ ကေရဲ့ စွမ်းအားနဲ့ ရင်းနှီးတယ် ၊ ဒီနေရာမှာ သူ သရဲတက်တူးကို သုံးထားတဲ့ ခြေရာလက်ရာမရှိတာတော့ အမှန်ပဲ”

အဖွဲ့ ၃ ၏ ခေါင်းဆောင်ဖြစ်သူ ကြွက်သားအဖုအထစ်များရှိပြီး သန်မာသော အမျိုးသားက ပြောလိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ပေါ်တွင် သရဲတက်တူး မရှိသော်လည်း ခေါင်းတလား တစ်လုံးကို သယ်ဆောင်ထားသည်။

“အနောက်ဘက်အဆောက်အအုံပေါ့...”

ဝမ်ကျားက ပြတင်းပေါက်အပြင် လှမ်းကြည့်လိုက်ပြီး အချက်အလက်များစွာကို စုဆောင်းလိုက်သည်။

“အဲဒီနေရာက အရိပ်ကမ္ဘာအဖြစ် ပြောင်းလဲသွားပြီးပြီ ၊ ဒီဆေးရုံဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဖောက်ပြန်ပျက်စီးနေတာ ၊ စုံစမ်းစစ်ဆေးရေးဌာနက အမှိုက်တွေ ဘာလို့ မတွေ့ရတာလဲ”

ခြေသံများ ထွက်ပေါ်လာသည်။ သာမန်ဖြစ်ပုံရသော လူတစ်ယောက်သည် ကော်ရစ်ဒါထဲမှ လျှောက်ထွက်လာသည်။ သူ ဝတ်ထားသော သွေးရောင်ဆက်သွယ်ရေးစက်သာ မရှိလျှင် လူများသည် သူ့အား သာမန်လုပ်သားတစ်ဦးဟုသာ ထင်ကြလိမ့်မည်ဖြစ်သည်။

“ကပ္ပတိန်၊ ဒီမှာ ခြောက်ခြားဂိမ်းကစားသမားတွေ အများကြီးရှိပေမယ့် သူတို့အများစုက မူမမှန်မှုတွေနဲ့ ခုမှ စတင်ထိတွေ့ဖူးသူတွေပါပဲ ၊ သူတို့က သရဲနီတွေကိုတောင် မကိုင်တွယ်နိုင်သေးတာ ၊ ကေ ကို သတ်ဖို့ဆို ပိုဝေးတာပေါ့”

ထိုလူက ဝမ်ကျား၏ ဘေးသို့ လျှောက်လာသည်။ သူ့တွင် သွေးနှင့်ပတ်သက်သည့် ခြေရာလက်ရာများ မရှိပေ။ သူ့အသံမှာ တည်ငြိမ်လှသည်။

“မင်း သူတို့ကို ဖမ်းမမိခဲ့ဘူးလား”

အဖွဲ့ ၂ခေါင်းဆောင်က မျက်မှောင်ကြုတ်သည်။

“ဘာလို့ ဖမ်းရမှာလဲ ၊ ငါ သူတို့ကို ထိခိုက်အောင်တောင် မလုပ်ခဲ့ဘူး”

ထိုလူက သူ့လက်ကောက်ဝတ်ပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်သည်။

“ကျုပ်ထင်တာကတော့ သူတို့ကို ထားခဲ့ပြီး စုံစမ်းစစ်ဆေးရေးဌာနကို ဝင်ခွင့်ပေးလို့ရတယ် ၊ သာမန်စုံစမ်းရေးမှုးတွေနဲ့ ယှဉ်ရင် အနည်းဆုံး သူတို့က မူမမှန်မှုတွေနဲ့ ထိတွေ့ဖူးကြတယ်လေ”

ထိုလူသည် အဖွဲ့ ၁ ၏ ခေါင်းဆောင် ဖြစ်သည်။ ဝမ်ကျားမှလွဲ၍ သူ့အား မည်သူမှ ဆန့်ကျင်ဝံ့ခြင်းမရှိပေ။

“ဒီငါးကြော်သေးသေးလေးတွေကို သူတို့ဘာသာ ရုန်းကန်ဖို့ ထားခဲ့လိုက်ပါ ၊ ကျုပ်တို့ အနောက်ဘက်အဆောက်အအုံကို သွားရမယ် ၊ အဖွဲ့ ၇ နဲ့အဖွဲ့ ၉ က အသက်ရှင်ကျန်ရစ်သူတွေ ရှိနေသေးတယ် ၊ သူတို့ကို ကယ်ဖို့ လိုတယ်”

