← Chapters

အကိုကြီးဝူကို အနိုင်တိုက်မယ်။

Vol. 17 Ch. 239

အကိုကြီးဝူကို အနိုင်တိုက်မယ်။

Vol. 17 Ch. 239

ပြည်နယ်များ ပြန်လည်ဖွဲ့စည်းရေး ကိစ္စအကြောင်း ခဏမျှ စကားပြောပြီးနောက် ယင်ကျန်းဟုန်သည် အသစ်အဆန်း ဖြစ်မှု ကုန်ဆုံးသွားသောအခါ လေကိုခွင်း၍ ထွက်ခွာသွားသည်။ စာရင်းကို ယခု လက်ထဲ ရရှိထားပြီ ဖြစ်သောကြောင့် တောင်ထွတ်ပြည်နယ်ကို တည်ငြိမ်အောင် ပြုလုပ်ရန် နောက်ဆုံး ပဟေဠိ အပိုင်းအစသည် နေရာတကျ ဖြစ်သွားပြီ။ စာရင်းထဲမှ လူများကို သတ်သင့်သည် သို့မဟုတ် ချမ်းသာပေးသင့်သည်ကို ကျန်းပေရန်က လုံးဝ ဂရုမစိုက်ပေ။

နောက်ဆုံးတော့ အဆုံးသတ်တော့မှာလား...

လျှို့ဝှက်လမင်းဂိုဏ်း အဖြစ်အပျက်မှ စတင်ကာ ယခင် ဧကရာဇ် ဖန်တီးခဲ့သော ဤမုန်တိုင်းသည် နောက်ဆုံးတွင် ငြိမ်သက်သွားတော့မည် ဖြစ်သည်။ တောင်ထွတ်ပြည်နယ်သည် အသစ်စက်စက် မြင်ကွင်းတစ်ခုကို ကြိုဆိုရလိမ့်မည်။ အရာအားလုံးသည် အတူတူပင် ဖြစ်နေဦးမည် သို့သော် ကွဲပြားခြားနားသွားလိမ့်မည်။

အဲ့ဒီလူတုံးက တကယ် အချိန်ကိုက် ရောက်လာတာပဲ။

ကျန်းပေရန်သည် ကောင်းကင်ကို မော့ကြည့်ရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ လျန်တိုင်းပြည်အတွက် ဒုက္ခအနည်းငယ် ဖြစ်စေရန်မှာ သူ၏ အစီအစဉ်ထဲတွင် ထည့်သွင်းထားပြီးသား ဖြစ်သည်။ သို့သော် အသုံးမကျသူ တစ်ဦး ရုတ်တရက် ရောက်ရှိလာမှုကြောင့် လျန်တိုင်းပြည်ရှိ အင်အားစုများက ရှန့်တိုင်းပြည်၏ နန်းတွင်းသည် သူတို့၏ ထိန်းချုပ်မှုအောက်သို့ တစ်ဖန် ပြန်ရောက်သွားပြီဟု ထင်ကြလိမ့်မည်။ အချိန်ကာလ တိုအတွင်းမှာတော့ သူတို့ နောက်တစ်ကြိမ် ဒုက္ခပေးရန် လာကြတော့မည် မဟုတ်ပေ။

နန်းတော် အတွင်း….

"အား နာတယ် နာတယ် အစ်မကြီး ဖြည်းဖြည်းလုပ်ပါ နာလိုက်တာ။ တကယ် ပြဲသွားသလိုပဲ"

"အား…အား.. အစ်မကြီး ကျွန်မ ဘာအမှား လုပ်မိလို့လဲ အီးဟီးဟီး အရှင်မင်းကြီး ကယ်တော်မူပါ"

"မင်းမှာ ဧကရာဇ်ကို ခေါ်ရဲသေးတဲ့ မျက်နှာ ရှိသေးတယ်။ ဒီနေ့ မင်းကို ငါ ဘယ်လို အပြစ်ပေးမလဲ ကြည့်"

...

ဘုန်းခနဲ အသံနှင့်အတူ နန်းတွင်းစာကြည့်ခန်း၏ တံခါးက တွန်းဖွင့်ခံလိုက်ရသည်။ ကျန်းပေရန်သည် မုယောင်က ခုံချန်ချန်၏ ပါးစပ်ကို မညှာမတာ ဆွဲနေသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ဧကရာဇ်၏ မပျော်ရွှင်သော မျက်နှာအမူအရာကို မြင်သောအခါ မုယောင်သည် ခုံချန်ချန်ကို ချက်ချင်း လွှတ်ပေးလိုက်ပြီး ဦးညွှတ်လိုက်သည်။

"အရှင်မင်းကြီး"

ခုံချန်ချန်က မတရားခံရသော အမူအရာဖြင့် ကျန်းပေရန်ဆီသို့ ပြေးလာရင်း အော်ငိုသည်။

"အဟင့် အဟင့် အရှင်မင်းကြီး နောက်ဆုံးတော့ ရောက်လာပြီ အစ်မကြီးက သူက..."

ကျန်းပေရန်က ခုံချန်ချန်ကို ကြည့်ရင်း ခက်ထန်စွာ ပြောလိုက်သည်။

"မင်းက ပိုပိုပြီး စည်းမရှိ ဖြစ်လာတယ်။ တင်ပါးကို အချက်ငါးဆယ် သွားရိုက်ခံ"

ခုံချန်ချန်က ဆိုသည်။

"ကျွန်မ မဟုတ်ဘူး... အစ်မကြီးပါ သူက..."

