အခန်း (၄၅+၄၆)
Vol. 5 Ch. 45+46
(45)
သူတို့၏ ဆန်ကျင်ဘက် အဖွဲ့ထဲမှ အခြိမ်းခြောက်နိုင်ဆုံးလူသည်က သူ့ရှေ့မှ လူငယ်လေးနှင့် အလွန်အမင်း မြန်သောအရှိန်နှင့် ချွန်ထက်သောလက်သည်းများ ရှိသည့် ယုန်မျိုးစပ်ကောင်မလေးသာဖြစ်သည်။
နှစ်ယောက်၏ ပေါင်းစပ်မှုသည်က ကြီးမားသည့် သန္ဓေပြောင်းတိရစ္ဆာန်များကို ရင်ဆိုင်ရခြင်းထက် ပို၍ပင်ခက်ခဲပေ၏။
လျို့ယွီ၏တောင်ပံကြီးသည် ကော်ဖီရောင် ငှက်မွှေးအမာများဖြင့် ဖုံးလွှမ်းနေကာ မာကျောသည့် အကာအကွယ်ခွံတစ်ခု ဖွဲ့စည်းစေသည်။ ဤအကာအကွယ်အလွှာ၏ အောက်မှ ကျည်ဆန်များကို ဖယ်ရှားပြီးနောက်တွင် သေနတ်ဒဏ်ရာများအပေါ်တွင် အနာဖေးများတက်နေနှင့်ပြီဖြစ်၏။
အလွန်အကျွံသွေးဆုံးရှုံးမှုကြောင့် သူ့ကို အနည်းငယ်မူးဝေစေသည်ကလွဲလျှင် ဒဏ်ရာများကတည်ငြိမ်စွာ ပြန်လည်သက်သာနေပြီဖြစ်၏။
လျို့ယွီ သူ၏တောင်ပံများကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သူပျံသန်းနိုင်ဆဲ ဖြစ်သည်ကို သိရှိပြီးနောက် စိတ်သက်သာရာရသည့် သက်ပြင်းကို ရှူထုတ်ပြီး ကလေးမလေးကို သူ၏လက်မောင်းထဲသိာ့ တင်းကြပ်စွာကိုင်ထားခဲ့သည်။
“မင်းဘာလိုချင်လို့လဲ?”
မျက်နှာဖြူဖပ်နေသော လူငယ်လေးက သူ့ပါးစပ်ထောင့်ကို အသာအယာ တွန့်လိုက်သည်။
ချင်ဖူဟိုင်၏ အသင်းမှ လူကြီးများသည်က သူ၏မောက်မာသော ကိုယ်နှုတ်အမူအရာကြောင့် ချက်ချင်းဒေါသထွက်သွားခဲ့ကြသည်။
ခွန်အားအမျိုးအစား စွမ်းရည်များနှင့် အဖွဲ့ဝင်ထဲမှ တစ်ယောက်က သူ၏ကြွက်သားများကို ဖြန့်ကားလိုက်ကာ သူ၏အင်္ကျီလက်ကို တစ်စစီ ဆုတ်ဖြဲပြီး သူ၏လက်ကို လူဝံလက်ဖဝါးအဖြစ် အသွင်ပြောင်းလိုက်သည်။
သူက အရှေ့သို့ ခုန်တက်ပြီး အမြှောက်လူကြီးအား မျက်နှာကိုထိုးလိုက်သည်။ အမြှောက်လူကြီး၏ မျက်နှာမှာ အားအများအပြားဖြင့် အထိုးခံလိုက်ရသောကြောင့် သူ၏နှာခေါင်းပေါက်မှ သွေးများပက်ဖြန်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
“မင်းရဲ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”
အမြှောက်လူကြီးသည်ကား အတော်အတန် ဒုက္ခရောက်နေပုံပင်။
သူ၏ဘေးတွင် တွဲလောင်းကျနေသော လက်ကျိုးတစ်ဖက်ရှိပြီး သူ၏မျက်နှာသည်က သွေးများဖြင့် ဖုံးလွှမ်းနေသော်ငြား ဤဒေါသထွက်နေသော လူကြီးများနှင့် ထိပ်တိုက်တွေ့ရသောအခါ မည်သည့် ခုခံကိုမှမပြုလုပ်ခဲ့ပါချေ။
သူ၏မျက်နှာပေါ်က သွေးများကိုသာ ဒဏ်ရာမရသည့်လက်ဖြင့် တိတ်တဆိတ် သုတ်ပစ်ခဲ့သည်။
နောက်ဆုံး၌ သူသည်ကား အနားယူထားသော စစ်သားတစ်ယောက်ဖြစ်၏။
သူ၏နှလုံးသားထဲတွင် အသိစိတ်နှင့် အပြစ်ရှိစိတ် အရောအနှောတစ်ခု ရှိနေဆဲဖြစ်ပေ၏။
ကျင်းယန် သူ၏အကြည့်ကို လျို့ယွီဆီမှတစ်ဆင့် သူ၏လက်မောင်းထဲမှ ကလေးမလေးဆီ ပြောင်းရွေ့လိုက်သည်။
သူ၏အေးစက်သော အကြည့်က ကလေးမလေးကို တုန်ရီသွားစေခဲ့သည်။ သူမက ယခင်ကကဲ့သို့ စိတ်ဆိုးပေါက်ကွဲမှု မလုပ်ရဲဘဲ လျို့ယွီ၏အနီးဆီသို့ တိုးတိုးတိတ်တိတ် တိုးကပ်သွားခဲ့သည်။
ကျင်းယန် သူ၏လက်ထဲမှ သတ္တုသေနတ်ကို ဆော့ကစားနေခဲ့ပြီး အေးစက်စွာပြောခဲ့သည်။
“ငါ့ဘက်က အများကြီး တောင်းဆိုမှာမဟုတ်ဘူး ၊ သူမရဲ့နားရွက်တွေကို ဒီမှာချန်ထားခဲ့လိုက်.. ဒါဆို မင်းလစ်လို့ရပြီ”
ကလေးမလေးသည်ကား မည်မျှပင် ငယ်ရွယ်နေပါစေ ကျင်းယန်၏စကားကို နားလည်နေခဲ့၏။
သူမက သူမ၏နားရွက်များကို လက်ဖြင့် ချက်ချင်းဖုံးအုပ်ပြီး ငိုကြွေးလိုက်သည်။
“မလုပ်နဲ့ မလုပ်နဲ့! သူက လူဆိုးကြီးပဲ လျို့ယွီကော သူ့ကို သွားရိုက်ပစ်လိုက်!”
