← Chapters

အခန်း (၄၉+၅၀)

Vol. 5 Ch. 49+50

အခန်း (၄၉+၅၀)

Vol. 5 Ch. 49+50

(49)

မြို့တော်M သည်ကား အပြည့်အဝတိတ်ဆိတ်နေခဲ့လေ၏။ တစ်ကြိမ်ပြီး တစ်ကြိမ် မြည်နေသော အင်းစက်သံများနှင့် ကျီကျီကျာကျာမြည်နေသော ငှက်သံများသာ ရှိသော်လည်း ၎င်းကဲ့သို့အသံများသည်က အပြည့်အဝတိတ်ဆိတ်မှုထက် ပို၍ပင် ကြောက်စရာကောင်းလေသည်။

တစ်စုံတစ်ခုာ သူတို့နောက်မှ ခုန်ထွက်ပြီး တိုက်ခိုက်တော့မည်ဟု သူတို့ ခံစားနေခဲ့ရလေသည်။

ချင်ဖူဟိုင်နှင့် တခြားသူများ၏ အဆိုအရ အဝေးပြေးလမ်းများမှာ တိရစ္ဆာန်ရုံမှ ထွက်ပြေးလာသော ဆင်ရိုင်းများကြောင့် ဖျက်စီးခြင်းခံရလိုက်သည်။

သူတို့က နဂိုကတည်းက သာမန် တိရစ္ဆာန်များထက်များစွာ ကြီးမားနှင့်ပြီးသားဖြစ်ပြီး သန္ဓေပြောင်းပြီးနောက်တွင်တော့ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပို၍ပင် ကြီးထွားလာခဲ့ကြလေသည်။

သူတို့မှာ အမြင့်အားဖြင့် ဆယ်မီတာနီးပါးရှိပြီး သူတို့၏အလေးချိန်သည်လည်း ဆယ်ဆထက်ပို၍ တိုးလာခဲ့သည်။ ၎င်းတို့အကောင်အနည်းငယ်လောက် အတူတကွ ပြေးလွှားခြင်းကြောင့် အဝေးပြေးလမ်းမတစ်ခုကိုပင် ပျက်စီးသွားစေသည်။

ကနဦးအချိန်တွင် မြို့တော် M တွင် ရှင်သန်သူအများအပြား ရှိနေဆဲဖြစ်၏။ သို့သော်လည်း သန္ဓေပြောင်းတိရစ္ဆာန်များ တိရစ္ဆာန်ရုံမှ ထွက်ပြေးလွတ်မြောက်သွားပြီးနောက်တွင် ရှင်သန်သူအများအပြားသည်လည်း ဤတိရစ္ဆာန်များထံတွင် စားသုံးခြင်း ခံလိုက်ရလေသည်။

ထိုအချိန်က ရှင်သန်နေသော အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့လေ၏။

အပင်များက မြန်ဆန်စွာဖြင့် စတင် ဆင့်ကဲပြောင်းလဲပြီးနောက် မြို့အနှံ့ရှိ ဖုံးလွှမ်းနေသော သွေးများသည်လည်း ကြီးထွားနေသာ အပင်စိမ်းစိမ်းများ ဖုံးလွှမ်းခံလိုက်ရသည်။

မြို့တော် M တွင် ကျန်ရှိနေသော ရှင်သန်သူများ အများစုက ဆင့်ကဲပြောင်းလဲသူများသာ ရှိနေခဲ့ပေ၏။ သူတို့ကကိုယ်ပိုင် အဖွဲ့များ ဖွဲ့စည်းခဲ့ကြသောကြောင့် မြို့ထဲတွင် အခြေစိုက်ထားသော စစ်တပ်၏ အမိန့်များကိုတော့ နာခံရန် ငြင်းပယ်ခဲ့ကြလေသည်။

ထို့အစား သူတို့က စစ်တပ်အခြေစိုက်စခန်းကိုပင် တိုက်ခိုက်ပြီး သေနတ်နှင့် ခဲယမ်းကျည် ပမာဏအများအပြားကို ခိုးယူဘလုယက်ခဲ့ကြလေသည်။

ကျောင်းစီဟွေ့တစ်ယောက် ကားမောင်းနေချိန်တွင် နောက်ကြည့်မှန်ထဲမှ တစ်ဒင်္ဂလောက် အနက်ရောင်ပုံရိပ်တစ်ခုကို ဖြတ်ခနဲ မြင်လိုက်ရသည်။

သူမက ၎င်းကို ဘေးနားမှ ဖြတ်သွားသည့် ကျပန်းသန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်သာလျှင်ဟု ယူဆလိုက်ကာ အလေးအနက်မယူလိုက်ပါချေ။

သို့သော်လည်း နောက်တစ်ကြိမ် ထိုအနက်ရောင်အရိပ်ကို နောက်ကြည့်မှန်ထဲ၌ ထပ်မံ၍ဖမ်းမိလိုက်သောအချိန်တွင်တော့ သူမ၏ သတိအနေအထားက ချက်ချင်းပင် နိုးကြားသွားပြီး ကားကိုလည်း ဖြည်းညင်းစွာ အရှိန်မြှင့်လိုက်လေသည်။

သစ်တောထဲတွင် ပုန်းအောင်းနေသော အနက်ရောင်အရိပ်သည်လည်း သူတို့၏ ကား၏အရှိန်အတိုင်း ၎င်း၏အရှိန်ကို ထပ်တိုးခဲ့လေသည်။

ဤအရာသည်က သူတို့၏နောက်ကို ရည်ရွယ်ချက်ရှိရှိ လိုက်နေခြင်းဖြစ်၏။ နောက်ဘက်ထိုင်ခုံတွင် ထိုင်နေသော ကျင်းယန်သည်လည်း တစ်စုံတစ်ခုကို သတိပြုမိသွားပုံရကာ ချက်ချင်းပင် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

သူ၏ခြေထောက်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီးဖြစ်ကာ သူ၏နှုတ်ခမ်းပါးတွင် ဖြူဖျော့နေခြင်းမရှိတော့ဘဲ အရောင်များတဖြည်းဖြည်း ပြန်ပေါ်လာခဲ့သည်။

ကျောင်းစီဟွေ့က ကားကို အရှိန်မြှင့်လိုက်သည်ကို သတိထားမိလျှင် သူမေးမြန်းလိုက်လေသည်။

“ဘာဖြစ်လို့လဲ?”