အခေါင်းသယ်ထားသည့် အဖွဲ့၃ခေါင်းဆောင်က အဖြောင့်မတ်ဆုံး ဖြစ်သည်။ သူက သူ့လုပ်ဖော်ကိုင်ဖက်များကို စိုးရိမ်နေခဲ့သည်။ ထိုလူက နံရံကို‌ ထုခွဲလိုက်ပြီး အမျိုးသမီးအဖွဲ့ဝင်၏ ပုံတူပန်းချီကားပါသည့် နံရံကို ရွှေ့လိုက်သည်။

“ဒီသရဲကိုတော့ ငါတို့နဲ့အတူ ခေါ်သွားရမယ် ၊ သူက လူကောင်းတစ်ယောက်နဲ့ မတူဘူး”

ရှရှန်သည် လွတ်လပ်ခွင့်ရရုံသာရှိသေးသော်လည်း ပြန်လည်ပိတ်မိသွားသည်။ သူ စိတ်ညစ်သွားသည်။

“ကောင်းပြီ ၊ ငါမင်းတို့ကို အနောက်ဘက်အဆောက်အအုံကို ခေါ်သွားပေးမယ်”

သူတို့ အနောက်ဘက်အဆောက်အအုံထဲ ဝင်ရောက်လာသောအခါ ရှရန်သည် ကောင်းမင်၏ တည်နေရာကို စတင်အာရုံခံမိလိုက်သည်။ သူ့လူသေဓာတ်ပုံသည် ကောင်းမင်နှင့်အတူ ရှိနေသောကြောင့် မဖျက်ဆီးနိုင်သော ဆက်သွယ်မှု တစ်ခုရှိနေသည်။

“တွေ့ပြီ...”

သူတို့ အစစ်အမှန် အရိပ်ကမ္ဘာထဲသို့ ရောက်ပြီးနောက် ရှရန်၏ အာရုံခံစားမှုများ ပိုမိုထက်မြက်လာသည်။ သူသည် ကောင်းမင်နှင့်အတူ ပြဿနာအချို့ရှိနေသည်ကို အာရုံခံမိခဲ့သည်။

“မင်းတို့ရဲ့ အဖွဲ့သားတွေကို သတ်ခဲ့တဲ့လူသတ်သမားက မင်းတို့ ရောက်လာတာကို သတိပြုမိသွားပြီ ၊ သူက လုံခြုံတဲ့နေရာမှာ ပုန်းနေတာပဲ ၊ ငါ သူ့ဆီ ခေါ်သွားပေးနိုင်တယ် ဒါပေမယ့် အဲ့ဒီကိုရောက်ရင် ငါ့ကို လွှတ်ပေးမယ်လို့ မင်းတို့ကတိပေးပါ”

ဆရာရှက အလွန်စကားပြောကောင်းသည်။လော့ဂျစ်ကျကျပြောရလျင် လုံခြုံရေးအဖွဲ့ဝင်များသည် အပြင်လူများဖြစ်ပြီး ဒေသခံများက သူတို့ကို ရှာဖွေတွေ့ရှိခြင်းသည် ပုံမှန်ဖြစ်သည်။ ရန်သူက သူတို့ မည်မျှအစွမ်းထက်ကြောင်း သတိပြုမိသောအခါ ပုန်းအောင်းခြင်းသည်လည်း ပုံမှန်ပင်ဖြစ်သည်။

…………….

အသားနံရံသည် တိုက်ခိုက်ခံနေရသည် ။ အတွင်းရှိ လူနာများက ၎င်းကို သတိပြုမိသောအခါ စတင် ပူးပေါင်းဆောင်ရွက်ကြတော့သည်။ သူတို့ ထိုနေရာတွင် ကျန်နေခဲ့ပါက နောက်ဆုံးတွင် ကျိုးပဲ့နေသော နတ်ဘုရားများအတွက် ယဇ်ပူဇော်ခံ ဖြစ်လာကြလိမ့်မည်ဖြစ်သည် ။ သူတို့ လွတ်မြောက်နိုင်သည်နှင့် အခွင့်အရေးတစ်ခု ရှိလာပေမည်။

“အဲ့ဒါက လုံခြုံရေးအဖွဲ့ဝင်တွေ ဖြစ်နိုင်မလား”

ကောင်းမင်သည် ယခင်က ကေနှင့် တိုက်ခိုက်ခဲ့ဖူးသည် ။ ရှင်းလုတားမြစ်ဂိမ်းမှ လူများတွင် သရဲတက်တူးများ ရှိကြသည်။ သူတို့သည် တားမြစ်ဂိမ်းမှ စူပါပါဝါများ ရရှိခဲ့ကြခြင်းပင်။

