← Chapters

အမြင့်ဆုံး လောင်းကြေး

Vol. 23 Ch. 322

အမြင့်ဆုံး လောင်းကြေး

Vol. 23 Ch. 322

“ ဒီလူတွေက ဘယ်လိုလုပ် တိုက်ရိုက်ဝင် လို့ရတာလဲ ငါတို့ကတော့ ဒီမှာ တန်းစီနေရ တုန်းပဲ..”

“အရူးရေ အဲ့ဒါ VIP လက်မှတ်ဟ..”

“အိုး နားလည်ပါပြီ...”

လျူယောင်က လီချန်လဲ့၏ လက်ကို ကိုင်ပြီး ကိုယ်ရံတော်လေးဦးက နောက်မှ လိုက်၍ VIP လမ်းကြောင်းတစ်လျှောက် ဝင်သွားတာကို မြင်တဲ့အခါ လူများစွာက မနာလိုတဲ့ အကြည့်ဖြင့် ကြည့်နေကြသည်။

အမှန်ပါပဲ လျူယောင်တွင် VIP လက်မှတ် ရှိလေသည်။ Universal ကုမ္ပဏီက အတော်လေးအားကောင်းတာကြောင့် VIP လက်မှတ်အနည်းငယ်ဝယ်ရန် ပိုက်ဆံသုံးရခြင်းက ပြဿနာမရှိပေ။

ဒီလို Vip လက်မှတ်များကို ပိုက်ဆံရှိ ရင်တောင် မဝယ်ယူနိုင်ပေမဲ့ Universal တွင် သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းများ ရှိသည်။

ဒါက ပိုပြီး အဆင်ပြေလှသည်။ လျူယောင် နဲ့ အခြားသူများက VIP နေရာတွင် အလျင် အမြန် ဝင်ထိုင်လိုက်ကြပြီး နေရာနဲ့ မြင်ကွင်း က အမှန်တကယ် ကောင်းမွန်တာကြောင့် VIP လက်မှတ်အတွက် တကယ်ပင် ထိုက် တန်တယ်လို့ လျူယောင် ခံစားနေရသည်။

ရီယိုအိုလံပစ်ပွဲတော်ရဲ့ ဖွင့်ပွဲအခမ်းအနား ဖြစ်တာကြောင့် အလွန်စည်ကားနေခဲ့သည်။ မိနစ်သုံးဆယ် လေးဆယ်ခန့် စောင့်ဆိုင်းပြီး နောက် ဖွင့်ပွဲအခမ်းအနား တရားဝင် စတင် ခဲ့သည်။

လျူယောင်နဲ့လီချန်လဲ့တို့က VIP နေရာတွင် ထိုင်ပြီး ပွဲတော်ကို ခံစားခဲ့ကြသည်။

အားကစားသမားများ ကွင်းထဲကို ဝင်ရောက် လာတဲ့အခါ လက်ခုပ်သံများ ထွက်ပေါ် လာခဲ့သည်။ ယန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ကွင်းထဲသို့ ဝင်ရောက်လာတဲ့အခါ လူများစွာ က မတ်တပ်ရပ်ပြီး လက်ခုပ်တီးခဲ့ ကြသည်။

လျူယောင်က ဒီ အသင်းထဲတွင် ချန်းဟူကို တွေ့ခဲ့ရသည်။ သူက အလံကိုင်ဆောင် သူ အဖြစ် တာဝန်မယူခဲ့ပေမဲ့ အသင်းရဲ့ ရှေ့ တန်းတွင် ရှိတာကြောင့် အားကစား ဝတ်စုံဝ တ်ထားတဲ့ ချန်းဟူကို လျူယောင် ချက်ချင်း တွေ့သွားခဲ့သည်။

ချန်းဟူကလည်း VIP နေရာဘက်ကို လှည့် ကြည့်လိုက်ရာလျူယောင်ကို တွေ့တဲ့အခါ နှစ်ယောက်သား အကြည့်ချင်း ဆုံသွား ခဲ့သည်။

“ချန်းဟူ စွမ်းဆောင်ရည် ကောင်းကောင်းပြ ပြီး ရွှေတံဆိပ် ရှစ်ခု ရအောင် ကြိုးစား”

လျူယောင် စိတ်ထဲကနေ ရေရွတ်လိုက်၏။

" ရွှီး ဖောင်း ဖောင်း ဖောင်း.. "

ဖွင့်ပွဲအခမ်းအနားမှာ နေ့လယ်ပိုင်းအထိ ကြာမြင့်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ပြီးဆုံး တဲ့အခါ လမ်းပေါ်တွင် မီးရူုးမီးပန်းများ ဆက်တိုက် ပေါက်ကွဲခဲ့သည်။

လျူယောင်က လီချန်လဲ့ကို လမ်းပေါ် ခေါ်သွားခဲ့ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်နှင့် အိုလံပစ်ပွဲတော်ဖွင့်ပွဲရဲ့ ဂုဏ်ပြုဆင်နွှဲမှု့ကို ခံစားနေခဲ့သည်။

“အစ်ကိုယောင်...”