“ကျွန်မတို့ရဲ့နောက်ကို တစ်ခုခုလိုက်နေတယ်”

ကျင်းယန် သူ၏မျက်ခုံးကို အနည်းငယ်ပင့်လိုက်၏။ ထို့နောက်တွင် သူက တစ်စုံတစ်ခုကို မှတ်မိသွားပုံရခဲ့ပြီး သူ၏ကျောပိုးအိတ်ထဲမှ သေနတ်ကိုထုတ်လိုက်ကာ ရှေ့ဘက်ခရီးသည်ထိုင်ခုံတွင် ထိုင်သော ကျောင်းချီယန်ဆီသို့ ပစ်ပေးလိုက်လေသည်။

ကျောင်းချီယန်လည်း ၎င်းကိုအလောတကြီးဖမ်းလိုက်ပြီးနောက် သူ ကိုင်ထားမိသည့်အရာကို မြင်လိုက်သောအချိန်တွင် အလွန်အမင်း အံ့အားတကြီး ပြောလိုက်မိသည်။

“Beretta 92!”

သူသည်က စစ်တပ်ဖန်တစ်ယောက်ဖြစ်ပြီး သေနတ်ပစ်ရသည့် ဂိမ်းများ ကို ဆော့ရသည်ကို အလွန်ပင် ကြိုက်နှစ်သက်လေသည်။

သူ့အနေဖြင့် သေနတ်အမျိုးအစား အမျိုးမျိုးနှင့် ရင်းနှီးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အစစ်ကိုတော့ တစ်ခါမှ မတွေ့ဖူးပါချေ။

ယခုအခါတွင်တော့ သူ ဂိမ်းထဲတွင် မြင်ဖူးခဲ့သော အမိုက်စားသေနတ်သည်က သူ့လက်ထဲတွင် ရှိနေခဲ့သည်။

ကျောင်းချီယန်တစ်ယောက် မှားယွင်းပစ်ခတ်မိမည် ကြောက်သည့်အတွက် သေနတ်ကို သတိထားလျှက် ကိုင်ထားသော်လည်း ၎င်းကိုလက်ကလည်း မချချင်ခဲ့ချေ။

“ကျင်းကော.. ဒါကကျွန်တော့်အတွက်လား?”

လူငယ်လေးက သူ၏ပျော်ရွှင်မှုကို ဖိနှိပ်လျှက် ဂရုတစိုက်မေးလိုက်သည်။

ကျင်းယန် ခေါင်းငြိမ့်လိုက်ပြီး အပြင်ဘက်မှ အနက်ရောင်သဏ္ဍန်ကို ညွှန်ပြလိုက်သည်။

“မင်း ပစ်မှတ်ချိန်တာကို လေ့ကျင့်လို့ရပြီ”

ကျောင်းချီယန်သည်က အိမ်မြှောင်မျိုးစပ်တစ်ယောက်ဖြစ်၏။

အနီးကပ်တိုက်ကွက်များကိုသာ အားသာသောကြောင့် အနီးကပ်တိုက်မရသည့်အခြေအနေတွင် သူ့ထံတွင် အခွင့်မသာဖြစ်လာလိမ့်မည်ပင်။

ထို့ကြောင့် ကျင်းရန်က ယခုမှစ၍ သူ၏ပစ်မှတ်ချိန်မှုကို တိုးတက်ခွင့်ပြုရန် ဆုံးဖြဆ်လိုက်ပေသည်။

ယင်ရိလျိုက ကျင်းယန်၏လက်မောင်းပေါ်သို့ တက်နင်းလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။

သူမသည်လည်း အနက်ရောင်အရိပ်ကို သတိထားမိ၏။ ၎င်းသည်က အရွယ်အစား အလွန်ကြီးမားပြီး အတော်အတန် ဖျတ်လတ်သည့်ပုံပင်။

ဒါပေမဲ့ အဲဒီအကောင်ာ ကြည့်ရတာဘာကြောင့် ရင်းနှီးနေရတာလဲ?

ကျင်းမိသားစုသည် လွန်ခဲ့သောနှစ်အနည်းငယ်က တရားမဝင် လက်နက်ခဲယမ်း လုပ်ငန်းများတွင် ပါဝင်ပက်သက်ခဲ့လေသည်။

နောက်ပိုင်းတွင် အရာရာတိုင်းကို ဖုံးကွယ်ခြင်းဖြင့် နာမည်ကို ဖြူစင်စေခဲ့ပြီး တရားဝင်လုပ်ငန်းလုပ်ကိုင်ခြင်း အဖြစ်ပြောင်းလဲခဲ့သည်။

ကျန်ရှိနေသော လက်နက်ခဲယမ်းများကိုလည်း သူတို့၏ ပိုင်နက်ထဲရှိ ကိုင်ပိုင် မြေအောက်သိုလှောင်ခန်းထဲတွင် ချိတ်ပိတ်ထားခဲ့သည်။

ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်တွင်တော့ ကျင်းယန်ကကျန်ရှိနေသာ လက်နက်ခဲယမ်းအားလုံးကို ယင်ရိလျို၏ နေရာလွတ်ထဲသို့ ထုတ်ပိုးခဲ့လေသည်။

သူ‌ ကျောင်းချီယန်ကို ပေးခဲ့သော သေနတ်မှာ သူ မကြာခဏသုံးလေ့ရှိသော အမျိုးအစားဖြစ်ပြီး သေနတ်ပစ်သည့် ဂိမ်းများတွင်လည်း မကြာခဏပါဝင်လေ့ရှိလေသည်။

လက်ရှိတွင်တော့ ခဲငွေနက်ရောင် သေနတ်မှာ ဆယ်ကျော်သက်ကောင်လေးထံတွင် သဘောကျစွာ ယုယပွတ်သတ်ခြင်း ခံနေရလေသည်။

ကျောင်းစီဟွေ့တစ်ယောက် ကားမောင်းနေရင်းဖြင့် သူ၏ စိတ်လှုပ်ရှားနေသော မောင်ငယ်လေးကို လှည့်ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ မေးလိုက်သည်။

“ကျင်းကော.. သူ့ကိုသေနတ်တစ်လက်ပေးတာက ဖြုန်းတီးတာဖြစ်မသွားဘူးလား?”