ကျန်းပေရန်က ခုံချန်ချန်ကို စိုက်ကြည့်ရင်း ပြောသည်။

"ငါကိုယ်တော် ဒုတိယအကြိမ် ပြောဖို့ လိုအပ်လို့လား"

"အိ…... ကျွန်မ အမိန့်ကို လက်ခံပါတယ်"

စကားပြောပြီးနောက် ခုံချန်ချန်သည် ခေါင်းငုံ့ကာ အပြင်သို့ ထွက်သွားသည်။ ခုံချန်ချန် ထွက်သွားပြီးနောက် ကျန်းပေရန်က တံခါးကို ပိတ်လိုက်ပြီး မုယောင်ကို ကြည့်လိုက်သည်။

"မင်း ချန်ချန်ကို ပြောလိုက်တာလား"

မုယောင်၏ ခေါင်းက ချားရဟတ်စည်တီးဝိုင်းလို ချက်ချင်း ခါရမ်းသွားသည်။

"မဟုတ်ဘူး မဟုတ်ဘူး ကျွန်မ သိသွားပြီ ဆိုတာကို သူ့ကို မပြောပြပါဘူး"

"မင်းက ဒီလို ရုတ်တရက်ကြီး လုပ်လိုက်တော့ မင်း သိသွားပြီဆိုတာကို သူ့ကို အခြေခံအားဖြင့် ပြောပြလိုက်တာနဲ့ မတူဘူးလား"

ထိုသို့ ကြားပြီးနောက် မုယောင်က ခေါင်းထပ်ခါလိုက်ပြီး ရှင်းပြသည်။

"အရှင်မင်းကြီး စိတ်ချပါ။ ချန်ချန်ရဲ့ ဦးနှောက်နဲ့ဆို သူမ ဒါကို သေချာပေါက် တွေးမိမှာ မဟုတ်ပါဘူး"

ဒါလည်း ဟုတ်တာပဲ...

သူ မုယောင်၏ စကားကို စိတ်ထဲမှ သဘောတူသော်လည်း ကျန်းပေရန်က မျက်နှာတွင် မျက်မှောင်ကြုတ်ထားဆဲ ဖြစ်ပြီး ပြောလိုက်သည်။

"မင်း သတိထားဖို့ လိုတုန်းပဲ မင်း လျှို့ဝှက်ချက် မထိန်းနိုင်ဘူးဆိုတာ ငါကိုယ်တော် သိသွားရင် ငါကိုယ်တော်ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

မုယောင်က ခေါင်းငုံ့ထားရင်း ပြောသည်။

"ဟုတ်ကဲ့... ကျွန်မ နာခံပါတယ်"

သို့သော် ကျန်းပေရန် ကျောခိုင်းလိုက်သည်နှင့် သူမ ချက်ချင်း မျက်နှာမဲ့ ပြလိုက်သည်။ ကျန်းပေရန်က နဂါးပလ္လင် စားပွဲတွင် ထိုင်ချလိုက်ပြီး ပြောသည်။

"မင်းလည်း တင်ပါးကို အချက်တစ်ရာ သွားရိုက်ခံ"

"ကျွန်မ..."

သူမ ပြန်ပြောချင်သော်လည်း ဧကရာဇ်၏ အရှိန်အဝါကို ခံစားလိုက်ရသည်နှင့် မုယောင်သည် သူမ၏ အပြစ်ဒဏ်ကို လက်ခံရန် နာခံစွာ ထွက်သွားတော့သည်။

ကျန်းပေရန်က မော့ကြည့်ရင်း ခေါ်လိုက်သည်။

"ရှို့ကွေး"

တံခါးဝတွင် စောင့်ဆိုင်းနေသော ဝမ်ရှို့ကွေးက ချက်ချင်း ဝင်လာပြီး ဦးညွှတ်လိုက်သည်။

"ကျွန်တော်မျိုး ရှိပါတယ်"

"သွားပြီး တိန့်ရှန်းဟန်ကို ဒီကို ခေါ်ခဲ့"

"အမိန့်တော်အတိုင်းပါ" ဝမ်ရှို့ကွေးက စကားပြောပြီးနောက် အနီးရှိ ငြိမ်သက်တောက်ပ နန်းဆောင်သို့ ချက်ချင်း သွားလိုက်သည်။

ခဏအကြာတွင် တိန့်ရှန်းဟန်ကို ဝမ်ရှို့ကွေးက နန်းတွင်းစာကြည့်ခန်းထဲသို့ ဦးဆောင် ခေါ်သွင်းလာသည်။ ကျန်းပေရန်က ခေါင်းညိတ်ပြီး ဝမ်ရှို့ကွေးကို လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်း သွားနိုင်ပြီ"

"အမိန့်တော်အတိုင်းပါ"

ဦးညွှတ်ပြီးနောက် ဝမ်ရှို့ကွေးသည် အခန်းထဲမှ ချက်ချင်း နောက်ဆုတ် ထွက်သွားသည်။ နန်းတွင်းစာကြည့်ခန်း၏ တံခါး ပိတ်သွားသည်နှင့် ကျန်းပေရန်က တိုက်ရိုက် စကားစလိုက်သည်။

"မင်းရဲ့ အဖေ ပြန်မလာတော့ဘူး"