အဲဒီအစ်ကိုကြီးက အရမ်းရုပ်ချောတယ်။ ဒါပေမယ့် သူက ဘာလို့ အရမ်းဆိုးနေရတာလဲ?
သူက နျိုနျိုရဲ့နားရွက်တွေကို ဖြတ်ချင်နေတယ်?
သူက လူဆိုးကြီးတစ်ယောက်ပဲ!
လျို့ယွီတစ်ယောက် အလွန်အမင်း စိတ်ကသိကအောက်ဖြစ်သွား၏။ အခြေအနေက ဆိုးရွားနေချိန်တွင် ဤကလေးမလေးက သူ၏နားအနီးတွင် မရပ်မနားနဲ့ ကျယ်လောင်စွာ ငိုရှိုက်နေဆဲဖြစ်၏။
အဆုံးတွင်တော့ သူ အံကြိတ်လျှက် ပြောလိုက်သည်။
“ဒါက မဖြစ်နိုင်ဘူး.. မင်း အရမ်းကြီး တရားလွန်မလာနဲ့”
ချင်ဖူဟိုင်ကဲ့သို့ အေးစက်သည့်နှလုံးသားနှင့် လူပင် လျို့ယွီ၏ အရှက်မရှိမှုကြောင့် ရွံရှာသည့်အမူအရာများကို ဖော်ပြလာခဲ့သည်။
“မင်းရဲ့ကလေးက အရမ်းကို အဖိုးတန်ပေမဲ့ တခြားလူတွေရဲ့ကလေးတွေကတော့ တန်ဖိုးမရှိဘူးလို့ထင်နေတာလား?”
သူ မနေနိုင်စွာ လှမ်းမေးခဲ့သည်။
လျို့ယွီဆိုသည့်ကောင်က သူ ခေါ်လာခဲ့သည့်ကလေးကို စိတ်ကျေနပ်စေရန်အတွက်သက်သက်နှင့် ယင်ရိလျို၏ နားရွက်များကို ရယူချင်ခဲ့သည်။
သူက တခြားလူများ၏အသက်ကိုပင် လုံးဝ ဂရုမစိုက်ခဲ့ချေ။
ယခု တူညီသော အခြေအနေက သူ့ဆီတွင် ဖြစ်လာချိန်တွင်တော့ ၎င်းကို ‘တရားလွန်လာခြင်း’ ဟု ပြောနေလေသည်။
မည်မျှပင် အဓိပ္ပာယ်မရှိလိုက်သနည်း။
“သူမရဲ့ နားရွက်တွေကို ငါ့ဆီမပေးချင်ဘူးလား.. ဒါဆိုလည်း ဒါဆို မင်းတို့အားလုံးရဲ့အသက်တွေကို ဒီနေရာမှာ ထားခဲ့လိုက်တော့”
ကျင်းယန် ပြောလိုက်ပြီးသည်နှင့် သူ၏ဘေးတွင် ရပ်နေသော ကျောင်းစီဟွေ့က ရှေ့သို့ ခြေတစ်လှမ်းတက်လိုက်ပြီး ဆူးချွန်များက သူမ၏ လက်ဖဝါးထဲမှ ထိုးထွက်လာခဲ့သည်။
လျို့ယွီသာ မိုက်မိုက်ကန်းကန်း ပြုမူဝံ့လျှင် သူ့ကို ဇကာပေါက်ဖြစ်သည်အထိ ထိုးပစ်မည်ပင်။
လျို့ယွီနှင့် သူ၏အသင်းဖော်များမှာ လူတစ်ယောက်ကို အရှင်လတ်လတ် အမြှောက်ဖြင့် ပစ်သတ်ခဲ့သည်ကို သူမ မျက်မြင်တွေ့ခဲ့ရသည်။
သူမ ထိုသူတို့ကို အကြွင်းမဲ့ စက်ဆုပ်ရွံ့ရှာသွားခဲ့လေ၏။ ဤလူများသည်က သေရန်အတွက် ထိုက်တန်လေသည်။
ကျင်းယန်သည်လည်း သူ၏တောင်းဆိုမှုကို တရားလွန်လွန်းသည်ဟု မထင်ချေ။
၎င်းသည်က ရိုးရှင်းစွာဖြင့် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဖြစ်၏။
တစ်ဖက်မှ ကလေးက ငယ်ရွယ်သောကြောင့် မည်သည့်အရာကိုမဆို ကျော်သွားလိမ့်မည်ဟူ၍ လုပ်ဆောင်ပေးနိုင်မည်မဟုတ်ပေ။
အဆိုရှိသကဲ့သို့ သုံးနှစ်အရွယ်ကို တွေ့မြင်ရုံဖြင့် အနာဂတ်တွင် မည်သို့ကြီးပြင်းလာမည်ကို မြင်နိုင်၏။
