← Chapters

မင်းလိုမျိုး ထောင်ချောက်ကြီးနဲ့မှ လာတွေ့ရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲကွာ

Vol. 17 Ch. 236

မင်းလိုမျိုး ထောင်ချောက်ကြီးနဲ့မှ လာတွေ့ရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲကွာ

Vol. 17 Ch. 236

နန်းတွင်းစာကြည့်ခန်းထဲတွင် စံပယ်ပန်းများက သူတို့၏ လတ်ဆတ်၊ တင့်တယ်၊ သိမ်မွေ့ပြီး အေးချမ်းသော ရနံ့ကို ထုတ်လွှတ်နေသည်။ ထိုရနံ့သည် စူးရှပြီး အီလည်လည်နိုင်သော ချိုမြိန်မှုမျိုး လုံးဝကင်းစင်နေ၏။

"ပန်းတစ်ပွင့်က တစ်ခန်းလုံးကို မွှေးစေနိုင်တယ်" ဆိုတဲ့ စကားအတိုင်းပင် ဖြစ်သည်။

အထူးသဖြင့် ဒီလို မယုံနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်မှာ ကျန်းပေရန်သည် စံပယ်ပန်း၏ သန့်စင်သောရနံ့ကို ရှင်းရှင်းလင်းလင်း အနံ့ရနေသည်။

သို့သော် သားရဲအရေခွံဝတ်ရုံနှင့် လူငယ်လေးမှာမူ ထိုသို့ ခံစားနိုင်သည့် အခြေအနေတွင် မရှိပေ။

ယခုလက်ရှိတွင် သူသည် အသက်ရှူကျပ်၍ သေတော့မည်ဟုသာ ခံစားနေရသည်။ ပန်းရနံ့ခံစားဖို့ သူ့မှာ ဘယ်လို စိတ်ဝင်စားမှုမျိုး ရှိနိုင်ပါ့မလဲ။

လူငယ်၏ အသက်ရှူသံများ ပို၍ ပယမ်းတခတ်ဖြစ်လာသည်ကို ခံစားမိသောအခါ ကျန်းပေရန်က စကားစလိုက်သည်။

"မင်း စဉ်းစားလို့ မပြီးသေးဘူးမလား။ ရပါတယ်။ ငါကိုယ်တော်တို့ တခြားအကြောင်းတွေ အရင် စကားပြောကြတာပေါ့။"

သားရဲအရေခွံဝတ်ရုံနှင့် လူငယ်က ချက်ချင်း ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး ကြိုက်သလို မေးမြန်းတော်မူပါ။ ကျွန်တော်မျိုး သိသမျှ အကုန်ပြောပါ့မယ် ဘာတစ်ခုမှ မချန်ထားဘဲ ဖြေကြားပါ့မယ်။"

ကျန်းပေရန်က ဆက်မေးသည်။

"အရင်ဆုံး ငါကိုယ်တော်ကို ပြောစမ်း ဒီစာကြည့်ခန်းထဲကို မင်း ဘယ်လိုခိုးဝင်လာတာလဲ။"

လူငယ်က လျှောက်တင်သည်။

"အရှင်မင်းကြီးကို လျှောက်တင်ရရင် အရင်က တိန့်ဘို နန်းစံတုန်းက ကျွန်တော်မျိုးက လျန်တိုင်းပြည်အတွက် သတင်းတွေ ပို့ပေးခဲ့ရပါတယ်။ ဒါကြောင့် နန်းတော်ထဲက နှစ်ဆယ့်ရှစ်နက္ခတ် သရဲချည်နှောင်ခြင်း အစီအရင်အကြောင်းကို ကျွန်တော်မျိုးက ကောင်းကောင်း ရင်းနှီးနေပါတယ်။ ဒါကြောင့်ပဲ အသံတစ်စက်မှမထွက်ဘဲ ဝင်လာနိုင်ခဲ့တာပါ။"

"ဟိုး"

ထိုသို့ကြားပြီးနောက် ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘေးတွင်ထိုင်ရင်း သူမ၏ ပခုံးကို ဆေးထည့်နေသော မုယောင်အား ရုတ်တရက် ကြည့်လိုက်ပြီး မေးလိုက်သည်။

"မင်းရဲ့ ဒဏ်ရာ ဘယ်လိုနေသေးလဲ"

မုယောင်သည် ယခုအချိန်ထိ အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေဆဲ ဖြစ်သည်။ ကျန်းပေရန်က သူမကို စကားလှမ်းပြောလိုက်သောအခါ သူမသည် အတန်ကြာ ကြောင်အသွားပြီးမှ ပြန်ဖြေလိုက်သည်။

"ဒါ... ဒဏ်ရာ နည်းနည်းလေးပါပဲ အများကြီး သက်သာသွားပါပြီ"

ကျန်းပေရန်က ဆက်ပြောသည်။

"ဒါဆိုရင် ငါတို့ ဧည့်သည်တော်အတွက် လက်ဖက်ရည်တစ်ခွက် အမြန်သွားဖျော်လိုက်လေ"

ဒီစကားကို ကြားပြီးနောက် မုယောင်၏ ဦးနှောက်သည် နောက်ထပ် စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားပြန်သည်။

သူမ သတိပြန်ဝင်လာသောအခါ စိတ်ထဲမှ အားရပါးရ ကျိန်ဆဲလိုက်သည်။

လောဘကြီးတဲ့ မြေရှင်ကတောင် မင်းထက် လူသားဆန်ဦးမယ်

သို့သော် စိတ်ထဲမှ ကျိန်ဆဲပြီးနောက်တွင် မုယောင်သည် ရုတ်တရက် စိတ်ထဲတွင် အများကြီး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

