← Chapters

တောထဲမှာ တကယ် ငှက်အမျိုး မျိုး ရှိနေတာပဲ

Vol. 23 Ch. 323

တောထဲမှာ တကယ် ငှက်အမျိုး မျိုး ရှိနေတာပဲ

Vol. 23 Ch. 323

“မစ္စတာလျူ မင်္ဂလာပါ..”

လျူယောင် လက်ဖက်ရည်ခွက်ကို ချလိုက် ကာ မေးလိုက်၏။

“အခု လောင်းလို့ရပြီလား”

မန်နေဂျာက စိတ်အားထက်သန်စွာ ပြန်ဖြေ လိုက်သည်။

"ရပါတယ် ဒါပေမဲ့ ပွဲစဉ်တစ်ခုစီကို အများဆုံး အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ လောင်းနိုင်ပါတယ်...”

“အိုး..”

လျူယောင် အနည်းငယ်အံ့သြသွားသည်။ အများဆုံး အလောင်းအစားက အမေရိကန် ဒေါ်လာ သန်း ၅၀ ဖြစ်တယ်လို့ မပြောခဲ့ဘူး လား။ဒါပေမဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောင်းနိုင်တာက လျူယောင့် အတွက် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်သည်လေ။

လျူယောင် စိတ်ထဲကနေ ပျော်ရွှင်စွာ ရယ်မောလိုက်၏။

အမှန်ပါပဲ မကြာခင်မှာပဲ ရီယိုမြို့မှာရှိတဲ့ လောင်းကစားလုပ်ငန်းရဲ့ နောက်ကွယ်မှ သူဌေးကြီးက ရိုမန်ရဲ့ အဖေဖြစ်ကြောင်း သူ သတိရသွားခဲ့သည်။

ဒီလူက သူနဲ့ရိုမန်ကြားမှ ပဋိပက္ခကို သိရှိသွားပြီမို့လို့ အများဆုံးအလောင်း အစားပမာဏကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိ တိုးမြှင့်ခဲ့ကြတာလို့ ခန့်မှန်းရ သည်။ဒါက သူတို့ကိုယ်တိုင် လှည့်ဖြားရန် ဖြစ်လောက်မည်။

“ချန်းဟူ ချန်ပီယံဆု တစ်ခုပြီးတစ်ခု ရသွားတဲ့အခါ မင်းတို့ ငိုကြရလိမ့်မယ်...”

လျူယောင် သူ့စိတ်ထဲတွင် ပျော်ရွှင်စွာ တွေးလိုက်သည်။

“ဒါဆို အခု လောင်းပါမယ်.. ပွဲစဉ်တစ်ခုစီ အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ စီ.. စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ မို့လား....”

မန်နေဂျာက ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့ ..စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖြစ်ပါတယ် မစ္စတာလျူက ကျွန်တော်တို့ရဲ့ အလေးအမြတ်ဆုံး ဧည့် သည်ပါပဲဗျာ..”

ဒီမန်နေဂျာရဲ့ သဘောထားက အမြဲတမ်း စိတ်အားထက်သန်နေပြီး လျူယောင်ကို အလေးအမြတ်ဆုံး ဧည့်သည်အဖြစ် တ ကယ်တမ်း မှတ်ယူထားပုံရသည်။ လျော် ကြေးပေးတဲ့ အချိန်ကျမှ ဒီလိုပဲ စိတ်အား ထက်သန်နေရင် ကောင်းလိမ့်မယ်လို့ လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။

စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောင်းခြင်းအတွက် တစ်နာရီခန့် အချိန် ယူခဲ့ရပြီး စာရွက်စာတမ်းအမျိုးမျိုးနဲ့ သဘောတူညီချက်များကို လက်မှတ် ရေး ထိုးခဲ့ရသည်။နောက်ဆုံးတွင် ဒါက ရာ ဂ ဏန်း ထောင်ဂဏန်းမျိုး မဟုတ်ပဲ မြင့်မားတဲ့ အလောင်းအစားတစ်ခု ဖြစ်သည်လေ။

စာရွက်များကို လက်မှတ်ထိုးပြီးနောက် လျူယောင် အဲ့ဒါတွေကို သိမ်းဆည်း လိုက်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးချေခဲ့သည်။ ပြီးနောက် လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

“သွားကြစို့...”