ဤကဲ့သို့ အသက်ငယ်ငယ်တွင်ပင် ရက်စက်သောနှလုံးသား ရှိနေခဲ့သည်။ သူမသည်က လူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာလိမ့်မည်ကိုမဟုတ်ဟု သူ သေချာပေါက် တွေးတောနိုင်ပေသည်။
တစ်ဖက်မှ အမျိုးသားများသည်လည်း လျို့ယွီ၏အနီးကို ဒေါသထွက်စွာဖြင့် ချဥ်းကပ်လာခဲ့ကြသည်။ လျို့ယွီ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။
သူ့အနေဖြင့် ဤကလေးကို မြို့တော် Bဆီသို့ ဘေးရန်မသင့် ခေါ်ဆောင်သွားရမည်ဖြစ်၏။
သူမ၏အဖေသည်က သူ၏အထက်မှဘော့စ်ဖြစ်ပြီး သူ၏မိဘများနှင့်ညီမသည်လည်း မြို့တော်Bတွင် ရှိနေခဲ့ကာ ထိုသူ၏လက်ထဲတွင် ရှိနေပေ၏ ။
ဤကလေးမလေးဆီတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့လျှင် သူ၏မိသားစုသည်က အသက်ရှင်လိမ့်မည်မဟုတ်ချေ။
ကလေးမလေး၏ အဖေမှာ စစ်တပ်အသိုင်းအဝိုင်းထဲတွင် လူသိများသော ပုဂ္ဂိုလ် လျိုချန်းရှန်ဖြစ်သည်။
သူသည်က မကြာခဏ တီဗွီတွင်ပါလာတတ်လေသည်။ သတင်းများကို ကြည့်ရှုသည့် မည်သူမဆို သူ့နာမည်အား သိလိမ့်မည်ဖြစ်၏။
ထိုလူ၏အထောက်အထားကို ဖော်ပြရန်အထိ လျို့ယွီမတုံးအသေးချေ။ လျိုချန်းရှန်၏ နာမည်သည်က ယခင်က အသက်ကယ်အဆောင်ဖြစ်နိုင်သော်ငြား ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်တွင် ၎င်းက သူတို့၌အခေါင်းတွင် နောက်ဆုံးသောသံချောင်း ဖြစ်သွားလိမ့်မည်ပင်။
မည်သည့် ပုန်းကွယ်နေသော အန္တရာယ်ကိုမဆို သုတ်သင်ရှင်းလင်းပစ်ရန် အလို့ငှာ သူတို့သည်က သူ့ကို သံသယမရှိ သတ်ပစ်မည်ဖြစ်သည်။
လျို့ယွီအနေဖြင့် ဤကလေးမလေးကို နှစ်သက်ခဲ့ဖူးသော်ငြား ယခုအခြိန်တွင်တော့ သူမအတွက် သူ့တွင်ရှိသော တစ်ခုတည်းသော ခံစားချက်မှာ ဒေါသနှင့်မုန်းတီးမှုသာဖြစ်ပေ၏။
သူက မြေပြင်ပေါ်တွင် ဒူးထောက်နေသော အသင်းဖော်ကို မာကျောသည့် အကြည့်တစ်ချက်ဖြင့် အနည်းငယ်ကြာအောင် ကြည့်လိုက်ကာ တောင်ပံများကို ခတ်ပြီး သူ၏လက်မောင်းထဲမှ ကလေးမလေးနှင့် ပျံပြေးသွားခဲ့သည်။
အေးခဲစွမ်းရည်နှင့် လူငယ်လေးသည်ကား လျို့ယွီ၏အင်္ကျီကို ဆွဲချင်သော်ငြား အလွန်နှေးကွေးသွားခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏ရှုံ့တွနေသော မျက်နှာတွင် စိတ်ပျက်နေသည့်ပုံစံ ပြသလာခဲ့ပြီး ထွက်ပြေးသွားခဲ့သော လျို့ယွီကို အော်လိုက်သည်။
“မင်းအမှိုက်ကောင်! ငါတို့ကိုစွန့်ပစ်သွားခဲ့တယ်!”