ဧကရာဇ်က အရင် ဧကရာဇ် ပုံစံအတိုင်းပါပဲ။

သူမ ထလိုက်ပြီး ဘေးနားသို့သွားကာ လက်ဖက်ရည် နှစ်ခွက် ဖျော်လိုက်သည်။

သူမသည် ပထမတစ်ခွက်ကို ဧကရာဇ်အား ဆက်သလိုက်ပြီး နောက်တစ်ခွက်ကို သားရဲအရေခွံဝတ်ရုံနှင့် လူငယ်အား ကမ်းပေးလိုက်သည်။

သားရဲအရေခွံဝတ်ရုံနှင့် လူငယ်က ခွက်ကို လှမ်းယူရင်း ခေါင်းညိတ် ပြောလိုက်သည်။

"ကျေးဇူးပါပဲ"

"ဟူး"

လက်ဖက်ရည်ခွက်မှ ရေနွေးငွေ့ပူပူကို မှုတ်ထုတ်ရင်း ကျန်းပေရန်က တစ်ငုံသောက်လိုက်သည်။ ထို့နောက် သားရဲအရေခွံဝတ်ရုံနှင့် လူငယ်ကို မော့ကြည့်ကာ ပြောလိုက်သည်။

"ငါကိုယ်တော် အဲ့ဒီအဖြေကို သိပ်မကျေနပ်ဘူး။ ပိုပြီး အသေးစိတ်ကျတဲ့ အဖြေတစ်ခု ပေးစမ်း။ မင်း ဆက်ပြီး ကောင်းကောင်းမဖြေနိုင်ဘူးဆိုရင် ငါကိုယ်တော် မင်းရဲ့ လက်တစ်ဖက်ကို အသုံးမကျအောင် လုပ်ပစ်မယ်"

ကျန်းပေရန်က ထိုစကားကို နူးညံ့သော အသံဖြင့် ပြောလိုက်သည်ကို ကြားသောအခါ သားရဲအရေခွံဝတ်ရုံနှင့် လူငယ်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး လက်ထဲမှ လက်ဖက်ရည်ခွက်ပင် လွတ်ကျမတတ် ဖြစ်သွားသည်။

လူငယ်၏ မျက်လုံးများက ပြတင်းပေါက်ဆီ ဝေ့ဝဲကြည့်နေသည်ကို မြင်သောအခါ ကျန်းပေရန်က ရယ်မောလိုက်ပြီး ပြောသည်။

"ကြည့်မနေနဲ့တော့။ မင်း ဒီနန်းတွင်းစာကြည့်ခန်းထဲ ခြေချလိုက်တဲ့အချိန်ကစပြီး 'မြေကမ္ဘာအစီအရင်' ကို အသက်သွင်းထားပြီးသား။ အခု အထဲနဲ့အပြင် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားပြီ။ ဘယ်သူမှ ဝင်လို့မရသလို၊ ဘယ်သူမှလည်း ထွက်လို့မရဘူး။ မင်း ငါကိုယ်တော်ကို မယုံဘူးဆိုရင်တော့ စမ်းကြည့်လို့ရတယ်။"

သားရဲအရေခွံဝတ်ရုံနှင့် လူငယ်က အလျင်အမြန် ပြန်ဖြေသည်။

"အရှင်မင်းကြီး အထင်လွဲနေပါပြီ။ ကျွန်တော်မျိုးမှာ ဒီလိုရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော်မျိုးက စဉ်းစားနေတဲ့အခါ လျှောက်ကြည့်တတ်တဲ့ အကျင့်ရှိလို့ပါပဲ။"

ကျန်းပေရန်က ပြောသည်။

"အိုး ဒီလိုကိုး ဒါဆိုရင် သေချာစဉ်းစားပေါ့။ မုယောင် ငါတို့ ဧည့်သည်တော်ကို ကျွေးဖို့ မုန့်နည်းနည်း သွားယူခဲ့။"

"အမိန့်တော်အတိုင်းပါပဲ။"

မုယောင်က ခေါင်းညိတ်လိုက်ပြီး စင်ပေါ်မှ ယိုစုံနှင့် မုန့်များကို ယူကာ သားရဲအရေခွံဝတ်ရုံနှင့် လူငယ်အား ကမ်းပေးလိုက်သည်။

ကျန်းပေရန်က ထပ်ပြောသည်။

"ကဲ စား စားပြီးမှ သေချာစဉ်းစား ငါကိုယ်တော် မလောပါဘူး"

မုယောင်ထံမှ မုန့်များကို လှမ်းယူလိုက်ရင်း သားရဲအရေခွံဝတ်ရုံနှင့် လူငယ်သည် ယခုအခါ ထွက်ပြေးရန် အတွေးကို လုံးဝ လက်လျှော့လိုက်ပြီ ဖြစ်သည်။

ဒီဧကရာဇ် မပြောခင်ကတည်းက သူ၏ ဝိညာဉ်အာရုံသည် ဒီအခန်းထဲမှ လုံးဝ ထွက်ခွာ၍ မရသည်ကို သူ သတိထားမိခဲ့သည်။

ယခုမှသာ ၎င်းသည် 'မြေကမ္ဘာအစီအရင်' ကြောင့် ပိတ်ဆို့နေမှန်း သူ သိလိုက်တော့သည်။

သူ ဒီအစီအရင်အကြောင်း အကြီးအကဲတစ်ဦး ပြောပြတာကို ကြားဖူးတယ်။ 'ကန်း' သည် ရှစ်လုံး ထဲမှ တစ်ခုဖြစ်ပြီး တောင်ကို ကိုယ်စားပြုကာ မာကျောခြင်းဟုလည်း အဓိပ္ပာယ်ရသည်။

ထိုအကြီးအကဲ၏ စကားအရ တောင်သည် အလွန်ထူးခြားသော အရာဖြစ်ပြီး စစ်မှန်သော ယန် လည်း ဖြစ်သလို အဆုံးစွန်သော ယင် ကိုလည်း ပိုင်ဆိုင်ထားသည်။

တောင်၏ မျက်နှာပြင်သည် ယန်စွမ်းအင် အလွန်ကြွယ်ဝသော်လည်း အတွင်းထဲရှိ ယင်စွမ်းအင်မှာလည်း လျော့နည်းခြင်း မရှိပေ။