ပြောပြီးနောက် သူက ရှေ့မှသွားပြီး ကိုယ်ရံ တော်နှစ်ဦးက နောက်မှလိုက်ပါခဲ့သည်။ ထို မန်နေဂျာက လျူယောင်ကို အဆောက် အအုံရဲ့ ဂိတ်ဝအထိ လိုက်ပို့ခဲ့သည်။

လျူယောင် ဟိုတယ်ကို ပြန်ရောက်ပြီး သမ္မတအခန်းထဲ ဝင်တဲ့ အခါ လီချန်လဲ့က ချက်ချင်းရောက်လာကာ မျက်နှာတွင် စိုးရိမ် ပူပန်မူ့များ ပေါ်နေသည်။

“အစ်ကိုယောင် နောက်ဆုံးတော့ ပြန်လာပြီ ကျွန်မ အစ်ကိုယောင်အတွက် အရမ်းစိုးရိမ် နေတာ..”

လျူယောင်က စိတ်အေးလက်အေး ပြောလိုက်၏။

“မစိုးရိမ်ပါနဲ့ မင်းရဲ့လူကို ခြိမ်းခြောက်နိုင် တဲ့သူ မမွေးသေးပါဘူး..”

“မင်းရဲ့လူ”

ဆိုတဲ့ စကားကို ကြားတဲ့အခါ လီချန်လဲ့ ၏မျက်နှာက အနည်းငယ်နီရဲသွားပြီး လျူယောင်ကို မာန်ပါတဲ့အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ညင်သာစွာ ပြန်ပြောလိုက်၏။

“တကယ် ရိုင်းတာပဲ”

လျူယောင်က ပျော်ရွှင်စွာဖြင့် ရယ်မော လိုက်သည်။ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ကို ကြည့်ရန် ထုတ်လိုက်ပြီး စိတ် ထဲကနေ ပျော်ရွှင်စွာ တွေးလိုက်သည်။

“ရက်အနည်းငယ်လောက်ဆို အီဗန်ဂျွိုက်တို့ ငိုချင်လောက်အောင် ခံစားရလိမ့်မယ်”

ညနေပိုင်းတွင် ဟီချန်းဆီမှ ဖုန်းခေါ်ဆိုမှု့ကို လျူယောင် လက်ခံရရှိခဲ့သည်။သူတို့ ရီယို ရှိ ကြယ်ပွင့်ဟိုတယ်တစ်ခုတွင် တည်းခို နေ ပြီဖြစ်ကြောင်းနဲ့ ရိုမန်နဲ့ အီဗန်ဂျွိုက် တို့ရဲ့ လှုပ်ရှားမှု့များကို စောငိ့ကြည့်နေကြောင်း ပြောပြခဲ့သည်။

လျူယောင်လည်း သူက စုစုပေါင်း အမေရိ ကန်ဒေါ်လာ သန်း ၈၀၀ လောင်းခဲ့ကြောင်း ဟီချန်းကို ပြောပြလိုက်သည်။

ချက်ချင်းဆိုသလို ဟီချန်းပျော်ရွှင်သွားပြီး ဖုန်းထဲကနေ ပြောလိုက်သည်။

“သူဋေးကို ဂုဏ်ပြုပါတယ်..ဒီတစ်ခါလည်း ငွေပမာဏတစ်ခု ထပ်ရဦးမယ်..”

လျူယောင် တွက်ချက်ကြည့်လိုက်သည်။ အမေရိကန်ဒေါ်လာ သန်း ၈၀၀ လောင်းထား တာကြောင့် ချန်းဟူသာ ရွှေတံဆိပ် ၈ ခု ရသွားပါက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၅၂ ဘီလီယံကျော် ရရှိမှာပဲ ဖြစ်သည်။

ဒီလို ကြီးမားတဲ့ ငွေပမာဏနဲ့ သူ ကံ ကောင်း ပြီးချမ်းသာသွားတာလို့ ပြောနိုင်ပေသည်။ အီဗန်ဂျွိုက်စ်က ဒီငွေများစွာကို နှစ်ပေါင်း များစွာ ရှာထားတဲ့ အထဲက ပေးရလိမ့် မယ် လို့ ယူဆရသည်။