သူ ကျိန်ဆဲပြီးလျှင်ပြီးချင်း သူ့နောက်မှ လူကြီးများက သူ၏ပုခုံးကို ဖိချလိုက်ကာ ထွက်ပြေးခြင်းမှ ကာကွယ်လိုက်သည်။
ကျင်းယန်က မြေပြင်ပေါ်တွင်ကျနေသည့် အမြှောက်လူကြီး၏ လက်ကိုင်အမြှောက်ကို ကောက်ကိုင်လိုက်သည်။
သူ၏ရွှေရောင်မျက်လုံးများကတော့လျို့ယွီ၏ ကျယ်ပြန့်သော နောက်ကျောနှင့် တောင်ပံအကြီးကြီးများပေါ် မလွတ်တမ်းချထားလေသည်။
သူ လက်ကိုင်အမြှောက်ကို သယ်ဆောင်လိုက်သောအခိုက်တွင် အနည်းငယ် ယိမ်းယိုင်သွားသော်ငြား ကြွက်သားများကို တင်းကြပ်လိုက်ပြီး တည်ငြိမ်စွာဖြင့် လင်းယုန်လက်သည်းလူသားကို ချိန်ရွယ်လိုက်သည်။
သူ၏ခြေထောက်များမှ နာကျင်မှုသည်က တိုး၍တိုး၍ ကြီးမားလာခဲ့၏။ ထိုလက်ကိုင်အမြှောက်၏ အလေးချိန်နှင့် ပေါင်းလိုက်ချိန်တွင့ အပ်နဲ့ထိုးဆွသကဲ့သို့နာကျင်မှုသည် သူ့အရိုးများထဲမှ စိမ့်ထွက်လာသည့်နှယ် ခံစားရသည်။
သူပစ်မှတ်ကို ပစ်လိုက်ချိမ်တွင်ပင် သူ၏မျက်လုံးများက အနည်းငယ် တင်းကျပ်သွာခဲ့သည်။
ကောင်းကင်ယံတွင် ကျယ်လောင်သော ဘန်းခနဲအသံနှင့်အတူ အမြှောက်ဆံက လျို့ယွီ၏ နောက်ကျောကို ထိသွားခဲ့လေ၏။
သူ၏ထူထဲ၍ မာကျောသော ငှက်မွှေးများက တခဏချင်း ပေါက်ကွဲသွားပြီး အနီရောင်မြူတိမ်တိုက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
သူ၏နောက်ကျောမှာ လုံးဝမဲတူး လောင်ကျွမ်းခဲ့သည်။ သူ့တောင်ပံ၏ တစ်ဝက်က ပြုတ်ကျသွားကာ ဝေးလံသော တောအုပ်ထဲ ပြုတ်ကျသွားခဲ့သည်။
သူပြုတ်ကျသွားသော နေရာမှာ ကျင်းယန်နှင့် အခြားသူများနှင့် ဝေးကွာသည့်နေရာဖြစ်၏။
လျို့ယွီ၏တောင်ပံများက ကျိုးသွားခဲ့ပြီး သူ့ခန္ဓာကိုယ်၏ တစ်ဝက်လည်း မရှိတော့သည့်ပုံပင်။
သူ မရှင်သန်နိုင်လောက်တော့ချေ။ ထိုကြောင့် သူတို့ သူ့ကို သွားမရှာကြတော့ပေ။
ထိုသူမှာ သူ၏ဒဏ်ရာများကြောင့် သို့မဟုတ် တောအုပ်ထဲမှ သန္ဓေပြောင်းတိရစ္ဆာန်များ အငမ်းမရစားသောက်ခြင်းကြောင့် သေလိမ့်မည်ဖြစ်၏ ။
ထိုအချိန်က သူတို့ နှိပ်စက်ခဲ့သော သန္ဓေပြောင်းဝံပုလွေကဲ့သို့ပင်။
သစ်ပင်များထဲသို့ မထိန်းနိုင်စွာကျနေသော လျို့ယွီကို ယင်ရိလျိုတစ်ချက် ကြည့်လိုက်သည်။ သူမထံတွင် သူ့အတွက် ဂရုဏာတရားမရှိပါချေ။
သူမ၏နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး ခေါင်းကို စွန်းဖိန်၏လက်မောင်းထဲ မြှုပ်နှံလိုက်သည်။
ဤဖြစ်ရပ်များက အတိတ်တွင်ဖြစ်ခဲ့လျှင်တော့ အခြားသူများပေါ်တွင် ကောင်းပေးပြီး ကလေးများကိုလည်း ပို၍စိတ်ရှည်သင့်သည်ဟု ထင်လိမ့်မည်ပင်။
*
(46)
ကျင်းယန် သူပစ်ခတ်လိုက်သည့် အမြှောက်ဆန်က ပစ်မှတ်ကို ထိလျှင်ထိချင်း သူ၏လက်ထဲမှ လက်ကိုင်အမြှောက်ကို ပြန်ချလိုက်သည်။
သူ၏ဘောင်းဘီရှည်များထဲမှ ခြေထောက်များက မထိန်းနိုင်စွာနှင့် တုန်စပြုလာကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိလေသည်။
ကျန်ရှိနေသော ဆင့်ကဲပြောင်းလဲသူနှစ်ယောက်နှင့် ချင်ဖူဟိုင်၏ အသင်းများကြားက ပဋိပက္ခကိုတော့ သူစိတ်မဝင်စားချေ။
ချင်ဖူဟိုင်က မျက်နှာပေါ်တွင် အေးစက်သော အမူအရာဖြင့် အမြှောက်လူကြီးဆီသို့ သွားပြီး သေနတ်ပြောင်းဝကို ထိုလူကြီး၏ခေါင်းဆီသို့ ဖိချလိုက်သည်။
ကျယ်လောင်သော ဘန်း ဟူသည့်အသံသည်က တိတ်ဆိတ်နေသော ကောင်းကင်းကို ထိုးဖောက်သွားခဲ့လေသည်။ အမြှောက်လူကြီး၏ ကြံ့ခိုင်သော ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားပြီး သူ့ခေါင်းရှိ အပေါက်မှ သွေးများတစိမ့်စိမ့်ထွက်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် အေးခဲစွမ်းရည်နှင့် လူမှာ ထိတ်လန့်တုန်လှုပ်သွားလေသည်။ နောက်ထပာ အလှည့်ရောက်လာမည့်တစ်ယောက်က သူဖြစ်မည်ကို သိလေ၏။
သူက သူ၏ခန္ဓာကိုယ်ကို ထိတ်ထိတ်ပျာပျာ လှည့်ပြီး အော်ဟစ်လိုက်သည်။
“ငါ မင်းတို့ရဲ့သူငယ်ချင်းကို မသတ်ချင်ခဲ့ပါဘူး! အဲ့ဒါက လျို့ယွီရဲ့အမိန့်တွေပဲ!”