ကမ္ဘာပျက်ကပ်ထဲ၌ လက်နက်ခဲယမ်းမှာ သန္ဓေပြောင်းတိရစ္ဆာန်များကို တိုက်ခိုက်ရာတွင် သက်ရောက်မှုကောင်းသော ပစ္စည်းဥစ္စာတစ်ခု ဖြစ်ပေ၏။ လူတစ်ယောက်၏ ရှင်သန်သည့်အခွင့်အရေးကို တိုးမြှင့်နိုင်ပြီး အစားအစာများထက် ပို၍ပင်လျှင် အရေးကြီးလေသည်။

ဤကဲ့သို့ အဖိုးတန်သော အရာတစ်ခုကို သူမ၏မောင်ကို ပေးပစ်ခြင်းသည် ဖြုန်းတီးလွန်းသည်ဟု သူမထင်မိသည်။

ကျောင်းချီယန်က သူ၏လည်ပင်းကို တောင့်တင်းလိုက်ပြီး သူ၏အဖိုးတန်ရတနာကို လက်မောင်းထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

ဒီအမျိုးသမီးက သူရဲ့အစ်မအရင်းကော ဟုတ်ရဲ့လား? !

“ကျွန်တော့်ကို ပေးတာက ဘယ်လိုလုပ်ပြီး ဖြန်းတီးတာဖြစ်ရမလဲ? ကျွန်တော်က သေနတ်တွေကို အရမ်းကိုမှ ရင်းနှီးတာပါနော်”

“ငရဲလိုမျိုးပဲ ရင်းနှီးရမလား! ဂိမ်းဆော့တာက လက်တွေ့နဲ့ ဘယ်လိုလုပ်တူနိုင်ပါ့မလဲ..”

ကျောင်းမောင်နှမ၏ ဆူဆူညံညံ စကားများခြင်းက ကျင်းယန်ကို ခေါင်းကိုက်စေ၏။

“သူ့ကို အဲဒါနဲ့ ကစားခွင့်ပေးလိုက်ပါ.. သူရဲ့တိကျမှုနှုန်းကို တိုးတက်တဲ့တစ်ချိန်ကျရင် ပြန်ပြီး ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်”

ကျင်းယန်က သူ့လက်ကို အရေးမစိုက်စွာ ဝှေ့ရမ်းလိုက်လသည်။

ကျင်းယန်၏ စကားများကို ကြားပြီးနောက်တွင် ကျောင်းစီဟွေ့သည်လည်း မည်သည်ကိုမှ မပြောတော့ချေ။

ကျောင်းချီယန်က ကားပြတင်းပေါက်ကိုဖွင့်လိုက်သောကြောင့် လေပြင်းတိုက်သံများက လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာခဲ့ကာ ယင်ရိလျို၏ ခေါင်းပေါ်မှ အမွှေးများကိုလည်း ရှုပ်ပွသွားစေခဲ့သည်။

သူမက လက်ဖဝါးလေးများဖြင့် သူမ၏ မျက်နှာကိုထိလိုက်သည်။

သူမ၏ကိုယ်ပိုင်သားမွှေးများကြောင့် သူမ၏ပန်းရောင် နှာခေါင်းလေးကပင် ယားယံလာခဲ့ပြီး နှာချေလိုက်မိသောကြောင့် ဝဖြိုးသော ခန္ဓာကိုယ်လေးမှာ တုန်ရီသွားခဲ့သည်။

ထိုအခိုက်တွင် လက်ကြီးတစ်ဖက်က သူမ၏ ရှေ့တွင် အချိန်မှီရောက်လာခဲ့သည်။

သူမ၏ အမြင်အာရုံက မှောင်မည်းသွားခဲ့ကာ လေပြင်းကို မခံစားရတော့ချေ။ ထိုအခါမှသာ ကျင်းယန်က သူမကို ကာပေးနေသည်အား သတိထားမိခဲ့သည်။

ကျောင်းချီယန်ကတော့ သေချာပေါက် စိတ်လှုပ်ရှားနေခဲ့သည်။

သူက လေးလံသော သေနတ်ကို ကိုင်ထားကာ သူ၏အပေါ်ပိုင်းကိုယ် တစ်ခုလုံးကို ပြတင်းပေါက်အပြင်ကို မှီပြီး စိတ်လှုပ်ရှားစွာအော်လိုက်သောကြောင့် သူတို့၏ နောက်ကို လိုက်နေသောအရိပ်ကို ထိတ်လန့်အံ့အားသင့်သွားစေခဲ့သည်။

သူ ကစားခဲ့သော သေနတ်ပစ်ဂိမ်းတွင် သူက ထိပ်ဆုံးကစားများထဲမှ တစ်ဦးဖြစ်ပြီး အမျိုးမျိုးသော လက်နက်ခဲယမ်းများ၏ လုပ်ဆောင်ချက်ပေါ်တွင် အလွန်ကောင်းစွာ နားလည်သည်ဟု ကြွားဝါ‌ခဲ့လေသည်။