လီချန်လဲ့က လျူယောင်ရဲ့အင်္ကျီကို ညင်သာ စွာ ဆွဲကိုင်လိုက်ပြီး မနီးမဝေးတွင်ရှိတဲ့ ရိုမန်နှင့် အခြားသူများကို မြင်တွေ့ရကြောင်း တိုးတိုးလေး သတိပေးလိုက်သည်။

ရိုမန်၏ ညာဘက်လက်ကောက်ဝတ်တွင် ထူထဲတဲ့ ပတ်တီးဖြူများ ပတ်ထားပြီး သူ့နောက်တွင် ဆယ်ယောက်ထက်မနည်းတဲ့ လူအုပ်စုတစ်ခု လိုက်ပါလာခဲ့သည်။ အနည်းဆုံး လူ ခုနစ်ဦး ရှစ်ဦးခန့် ရှိလောက် မည်။

သူ့နောက်တွင် လိုက်ပါလာသော လူအုပ်စုက ပြောင်းလဲသွားပြီး လွန်ခဲ့တဲ့ညက သူနှင့်အတူရှိခဲ့တဲ့လူများက ဆေးရုံကို အားလုံးရောက်နေတာကြောင့် ဖြစ်လိမ့်မည်။

ဒါတောင် လျူယောင်က သနားညှာတာ မှု့ ပြသခဲ့သည်။ သူတို့ရဲ့ဒဏ်ရာများက အနည်းငယ်ပြင်းထန် ပေမဲ့ သေစေလောက် တဲ့ ဒဏ်ရာများ မဟုတ်ခဲ့ပေ။ ရိုမန်ရဲ့ လက် ကောက်ဝတ်သာ ကျိုးသွားပြီး အခြားဒဏ် ရာများ မရခဲ့ပေ။

လီချန်လဲ့ရဲ့ကြောက်ရွံ့မှု့ကို ခံစားမိတဲ့အခါ လျူယောင် သူမရဲ့လက်ဖဝါးကို ညင်သာစွာ ပုတ်လိုက်သည်။

“လဲ့လဲ့ ဘာမှမဖြစ်ဘူး.. မကြောက်ပါနဲ့ ဒီကောင် ...ဘာမှ မလုပ်ရဲပါဘူး..”

လျူယောင်က ရိုမန်ကို ရန်သွားမစခဲ့ပေမဲ့ ဒီကောင်လေးက လျူယောင် နဲ့လီချန်လဲ့​တို့ ကို တွေ့သွားပြီး မထင်မှတ်ဘဲ လျူယောင် တို့ရှိရာသို့ လျှောက်လာခဲ့သည်။

အနားရောက်လာတဲ့အခါ ရိုမန်က အင်္ဂလိပ် လို ပြောလိုက်သည်။

“ကောင်လေး.. မှတ်ထား.. ငါ လက်စား ပြန်ချေမယ်..ခင်ဗျားတို့ ရီယိုမြို့ကနေ ထွက်သွားဖို့ မကြိုးစားနဲ့...”

လျူယောင် ရယ်ကာ ပြန်ပြောလိုက်၏။

“ဟားဟား မင်းကို.. ငါ သင်ခန်းစာ အလုံအလောက် မပေးရသေးဘူးနဲ့တူတယ် မယုံရင် မင်းရဲ့နောက်လက်တစ်ဖက်ကိုပါ ငါချိုးပစ်လိုက်ရမလား...”

လျူယောင်ရဲ့ဩဇာသံကို ခံစားမိတဲ့အခါ ရိုမန်တကယ်ပင် ချည့်နဲ့သွားပြီး မနီးမဝေးရှိ ရဲများကို ကြည့်လိုက်သည်။ ထို့နောက် နှာ ခေါင်းတစ်ချက်ရှုံ့ကာ ထွက်ခွာသွားခဲ့သည်။

လီချန်လဲ့ကို ပြုံးကာ လျူယောင် နှစ်သိမ့် လိုက်၏။

“လဲ့လဲ့ မင်းမြင်တယ်မဟုတ်လား ဒီကောင် ဘာမှမလုပ်ရဲပါဘူး ဒီကောင့်ကို ကြောက် မနေနဲ့..အရာအားလုံး ကိုယ့်တာဝန်ပဲထား..”