ဒီလို အဆုံးစွန်တဲ့ ယင်နဲ့ စစ်မှန်တဲ့ ယန်တို့နဲ့ ဖွဲ့စည်းထားတဲ့ အစီအရင်က လုံးဝ အပြစ်အနာအဆာ ကင်းစင်တယ်လို့ ဆိုနိုင်ပြီး မည်သည့်နည်းလမ်းသုံး၍ ဖျက်ဆီးစေကာမူ အလွန် ခက်ခဲလှသည်။

ဒီလူ ဘယ်သူများလဲ။

ကောက်ကျစ်လှသော ယင်ကျန်းဟုန်က ဒီလို တိုင်းတာလို့မရအောင် အစွမ်းထက်သောသူကို ဧကရာဇ် ဖြစ်ခွင့်ပေးလိမ့်မည်ဟု သားရဲအရေခွံဝတ်ရုံနှင့် လူငယ်က သေတောင် မယုံနိုင်ပေ။

ထို့အပြင် ရှန့်တိုင်းပြည်တွင် ဧကရာဇ်အဖြစ် သာမန်လူများကိုသာ ထားရှိသည့် ရှည်လျားသော သမိုင်းရှိသည်။ သူတို့က ဒီအစဉ်အလာကို ရုတ်တရက် ဘယ်လိုလုပ် ချိုးဖောက်လိုက်နိုင်မည်နည်း။

ထို့ကြောင့် လူငယ်သည် သူ ယင်ကျန်းဟုန် ထောင်ထားသော ထောင်ချောက်ထဲသို့ လျှောက်ဝင်မိခြင်း ဖြစ်ရမည်ဟု ယုံကြည်နေဆဲဖြစ်ပြီး ကျန်းပေရန်၏ အစွမ်းကို အလွန်အမင်း သတိထားနေမိသည်။

သားရဲအရေခွံဝတ်ရုံနှင့် လူငယ် နက်နက်နဲနဲ စဉ်းစားနေသည်ကို ကြည့်ရင်း ကျန်းပေရန်သည် သူ၏ လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်သုံးနေပြီး နည်းနည်းလေးမှ အလျင်မလိုပေ။

သူသည် လူငယ်၏ အဖြေကို မကျေနပ်ရသည့် အကြောင်းရင်းမှာ တစ်ချက်က လူငယ်သည် နန်းတော်ထဲသို့ မည်သို့ ဝင်ရောက်လာသည်ကိုသာ ရှင်းပြပြီး ရှန့်တိုင်းပြည်ထဲသို့ မည်သို့ ဝင်ရောက်လာသည်ကို မရှင်းပြသောကြောင့် ဖြစ်သည်။

နောက်တစ်ချက်မှာ သူသည် ယခင် နှစ်ဆယ့်ရှစ်နက္ခတ် သရဲချည်နှောင်ခြင်း အစီအရင်နှင့် အမှန်တကယ် ရင်းနှီးနေလျှင်ပင် ကျန်းပေရန် မြှင့်တင်ထားသော အစီအရင်သည် လုံးဝ ကွဲပြားခြားနားသော အဆင့်တွင် ရှိနေသည်။

အနက်ရောင်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်လျှင်ပင် ဒီအစီအရင်ကြီးကို လုံးဝ မထိခိုက်မိဘဲ လမ်းလျှောက်ဝင်လာနိုင်မည် မဟုတ်ပေ။

နောက်ဆုံးအနေဖြင့် ကျန်းပေရန်သည် ယင်ကျန်းဟုန်က နန်းတော်အပြင်ဘက်တွင် ဘာ ကာကွယ်မှုမှ မထားဘဲ အနက်ရောင်ဝိညာဉ်အဆင့် တစ်ယောက်ကို သူ၏ နန်းတွင်းစာကြည့်ခန်းထဲသို့ ဒီအတိုင်း ဝင်လာခွင့်ပြုလိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။

လက်ဖက်ရည်ခွက်မှ ရေနွေးငွေ့များ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် သားရဲအရေခွံဝတ်ရုံနှင့် လူငယ်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောသည်။

"အရှင်မင်းကြီးကို လျှောက်တင်ရရင် ကျွန်တော်မျိုးက သတင်းပို့ဆောင်ရတဲ့ တာဝန်ရှိတာကြောင့် ငြိမ်သက်မြို့တော်မှာ အချိန်အတော်ကြာ နေထိုင်ခဲ့ပါတယ်။ စာကြည့်ခန်းကို အသံတစက်မှမထွက်ဘဲ ရောက်လာနိုင်ခဲ့တာကတော့..."

ထိုသို့ပြောရင်း သားရဲအရေခွံဝတ်ရုံနှင့် လူငယ်သည် သူ၏ သိုလှောင်မှန်ထဲမှ ရွှေရောင်မည်းမည်း တောက်ပနေသော အနက်ရောင်ထီးတစ်လက်ကို ထုတ်ယူလိုက်သည်။

"ဒါက ကျွန်တော်မျိုးရဲ့ ဆရာသခင်က ချီးမြှင့်ထားတဲ့ အနက်ရောင်အဆင့် မှော်ရတနာ၊ 'အရိပ်မဲ့ လဟာပြင်ထီး'ပါ။ ဒါကို ဖွင့်ထားသရွေ့ ဘယ်အစီအရင် ဘယ်ဝိညာဉ်အာရုံကမှ ကျွန်တော်မျိုးကို မတွေ့နိုင်ပါဘူး။"

ကျန်းပေရန်က ပြောသည်။

"အိုး ငါကိုယ်တော် ကြည့်ခွင့်ပြု"

ဧကရာဇ်က လက်ဆန့်တန်းလိုက်သည်ကို မြင်သောအခါ၊ သားရဲအရေခွံဝတ်ရုံနှင့် လူငယ်သည် သူ၏ နှလုံးသားထဲမှ အစိမ်းလိုက် ကွဲသွားသလို ခံစားလိုက်ရသည်။