သူ့နောက်မှ လူကြီးက သရော်လိုက်ပြီး ထိုသူ၏နောက်ကျောကို ပြင်းပြင်းကန်ခဲ့သည်။ ထို့နောက် ထိုလူငယ်၏ ပါးပြင်ကို မြေပြင်ဆီဖိကပ်ဖိလိုက်ပြီး သူ့၏ခေါင်းနောက်ကို သေနတ်ဖြင့် ချိန်ခဲ့လေသည်။
ထိုလူငယ်မှ သေနတ်မောင်းတင်သည့် ကြွပ်ဆတ်သော အသံကို ကြားနိုင်ခဲ့ပြီး ၎င်းသည်က သူ၏ ဖြစ်အံ့ဆဲ သေဆုံးခြင်းကို အချက်ပြကြောင်း သဘောပေါက်ခဲ့သည်။
သူ၏မျက်လုံးများက ပြူးကျယ်သွားခဲ့လေသည်….
*
ကံမကောင်းသော ကိစ္စများအတွဲလိုက် ဖြစ်ပြီးနောက် ချင်ဖူဟိုင်၏ အသင်းသည်က လူဦးရေ ခြောက်ယောက်အထိ လျော့ကျသွားခဲ့သည်။
ကြွက်သားနှင့်လူကြီးတချို့မှာ မျက်နှာပေါ်တွင် အပြုံးများ ရှိနေသေးသော်ငြား သူတို့၏အပြုံးများက ခါးသီးခြင်းအရိပ်အယောင်ကိုသာ သယ်ဆောင်ထားခဲ့သည်။
သူတို့ထဲမှ တစ်ယောက်ဆိုလျှင် သူတို့၏ကွယ်လွန်သွားသော သူငယ်ချင်းဖြစ်သူ၏ ပိုက်ဆံအိတ်ကို ထုတ်ယူပြီး သူကိုယ်တိုင်၏အိတ်ထောင်ထဲ သိမ်းထားခဲ့သည်။
ကမ္ဘုပျက်ကပ်ဖြစ်ပြီးနောက် ပိုက်ဆံသည်က အသုံးမဝင်ဖြစ်လာခဲ့သော်ငြား ဤပိုက်ဆံအိတ်သည် သူ၏ကွယ်လွန်သွားသော သူငယ်ချင်းအတွက် အရေးကြီး၏။
၎င်းသည် သူ၏ဇနီးသည်မှ စိတ်ကြိုက်ပြုလုပ်ပေးထားခြင်းဖြစ်ပြီး သူနှင့် ဇနီးဖြစ်သူ၏ ဓာတ်ပုံတစ်ခု ပါဝင်လေသည်။
ဓာတ်ပုံထဲမှ အမျိုးသားမှာ တောက်ပစွာ ပြုံးနေပြီး အမျိုးသမီးသည် နူးညံ့ညင်သာစွာပြုံးနေလေသည်။
သူတို့အားလုံးမှာ ပျက်ကပ်ဖြစ်ပြီးနောက် သူတို့၏မိသားစုများနှင့် ကွဲကွာခဲ့ကြသည်။ ရှာဖွေရန် ကြိုးစားခဲ့သော်လည်း သူတို့၏ မိသားစုများကို ရှာမတွေ့ခဲ့ကြချေ။
သူ့အသင်းဖော်များက အုတ်ဂူတစ်ခုတူးပြီး သူ့ကို မြေကြီးနက်နက်ထဲတွင် မြှုပ်နှံခဲ့၏ ။
ထိုသို့ပြုလုပ်မှသာ သန္ဓေပြောင်းတိရစ္ဆာန်များက သွေးနံ့ကိုရပြီး သူ၏ခန္ဓာကိုယ်အား စားသောက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်၏။
သူ၏အဖိုးတန်သော ပိုက်ဆံအိတ်အတွက်ကတော့ သူသည်က သူတို့အသင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသေးသကဲ့သို့ အသင်းဖော်များက ဆက်လက်သယ်ဆောင်လာလိမ့်မည်ဖြစ်သည်။
ခေါင်းကိုအပစ်ခံခဲ့ရသော လျို့ယွီ၏အသင်းမှ နှစ်ယောက်အတွက်ကတော့ အပြည့်အဝ လျစ်လျူရှုခံထားရလေသည်။
သူတို့၏အလောင်းများမှာ ရိုးရှင်းစွာပင် မြေပြင်ပေါ်တွင် ချန်ထားခံခဲ့ရသည်။ လေထဲရှိ ဘက်တီးရီးယားများနှင့် အနုမြူသက်ရှိများ သန္ဓေပြောင်းခဲ့သဖြင့် အလောင်းများက အလျှင်အမြန် ပုတ်ပြီး ခရမ်းရောင် သမ်းစပြုလာကြသည်။
သွေးများ၏ ဆိုးဝါးသောအနံ့နှင့် ပုတ်နေသော အသားများက မရေမတွက်နိုင်သော ခြင်များနှင့် ယင်ကောင်များကို ဆွဲဆောင်ခဲ့သည်။