ဒီလိုပြောလိုက်တဲ့အခါ လီချန်လဲ့က မကြောက်ရွံ့တော့ဘဲ လျူယောင်နှင့်အတူ ပျော်ပွဲရွှင်ပွဲများကို ကြည့်ရှုခဲ့သည်။

ပွဲကြည့်စင်နဲ့ မနီးမဝေးတွင် ထီဆိုင် တစ် ဆိုင်ရှိပေသည်။

လျူယောင် စိတ်ထဲကနေ လှုပ်ရှားသွားပြီး အတွင်းထဲ ဝင်ကြည့်ခဲ့သည်။ တကယ်ပဲ ဒီ အိုလံပစ်ပွဲတော်ရဲ့ ပွဲစဉ်တစ်ခု ချင်းစီ အ တွက် အနိုင်ရ​တဲ့ကိန်းဂဏန်းများ ရှိနေပြီး အသေးစိတ်လည်း ရှိနေသည်။

ဥပမာအားဖြင့် အမျိုးသား မီတာ ၁၀၀ ပွဲစဉ်တွင် ကစားသမားတစ်ဦးချင်းစီရဲ့ အနိုင်ရမဲ့လူရဲ့ ကိန်းဂဏန်းများကို ဖော်ပြထား၏။

ကိန်းဂဏန်း အမြင့်ဆုံးမှာ သာမန်ရလဒ်ရှိတဲ့ ကစားသမားများပဲ ဖြစ်သည်။ အနိုင်ရရန် အလားအလာအရှိဆုံး ကစားသမားများရဲ့ ကိန်းဂဏန်းများက နှိုင်းယှဉ်ချက်အရ နိမ့်နေသည်။ ဥပမာအားဖြင့် အမျိုးသား မီတာ ၁၀၀ ကမ္ဘာ့စံချိန်တင် ချန်းဟူရဲ့ အနိုင်ရမဲ့ ကိန်းဂဏန်း က ၁:၁.၁၂ သာရှိပြီး နှိုင်းယှဉ်ချက်အရ နိမ့်နေသည်။

အမြင့်ဆုံးကိန်းဂဏန်းရှိတဲ့ ကစားသမားရဲ့ အနိုင်ရကိန်းဂဏန်းက ၁:၁၅ ဖြစ်သည်။ သူ့ကို ဘယ်သူမှ လောင်းမယ်လို့ မထင်ပေ။

ချန်းဟူပါဝင်တဲ့ စုစုပေါင်း ပွဲစဉ် ၈ ခုအပေါ် လျူယောင် အာရုံစိုက် ကြည့်လိုက်သည်။ အမျိုးသား မီတာ ၂၀၀ ပွဲစဉ်တွင် ချန်းဟူရဲ့ အနိုင်ရကိန်းဂဏန်းက ၁:၁.၅၆ ဖြင့် အနည်း ငယ် မြင့်မားလှသည်။

ပွဲစဉ် ၈ ခုအနက် ချန်းဟူရဲ့ မီတာ ၁၅၀၀ အနိုင်ရကိန်းဂဏန်းက ၁:၄.၂ ဖြစ်သည်။ ချန်းဟူ မီတာ ၁၅၀၀ ချန်ပီယံဆုကို ဆွတ် ခူးနိုင်လိမ့်မယ်လို့ လူအများစုက မမျှော် လင့်ထားကြပေ။ ချန်းဟူက အပြေးသမား ဖြစ်ပြီး တာတိုနဲ့တာဝေး ပြေးခြင်းကို မတူ ညီသော အရာနှစ်ခုဖြစ်တယ်လို့ သူတို့ တွေးထားကြပုံ ရသည်။

ချန်းဟူရဲ့ အမြင့်ဆုံး အနိုင်ရကိန်းဂဏန်းက အမျိုးသားလှံပစ် ဖြစ်ပြီး ၁:၈.၁ အထိ မြင့်မားနေသည်။ ဆိုလိုတာက သင် ဒီပွဲစဉ် တွင် ချန်းဟူ အနိုင်ရရန် ဒေါ်လာ ၁၀၀ လောင်းထားရင် ချန်းဟူသာ ချန်ပီယံရ သွားပါက ဒေါ်လာ ၈0၀ ရမှာပဲ ဖြစ်သည်။