ဒါက အနက်ရောင်အဆင့် အလယ်အလတ်တန်းစား မှော်ရတနာ ဖြစ်သည်။

အကယ်၍ ၎င်းကို ယူသွားပါက သူ့ထံ ဘယ်တော့မှ ပြန်ရောက်လာတော့မည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူ၏ အသက်ပင်လျှင် တခြားသူ၏ လက်ထဲတွင် ရှိနေသည်။ မှော်ရတနာတစ်ခုက ဘာများ အရေးကြီးပါမည်နည်း။

ထို့ကြောင့် သွားကို ကြိတ်လိုက်ရင်း သားရဲအရေခွံဝတ်ရုံနှင့် လူငယ်သည် 'အရိပ်မဲ့ လဟာပြင်ထီး' ကို ကျန်းပေရန်ထံ လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။

'အရိပ်မဲ့ လဟာပြင်ထီး' ကို ယူလိုက်ပြီးနောက် ကျန်းပေရန်က ၎င်းကို ဖွင့်ကြည့်လိုက်သည်။

တစ်ခဏအတွင်းမှာပင် သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ၎င်း၏ အာနိသင်သည် သူ၏ 'သာမန်အသွင်ဖျောက်ခြင်း' ထက်ပင် ပို၍ ကောင်းမွန်နေသည်။

သို့သော် ၎င်းမှာ ဖြစ်သင့်သည်။

ဒါက အစစ်အမှန် အနက်ရောင်အဆင့် မှော်ရတနာ ဖြစ်သည်။ သူကိုယ်တိုင် လက်ဖြစ် လုပ်ထားသော ပစ္စည်းနှင့် ဘယ်လို နှိုင်းယှဉ်နိုင်မည်နည်း။

'အရိပ်မဲ့ လဟာပြင်ထီး' ကို ပြန်ပိတ်လိုက်ပြီးနောက် ကျန်းပေရန်က ၎င်းကို လူငယ်ဆီသို့ ပြန်ကမ်းပေးလိုက်ကာ ပြောသည်။

"ဒါက တကယ် ကောင်းမွန်တဲ့ မှော်ရတနာပဲ။ ဒီတစ်ကြိမ် မင်းရဲ့ အဖြေကို ငါကိုယ်တော် အရမ်းကျေနပ်တယ်။ ငါတို့ စကားဆက်ပြောလို့ရပြီ။"

သားရဲအရေခွံဝတ်ရုံနှင့် လူငယ်သည် သူ၏ လက်ထဲမှ 'အရိပ်မဲ့ လဟာပြင်ထီး' ကို မယုံနိုင်သလို စိုက်ကြည့်နေမိပြီး ပါးစပ် အဟောင်းသား ဖြစ်သွားသည်။

သူ... ငါ့ကို ပြန်ပေးလိုက်တယ်။ ဒါက အနက်ရောင်အဆင့် မှော်ရတနာလေ။ အနက်ရောင်ဘိုးဘေး အဆင့်တောင်မှ ဒီလိုဟာတွေ အများကြီး မရှိဘူး၊ ဒါကို သူက ဒီလို ပေါ့ပေါ့ပါးပါးကြီး ငါ့ကို ပြန်ပေးလိုက်တယ်။

ထိုတစ်ခဏတွင် သူ့စိတ်ထဲမှ ကျန်းပေရန်၏ မူလကတည်းက အလွန်မြင့်မားနေသော ပုံရိပ်သည် ပို၍ပင် မြင့်မားသွားတော့သည်။

အနက်ရောင်အဆင့် မှော်ရတနာကိုတောင် အထင်မကြီးတဲ့ ဒီလို သခင်ကြီးတစ်ယောက်က ဘယ်လိုအဆင့်မျိုးကို ရောက်နေပြီလဲ။

အံ့ဩနေသော လူငယ်က 'အရိပ်မဲ့ လဟာပြင်ထီး' ကို သိမ်းဆည်းပြီးနောက်၊ ကျန်းပေရန်က ဆက်ပြောသည်၊ "ကောင်းပြီ။ အခု မင်းအကြောင်းကို ငါကိုယ်တော် သေချာသိရမယ့် အချိန်ပဲ။ မင်းနာမည်နဲ့ မင်းရဲ့ ဂိုဏ်းကို ပြောပြ။ မင်း ဘာမှ လျှို့ဝှက်ထားမှာ မဟုတ်ဘူးလို့ ငါကိုယ်တော် မျှော်လင့်တယ် မဟုတ်ရင်တော့ ငါကိုယ်တော် မင်းကို ခံစားစေရလိမ့်မယ်။"

"နားလည်ပါပြီ။"

ခေါင်းညိတ်လိုက်ပြီး သားရဲအရေခွံဝတ်ရုံနှင့် လူငယ်က သူ့ကိုယ်သူ မိတ်ဆက်သည်။

"ကျွန်တော်မျိုး နာမည်က စူးရှို့ယွီ ပါ လျန်တိုင်းပြည်က သဘာဝမူလဂိုဏ်းချုပ်ရဲ့ နောက်ဆုံးတပည့် ဖြစ်ပါတယ်။"

အိုး... နောက်ဆုံးတပည့်ကိုး၊ ဒီလို ရတနာမျိုး ချီးမြှင့်ခံရတာ အံ့ဩစရာ မဟုတ်တော့ဘူး။

နောက်ဆုံးတပည့် ဟုခေါ်ဆိုခြင်းသည် ဆရာတစ်ဦးက နောက်ဆုံး လက်ခံလိုက်သော တပည့်ကို ရည်ညွှန်းပြီး ထို့နောက်တွင် သူတို့သည် မည်သည့် တပည့်ရင်းကိုမှ လက်ခံတော့မည် မဟုတ်ဘဲ သူတို့၏ တပည့်များကိုသာ မြေးတပည့်များ လက်ခံခိုင်းတော့မည် ဖြစ်သည်။