ဤကြီးမားသော အင်းစက်များတွင် ချွန်ထက်သော ပါးစပ်အစိတ်အပိုင်းရှိ၏။ ၎င်းတို့က အလောင်းနှစ်လောင်းကို သားပေါက်ရာအိမ်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။
ပုပ်နေသော အသားများတွင် ဥသေးသေးလေးများနှင့် ကျပ်ထုပ်နေကာ လိုအပ်သည့် အာဟာရဓာတ်ကိုရရှိသည့် တစ်ချိန်တွင် ပေါက်ဖွားရန် စောင့်နေကြလေသည်။
ဤကဲ့သို့ ရွံ့စရာကောင်းသော မြင်ကွင်းတစ်ခုကို စွန်းဖိန်မကြည့်နိုင်ချေ။ သူမက အန်ချင်သည့်စိတ်ကို သည်းခံပြီး အဝေးလျှောက်ထွက်သွားခဲ့သည်။
ယင်ရိလျိုသည်က သူမ၏လက်မောင်းထဲတွင် ခိုင်မြဲစွာ ဆုတ်ကိုင်ခံထားရပြီး သူမ၏တင်ပါးလေးပေါ်မှ အမြီးလုံးလုံးလေး ပြားပြားဝပ် အဖိခံထားရသည်။
ယင်ရိလျိုသည်က အနည်းဆုံး ခွန်အားအရာတွင် သူမ ကနဦး၌ ထင်ထားသကဲ့သို့ အားနည်းသော ကလေးလေးတစ်ယောက် မဟုတ်သည်ကို စွန်းဖိန် နားလည်သွားခဲ့သည်။
သူမ ယင်ရိလျိုအတွက် စိတ်သက်သာရာရသွားခဲ့သည်။ ထိုနည်းဖြင့်ဆိုပါက ယင်ရိလျိုသည် ဤအန္တရာယ်များသော လောကကြီးထဲတွင် ပို၍ကောင်းသော ရှင်သန်အခွင့်အရေး ရှိလိမ့်မည်ဖြစ်၏။
သူမတွင် ဤကဲ့သို့ စွမ်းအားကြီးသော ‘ဒယ်ဒီ’တစ်ယောက် ရှိနေသည်ကို ဖော်ပြရန် မလိုအပ်ချေ။
စွန်းဖိန် ယုန်လေး၏နားရွက်ရှည်များကို ကြင်နာစွာ ပွတ်သပ်သည်။
အမွှေးပွပွသားမွှေးလေးက ထိတွေ့မိလျှင် အလွန်နူးညံ့ကာ ပျက်ကပ်မတိုင်မှီ သူမ၌ရှိခဲ့ဖူးသော အမွှေးပွအရုပ်များထက်ပင် ပို၍ကောင်းလေသည်။
“လူလိမ်လေး.. မင်းက ငါ့ကိုအကုန်စိုးရိမ်သွားအောင် လုပ်ခဲ့တာပဲ”
သူမ ယုန်လေး၏ ပန်းရောင်နှာခေါင်းကို ထိလိုက်လျှင် ယုန်လေးက ၎င်း၏နှာခေါင်းကို သူမ၏လက်ချောင်းဆီတွင် ပွတ်သပ်လိုက်ချိန်သောကြောင့် စွန်းဖိန်လည်း နှလုံးသားပငသ တုန်ယင်သွားခဲ့သည်။
သို့သော်လည်း တစ်ချိန်တည်းတွင် သူငယ်ချင်းလေးနှင့် ခွဲရတော့မည်ဖြစ်သောကြောင့် သူမ ဝမ်းနည်းသွားခဲ့သည်။
သူတို့၏ အသင်းမှ ဆင့်ကဲပြောင်းလဲသူများကြား၌ သန္ဓေပြောင်း အမျိုးအစားတွင် အပြောင်းအလဲ အများအပြားမရှိချေ။ ချင်ဖူဟိုင်မှလွဲ၍ သူတို့အားလုံးသည်က ခွန်အားအမျိုးအစားများသာ ဖြစ်ကြ၏။
သူတို့င သန္ဓေပြောင်းတိရစ္ဆာန်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ဆဲ ဖြစ်သော်ငြား ကွဲပြားသော ဆင့်ကဲပြောင်းလဲသူ အမျိုးအစားများနှင့် ရင်ဆိုင်ရသောအခါ အနိုင်ရရန် အခွင့်အရေး များစွာမရှိချေ။
အဆုံးသတ်တွင် လူသားမျိုးနွယ်မှာ ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးဖြစ်သည်ဟု လူအများပြောနေခြင်းမှာ အမှန်ကိုပြောနေခြင်းဟု မှတ်ယူနိုင်ပေ၏။