တိန့်ရှန်းဟန်၏ ပါးစပ်လေး အနည်းငယ် ပွင့်ဟသွားသည်။ သူမ၏ မျက်နှာအမူအရာက ပထမတွင် ငြိမ်သွားပြီးနောက် သူမ၏ မျက်နှာကို လက်ဖြင့် အုပ်ကာ တိုးတိုးလေး ရှိုက်ငိုလာသည်။ သူမ၏ ငိုသံက ပို၍ ပို၍ ကျယ်လောင်လာသည်။ သူမ၏ ဖခင် ပြန်မလာနိုင်တော့မှန်း သူမ သိသော်လည်း သူမ အမြဲတမ်း မျှော်လင့်ချက် သေးသေးလေးတစ်ခုကို ဆုပ်ကိုင်ထားခဲ့သည်။ ယခု သူမ၏ နောက်ဆုံး မျှော်လင့်ချက် ပျက်စီးသွားသောအခါ သူမ၏ အားအင်များကို ထောက်ပံ့ပေးထားသော ကြိုးမျှင်က နောက်ဆုံးတွင် လုံးဝ ပြတ်တောက်သွားသည်။ သို့သော် တိန့်ရှန်းဟန်၏ စိတ်ခံစားမှု ပေါက်ကွဲထွက်မှုက အချိန်တိုလေးသာ ကြာမြင့်ခဲ့သည်။ မကြာမီ သူမ မျက်ရည်များကို သုတ်လိုက်ပြီး ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်။

"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"

"ငါကိုယ်တော် မင်းရဲ့ အဖေကို မကယ်တင်ခဲ့ဘူး။ ဘာကို ကျေးဇူးတင်စရာ ရှိလို့လဲ"

"ကျွန်မကို ကူညီဖို့ ဆန္ဒရှိခဲ့တဲ့အတွက် အရှင်မင်းကြီးကို ကျွန်မ ကျေးဇူးတင်ပါတယ်"

စားပွဲရှေ့တွင် ဒူးထောက်နေသော တိန့်ရှန်းဟန်ကို ကြည့်ရင်း ကျန်းပေရန်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ပြောသည်။

"ဒါပေမယ့် ငါကိုယ်တော် မင်းနဲ့ မင်းရဲ့ မိခင်ကိုတော့ လုံခြုံမှု ရှိစေဖို့ အာမခံနိုင်တယ်။ ဒီနေ့ကစပြီး မင်းတို့ နန်းတော်ထဲမှာ စိတ်အေးလက်အေး နေထိုင်နိုင်ပါပြီ"

တိန့်ရှန်းဟန်က သူမ၏ ခေါင်းဖြင့် ကြမ်းပြင်ကို ဆောင့်ရင်း အော်လိုက်သည်။

"အရှင်မင်းကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်"

နောက်ထပ် ရှိုက်ငိုသံများ ကြားရသောအခါ ကျန်းပေရန် ဘာမှ ထပ်မပြောတော့ပေ။ သူ "လုယဲ့၏ အတ္ထုပ္ပတ္တိ" စာအုပ် တစ်အုပ်ကို ကောက်ယူပြီး စတင် ဖတ်ရှုလိုက်သည်။ တိန့်ရှန်းဟန် သတင်းကို သူမဘာသာသူ ဖြည်းဖြည်းချင်း ဖြေသိမ့်နိုင်စေရန် ထားလိုက်သည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးသော အချိန်အကြာတွင် ငိုရလွန်းသဖြင့် အားအင် မရှိတော့သော တိန့်ရှန်းဟန်က အနည်းငယ် အက်ကွဲနေသော အသံဖြင့် ပြောသည်။

"အရှင်မင်းကြီး ကျွန်မ ဒီအကြောင်းကို ကျွန်မ့ မိခင်နဲ့ ညီမလေးတွေကို ပြောပြလို့ ရနိုင်မလား"

ကျန်းပေရန်က လက်ဝှေ့ယမ်းပြရင်း ပြောသည်။

"အင်း သွား"

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

သူမ ထရပ်မည့် အပြုတွင် သူမ၏ ခြေထောက်များ အနည်းငယ် ထုံကျင်နေသည်ကို တွေ့ရှိရသဖြင့် သူမသည် အခန်းထဲမှ နောက်ဆုတ် ထွက်သွားစဉ် ခြေထောက်ကို တရွတ်တိုက်၍ သွားရုံသာ တတ်နိုင်တော့သည်။ တံခါးဖွင့်ပြီး လမ်းလျှောက် ထွက်လာသော တိန့်ရှန်းဟန်သည် တင်ပါးရိုက်ခံရာမှ ယခုလေးတင် ပြန်လာသော အတွဲနှင့် ပက်ပက်စက်စက် တိုးမိသည်။ မုယောင်နှင့် ခုံချန်ချန်ကို အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် တိန့်ရှန်းဟန်သည် ငြိမ်သက်နှလုံးသား နန်းဆောင်မှ တရွတ်တိုက်ဆွဲ၍ ဆက်လက် ထွက်ခွာသွားသည်။ တိန့်ရှန်းဟန် အဝေးသို့ လျှောက်လှမ်းသွားပြီးနောက် ခုံချန်ချန်က မုယောင်ကို တိုးတိုးလေး လှောင်ပြောင် ပြောလိုက်သည်။

"အစ်မကြီး အစ်မကြီး သူ့ကိုလည်း တင်ပါးရိုက်ခံရတယ်လို့ ထင်လား။ သူ့ ခြေထောက် တရွတ်တိုက်ဆွဲ လမ်းလျှောက်ပုံက ငါတို့ထက်တောင် ပိုပြီး ပုံကျသေးတယ်"