ယခုအချိန်တွင် ကျည်ကပ်၌ ကျည်ဆန်များနှင့် အပြည့်ဖြည့်ထားခဲ့သည်။ သူ၏နှလုံးသားသည်လည်း အပြေးပြိုင်နေသကဲ့သို့ ခုန်ပေါက်နေခဲ့ကာ သေနတ်ကို ဂရုတစိုက်မောင်းတင်လိုက်လျှင် ကြည်လင်သည့် ကလစ် ဟူသောအသံကို ကြားလိုက်ရသည်။

သူ၏ပါးပြင်မှ အရေပြားများသည် အစိမ်းဖျောဖျော့ အရောင်‌ကြေးခွံအဖြစ် ပြောင်းလဲသွားပြီး သူ၏မျက်လုံးများကလည်း ကျဥ်းမြောင်းပြီး မျက်အိမ်ကကျယ်ပြန့်သွားသည်။

သူ၏အမြင်အာရုံသည်လည်း မီတာအနည်းငယ်အကွာရှိ လမ်းဘေးဘက် မြက်အရှည်များထဲမှ အရိပ်ပေါ်တွင် လော့ခ်ချထားလေသည်။

သတ္တဝါသည်က သူတို့၏အရှိန်နှင့် ယှဥ်၍သွားနေခြင်းဖြစ်၏။

ကျောင်းစီဟွေ့ ကားကိုအရှိန်လျှော့လိုက်‌သောအခါ အနက်ရောင်အရိပ်သည်လည်း အရှိန်လျှော့သွားကာ ကားဘေးဘက်တွင် အေးအေးဆေးဆေး လမ်းလျှောက်နေခဲ့လေသည်။

၎င်း၏ခန္ဓာကိုယ်မှာလည်း အနက်နှင့် အမွှေးပွပွ အမြီး၏ အရိပ်အယောင်နှင့်အတူတစ်ကြိမ်ပြီးတစ်ကြိမ် မြက်များနောက်တွင် ပုန်းနေခဲ့လေသည်။

ကျောင်းချီယန်တစ်ယောက် အသက်အောင့်ထားကာ မျက်လုံးတစ်လုံးကိုမှိတ်ပြီး သေနတ်၏ မြင်ကွင်းရှေ့အမြင်အာရုံနှင့် အနည်းငယ် ရယ်စရာကောင်းသည့်ပုံဖြင့် လှုပ်ရမ်းမ်းနေသောအမြီးကို အတူ ချိန်ညှိလိုက်သည်။

ထို့နောက် ပစ်မှတ်ပေါ်တွင် လော့ခ်ချပြီးနောက် မောင်းခလုတ်ကို ဆွဲလိုက်လေသည်။

သူ၏ကိုယ်နေဟန်သည်က ပြီးပြည့်စုံသော်ငြား ကံမကောင်းစွာဖြင့် အရာအားလုံးက ကြည့်ကောင်းရုံသက်သက်သာဖြစ်နေခဲ့သည်။

သူ၏ကျည်ဆန်သည်က သူ ရည်ရွယ်ထားသော ပစ်မှတ်နှင့် တစ်မီတာထက်ပို၍ ကွာဝေးသော သစ်ပင်ပင်စည်တစ်ခုကိုသာ ထိမှန်သွားခဲ့သည်။

ထိုသည်ကို ကျောင်းချီယန် မယုံနိုင်ခဲ့ချေ။

သူ – XX သေနတ်ပစ်ဂိမ်း၌ သူ၏ထူးကဲသော နောက်ပြန်ကန်အား ထိန်းချုပ်မှု၊ တိကျမှုနှင့် နေရာယူမှုတို့ကြောင့် လူသိများသော ရွှေအဆင့်ကစားသူသည် – ပစ်မှတ်ကိုလွဲသွားခဲ့သည်။

သူ အံကြိတ်ပြီး သေနတ်ကို ကျည်ပြန်ထိုးလိုက်သည်။

သူ့ကို တစ်ချိန်လုံးစောင့်ကြည့်နေသော ယင်ရိလျိုကတော့ ကျောင်းချီယန်၏ချိန်ရွယ်မှု အမှတ်နှင့် လမ်းလွဲသွားသည်ကို မြင်သောအခါ ရယ်မောခဲ့လေသည်။

မြက်ထဲတွင် ပုန်းနေသော သတ္တဝါသည် သေနတ်ပစ်ခတ်မှုကြောင့် စိတ်ပျက်အံအားသင့် သွားသည့်ပုံရ၏။

ယင်ရိလျို မြက်ထူထူထဲ၌ အလျှင်အမြန် ပျောက်ကွယ်သွားသော အနက်ရောင်တစ်စုံတစ်ခုကို ဖြတ်ခနဲ မြင်ခဲ့ရပြီး ဤသတ္တဝါကြည့်ရသည်မှာ အနည်းငယ် ရင်းနှီးသည်ဟု တွေးတောမိလိုက်သည်။

ကျောင်းစီဟွေ့ကတော့ ကားမောင်းနေစဥ် သူမ၏မောင်ကို အာရုံစိုက်နေခဲ့လေသည်။

“ပြန်ထိုင်လိုက်တောဝ.. တကယ်ပဲ ရှက်စရာကောင်းလိုက်တာ”

သူမက သူမ၏နှုတ်ခမ်းများကို တွန့်လျက်ပြောလိုက်သည်။

သူမ၏ စကားလုံးများက သွေးဆူလွယ်ဆဲ လူငယ်‌လေးကို ဒေါသထွက်သွားစေသည်။ သူ၏နောက်မှ အစိမ်းရောင်အမြီးကြီးပင် ပေါ်ထွက်လာကာ ဒေါသထွက်စွာ လွှဲယမ်းနေခဲ့သည်။

“အဲဒါက ခဏလောက် မှားသွားတာလို့!”