ယေဘုယျအားဖြင့် နောက်ဆုံးတပည့်သည် ဆရာသခင်၏ အချစ်ဆုံးသူလည်း ဖြစ်သောကြောင့် တပည့်အားလုံးကြားတွင် အလွန်ထူးခြားသော အဆင့်အတန်းရှိပြီး ဆရာသခင်၏ လုပ်ငန်းကြီးကို ဆက်ခံရသူ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။

ထို့ကြောင့် သူတို့ကို ဂိုဏ်း၏ ဆက်ခံသူအဖြစ်လည်း ရှုမြင်ကြသည်။

ထို့အပြင် ကျန်းပေရန်သည် ဒီ သဘာဝမူလဂိုဏ်း အကြောင်းကို ကူချင်းဟွမ်း တင်ပြသော အစီရင်ခံစာများတွင် တွေ့မြင်ဖူးသည်။

၎င်းသည် လျန်တိုင်းပြည်တွင် အမှန်တကယ် ထိပ်တန်းအဆင့် ဂိုဏ်းတစ်ခုဖြစ်ပြီး ၎င်း၏ ဂိုဏ်းချုပ်ဖြစ်သူ ယန်စစ်ယွမ် သည် အနက်ရောင်ဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထို့အပြင် လျန်တိုင်းပြည်ကဲ့သို့ ရှုပ်ထွေးသော နိုင်ငံတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်လာနိုင်သူများသည် တိုက်ပွဲအတွေ့အကြုံများစွာရှိသူများဖြစ်ပြီး၊တံခါးပိတ် ကျင့်ကြံခြင်းကိုသာ အားကိုးသော အနက်ရောင်ဘိုးဘေးအဆင့်များထက် များစွာ ပိုမို အစွမ်းထက်ကြသည်။

"ဟိုအဘိုးကြီး ယန်စစ်ယွမ်ရဲ့ နောက်ဆုံးတပည့်..."

ကျန်းပေရန်က ခေါင်းညိတ်လိုက်သည်။

"သူက မင်းကို ဒီလို အန္တရာယ်များတဲ့ တာဝန်မျိုး လာလုပ်ခိုင်းတာ တကယ် စိတ်ချလို့လား။"

ကျန်းပေရန်က သူ၏ ဆရာသခင်ကို "အဘိုးကြီး" ဟု တိုက်ရိုက်ခေါ်ဝေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ စူးရှို့ယွီ၏ စိတ်ထဲမှ ကြောက်ရွံ့မှုသည် ပိုမို နက်ရှိုင်းသွားသည်။

တစ်ချိန်တည်းမှာပင် ကျန်းပေရန်၏ မေးခွန်းက သူ့ကို အနည်းငယ် မတရားခံရသလို ခံစားသွားစေသည်။

သူ့ကို ဒီတာဝန် ပေးအပ်ခဲ့တာက အတိအကျပင် 'အရိပ်မဲ့ လဟာပြင်ထီး' သူ၏ လက်ထဲတွင် ရှိနေသောကြောင့် ဒီတာဝန်က လုံးဝ အန္တရာယ်မရှိတဲ့အပြင် ကြီးမားသော ဂုဏ်သိက္ခာကို ရရှိစေနိုင်သောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင် အနာဂတ်တွင် လျန်တိုင်းပြည်က ရှန့်တိုင်းပြည်ကို သိမ်းပိုက်နိုင်ခဲ့လျှင်၊ ရန်သူ့နယ်မြေအတွင်းမှ အဓိက ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သူ၏ ပံ့ပိုးမှုများသည် အလွန် မြင့်မားသော အဆင့်တွင် ရှိနေမည် ဖြစ်သည်။

ထို့အပြင် သူသည် ပုံမှန်အားဖြင့် သူ၏ လုပ်ရပ်များတွင် အလွန်သတိထားသူ ဖြစ်သည်။

ဥပမာအားဖြင့်၊ဒီဧကရာဇ်အသစ်နှင့် မတွေ့မီ သူသည် စုံစမ်းစစ်ဆေးမှုများ အများအပြား ပြုလုပ်ခဲ့သည်။

ဧကရာဇ်အသစ်သည် ချီသန့်စင်ခြင်းအဆင့် လူသစ်တစ်ဦးမျှသာ ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် နန်းတော်အတွင်းနှင့် အပြင်ဘက်ကို ထပ်မံ စုံစမ်းခဲ့ပြီး လျှို့ဝှက်ကင်းစောင့်များစွာကို တွေ့ရှိခဲ့သည်။ သို့သော် သူ၏ 'အရိပ်မဲ့ လဟာပြင်ထီး' ရှေ့တွင် ဒီကင်းစောင့်များသည် ပြောပလောက်သော အရာများ မဟုတ်ကြပေ။

သို့သော် သူသည် အကြိမ်တစ်ထောင် အကြိမ်တစ်သောင်း တွက်ချက်ခဲ့သော်လည်း အကြီးမားဆုံး ထောင်ချောက်က ဧကရာဇ်ကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဒီထောင်ချောက်ကို ဘယ်လောက်ကြာကြာ ကြိုတင်ပြင်ဆင်ထားခဲ့တာလဲ။

ငါ့ကို ဖမ်းဖို့ အဲ့ဒီ ယင်ကျန်းဟုန်က ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။

သူတို့က ဘာလို့ ငါ့ကို ဖမ်းဖို့ ဒီလောက်တောင် အပင်ပန်းခံနေရတာလဲ။

...