လျို့ယွီကဲ့သို့ နောက်ထပ် ဆင့်ကဲပြောင်းလဲသူနှင့် ပက်ပင်းတိုးခဲ့လျှင် သူတို့အနေဖြင့် တက်နင်းခံလိုက်ရရုံသာ တတ်နိုင်လိမ့်မည်ဖြစ်၏။
ဤအကြောင်းကြောင့် ချင်ဖူဟိုင်က အစကတည်းက မြို့တော် သို့မဟုတ် ကြီးမားသော အခြေစိုက်စခန်းများကို သွားခြင်းကို ရှောင်တိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။
သူတို့၏ပန်းတိုင်က မြို့တော်M ကြားမှ ဆင့်ကဲပြောင်းလဲသူများကြားတွင် သူတို့အတွက် နေရာတစ်ခု ရယူရန်ဖြစ်ပေ၏။
ဤကဲ့သို့ ဆုံးဖြတ်ချက်နှင့်အတူ ကျင်းယန်၏အဖွဲ့နှင့် လမ်းခွဲရန် အကြောင်းဖန်လာခဲ့ကြသည်။
ဝတ္ထုထဲတွင် ချင်ဖူဟိုင်၏ မျက်နှာက ပျက်စီးသွားခဲ့ကာ သူ့၏အသင်းဖော်များအားလုံး အသတ်ခံလိုက်ပြီး သူ၏နှလုံးသားထဲမှ တစ်ခုတည်းသော နွေးထွေးမှုလေးသည်လည်း သုတ်သင်ခံလိုက်ရသည်။
နောက်ပိုင်းတွင် မြို့တော် B ၌ အေးစက်သော ဗီလိန်တစ်ယောက် အဖြစ်ပေါ်ပေါက်လာခဲ့ပြီး ဇာတ်လိုက်၏အသင်း သတ်ပစ်ခြင်းကို ခံလိုက်ရသည်။
ဇာတ်ကြောင်းက မည်သည်အတွက်ကြောင့် ပြောင်းလဲသွားခဲ့ကြောင်း ယင်ရိလျို မသိပါချေ ။
ချင်ဖူဟိုင်နှင့် သူ့၏အသင်းကို မြို့တော် M တွင် အခြေစိုက်ရန် ရွေးချယ်သည့် ရလဒ်ထွက်လာသည်ကို ကြားလျှင် ၎င်းက ပို၍ကောင်းမွန်လာစေဝန်အတွက်ဟုသာ တွေးထားခဲ့လေသည်။
ယင်ရိလျိုတစ်ယောက် စွန်းဖိန်နှင့် အခြားသူများထံမှ လက်ခံရရှိသော အချစ်နှင့် ဂရုစိုက်မှုများကြောင့် ထိရှသွားခဲ့သည်။ ဤလူများအားလုံးက မကြာခင် သေလိမ့်မည်ဟူသော အချက်ကို သူမ လက်မခံနိုင်ချေ။
ဤလူများ၏ ကံကြမ္မာက မြို့တော် B နှင့် ကွာဝေးလျှင် ကွဲပြားသွားနိုင်လိမ့်မည်လော?
ယင်ရိလျို မသိခဲ့သည်မှာ မူရင်းဇာတ်ကြောင်းထဲတွင် ချင်ဖူဟိုင်၏ ကြေကွဲဖွယ်နောက်ကြောင်းမှာ ဇာတ်လိုက်များအတွက် အချစ်ရေးတိုးတက်မှုနှင့် ဇာတ်ကြောင်းအတွက် ခြေနင်းတစ်ခု အဖြစ်ထမ်းဆောင်ရန်အတွက် သူ့ကို လိုအပ်ခြင်းသာ ဖြစ်လေသည်။
စာရေးသူက သူ၏နောက်ကြောင်း အကြောင်းကို အသေးစိတ်မရေးခဲ့သော်လည်း သူ၏ကံကြမ္မာကို ဝတ္တုထဲမှ လောကအသိစိတ် ကြိုတင်ဆုံးဖြတ်ခြင်းခံ ထားခဲ့ရနှင့်ပြီးသား ဖြစ်ပေ၏။
ထို့ကြောင့်သာ သူတို့က လျို့ယွီတို့အသင်းဆီသို့ ပြေးဝင်သွားမိဆဲဖြစ်၏။ ထိုနေရာတွင် ယင်ရိလျိုမရှိခဲ့ပါက သူတို့မှာ လျို့ယွီနှင့်သူ၏ အသင်းဖော်များထံမှ အပျော်တမ်း နှိပ်စက်ခံရပြီး အသတ်ခံရလိမ့်မည်ဖြစ်၏။
သူတို့ထဲမှ နှစ်ယောက်သာ အသက်ရှင်ခဲ့လိမ့်မည်။
လျို့ယွီအပေါ် ပြန်လည်လက်စားချေရန် အလို့ငှာ သူတို့၏စွမ်းရည်များကို လမ်းတစ်လျှောက်လုံးတွင် ကသုတ်ကရက် လေ့ကျင့်ခဲ့ကြသည်။
သူတို့ မြို့တော်B သို့ ရောက်သောအချိန်တွင် သူတို့နှလုံးသားများသည်က ကျောင်စိုင်ကဲ့သို့ မာကျောနေခဲ့ပေပြီ။