သူ အသက်ပြင်းပြင်းရှူပြီး သေနတ်ကို အနက်ရောင်အရိပ်ဆီသို့ ပြန်ချိန်လိုက်ကာ ထိုသတ္တဝါ နောက်တစ်ကြိမ် ပေါ်ထွက်လာလျှင် ပစ်ခတ်ရန်အတွက် အသင့်ပြင်ထားခဲ့သည်။

မြက်ထဲတွင် ဆောင့်ကြောင့်ထိုင်နေသော အနက်ရောင်အရိပ်သည်ကား သေသည်အထိ နှိပ်စက်ညှင်းပန်းခံခဲ့ရသော ဝံပုလွေ မိခင်၏ သားပေါက်လေးသာဖြစ်နေခဲ့၏။

*

(50)

အနက်ရောင်ဝံပုလွေလေးမှာ မွေးဖွားလာစဥ်ကတည်းက ဉာဏ်ရည်ဉာဏ်သွေးရရှိခဲ့၏။ ၎င်းထံတွင် လူတစ်ယောက်၏ အန္တရာယ်အဆင့်ကို သူတို့၏အရှိန်အဝါအပေါ် အခြေခံ၍ အကဲဖြတ်နိုင်စွမ်းရှိနေခဲ့သည်။

ယခု ၎င်း၏မျက်လုံးထဲတွင်တော့ ဤလူသားအုပ်စု၌ ကျင်းယန်သည်က စွမ်းအားအကြီးဆုံးဖြစ်ပေသည်။

၎င်းက အမှောင်ထဲတွင်ပုန်းအောင်းနေလျှက် ကျင်းယန်နှင့် သူ၏အုပ်စုမှ ၎င်း၏အမေကို သတ်ခဲ့သူများကို သတ်ဖြတ်သည်အား စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူ ကျင်းယန်၏ကားနောက်ကို လိုက်ရန်ဆုံးဖြတ်ခဲ့လေသည်။

ဝံပုလွေပေါက်လေးသည်ကား အလွန်အမင်းပါးနပ်လေ၏။ ဤဆင့်ကဲပြောင်းလဲခဲ့သော လောကကြီးထဲတွင် ၎င်း၏အမေမပါဘဲ ရှင်သန်ရန် ၎င်းက အလွန်ငယ်ရွယ်နေသေးသည်အား သိရှိခဲ့လေသည်။

၎င်းက တိုက်ခိုက်ခြင်း၌ အတွေ့အကြုံရှိနှင့်ပြီးသား ဖြစ်သော်လည်း ရှုံးနိမ့်မှုတစ်ခုဖြစ်နေဆဲပင်။ သားပေါက်တစ်ကောင်အနေနှင့် မည်သို့ရှင်သန်ရမည်ကို မသိသောကြောင့် မသိစိတ်အရ SUV ၏ နောက်ကို လိုက်လာခဲ့ရုံသာဖြစ်လေ၏။

အဘယ်ကြောင့်ဆိုသော် ကျင်းယန်အပြင် ကားထဲတွင် သူနှစ်သက်သော ရနံ့တစ်ခုလည်း ရှိနေသောကြောင့်သာဖြစ်၏။

သို့သော်ငြား မကြာမီပင် ရင်းနှီးသောအသံတစ်ခုက သူ့၏နားအနီးမီဖြတ်သွားကာ သိပ်မဝေးသည့် သစ်ပင်တစ်ပင်တွင် နက်ရှိုင်းသော အပေါက်တစ်ခုကို ချန်ထားလာခဲ့သည်ကိုကိုမြင်လိုက်ရလျှင် အနက်ရောင်သားပေါက်လေးမှာ မြေပြင်ပေါ်သို့ ချက်ချင်းပင် ပြားပြားဝပ် လဲလျောင်းလိုက်လေ၏။

၎င်း၏မျက်လုံးများသည်လည်း ကားထဲမှ လူသားဆယ်ကျော်သက်လေးကို မှုန်သုန်စွာ စိုက်ကြည့်နေခဲ့သည်။

ဝံပုလွေလေးမှာ ဤအသံကို အားလုံးအလွန်ရင်းနှီးပေ၏။ ၎င်း၏အမေ လူသားများထံမှ လိုက်ဖမ်းခြင်းကို ခံရချိန်တုန်းက ဤသည်မှာ ၎င်း၏အမေကို နာကျင်စေသော အရာဖြစ်ကြောင်း မှတ်ဥာဏ်ထဲတွင် စွဲမြဲနေခဲ့၏။

အနက်ရောင်သားပေါက်မှာ သေနတ်သံကြောင့် လှုံ့ဆော်ခံလိုက်ရလေသည်။ ၎င်းက အသံတိုးတိုးဖြင့် မာန်ဖီလိုက်ပြီး ပြန်လည်တိုက်ခိုက်ရန်အတွက် မှန်ကန်သည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေသော မုဆိုးတစ်ယောက်ကဲ့သို့ အမဲလိုက်သည့် အနေအထားဖြင့် ဝပ်နေခဲ့လေသည်။

ကျောင်းချီယန်က ပစ်ခတ်သည့်ကိုယ်နေဟန်ထားဖြင့် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သော်လည်း အနက်ရောင်အရိပ်ကို ထပ်မံမမြင်ရတော့ချေ။ သူ သေနတ်ကို ပြန်ချပြီး ပြောလိုက်သည်။

“ဟေ့ အဲဒါက လန့်ပြေး….”