မျက်လုံးနီရဲရဲဖြင့် တရွတ်တိုက်ဆွဲကာ နန်းတွင်းစာကြည့်ခန်းထဲမှ ထွက်လာသော တိန့်ရှန်းဟန်ကို မြင်သောအခါ မုယောင်က တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိသော်လည်း ၎င်းက ဘာဖြစ်သည်ကို သူမ အတိအကျ မပြောနိုင် ဖြစ်နေသည်။ သူမ ဂိုဏ်းထဲတွင် ဤသို့သော မြင်ကွင်းမျိုးကို ယခင်က မြင်ဖူးသလို ခံစားနေရသည်။ အတန်ကြာ စဉ်းစားပြီးနောက် မုယောင်သည် သူမ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး တံခါးကို နှစ်ချက် ခေါက်ရန် လက်မြှောက်လိုက်သည်။

"ဝင်ခဲ့" ဟူသော အသံကို ကြားသောအခါ မုယောင်က တံခါးကို တွန်းဖွင့်ပြီး ခုံချန်ချန်နှင့်အတူ ဝင်လာခဲ့သည်။ မုယောင်နှင့် ခုံချန်ချန် ခြေထောက်ဆွဲ၍ ဝင်လာသည်ကို ကြည့်ရင်း ကျန်းပေရန်က လက်ယက် ခေါ်လိုက်သည်။

"မုယောင် ဒီကို လာခဲ့"

မုယောင် ဤသို့ ကြားသည်နှင့် ချက်ချင်းပင် ဟန်ဆောင်ခြင်းကိုပင် မလုပ်တော့ဘဲ အမြန် လျှောက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက လျှောက်လွှာများ ကိစ္စ ဖြစ်ရမည်ဟု သူမ သိသောကြောင့် ဖြစ်သည်။

"မင်း ပြန်ပြင်ထားတဲ့ လျှောက်လွှာတွေအားလုံးကို ငါကိုယ်တော် ဖတ်ပြီးပြီ။ ဘာလို့ အဲ့ဒီထဲက အများကြီးကို ကွက်လပ် ချန်ထားခဲ့တာလဲ"

မုယောင်က အလျင်အမြန် ပြန်ဖြေသည်။

"ဘာလို့လဲဆိုတော့ ကျွန်မ အဲ့ဒီ လျှောက်လွှာ အနည်းငယ်နဲ့ ပတ်သက်ပြီး နည်းနည်း မသေချာလို့ပါ အရှင်မင်းကြီးရဲ့ အမြင်ကို မေးမလို့ပါ"

"မင်းက တော်တော် သတိထားတတ်တာပဲ။ ဒီလိုဆိုရင် ငါကိုယ်တော် မင်းကို ရှင်းပြမယ်"

ထိုသို့ပြောရင်း ကျန်းပေရန်က မုယောင် မစစ်ဆေးရသေးသော လျှောက်လွှာ တစ်စောင်ကို ထုတ်ယူလိုက်ပြီး သူမကို စတင် ရှင်းပြတော့သည်။ လျှောက်လွှာများ ဆိုသည်မှာ ဗဟိုအစိုးရ၏ အဓိက အတိုင်းအတာများထဲမှ တစ်ခုဟု ဆိုနိုင်သည်။ ဒေသဆိုင်ရာ နိုင်ငံရေး စီးပွားရေး စစ်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များ ပုံမှန်ရော အရေးပေါ်ပါ အားလုံး အစီရင်ခံရန် လိုအပ်သည်။ အစီရင်ခံထားသော အကြောင်းအရာကို ဖတ်ရှုပြီးနောက် ဧကရာဇ်က ပြန်ကြားချက် ပေးရသည်။

အကယ်၍ ၎င်းက ပိုမို ပုံမှန်ကျသော အစီရင်ခံစာ ဖြစ်ပါက သူ တံဆိပ်တုံး ရိုက်နှိပ်လိုက်ရုံ သို့မဟုတ် "ဖတ်ပြီး" ဟု ရေးလိုက်ရုံပင်။ သူ စိတ်ခံစားချက် ကောင်းနေပါက "ကောင်း" ဟူသော စကားလုံးကိုပင် ရေးချင် ရေးလိုက်မည်။ သို့သော် ၎င်းက အရေးပေါ် ကိစ္စ သို့မဟုတ် အဖြစ်အပျက်တစ်ခု ဖြစ်လျှင် သို့မဟုတ် ညွှန်ကြားချက်များ လိုအပ်သော အရာတစ်ခု ဖြစ်လျှင် သူ သူ၏ အမြင်များ အကြံဉာဏ်များနှင့် ဖြေရှင်းနည်းများကို ပေးရသည်။

လျှောက်လွှာ ရေးဆွဲသူသည် အရည်အချင်းရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု သူ ခံစားရပါက သူ့ကို နန်းတော်သို့ ဆင့်ခေါ်၍ ဆွေးနွေးမှု ပြုလုပ်နိုင်သည်။ ကျန်းပေရန်က ပျံသန်းနိုင်သောကြောင့် စိတ်ဝင်စားစရာ လျှောက်လွှာ တစ်စောင်ကို တွေ့သည့်အခါတိုင်း သူက ၎င်းကို ရေးသားသော အရာရှိနှင့် တွေ့ဆုံရန် သူ၏ ကောင်းကင်တိမ်တိုက်ကို စီး၍ တိုက်ရိုက် သွားတွေ့သည်။