ချင်ဖူဟိုင်၏ တစ်ဦးတည်းသော ရဲဘော်ရဲဘက်မှာ ဇာတ်လိုက်၏အသင်းမှ အသင်းဖော်တစ်ယောက်ထံတွင် မတော်တဆ သတ်ဖြတ်ခြင်းခံလိုက်ရသောအချိန်တွင်တော့ သူထိန်းမရသိမ်းမရဖြစ်သွားခဲ့ပေသည်။
လျိုချန်းရှန်(ကလေးမလေးရဲ့အဖေ)နှင့် လျို့ယွီသည်လည်း သူ့ကို သွေးဆာနေသော အရူးတစ်ယောက် ဖြစ်သည်ဟု စွပ်စွဲခြင်းအားဖြင့် သူ့ကိုဆွဲချရန် အခွင့်အရေးယူခဲ့ကြသည်။
ဇာတ်လိုက်၏ အသင်းဖော်များမှာ သူ့ကိုသတ်ဖြတ်ခဲ့သူများမဟုတ်ကြသော်လည်း သူတို့သည်လည်း ကြံရာပါများဖြစ်ခဲ့ကြသည်။
သူတို့က ရက်စက်သော ဗီလိန်ကိုသတ်ဖြဆ်အနိုင်ယူခဲ့သော သူရဲကောင်းများဖြစ်လာခဲ့ကြသည်။
သို့သော်လည်း ချင်ဖူဟိုင် ဖြတ်ကျော်ခဲ့ရသည်များကို မည်သူကမှ မသိခဲ့ကြပါချေ။
ယခုအချိန်တွင်တော့ ယင်ရိလျို၏ကြားဝင်မှု ကျေးဇူးကြောင့် ချင်ဖူဟိုင်၏အသင်းဖော်များအတွက် အခြေအနေက မူရင်းဇာတ်ကြောင်းထဲတွင် ဖြစ်ပျက်သင့်သည်များထက် ပို၍ကောင်းမွန်လာခဲ့သည်။
တစ်ဖက်တွင် လျို့ယွီက အပြင်းအထန် ဒဏ်ရာရခဲ့ပြီး သူအသက်ရှင်သေးသည်လား မရှင်သည်လားကို မရှင်းလင်းသေးချေ။
ချင်ဖူဟိုင်က လက်စားချေခြင်း ရှာဖွေရန် လှုပ်ရှားမှုမရှိသည့်အတွက် သဘာဝအလျှောက် သူတို့၏အသင်းကောင်းကျိုးအတွက်သာ ကြည့်တော့မည်ဖြစ်၍ မြို့တော် B ဆီသို့ ခရီးသွားရန် မလိုအပ်တော့ချေ။
ယင်ရိလျို အမှုမဲ့အမှတ်ပြုလုပ်ခဲ့သည့် အပြောင်းအလဲများ၏ ရလဒ်တစ်ခုအနေဖြင့် ဇာတ်ကြောင်းသည်က မူရင်းဇာတ်ကြောင်းမှ မိုင်ရှစ်ရာအဝေးသို့ ရွှေ့ပြောင်းသွားပြီဖြစ်သည်။
ချင်ဖူဟိုင်နှင့် သူ့အသင်းဖော်များမှာ ဇာတ်ကြောင်းထဲမှ သူတို့အတွက် စီစဥ်ထားခဲ့သော ကံကြမ္မာများမှ တဖြည်းဖြည်း လွတ်မြှောက်သွားခဲ့ပြီး ယခုအချိန်တိင် ပျက်ကပ်တွင် သူတို့၏ဘဝကို သူတို့ကိုယ်တိုင် ထိန်းချုပ်ပြီး အမှန်စင်စစ် နေထိုင်နိုင်ပြီဖြစ်၏။
ချင်ဖူဟိုင်နှင့်သူ့အသင်းဖော်များက ကျင်းယန်ကို လိုက်ပို့ချင်ခဲ့ကြသည်။
ကျင်းယန်မှ ထပ်ခါထပ်ခါ ငြင်းဆန်သော်လည်း သူတို့က SUV ၏တာယာများတွင် ငြိတွယ်နေသော အမြစ်များနှင့် အကိုင်းအခက်များကို ဖယ်ရှားရန် ကူညီဆဲဖြစ်၏။
ယင်ရိလျိုကို ယခင်က ဆန်မုန့်ကြွပ်များ ကမ်းပေးခဲ့သော သက်လတ်ပိုင်းလူကြီးက သူ၏ချွေးများကို သုတ်ပြီးပြုံးလိုက်သည်။
“ဒါက ကိစ္စကြီးမဟုတ်ပါဘူး.. မင်းတို့ရဲ့ခရီးမှာ သွားစရာလမ်းအရှည်ကြီး ကျန်သေးတယ်..
မင်းတို့ရဲ့ကားကို သုံးနိုင်ရင် အနည်းဆုံး လမ်းလျှောက်ချိန် တချို့ကို ဖြတ်ချနိုင်တယ်လေ.. မင်း ငါတို့အတွက် လုပ်ပေးခဲ့တဲ့အရာတွေ အများကြီးရှိခဲ့တာပဲ.. ငါတို့တွေကို ဒီလောက်တော့ လုပ်ဖို့ ခွင့်ပြုပေးပါဦး.."