ဆယ်ကျော်သက်လေးက စကားပြောနေချိန်တွင် ကားမောင်းနေသော သူ၏အစ်မဘက်ကို လှည့်ကြည့်နေခဲ့သည်။ ထို့ကြောင့် သဘာဝအလျှောက် လမ်းဘေးဘက်မှ မြက်ကိုအာရုံမစိုက်မိခဲ့ပါချေ။

ခြုံခိုနေသော အနက်ရောင်သားပေါက်က ဤအခွင့်အရေးကို ဖမ်းမိပြီး အရှေ့သို့ ခုန်တက်လိုက်သည်။ ရှည်လျားပြီး မြန်ဆန်သည့် အနက်ရောင်အရိပ်နှင့်အတူ ၎င်းက လျှင်မြန်စွာ ရွေ့လျားခဲ့ကာ ၎င်း၏ ချွန်ထက်သောသွားများသည်လည့် လူငယ်လေး၏ ထိခိုက်လွယ်သော လည်တိုင်ကို ပစ်မှတ်ထားနေလျှက် ကျောင်းချီယန်ဆီသို့ ခုန်ဝင်ခဲ့သည်။

ယင်ရိလျိုတစ်ယောက် ရုတ်တရက် အပြောင်းအလဲကြောင့် တကျီကျီအော်လိုက်မိ၏။ အနှီသားပေါက်လေးမှာ လျို့ယွီနှင့် သူ၏အသင်းဖော်များ ဖမ်းချင်ခဲ့သည့် သားပေါက်လေးသာဖြစ်သည်။

ကလေးမလေးက သူမ၏ပစ်မှတ်ကို ယင်ရိလျိုဆီသို့ ပြောင်းပြီးနောက် အနက်ရောင်သားပေါက်လေးကို ထပ်မံမမြင်ခဲ့ရချေ။ သားပေါက်က အောင်မြင်စွာ လွတ်မြောက်သွားခဲ့ပြီဟု သူမ ယူဆခဲ့သော်လည်း ထိုအရာက မည်သည်အတွက်ကြောင့် သူတို့ကို လာရောက် တိုက်ခိုက်နေရသနည်း?

ကျင်းယန်က လျှပ်တပြတ်အရှိန်ဖြင့် တုံ့ပြန်လိုက်၏။ သူက ကျောင်းချီယန်၏ လက်မောင်းကို ချက်ချင်းဆွဲကိုင်လိုက်ပြီး သူ့ကိုအောက်ဆွဲချလိုက်သည်။

ထို့နောက်တွင်တော့ ကျယ်လောင်သော ဘန်း ဟူသည့်အသံကြီးက ထွက်လာခဲ့လေသည်။ ကောင်လေး၏ မေးစေ့က ကားဘောင်ပေါ်တွင် ဆောင့်မိပြီး သူ၏လျှာကို မတော်တဆကိုက်မိခဲ့လေသည်။

သူ၏ပါးစပ်ထဲတွင်ပင် သွေး၏အရသာကိုခံနိုင်ခဲ့သည်။

ကျောင်းချီယန် နာကျင်မှုဖြင့် မအော်နိုင်ခင် ကြီးမားသည့် အနက်ရောင်အရိပ်ကြီးတစ်ခုက သူ၏အထက်၌ ဘွားခနဲပေါ်လာခဲ့သည်။

ကားထဲမှ လူတိုင်းက ကားလှုပ်ယမ်းသွားခြင်းကို ခံစားနိုင်ပြီး ဝံပုလွေငယ်လေးတစ်ကောင်၏ အနည်းငယ်ဒေါသထွက်သည့် အူသံကိုလည်း ကျောင်းချီယန်၏အထက်မှ တိုက်ရိုက် ကြားနိုင်ခဲ့သည်။

သူ၏ခေါင်းကို မော့လိုက်လျှင် စိတ်ဆိုးပြီး မုန်သုန်နေသော ဝံပုလွေတစ်ကောင်၏ မျက်လုံးများဖြင့်သာ ဆုံတွေ့လိုက်ရကာ သူ့ကျောရိုးတစ်လျှောက် တုန်ရီသွားခဲ့ရသည်။

ထိုမှသာ ကျင်းယန်၏ကြားဝင်မှုကြောင့်သာ မဟုတ်လျှင် ဝံပုလွေက သူ၏လည်ချောင်းကို ကိုက်ဖြဲပစ်မည်ကို သတိထားမိသွားခဲ့သည်။

ကျောင်းချီယန်တစ်ယောက် ဒေါသထွက်သွားခဲ့သည်။ သူက သူ၏သေနတ်ကို မြှောက်ပြီး ကား၏ နေဝင်ပေါက်ပေါ်မှ အနက်ရောင်အရိပ်၏ နူးညံ့သောဝမ်းဗိုက်ကို တစ်ချက်ပစ်လိုက်သော်လည်း အနက်ရောင်ဝံပုလွေက အလွန်အမင်းလျှင်မြန်စွာ တုံ့ပြန်ခဲ့သည်။

၎င်းက ကျောင်းချီယန် လက်ကို မြှောက်လိုက်သည့် အခိုက်တွင် ကားပေါ်မှ ခုန်ဆင်းသွားခဲ့လေသည်။

ကျောင်းစီဟွေ့ကို ဘရိတ်ကို ဆောင့်နင်းပြီး ကားကိုရပ်တန့်ခဲ့သည်။

ကား၏ အရှေ့တည့်တည့်၌ အနက်ရောင်ဝံပုလွေက ဝပ်နေပြီး သူတို့ကို သွားဖြဲလျှက် ခြိမ်းခြောက်လိုစွာ မာန်ဖီနေခဲ့သည်။

ကျင်းယန်၏ မျက်နှာက အေးစက်သွားလေ၏။ သူက သူ၏ခါးမှ သေနတ်ကိုထုတ်ကာ မောင်းတင်လိုက်ပြီး ကားပြတင်းပေါက်ကို အနည်းငယ် ချလိုက်သည်။

ကျင်းယန်က သူတို့၏လမ်းကို ပိတ်နေသော ဝံပုလွေကို ပစ်တော့မည်ဖြစ်ကြောင်းကိုမြင်လျှင် ယင်ရိလျိုမှ် သူ့ကိုတားရန် အလောတကြီး တဟုန်ထိုးသွားခဲ့ရလေသည်။

“ကျီ!”