ဖုန်းပြောပြီးနောက် ခဏအကြာတွင် လျူ ယောင် ချန်းဟူကို ထပ်မံဖုန်းခေါ်ဆိုခဲ့ပြီး နှစ်ဦးသား စကားပြောခဲ့ကြသည်။

ချန်းဟူက ပွဲစဥ် အချိန်ဇယား ကို ပြောပြ ခဲ့၏။

မနက်ဖန်တွင် ပြိုင်ပွဲများရှိပေမဲ့ အားလုံးက အကြိုပွဲစဉ်များသာ ဖြစ်ပြီး ပထမဆုံး အမျိုးသား အလျားခုံ ဗိုလ်လုပွဲမှာ သဘက်ခါတွင် ဖြစ်ကြောင်း ပြောပြခဲ့သည်။

အမျိုးသား မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ လိုမျိုး အရှိန်အဟုန်ပြင်းတဲ့ ပွဲစဉ်များကို ရက်အနည်းငယ်ကြာပြီးနောက်မှ ပြိုင်မှာပဲ ဖြစ်သည်။ ထိုအချိန်တွင် အိုလံပစ်ပွဲတော်က အရှိန်အဟုန်အပြည့်ရှိနေပေသည်။

နှစ်ရက်ကြာပြီးနောက်...

လျူယောင် လီချန်လဲ့ကို ခေါ်ဆောင်ခဲ့ပြီး နှစ်ဦးသား VIP နေရာတွင် ထပ်မံထိုင်နေ ကြသည်။ အိုလံပစ်ပွဲတော်ရဲ့ အမျိုးသားအ လျားခုန် ဗိုလ်လုပွဲက မကြာမီ စတင်တော့ မှာပဲ ဖြစ်သည်။

ဧရာမအားကစားကွင်းတွင် ပရိသတ်တစ်သိ န်းနီးပါးဖြင့် ပြည့်နေပြီး ပြိုင်ပွဲကို ကြည့်ရှု့ နေကြသည်။

လျူယောင်က သူ့ဘေးတွင် လွန်ခဲ့တဲ့ ရက် အနည်းငယ်က ဟိုတယ်ကို ဝင်တဲ့အခါ တွေ့ ခဲ့ရသော ကြယ်ပွင့်လေး ရှိနေတာကို သတိ ထားမိခဲ့သည်။ ဒီကြယ်ပွင့်ရဲ့ အမည်က ရှောင်ရှန်းရို ဖြစ်တာကို မှတ်မိ ခဲ့သည်။ ဒီလူ ငယ်က ရင့်ကျက်မှု့ မရှိတာကြောင့် အင် တာနက်အသုံးပြုသူများက ရှောင်ရင့်ကျက် ဒါမှမဟုတ် သူဋေးမလေးဟု နာမည်ပေး ထားကြသည်။

ဒီလူတွေအား လျူယောင် တစ်ချက် ကြည့် လိုက်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။

“မဆိုးပါဘူး..ငါတို့နိုင်ငံက အားကစားသမား တွေ အမျိုးသား အလျားခုန်မှာ ပါဝင်နေတာ သိလို့ အားပေးဖို့ လာတာပဲ ဖြစ်ရမယ်”

ဒါပေမဲ့ မကြာမီတွင် သူထင်တာ မှားနေ ကြောင်း လျူယောင် သိလိုက်ရသည်။သူ့ရဲ့ အကြားအာရုံ ကောင်းတာကြောင့် လျူယောင်က ရှောင်ရှန်းရိုရဲ့ စကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။

“အစ်မယွီ ကျွန်တော် အရမ်းစိတ် လှုပ်ရှား နေတာပဲ တရီဗီကနီယန်က M နိုင်ငံက နာ မည်ကြီး အလျားခုန်ကစားသမားပဲ..သူက မကြာခင် အိုလံပစ်ရွှေတံဆိပ်တစ်ခု ထပ်ရ တော့မှာ ကျွန်တော်က သူ့ရဲ့မျက်မြင်သက် သေ ဖြစ်ရတော့မယ်...”

မန်နေဂျာအစ်မယွီက ခေါ်ညိတ်ကာ ပြန်ဖြေ လိုက်၏။

“ဒီရွှေတံဆိပ်က တရီဗီကနီယန်အတွက် ပဲ ဆိုတာ သေချာပါတယ် ပွဲပြီးရင် သူ့ လက် မှတ်ရဖို့ အမ နည်းလမ်းရှာပေးပါမယ်...”