မရေမတွက်နိုင်သော မေးခွန်းများသည် စူးရှို့ယွီ၏ စိတ်ထဲတွင် လှည့်ပတ်နေပြီး၊ သူ့ကို အမှန်တကယ်ပင် တိုင်းတာလို့မရအောင် စိတ်ရှုပ်ထွေးသွားစေသည်။

သူ၏ စိတ်ထဲမှ မတရားခံရသော ခံစားချက်ကို ဖယ်ရှားလိုက်ပြီး စူးရှို့ယွီက မနှိမ့်ချသလို မာနကြီးသလိုလည်း မဟုတ်ဘဲ ပြန်ဖြေသည်။

"ကျွန်တော်မျိုး ဆရာသခင်ရဲ့ နောက်ဆုံးတပည့် ဖြစ်လာကတည်းက ဒီလို အန္တရာယ်တွေကို ထမ်းပိုးနိုင်မယ့် စိတ်ပိုင်းဖြတ်မှုမျိုး ရှိနေရမှာ သဘာဝကျပါတယ်။"

ကျန်းပေရန်က ခေါင်းညိတ်ရင်း ချီးကျူးလိုက်သည်။

"ကောင်းပြီ။ စိတ်ပိုင်းဖြတ်မှု ရှိသားပဲ မဆိုးဘူး မဆိုးဘူး။ ဒါဆို ဒီတစ်ခေါက် မင်းက ငါကိုယ်တော်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုမျိုးကို ဆွေးနွေးချင်ခဲ့တာလဲ။ အခု ပြောလို့ရပြီ။"

စူးရှို့ယွီက ဖြေသည်။

"ကျွန်တော်မျိုးရဲ့ ဆရာသခင်က တိန့်ဘိုရဲ့ ကျရှုံးမှုအပေါ် အရမ်းကို မကျေမနပ် ဖြစ်နေပါတယ်။ သူက ကျွန်တော်တို့ သူ့ကို ရတနာတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ထောက်ပံ့ခဲ့ပေမယ့် ဒီလို ရလဒ်မျိုးပဲ ရခဲ့တဲ့အတွက် လုံးဝ လက်မခံနိုင်ပါဘူး။ သူတင်မကပါဘူး လျန်တိုင်းပြည်က တခြား အဓိက ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေကလည်း လုံးဝ လက်မခံနိုင်ကြပါဘူး။"

"ဒါပေမယ့် သူတို့ လက်မခံနိုင်တဲ့တစ်ချိန်တည်းမှာပဲ ကျွန်တော်မျိုးရဲ့ ဆရာသခင်နဲ့ တခြား ဂိုဏ်းချုပ်တွေက ရှန့်တိုင်းပြည်ရဲ့ ဧကရာဇ်တစ်ယောက်တည်းက တိုင်းပြည်တစ်ခုလုံးကို ချောက်ထဲဆွဲထည့်လုမတတ် ဖြစ်သွားစေနိုင်ခဲ့တာကိုလည်း အံ့ဩနေကြပါတယ်။ ဒါက သူတို့ကို အတွင်းထဲမှာ ရှိနေတဲ့ အကျိုးအမြတ်တွေကို မြင်သွားစေခဲ့တယ်။"

"ဒါကြောင့် ကျွန်တော်မျိုးရဲ့ ဆရာသခင်က အခြေအနေတွေ ငြိမ်သက်သွားတာကို စောင့်ပြီး ချက်ချင်းပဲ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဖို့ အရှင်မင်းကြီးဆီ လာခိုင်းလိုက်တာပါ။ ကျွန်တော်တို့ ယုံကြည်ပါတယ် ပြီးခဲ့တဲ့ အတွေ့အကြုံတွေနဲ့အတူ ဒီတစ်ခေါက်မှာ ပိုကောင်းအောင် လုပ်နိုင်မှာပါ။"

ကျန်းပေရန်က ရုတ်တရက် မေးလိုက်သည်။

"ဘယ်လို 'ပိုကောင်းအောင်' လုပ်မလဲဆိုတာ ပြောစမ်း။"

"ဒါက..."

စူးရှို့ယွီ ချက်ချင်းပင် စကားထစ်သွားသည်။

"သဘာဝကျကျ ဒါက အရှင်မင်းကြီးအတွက် အရင်ဆုံး ကောင်းကျိုးရှိစေမှာဖြစ်ပြီး ပြီးတော့ လျန်တိုင်းပြည်ကလည်း အကျိုးအမြတ် ရရှိမှာပါ"

ကျန်းပေရန်က ထပ်မေးသည်။

"ငါကိုယ်တော့်အတွက် ဘာကောင်းကျိုးရှိမလဲ ပြော။"

ကျန်းပေရန်၏ မေးခွန်းကို ကြားသောအခါ၊ စူးရှို့ယွီသည် သူ့ကိုယ်သူ ပါးရိုက်ပစ်ချင်စိတ် ပေါက်သွားသည်။

ဟုတ်သားပဲ သူ့ရှေ့က ဧကရာဇ်က ယင်ကျန်းဟုန်ရဲ့ ရုပ်သေးရုပ်လေး မဟုတ်ဘူး၊ သူ့ကို သတ်ဖို့ ချောင်းမြောင်းနေတဲ့ လုပ်ကြံသတ်ဖြတ်သူပဲ။ ယင်ကျန်းဟုန်အကြောင်း မကောင်းပြောတာက သေလမ်းရှာတာနဲ့ ဘာထူးလို့လဲ။

သူက ဆက်ပြောသည်။

"အရှင်မင်းကြီး အကျိုးအမြတ် ရရှိမှာက ဘာလို့လဲဆိုတော့ ကျွန်တော်မျိုး ဝိညာဉ်ကျောက်တုံးတွေနဲ့ ရတနာတွေ အများကြီး ယူလာခဲ့ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါခင်ဗျာ။"

ကျန်းပေရန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"ဒါကတော့ တော်တော်လေး ကောင်းမွန်ပုံရတယ်။ ပစ္စည်းတွေရော ငါကိုယ်တော် ကြည့်ဖို့ ဆက်သလေ"

"ဟုတ်ကဲ့"

ထိုသို့ပြောရင်း စူးရှို့ယွီသည် သူ၏ ဝတ်ရုံထဲမှ သိုလှောင်လက်စွပ် နှစ်ကွင်းကို ထုတ်ယူကာ ကျန်းပေရန်ထံ ကမ်းပေးလိုက်သည်။