ကျန်းပေရန် မုယောင်ကို လျှောက်လွှာများ စစ်ဆေးခြင်း၏ ကျွမ်းကျင်မှုများကို သင်ကြားပေးနေစဉ် စိတ်နှလုံးပြန်ဂိုဏ်း၏ ရေမှန်ခန်းမ အတွင်း၌ လျိုဇီဂျင်းနှင့် သူမ၏ အဖွဲ့သည် ဆေးဖက်ဝင် ရေချိုးခြင်း ပြီးဆုံးပြီးနောက် သစ်ခွရေစင်အဆောင်၏ ပင်မ ခန်းမဆောင်သို့ ရောက်ရှိလာကြသည်။ ခန်းမသခင်ကို ကျေးဇူးတင်စကား ပြောပြီးနောက် သူတို့ ငါးဦးစလုံးသည် ယခင်တစ်ခေါက်ကကဲ့သို့ သူတို့၏ အကိုကြီး ရုတ်တရက် ထွက်လာသည်ကို တွေ့မြင်လိုသော မျှော်လင့်ချက်ဖြင့် ပတ်ပတ်လည်ကို ခိုးကြောင်ခိုးဝှက် ကြည့်နေကြသည်။ ယွီမန်ဝင်းက သူတို့ကို စိုက်ကြည့်ရင်း ပြောသည်။

"ကြည့်မနေကြနဲ့။ အနားယူဖို့ အမြန် ပြန်ကြ။ မနက်ဖြန် မင်းတို့ လှုပ်ရှားမှု အသစ်တွေ လေ့ကျင့်ရဦးမယ်"

သူတို့ ငါးဦးစလုံး တစ်ပြိုင်နက် ပြန်ဖြေကြသည်။

"ဟုတ်ကဲ့"

သူတို့သည် စောင့်ရှောက်သူနှင့် ခန်းမသခင်ကို လက်အုပ်ချီ အရိုအသေပြုပြီးနောက် နောက်ဆုတ် ထွက်ခွာသွားကြသည်။ ရွှေကြာပန်း ငါးပွင့် ထွက်ခွာသွားသည်နှင့် တည့်မတ်စွာ ထိုင်နေခဲ့သော ရှီဖုန်းလန်သည် ချက်ချင်း "ပိန်ကျုံ့" သွားသကဲ့သို့ ပျော့ခွေ ကျသွားသည်။ သူမ နှုတ်ခမ်းစူကာ ပြောသည်။

"ဘာလို့ ပေရန်လေး ဒီနေ့ မလာတာလဲ။ သူ ပြီးခဲ့တဲ့ တစ်ခေါက်က ငါနဲ့ ရက်အနည်းငယ်လောက် ပိုကစားမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာ မဟုတ်လား လိမ်ညာသူကြီး"

"သူ အခု ဖြေရှင်းစရာတွေ အများကြီး ရှိနေတယ်။ ဂိုဏ်းချုပ်က 'ယပ်တောင်ဖြူ' နဲ့ 'လက်ဝဲအမတ်ချုပ်' ကို ရက်အနည်းငယ် မတိုင်ခင်က ဆင့်ခေါ်တာကို ငါ တွေ့လိုက်တယ်။ ဒါက ကျန်းပေရန် အတွက် ဖြစ်နိုင်တယ်။ မင်း သိသင့်တယ် အဓိက အဖြစ်အပျက် မဟုတ်ဘူးဆိုရင် ဂိုဏ်းချုပ်က ပုံမှန်အားဖြင့် သူတို့အားလုံးကို တစ်စုတစ်စည်းတည်း ပြန်ဆင့်ခေါ်မှာ မဟုတ်ဘူး"

(ပန်ကာဖြူလို့ အရင်အပိုင်းမှာရေးမိတာကို ပြန်ပြင်ထားပါတယ်)

"ဝူး"

ရှီဖုန်းလန်က သက်ပြင်းချလိုက်ပြီး သူမ၏ မေးစေ့ကို လက်ဖြင့် ထောက်ထားလိုက်သည်။

"ဘယ်လို အဓိက အဖြစ်အပျက်များ ရှိနိုင်လို့လဲ..."

စကားပြောပြီးနောက် ရှီဖုန်းလန်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။ သူမ ယွီမန်ဝင်းကို ပြောလိုက်သည်။

"ငါ အပြင် ခဏ သွားလိုက်ဦးမယ် မနက်ဖြန် ပြန်လာခဲ့မယ်။ မန်ဝင်း နင် ဒီမှာ အခြေအနေ ကြည့်ထားလိုက်"

"ဟေး"

လေကဲ့သို့ ပျောက်ကွယ်သွားသော ရှီဖုန်းလန်ကို ကြည့်ရင်း ယွီမန်ဝင်း လုံးဝ ကြောင်အသွားသည်။

ဘာလို့ သူမကလည်း အဲ့ဒီလူလိုပဲ ဒီလောက် လျင်မြန် ပေါ့ပါး လာရတာလဲ။

တည်းခိုဆောင်များဆီသို့ သွားသော လမ်းတွင် လျိုဇီဂျင်းက အကြောဆန့်ရင်း ပြောသည်။

"မင်းတို့အားလုံး ဒီရက်ပိုင်းတွေမှာ ဆေးဖက်ဝင် ရေချိုးတာက ပိုပြီး သက်တောင့်သက်သာ ရှိလာတယ်လို့ ခံစားမိကြလား။ ပြီးတော့ ငါတို့ရဲ့ စွမ်းအားက အရင်ကထက် ပိုတိုးလာသလိုပဲ"