ဝံပုလွေရဲ့အသက်ကို ချမ်းသာပေးပါ!

ကျင်းယန် သူ၏လက်မောင်းပေါ်သို့ ရောက်လာသည့် အလေးချိန်တစ်ခုကို ခံစားခဲ့ရသည်။

ယုန်လေးက ပိုးသားပိတ်စ ဆွဲသီးတစ်ခုကဲ့သို့ သူ၏လက်မောင်းတွင် တွဲလောင်းကျနေကာ ၎င်း၏ခေါင်းကို ထိတ်ထိတ်ပျာပျာ ရမ်းလျှက် မပစ်ရန်အတွက် သူ့ထံတွင် အသနားခံနေခဲ့သည်။

အချိန်ခဏကြာပြီးနောက် ကားထဲမှလူများလည်း ပထမဆုံး လှုပ်ရှားလာခဲ့ကွသည်။ ဝံပုလွေက ဖြည်းညှင်းစွာ မှန်ချလိုက်သော ကားပြတင်းပေါက်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့သည်။

ထိုနောက်တွင်တော့ ပွင့်နေသော ပြတင်းပေါက်မှ သေးငယ်သည့် ဝါဂွမ်းလုံးလေးတစ်လုံး ခုန်ချလာခဲ့လေသည်။

ထိုဝါဂွမ်းလုံးလေးက မြေပြင်‌ပေါ်တွင် လိမ့်ပြီးနောက် သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်စေလိုက်ပြီး ခေါင်းပေါ်မှ နားရွက်ရှည်များကို ခါရမ်းလိုက်သည်။

ဝံပုလွေနက်လေးက ၎င်းကို တခဏကြာ အောင် စစ်ဆေးခဲ့ပြီး ဤဖက်ထုပ်ဖြူမးကို ယခင်က တိရစ္ဆာန်ရုံတစ်ဝိုက်တွင် မြင်ခဲ့ဖူးသော တခြားသောဖက်ထုပ်ဖြူကြီးများနှင့် ဆက်စပ်လိုက်လေသည်။ ၎င်း၏အမေက ဤသည်မှာယုန်များဖြစ်ပြီး အလွန်အရသာရှိကြောင်း ပြောခဲ့ဖူးသည်။

ဝံပုလွေလေးက ၎င်း၏လက်ဖဝါးကို လျှက်ပြီး မျက်လုံးများကလည်း အလင်းရောင်မှိန်မှိန်ဖြင့် ဝင်းလက်လာခဲ့သည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် ဝံပုလွေလေးမှာ လေထဲမှ အထူးအတက်အကျကို ခံစားခဲ့ရပြီးနောက် နူးညံ့သော အသံတစ်သံမှ ပြောလာသည်ကို ကြားခဲ့ရသည်။

“ဟေး ငါပြောနေတာကို နင်နားလည်လား?”

အနောက်ရောင်ဝံပုလွေလေးက ဆွံ့အသွားခဲ့ပုံရသည်။ ၎င်းသည် သတိထားလျက် လျှောက်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ၎င်း၏အကြည့်ကို ရှေ့ရှိယုန်လေးပေါ်သို့ မယုံကြည်နိုင်စွာနှင့် ချလိုက်ပြန်သည်။

ဖက်ထုပ်ဖြူမှာ အနည်းငယ် ရယ်စရာကောင်းသည့် ပုံပေါ်ကာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဘောလုံးတစ်လုံးကဲ့သို့ အမွှေးဖြူများနှင့် ဖုံးလွှမ်းနေပြီး မျက်လုံးနီနီသေးသေးလေး တစ်စုံတို့ရှိနေခဲ့ပြီး သူ၏ ရိုက်ချက်တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်လေသည်။

ကားထဲတွင်ထိုင်နေခဲ့သော ကျောင်းမောင်နှမနှင့် ကျင်းယန်ကတော့ ကွဲပြားသောမျိုးစိတ်များနှင့် အလွန်ကြီးမားစွာ ကွာခြားသော ခန္ဓာကိုယ်အရွယ်အစားများရှိနေသော တိရစ္ဆာန်နှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် စိုက်ကြည့်နေသည်ကို ရိုးရှင်းစွာ စောင့်ကြည့်နေခဲ့သည်။

တိုတောင်းသော အချိန်ကာလပြီးနောက် သူတို့နှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် တဖြည်းဖြည်း နီးကပ်၍ ရွေ့သွားခဲ့သည်။

ကျင်းယန်က သူ၏လက်ထဲမှ သေနတ်ကို လုံးဝမနိမ့်ခဲ့ချေ။ ဝံပုလွေအနက်လေးကို အထူး အာရုံစူးစိုက်နေခဲ့သည်။ ၎င်းသာ ယုန်လေးကို တစ်ခုခုလုပ်ရဲလျှင် သူက နောက်တစ်စက္ကန့်တွင် ၎င်း၏ခေါင်းကို သေနတ်နှင့် ပစ်လိုက်လိမ့်မည်ဖြစ်၏။

သို့သော် မျှော်လင့်ထားသည့် အန္တရာယ်ရှိသော မြင်ကွင်းက ဖြစ်မလာခဲ့ချေ။ တိရစ္ဆာန်နှစ်ကောင်ကြားတွင် ထူးဆန်းသော သဟဇာတတစ်ခု ရှိနေခဲ့သည်။

နာရီဝက်ကြာပြီးနောက် ယင်ရိလျိုက အနက်ရောင်ဝံပုလွေလေး၏ပေါ်တွင် တက်စီးရန် သတ္တိရှိနေနှင့်ပြီဖြစ်၏။ ယုန်ဖြူလေးက အနက်ရောင်ဝံပုလွေပေါက်လေး၏ နောက်ကျောပေါ်တွင် လဲလျောင်းနေခဲ့ကာ သန့်စင်သောအဖြူရောင် အစက်လေးတစ်စက်က မည်းနက်သန့်စင်သော မှင်အိုင်ထဲသို့ ကျနေသည်နှင့်တူ၏။