ထိုစကားများကို ကြားတဲ့အခါ လျူယောင် စကားအနည်းငယ် ပြောချင်ခဲ့သည်။ ယန်နိုင်ငံသားတစ်ယောက်အနေဖြင့် ဒီငတိ က ဒီလောက်အရေးကြီးတဲ့ ပြိုင်ပွဲတွင် M နိုင်ငံမှလူများကို အားပေးနေခဲ့သည်။ ဒီ ကောင်လေးက M နိုင်ငံကို စွဲလမ်းသူတစ် ယောက် ဖြစ်ရမည်။

လျူယောင် ပြုံးပြီး ခေါင်းခါလိုက်၏။

“တောထဲမှာ တကယ် ငှက်အမျိုးမျိုး ရှိနေ တာပဲ ..”

ခဏအကြာတွင် အမျိုးသားအလျားခုန် ဗိုလ်လုပွဲ စတင်ခဲ့သည်။ အကြိုပွဲစဉ်များ အပြီးတွင် ပြိုင်ပွဲဝင်ရှစ်ဦးသာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့သည်။

အားလုံးက နိုင်ငံခြားသားများ ဖြစ်ပြီး လူ ဖြူများ ဒါမှမဟုတ် လူမည်းများဖြစ်ကြ၏။ ချန်းဟူ ကသာ အရှေ့တိုင်းမျက်နှာ ပေါက် တဲ့ တစ်ဦးတည်းသော လူဝါပဲ ဖြစ်ပေ သည်။

တရီဗီကိုနီက တတိယမြောက် ခုန်သူ ဖြစ်၏။ သူက အစမှတ်တွင် ရပ်နေပြီး ပြေးဖို့ ပြင်ဆင်နေစဉ်တွင် အားပေးမှု့များစွာ ထွက်ပေါ်လာခဲ့သည်။

ဒီလူက နောက်ဆုံးအိုလံပစ်ပွဲတော် အမျိုး သား အလျားခုန်တွင် ရွှေတံဆိပ်ဆုရှင် ဖြစ် ပြီး ဒီတစ်ကြိမ်တွင်လည်း ချန်ပီယံဆုရ ရှိရန်အတွက် အားပေးသံများစွာ ထွက်ပေါ် နေခဲ့သည်။

လူများစွာက အော်ဟစ်နေကြပြီး သူတို့ အားလုံးနီးပါးက M နိုင်ငံမှ လူများဖြစ်ပေ သည်။ အံ့အားသင့်စရာကောင်းတာက သူ့ ဘေးနားမှာ ထိုင်နေတဲ့ ရှောင်ရှန်းရိုကလည်း မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ အားပေး နေသည်။

လျူယောင် တကယ်ပင် သည်းမခံနိုင်တော့ ပေ။ တရီဗီကိုနီယန် ပထမဆုံးခုန်ပြီးနောက် မနေနိုင်တော့ဘဲ ပြောလိုက်သည်။

“ဝေ့ မင်း ယန်နိုင်ငံက ဖြစ်ရမယ်နော်..”

လျူယောင် စကားရဲ့ အဓိပ္ပါယ်ကို ရှောင် ရှန်းရိုချက်ချင်းနားလည်သွားသည်။

“ဟုတ်ပါတယ် ..ဒါပေမယ့် ကျွန်တော်တို့ ယန်နိုင်ငံက ကစားသမားတွေ မလုပ်နိုင်ဘူး ကျွန်တော်က တရီဗီကနီယန်ကို အားပေးဖို့ ဒီကို လာခဲ့တာ..”

လျူယောင် ဒေါသထွက်သွားကာ ပြန်ပြော လိုက်၏။

“ဘယ်သူက ပြောတာလဲ..ငါ တို့ ယန်နိုင်ငံက ကစားသမားတွေ မကောင်းဘူးလို့.. ဒီအ လျားခုန်ရွှေတံဆိပ်က ချန်းဟူအတွက် ဆို တာ သေချာတယ်..”