ယွီညီအမ သုံးဦးက ချက်ချင်းပင် တစ်ပြိုင်နက် ခေါင်းညိတ်ကြသည်။

"ငါလည်း ဒါကို ပြောချင်နေတာ။ ဒီရက်ပိုင်း ရေချိုးပြီးရင် ငါ့တစ်ကိုယ်လုံး ကျင်နေသလို ခံစားရတယ် ဆေးဖက်ဝင် စွမ်းအားတွေအားလုံး ငါ့ထဲ စိမ့်ဝင်သွားသလိုပဲ"

"ငါ မနေ့က ရေချိုးပြီးတော့ ကျင့်စဉ် အဆင့်တက်တော့မလိုတောင် ခံစားလိုက်ရတယ်။ ဆေးဖက်ဝင် ရေချိုးနေတုန်း ဝိညာဉ်စွမ်းအင်တွေက ငါ့ကိုယ်ထဲကို တိုးဝင်နေတုန်းပဲ"

"ငါလည်း အတူတူပဲ အတူတူပဲ"

သူတို့ သုံးဦး အပြင်းအထန် သဘောတူညီနေကြသည်ကို မြင်သောအခါ ဖန်းချိုးယောင်ကလည်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော် သူမ မကြာမီ ထူးဆန်းသလို ခံစားလာရသည်။

"ဘာလို့ အာနိသင် ကွာခြားမှုက ဒီလောက် ကြီးမားနေရတာလဲ။ ငါ စစ်ဆေးပြီးပြီ ရေချိုးစည်ထဲက ဆေးပင်တွေက လုံးဝ မပြောင်းလဲဘူး။ တစ်ခုတည်းသော ကွာခြားချက်က... သူတို့အားလုံးကို အခု အိတ်တစ်လုံးထဲမှာ ထည့်ထားတာပဲ"

ယွီညီအမ သုံးဦးက တစ်ချိန်တည်းတွင် အံ့ဩတကြီး ပြောလိုက်သည်။

"ဝိုး အစ်မချိုးယောင် ရှင်က ဒါကို သတိထားမိလောက်အောင် တော်တော် အကဲခတ် စူးစမ်းတာပဲ"

"ဒါ ဘာမှ မဟုတ်ပါဘူး ငါက ဆေးပင်တွေရဲ့ ပါဝင်ပစ္စည်းတွေကို နားလည်ချင်ရုံ သက်သက်ပါ ဒါမှ ငါ ခန်းမသခင်ကို ဘယ်လောက် ကြီးမားတဲ့ ကျေးဇူးကြွေး တင်နေလဲ ဆိုတာ သိနိုင်မှာ"

"အိုး" ညီအမ သုံးဦးက တစ်ချိန်တည်းတွင် ခေါင်းညိတ်ကြသည်။

" ငါတို့ ဒါကို လုံးဝ မတွေးမိခဲ့ဘူး"

စိတ်လှုပ်ရှားစွာ သက်ပြင်းချပြီးနောက် တစ်ပုံစံတည်း ဖြစ်သော မျက်နှာ သုံးခုက ဖန်းချိုးယောင်ထံသို့ တစ်ချိန်တည်းတွင် တိုးကပ်လာပြီး သူတို့၏ မျက်လုံးများက ပြူးကျယ်နေသည်။

"ဒါဆို ဆေးဖက်ဝင် ရေချိုးခြင်းရဲ့ အာနိသင်က ဘာလို့ ပိုကောင်းလာတယ်လို့ ထင်လဲ"

တောက်ပနေသော မျက်လုံးကြီး သုံးစုံကို ကြည့်ရင်း ဖန်းချိုးယောင်က နက်နက်နဲနဲ စဉ်းစားနေမိသည်။ ဤအခိုက်အတန့်တွင် ဘေးတွင် ရပ်နေသော လျိုဇီဂျင်းက စကားပြောလာသည်။

"ငါ့မှာ ခန့်မှန်းချက်တစ်ခု ရှိတယ်..."

"ဘာလဲ ဘာလဲ"

ယွီညီအမ သုံးဦးက တစ်ပြိုင်နက် လျိုဇီဂျင်း၏ ပတ်လည်တွင် စုရုံးလိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။

"ငါ့ရဲ့ ကိုယ်ပိုင် ခံစားချက်အရ... အဲ့ဒီနေ့က သစ်ခွရေစင်အဆောင်မှာ အကိုကြီးကို တွေ့ပြီးကတည်းက နောက်တစ်နေ့မှာပဲ ဆေးဖက်ဝင် ရေချိုးကန်ထဲက ဆေးပင်တွေကို အိတ်ထဲ ထည့်လိုက်တယ်။ မင်းတို့ ထင်လား ဒါက..."

"ဝါး……..အိုး" ယွီညီအမ သုံးဦးက သူတို့၏ ခေါင်းများကို ချဲ့ကားစွာ လှည့်လိုက်ကြသည်။

"အစ်မဇီဂျင်း ရှင်က ပိုပြီးတောင် အကဲခတ် စူးစမ်းသေးတယ်။ အခု ရှင် ပြောမှပဲ ဒါက တကယ် ဟုတ်နေသလိုပဲ"

ဖန်းချိုးယောင်ကလည်း ခေါင်းညိတ်သည်။

"ဟုတ်တယ် ဒါ မှန်တယ်။ ငါတို့ အကိုကြီးကို တွေ့ပြီး နောက်နေ့မှာပဲ ဆေးဖက်ဝင် ရေချိုးကန်ထဲက ဆေးပင်တွေ ပြောင်းသွားတာ"