ဝံပုလွေနက်လေးက ယင်ရိလျိုကို သယ်ဆောင်ပြီး SUV ဆီငိုး သတိထားလျက် ချဥ်းကပ်လာခဲ့သည်။ ၎င်း၏ယခင်က မောက်မာသော စိတ်သဘောထားနှင့် အပြည့်အဝကွဲပြားနေခဲ့ပေပြီ။

ကျင်းယန် ကားထဲမှ ထွက်လာခဲ့သည်။

ကျောင်းချီယန်ကတော့ ကားထိုင်ခုံထဲသို့ ပို၍နက်နက် နှစ်မြုပ်လိုက်သည်။ အနက်ရောင်ဝံပုလွေလေး သူ့ဆီဦးတည်၍ ခုန်လာသော အခိုက်အတန့်တွင် သေမင်းနတ်ဘုရားက သူ့အတွက်ရောက်လာပြီဟု ခံစားခဲ့ရသောကြောင့် ဝံပုလွေဆီမှ အဝေးတွင်နေရန် ရည်ရွယ်ခဲ့လေသည်။

ယင်ရိလျိုက ကျင်းယန်၏ လက်မောင်းထဲ ပြန်ခုန်ဝင်လိုက်သည်။

ထို့နောက် သူမ၏ရွှေပေါင်လုံးကြီးကို အပြစ်ကင်းစင်သော မျက်လုံးများနှင့်စိုက်ကြည့်ပြီး အရှက်ကင်းမဲ့စွာဖြင့် ချစ်စရာများကို ရောင်းချရန် စတင်ခဲ့သည်။

ဤယုန်လေး၏ ဗျူဟာကို ကျင်းယန် ထိုးဖောက်မြင်ခဲ့ပြီးဖြစ်၏။ သူမမျက်နှာသာ လိုချင်သောအချိန်မှသာ သူ့ဆီသို့ အလွန်ကောင်းမွန်စွာ ပြုမူမည်ဖြစ်သည်။

သူက အနက်ရောင်ဝံ‌ပုလွေလေးကို မျက်လုံးများ မှေးကျဥ်း၍ ကြည့်လိုက်သည်။

“မင်းက ဒီဝံပုလွေကို မင်းနဲ့အတူခေါ်လာချင်တာလား?”

ယုန်လေးက ခေါင်းငြိမ့်ခဲ့လေ၏။

ကျင်းယန်၏ဘေးမှ ကျောင်းမောင်နှမက သူတို့များ သွေးလေခြောက်ခြားနေသည်လားဟု တွေးထင်လျက် မျက်လုံးများပင် ပြူးကျယ်နေခဲ့ကြသည်။

ယုန်တစ်ကောင်က ဝံပုလွေတစ်ကောင်ကို မွေးစားနေပြီးတော့..

ဝံပုလွေကလည်း အဲဒီယုန်ရဲ့စကားတွေကို နာခံပြီး လိမ်လိမ်မာမာပြုမူနေတယ်..?!

ယင်ရိလျိုတစ်ယောက် စိတ်လှုပ်ရှားသွားရခဲ့သည်။ သူမသည်ကား တိရစ္ဆာန်ခန္ဓာကိုယ် တစ်ခုတွင် ပိတ်မိနေခဲ့သော လူတစ်ယောက်ဖြစ်ပေသည်။

ထို့အတွက် လူသား သို့မဟုတ် သာမာန်သန္ဓေပြောင်း တိရစ္ဆာန်များက သူမ၏စကားကိုနားမလည်ကြချေ။

သူမ၏ နောက်လိုက်‌ဟောင်းဖြစ်သော ပင့်ကူတိတိသည်သာ သူမ၏စကားကိုအနည်းငယ် နားလည်သည့် တစ်‌ကောင်သောသူဖြစ်ပြီး ၎င်းကလည်း သန္ဓေပြောင်း မြွေကြီးကြောင့် သေဆုံးသွားခဲ့လေသည်။

သူမအနေဖြင့် သူမနှင့်ဆက်သွယ်နိုင်သည့် နောက်ထပ်မျိုးနွယ်တစ်ခုနှင့် နောက်ဆုံးတွင် ဆုံတွေ့ရခြင်းဖြစ်သောကြောင့် မည်သို့ ပီတိမဖြစ်ဘဲ နေပါမည်နည်း?

ဝံပုလွေလေး၏တုံ့ပြန်ချက်ကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းသည်က အတော်အတန် ဉာဏ်ကောင်း‌ကာ လူသားဆယ်ကျော်သက်တစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် ဆင်တူလေသည်။

သူ့၏အဆိုအရ သူတို့ဆီတွင် အဖွဲ့ဝင်ချင်သောကြောင့် သူတို့၏ ကားနောက်ကို လိုက်နေခြင်းဖြစ်၏။

နောက်ဆုံးတွင် ၎င်းသည်က သားပေါက်လေးတစ်ကောင် ဖြစ်နေဆဲဖြစ်ပြီး လျှောက်ပတ်ပြေးနေသော သန္ဓေပြောင်းတိရစ္ဆာန်များနှင့် ပျက်ကပ်ထဲတွင် ၎င်း၌ရှင်သန်ရန် အခွင့်အရေးမရှိချေ။

၎င်းက ကျောင်းချီယန်ကို တိုက်ခိုက်ရသည့် အကြောင်းတွင်လည်း ဝံပုလွေလေးမှာ မှားယွင်းသည့်နှယ် ခံစားခဲ့ရသည်။

ထိုအလွန်ကျယ်လောင်သော အရာဖြင့် ၎င်းကိုသတ်ရန် အရင်ဆုံး ကြိုးစားခဲ့သူမှာ ကျောင်းချီယန်သာဖြစ်သည်မဟုတ်ပါလား။

All Chapters