အနက်ရောင်ရေကန်ရှိ ရုပ်တုအကျိုးအပဲ့များနှင့် နှိုင်းယှဉ်ပါက ကောင်းမင်သည် နတ်ဘုရားအလောင်းများကို ပိုစိတ်ဝင်စားသည်။ သားစားကြူးနတ်ဘုရားက နတ်ဘုရားအလောင်းများကို ညှဉ်းပန်းနှိပ်စက်ရေးကိရိယာများ ပိုမိုထုတ်လုပ်ရန် တိုက်ရိုက်အသုံးပြုနိုင်ပေသည် ။

အပြင်ဘက်မှ လူများသည် အတွင်းသို့ ဝင်ရောက်ရန် အကောင်းဆုံး ကြိုးစားနေကြပြီး အတွင်းမှ လူများသည် အပြင်သို့ ထွက်ရန် ဆန္ဒရှိနေကြသည် ။ နှစ်ဖက်စလုံးက အသားနံရံ၏ အားနည်းချက်များကို ရှာဖွေရန် ကြိုးစားကြတော့သည် ။

“ငါတို့ နောက်ထပ် စောင့်နေလို့ မရတော့ဘူး”

ကောင်းမင်သည် သားစားကြူးနတ်ဘုရားအား ခေါ်၍ လူသေဓာတ်ပုံ၏ တည်နေရာကို ပြောပြလိုက်သည် ။

သားစားကြူးနတ်ဘုရားသည် ကောင်းမင်၏ စကားကို ကြားသောအခါ အနီရောင်မိုးကာအင်္ကျီအား စွန့်ပစ်လိုက်လေသည် ။ မျက်နှာလေးခုတို့က အနက်ရောင်ရေကန်ထဲသို့ ကြည့်၍ ရွှင်မြူးစွာ ရယ်မောလိုက်ကြသည် ။

ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ 'ပျော်ရွှင်မှု' ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည် ။ ၎င်းသည် သူ့စွမ်းအား ဆက်လက်တိုးတက်လာခြင်းမှလား သို့မဟုတ် လူသေဓာတ်ပုံ၏ ဆွဲဆောင်မှု ကြောင့်လားဆိုတာ သူ မသိပေ ။ လက်ရှစ်ချောင်းက ရေကန်ကို ရိုက်ချလိုက်သည် ။ အရိပ်သည် နောက်ကျိသွားသည် ။ ရေကန်အောက်ခြေတွင် နစ်မြုပ်နေသော ရုပ်တုအချို့ စတင်ပေါ်ထွက်လာသည်။

“ဒီပုံထဲမှာ ဘာတွေရှိနေတာလဲ”

ရွှမ်ဝမ်က ကောင်းမင်၏လက်ကို ဆုပ်ကိုင်ထား၏ ။ သူတို့သည် အနက်ရောင်ရေကန်၏ နှလုံးဗဟိုချက်တွင် သားစားကြူးနတ်ဘုရားနှင့် တွေ့ဆုံလိုက်သည် ။ ထိုဧရာမ နတ်ဘုရားသည် ရုပ်တုအကျိုးအပဲ့များကြားတွင် မတ်တပ်ရပ်လိုက်ပြီး များစွာသောယုံကြည်မှု အကျိုးအပဲ့များကို နင်းလျှောက်၍ ရေကန်အောက်ခြေရှိ လူသေဓာတ်ပုံကို လှမ်းယူရန် လက်လှမ်းလိုက်သည် ။

အရိပ်ဖြင့်ဖွဲ့စည်းထားသော ရေကန်မှာ လှိုင်းပွက်ပွက်ထသွားသည် ။ အရိပ်များ ကြေမွသွားပြီး ရေကန်အောက်ခြေရှိ ရုပ်တုများမှာ သွေးများ ယိုစီးထွက်လာတော့သည် ။ အချို့မှာ လုံးဝကွဲကြေသွားကြခြင်းဖြစ်သည် ။

လက်ရှိ သားစားကြူးနတ်ဘုရားသည် အဖွားရှန်း၏အခန်းထဲမှ ကောင်းမင်နှင့် တူနေလေသည် ။ သူသည် သူ့လက်များကို ကြေးဇလုံထံသို့ လက်လှမ်းလိုက်သည် ။ ရေသည် သွေးနီရောင်အဖြစ် ပြောင်းလဲသွားပြီး အခန်းထဲရှိ ရုပ်တုများအားလုံးက သူ့ ထံ စိုက်ကြည့်နေကြလေသည် ။

All Chapters