ကိန်းဂဏန်းများက မနိမ့်လှပေ။

ဒီ လောင်းကစားကို ပြုလုပ်သင့်တယ်လို့ လျူယောင် တွေးလိုက်သည်။ ဒီလောင်းက စားကုမ္ပဏီများရဲ့ နောက်ကွယ်မှ သူဋေး များက အစိုးရနှင့် မပတ်သက်ဘဲ ရီယိုမြို့ရဲ့ နောက်ကွယ်မှ ဂိုဏ်းများဖြစ်ကြောင်း သူ ကြားဖူးသည်။

အမျိုးသားလှံပစ်တွင် ချန်းဟူ အနိုင်ရမဲ့ ကိန်းဂဏန်းက ၁:၈.၁ အပြင် အလျားခုန် အနိုင်ရကိန်းဂဏန်းကလည်း မနိမ့်ဘဲ ၁:၇.၅ အထိ ရောက်ရှိနေပြီး ဒါကလည်း မြင့်မားတဲ့ ကိန်းဂဏန်းပဲ ဖြစ်သည်။

ခုနက ရိုမန်ရဲ့ ခြိမ်းခြောက်မှု့ကို တွေးလိုက် တဲ့အခါ အလောင်းအစားပြုလုပ်ရန် လျူ ယောင် ဆုံးဖြတ်လိုက်ပြီး သူက အမြင့်ဆုံး အလောင်းအစားကို ပြုလုပ်မှာပဲ ဖြစ်သည်။

လျူယောင်က ဆိုင်ပိုင်ရှင်ကို အများဆုံး ဘယ်လောက် လောင်းနိုင်လဲလို့ မေးခဲ့ရာ ဆိုင်ပိုင်ရှင်က တစ်ကြိမ်လျှင် အများဆုံး အမေရိကန်ဒေါ်လာ သန်း ၅၀ အထိ လောင်း နိုင်ကြောင်း ဒါပေမဲ့ သူ့ရဲ့ ဆိုင်ငယ်လေးက မလုပ်နိုင်ဘဲ ယာမို့စ်လောင်းကစားရုံကို သွား ရောက်ရမှာ ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထိုနေရာက ဌာနချုပ်ဖြစ်လောက်ပြီး အလောင်းအစား ကြေးကြီးကြီး များကို လက်ခံပုံရသည်။

လျူယောင် ထီဆိုင်ထဲမှ ထွက်လာခဲ့၏။

“လဲ့လဲ့ မင်း အရင်ဟိုတယ်ကို ပြန်လိုက်ပါ ကိုယ် လုပ်စရာလေးတစ်ခုရှိလို့...”

လီချန်လဲ့က စိုးရိမ်တကြီး မေးလိုက်သည်။

“အစ်ကိုယောင် ဘာလုပ်ဖို့လဲ”

“ကိုယ်ပိုက်ဆံနည်းနည်းရှာဖို့ သွားမလို့ပါ. .ခုနက မင်းမြင်တယ်မဟုတ်လား ချန်းဟူရဲ့ ချန်ပီယံဆုရနိုင်တဲ့ ကိန်းဂဏန်းတွေက နိမ့် နေတယ်..ကိုယ်က ပွဲစဉ်တစ်ခုစီမှာ အမေရိ ကန်ဒေါ်လာ သန်း ၅၀ စီ လောင်းမလို့...”

“အစ်ကိုယောင် အန္တရာယ်ရှိလား...”

လျူယောင် ခေါင်းခါကာ နှစ်သိမ့်လိုက်၏။

“ဘာအန္တရာယ်မှ မရှိပါဘူး..မင်း ဟိုတယ်မှာ ကိုယ့်ကို စောင့်နေလို့ရတယ်.."

လီချန်လဲ့က နားလည်စွာ ခေါင်းညိတ်ပြပြီး အမျိုးသမီးကိုယ်ရံတော်နှစ်ဦးရဲ့ ကာကွယ် မူ့နဲ့ တက္ကစီစီးပြီး ဟိုတယ်သို့ ပြန်သွား ခဲ့ သည်။ သူတို့ တက္ကစီနဲ့ ထွက်ခွာသွားတာကို ကြည့်ပြီးနောက် လျူယောင် အမျိုးသား ကိုယ်ရံတော်နှစ်ဦးကို ခေါ်ပြီး ယာမို့စ် လောင်းကစားရုံကို သွားရန် တက္ကစီတစ်စီး တားလိုက်သည်။