“ ကျစ် ”

ရှောင်ရှန်းရိုက စိတ်ပျက်အားငယ်တဲ့ အ ကြည့်နဲ့ လျူယောင်ကို ကြည့်လိုက်ပြီး ဒါက ကြီးမားတဲ့ ပြက်လုံးတစ်ခုလို့ တွေးထား ပုံရ သည်။

“ချန်းဟူသာ အလျားခုန်မှာ ရွှေတံဆိပ်ရရင် ကျွန်တော် တောင်းပန်ပြီး တိုက်ရိုက်ထုတ် လွှင့်ပြသပါမယ်”

လျူယောင် ရယ်မောလိုက်သည်။

“ဟားဟား ဒါဆိုရင် ငါ စောင့်နေမယ်.. မင်း ရဲ့တိုက်ရိုက်ထုတ်လွှင့်မှု့က ဘယ်လိုဖြစ်မလဲ ဆိုတာ ကြည့်ချင်တယ်..”

“ခင်ဗျား..”

ရှောင်ရှန်းရို ဒေါသထွက်သွားပြီး ငြင်းခုံ ချင် ပေမဲ့ ဒေါသကြောင့် စကားမပြောနိုင် တော့ ပေ။ အချိန်အတော်ကြာအောင် ထိန်းထား ပြီးမှ သူ ပြောလိုက်သည်။

“တရီဗီကနီယန်ရှေ့မှာဆို.. ချန်းဟူက ဘာမှ မဟုတ်ဘူး…”

လျူယောင် ရယ်မောလိုက်၏။ဒီလို အသိ ဥာဏ်နည်းတဲ့ လူတစ်ယောက်က အနုပညာ ရှင်တစ်ဦးဖြစ်နေသည်။ဒီကြယ်ပွင့်က လူ သိများတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် လူဘယ်လောက်များများ လမ်းမှားရောက် ခဲ့လဲဆိုတာကို လျူယောင် မသိပေ။

ချန်းဟူရဲ့ ပထမဆုံးခုန်ခြင်း စတင်ခဲ့ပြီး သူ က တရီဗီကိုနီယာန်နောက်တွင် ဆဋ္ဌမ မြောက်ဖြစ်၏။

" ချန်းဟူ ဒုံး ဒုံး ဒုံး.. "

ပြေးလမ်းပေါ်တွင် ချန်းဟူ ရပ်နေချိန်တွင် အားကစားကွင်းထဲ၌ ကျယ်လောင်တဲ့ အော် ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ချန်းဟူ ကို အားပေးရန် ယန်နိုင်ငံမှ လူများစွာ ရောက်ရှိလာတာကို တွေ့နိုင်ပေသည်။

လျူယောင်လည်း မတ်တပ်ရပ်ပြီး ချန်းဟူ အတွက် ကျယ်လောင်စွာ အားပေးခဲ့သည်။

ချန်းဟူက ပြေးလမ်းပေါ်တွင် ရပ်နေပြီး မျက်နှာကတော့ တည်ငြိမ်နေသည်။ဝီစီ မူတ် လိုက်တာနဲ့ ချန်းဟူက အသက်ပြင်းပြင်း ရှူ လိုက်ပြီး ပြေးသွားကာ အရှိန်မြှင့်ပြီး ခုန် ထွက်သွားသည်။

သူ့ရဲ့ လုပ်ဆောင်ချက်က အလွန်လှပပြီး စံနှုန်းပြည့်ဝပေသည်။

လေထဲတွင် ချန်းဟူ လမ်းလျှောက်နေတာ ကို မြင်တဲ့အခါ လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။

“တည်ငြိမ်တယ် .. ဒီလို ခုန်တာက ကမ္ဘာ့ စံချိန်ကို တိုက်ရိုက်ချိုးပစ်လိမ့်မယ်...”

တကယ်ပဲ ချန်းဟူ ဆင်းသက်တဲ့ နေရာက အလွန်ဝေးကွာနေခဲ့သည်။ အတွေ့အကြုံ ရှိတဲ့ ကျွမ်းကျင်သူများက ဒီရလဒ် မဆိုး ကြောင်းနဲ့ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင် ကြောင်း သိထားကြသည်။

လူအချို့က ပျော်ရွှင်နေကြကာ လူအချို့က တော့ ဂုဏ်သိက္ခာရှိနေကြပြီး လူအချို့မူ အံ့အားသင့်နေကြပေသည်။

All Chapters