ကျန်းပေရန်က လက်ဆန့်တန်းပြီး ယူလိုက်သည်။

သိုလှောင်လက်စွပ်များထဲရှိ ပစ္စည်းများကို စစ်ဆေးပြီးနောက်၊ သူက မော့ကြည့်ကာ ပြောလိုက်သည်။

"ဒါပဲလား"

ကျန်းပေရန် မကျေနပ်သည်ကို မြင်သောအခါ၊ စူးရှို့ယွီက အလျင်အမြန် ရှင်းပြသည်။

"ဒါက ကျွန်တော်တို့ရဲ့ စေတနာကို ပြသတဲ့ အနေနဲ့ပါပဲ။ အရှင်မင်းကြီးသာ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုရင် နောက်ထပ် ဝိညာဉ်ကျောက်တုံးတွေနဲ့ အဖိုးတန်ပစ္စည်းတွေ အများကြီး ယူဆောင်လာပေးပါ့မယ်။"

"အိုး ဒီလိုမှပေါ့"

လက်စွပ်နှစ်ကွင်းကို ဘေးသို့ ပစ်လိုက်ရင်း ကျန်းပေရန်က ဆက်မေးသည်။

"အကျိုးအမြတ်တွေအကြောင်း ငါတို့ ပြောပြီးပြီ။ အခု ငါကိုယ်တော် မင်းတို့နဲ့ ပူးပေါင်းဖို့ သဘောမတူဘူးဆိုရင်ရော မင်းတို့ ဘာလုပ်ဖို့ စီစဉ်ထားလဲ ပြောစမ်း။"

"အဲ..."

တစ်ဖန်၊ စူးရှို့ယွီသည် အခြေအနေက ဒီလို ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

ဧကရာဇ်ငယ်လေးက သူ့ကို ငြင်းပယ်နိုင်ခြေကို သူ ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့မိဘဲ တစ်ခဏတာ သူ ဘယ်လို ပြန်ဖြေရမှန်း မသိတော့ပေ။

ကျန်းပေရန်က ပြောသည်။

"ဟူး မင်း နောက်ဆုံးတပည့်ဖြစ်ပြီး စေ့စေ့စပ်စပ် မရှိဘူး။ ဒါက ညှိနှိုင်းမှုတစ်ခု ဖြစ်တဲ့အတွက် အခြေအနေမျိုးစုံ ဖြစ်လာနိုင်တယ်။ နောက်တစ်ခါ ပိုပြီး ပြင်ဆင်ထား ကြားလား။"

စူးရှို့ယွီက ပြန်ဖြေသည်။

"ဟုတ်ကဲ့... အရှင်မင်းကြီးရဲ့ သင်ခန်းစာကို ကောင်းကောင်း ရရှိပါတယ်ခင်ဗျာ။"

စူးရှို့ယွီ တစ်ယောက် ကျန်းပေရန်၏ ရှေ့တွင် မြေးတစ်ယောက်လို အဆူခံနေရသည်ကို ဘေးတွင် ရပ်ကြည့်နေသော မုယောင်သည် ရယ်မောသံ ထွက်ကျမတတ် ဖြစ်သွားသည်။

တစ်ချိန်တည်းမှာပင် စူးရှို့ယွီက ကျန်းပေရန်ကို ဤမျှလောက် ကြောက်ရွံ့နေခြင်းကို သူမ ထူးဆန်းနေမိသည်။

လက်သီးတစ်ချက်ကို အဖမ်းခံလိုက်ရရုံနဲ့ သူတို့နှစ်ယောက်ကြားက ကွာဟချက်က ပြန်မတိုက်ခိုက်ရဲလောက်အောင် ကြီးမားနေမှန်း သူ ခံစားမိသွားတာလား။ ဒီလိုဆိုရင် ဧကရာဇ်က ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ။

ယခင်က မုယောင်သည် ခုံချန်ချန်၏ ရှင်းပြချက်ကို မလိမ်ညာဟု ယုံကြည်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ကျန်းပေရန်သည် သူမ၏ အဖေကြီးကိုယ်တိုင် "အကဲဖြတ်" ထားသည့် အဆင့်ငါး ချီသန့်စင်ခြင်း ကျင့်ကြံသူ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဒါက လွဲမှားစရာ အကြောင်းမရှိပေ။

ပြီးတော့ အဆင့်ငါး ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်က သူမ၏ အဖေကြီးတောင် မရှာနိုင်တဲ့ သူမကို ဘယ်လို ရှာတွေ့နိုင်မှာလဲ။

ထို့ကြောင့် ခုံချန်ချန်၏ ရှင်းပြချက်က မဖြစ်နိုင်ဟု ထင်ရသော်လည်း မုယောင်သည် သူမကိုယ်သူမ အတင်းအကျပ် ယုံကြည်စေခဲ့သည်။

သို့သော် ယခု ကျန်းပေရန်က ရုတ်တရက် ဒီလို အစွမ်းမျိုးကို ပြသလိုက်တဲ့အခါ၊ သူမ၏ အဖေကြီးထံသို့ မှတ်စု ပေးပို့ခဲ့သော လျှို့ဝှက်ဆန်းကြယ်လူမှာ သူ သေချာပေါက် ဖြစ်ရမည်ဟု ချက်ချင်းပင် အသေအချာ ယုံကြည်သွားသည်။

ကျန်းပေရန်က လန်ပြည်နယ်တွင် အဘယ်ကြောင့် ပေါ်လာသည် သို့မဟုတ် အဘယ်ကြောင့် သူမကို ကယ်တင်ခဲ့သည်ကို သူမ မသိသော်လည်း ထိုသူမှာ သူ သေချာပေါက် ဖြစ်ရမည်။