ဖန်းချိုးယောင် စကားဆုံးသောအခါ သူမ အမြဲတမ်း သူ၏ ဝတ်ရုံထဲတွင် တန်ဖိုးထားစွာ သိမ်းဆည်းထားသော အကိုကြီးထံမှ စိတ်ကြည်လင်ဆေးလုံးကို စဉ်းစားမိသွားသည်။ သူမ၏ အကိုကြီးတွင် ဤသို့သော စွမ်းရည် ရှိသည်မှာ သေချာသည်။ တစ်ခဏမျှ သူတို့ ငါးဦးစလုံး ရုတ်တရက် ကြည်နူး ချမ်းမြေ့သွားကြသည်။ ယွီညီအမ သုံးဦးက ခုန်ပေါက်ရင်း ပြောလိုက်သည်။

"ဒါဆို အကိုကြီးက ငါတို့ကို လျှို့ဝှက်ပြီး ဂရုစိုက်နေတာပေါ့"

"ဟုတ်တယ် ငါ ရုတ်တရက်ကြီး အရမ်း အားတက်သွားသလို ခံစားရတယ်။ မနက်ဖြန် ငါ လေ့ကျင့်ချိန် တစ်နာရီ ပိုတိုးတော့မယ်"

"ငါလည်း အတူတူပဲ အတူတူပဲ"

သူတို့ သုံးဦး ပျော်ရွှင်စွာ ခုန်ပေါက်နေသည်ကို ကြည့်ရင်း လျိုဇီဂျင်းက ပြုံးလိုက်သည်။

"ဒါက ခန့်မှန်းချက်တစ်ခု သက်သက်ပါ။ ဒါက အမှန်တကယ် ဟုတ်ချင်မှ ဟုတ်မှာပါ"

သို့သော် ယွီညီအမ သုံးဦးက ၎င်းသည် အမှန်တရား ဖြစ်ကြောင်း ယုံကြည်သွားကြပြီး လက်ချင်း ချိတ်ကာ စက်ဝိုင်းပုံ လှည့်ပတ်ရင်း နားမလည်နိုင်အောင် စိတ်လှုပ်ရှားနေကြသည်။

ဖန်းချိုးယောင်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမသည် လက်တစ်ဖက်ကို ဝတ်ရုံထဲ ထည့်ထားရင်း ပျော်ရွှင်စွာ ပြုံးနေသည်။ ရှင်းလင်းစွာပင် သူမသည် သူ၏ ခန့်မှန်းချက်ကို အမှန်တရားအဖြစ် လက်ခံလိုက်ပြီ ဖြစ်သည်။

"ဟူး"

သက်ပြင်းချပြီး ခေါင်းခါလိုက်ရင်း လျိုဇီဂျင်း၏ စိတ်ခံစားချက်က အတော်လေး ရှုပ်ထွေးနေသည်။ သူမ ငယ်စဉ်ကတည်းက သူမကို မျက်နှာချိုသွေးသူများက မြစ်ထဲမှ ငါးများကဲ့သို့ များပြားလှသော်လည်း တစ်စုံတစ်ယောက်က သူမကို လျှို့ဝှက်စွာ ဂရုစိုက်ပြီး မပြောပြဘဲ နေခြင်းကို ပထမဆုံး အကြိမ် တွေ့ကြုံခံစားဖူးခြင်း ဖြစ်သည်။

အကိုကြီးက ငါတို့ကို ဂရုစိုက်တာလား ဂရုမစိုက်တာလား...

တစ်ခဏမျှ လျိုဇီဂျင်းသည် အကျပ်အတည်းတစ်ခုတွင် ပိတ်မိနေသည်။ သူမသည် အကိုကြီးက သူတို့ကို ဂရုစိုက်စေချင်သလို တစ်ချိန်တည်းမှာပင် သူက သူမကို အနည်းငယ် ပို၍ မထီမဲ့မြင် ပြုစေချင်သည်။ သူမကို အနည်းငယ် ဆူပူ ကြိမ်းမောင်းလျှင် ပို၍ပင် ကောင်းဦးမည်။

ရွေးချယ်ရတာ တကယ် ခက်ခဲတာပဲ...

ခဏအကြာ သူတို့၏ အောင်ပွဲခံမှု အပြီးတွင် ယွီညီအမ သုံးဦးစလုံးက သူတို့၏ လက်များကို ဆန့်တန်းကာ တစ်ယောက်ကိုတစ်ယောက် အားပေးရန် ထပ်ထားလိုက်ကြသည်။

"အကိုကြီးက ငါတို့ကို ဒီလိုမျိုး ကူညီပေးနေမှတော့ ဒါက သူက ငါတို့ အကိုကြီးဝူကို အနိုင်တိုက်မယ့် နေ့ကို မျှော်လင့်နေတယ်ဆိုတဲ့ သဘောပဲ"

"ဟုတ်တယ် အကိုကြီးဝူကို အနိုင်တိုက်မယ်"

"အကိုကြီးဝူကို အနိုင်တိုက်မယ် အိုး"

ထိုအခိုက်အတန့်တွင် ဖန်းချိုးယောင်ကလည်း သူမ၏ လက်ကို ယွီကွေ့မြောင်၏ လက်ပေါ်တွင် တင်လိုက်ပြီး လက်သီး ဆုပ်ကာ ပြောလိုက်သည်။

"အကိုကြီးဝူကို အနိုင်တိုက်မယ်"

သူမ စကားပြောပြီးနောက် မျက်လုံး လေးစုံက တစ်ပြိုင်နက် လျိုဇီဂျင်းဆီသို့ ကြည့်လိုက်ကြသည်။ လျိုဇီဂျင်းက ပထမတွင် ရယ်မောလိုက်ပြီးနောက် သူမ၏ လက်ကို ဖန်းချိုးယောင်၏ လက်ပေါ်တွင် တင်ကာ အော်လိုက်သည်။