ရီယိုမြို့၏ ဂိုဏ်းခေါင်းဆောင်က နောက် ကွယ်တွင် ရှိနေတာကြောင့် ယာမို့စ် လောင်း ကစားရုံက လုံးဝလွတ်လပ်နေပြီး တရားဝင် လိုမျိုးပင် ဖြစ်နေသည်။

လျူယောင် တက္ကစီပေါ်မှ ဆင်းပြီး အ ဆောက် အအုံကို ကြည့်လိုက်တဲ့အခါ ဒါက တရားဝင် အဆောက်အအုံ တစ်ခုဖြစ် တယ် ဆိုတာ ယုံကြည်လုနီးပါး ဖြစ်သွားခဲ့သည်။

အဆောက်အအုံကို ခဏကြာအောင် ကြည့် ပြီးနောက် လျူယောင် အတွင်းထဲဝင်လာ ခဲ့ပြီး လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ရာ မကြာမီတွင် အကြီးတန်း မန်နေဂျာတစ်ဦး နှင့်တူတဲ့ လူတစ်ဦးက သူ့ကို လက်ခံတွေ့ဆုံ ခဲ့သည်။

လျူယောင်က စုစုပေါင်းပွဲစဉ် ရှစ်ခုရှိပြီး ပွဲစဉ်တစ်ခုစီတွင် လောင်းနိုင်တဲ့ အများ ဆုံးပမာဏနဲ့ ပွဲစဉ်တစ်ခုစီတွင် ချန်းဟူ ချန်ပီယံဆုရရန် လောင်းလိုကြောင်း ပြောပြခဲ့သည်။

အကြီးတန်းမန်နေဂျာက အံ့အားသင့်သွားပြီး လျူယောင်အား ခဏစောင့်ဆိုင်းရန် တောင်းဆိုကာ သူတို့ရဲ့ ကြီးကြပ်သူကို ညွန်ကြားချက်တောင်းခံရန် အလျင်အမြန် ထွက်သွားခဲ့သည်။

လျူယောင် ထိုင်စောင့်နေခဲ့ပြီး ကော်ဖီကို အေးအေးဆေးဆေး သောက်နေခဲ့သည်။ အကြီးတန်းမန်နေဂျာက သူ့အထက် အရာရှိ ကို ညွှန်ကြားချက်များ တောင်းခံရန် ခဏ ထွက်သွားတာ သေချာ၏။

အလောင်းအစားကြေးက ကြီးမားတာ ကြောင့် အီဗန်ဂျွိုက်စ်ရဲ့ အာရုံစိုက်မှု့ကို ချက်ချင်းရရှိခဲ့သည်။ သူတို့တွင် ကျွမ်း ကျင်တဲ့ အဖွဲ့တစ်ဖွဲ့ရှိပေသည်။ လေ့လာ ဆန်းစစ်မှု့အချို့အရ လျူယောင် အများဆုံး အလောင်းအစားကို ပြုလုပ်ပါက သူ့ရဲ့ အရင်းအနှီးကို ထိန်းသိမ်းရန် ချန်းဟူက ချန်ပီယံဆုလေးခု ရရှိရန် လိုအပ်သည်။

သိသာတာက သူတို့ဟာ ချန်းဟူ ချန်ပီယံ လေးခု ရရှိနိုင်မယ်လို့ လုံးဝမယုံကြည် ကြ ပေ။ ယန်နိုင်ငံက အားကစားပွဲများတွင် အစတည်းက အလွန် အားနည်းတာကြောင့် ဖြစ်လိမ့်မည်။ ချန်းဟူတစ်ယောက် တည်းက သာ နောက်ဆုံးပြိုင်ပွဲတွင် ဒိုင်းမွန်းလိဂ်ပြို င်ပွဲ၌ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခြင်းမှာ အလွန်အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။ ဒီရွှေတံဆိပ်လေးခုကို ဆက်တိုက် ရရှိ ခြင်းကတော့ မဖြစ်နိုင်လောက်ပေ။

ဒါ့ကြောင့် အီဗန်ဂျွိုက်စ်က မန်နေဂျာကို အလောင်းအစားပြုလုပ်နိုင်ကြောင်း ပြော ခဲ့ပြီး အများဆုံးတစ်ကြိမ် လောင်းနိုင်တဲ့ ပမာဏက အမေရိကန်ဒေါ်လာ သန်း ၅၀ မဟုတ်ဘဲ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လို့ ညွှန့်ကြားလိုက်သည်။

လျူယောင် မိနစ် ၃၀ မှ ၄၀ ခန့်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင် အကြီးတန်း မန် နေဂျာက နောက်ဆုံးတွင် ပြန်ရောက် လာခဲ့ သည်။

All Chapters