ဒါက မုယောင်ကို သူမ အဖမ်းခံထားရစဉ်က နေ့ရက်များကို ပြန်လည် သတိရသွားစေသည်။

ထိုအချိန်တွင် သူမသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ၏ အဖေကြီးက သူမကို လျှောက်မသွားရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း သူမသည် သူမ၏ သဘောအတိုင်း ပြုမူခဲ့ပြီး သူမ၏ ဂျူနီယာ မောင်ငယ် ညီမငယ်များ တစ်စုကို သူမနှင့်အတူ အဖမ်းခံရစေခဲ့သည်။

အဖမ်းခံရခြင်းက အသေးငယ်ဆုံး ကိစ္စဖြစ်သည်။

အကယ်၍ သူမ၏ အဖေကြီးသာ သူမကြောင့် ထိခိုက်နစ်နာသွားခဲ့ပါက သူမသည် ဒီဘဝတွင် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမ၏ အဖေကြီးက သူမကို လာကယ်ပြီး ထိုလျှို့ဝှက်ဆန်းကြယ်လူနှင့် ပတ်သက်သည့် သဲလွန်စ တစ်ခုခု သိသလားဟု မေးသောအခါ။

အံ့ဩခြင်းနှင့် စူးစမ်းလိုစိတ်အပြင်၊ မုယောင်၏ စိတ်ထဲတွင် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်က သူမကို အသုံးချ၍ သူမ၏ အဖေကြီးကို ခြိမ်းခြောက်လိုကြောင်း သူမ၏ ဒုတိယအဖေထံမှ ကြားသိခဲ့ရပြီး ဖြစ်သည်။

ထိုလူ၏ အကြံအစည် အောင်မြင်သွားသည်နှင့် သူမ၏ အဖေကြီးသည် သူမအတွက် အကြိမ်ကြိမ် အလျှော့ပေးလိမ့်မည်ဖြစ်ပြီး သူ၏ ကိုယ်ပိုင် မူဝါဒများကို ဆန့်ကျင်သော အရာများကိုပင် လုပ်ဆောင်လိမ့်မည်ဟု သူမ ယုံကြည်သည်။

ထို့ကြောင့် သူမသည် စိတ်ထဲတွင် လျှို့ဝှက် သန္နိဋ္ဌာန်တစ်ခု ချထားခဲ့သည်။ အကယ်၍ ထို လျှို့ဝှက်ဆန်းကြယ်လူကို ရှာဖွေတွေ့ရှိခဲ့ပါက သူမသည် မီးထဲရေထဲ ဖြတ်သန်းရပါစေ သို့မဟုတ် အစိတ်စိတ်အမွှာမွှာ ကြေမွသွားပါစေ သူ၏ ကျေးဇူးကို ဆပ်ရန် သူမ၏ အစွမ်းရှိသမျှ အရာအားလုံးကို လုပ်ဆောင်မည်။ပြီးတော့ အခု... သူမ အသည်းအသန် ရှာဖွေနေခဲ့သော သူမ၏ ကျေးဇူးရှင်သည် သူမနှင့် နေ့ရောညပါ အတူရှိနေခဲ့သည်ကို သူမ ရှာဖွေတွေ့ရှိခဲ့ပြီ။

ဒါက သူမကို အလွန် အံ့ဩဖွယ်ကောင်းသော ခံစားချက်တစ်ခုကို ပေးစွမ်းပြီး၊ စိတ်ကူးယဉ်ကမ္ဘာနှင့် လက်တွေ့ကမ္ဘာတို့ ပေါင်းစပ်သွားသလိုပင် ဖြစ်စေသည်။

"မုယောင် မုယောင်"

မုယောင် တစ်ယောက် နက်နက်ရှိုင်းရှိုင်း တွေးတောနေစဉ်တွင် ရုတ်တရက် ဧကရာဇ်၏ ခေါ်သံကို ကြားလိုက်ရပြီး အလျင်အမြန် ပြန်ဖြေသည်။

"အမိန့်ရှိတော်မူပါ အရှင်မင်းကြီး"

ကျန်းပေရန်က ဆိုသည်။

"လက်ဖက်ရည်က အေးစက်သွားပြီ။ ငါတို့ ဧည့်သည်တော်အတွက် ပူပူနွေးနွေး တစ်ခွက် ထပ်သွားဖျော်ချေ။"

"အမိန့်တော်အတိုင်းပါပဲ" မုယောင်က ပြောပြီးသည်နှင့် လက်ဖက်ရည်ဖျော်ရန် ပြေးထွက်သွားသည်။

မုယောင် လက်ဖက်ရည် စတင်ဖျော်နေသည်ကို မြင်သောအခါ၊ ကျန်းပေရန်က စူးရှို့ယွီကို ကြည့်ကာ ပြောသည်။

"တောင်းပန်ပါတယ် နန်းတွင်းအပျိုတော်တွေက နည်းနည်း တုံးအလို့ပါ။"

စူးရှို့ယွီက အလျင်အမြန် လက်ခါပြသည်။

"မဟုတ်ရပါဘူး မဟုတ်ရပါဘူး။"

ကျန်းပေရန်က ဆက်ပြောသည်။

"ထပ်ပြီးတော့ ငါကိုယ်တော် အခုပဲ စဉ်းစားပြီးသွားပြီ မင်းတို့ လျန်တိုင်းပြည်နဲ့ ပူးပေါင်းဖို့ သဘောတူလိုက်ပြီ။"

ထိုစကားကို ကြားသောအခါ စူးရှို့ယွီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး မယုံနိုင်စွာ မေးလိုက်သည်။

"အရှင်မင်းကြီး တကယ်ပြောတာပါလား"

ကျန်းပေရန်က ဖြေသည်။

"တကယ်ပြောတာပေါ့။ ငါကိုယ်တော်ကို အလကားသက်သက် ပစ္စည်းတွေ လာပေးတာ ဘာလို့ ငြင်းရမှာလဲ။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကတော့ ငါကိုယ်တော် ပြောတဲ့အတိုင်း ဖြစ်ရမယ်။"

All Chapters