"အကိုကြီးဝူကို အနိုင်တိုက်မယ်"

"အိုး အိုး အိုး"

သူတို့ ငါးဦးစလုံး အော်ဟစ် အားတက်နေကြပြီး ယုံကြည်မှု အပြည့်ဖြင့် နောက်သို့ ဆက်လျှောက်လာကြသည်။ သူတို့ တည်းခိုဆောင်သို့ မရောက်တရောက် အချိန်တွင် ဖန်းချိုးယောင်က ရုတ်တရက် ပြောလိုက်သည်။

"စကားမစပ် ငါ့အဖေ နှစ်ရက်နေရင် မြို့ကို လာမယ်။ ငါ သူ့ကို သွားတွေ့ရမယ် ဒါကြောင့် အဲ့ဒီနေ့အတွက် ခွင့်တိုင်ရလိမ့်မယ်"

လျိုဇီဂျင်းက အံ့ဩတကြီး ပြောလိုက်သည်။

"အယ်"

"ငါ့အဖေကလည်း နှစ်ရက်နေရင် မြို့ကို လာမယ်။ ငါ မနက်ဖြန်ကျမှ မင်းတို့ကို ပြောမလို့"

"အယ်"

"အယ်"

"အယ်"

ယွီညီအမ သုံးဦးကလည်း တစ်ချိန်တည်းတွင် အော်လိုက်ကြသည်။

"ဘာတိုက်ဆိုင်မှုကြီးလဲ ငါတို့ အဖေကလည်း နှစ်ရက်နေရင် မြို့ကို လာမယ်"

"ဟင်"

သူတို့ ငါးဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ အတန်ကြာပြီးမှ လျိုဇီဂျင်းက ပထမဆုံး မေးလိုက်သည်။

"နင်တို့ အဖေက ဒီတစ်ခေါက် မြို့ကို ဘာလာလုပ်တာလဲ"

ဖန်းချိုးယောင်က ပထမဆုံး ဖြေသည်။

"အဖေက ငါ့ကို လာတွေ့တာတဲ့ ပြီးတော့ လမ်းကြုံတုန်း အလုပ်ကိစ္စ နည်းနည်း ဖြေရှင်းစရာ ရှိလို့တဲ့"

ယွီညီအမ သုံးဦးက တစ်သံတည်း ပြောကြသည်။

"ငါတို့ အဖေကလည်း အတူတူပဲ ပြောတယ်"

လျိုဇီဂျင်းက ဆိုသည်။

"ငါ့အဖေလည်း..."

ထိုသို့ဖြင့် သူတို့ ငါးဦးစလုံး အတူတကွ ခေါင်းခါလိုက်ကြသည်။ ယောက်ျားတစ်ယောက်၏ ပါးစပ်သည် လိမ်ညာလှည့်ဖြားသော သရဲတစ်ကောင် ဖြစ်ပြီး သူတို့၏ ဖခင်များပင်လျှင် ခြွင်းချက် မဟုတ်ကြောင်း သူတို့၏ စိတ်နှလုံးထဲတွင် သက်ပြင်းချမိကြသည်။

အကိုကြီး တစ်ယောက်ပဲ တခြားသူတွေနဲ့ ကွဲပြားတယ်။

ထိုအခိုက်အတန့်တွင် သူတို့ ငါးဦးစလုံးသည် သူတို့၏ ဖခင်များက အဓိက အလုပ်ကိစ္စတစ်ခုကို ကိုင်တွယ်ရန် သေချာပေါက် လာခြင်း ဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့ကို လာတွေ့ခြင်းက နောက်ဆက်တွဲ ကိစ္စတစ်ခုသာ ဖြစ်သည်။

လျိုဇီဂျင်းက မေးသည်။

"မင်းတို့လည်း ဒါက ဘာကိစ္စလဲဆိုတာ မသိဘူးလား"

ယွီညီအမ သုံးဦးက တစ်ချိန်တည်းတွင် ခေါင်းညိတ်ကြသည်။

"မသိဘူး အဖေက သူ့စာထဲမှာ မပြောထားဘူး"

ဖန်းချိုးယောင်က မျက်မှောင်ကြုတ် စဉ်းစားရင်း ပြောသည်။

"ထူးဆန်းတယ်... ငါတို့ အဖေတွေအားလုံးကို မြို့ကို အတူတူ လာစေမယ့် ဘယ်လို အလုပ်ကိစ္စမျိုးလဲ"

"ငါတို့ အဲ့ဒီအခါကျမှ သူတို့ကို မေးကြည့်ရင် သိမှာပေါ့"

"ဒါလည်း ဟုတ်တာပဲ။ ဒါဆို နှစ်ရက်နေရင် တောင်အောက်ကို အတူတူ ဆင်းကြတာပေါ့"

"အိုကေ အိုကေ"

"ဒါဆို မနက်ဖြန် စောင့်ရှောက်သူယွီဆီကို အတူတူ ခွင့်သွားတိုင်ကြမယ်။ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ငါတို့ ရှာတွေ့နိုင်လောက်တယ်"

"ဒါ သဘာဝကျတယ်။ စောင့်ရှောက်သူယွီက အမြဲတမ်း အရာတော်တော်များများ သိတယ်။ ငါတို့ သူ့ကို မေးရင် အကြောင်းရင်းကို သေချာပေါက် သိရမှာပဲ"

All Chapters